Mingalar Foundation - Youth Mingalar Travellers

Mingalar Foundation - Youth Mingalar Travellers ၃၈ ဖြာမင်္ဂလာတရားတော်ပြန်ပွားရေးအသင်း

အားလုံးပဲမင်္ဂလာပါ။"သားသမီးထိန်းကျောင်းခြင်းအနုပညာသင်တန်း"EPPအပတ်စဉ်(၃)သင်တန်းလေးလာပါပြီ။မင်္ဂလာဖောင်ဒေးရှင်းအနေနဲ့ ဆယ်စ...
27/09/2022

အားလုံးပဲမင်္ဂလာပါ။
"သားသမီးထိန်းကျောင်းခြင်းအနုပညာသင်တန်း"
EPPအပတ်စဉ်(၃)သင်တန်းလေးလာပါပြီ။

မင်္ဂလာဖောင်ဒေးရှင်းအနေနဲ့ ဆယ်စုနှစ်တစ်ခုကျော် လူငယ်ဖွံ့ဖြိုးရေး သင်တန်းများကို နိုင်ငံတစ်ဝန်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

ခုနောက်ပိုင်း လိုအပ်ချက်နှင့် တောင်းဆိုမှုများအရ လူကြီးများ ဆရာ ဆရာမများ နှင့် အုပ်ထိန်းသူများအတွက် အစီအစဉ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးပါရစေ။

Parenting နဲ့ ပတ်သတ်ပြီး လွှဲမှားနေတဲ့ ရိုးရာဓလေ့ ထုံးတမ်းများ ၊ အယူအဆ အမှားများကြောင့် မိမိတို့ရဲ့ သားသမီးတပည့်များ ဘဝလမ်းကြောင်း တိမ်းစောင်းမှုများမဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်တဲ့ အစီအစဉ်ကောင်း တစ်ခု ဖြစ်ပါတယ်။

အရင်က In person Training တွေ မျှဝေခဲ့ပေမယ့်လည်း ခေတ်ကာလ အနေအထားရ ခု အစီအစဉ်ကို
Online platformတစ်ခုဖြစ်တဲ့ Zomm ကနေပဲ စီစဉ် ထားရှိပါတယ်။

အသေးစိတ်ကို အောက်ဖော်ပြပါ ကြော်ငြာမှာ ဖတ်ရှုနိုင်ပါတယ်။

မိမိအတွက် အကျိုးရှိမယ် မိမိ ရဲ့ ချစ်ခင်ရသူတွေအတွက် အကျိုးရှိမယ့် သင်တန်းမို့ တက်စေချင်တဲ့သူတွေကို သတင်းစကားပါးလို့ ရပါတယ်။

အသေးစိတ်ကို ဖုန်းဆက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အားလုံးမင်္ဂလာပါ။"သားသမီးထိန်းကျောင်းခြင်းအနုပညာသင်တန်း"EPPအပတ်စဉ်(၂)သင်တန်းလေးလာပါပြီ။မင်္ဂလာဖောင်ဒေးရှင်းအနေနဲ့ ဆယ်စုန...
23/08/2022

အားလုံးမင်္ဂလာပါ။
"သားသမီးထိန်းကျောင်းခြင်းအနုပညာသင်တန်း"
EPPအပတ်စဉ်(၂)သင်တန်းလေးလာပါပြီ။

မင်္ဂလာဖောင်ဒေးရှင်းအနေနဲ့ ဆယ်စုနှစ်တစ်ခုကျော် လူငယ်ဖွံ့ဖြိုးရေး သင်တန်းများကို နိုင်ငံတစ်ဝန်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

ခုနောက်ပိုင်း လိုအပ်ချက်နှင့် တောင်းဆိုမှုများအရ လူကြီးများ ဆရာ ဆရာမများ နှင့် အုပ်ထိန်းသူများအတွက် အစီအစဉ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးပါရစေ။

Parenting နဲ့ ပတ်သတ်ပြီး လွှဲမှားနေတဲ့ ရိုးရာဓလေ့ ထုံးတမ်းများ ၊ အယူအဆ အမှားများကြောင့် မိမိတို့ရဲ့ သားသမီးတပည့်များ ဘဝလမ်းကြောင်း တိမ်းစောင်းမှုများမဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်တဲ့ အစီအစဉ်ကောင်း တစ်ခု ဖြစ်ပါတယ်။

အရင်က In person Training တွေ မျှဝေခဲ့ပေမယ့်လည်း ခေတ်ကာလ အနေအထားရ ခု အစီအစဉ်ကို
Online platformတစ်ခုဖြစ်တဲ့ Zomm ကနေပဲ စီစဉ် ထားရှိပါတယ်။

အသေးစိတ်ကို အောက်ဖော်ပြပါ ကြော်ငြာမှာ ဖတ်ရှုနိုင်ပါတယ်။

မိမိအတွက် အကျိုးရှိမယ် မိမိ ရဲ့ ချစ်ခင်ရသူတွေအတွက် အကျိုးရှိမယ့် သင်တန်းမို့ တက်စေချင်တဲ့သူတွေကို သတင်းစကားပါးလို့ ရပါတယ်။

အသေးစိတ်ကို ဖုန်းဆက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

သာဓု အနုမောဒနာ 🙏🏻
20/04/2022

သာဓု အနုမောဒနာ 🙏🏻

"သာဓု"ခေါ်တယ်ဆိုတာ
ဘဝမှာ ကောင်းတာကို
မြင်အောင်ကြည့်တဲ့အလေ့အကျင့်ပါ။

မြင်ပြီးရင် အဲဒီကောင်းကွက်တွေကို
ခေါင်းထဲစွဲသွားအောင်
အကြိမ်ကြိမ်ပြန်တွေးတဲ့ အလေ့အကျင့်ကို
"အနုမောဒနာ"လို့ခေါ်ပါတယ်။

တနည်းအားဖြင့်
'မောဒနာ'ဆိုတာ ပျော်ရွှင်မှု
'အနု'ဆိုတာ လေ့ကျင့်တာတဲ့။

ပျော်ရွှင်မှုလည်း လေ့ကျင့်ယူရပါတယ်။

အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
(၁၅.၄.၂၀၂၂)

👏 EPP Online ဆွေးနွေးပွဲသင်တန်းလေးပါ။👉ဒီအစီအစဉ်လေးကမိဘဆရာတွေပြင်ရမယ့်အပိုင်း    လေးတွေဆွေးနွေးကြရမှာပါ😁။💪ဒါကြောင့်မိဘဆရာ...
22/10/2021

👏 EPP Online ဆွေးနွေးပွဲသင်တန်းလေးပါ။

👉ဒီအစီအစဉ်လေးကမိဘဆရာတွေပြင်ရမယ့်အပိုင်း
လေးတွေဆွေးနွေးကြရမှာပါ😁။

💪ဒါကြောင့်မိဘဆရာတွေအတွက်စိန်ခေါ်မှုအချို့ရှိပေ မယ့်သာယာပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုတစ်စုပိုင်ဆိုင်ချင်တယ်ဆိုရင်မဖြစ်မနေပါဝင်သင့်တဲ့အစီစဉ်ကောင်းတစ်ခုပါ။

✍️Professionalဥယျာဉ်မှူးကောင်းတစ်ဦးဖြစ်ဖို့အပင်တွေအကြောင်းကိုအပေါ်ယံသိတဲ့အဆင့်လောက်နဲ့မရဘဲအပင်တွေအကြောင်းကိုထဲထဲဝင်ဝင်လေ့လာသင်ယူပြီးကျွမ်းကျင့်မှုရှိမှသာဖူးပွင့်ဝေဆာဖွံ့ဖြိုးလှပတင့်တယ်တဲ့အပင်တွေကိုပိုင်ဆိုင်ကြရမှာပါ။

⭐ဒါကြောင့်ဥယျာဉ်မှူးနဲ့တူတဲ့မိဘဆရာတွေအနေနဲ့ကလေးတွေအကြောင်းကောင်းကောင်းသိဖို့အုပ်ထိန်းသူကောင်းဖြစ်ဖို့အရေးကြီးတာမို့ကလေးတွေနဲ့နေရတဲ့သူတိုင်းပါဝင်သင့်ပါတယ်။

🙏ပြီးတော့ရန်ပုံငွေရှာဖွေပေးတဲ့အစီအစဉ်မို့အဆင်ပြေတဲ့သူများကတတ်နိုင်သလောက်ထည့်ဝင်လှူဒါန်းနိုင်ပြီး
ဒီကာလအဆင်မပြေတဲ့သူများအနေနဲ့လည်းသင်တန်းကိုစိတ်ဝင်စားရင်စာရင်းပေးတတ်ရောက်နိုင်ပါတယ်။

🌻(၂၀)ဦးသာလက်ခံမှာမို့‌ကြော်ငြာမှာပါတဲ့ဖုန်းကို
အမြန်ဆုံးစာရင်းပေးမှပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

အခုတောင်လူပြည့်ပြီလားမသိ😁။

မှတ်ချက်။ ။Commentပြန်လို့မရလို့ပါနော်။

"Mingalar Awareness Training"🌻အားလုံးပဲမင်္ဂလာပါ🙏🌱မနေ့က မင်္ဂလာဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်း တက္ကသိုလ်များဗုဒ္ဓဘာသာမိ...
11/01/2021

"Mingalar Awareness Training"

🌻အားလုံးပဲမင်္ဂလာပါ🙏

🌱မနေ့က မင်္ဂလာဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်း တက္ကသိုလ်များဗုဒ္ဓဘာသာမိသားစုတွေပူးပေါင်းပြီး "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြပါတယ်။

🌱လာမည့် ၁‌၂ရက်နေ့မှာလည်း ကျောင်းသားလူငယ်များ မင်္ဂလာတရားတော်ကို အသေးစိတ်လေ့လာကျင့်သုံးနိုင်ရန်အတွက် Mingalar Awareness Training တစ်ခု ဖန်တီးထားပါတယ်။

🌱လက်တွေ့ဘဝမှာ မင်္ဂလာတရားတော်ဟာမည်သည့် အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်နေတာတွေသိနားလည်စေရန်၊
🌱လူမှုဘဝအောင်မြင်တိုးတက်စေရန်၊
🌱စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းစေရန်၊
🌱ဗြဟ္မဝိဟာရတရားတွေနဲ့ ဘဝကိုဘယ်လိုထိန်းကျောင်းနိုင်စေရန်၊
🌱လူမှုဆက်ဆံရေးနယ်ပယ်မှာ မှန်မှန်ကန်ကန်ပေါင်းသင်းတတ်စေရန်နှင့်
🌱အရွယ်သုံးပါးပေါ်လိုက်ပြီး ဟောကြားထားတဲ့ မင်္ဂလာတရားတစ်ခုစီကို အသေးစိတ်လေ့လာ ကျင့်သုံးနိုင်စေရန်ရည်ရွယ်ပြီး ဤသင်တန်းကိုဖွင့်လှစ်တာဖြစ်ပါတယ်။

🌱ကိုဗစ်ကာလအတွင်း မိမိတို့ရဲ့အချိန်တွေကို မင်္ဂလာရှိစွာဖြတ်သန်းနိုင်ဖို့၊ အကျိုးရှိတဲ့ အလုပ်တွေ၊ မိမိတို့ရဲ့ အသိဉာဏ်လှေကားတွေ တစ်ဆင့်တက်ဖို့အတွက် ဒီသင်တန်းလေးကိုတက်ရောက်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။

🌱အခုချိန်ကစပြီး ကျောင်းသားလူငယ်အားလုံး pageရဲ့ messengerမှာဖြစ်ဖြစ် comment မှာဖြစ်ဖြစ်စာရင်းပေးသွင်းနိုင်ပါပြီ။

🌱သင်တန်းကို Zoom platformကနေပြုလုပ်မှာပဲဖြစ်ပါတယ်။
🌱သင်တန်းကာလသည် လေးပတ်မျှကြာမြင့်မှာဖြစ်ပြီး
🌱အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာ ည7:30-9:00 အချိန်တွေမှာ သင်ကြားပေးမှာဖြစ်ပါတယ်။

🌱ဤသင်တန်း ကိုမင်္ဂလာဖောင်ဒေးရှင်းဥက္ကဌ ဆရာဦးစန်းမြင့်အောင်မှ မေတ္တာဖြင့် ဦးဆောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🌱ဤအစီစဉ်ကို
🍁နည်းပညာတက္ကသိုလ်(သန်လျင်)၊
🍁မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
🍁ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
🍁ဆေးတက္ကသိုလ်(၂) ရန်ကုန်၊
🍁ရန်ကုန်နည်းပညာတက္ကသိုလ်၊
🍁နည်းပညာတက္ကသိုလ်မှော်ဘီ၊
🍁 ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)၊
🍁အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊
🍁အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊
🍁ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)စသည့် တက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုများနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၈)
09/01/2021

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၈)

မြတ်စွာဘုရားမိန့်တော်မူသည့် မင်္ဂလာတရားတော်နှင့်အညီ ဝင်ငွေကို စီမံခန့်ခွဲနည်း
-------------------------------------------------------------
မင်္ဂလာတရားနှင့် နိုင်ငံတော် အပိုင်း (၈)

သန္တုဌိ ရောင့်ရဲတယ်ဆိုတာက ပိုက်ဆံမရှာနဲ့တော့ ဒီလောက်တော်ပြီ။ ဒီလိုပြောတာမဟုတ်ဘူး။ amount ကိုပြောတာမဟုတ်ဘူး၊ အတိုင်းအတာကိုပြောတာမဟုတ်ဘူး၊ ရှိတဲ့အရာကို သူက ပီတိဖြစ်တာ၊ ရှိတဲ့အရာကို သူက ခံစားနိုင်တာ၊ Enjoy လုပ်နိုင်တာ၊ ပိုက်ဆံရှာတဲ့နေရာမှာ ဗုဒ္ဓမြတ်စွာက "သေဒါဝက္ခိတ္တေဟိ - ချွေးဒီးဒီးကျအောင် လုပ်ပါ၊" နောက်ပြီးတော့ ဘယ်လောက်အထိရှာရမှာတုန်း ? တစ်နေ့တစ်နေ့တာ ကိုယ်ဘယ်လောက်အထိ သုံးတုန်း၊ တစ်နေ့ကို ငါးထောင်သုံးတယ်ဆိုရင် ရေဖိုး မီးဖိုး အခွန်ဖိုး စားဖို့သောက်ဖို့ ငါးထောင်ကျတယ်ဆိုရင် တစ်နေ့တစ်နေ့ကို နှစ်သောင်းဝင်ငွေရှိရမယ်တဲ့။ ဗုဒ္ဓမြတ်စွာဘုရားက မိန့်ထားတာနော်၊ ဝင်ငွေ နှစ်သောင်း - တစ်သောင်းကိုကျတော့ အရင်းအနှီးထဲပြန်ထည့်ရမယ်တဲ့၊ စီးပွားရေးလည်ပတ်အောင် အဲဒီအထဲမှာ ထည့်ရမယ်တဲ့၊ နောက်ကျန်တဲ့ ငါးထောင်ကျတော့ ဘဏ်ထဲမှာ အခုခေတ် စကားပြောရင်တော့ bond ခေါ်တာပေါ့၊ အဲဒီ security အနေနဲ့ထားမယ်တဲ့။ အရေးပေါ်သုံးဖို့ အတွက်ထားရမယ်တဲ့။ emergency အနေနဲ့၊ contigency အနေနဲ့လဲ သုံးတယ်။ အဲဒီတော့ လေးပုံထားတယ်၊ အဲဒီတော့ စားဖို့သောက်ဖို့ရော တစ်နေ့တစ်နေ့မှာ ကိုယ်က တစ်သိန်း သုံးဖို့လိုအပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ် ဝင်ငွေ လေးသိန်းရှိအောင် ကြိုးစားရမယ်တဲ့။ ဗုဒ္ဓမြတ်စွာဘုရားက မိန့်တာ။
ဒါဖြင့် သန္တုဌီ - ရောင့်ရဲရမယ်ဆိုတဲ့ဟာနဲ့ ဘယ်လိုဆက်စပ်ယူရမှာလဲဆို ရောင့်ရဲတယ်ဆိုတာက ကိုယ့်လက်ထဲမှာ ရှိတဲ့ဟာကို မုဒိတာဖြစ်နိုင်တာ၊ လက်ထဲမှာရှိတာကိုကြည့်ပြီးတော့ စိတ်ထဲမှာပျော်ရွှင်တာ၊ ဘုန်းဘုန်းရေးထားတဲ့စာအုပ်ထဲမှာ "ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မေ့နေသူများ"ဆိုတာ ဒီအချက်လေးကိုပြောတာပါပဲ။
လူအများစုက ကိုယ့်လက်ထဲမှာရှိတဲ့ဟာဆို တန်ဖိုးမထားဘူး၊ သူများလက်ထဲမှာရှိတဲ့ဟာကိုမှ သူက ရချင်တာ၊ အဲဒါကျတော့ စိတ်ပိုင်းဆိုင်ရာ ဝိသမလောဘဖြစ်သွားပြီ။ သူ့မှာဘယ်လောက်ရှိတယ် မရှိဘူးဆိုတာ၊ လုံလောက်တယ် မလုံလောက်ဘူးဆိုတာ မဆိုင်တော့ဘူး၊ စိတ်ပိုင်းဆိုင်ရာ psychological setup နဲ့ psychological mindset နဲ့ ဆိုင်သွားတာ၊ ဒါလေးတစ်ခုပြောပြချင်တာ။
"ကာလေနဓမ္မဿဝနံ" ဆိုတာက ခုနတုန်းက ဘုန်းဘုန်းပြောတဲ့ Growth mindset ရှိတာကိုပြောတာ။ ငါ့မှာ တိုးတက်ဖို့လိုအပ်နေသေးတယ်၊ အဲဒီလိုမြင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလိုမြင်တဲ့ပုဂ္ဂိုလ်ကျမှ သူများရေးတဲ့စာအုပ်တွေ ဖတ်ချင်တယ်၊ သူများပေးတဲ့ lecture တွေ နားထောင်ချင်တယ်၊ ဘုန်းဘုန်းက နေ့တိုင်းတခြားဆရာတော်တွေ ဟောတဲ့တရား နေ့တိုင်းနားထောင်တယ်နော်၊ ဘုန်းဘုန်းက နေ့တိုင်းနားထောင်ပါတယ်။ နောက်စာအုပ်တွေလည်းပဲ မြန်မာလိုစာအုပ်တွေ၊ အင်္ဂလိပ်လိုစာအုပ်တွေ၊ ပါဠိလိုစာအုပ်တွေ နေ့တိုင်းဖတ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ငါ့မှာရှိတဲ့ဗဟုသုတ လုပ်တဲ့နေရာမှာ မလုံလောက်သေးဘူးလို့ ကိုယ့်ဟာကိုယ်ယူဆထားတာ။ အဲဒီလိုယူဆထားတဲအတွက်ကြောင့်မို့လို့ ဖြည့်ရမယ် ဖြည့်ရမယ်ဆိုတဲ့ Growth Mindset အဲဒီစိတ်လေးထားတာ၊ ဒါကြောင့် "ကာလေန ဓမ္မဿဝနံ" ဆိုတာကအချိန်ယူပြီးတော့ လေ့လာပါလို့ပြောတာ၊ ဒီနေရာမှာ တရားပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ဆိုင်ရာ ဘာသာရပ်ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံအကြောင်းပဲဖြစ်ဖြစ် အဲဒါလေ့လာပါလို့ပြောတာ။
တကယ်စာတတ်တဲ့ ဆရာတော်ကြီးတွေကို ဘုန်းဘုန်းက ချဉ်းကပ်ဖူးတယ်၊ သီရိလင်္ကာမှာ နေတုန်းကဆိုရင် ပါမောက္ခ ချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဘုန်းဘုန်းတို့ထက် နှစ်တန်းကြီးတယ်၊ ဆရာတော်ကြီး ဗဟုသုတများတယ်ဆိုတာ သူ့စိတ်ဓါတ်ကိုက သူရဲ့ ဗဟုသုတက မပြည့်စုံသေးဘူးလို့ အဲဒီလိုယူဆထားတာ၊ အဲဒီလိုယူဆထားပြီးတော့ အဲဒီကတည်းက သူက အမြဲတမ်းစာပဲကြည့်နေတာ၊ အင်္ဂလိပ်လို ဖတ်လိုက်၊ ပါဠိလိုဖတ်လိုက်၊ ပါဠိလိုဖတ်တာကလည်း တစ်ခါပြီး နောက်တစ်ခါထပ်ဖတ်လိုက်၊ တစ်ခုခုလိုတယ်ဆိုရင် ဘုန်းဘုန်းတို့က သူ့ဆီပြေးသွားပြီးတော့ ဆရာတော် ဒီအကြောင်းဘယ်နေရာမှာရှိတုန်း မေးလျောက်ရင် ချက်ချင်းပြန်ပြောနိုင်တယ်၊ တကယ့် mobile library ဆိုတာ ရွှေ့လျားစာကြည့်တိုက်လိုပဲ၊ သွားပြီးတော့ မေးလိုက်တယ်ဆို အဲလိုမျိုး သိတာ၊ ထေရဝါဒတက္ကသိုလ်မှာလည်းပဲ ဗန်းမော်ဆရာတော်ကြီးပေါ့နော်၊ ဥက္ကဌဆရာတော်ကြီး ပါမောက္ခချုပ်လုပ်တုန်းကဆို အဲဒီလိုပဲ ဆွမ်းဘုဉ်းတဲ့အခါမှာဆို တစ်ခါတည်း ဆရာတော်ကြီး တပည့်တော် ဒီအကြောင်းသိချင်တယ်ဆိုရင် ဟာ .. ဘယ်နေရာမှာသွားကြည့်၊ ချက်ချင်းရတယ်။ ဒါပေမဲ့ ဗန်းမော်ဆရာတော်ကြီး သူ့အခန်းထဲမှာသွားကြည့် စာအုပ်တွေ ပြည့်ပြီး အမြဲတမ်းကြည့်နေတယ်၊ Growth Mindset ရှိတာကိုပြောတာ။ အဲဒီဆရာတော်ကြီးတွေဟာ "ကာလေန ဓမ္မဿဝနံ" အဲဒီစိတ်ဓါတ်က ရှိနေတယ်။
တစ်ခါတစ်ခါ ဘုန်းဘုန်းက သတင်းပြန်ကြားတဲ့အခါမှာ လန့်တောင် လန့်သွားတယ်၊ တချို့ဆရာတော်ကြီးတွေက ဘုန်းဘုန်းရဲ့တရားကို နားထောင်တယ် ဆိုတာလေ၊ နာကြည့်တယ်ပေါ့။ နောက် တချို့ နံမည်ကြီးတဲ့ဆရာတော်တွေ သက်တော်သိပ်မကြီးသေးဘူး၊ နားထောင်ကြည့်တယ်ဆိုတာ ...
သြော် ဒီဆရာတော်တွေ တိုးတက်တယ်၊ အလုပ်လုပ်နိုင်တယ်ဆိုတာ ဒီစိတ်ဓါတ်ရှိနေလို့။ သီတဂူဆရာတော်ကြီးက သူ့ထက်ဝါ (၂၀) လောက်ကြီးတဲ့ ဆရာတော်ကြီးတွေကို ပင့်ပြီးတော့ သီရိလင်္ကာနဲ့ အိန္ဒိယ ဘုရားဖူးလိုက်ပို့တာတဲ့။ ဒါဘုန်းဘုန်းတို့ သီရိလင်္ကာမှာ ရှိတဲ့အချိန်ပေါ့။ ပြီးခဲ့တဲ့ ၂၇ နှစ်၊ ၂၈ နှစ်လောက်ကပေါ့။ ပဲခူး ကြခတ်ဝိုင်းဆရာတော်ကြီးက သီတဂူဆရာတော်နဲ့ နီးနီးကပ်ကပ် တစ်ခါမှ မနေဖူးဘူး၊ အဲဒါနဲ့ ဘုရားဖူးသွားကြတဲ့အခါကျတော့ သီတဂူဆရာတော်က တစ်နေကုန် အလုပ်လုပ်တယ်၊ အားတဲ့အခါ စာဖတ်တယ်၊ ညဆို ၁၂ နာရီလောက်မှ ကျိန်းတယ်၊ မနက် လေးနာရီလောက်ကျတော့ ထပြီးတော့ အလုပ်လုပ်နေပြီ။ အဲဒါနဲ့ ကြခတ်ဝိုင်းဆရာတော်က ဘာမိန့်တုန်းဆိုတော့ သီတဂူဆရာတော် ဒီလောက်နံမည်ကြီးတာ နည်းနေတယ်တဲ့။ သူက အရမ်းကြိုးစားတာကိုး။ နေ့တိုင်း နေ့တိုင်း သူကိုယ်တိုင် စာကြည့်ရုံတင်မက,ဘူး။ သူ့တပည့်တွေကိုပါ စာကြည့်ခိုင်းတယ်၊ ငါ့ကို ဒီဟာလေး ရှာပေးပါအူးပေါ့။ သီတဂူ ဆရာတော်ကြီးက သူ့ကို စာကြည့်ပေးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။
ဘုန်းဘုန်းကလည်း ဘုန်းဘုန်း ဒီလောက်စာကြည့်တာတောင်မှ ကိုယ့်ကို စာကြည့်ပေးတဲ့ သာမဏေကျော် ကိုယ်တော်လေးတွေ၊ နောက် PhD ကိုယ်တော်လေးတွေ အနားမှာရှိတယ်၊ ငါ ဒါလေးကြည့်ချင်တယ်၊ ဒါလေး လိုက်ရှာပေးပါ။ သူတို့ကို ဆရာတင်တယ်၊ အဲဒီလိုပေါ့။

၂၀၂၀ ခုနှစ် ဒီဇင်လာလ ၂၂ ရက်နေ့တွင် မင်္ဂလာဖောင်ဒေးရှင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဟောကြားသော "မင်္ဂလာတရားနှင့် နိုင်ငံတော်" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၇)
09/01/2021

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၇)

အာရတီ ဝိရတီ ပါပါ - အကောင်းအဆိုးကို တန်ဖိုးထားတဲ့ပုဂ္ဂိုလ်
-------------------------------------------------------------
မင်္ဂလာတရားနှင့် နိုင်ငံတော် အပိုင်း (၇)
ဘုန်းဘုန်း အောက်စဖို့ဒ်တက္ကသိုလ်တက်တုန်းက တက္ကသိုလ်ဆရာတစ်ယောက်ကို ဘုန်းဘုန်းရဲ့ supervisor မဟုတ်ပါဘူး၊ တက္ကသိုလ်ဆရာတစ်ယောက်ကို ဘုန်းဘုန်းက သွားပြီးတော့ သူ့ဆီမှာ ကျူရှင်တက်ရတယ်၊ စာတမ်းရေးပုံရေးနည်း Academic English သွားတက်ရတယ်၊ အဲဒီခေတ်တုန်းကတော့ ဈေးနည်းတယ်ပြောတာပဲ၊ ဘုန်းဘုန်းတို့ခေတ်တုန်းက တစ်နာရီကို ပေါင်စတာလင် နှစ်ဆယ် ပေးရပါတယ်။ ပေါင်စတာလင်နှစ်ဆယ် ဆိုတာက မြန်မာငွေ သုံးသောင်းခွဲလောက် ပေးရမှာပေါ့။ တစ်နာရီကို အခုပေါက်ဈေးနဲ့ဆိုရင် အဲဒီဆရာက သူက private ကျူရှင်ထပ်ပေးတာနော်၊ တက္ကသိုလ်မှာစာပြရုံတင်မဟုတ်ဘူး၊ သီးသန့် private ကျူရှင်ထပ်ပြတာ သူက PhD ကျောင်းသား လေးယောက်ပဲ လက်ခံတယ်၊ အဲဒါ ဘုန်းဘုန်းအပါအဝင်ပေါ့၊ အီတလီက တစ်ယောက်၊ တရုတ်ပြည်က တစ်ယောက်၊ နောက် ဘရာဇေးလ်က တစ်ယောက်၊ တစ်ယောက် တစ်ယောက်ကို တစ်ပတ်ကို တစ်နာရီသင်ပေးတယ်ဆိုတော့ တစ်ပတ်ကို သူဝင်ငွေအပို ၈၀ စတာလင်ပေါင် ရတာပေါ့။ အဲဒီ ၈၀ နှစ်ကုန်သွားရင် အဲဒါသူ့ကို လာစစ်တဲ့ပုဂ္ဂိုလ် ဘယ်သူမှ မရှိဘူး၊ မစစ်ပေမယ့်၊ မရှိပေမယ့် သူက စာရင်းကိုင်ပေါ့နော်၊ စာရင်းကိုင်ကုမ္ပဏီတစ်ခုဆီသွားပြီးတော့ ကျွန်တော် ဝင်ငွေဘယ်လောက်ရှိပါတယ်၊ ကျွန်တော်အခွန်ဘယ်လောက်ပေးရမှာဆိုပြီးတော့ အခွန် သွားပေးတယ်နော်။ အဲဒါကို ဘုန်းဘုန်းက အရမ်း လေးစားတယ်၊ အခွန်လုံး၀ မရှောင်ဘူး၊ အခွန်ပေးစရာရှိတာ သူပေးတယ်၊
ဒါ "အာရတီ ဝိရတီပါပါ မဇ္ဇ ပါနာစ သံယမော" ဒီဟာနဲ့ ပတ်သက်တာပေါ့၊ အင်္ဂလိပ်လိုပြောရင်တော့ Conscience လို့ခေါ်တယ်။ Conscience ဆိုတာက အကောင်းအဆိုးကို တန်ဖိုးထားတဲ့ပုဂ္ဂိုလ်၊ ပါဠိလိုပြောမယ်ဆိုရင်တော့ ဟိရီ သြတ္တပ္ပ အားကောင်းတာ၊ အဲဒါက ဒီဂါထာထဲမှာ အာရတီ၊ ဝိရတီ ဂါထာထဲမှာ ပါတယ်၊ နောက် ကျန်တဲ့ဂါထာနှစ်ခု နည်းနည်းလေးပြောပြီးရင် ဘုန်းဘုန်း အဆုံးသတ်ပါမယ်။
ဂါရဝေါစ၊ နိဝါတောစ၊ သန္တုဌီစ၊ ကတညုတာ ဒီဟာတွေဟာ အားလုံး စိတ်ပိုင်းဆိုင်ရာတွေချည်းပဲ၊ ခနနေတုန်းက ပြောသလို သူများရဲ့ အသိဉာဏ် သူများရဲ့ တန်ဖိုးကို အလေးထားမယ်၊ ဂါရဝေါစ။
နိဝါတောစ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ အသိဉာဏ် ကိုယ့်မှာရှိတဲ့ဟာကို တစ်ခါတည်း ... ကြွားပြီးတော့ မပြောဘူး၊ ဒီလိုဖြစ်အောင် သူများကို အလေးထားနိုင်တဲ့ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်တုန်း
သူကိုယ်သူ ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်မှ သူများကို သွားပြီးတော့ အလေးထားနိုင်မှာ။ အဲဒီလိုမဟုတ်ဘဲနဲ့ဆိုရင် တခြားလူတစ်ယောက်ကို သွားပြီးတော့ သူ ချီးကျူးလိုက်တယ်ဆိုရင်၊ အဲဒီလူက သူ့ထက်ပိုပြီးတော့ သာ သွားမလား သူ့ကို ကြီးစိုးသွားမလား အဲဒီကြောက်စိတ်တွေဝင်မယ်၊ သူမလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဂါရဝပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဂါရ၀ ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်က သူက ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် သင်ပေးပါ။ ယုံကြည်မှုရှိပြီးပြီဆိုရင် သူများကိုလေးစားဖို့အတွက်၊ တခြားသူတွေရဲ့ ကောင်းကွက်ကိုလက်ခံဖို့အတွက် အကောင်းမြင်ဝါဒရှိဖို့အတွက် သူ ဝန်မလေးတော့ဘူး။
၂၀၂၀ ခုနှစ် ဒီဇင်လာလ ၂၂ ရက်နေ့တွင် မင်္ဂလာဖောင်ဒေးရှင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဟောကြားသော "မင်္ဂလာတရားနှင့် နိုင်ငံတော်" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၆)
09/01/2021

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၆)

စိတ်ညစ်တာကို သိတဲ့ပုဂ္ဂိုလ် နဲ့ မသိတဲ့ပုဂ္ဂိုလ်
စိတ်ညစ်တာချင်းအတူတူ သိတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့အဆင့်တန်းမြင့်တယ်
----------------------------------------------------

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားပြီးရင် ဉာဏ်ပညာအမြင့်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ဓါတ်က ဘယ်လိုစိတ်ဓါတ်ထားတုန်း၊ Growth mindset ဆိုတာ ဘယ်လိုထားတုန်းဆိုတော့ သူ့ကို တစ်နေ့တစ်နေ့ အကြံဉာဏ်ပေးမယ့်ပုဂ္ဂိုလ် သူ့အားနည်းချက်ကို လာပြီးတော့ လက်ညှိုးထိုးပြမယ့်ပုဂ္ဂိုလ် ဝေဖန်မယ့်ပုဂ္ဂိုလ် ကူညီမယ့်ပုဂ္ဂိုလ် သူရဲ့လက်ထဲမှာရှိတဲ့ သဲလုံးတွေလောက်ရှိရင် သိပ်ကောင်းမှာပဲတဲ့။ ဆိုလိုတာက မရေတွက်နိုင်ဘူး။ သူများပြောတာကို လက်ခံတယ်။

ဒီလောက်ထိရာထူးလည်းကြီးမားတယ် ပညာလည်းကြီးမားတဲ့ပုဂ္ဂိုလ်က သူ့မှာ improve လုပ်ဖို့ရှိနေသေးလို့ သိထားတာနော်။ ပါဠိတော်ဖတ်တဲ့ရဟန်းတွေအတွက် ဘုန်းဘုန်းက မဇ္ဈိမနိကါယ်ထဲက “အနင်္ဂဏသုတ်” ကို ကြည့်စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်သိတဲ့ပုဂ္ဂိုလ် မသိတဲ့ပုဂ္ဂိုလ်၊ စိတ်ညစ်တာကိုသိတဲ့ပုဂ္ဂိုလ် မသိတဲ့ပုဂ္ဂိုလ် အဲဒါ သိတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့အဆင်အတန်းမြင့်တယ် စိတ်ညစ်တာချင်းတူတူ။

နောက် စိတ်မညစ်တဲ့ပုဂ္ဂိုလ်နှစ်ဦး တစ်ဦးကတော့ သူ စိတ်မညစ်တာကို သူ သိတယ်၊ တစ်ဦးကတော့ သူ စိတ်မညစ်တာကို သူ သတိမထားမိဘူး။ အဲဒီပုဂ္ဂိုလ်နှစ်ဦးမှာလည်းပဲ သူ စိတ်မညစ်တာကို သူ သိတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်က ပိုပြီးတော့မြင့်တယ်။ ဆိုလိုတာက ဘာပြောတာတုန်း self-knowledge ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်က ပိုပြီးတော့မြင့်မြတ်ပါတယ်တဲ့၊ ပိုပြီးတော့ မင်္ဂလာတရားနဲ့ ပြည့်စုံပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီလိုပြည့်စုံအောင်ဆိုရင် မင်္ဂလာတရားအခြေခံတွေရှိရတယ်။

အဲဒီဟာပြီးပြီဆိုရင် ပညာရေးလာတယ် “ဗာဟုသစ္စဉ္စ” အဲဒီဂါထာတစ်ခုလုံးမှာ ပညာရေးပဲ။ ပညာရေးထဲမှာနော် “ဗာဟုသစ္စဉ္စ သိပ္ပဉ္စ”၊ ဗာဟုသစ္စဉ္စ - ဗဟုသုတတွေများတယ်၊ subject တွေအများကြီးသိတယ်၊ သိပ္ပဉ္စ - subject တစ်ခုတစ်ခုမှာ လေးလေးနက်နက်သိတယ် specialized လုပ်တယ်ပေါ့ သိပ္ပဉ္စ။

“ဝိနယောစ” သူက training ရှိတယ်။ “သုဘာသိတာ စ ယာ ဝါစာ” - အပြောအဆိုမှာလည်း ကောင်းတယ်တဲ့။ ခုနတုန်းက ရွေးကောက်ပွဲမတိုင်ခင် အပြောအဆိုအကြောင်း ဘုန်းဘုန်းပြောခဲ့ပြီးပြီ။ ယဥ်ယဥ်ကျေးကျေး ပြောတတ်ဖို့က ဒါသိပ် အရေးကြီးတာပဲ။ အိမ်မှာ မိသားစုထဲမှာလည်း သင်ပေးရမယ်။ ကျောင်းမှာလည်း သင်ပေးရမယ်။ အဲဒီလို သင်ပေးတယ်ဆိုရင် ကြီးလာပြီးတော့ လူကြီးသွားဖြစ်တဲ့ပုဂ္ဂိုလ် ဝန်ကြီးသွားဖြစ်တဲ့ပုဂ္ဂိုလ် ပါလီမန်အမတ်သွားဖြစ်တဲ့ပုဂ္ဂိုလ် အုပ်ချုပ်ရေးမှူးသွားဖြစ်တဲ့ပုဂ္ဂိုလ် သူတို့တွေလည်းပဲ တခါတည်း ယဥ်ယဥ်ကျေးကျေးပြောတဲ့ ပုဂ္ဂိုလ်တွေဖြစ်သွားမယ်။

ဘုန်းဘုန်း အင်္ဂလန်နိုင်ငံ နှစ်ပေါင်းနှစ်ဆယ်ကျော်နေခဲ့တာ ရောက်ခဲ့တဲ့တခြားနိုင်ငံထက်စာရင်လေ တော်တော်အပြောယဥ်ကျေးတယ်။ ပညာပိုပြီးတော့တတ်တဲ့မြို့ဆို ဥပမာ အောက်စဖို့ဒ်တို့ဘာတို့ ပိုပြီးတော့ ယဥ်ကျေးတယ်။ တခါတခါ သူတို့က တစ်ခုခုကိုငြင်းပယ်လိုက်တာ ငြင်းပယ်လိုက်မှန်းမသိလိုက်ဘူး၊ ဘာလို့တုန်းဆိုတော့ အရမ်းကိုယဥ်ကျေးလို့ အရမ်းကို polite ဖြစ်လို့။ “သုဘာသိတာစ ယာ ဝါစာ” အဲဒါက သံတမန်ဆန်တာလေ။ အဲဒီလိုဖြစ်တဲ့အခါကျမှ မိတ်ဆွေကောင်းဆိုတာရှိတာ‌ပေါ့။

မိတ်ဆွေကောင်းရှိအောင် ဘယ်လောက်လိုတုန်း “အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ” ဒါ မိတ်ဆွေကောင်းကို ပြောပြတာ၊ မိတ်ဆွေကောင်းရှာတတ်အောင် ပြောပြတာ။ နိုင်ငံတစ်ခုအနေနဲ့ မိတ်ဆွေကောင်းသိပ်လိုတာပေါ့။ မိသားစုတစ်ခုအနေနဲ့ ကိုယ့်အိမ်နီးနားချင်းနဲ့ မိတ်ဆွေကောင်းဖြစ်အောင် သိပ်လိုအပ်တာပေါ့။ လုပ်ငန်းခွင်မှာ သိပ်လိုအပ်တာပေါ့။ ကုမ္ပဏီတစ်ခုအနေနဲ့ သိပ်လိုအပ်တာပေါ့။ သူ့ဟာသူ ရပ်တည်လို့မှမရတာ။

အဲဒီဟာတွေ ပြီးပြီဆိုရင် နောက်ဘာလာတုန်း “မာတာပိတု ဥပဋ္ဌာနံ” မိသားစုကို ပြုစုပျိုးထောင်ရမယ်၊ ဂရုစိုက်ရမယ်၊ အားကောင်းအောင်လုပ်ရမယ် တိုက်ရိုက်ပါတယ်။ မိသားစုဆိုတာက ဒီဟာက မိဘနဲ့သားသမီး သေးငယ်တဲ့မိသားစု။ အဲဒီမိသားစုကို ချဲ့ရမယ်တဲ့။ “ဒါနဉ္စ ဓမ္မစရိယာစ” ဒီဂါထာက မိသားစုကိုချဲ့တာ။ မိသားစုကို ဘယ်လိုမြင်တာတုန်းဆို extended family အမေဖက်ကရော အဖေဖက်ကရော အမျိုးတွေ အဲဒီဟာတွေကြည့်။ ကိုယ်တတ်နိုင်တယ်ဆိုရင် ဒါနဉ္စ ပေးကမ်းရမယ်။ ထောက်ပံ့ရမယ်။

အဲဒီဟာတင်မကဘူး ကိုယ့်သွေးသားမတော်စပ်တဲ့ ဥပမာ ဘုန်းဘုန်းတို့မြန်မာနိုင်ငံတော်ဆိုရင် လူ ၅၅သန်း သူတို့အားလုံးကို ဆွေမျိုးလိုမြင်အောင် စိတ်ထဲမှာ ကိုယ့်ဟာကိုယ် training လုပ်ရမယ်။ အဲဒီအမြင်မျိုးရှိအောင် သင်ပေးရမယ်။ သင်ပေးရမယ်ဆိုတော့ ကိုယ့်နိုင်ငံ လူတွေအကြောင်းပေါ့နော် သူတို့ သုခ ဒုက္ခအကြောင်း နားလည်အောင် သင်ပေးရမှာပေါ့။ သူတို့ရဲ့လိုအင်ဆန္ဒ inspiration အကြောင်း အဲဒါတွေ နားလည်အောင် ဆွေးနွေးကြရမယ် သင်ပေးကြရမယ်။

အဲဒီလို သူတို့အကြောင်းကိုသိတဲ့အခါကြမှ သူတို့နဲ့ကိုယ်နဲ့နီးစပ်တယ်လို့ ခံစားရတယ်။ အဲဒါကျမှ သူက ဉာတိလို့ခံစားရတာ‌ အမျိုးလို့ခံစားရတာ။ အဲဒီလိုဖြစ်ဖို့အတွက်က ပစ္စည်းမျှဝေရုံနဲ့မရဘူး၊ အခွန်ပေးရုံနဲ့မရသေးဘူး။ အခွန်ပေးတာတော့ ဒါနဉ္စ လိုအပ်တယ်။ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်ဘူး။ “ဓမ္မစရိယာစ” တဲ့ ethics ရှိရမယ်၊ လူ့ကျင့်ဝတ်ရှိရမယ်။

လူ့ကျင့်ဝတ်ဆိုတဲ့အထဲမှာ ငါးပါးသီလကနေစပြီးတော့ ကျင့်ရမယ်၊ အဲဒါ တစ်ဦးချင်းရဲ့ကျင့်ဝတ်လည်းဟုတ်တယ်၊ အများအတွက်ကျင့်ဝတ်လည်းဟုတ်တယ်။ အကြမ်းမဖက်တာတို့ မကောင်းတာတွေကို ဘယ်သူသိသိမသိသိ မလုပ်တာတို့ အဲဒါမျိုးတွေ။

ဆက်လက်ဖော်ပြပါမည်။

၂၀၂၀ ခုနှစ် ဒီဇင်လာလ ၂၂ ရက်နေ့တွင် မင်္ဂလာဖောင်ဒေးရှင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဟောကြားသော "မင်္ဂလာတရားနှင့် နိုင်ငံတော်" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။

Photo credit - Jao Mu Tai

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၅)
09/01/2021

မင်္ဂလာတရားနှင့်နိုင်ငံတော်အပိုင်း (၅)

ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ရဲ့ အားနည်းချက်ကို ပြောပြဖို့အတွက် ဝန်မလေးဘူး !
-------------------------------------------------------------
မင်္ဂလာတရားနှင့် နိုင်ငံတော် အပိုင်း (၅)
ဒါဖြင့်အတုခိုးရအောင်ဆို ဘာလုပ်ရမှာတုန်းဆို အဲဒီ social skill ပြီးရင် ဘုန်းဘုန်းတို့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဖောင်ဒေးရှင်းဆိုတာ ရှိပါတယ်။
အဲဒါကတော့ "ပတိရူပ ဒေသဝါသောစ၊ ပုဗ္ဗေစ ကတပုညတာ၊ အတ္တသမ္မာ ပဏီဓိစ" ဆိုတာရှိပါတယ်။ ဒီမင်္ဂလာက ဒီဂါထာက ဘာပြောတာတုန်း ?
နေရာမှန်ရမယ်တဲ့၊ ပတိရူပ ဒေသဝါသောစ - ဆရာဝန်ဖြစ်ချင်တယ် ဆေးကျောင်းရှိတဲ့နေရာ နေရမှာပေါ့၊ ဆေးကျောင်းရှိတဲ့နေရာကို ရောက်အောင်သွားရမှာပေါ့၊ စီးပွားရေးလုပ်ချင်တယ်ဆိုရင် စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာမြို့ကြီးရွာကြီးတွေ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာတွေ၊ လုံခြုံရေးကောင်းတဲ့နေရာတွေ၊ ဈေးကွက်ရှိတဲ့နေရာတွေ အဲဒါတွေသိရမှာပေါ့၊ ပတိရူပ ဒေသဝါသောစ ဆိုတာ။
"ပုဗ္ဗေစ ကတပုညတာ"ဆိုတာ အခြေခံကောင်းရမှာပေါ့၊ "ပုဗ္ဗေစ ကတပုညတာ" ဒီဘဝအခြေခံ၊ အရင်ဘဝအခြေခံ - အခြေခံကောင်းရမယ်၊ အလယ်တန်းမှာ စာတော်တဲ့ကလေးက သူက မူလတန်းကတည်းက သူက အခြေခံအတိုင်းအတာတစ်ခုအထိ ရှိခဲ့လို့၊ ကိုယ့်ရဲ့မိဘခေတ်တုန်းက သူတို့အခြေခံကောင်းခဲ့တယ်ဆိုရင် ကိုယ့်ရဲ့လက်ထက်မှာ အဲဒီအခြေခံနဲ့ရှေ့ဆက်လုပ်လို့ရတယ်။ မိဘအခြေခံတင်မကဘဲနဲ့ အဖိုးအဖွားရဲ့အခြေခံပါ ပါခဲ့ရင် ကိုယ်က အခြေခံနည်းတဲ့သူတွေ သူများတွေထက် အများကြီးပိုသာတာပေါ့၊ ပုဗ္ဗေစ ကတပုညတာ အခြေခံဘယ်လောက်ပဲကောင်းကောင်း၊ နေရာဘယ်လောက်ပဲ မှန်မှန်၊ လူကမမှန်သေးဘူးဆိုရင် မရသေးဘူး၊ ဒါကြောင့် အတ္တသမ္မာပဏီဓိ - ကိုယ်ကိုယ်တိုင်ကြိုးစားရတဲ့အရာ၊ အဲဒီဟာကို အားပေးရမယ်တဲ့၊ ဒါကြောင့် တစ်ဦးချင်း တစ်ဦးချင်းကြိုးစားတာကို အားပေးတဲ့မိသားစုဖြစ်ရမယ်၊ တစ်ဦးချင်းတစ်ဦးချင်းကြိုးစားတာကို ချီးမြှောက်တဲ့နိုင်ငံ ဖြစ်ရမယ်၊ ရလာဒ်တစ်ခုထဲကိုမကြည့်ဘဲနဲ့ ကြိုးစားတာကိုလဲ ကြည့်ပြီးတော့ အမှတ်ပေးရမယ်၊ ဒီလိုပြောတာ။
ပိဋကတ်ထဲမှာ "သေဒါဝက္ခိတ္တေဟိ ဓမ္မိကေဟိ ဓမ္မလဒ္ဓေဟိ"တဲ့။ သေဒါဝက္ခိတ္တေဟိ - ချွေးဒီးဒီးကျအောင် ကြိုးစားတာတဲ့ မြတ်စွာဘုရားက အဲဒီဟာကိုချီးမွမ်းတယ်။ ကြိုးစားတာကို ချီးမွမ်းတယ်၊ အခုဟာက ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ တစ် နှစ် သုံး ဒီလိုအထက်မှာပဲ ရှိတဲ့ လူသုံးယောက်ကိုပဲ ဦးစားပေးတယ်ဆိုရင် ဒီစနစ်က မမှန်ဘူး၊ ဒီစနစ်က လူသုံးယောက်ကိုပဲ အားပေးတဲ့စနစ်၊ ဘုန်းဘုန်းတရားထဲမှာ ခနခန ထည့်ဟောပြီးပြီ ဒိန်းမတ် နိုင်ငံမှာ ကလေးတွေကို ဆုချတာ မရှိဘူး၊ ကလေးတွေကို ဆုချမယ့်အစား သူတို့ကဘာလုပ်တုန်း၊ "Klassens tid" ဆိုတာ သူတို့ဘာသာစကားအတိုင်း ကိုယ်ချင်းစာတရားသင်တန်းတဲ့။ အသက်ခြောက်နှစ်ကနေပြီး တစ်ဆယ့်ခြောက်နှစ်အထိ ဆယ်နှစ်စာအတန်းကျောင်းမှာ သူတို့က အဲဒါသင်ရတယ်။ တစ်ပတ်ကို တစ်နာရီ ဒီ ကိုယ်ချင်းစာတရားသင်တန်း မသင်မနေရသင်ရတယ်။
ကိုယ်ချင်းစာတရားဆိုတာ ဥပမာ ဘုန်းဘုန်းက ပြင်သစ်ဘာသာတော်တယ်၊ ဒါပေမဲ့ အင်္ဂလိပ်စာအရမ်းအားနည်းတယ်၊ သူငယ်ချင်းတစ်ယောက်က အင်္ဂလိပ်စာ အရမ်းကို ကောင်းတယ်၊ ပြင်သစ်ဘာသာညံ့တယ်ဆိုရင် ဘုန်းဘုန်းက ကိုယ်တော်တဲ့ပြင်သစ်ဘာသာ Frances (Fa-raung-ce) ကိုယ်ဖာကိုယ်ကြည့်ပြီးတော့ အဲဒီဟာကို မုဒိတာ ဖြစ်အောင် မိဘရော၊ ဆရာတွေရော အားပေးတယ်၊
ဒီမှာကြည့် မနှစ်ကနဲ့စာရင် ဒီနှစ် သင့်ရဲ့ ပြင်သစ်ဘာသာက ဘယ်လောက်အထိ ကောင်းလာတယ်၊ ပိုကောင်းလာတယ်၊ အဲဒီလို တစ်ဦးချင်းလဲပြောတယ်၊ လူကြားထဲမှာလဲ ပြောတယ်၊ အဲဒီလိုပြောတယ်ဆိုရင် ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ် self-confident အဲဒီဟာက မြင်သွားတယ်၊ မုဒိတာကြောင့် မြင့်တာနော်၊ ပီတိဖြစ်အောင် သင်ပေးတာ၊ မုဒိတာဖြစ်အောင် သင်ပေးတာ။
အင်္ဂလိပ်စာတော်တဲ့ တယောက်ကိုလဲ ဆရာတွေက အင်္ဂလိပ်စာတော်တယ်နော်၊ မနှစ်က ဘယ်လောက်ပဲရှိတယ်၊ ဒီနှစ် ဘာတွေပိုပြီးတော့သိလာတယ်၊ အမှားတွေပိုပြီးတော့နည်းလာတယ်။ အပြောပိုပြီးတော့ တတ်လာတယ်၊ ဒီလို အားပေးတာပေါ့။
နောက်တစ်ယောက်ကိုကျတော့ သင်္ချာတော်တယ်၊ အဲဒီ တော်တဲ့ဟာလေးကို အဓိကထားပြီးတော့ ပြောပြတယ်၊ အဲဒီလိုပြောလိုက်လို့စိတ်ထဲမှာ လုံလုံခြုံခြုံဖြစ်သွားတယ်၊ သူ့မှာလိုအပ်နေသေးတဲ့ ဘာသာရပ်၊ အားနည်းနေတဲ့ ဘာသာရပ်ကို သွားပြောပြလို့ရတယ်၊ ဒါလေးလိုအပ်နေသေးတယ်၊ ဒါကတော်တယ်၊ ဒီဘာသာရပ်ကတော်တယ်၊ အဲဒီလိုသွားပြောရင် အဲဒီကလေးက လက်ခံတယ်၊ ဘာဖြစ်လို့လက်ခံတုန်း သိပ္ပံပညာအရ ကောင်းတာကိုအရင်စပြီးတော့ ပြောပြလိုက်ရင်တဲ့ ရှေ့က ဦးနှောက်လို့ခေါ်တဲ့ Hippocampus ဆိုတဲ့ ဦးနှောက် သူက active ဖြစ်တယ်၊ သူက တက်ကြွတယ်၊ သူကတက်ကြွပြီဆိုရင် ဘယ်သူတွေ ဘယ်လိုအကြံပေးပေး သူက လက်ခံပြီးတော့ စဉ်းစားနိုင်တယ်တဲ့။ တုန်လှုပ်မှုမရှိဘူးပေါ့၊ ကြောက်စိတ်မဝင်ဘူး၊ အဲဒီလိုမဟုတ်ဘဲနဲ့ သူညံ့တဲ့ဘာသာရပ်ကိုပဲ သွားစပြီးတော့ ပြောလိုက်တယ်ဆိုရင် အဲဒီကလေးက ကြောက်စိတ်ဝင်သွားတယ်၊ ကြောက်စိတ်ဝင်သွားတဲ့အခါကျတော့ သူအားနည်တဲ့ဘာသာရပ်ကို ကိုယ်သွားပြီးတော့ သင်ပေးတဲ့အခါကျ သူအများကြီး လက်မခံနိုင်ဘူး၊ နံပတ်တစ်။
နံပတ်နှစ်ကျတော့ သူကောင်းတဲ့ဘာသာရပ် သူတော်တဲ့ဘာသာရပ်တွေကို သွားပြီးတော့ ပြောပြတဲ့အခါ အဲဒီအချိန်မှာ သူကိုယ်သူ သိပ်ပြီးတော့ ပီတိမဖြစ်နိုင်ဘူး၊ confidence မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ နောက်က Amygdala ဆိုတဲ့ ဦးနှောက်က သွားပြီးတော့ တက်ကြွနေလို့တဲ့။
သိပ္ပံပညာအနေနဲ့လဲ ဒီဟာတွေဟာ အခုလောလောဆယ်မှာ သက်သေရှိတယ်၊ ဘုန်းဘုန်းက ပြင်သစ်စာ ပြင်သစ်ဘာသာစကား ကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့ ပြင်သစ်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ တခြားကျောင်းသားတွေကို ကူညီနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ရဲ့ အားနည်းချက်ကို ပြောပြဖို့အတွက် ဝန်မလေးဘူးနော်။ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်ကိုယ်တိုင် ဝန်ခံဖို့ရော၊ ကိုယ်ကိုယ်တိုင် ပြန်ပြီးတော့ တွေးဖို့ရော၊ လက်ခံဖို့ရော၊ တခြားလူတွေ ပြောတာကို နားထောင်ဖို့အတွက်ရော ဝန်လေးနေတဲ့ ပုဂ္ဂိုလ်ဟာ သူ့မှာ ယုံကြည်ချက် နည်းနေလို့ပါ။

၂၀၂၀ ခုနှစ် ဒီဇင်လာလ ၂၂ ရက်နေ့တွင် မင်္ဂလာဖောင်ဒေးရှင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဟောကြားသော "မင်္ဂလာတရားနှင့် နိုင်ငံတော်" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

FYI
09/01/2021

FYI

"လူငယ်နှင့် မင်္ဂလာတရား‌တော် ‌မိတ်ဆက်"

အားလုံးပဲမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ🙏

🪔ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုတွေနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ကိုဗစ်ကာလအတွင်းမှာတက္ကသိုလ်ကျောင်းသားလူငယ်များအတွက် အကျိုးရှိမည့် အစီစဉ်တစ်ခုပြုလုပ်ထားပါတယ်။

🪔အဲဒါကတော့ "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ဆိုတဲ့ခေါင်းစဉ်နဲ့ မင်္ဂလာတရားတော်ကို မိတ်ဆက်အနေနဲ့လေ့လာမည့်အစီစဉ်ပဲဖြစ်ပါတယ်။

🪔လူငယ်များသည် တိုင်းပြည်၏ အနာဂတ်များဖြစ်ကြပါသည်။

🪔တိုင်းပြည်တိုးတက်ဖို့ အတွက် လူငယ်တစ်ယောက်ချင်းဆီတိုးတက်ဖို့လိုပါတယ်။

🪔ဒီလိုတိုးတက်ဖို့ကလည်း ဆိုင်ရာပညာရပ်များကို ကိုယ်ဆီရှာမှီးဖို့လိုသလို မိမိပတ်ဝန်းကျင်၊ လူမှုအဖွဲ့စည်း၊ လုပ်ငန်းခွင် စတဲ့ နယ်ပယ်ပေါင်းစုံမှာ သဟဇာတဖြစ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ အရည်အချင်းတွေလဲ များစွာလိုအပ်ပါသေးတယ်။

🪔လူမှုပတ်ဝနးကျင်သည် တဖြည်းဖြည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချရမှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေ လျော့နည်းလာကြပြီး အားလုံးဟာ ပတ်ဝန်းကျင်နှင့် သီးခြားလိုဖြစ်လာပါတယ်။

🪔ဒီလိုဖြစ်လာတဲ့အခါ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ မိသားစုအချင်းချင်း မိတ်ဆွေအချင်းချင်း နားမလည်ပေးနိုင်တာတွေ၊ လုပ်ငန်းခွင်မှာအဆင်မပြေတာတွေစတဲ့ ပြသနာတွေ ထုနဲ့ဒေး ပေါ်ပေါက်လာပါတော့‌တယ်။

🪔ဒီလို လူမှုပြသနာမျိုးတွေနည်းပါးအောင်ရယ်၊ အသိဉာဏ်ပိုင်းဆိုင်တာ တိုးတက်ဖွံ့ဖြိုအောင်ရယ်၊ ပတ်ဝန်းကျင်နှင့် အပြန်အလှန်အကျိုးပြုပြီး ပေါင်းသင်းဆက်ဆံတတ်လာစေရန်၊ လောကီလောကုတ်ဆိုင်ရာ ဘဝရဲ့အရေးပါမှုတွေကို ဘယ်လိုအောင်မြင်အောင် လုပ်ဆောင်ရမည့်နည်းလမ်းတွေကို မြတ်ဗုဒ္ဓဟောကြားတဲ့ " မင်္ဂလာတရားတော်" ထဲမှာ ဖော်ပြထားပါတယ်။

🪔ဒီတော့ လူငယ်တွေလိုအပ်နေတဲ့ အရာတွေ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ မင်္ဂလာတရားတော်နှင့် ချိန်ထိုးလေ့လာနိုင်စေရန်အတွက် "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ဆိုတဲ့ ခေါင်းစဉ်နှင့် လေ့လာဖို့အစီစဉ်ရှိပါတယ်ခင်ဗျာ။

🪔ဤအစီစဉ်မှာ တက္ကသိုလ်ကျောင်းသားလူငယ်များ ပါဝင်နိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

🪔Onlineကနေလုပ်မှာဖြစ်လို့ လူဦးရေအကန့်သတ်ရှိသည့်အတွက်pageရဲ့ messengerကဖြစ်ဖြစ် Comment ကနေဖြစ်ဖြစ် registrationလုပ်‌ ပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။

🪔Zoom platformကနေပြုလုပ်မှာပဲဖြစ်ပါတယ်။

🪔 Zoom ID and passwordကို ထပ်မံပို့ပေးပါ့မယ်။

🪔ဤခေါင်းစဉ် ကိုမင်္ဂလာဖောင်ဒေးရှင်းဥက္ကဌ ဆရာဦးစန်းမြင့်အောင်မှ ဦးဆောင် ပြောကြားပေးမှာဖြစ်ပါတယ်။

🪔ဤအစီစဉ်ကို
🍁 နည်းပညာတက္ကသိုလ်(သန်လျင်)၊
🍁မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
🍁ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
🍁ဆေးတက္ကသိုလ်(၂) ရန်ကုန်၊
🍁ရန်ကုန်နည်းပညာတက္ကသိုလ်၊
🍁နည်းပညာတက္ကသိုလ်မှော်ဘီ၊
🍁 ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)၊🍁အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊
🍁အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊
🍁ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)စသည့် တက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုများနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

About us - ( English version )
07/01/2021

About us - ( English version )

မင်္ဂလာတရားနှင့်နိုင်ငံတော် အပိုင်း ၄
05/01/2021

မင်္ဂလာတရားနှင့်နိုင်ငံတော် အပိုင်း ၄

ဘုရားအလောင်းတော် သိဒ္ဒတ္ထမင်းသားထံတော်မှ အတုခိုးရမယ့် value များ ...
-------------------------------------------------------------
မင်္ဂလာတရားနှင့် နိုင်ငံတော် အပိုင်း (၄)

ဘုန်းဘုန်းတို့ ဦးတည်တာ မင်္ဂလာတရားဦးတည်တာ "ခေမံ"ကို ဦးတည်တာလေ။
"လောကဓမ္မေဟိ စိတ္တံရသ နကမ္ပတိ" လောကဓံနဲ့တွေ့တဲ့အခါမှာ သူများကိုယ့်ကိုဝေဖန်တဲ့အခါမှာ ဒါမှမဟုတ် ဘဝက အဆင်မပြေတဲ့အခါမှာ စိတ်ကမတုန်လှုပ်ဘူးဆိုတော့ ဒါက အကျိုးမင်္ဂလာပေါ့၊ အကျိုးတရားထဲမှာ ပါတယ်၊ ဒါတွေက မင်္ဂလာတရားရဲ့ ပန်းတိုင်တွေ။ မတုန်လှုပ်ဘူး။
အဲဒီတော့ ဘုန်းဘုန်းတို့က အချင်းချင်းစကားပြောဆိုတဲ့အခါမှာ ကိုယ့်ရဲ့အမြင်နဲ့မတူလို့ ကိုယ့်ရဲ့အကြံဉာဏ်နဲ့မတူလို့ ကိုယ့်ရဲ့စိတ်ထဲမှာ ချက်ချင်းဒေါသဖြစ်သွားတယ်ဆိုရင် ဒီပုဂ္ဂိုလ်က ကြောက်စိတ်ဝင်သွားလို့ ဖြစ်ပါတယ်တဲ့။ ကြောက်စိတ်ဝင်သွားလို့ ဒေါသဖြစ်တာဖြစ်ပါတယ်၊ ကြောက်စိတ်မဖြစ်ရင် သူဒေါသမဖြစ်ပါဘူး၊ ကိုယ့်ရဲ့အကြံဉာဏ်နဲ့မတူတဲ့အခါကျတော့ "ဟာ ငါ့အကြံဉာဏ်နဲ့မတူဘူး၊ သူ့အကြံဉာဏ်က ငါ့အကြံဉာဏ်ထက်ပိုပြီးတော့ လူလက်ခံများသွားမယ်ထင်တယ်၊ ငါ့အကြံဉာဏ်ကိုလာပြီးတော့ dominate -ကြီးစိုးသွားမယ်" ဆိုတဲ့ စိုးရိမ်စိတ်က ရှိတယ်။ အဲဒီ စိုးရိမ်စိတ်ရှိရင် "နကမ္ပတိ" မတုန်လှုပ်ဘူး ဆိုတာ သူက မဖြစ်နိုင်တော့ဘူး၊ "ဝိရဇံ"ဆိုတာ စိတ်မညစ်ဘူးတဲ့၊ စိတ်မညစ်ဘူးဆိုတာလဲ မဖြစ်နိုင်ဘူး၊ စိတ်ညစ်တာပေါ့။ အမြင်မတူတဲ့လူနဲ့ တွေ့ရင် စိတ်ညစ်တာပေါ့။ "အသောကံ" စိုးရိမ်မှုမရှိဘူးဆိုတာ ဘယ်ရမလဲ စိုးရိမ်တာပေါ့၊ "ဟာ .. ဒီကောင်က ငါနဲ့အကြံဉာဏ်မတူဘူးဆိုရင် ကိုယ်နဲ့ အကြံဉာဏ်မတူတဲ့ပုဂ္ဂိုလ်ကို ကိုယ်က (တချို့ဆိုရင်) ရန်သူလို့ သတ်မှတ်တာ"
သူတို့က စိတ်ကောင်းမရှိလို့မဟုတ်ပါဘူး၊ စိတ်ကောင်းရှိတယ်၊ သဘောကောင်းတယ်၊ ဒါပေမဲ့ ကြောက်စိတ်ဝင် သွားလို့ပါ။ ကြောက်စိတ်ဝင်သွားတာကို မသိလိုက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလိုဖြစ်တာပါ။
အဲဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမှာတုန်းတဲ့၊ ဘယ်လိုလုပ်ရမှာတုန်းဆို မင်္ဂလာတရား ၃၈ ပါးကို မြတ်စွာဘုရားက အဲဒီလိုဟောတဲ့အခါမှာ ဒီ ခေတ်သစ် ဆန်းစစ်တဲ့နည်းနဲ့ ဘုန်းဘုန်းရဲ့စာအုပ်ထဲမှာ ဘုန်းဘုန်းရေးထားတဲ့အတိုင်း ဒီနေရာမှာ ပြန်ပြီးတော့ပြောမယ်ဆိုရင် ပထမဆုံးကတော့ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုဆိုတာ social skill ခေါ်တာပေါ့၊ အဲဒီဟာကို သင်ပေးတယ်၊ အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စသေဝနံ၊ ပူဇာစ ပူဇနေယျာနံ ဆိုတဲ့ ဒီမင်္ဂလာ သုံးခုက လူမှုဆက်ဆံရေးမှာ ကျွမ်းကျင်မှုကို သင်ပေးတာတဲ့၊ ဘယ်လိုပုဂ္ဂိုလ်ကို အတုခိုးပါ၊ ဘယ်လိုပုဂ္ဂိုလ်ကို အတုမခိုးနဲ့ ဒီလိုပြောတာ။
အသေဝနာစ - မှာ သေဝနာဆိုတာလေ အတုခိုးတာ၊ အသေဝနာဆိုတော့ အတုမခိုးတာကိုပြောတာ၊ လူမိုက်တွေနဲ့ စကားမပြောရဘူး၊ ဒီလိုမဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့အပြုအမူကို အတုမခိုးနဲ့ ဘယ်သူ့ကျတော့ အတုခိုးပါ၊
ဒီနေရာမှာ ဘုန်းဘုန်းက အသေးစိပ်တွေ ဒီနေ့ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ တွေးထားတာလည်းမရှိဘူး၊ ပြောဖို့လည်း မရှိပါဘူး၊ မြတ်စွာဘုရားက "ဗာလ၊ ပဏ္ဍိတ" ဆိုပြီးတော့ နေရာတော်တော်များများမှာ ခွဲခြားထားတာတွေရှိပါတယ်၊ အင်္ဂုထိုရ် ထဲမှာလည်းရှိတယ်၊ ဗာလတို့ ပဏ္ဍိတတို့ အများကြီး ခွဲခြားပြထားတယ်၊ အဲဒီအတွက် ဘုန်းဘုန်းတို့ ဒီနေ့အချိန်မကုန်တော့ဘူး၊ အဲဒါတွေ ဘုန်းဘုန်းတို့က ကိုယ်ဖာကိုယ် ဆက်လက်ပြီးတော့ ဖတ်လို့ရတယ်၊ ဘုန်းဘုန်းဒီလောက်ပဲ ညွှန်ပြလိုက်မယ်နော်။ "ဗာလ၊ ပဏ္ဍိတ" နဲ့ပတ်သက်ပြီးတော့ ရေးထားတဲ့စာတမ်းတွေလည်းရှိတယ်။
အဲဒီတော့ ဒီနေရာမှာ ဘုန်းဘုန်းဆိုချင်တာ စိတ်ပိုင်းဆိုင်ရာကို ဦးစားပေးပြီးတော့ ဒီနေ့ပြောနေတာ၊ မိသားစု ထဲမှာ မိဘက သားသမီးတွေကို မိသားစုရဲ့တန်ဖိုးကိုပြောပြတာပေါ့၊ ကျောင်းမှာဆိုရင်လဲ ဆရာတွေက စာချည်းပဲ တစ်ခုထဲသင်တာ မဟုတ်ဘဲနဲ့ သူရဲ့တပည့်တွေကို လူ့ဘဝတန်ဖိုး ပြောပြတာပေါ့၊ ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုရင် အားကျဖို့ကောင်းတယ်လို့ပြောပြတာပေါ့၊ အတုယူဖို့ကောင်းတယ်ပေါ့။
အခုပဲ ဘုန်းဘုန်းပြောသွားတယ် သိဒ္ဒတ္ထမင်းသားက အများအတွက်တွေးပြီးတော့ မင်းသားဘဝကို စွန့်ပါယ်သွားတယ်ဆိုတာ ထားတဲ့စိတ်ဓါတ်နော် ဒီဟာ အတုခိုးဖို့လိုအပ်တယ်၊ အများအတွက်လုပ်တယ်ဆိုတဲ့နေရာမှာ တရားကျင့်တဲ့နေရာမှာရော သူဆွမ်းခံစားတဲ့နေရာမှာရော တခြားသူတွေကို မှီခိုရသေးတယ်၊ အဲဒီလိုမှီခိုတယ်ဆိုတဲ့နေရာမှာ သူများက သူ့ကို နားမလည်တဲ့အချိန်တွေရှိတယ်၊ ပဉ္စဝဂ္ဂီငါးပါးက သူ့ကို နားမလည်ဘူး၊ ဘာဖြစ်လို့ ဒုက္ကရစရိယာကို ရပ်ပစ်တယ်ဆိုတာ နားမလည်ဘူး၊ သူတို့ကမှ သူ့လောက် အတွေ့အကြုံမရှိတာကိုး၊ နားမလည်ဘူး၊ နားမလည်တာနဲ့ ဘာလုပ်တုန်းဆို ပစ်ပစ်ခါခါပြောပြီးတော့ ထွက်သွားလိုက်တယ်တဲ့။ စိတ်ပျက်ပြီးတော့ ထွက်သွားတယ်တဲ့ အဲဒီလို ထွက်သွားတာကို သိဒ္ဒတ္ထမင်းသားက (ဒီဂေါတမရဟန်းကြီးပေါ့နော်၊ ဗုဒ္ဓတော့ မဖြစ်သေးဘူး၊ ဖြစ်ခါနီးပြီ။) စိတ်မဆိုးဘူးတဲ့။ သူတို့ကို နားလည်တယ်၊ တစ်တောလုံးမှာ ခြောက်ယောက်ပဲ ရှိတာနော်၊ သူအပါအဝင် ခြောက်ယောက်ပဲရှိတာ၊ ငါးယောက်က သူမဟုတ်တော့ဘူး၊ သူမလုပ်နိုင်တော့ဘူး၊ သူလုပ်တာမဟုတ်ဘူးဆိုပြီးတော့ ပြောနေတာ၊ ဒါပေမယ့် ဘုရားအလောင်းတော် ဒီဂေါတမ ရဟန်းကြီးက စိတ်ထဲမှာ မတုန်လှုပ်ဘူး၊ ဒီဟာတွေဟာ ဘုန်းဘုန်းတို့ အတုခိုးရမယ့်ဟာ၊ အတုခိုးရမယ့် value တွေပါ။

၂၀၂၀ ခုနှစ် ဒီဇင်လာလ ၂၂ ရက်နေ့တွင် မင်္ဂလာဖောင်ဒေးရှင်း ၁၃ နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ဟောကြားသော "မင်္ဂလာတရားနှင့် နိုင်ငံတော်" တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ ဆက်လက်ဖော်ပြပါမည်။

Address

Metta Shin Street, Phan Khar Kone Village, Hmawbi
Yangon

Telephone

09795818161

Website

Alerts

Be the first to know and let us send you an email when Mingalar Foundation - Youth Mingalar Travellers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mingalar Foundation - Youth Mingalar Travellers:

Share