Way Yan Hein

Way Yan Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Way Yan Hein, Yangon.

 #ရန်ကုန်_မန္တလေး_အမြန်လမ်းမကြီးပေါ်က_လမ်းခွဲနေရာများ🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)🚧 ၈၃မိ...
14/06/2022

#ရန်ကုန်_မန္တလေး_အမြန်လမ်းမကြီးပေါ်က_လမ်းခွဲနေရာများ

🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🚧 ၁၄၅မိုင် (ခပေါင်းတံတား)

🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

#ခရီးမိုင်အကွားဝေးများ..

#ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်

ရန်ကုန် - ညောင်လေးပင် 98 မိုင်

ရန်ကုန် - ဖဒို 115 မိုင်

ရန်ကုန် - မဒေါက် 110 မိုင်

ရန်ကုန် - ရွှေကျင် 114 မိုင်

ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်

ရန်ကုန် - ဖြူး 142 မိုင်

ရန်ကုန် - ဇေယျ၀တီ 144 မိုင်

ရန်ကုန် - တောင်ငူ 175 မိုင်

ရန်ကုန် - ရေတာရှည် 192 မိုင်

ရန်ကုန် - ဆွာ 201 မိုင်

ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်

ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်

ရန်ကုန် - ပျော်ဘွယ် 312 မိုင်

ရန်ကုန် - မိတ္ထီလာ 338 မိုင်

ရန်ကုန် - တောင်သာ 381 မိုင်

ရန်ကုန် - မြင်းခြံ 396 မိုင်

ရန်ကုန် - စစ်ကိုင်း 425 မိုင်

ရန်ကုန် - မန္တလေး 430 မိုင်

ရန်ကုန် - မုံရွာ 495 မိုင်

ရန်ကုန် - ပြင်ဦးလွင် 472 မိုင်

ရန်ကုန် - ရွှေဘို 500 မိုင်

ရန်ကုန် - တန့်ဆည် 560 မိုင်

ရန်ကုန် -လားရှိုး 605 မိုင်

ရန်ကုန် - တောင်ကြီး 424 မိုင်

ရန်ကုန် - လွိုင်ကော် 377 မိုင်

ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်

ရန်ကုန် - တမူး 725 မိုင်

#ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)

ရန်ကုန် -လက်ပံတန်း 85 မိုင်

ရန်ကုန် - ပြည် 179 မိုင်

ရန်ကုန် - ပေါက်ခေါင်း 203 မိုင်

ရန်ကုန် - အောင်လံ 223 မိုင်

ရန်ကုန် - ကြံခင်း 245 မိုင်

ရန်ကုန် - မြန်အောင် 250 မိုင်

ရန်ကုန် - တောင်တွင်းကြီး 280 မိုင်

ရန်ကုန် - မကွေး 331 မိုင်

ရန်ကုန် - မင်းဘူး 332 မိုင်

ရန်ကုန် - အထက်မင်းလှ 350 မိုင်

ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်

ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်

ရန်ကုန် - ချောက် 408 မိုင်

ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်

ရန်ကုန် - ပခုက္ကူ 445 မိုင်

ရန်ကုန် - မြင်းခြံ 456 မိုင်

ရန်ကုန် - နွားထိုးကြီး 476 မိုင်

ရန်ကုန် - တောင်ကုတ် 279 မိုင်

ရန်ကုန် - သံတွဲ 323 မိုင်

ရန်ကုန် - ကျောက်ဖြူ 400 မိုင်

ရန်ကုန် - စစ်တွေ 634 မိုင်

#ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)

ရန်ကုန် - မအူပင် 51 မိုင်

ရန်ကုန် - အိမ်မဲ 75 မိုင်

ရန်ကုန် - မြောင်းမြ 102 မိုင်

ရန်ကုန် - လပွတ္တာ 150 မိုင်

ရန်ကုန် - ဂွ 146 မိုင်

ရန်ကုန် - ဆပ်သွား 182 မိုင်

ရန်ကုန် - ရေကြည် 90 မိုင်

ရန်ကုန် - ငသိုင်းချောင်း 93 မိုင်

ရန်ကုန် - ဟင်္သာတ 96 မိုင်

ရန်ကုန် - ထူးကြီး 133 မိုင်

ရန်ကုန် - ပုသိမ် 115 မိုင်

ရန်ကုန် - ချောင်းသာ 150 မိုင်

ရန်ကုန် - ငွေဆောင် 145 မိုင်

ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်

ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်

ရန်ကုန် - ညောင်တုန်း 35 မိုင်

ရန်ကုန် - ကျောင်းကုန်း 74 မိုင်

ရန်ကုန် - ဇလွန် 86 မိုင်

ရန်ကုန် - ကျိုက်လတ် 74 မိုင်

ရန်ကုန် - ဝါးခယ်မ 93 မိုင်

ရန်ကုန် - ကျုံပျော် 96 မိုင်

ရန်ကုန် - ရွှေလောင်း 78 မိုင်

ရန်ကုန် - ရုံးဒေါင့် 80 မိုင်

ရန်ကုန် - ကျိုက်ပိ 85 မိုင်

ရန်ကုန် - လေးမျက်နှာ 110 မိုင်

ရန်ကုန် - သာပေါင်း 142 မိုင်

#ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း

ရန်ကုန်-ကျိုက်ထို 110 မိုင်

ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်

ရန်ကုန် - တောင်စွန်း 120 မိုင်

ရန်ကုန် - ဘီးလင်း 128 မိုင်

ရန်ကုန် - သထုံ 152 မိုင်

ရန်ကုန် - မုတ္တမ 190 မိုင်

ရန်ကုန် - မော်လမြိုင် 194 မိုင်

ရန်ကုန် - မုဒုံ 208 မိုင်

ရန်ကုန် - သံဖြူဇရပ် 230 မိုင်

ရန်ကုန် - ကျိုက္ခမီ 245 မိုင်

ရန်ကုန် - ဘားအံ 180 မိုင်

ရန်ကုန် - သာမည 200 မိုင်

ရန်ကုန် - ကော့ကရိတ် 235 မိုင်

ရန်ကုန် - မြ၀တီ 279 မိုင်

ရန်ကုန် - ရေး 287 မိုင်

ရန်ကုန် - ထား၀ယ် 397 မိုင်

ရန်ကုန် - မြိတ် 550 မိုင်

ရန်ကုန် - ကော့သောင်း 745 မိုင်

#နေပြည်တော်လမ်းပိုင်း

နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်

နေပြည်တော် - မကွေး 160 မိုင်

နေပြည်တော် - မန္တလေး 180 မိုင်

နေပြည်တော် - ညောင်ဦး 183 မိုင်

နေပြည်တော် - တောင်ကြီး 174 မိုင်

နေပြည်တော် - မုံရွာ 260 မိုင်

နေပြည်တော် - တောင်ငူ 75 မိုင်

နေပြည်တော် - လွိုင်ကော် 250 မိုင်

နေပြည်တော် - ပြည် 150 မိုင်

#မန္တလေး လမ်းပိုင်း

မန္တလေး - တောင်ကြီး 204 မိုင်

မန္တလေး - လားရှိုး 175 မိုင်

မန္တလေး - မူဆယ် 288 မိုင်

မန္တလေး - မိုးကုတ် 115 မိုင်

မန္တလေး - မင်းလှ 250 မိုင်

မန္တလေး - ပြည် 373 မိုင်

မန္တလေး - တောင်ငူ 255 မိုင်

မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်

မန္တလေး - မြင်းခြံ 96 မိုင်

မန္တလေး - ပြင်ဦးလွင် 42 မိုင်

မန္တလေး - ရွှေဘို 70 မိုင်

မန္တလေး - ရေဦး 95 မိုင်

မန္တလေး - တန့်ဆည် 110 မိုင်

မန္တလေး - တမူး 295 မိုင်

မန္တလေး - ပုလဲ 110 မိုင်

မန္တလေး - စဉ့်ကူ 60 မိုင်

မန္တလေး - မတ္တရာ 20 မိုင်

မန္တလေး - ရွေကူ 245 မိုင်

မန္တလေး - ဗန်းမော် 270 မိုင်

မန္တလေး - ထီးချိုင့် 170 မိုင်

မန္တလေး - ကသာ 230 မိုင်

မန္တလေး - ကလေး 210 မိုင်

မန္တလေး - တကောင်း 130 မိုင်

မန္တလေး - သပိတ်ကျင်း 90 မိုင်

မန္တလေး - ငါးအိုး 200 မိုင်

မန္တလေး - ပခုက္ကူ 125 မိုင်

မန္တလေး - ဆည်တော် 30 မိုင်

မန္တလေး - မုံရွာ 80 မိုင်



#မေတ္တာဖြင့်မျှဝေပါသည် ။

*** အိတ်ဇောပိုက်က ကျောက်ဇကာဆိုတာဘာလဲ ? ဘာကြောင့်တန်ဖိုးရှိတာလဲ ? *** ကားလောက အခေါ်အဝေါ်အတိုင်း ကျောက်ဇကာလို. ခေါ်လိုက်တာ...
17/05/2022

*** အိတ်ဇောပိုက်က ကျောက်ဇကာဆိုတာဘာလဲ ? ဘာကြောင့်တန်ဖိုးရှိတာလဲ ? ***

ကားလောက အခေါ်အဝေါ်အတိုင်း ကျောက်ဇကာလို. ခေါ်လိုက်တာပါ ။ သူ.နာမည်အရင်းက ( Catalytic Converter ) ကဲ့တဲ့လစ်တစ်ကွန်ဗာတာ ပါ ။ Catalytic Converter ဆိုတာက Catalyst ဆိုတဲ့ ( ကိုယ်တိုင်မပြောင်းလဲသော်လည်း
ဓာတ်ပြုမှုကို လျှင်မြန်စွာပြောင်းလဲစေသော ဓာတ်ကူပစ္စည်း ) ဆိုတဲ့စကားလုံးကနေလာတာပါ ။ သူရဲ.လုပ်ဆောင်ချက်က အိတ်ဇောမန်နီဖိုး ( Exhaust Manifold ) ကနေထွက်လာတဲ့ အဆိပ်ရှိတဲ့ ၊ ပတ်၀န်းကျင်ကို အန္တရာယ်ပြုမယ့်
ဓာတ်ငွေ.တွေကို အန္တရာယ်အဆင့်နိမ့်ကျသွားအောင် ဓာတ်ပြောင်းလဲမှုဖြစ်ပေါ်စေရန် ဓာတ်ကူပစ္စည်းအဖြစ်ဆောင်ရွက်ပေးတာပါ ။ သူ.ကဘယ်လိုလုပ်ဆောင်ပေးသလဲဆိုရင် ကျနော်တို. ၉ တန်း ၁၀ တန်း ဓာတုဗေဒ (Chemistry)
ဘာသာရပ်မှာ သင်ရတဲ့ အောက်ဆီဂျင်နဲ. ပေါင်းပြီးဓာတ်တိုးသည့်ဖြစ်စဉ် နှင့် ဓာတ်လျော့သည်.ဖြစ်စဉ် ( an Oxidation and Reduction reaction ) အခြေခံသဘောတရားကိုသုံးပြီး အဆိပ်ငွေ.တွေကို လျော့ကျအောင်လုပ်ဆောင်ပါတယ်။

ကားရဲ.ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်ကနေထွက်လာတဲ့ အဆိပ်ဓာတ်ငွေ.နဲ. ပတ်၀န်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ.တွေရှိပါတယ် ။ အဲ့ဒါတွေက

CO ( Carbon Monoxide ) ကာဗွန်မိုနောက်ဆိုက်
HC ( Unburned Hydrocarbons ) စွမ်းအင်အဖြစ်အကုန်မလောင်ကျွမ်းဘဲ ကျနေတဲ့ လောင်စာဆီတွေ
NoX ( Oxides of Nitrogen ) နိုက်ထရိုဂျင်အောက်ဆိုက်
အစရှိတဲ့ ဓာတ်ငွေ.တွေပါ ။ အဲ့ဒီဓာတ်ငွေ.တွေကို အောက်ပါ ဓာတုဓာတ်ပြောင်းလဲခြင်း ညီမျှခြင်းတွေသုံးပြီး ပြောင်းလဲပါတယ် ။

Example
ဓာတ်လျှော့ညီမျှခြင်း ( Reduction reaction ) ကိုသုံးပြီး အဆိပ်ရှိတဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ကို အဆိပ်မရှိတဲ့ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အဖြစ်ပြောင်းလဲပေးပါတယ် ။
NoX (Oxides of Nitrogen ) = N2 ( Nitrogen) + O2 ( Oxygen )

Example
ဓာတ်တိုးညီမျှခြင်း ( Oxidation reaction ) ကိုသုံးပြီး ပတ်၀န်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ.တွေကို အောက်ဆီဂျင်နဲ.ပေါင်းပြီး အန္တရာယ်လျော့ပါးအောင်ပြုလုပ်ပေးပါတယ် ။
CO ( Carbon Monoxide ) + O2 ( Oxygen ) = CO2 ( Carbon Dioxide )

HC ( Hydrocarbons ) + O2 ( Oxygen ) = H2O ( Water ) + CO2 ( Carbon Dioxide )

Catalytic Converter က ကိုယ်တိုင်ဓာတ်ပြောင်းလဲမှုမရှိပေမယ့် အဲဒီအထက်က ဖော်မျူလာတွေ အတိုင်း ဓာတ်ငွေ.တွေတခုခုနဲ. တခုခု ပေါင်းစီးဖို. ၊ ခွဲထွက်ဖို.ကို လျှင်လျှင်မြန်မြန်ဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးပြီး ကားအင်ဂျင်ကနေ
ထွက်ပေါ်လာတဲ့ လူကို ဒုက္ခပေးမယ့် အဆိပ်ဓာတ်ငွေ.တွေနဲ. ၊ ပတ်၀န်းကျင်ကို ညစ်ညမ်းစေမယ့် ဓာတ်ငွေ.တွေကို အန္တရာယ်မဖြစ်စေမယ့် ဓာတုပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် ကူညီဆောင်ရွက်ပေးပါတယ် ။ ဒါက Catalytic
Converter ခေါ် ကျောက်ဇကာရဲ. အလုပ်လုပ်ပုံတွေပါ ။

( Catalytic Converter ) ကျောက်ဇကာက ဘာလို.ရောင်းစားလို.ရတာလဲ ?

အခုကားတော်တော်များများမှာ ကျောက်ဇကာခွဲရောင်းရင် ၂ သောင်းခွဲ ၃ သောင်းကနေ သိန်းဂဏန်းနားအထိရနိုင်တယ်လို. ကြားသိရပါတယ် ။ ကျောက်ဇကာအလကားခွဲပေးတယ်ဆိုတဲ့ ဆိုင်တွေလည်း နေရာတော်တော်များများမှာ
တွေ.လာရပါတယ် ။ ကျောက်ဇကာကို ဘာကြောင့်၀ယ်တာလဲဆိုရင် ကျောက်ဇကာထဲမှာပါတဲ့ တန်ဖိုးရှိတဲ့အရာတွေကြောင့်ပါ ။ ကျောက်ဇကာထဲမှာ ဘာတွေပါလဲပြောပြပါမယ် ။ ကျောက်ဇကာ ( Catalytic Converter ) ရဲ.ပုံစံက
ပျားအုံ ၊ ပတူအုံလိုပုံစံမျိုးတွေပါ ။ ကျောက်ဇကာထဲမှာ အဓိက အလုပ်လုပ်တဲ့( an Oxidation and Reduction reaction ) နေရာနှစ်ခုရှိပြီး တန်ဖိုးကြီး ကျောက်သုံးမျိုးပါ၀င်ပါတယ် ။

1. Platinum (ဓာတ်တိုးခြင်း ဓာတ်လျှော့ခြင်းနှစ်မျိုးစလုံးကိုဖြစ်စေတဲ့ ရွှေဖြူ လို.ခေါ်တဲ့ ပလက်တီနမ် )
2. Rhodium ( ဓာတ်လျှော့ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေသည့် အဖြူရောင် သတ္တုဒြပ်စင် )
3. Palladium ( အောက်ဆီဂျင်နှင့်ပေါင်းပြီး ဓာတ်တိုးဖြစ်စဉ်ကို ဖြစ်ပေါ်စေသည့် ပလက်တီနမ်နွယ်၀င် သတ္တုဒြပ်စင် ) ဆိုတဲ့ တန်ဖိုးရှိ သတ္တုဒြပ်စင်သုံးမျိုး ထုတ်လုပ်တဲ့ပုံစံနဲ. ထုတ်လုပ်တဲ့နေရာကွာခြားပြီး ၃ ဂရမ်ကနေ ၇ ဂရမ်အထိ
အဓိက ပါ၀င်ပါတယ် ။ ဒါ့အပြင် Copper , Nickel , Cerium , Iron နှင့် Manganese ဆိုတဲ့ အခြားသတ္တုတွေလည်းပါ၀င်ပါသေးတယ် ။ အဲ့ဒီသတ္တုတွေကြောင့် ရောင်းစားလို.ရတာပါ ။

ဒါကတော့ ကားလောက အခေါ်ကျောက်ဇကာ ( Catalytic Converter ) ရဲ.အကြောင်းတစိတ်တပိုင်းပါ ။
==================

တကယ်အသုံးဝင်တဲ့ Link တွေပါ👍➖➖➖➖➖➖➖➖➖➖➖*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***• ကားတစ်စီးဝယ...
09/04/2022

တကယ်အသုံးဝင်တဲ့ Link တွေပါ👍
➖➖➖➖➖➖➖➖➖➖➖

*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***

• ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သည့်ခုနှစ်)က အရေးပါပါတယ်၊ ကားထုတ်လုပ်သူတို့ဟာ
Generation(မျိုးဆက်) တစ်ခုထဲမှာပင် ထုတ်လုပ်သည့်
ခုနှစ်ကိုလိုက်ပြီ ကားအတွင်းအပြင်ပါဝင်ပစ္စည်းတွေ အနည်းအငယ်ကွဲပြားသွားပါတယ်၊ Generation တစ်ခုသို့ပြောင်းခါနီးဆိုရင်လဲ Limited Edition Model ဆိုပြီထုတ်ရောင်းကြပါသေးတယ်၊ Generation တစ်ခုကို ၃ နှစ်မှ ၆ နှစ်အထိထုတ်ကြပါတယ်၊

• မော်ဒယ်ခုနှစ်ကိုလိုက်ပြီ ပြည်တွင်းအခွန်ပေးဆောင်ရာမှာလဲမတူညီကြပါဘူး မော်ဒယ်မြင့်ရင်ပိုများပါမယ်၊ အနှိမ့်ကားတွေမှာမသိသာပင်မဲ့ စလစ်ကပ်အမြင့်ကားတွေမှာသိသာပါတယ်၊ ပြည်တွင်းစျေးကွက်မှာ Generationတစ်ခုတူပြီ ရုပ်(Body Chassis)မပြောင်းသေးပင်မဲ့ မော်ဒယ်မြှင့်ရင်စျေးကွာကြပါတယ်၊

• ဒါကြောင့် ကားဝယ်တဲ့အခါမော်ဒယ်ကိုမေးပါ၊ တစ်ချို့ကအလွယ်တကူ ခါးပတ်ကိုကြည့်ကြပါတယ်၊ မသေချာဘူးဆိုရင် မိမိကိုယ်တိုင် အွန်လိုင်းမှာတိုက်စစ်လို့ရပါတယ်၊ တစ်ချို့ဝက်ဆိုဒ်တွေက ပိုက်ဆံပေးမှအပြည့်အစုံပေါ်ပြီကြည့်လို့ရတာတွေရှိပါတယ်၊

အောက်မှာဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်လိပ်စာတွေကတော့ အခမဲ့ဖြစ်ပြီးတစ်ချို့ဆိုရင် ဂရိတ်၊ အင်ဂျင်အမျိုးအစားတွေပါ ပြည့်စုံအောင်ပါပါတယ်၊ Name Plate, Chassis နေရာတွေကတော့ အင်င်္ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့မှာ ရှိတက်ကြပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။

ဂျပန်ကားများအတွက် -

http://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin=

http://oliac.com/autos/i/

http://ice-jp.com/pages/mfr_date_check.html

http://beforward.aleado.com/cabinet

http://jpcenter.ru/month

http://www.alainauction.com/
-

နောက်ဆိုမြင်တွေ့ကြရမဲ့ အမေရိက၊ ယူရိုဘက်က ကားများအတွက်ပါ-

http://www.vindecoderz.com

https://www.vehiclehistory.com/vindecoder/vindecode-land.php

https://www.autodna.com

http://www.mycarhelpline.com/index.php?option=com_easyblog&view=entry&id=38&Itemid=91

http://www.autoblog.com/2016/04/15/determine-car-model-year-vin/



မူရင်းတင်သူ.Ko Aung Pyae
အား Creditပေးပါသည်။

ဆိုင်ကယ်သူခိုးတို့၏ "မာစတာကီး"မည်သည့်ဆိုင်ကယ်သော့အမျိုးအစားကိုဖြစ်စေ အလွယ်တကူဖွင့်ထုတ်နိုင်သည်။သော့အတွင်းရှိ ကြေးပင်ကလေး...
12/01/2022

ဆိုင်ကယ်သူခိုးတို့၏ "မာစတာကီး"

မည်သည့်ဆိုင်ကယ်သော့အမျိုးအစားကိုဖြစ်စေ အလွယ်တကူဖွင့်ထုတ်နိုင်သည်။

သော့အတွင်းရှိ ကြေးပင်ကလေးများကို အလွယ်တကူကျိုးထွက်သွားအောင် အားဖြင့်လှည့်လိုက်ရုံဖြင့်၊သော့အလွယ်တစ်ကူ ပွင့်နိုင်သည်။

ဆိုင်ကယ်သော့အတွင်းရှိ ကီးလိုင်းမတူစေကာမူအတွင်းမှ ကီးအဖြစ်ထည့်ထားသော ကြေးပင်များကို အားဖြင့်လှည့်ပြီးချိုးလိုက်ရုံဖြင့် ဆိုင်ကယ်သော့ကို အလွယ်တစ်ကူပွင့်စေပါသည်။

မိမိတို့ဆိုင်ကယ်များကို ဇက်သော့ခတ်ထားရုံဖြင့် စိတ်မချရပါ။ဇက်သော့ခတ်ထားသောဆိုင်ကယ်များကို အလွယ်တကူ လှည့်ဖွင့်နိုင်သည်။

အရှည်(ခန့်မှန်း) ၄ လက်မလောက်သာရှိပြီး ဆိုင်ကယ်ခိုးယူမည့်သူက အလွယ်တစ်ကူ အိတ်အတွင်းဖွက်ပြီးယူဆောင်နိုင်ကာ၊ ခိုးယူလိုသောဆိုင်ကယ်အနီးရောက်မှ အိတ်တွင်းမှ ထုတ်ပြီး တစ်ချက်လှည့်ရုံဖြင့်သော့ပွင့်သွားနိုင်၏။

ထို့ကြောင့်လူသူအစောင့်မရှိသောနေရာများတွင် မိမိဆိုင်ကယ်ကယ်ကိုစိတ်ချလက်ချထားခဲ့ရန်လုံးဝမသင့်ပါ။

မထားမဖြစ် ထားမည်ဆိုပါကလည်း ချိန်းကြိုးသော့များဖြင့်ပါ ထပ်မံခတ်ထားသင့်ပါသည်။

တန်ဘိုးပိုရှိသောထိုင်းဘီးများမှာ ဆိုင်ကယ်သူခိုးတို့၏ ပစ်မှတ်ဖြစ်နေပါသည်။

အထူးဂရုစိုက်ကြရန်အတွက်ဗဟုသုတအဖြစ်တင်ပြခြင်း သာဖြစ်ပါကြောင်း။

#မူရင်းpost ပိုင်ရှင်အား

၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စတင်ပြောင်းလဲခဲ့တဲ့ ညာကပ်မောင်းစနစ်ဟာ ဒီကနေ့မှာတော့ ၅၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။Photo ...
07/12/2021

၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စတင်ပြောင်းလဲခဲ့တဲ့ ညာကပ်မောင်းစနစ်ဟာ ဒီကနေ့မှာတော့ ၅၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

Photo credit.

 #မြန်မာနိုင်ငံရှိ_ပြည်နယ်နှင့်_တိုင်း ၁၄  #ခုရဲ့လမ်းမိုင်ပြမြေပုံများ
04/12/2021

#မြန်မာနိုင်ငံရှိ_ပြည်နယ်နှင့်_တိုင်း ၁၄ #ခုရဲ့လမ်းမိုင်ပြမြေပုံများ

*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***.• ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သ...
03/11/2021

*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***
.


• ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သည့်ခုနှစ်)က အရေးပါပါတယ်၊ ကားထုတ်လုပ်သူတို့ဟာ
Generation(မျိုးဆက်) တစ်ခုထဲမှာပင် ထုတ်လုပ်သည့်
ခုနှစ်ကိုလိုက်ပြီ ကားအတွင်းအပြင်ပါဝင်ပစ္စည်းတွေ အနည်းအငယ်ကွဲပြားသွားပါတယ်၊ Generation တစ်ခုသို့ပြောင်းခါနီးဆိုရင်လဲ Limited Edition Model ဆိုပြီထုတ်ရောင်းကြပါသေးတယ်၊ Generation တစ်ခုကို ၃ နှစ်မှ ၆ နှစ်အထိထုတ်ကြပါတယ်၊

• မော်ဒယ်ခုနှစ်ကိုလိုက်ပြီ ပြည်တွင်းအခွန်ပေးဆောင်ရာမှာလဲမတူညီကြပါဘူး မော်ဒယ်မြင့်ရင်ပိုများပါမယ်၊ အနှိမ့်ကားတွေမှာမသိသာပင်မဲ့ စလစ်ကပ်အမြင့်ကားတွေမှာသိသာပါတယ်၊ ပြည်တွင်းစျေးကွက်မှာ Generationတစ်ခုတူပြီ ရုပ်(Body Chassis)မပြောင်းသေးပင်မဲ့ မော်ဒယ်မြှင့်ရင်စျေးကွာကြပါတယ်၊

• ဒါကြောင့် ကားဝယ်တဲ့အခါမော်ဒယ်ကိုမေးပါ၊ တစ်ချို့ကအလွယ်တကူ ခါးပတ်ကိုကြည့်ကြပါတယ်၊ မသေချာဘူးဆိုရင် မိမိကိုယ်တိုင် အွန်လိုင်းမှာတိုက်စစ်လို့ရပါတယ်၊ တစ်ချို့ဝက်ဆိုဒ်တွေက ပိုက်ဆံပေးမှအပြည့်အစုံပေါ်ပြီကြည့်လို့ရတာတွေရှိပါတယ်၊

အောက်မှာဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်လိပ်စာတွေကတော့ အခမဲ့ဖြစ်ပြီးတစ်ချို့ဆိုရင် ဂရိတ်၊ အင်ဂျင်အမျိုးအစားတွေပါ ပြည့်စုံအောင်ပါပါတယ်၊ Name Plate, Chassis နေရာတွေကတော့ အင်င်္ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့မှာ ရှိတက်ကြပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။

ဂျပန်ကားများအတွက် -

http://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin=

http://oliac.com/autos/i/

http://ice-jp.com/pages/mfr_date_check.html

http://beforward.aleado.com/cabinet

http://jpcenter.ru/month

http://www.alainauction.com/
-

နောက်ဆိုမြင်တွေ့ကြရမဲ့ အမေရိက၊ ယူရိုဘက်က ကားများအတွက်ပါ-

http://www.vindecoderz.com

https://www.vehiclehistory.com/vindecoder/vindecode-land.php

https://www.autodna.com

http://www.mycarhelpline.com/index.php?option=com_easyblog&view=entry&id=38&Itemid=91

http://www.autoblog.com/2016/04/15/determine-car-model-year-vin/

** မိမိအတွက်အသုံးဝင်မယ်ဆိုရင် ရှဲပြီသိမ်းထားနိုင်ပါတယ် **




 #ကားအရောင်ကား ထုတ်လုပ်သူတွေ ဟာ သူတို့ရဲ့ဝယ်ယူသူတွေ ကို စွဲဆော င်တဲ့နည်း လမ်း တစ်ခုအနေ နဲ့ အရော င်အမျိုး မျိုး နဲ့ကား တွ...
27/10/2021

#ကားအရောင်

ကား ထုတ်လုပ်သူတွေ ဟာ သူတို့ရဲ့ဝယ်ယူသူတွေ ကို စွဲဆော င်တဲ့နည်း လမ်း တစ်ခုအနေ နဲ့ အရော င်အမျိုး မျိုး နဲ့ကား တွေ ကို ထုတ်လုပ်ပေး လေ့ ရှိပါ တယ်။ဝယ်ယူသူအများ စုကလည်း ကား ဝယ်ယူတဲ့အခါ မှာ သူတို့ရဲ့စတိုင်လ်နဲ့လိုက်ဖက်မှုရှိမယ့်ကား အရော င်မျိုး ကိုသာ ရွေး ချ ယ်ပြီး ဝယ်ယူလေ့ ရှိပါ တယ်။ယခုတစ်ခါ မှာ တော့ ကျွ မ်း ကျ င်သူတွေ ရဲ့လေ့ လာ တွေ့ ရှိချ က်တွေ အရ ဘယ်အရော င်တွေ က အန္တရာ ယ်ဖြ စ်စေ နိုင်တဲ့ရာ ခိုင်နှုန်း ပိုများ သလဲ ဆိုတာ ကိုဖော် ပြ ပေး သွား မှာ ဖြ စ်ပါ တယ်။


#အနက်ရောင်…

Monash University က လေ့ လာ သူတွေ ရဲ့ တွေ့ ရှိချ က်အရ အနက်ရော င်ဟာ ယာ ဉ်တိုက်မှုအများ ဆုံး ဖြ စ်လေ့ ရှိတဲ့ ကား အရော င်ဖြ စ်ပြီး ၊အန္တရာ ယ်အရှိဆုံး ကား အရော င်ပဲ ဖြ စ်ပါ တယ်။ ဒါ့ အပြ င်အနက်ရော င်ကား တွေ ဟာ အဖြူ ရော င်ကား တွေ ထက် ယာ ဉ်တိုက်မှုဖြ စ်နိုင်ချေ ၁၂ ရာ ခိုင်နှုန်း ပိုများ ပါ တယ်။အထူး သဖြ င့် ညဘက်တွေ ဆိုရင် အနက်ရော င်ကား ကို အလွယ်တကူမမြ င်နိုင်တာ ကြော င့် အဲ့ဒီ့အချ က်ကပဲ အနက်ရော င်ကား တွေ ကို ယာ ဉ်တိုက်မှုပိုမိုဖြ စ်စေ နိုင်တာ ပဲဖြ စ်ပါ တယ်။


#မီးခိုးရောင်နဲ့ငွေရောင်….

မီး ခိုး ရော င်နဲ့ ငွေ ရော င်တို့ဟာ ကား ဝယ်ယူသူတွေ ကြား များ အတော် လေး လူကြို က်များ တဲ့အရော င်တွေ ဖြ စ်နေ ပေ မဲ့လည်း ၊လေ့ လာ တွေ့ ရှိချ က်တွေ အရ အနက် ရော င်ပြီး ရင် ယာ ဉ်တိုက်မှုကိုအများ ဆုံး ဖြ စ်ပေါ် စေ နိုင်တဲ့ အရော င်တွေ ထဲမှာ ပါ ဝင်လို့နေ ပါ တယ်။မီး ခိုး ရော င်နဲ့ ငွေ ရော င်တို့ကတော့ အဖြူ ရော င်ကား တွေ ထက် ယာ ဉ်တိုက်မှုဖြ စ်နိုင်ချေ ၁၀/၁၁ ရာ ခိုင်နှုန်း ပိုများ ပါ တယ်။အကြော င်း ကတော့ မီး ခိုး ရော င်နဲ့ ငွေ ရော င်ကား တွေ ဟာ တစ်ခါ တရံမှာ လမ်း အရော င်နဲ့ရော ထွေး နေ လေ့ ရှိပြီး ကား သမား တွေ အလွယ်တကူမမြ င်နိုင်တာ ကြော င့်ပဲဖြ စ်ပါ တယ်။


#အပြာရောင်….

အပြာ ရော င်ဟာ လည်း ကား ဈေး ကွက်ထဲမှာ ရွေး ချ ယ်မှုများ တဲ့ ကား အရော င်တစ်ခုဖြ စ်ပါ တယ်။အပြာ ရော င်ကတော့ အထက်မှဖော် ပြ ခဲ့တဲ့အန္တာ ရာ ယ်အများ ဆုံး ကား အရော င်တွေ ထက် ယာ ဉ်တိုက်မှုဖြ စ်နိုင်ချေ နည်း ပါး ပေ မဲ့လည်း ၊
အဖြူ ရော င်ကား တွေ ထက်ယာ ဉ်တိုက်မှုဖြ စ်နိုင်ချေ ၇ ရာ ခိုင်နှုန်း ပိုများ ပါ တယ်။လေ့ လာ သူတွေ ရဲ့ပြော ကြား ချ က် တွေ အရ မိုး ပြာ ရော င်လိုမျိုး အပြာ ရော င်အဖျော့ တွေ ဟာ နက်ပြာ ရော င်နဲ့အပြာ ရင့်ရော င်တို့ထက် ယာ ဉ်တိုက်မှုဖြ စ်နိုင်ချေ နည်း ပါး ပါ တယ်။ဒါ ပေ မဲ့ ဘယ်လိုပဲဖြ စ်ဖြ စ် အပြာ ရော င်ကား တွေ ဟာ နေ့ ဘက်မှာ နော က်ခံကော င်း ကင်အရော င်နဲ့ရော ထွေး နေ တတ်တာ ကြော င့် ၊ကား သမား တွေ အနေ နဲ့ အဝေး ကအပြာ ရော င်ကား ကို သေ သေ ချာ ချာ မြ င်ရဖို့အတွက် ခက်ခဲပါ တယ်။


#အနီရောင်….

လေ့ လာ သူတွေ ရဲ့တွေ့ ရှိချ က်အရ အနီရော င်ဟာ လည်း ယာ ဉ်တိုက်မှုတွေ မှာ ပါ ဝင်နှုန်း များ တဲ့ကား အရော င်ပဲဖြ စ်ပါ တယ်။အနီရော င်ကား ဟာ မိုး ရွာ သည်ဖြ စ်စေ ၊ နှင်း ထူသည်ဖြ စ်စေ နေ့ ဘက် တွေ မှာ အလွယ်တကူမြ င်နိုင်စေ ပေ မဲ့ ညဘက်ဆိုရင်တော့ အခြား ကား အရော င်တွေ လော က် ထင်ထင်ရှား ရှား မမြ င်ရနိုင်တော့ ပါ ဘူး။
ထို့အတူ ကား မီး ရော င်တွေ ၊ ရော င်ပြ န်တွေ နဲ့ လမ်း မီး ရော င်အမျိုး မျိုး ကြား မှာ အနီရော င်ကား တွေ ဟာ အလိုလိုရော ထွေး သွား တတ်ကြ ပါ တယ်။


#အစိမ်းရောင်…..

အစိမ်း ရော င်ကား တွေ ဟာ အရော င်တော က်ပေ မဲ့လည်း အ ရော င်ပိုင်း ဆိုင်ရာ မှာ တော့ ထင်သလော က်မလုံခြုံ ပါ ဘူး ။အစိမ်း ရော င်ကား တွေ ကိုသာ မန်နေ ရာ တွေ မှာ ဆိုရင် တော့ ထင်း ခနဲမြ င်တွေ့ နိုင်ပေ မဲ့ နော က်ခံမှာ သစ်ပင်တွေ ပေါ် များ တဲ့နေ ရာ မျိုး ၊
အစိမ်း ရော င်အပင်တွေ ရော ထွေး နေ တဲ့နေ ရာ မျိုး တွေ မှာ ဆိုရင် သိပ်မသဲကွဲပဲဖြ စ်နေ တတ်ပါ တယ်။


မူရင်း ရေး သား သူ အား လေး စား စွာ ဖြ င့် Credit ပေး ပါ သည်။

https://lm.facebook.com/l.php?u=https%3A%2F%2Fcarthadinsone.info%2F%25e1%2580%2580%25e1%2580%25ac%25e1%2580%25b8%25e1%2580%25a1%25e1%2580%259b%25e1%2580%25b1%25e1%2580%25ac%25e1%2580%2584%25e1%2580%25ba%25e1%2580%2590%25e1%2580%25bd%25e1%2580%25b1%25e1%2580%2591%25e1%2580%25b2%25e1%2580%2599%25e1%2580%25be%25e1%2580%25ac-%25e1%2580%2598%25e1%2580%259a%25e1%2580%25ba%25e1%2580%25a1%25e1%2580%259b%2F&h=AT06_ZZROb1sm8hzr14NEWcAV6C6lQ_9s88DViUPfYf-kvEGpNGJ8uvIrvsJL_BRnMAEQwBUnX98Xsre_SWl5W4TqQJdCO4nmI2x0ik5LYGS30DvhcLq181GFnPPe9HzN3WJ

ကားထုတ်လုပ်သူတွေဟာ သူတို့ရဲ့ဝယ်ယူသူတွေကို စွဲဆောင်တဲ့နည်းလမ်းတစ်ခုအနေနဲ့ အရောင်အမျိုးမျိုးနဲ့ကားတွေကို...

 #ကားလောကရဲ့ JDM ၊ CKD ၊ SKD ၊ CBU ဆိုတာ ဘာကိုဆိုလိုတာလဲ ❓ကားလောက အသုံးအနှုန်းတွေကလည်း တခါတလေ လိုက်လို့ကို မမှီနိူင်ပါဘူ...
27/10/2021

#ကားလောကရဲ့
JDM ၊ CKD ၊ SKD ၊ CBU ဆိုတာ
ဘာကိုဆိုလိုတာလဲ ❓


ကားလောက အသုံးအနှုန်းတွေကလည်း တခါတလေ လိုက်လို့ကို မမှီနိူင်ပါဘူး။
🙄


တိရစ္ဆာန်နာမည်တွေလည်း စုံလို့ပါဘဲ။ ရွှေငါး၊ ဖားပြုတ်၊ ကြက်တူရွေး၊ ပုစင်းခေါင်း၊ နွားကြီး၊ နွားလေး စသည်ဖြင့် နာမည်အမျိုးမျိုးပေးနေကြတာ။
😁

အခုလည်း JDM, CKD, SKD, CBU တဲ့ အတိုကောက်တွေခေါ်ကြပြန်ပြီ။ အဲ့တော့လည်း ထပ်ပြီးလေ့လာမှတ်သားရတာပေ့ါဗျာ။

1️⃣
JDM (Japanese Domestic Market) – ဆိုတာ ဂျပန်နိူင်ငံအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ကားတွေကို ခေါ်တာဖြစ်ပါတယ်။ သူတို့ပြည်တွင်းသုံး ကားတွေဆိုပါတော့။ ဒါပေမယ့် လက်ရှိမြန်မာပြည်တွင်းကားဈေးကွက်မှာ ဂျပန်ကျ (Used Car, Second) တွေက နေရာယူထားတော့ အဲ့ဒီကားတွေကို JDM ဆိုပြီး အတိုကောက်ခေါ်ကြတာဖြစ်ပါတယ်။

2️⃣
CKD (Completely Knocked Down) – ဆိုတာ ကားပစ္စည်းအစိတ်အပိုင်းများကို မြန်မာနိူင်ငံတွင်းမှာဘဲ ထုတ်လုပ်ပြီး မြန်မာပြည်တွင်းမှာဘဲ အပြီးအစီး တပ်ဆင်ထားတဲ့ကားတွေကို ဆိုလိုတာ

3️⃣
SKD (Semi Knock Down) – ဆိုတာ မူရင်းထုတ်လုပ်နေတဲ့ စက်ရုံက ကားပစ္စည်းအစိတ်အပိုင်းများကို မြန်မာပြည်တွင်းကို အစိတ်အပိုင်းအားလုံးသယ်ဆောင်လာပြီး မြန်မာပြည်တွင်းမှာ ပြန်လည်တပ်ဆင်ထားတဲ့ ကားတွေကို ဆိုလိုတာဖြစ်ပါတယ်။

4️⃣
CBU (Completely Built-Up) – ဆိုတာ ကားထုတ်လုပ်တဲ့နိူင်ငံတွေက ကားတစ်စီးလုံးအပြီးအစီးတပ်ဆင်ပြီး အသင့်မောင်းနှင်ရုံအနေထားနဲ့ မြန်မာပြည်တွင်းကို တင်ပို့ထားတဲ့ကားတွေကို ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် ကားလောက ကားဈေးကွက်မှာ အသုံးပြုနေတဲ့ နာမည်အခေါ်အဝေါ်တွေကို ခေတ်နောက်မကျရလေအောင် ခေတ်နဲ့အညီသုံးစွဲနေတဲ့ အတိုကောက်နာမည်လေးတွေကို ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 #စက်မှုဇုန်ကားတွေရဲ့_ဒုက္ခ_ဂျင်းမမိအောင် ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အညှာသိရင် လုပ...
27/10/2021

#စက်မှုဇုန်ကားတွေရဲ့_ဒုက္ခ_ဂျင်းမမိအောင်

ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အညှာသိရင် လုပ်မရဘူး။


ကဖေါက်စွတ်။

တစ်လုံးတည်းဆိုရင် (ဗမာလုံး)

RTAက 11သိန်း 5သောင်း ဆောင်ထားရင် ကပ်ချိန်း။ #တစ်စီးလုံးအော်ခေါင်း၊ #အော်ဖရိန်။

Zလုံးတည်းဖြစ်မယ် RTA တစ်သိန်းခွဲဆိုရင် ဗမာလုံး။

အက်ဒီ့မှာ RTA11သိန်း5သောင်းဆိုရင် ကပ်ချိန်း #ပေါက်ပြီနော်။

ဒီထဲမှာ ဝှီးတက် ပြထားတာက ကား2စီး 2ပုံတည်း။ ကျွန်နော် ပြောနေတာကား (3)စီးအကြောင်း ၊ #စာသေချာဖတ်ပါ။

ဒီထဲက အကောင်းဆုံးကားပြပါဆိုရင် Z တစ်လုံတည်း လာတဲ့ကားကို RTAအကြီး
။ 11သိန်း5သောင်း ဆောင်တဲ့ကားပိုကြိုက်ပါတယ်။ RTAအသေး တစ်သိန်းခွဲဆောင်တဲ့ကား မကြိုက်ပါ ခများ။

ဘယ်သူ 12ဘီး စက်မူ့ဇုံဝယ်ဝယ်၊ ligh truck စက်မူဇုံ ဝယ်ဝယ် Canter စက်မူ့ဇုံပဲဝယ်ဝယ် ဒါသိရင် ခင်များကားဝယ်တတ်ပြီ။

(ကညန) ဥပဒေကတော့ #2004နောက်ပိုင်းပြောင်းထားတာရှိပါတယ်။ #ပြောင်းလဲတပ်ဆင်ခွင့်ပိတ်ထားတယ်။

ဒါ့ကြောင့် #စက်မူ့ဇုံကားဝယ်တဲ့အခါ ကားကြည့်ပီး ဝယ်မရဘူးခမျ။

အုံနာဘုတ်စာမျက်နှာ ၈ ဝှီးတက်နောက်ကျောစစ်ဆေးပြီးမှဝယ်ရတာပါ။

ပညာလည်းပါတယ်သိရင်မခက်ဘူး။ #အနာရှိသူများ #စပ်ပါလိမ့်မယ်။ နောင်မျိုးဆက် ဒုက္ခမရောက်စေဖို့ #ရည်ရွယ်ချက်နဲ့တင်ပေးလိုက်ပါတယ်။

တချို့လာမေးကြတယ် ၊ ပေအရှည်မှန်မမှန် မတွက်တတ်ဘူး လွယ်တယ်။

အုံနာဘုတ်စာမျက်နှာ၂မှာ မီလီမီတာ ပါ ပါတယ် ၊ အဲဒီ မီလီမိတာ ကို 300 နဲ့ စားလိုက် ထွက်လာရင် ပေအရှည်က ရှေ့နံပတ်ပြားနောက်နံပါတ်ပြား အရှည်ထွက်လာပါတယ်။

ဟုတ်ပြီ ဘော်ဒီ ပေအရှည် အတိအကျ သိချင်တာဆို အစောက 300 နဲ့ စား ၊ ပိုတဲ့ဟာကို ဂေါင်း 6 ပေနုတ်လိုက် ၊ ကျန်တာဘော်ဒီပေအရှည်ပဲပေါ့ဗျာ။

(ကွင်းစ/ ကွင်းပိတ်) မှတ်ထားရမှာက ဝှီးတက်မှာ Z တလုံးတည်းလာတယ်။ RTAအသေးဆိုရင် မှတ်ထားလိုက်ပါ။ #တစီးလုံးဗမာရိုက်လုံးပါ။ ရုပ်ဗမာ/ဖရိန်ဗမာ ပါ။


Different types of car bodies .🚗 🚘 🚙
14/10/2021

Different types of car bodies .🚗 🚘 🚙

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Way Yan Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share