IT-Tool

IT-Tool We are provide computer and mobile sale and services.

Meta ကနေ Free ပေးထားတဲ့ OpenClaw လိုမျိုး ကိုယ်ပိုင် AI Assistant လိုမျိူသုံးနိုင်တဲ့ Manus AI Agent တခုထွက်ရှိလာပါတယ်။ ...
17/03/2026

Meta ကနေ Free ပေးထားတဲ့ OpenClaw လိုမျိုး ကိုယ်ပိုင် AI Assistant လိုမျိူသုံးနိုင်တဲ့ Manus AI Agent တခုထွက်ရှိလာပါတယ်။ မြန်မာလို ရေရေလည်လည်ပြောနိုင်တဲ့အပြင် အသုံးပြူရတာလည်း လွယ်ကူပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေက...

✅ Research လုပ်ပေးတယ်
✅ Website တည်ဆောက်ပေးတယ်
✅ Report & Presentation ဖန်တီးပေးတယ်
✅ Code ရေးပေးတယ်
✅ ဘာသာပြန်ပေးတယ်
✅ အချိန်ဇယားအတိုင်း အလိုအလျောက် လုပ်ဆောင်ပေးတယ်

💬 စာရိုက်လိုက်ရုံနဲ့ — Manus က အကုန်လုပ်ပေးနိုင်ပါတယ်။

🔗 မိမိရဲ့ Gmail နဲ့အကောင့်ဖွင့်အသုံးပြုနိုင်ပြီး Telegram နဲ့လည်းချိတ်ဆက်ပြီး အလုပ်တွေခိုင်းလို့ ရပါတယ်။ အကောင့်ဖွင့်ပြီးသုံးနိုင်ဖို့ Link ပေးထားပါတယ်။ Manus နဲ့ စကားစပြောကြည့်ပါ။ 🚀

Link: https://manus.im/invitation/Z3F6B9TWIGJOOEN?utm_source=invitation&utm_medium=social&utm_campaign=system_share

15/12/2025

Password နှင့် 2FA ကိုသုံးပြီး Login လုပ်နေရင် အခုပဲရပ်လိုက်တော့။

AI Age မှာ Privacy နှင့် Security ကို အရင်ကထက်ပိုပြီးတော့ အလေးထားရမယ့်အချိန်ကိုရောက်လာပြီ။ အရာအားလုံး AI-Powered ဖြစ်လာတဲ့အထဲမှာ Hacker တွေအသုံးပြုတဲ့ Tool တွေကလည်း AI-Powered တွေဖြစ်လာတာကြောင့် ဘာမဆိုဖြစ်နိုင်တဲ့အချိန်လို့ ပြောလို့ရတယ်။ Application တွေကို Login လုပ်တဲ့အခါမှာ အရင်ကဆိုရင် Password တစ်ခုတည်းနှင့် အဆင်ပြေတယ်။ နောက်ပိုင်းတော့ Password တစ်ခုတည်းလည်း စိတ်မချရတော့ Two-Factor Authentication (2FA) ကိုပါ Password ထည့်ပြီး နောက်တဆင့်အနေနှင့် အသုံးပြုလာကြတယ်။ အရင်က Hacker တွေအသုံးပြုတဲ့နည်းတွေ (ဥပမာ Fake Email (Phishing) ၊ SIM Card ဖလှယ်ခြင်း ၊ Malware) နှင့် 2FA ကပို့လိုက်တဲ့ One Time Password (OTP) ကို ရနိုင်ဖို့ခက်တာကြောင့် စိတ်ချရတယ်လို့ပြောနိုင်တယ်။ AI Age မှာ AI-Powered ပါလာပြီဆိုတော့ အသုံးပြုနေကြ Security Mechanism တွေက စိတ်မချရတော့ဘူး။

2FA ကစိတ်မချရတော့ဘူးလား။

AI Age မှာ 2FA ကိုအသုံးပြုခြင်းက (လုံးဝ) စိတ်မချရတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ လတ်တလောဖတ်ရတဲ့ သတင်းနှစ်ခုမှာ ပထမတစ်ခုက BlackForce လို့ခေါ်တဲ့ AI-Powered Phishing Kit အကြောင်း၊ အဲ့ဒီ Tool ကို Telegram တွေထဲမှာ ယူရို €200 နှင့် €300 ကြားဈေးနှုန်းနှင့် ရောင်းနေတယ်၊ Version ကလည်း 3 ကနေ 5 အထိထွက်နေပြီ။ BlackForce ကိုသုံးပြီးတော့ OTP ကို Real-Time (တစ်ချိန်တည်း) ကြားဖြတ်ယူလို့ရနိုင်တယ်။ ဒုတိယတစ်ခုက GhostFrame လို့ခေါ်တဲ့ Phishing Framework သူ့ကို Phishing-as-a-Service (PhaaS) လို့လည်းခေါ်တယ်။ Cloud Service တွေအတွက် အသုံးပြုတဲ့အခေါ်အဝေါ် Software-as-a-Service နှင့် နာမည်ဆင်တူတယ်။ Fake Email တွေနှင့် Attack လုပ်ခဲ့တဲ့ဖြစ်စဉ်တွေ အများအပြားလည်း ရှိခဲ့ပြီးပြီ။ ဒီသတင်းနှစ်ခုကြောင့် 2FA က (လုံးဝ) စိတ်မချရတော့ဘူးလို့ ပြောတာဖြစ်တယ်။ 2FA နေရမှာ အစားထိုးနိုင်တဲ့နည်းကတော့ Passwordless (Password မဲ့) နည်းဖြစ်တယ်။ 2FA ထက်ပိုပြီးတော့ လုံခြုံစိတ်ချရတယ်။ AI-Powered Hacking Tool တွေကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်တယ်။ Passwordless ဆိုတာ Passkey ကိုအသုံးပြုပြီး Login လုပ်တဲ့နည်းဖြစ်တယ်။

Passkey ဆိုတာဘာလဲ။

Username နှင့် Password အစား End-to-End Encryption (E2EE) ကိုအသုံးပြုပြီး Login လုပ်တဲ့နည်းဖြစ်တယ်။ User အနေနှင့် Password ကိုမှတ်ထားစရာမလိုပဲ Device တစ်ခုမှာပါပြီးသား Biometric (ဥပမာ FaceID) ၊ Device ID နှင့် Hardware Security Key တွေကိုအသုံးပြုပြီး Authenticate လုပ်နိုင်တဲ့နည်းဖြစ်တယ်။ Passkey Technology ကို FIDO2 (Open Authentication Standard) နှင့် WebAuthn (FIDO2 အတွက် Web Authentication API) နှစ်ခုအသုံးပြုပြီး တည်ဆောက်ထားတယ်။ FIDO2 Open Authentication Standard ကို FIDO Alliance (Google ၊ Apple ၊ Microsoft နှင့်အခြား ကုမ္ပဏီများ) ကဖန်တီးထားတာဖြစ်တယ်။ Account တစ်ခုကို Login လုပ်တဲ့အခါ Password က Weak ဖြစ်ခြင်း (ဥပမာ 12122997)၊ Fake Website (သို့မဟုတ်) Fake Email ကို အသုံးပြုပြီး Password ခိုးယူနိုင်ခြင်း (Phishing Attack)၊ Password ကို Crack လုပ်နိုင်ခြင်း၊ Data Breach ဖြစ်ပါက Password ပါသွားနိုင်ခြင်း စတဲ့အချက်တွေကြောင့် Password အစား Passkey ကိုပြောင်းလဲအသုံးပြုသင့်တယ်။ Passkey အသုံးပြုခြင်းက Phishing Attack တွေကို (လုံးဝ) ကာကွယ်နိုင်တယ်။ Passkey ကို Apple iCloud Keychain ၊ Google Password Manager နှင့် Windows Hello စတဲ့နေရာတွေမှာ သိမ်းထားတယ်ကြောင့် စိတ်ချရတယ်။ သီးသန့် Hardware နှင့် Passkey အသုံးပြုချင်တယ်ဆိုရင်တော့ YubiKey ကိုဝယ်ပြီးအသုံးပြုနိုင်တယ်။

Passkey ဘယ်လိုအလုပ်လုပ်လဲ။

Passkey အတွက် E2EE Mechanism ကို အသုံးပြုထားတာကြောင့် သူ့မှာ Private Key နှင့် Public Key နှစ်ခုရှိတယ်။ အဲ့ဒီ Key နှစ်ခုက Client နှင့် Server အပြန်အလှန် Key Exchange လုပ်ဖို့အတွက်အသုံးပြုတယ်။ Passkey အသုံးပြုနိုင်တဲ့ Website မှာ Register လုပ်ပြီးတာနှင့် Device ထဲကို Private Key သိမ်းထားပေးပြီးတော့ Server မှာတော့ Public Key ကို သိမ်းထားပေးတယ်။ Register လုပ်ပြီးလို့ Device ကနေ ​Website ထဲကို Login လုပ်တဲ့အခါမှာ ပုံမှန်အတိုင်း User Name ထည့်လိုက်တာနှင့် Website (Application Server) ကနေ Device ကို Challenge တစ်ခုလှမ်းပို့လိုက်တယ် အဲ့ဒီ Challenge (Response) ကြောင့် Device မှာ Sign in with a passkey (သို့မဟုတ်) Biometric နှင့် Login လုပ်ဖို့ Dialogbox တစ်ခုခုထွက်လာမှာဖြစ်တယ်။ အဲ့လိုထွက်ပေါ်လာတဲ့အခါမှာ Server နှင့် Key Exchange လုပ်ဖို့အတွက် User က သူ့ရဲ့ Device ကနေ Sign လုပ်ပေးရတယ်။ Sign လုပ်ပြီးလို့ Server ဆီရောက်လာတဲ့ Signature ကို Server မှာရှိတဲ့ Public Key နှင့် အတည်ပြုစစ်ဆေးပြီးတာနှင့် Register လုပ်ထားတဲ့ Website ထဲကိုရောက်သွားမှာဖြစ်တယ်။ User အနေနှင့် Sign လုပ်တယ်ဆိုတာ Computer တွေမှာဆိုရင်တော့ PIN ရိုက်ထည့်ရတာဖြစ်ပြီးတော့၊ Mobile Phone တွေမှာတော့ FaceID (သို့မဟုတ်) Fingerprint ကို Scan လုပ်လိုက်တာဖြစ်တယ်။

Passkey အသုံးပြုဖို့ ဘယ်လို Setup လုပ်ရလဲ။
Passkey Setup လုပ်ဖို့အဓိကလိုအပ်တာက Fingerprint ၊ FaceID ၊ Device PIN တစ်ခုခုလုပ်ဆောင်နိုင်တဲ့ Device တစ်ခုလိုအပ်တယ်။ ပြီးရင်တော့ အသုံးပြုမယ့် Service မှာ Passkey လုပ်ဆောင်ချက်ပါရမယ်။ လက်ရှိအသုံးများတဲ့ Facebook ၊ Google ၊ GitHub ၊ Microsoft စတဲ့ Service တွေမှာ Passkey Setup လုပ်နိုင်တယ်။

ဥပမာ Google Account အတွက် Passkey Setup လုပ်ချင်တယ်ဆိုပါစို့။

https://myaccount.google.com ကနေ Google Account Login လုပ်လိုက်မယ်။
• (အကယ်၍ Mobile Phone ကဆိုရင်တော့ Google App ထဲကနေ Manage your Google Account ထဲကိုဝင်ရမယ်။)
• Security and sign-in ထဲဝင်လိုက်မယ်။
• Passkeys and security keys ကိုနှိပ်ဝင်လိုက်မယ်။
• (အကယ်၍ Passkey ထည့်ထားတဲ့ Device တွေရှိရင် YOUR DEVICES မှာ တွေ့လိမ့်မယ်။)
• Create a passkey ထဲကိုဝင်လိုက်မယ်။
• ရှေ့ဆက်ပြီး Fingerprint ၊ Face ID ၊ PIN တစ်ခုခုနှင့် Assign လုပ်လိုက်ရင် Google Account နှင့် Device ချိတ်သွားပြီး Passkey ရသွားမှာဖြစ်တယ်။

ဥပမာ Facebook Account အတွက် Passkey Setup လုပ်ချင်တယ်ဆိုပါစို့။
• Facebook ကကိုယ့်ရဲ့ Profile Photo ကနေ Settings and privacy ကိုနှိပ်လိုက်မယ်။
• Settings ထဲဝင်လိုက်မယ်။
• Accounts Center ထဲက See more in Account Center ထဲဝင်လိုက်မယ်။
• Account settings ထဲက Password and security ထဲဝင်လိုက်မယ်။
• Passkey ကိုနှိပ်ပြီး Create passkey နှင့် Setup လုပ်လို့ရတယ်။
• ရှေ့ဆက်ပြီး Assign လုပ်ချင်တာ တစ်ခုခုကိုရွေးပေးပြီးသွားရင် Facebook Account နှင့် Device ချိတ်သွားပြီး Passkey ရသွားမှာဖြစ်တယ်။

အခြား Account တွေလည်း အလားတူ Step တွေနှင့် Passkey ကို Setup လုပ်နိုင်တယ်။ နောက်ပိုင်းမှာ Passkey နှင့် Login လုပ်ရတာ အသားကျသွားပြီး အဆင်ပြေနေပြီဆိုရင်တော့ Password နှင့် 2FA အသုံးပြုတဲ့ Login လုပ်ဆောင်ချက်ကို Setting ထဲမှာ ပိတ်ချင်ရင် ပိတ်လို့ရတယ်။ အကယ်၍ မပိတ်ပဲ Backup အနေနှင့်ထားမယ်ဆိုရင်တော့ Passkey (သို့မဟုတ်) Password နှင့် 2FA နည်းလမ်းနှစ်မျိုးနှင့် Website ကို Login လုပ်နိုင်မှာဖြစ်ပါတယ်။



Ref:
R, G. B., & Sasi, A. (2025). Technical analysis of the BlackForce phishing kit | ThreatLabz.
Mascellino, A. . (2025, December 13). New GhostFrame phishing framework hits over one million attacks. Infosecurity Magazine.

06/12/2025

AI Cybersecurity Specialist တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလေ့လာမလဲ?
မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့မှာတော့ လက်ရှိနည်းပညာလောကမှာ အ hot ဆုံးနဲ့ အလိုအပ်ဆုံး skill တစ်ခုဖြစ်တဲ့ AI Cybersecurity အကြောင်းကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

AI Cybersecurity ဆိုတာ ဘာလဲ? ရိုးရိုးရှင်းရှင်း ဥပမာပေးရရင်— သမားရိုးကျ Cybersecurity ဟာ အိမ်ကို "သော့ခတ်" ထားတာနဲ့ တူပါတယ်။ သူခိုးလာမှ တံခါးဖွင့်မရအောင် ကာကွယ်တာပါ။ ဒါပေမဲ့ AI Cybersecurity ကတော့ "စူပါလုံခြုံရေးဝန်ထမ်း" တစ်ယောက် ခန့်ထားတာနဲ့ တူပါတယ်။ ဒီဝန်ထမ်းက မအိပ်မနေ စောင့်ကြည့်နေပြီး၊ သူခိုးမလာခင်ကတည်းက "ဟိုလူက မသင်္ကာစရာပဲ" ဆိုပြီး ကြိုတင်သိနိုင်စွမ်း ရှိပါတယ်။

ဒီနယ်ပယ်မှာ အဓိက သဘောတရား (၃) ခုရှိပါတယ်-

AI for Defense (ကာကွယ်ရေး): AI ကိုသုံးပြီး Hacker တွေကို ဖမ်းမယ် (ဥပမာ - Malware တွေကို AI နဲ့ ရှာဖွေတာ)။

Adversarial AI (AI ကို ကာကွယ်ခြင်း): Hacker တွေက AI စနစ်တွေကို ပြန်တိုက်ခိုက်လာတဲ့အခါ ဘယ်လိုကာကွယ်မလဲ (ဥပမာ - ChatGPT ကို မကောင်းတာတွေ မပြောအောင် တားဆီးတာမျိုး)။

Automation: လူလုပ်ရင် ကြာမယ့် လုံခြုံရေးအလုပ်တွေကို AI နဲ့ မြန်မြန်လုပ်တာ။

ကဲ... ဒီလမ်းကြောင်းကို စိတ်ဝင်စားရင် ဘယ်ကနေ စလေ့လာရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

🎯 Foundational Knowledge (Beginner)
ဒီအဆင့်မှာ Cybersecurity နဲ့ AI ရဲ့ အခြေခံအုတ်မြစ်တွေကို သီးခြားစီ ပိုင်နိုင်အောင် အရင်လေ့လာရပါမယ်။ Coding (Python)၊ ကွန်ပျူတာကွန်ရက် (Networking) နဲ့ Machine Learning အခြေခံတွေ မရှိမဖြစ် လိုအပ်ပါတယ်။

https://cs50.harvard.edu/python/ [Harvard တက္ကသိုလ်က သင်ကြားတဲ့ Python programming အခြေခံပါ။ AI ရော Cyber လောကမှာပါ Python က အဓိက ဘာသာစကားဖြစ်လို့ မဖြစ်မနေ လေ့လာထားသင့်ပါတယ်။]

https://www.coursera.org/professional-certificates/google-cybersecurity [Google က သင်ပေးတဲ့ Cybersecurity အခြေခံသင်တန်းပါ။ Audit mode နဲ့ အခမဲ့ တက်ရောက်နိုင်ပြီး Linux, SQL နဲ့ Network Security အခြေခံတွေကို ကောင်းကောင်း သင်ကြားပေးပါတယ်။]

https://course.fast.ai/ [Coding အခြေခံရှိပြီးသူတွေအတွက် လက်တွေ့အကျဆုံး Deep Learning သင်တန်းပါ။ ရှုပ်ထွေးတဲ့ သီအိုရီတွေထက် လက်တွေ့ရေးသားပုံကို ဦးစားပေးသင်ပေးလို့ စလေ့လာသူတွေနဲ့ အဆင်ပြေပါတယ်။]

https://learn.microsoft.com/en-us/training/paths/ai-security-fundamentals/ [Microsoft က အခမဲ့ပေးထားတဲ့ "Fundamentals of AI Security" လမ်းညွှန်ပါ။ AI စနစ်တွေရဲ့ လုံခြုံရေးအခြေခံ သဘောတရားတွေကို စနစ်တကျ ရှင်းပြထားပါတယ်။]

https://scikit-learn.org/stable/tutorial/index.html [Machine Learning အတွက် နာမည်ကြီး Library ဖြစ်တဲ့ Scikit-learn ရဲ့ တရားဝင် Tutorial ပါ။ Data တွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာ လက်တွေ့စမ်းသပ်ဖို့ အကောင်းဆုံးပါပဲ။]

https://www.netacad.com/courses/networking/networking-essentials [Cisco Networking Academy ရဲ့ အခမဲ့သင်တန်းပါ။ Hacker တွေ ဘယ်လိုဝင်လာလဲ သိဖို့အတွက် အင်တာနက် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်ဆုံး နားလည်ထားဖို့ လိုပါတယ်။]

🎯 Intermediate Concepts
အခြေခံရပြီဆိုရင်တော့ AI နည်းပညာကို လုံခြုံရေးမှာ ဘယ်လိုသုံးမလဲဆိုတာ စလေ့လာရပါမယ်။ ဥပမာ- အီးမေးလ်အတု (Phishing) တွေကို AI နဲ့ စစ်တာမျိုး၊ Malware တွေကို ခွဲခြားတာမျိုးတွေ ဖြစ်ပါတယ်။

https://www.kaggle.com/datasets?tags=17181-Cyber+Security [Kaggle ဆိုတာ Data Science သမားတွေရဲ့ ရွှေတွင်းကြီးပါ။ ဒီ Link မှာ Cybersecurity နဲ့ဆိုင်တဲ့ Data တွေ (ဥပမာ - Password အဟောင်းတွေ၊ Malware data တွေ) ကို အခမဲ့ယူပြီး ကိုယ်ပိုင် AI model တွေ စမ်းရေးကြည့်နိုင်ပါတယ်။]

https://learn.snyk.io/learning-paths/owasp-top-10-llm/ [OWASP ဆိုတာ Web Security မှာ ဆရာကြီးပါ။ အခုခေတ်မှာ ChatGPT လို LLM တွေကို တိုက်ခိုက်မယ့် နည်းလမ်း (၁၀) မျိုးကို ဒီမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။]

https://malware-data-science.com/ [Malware တွေကို Data Science နည်းပညာသုံးပြီး ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာကို ရေးသားထားတဲ့ စာအုပ်ရဲ့ Blog ပါ။ အခန်းတချို့နဲ့ Code တွေကို အခမဲ့ လေ့လာခွင့်ရနိုင်ပါတယ်။]

https://opensecuritytraining.info/IntroToDefensiveProgramming.html [ကာကွယ်ရေးဘက်ကနေ စဉ်းစားပြီး Code ဘယ်လိုရေးရမလဲဆိုတာ သင်ပေးတာပါ။ လုံခြုံတဲ့ AI system တွေ တည်ဆောက်ဖို့အတွက် အထောက်အကူ အရမ်းဖြစ်ပါတယ်။]

https://google-gruyere.appspot.com/ [Google က ဖန်တီးထားတဲ့ "Cheesy" web application ပါ။ Web Security အားနည်းချက်တွေကို လက်တွေ့တိုက်ခိုက်ကြည့်ဖို့ ဖန်တီးထားတာဖြစ်ပြီး AI tools တွေနဲ့ စမ်းသပ်ဖို့ ကောင်းပါတယ်။]

🎯 Expert-Level Concepts
ဒီအဆင့်ကတော့ ဆရာကျတဲ့အဆင့်ပါ။ AI ကိုယ်တိုင် ပြန်အတိုက်ခိုက်ခံရတာ (Adversarial Attacks) ကို ကာကွယ်ခြင်းနဲ့ AI သုံးပြီး အဆင့်မြင့်တိုက်ခိုက်မှုတွေကို ထောက်လှမ်းခြင်းတွေ ပါဝင်ပါတယ်။

https://atlas.mitre.org/ [MITRE ATLAS ဆိုတာ AI စနစ်တွေကို တိုက်ခိုက်မယ့် နည်းလမ်းပေါင်းစုံကို စုစည်းထားတဲ့ Knowledge Base ကြီးပါ။ Cybersecurity သမားတိုင်း ကြည့်ကိုကြည့်ရမယ့် နေရာပါ။]

https://arxiv.org/list/cs.CR/recent [နောက်ဆုံးပေါ် သုတေသနစာတမ်းတွေ တင်တဲ့နေရာပါ။ "Adversarial Machine Learning" လို့ ရှာဖွေပြီး ကမ္ဘာ့အဆင့် ပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို ဖတ်ရှုနိုင်ပါတယ်။]

https://github.com/Trusted-AI/adversarial-robustness-toolbox [IBM က ဖန်တီးထားတဲ့ Open-source tool ပါ။ ကိုယ့်ရဲ့ AI model တွေကို Hacker တွေ တိုက်ခိုက်ရင် ခံနိုင်ရည်ရှိမရှိ စမ်းသပ်နိုင်တဲ့ (Red Teaming) ကိရိယာတွေ စုံလင်စွာပါရှိပါတယ်။]

https://openai.com/research/ [ChatGPT ဖန်တီးသူ OpenAI ရဲ့ သုတေသနစာမျက်နှာပါ။ AI Safety နဲ့ ပတ်သက်ပြီး သူတို့ ဘယ်လိုစဉ်းစားတယ်၊ ဘယ်လိုကာကွယ်ထားတယ်ဆိုတာတွေကို နက်နက်နဲနဲ လေ့လာနိုင်ပါတယ်။]

https://www.cleverhans.io/ [Adversarial AI နယ်ပယ်မှာ နာမည်ကြီးတဲ့ Library တစ်ခုဖြစ်တဲ့ CleverHans ရဲ့ Blog နဲ့ resource တွေပါ။ AI ကို ဘယ်လိုလှည့်စားလို့ရလဲ၊ ဘယ်လိုပြန်ကာကွယ်မလဲဆိုတာ သင်ခန်းစာတွေ ရှိပါတယ်။]

🎯 Industry & Community Resources
နည်းပညာက နေ့တိုင်းပြောင်းနေတာမို့ ကိုယ်တစ်ယောက်တည်း လေ့လာလို့မရပါဘူး။ အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ပြီး သတင်းနားစွင့်နေဖို့ လိုပါတယ်။

https://thehackernews.com/ [Cybersecurity လောကရဲ့ နေ့စဉ်သတင်းစာပါ။ AI နဲ့ပတ်သက်တဲ့ တိုက်ခိုက်မှုအသစ်တွေ၊ ကာကွယ်ရေးနည်းလမ်းသစ်တွေကို မျက်ခြေမပြတ် ဖတ်ရှုသင့်ပါတယ်။]

https://www.reddit.com/r/netsec/ [ကမ္ဘာအရပ်ရပ်က လုံခြုံရေးပညာရှင်တွေ ဆွေးနွေးကြတဲ့ နေရာပါ။ နည်းပညာအသစ်တွေ၊ ပြဿနာအသစ်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ပါတယ်။]

https://www.youtube.com/ [ကမ္ဘာကျော် Black Hat ညီလာခံက ဟောပြောပွဲ ဗီဒီယိုတွေပါ။ AI Security နဲ့ပတ်သက်တဲ့ ခေါင်းစဉ်တွေကို ရှာဖွေပြီး ကမ္ဘာ့ထိပ်တန်း ဟက်ကာတွေရဲ့ တင်ပြချက်တွေကို နားထောင်နိုင်ပါတယ်။]

https://www.darkreading.com/ [Cybersecurity သတင်းနဲ့ သုံးသပ်ချက်တွေ စုံလင်တဲ့ ဝဘ်ဆိုက်ပါ။ လုပ်ငန်းခွင်မှာ AI ကို လုံခြုံအောင် ဘယ်လိုသုံးမလဲဆိုတဲ့ ဆောင်းပါးကောင်းတွေ အများကြီးရှိပါတယ်။]

https://www.schneier.com/ [ကျော်ကြားတဲ့ လုံခြုံရေးပညာရှင် Bruce Schneier ရဲ့ Blog ပါ။ AI နဲ့ Security ဆက်စပ်မှုအပေါ် သူရဲ့ သုံးသပ်ချက်တွေက အရမ်းကို ဗဟုသုတရစေပါတယ်။]

ဒီလမ်းပြမြေပုံက သင့်အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ AI Cybersecurity ဆိုတာ ခက်ခဲပေမဲ့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ နယ်ပယ်တစ်ခုပါ။ အခုပဲ Link တစ်ခုခုကို နှိပ်ပြီး စတင်လေ့လာလိုက်ပါ။ အားလုံးပဲ တိုးတက်အောင်မြင်ကြပါစေ ခင်ဗျာ။

02/11/2025

ကွန်ပျူတာ နည်းပညာနယ်ပယ်မှာ စနစ်ချွတ်ယွင်းမှု ဒါမှမဟုတ် အမှားအယွင်းတွေကို "Bug" လို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းကတော့ သမိုင်းဝင် အဖြစ်အပျက်တစ်ခုကနေ ဆင်းသက်လာတာပါ

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီးနဲ့ ကွန်ပျူတာရှေ့ဆောင်တစ်ဦးဖြစ်တဲ့ Grace Hopper ဦးဆောင်တဲ့ အဖွဲ့ဟာ

ဟားဗတ်တက္ကသိုလ်က Mark II လို့ခေါ်တဲ့ အစောဆုံး ကွန်ပျူတာကြီးတွေထဲက တစ်ခု ချွတ်ယွင်းနေတာကို တွေ့ရှိခဲ့ကြပါတယ်

သူတို့စက်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ စက်ထဲက လျှပ်စစ်သံလိုက်ခလုတ် (Relay) တစ်ခုကြားမှာ ပိုးဖလံ (moth) တစ်ကောင် ညပ်နေပြီး၊ အဲဒီပိုးကောင်လေးက စက်ပစ္စည်းကို ပိတ်ဆို့ကာ ကွန်ပျူတာ အလုပ်လုပ်တာကို ရပ်တန့်စေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်

ပိုးဖလံလေးကို ဖယ်ရှားလိုက်ပြီးနောက် ကွန်ပျူတာဟာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့ပါတယ်

ထိုအဖွဲ့သားတွေဟာ အဆိုပါ ပိုးကောင်လေးကို ကွန်ပျူတာ မှတ်တမ်းစာအုပ် (Logbook) ထဲမှာ ကပ်ပြီး "First actual case of bug being found" လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်

အမှန်တကယ်တော့ နည်းပညာဆိုင်ရာ ပြဿနာတွေအတွက် "bug" ဆိုတဲ့ ဝေါဟာရကို Thomas Edison ကတည်းက အသုံးပြုခဲ့ဖူးပေမယ့

ဒီပိုးဖလံလေးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်က ကွန်ပျူတာလောကမှာ "bug" နဲ့ "debugging" (အမှားရှာဖွေပြင်ဆင်ခြင်း) ဆိုတဲ့ ဝေါဟာရတွေ အခိုင်အမာ တွင်ကျယ်လာဖို့ အဓိက တွန်းအားပေးခဲ့ပါတယ်

ဒါ့ကြောင့် နောက်ပိုင်းမှာ ကွန်ပျူတာ စနစ်အတွင်းက ချွတ်ယွင်းချက်မှန်သမျှကို "bug" လို့ အများအားဖြင့် ခေါ်ဝေါ်သုံးစွဲလာကြတာပဲ ဖြစ်ပါတယ်

Window 10 အသုံးပြုသူများအတွက်
15/10/2025

Window 10 အသုံးပြုသူများအတွက်

Windows 10 ရဲ့ တရားဝင်အထောက်အပံ့တွေကို အခမဲ့ဘယ်လိုဆက်လက်ရယူနိုင်မလဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Microsoft Windows 10 ရဲ့ တရားဝင် အထောက်အပံ့ပေးတဲ့သက်တမ်းက ဒီနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကုန်ဆုံးသွားပါပြီ။ ဆိုလိုတာက ဒီနေ့နောက်ပိုင်းမှာ သင့်ကွန်ပျူတာအတွက် အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ update တွေ ရတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့် PC က Windows 11 နဲ့ ကိုက်ညီမှုမရှိလို့ဖြစ်ဖြစ်၊ သင်ကိုယ်တိုင်က upgrade မလုပ်ချင်သေးလို့ဖြစ်ဖြစ် စိတ်မပူပါနဲ့။ Extended Security Updates (ESU) program နဲ့ နောက်တစ်နှစ်စာအတွက် လုံခြုံရေး update တွေကို အခမဲ့နီးပါး ရယူနိုင်မယ့် နည်းလမ်းတွေ ရှိပါသေးတယ်။

အခမဲ့ Security Update တွေကို ဘယ်လိုရယူမလဲ
ESU program က သင့်ကို အရေးကြီးတဲ့ လုံခြုံရေး update တွေပဲ ပေးမှာဖြစ်ပြီး feature အသစ်တွေ၊ bug ပြင်ဆင်ချက်တွေ ဒါမှမဟုတ် နည်းပညာအကူအညီတွေတော့ ပါမှာမဟုတ်ပါဘူး။ Windows 10 (22H2) version ကို သုံးနေတဲ့သူတိုင်း ဒီ program ကို စာရင်းပေးသွင်းနိုင်ပါတယ်။

ဒီနေ့နောက်ပိုင်းမှာလည်း စာရင်းသွင်းလို့ရပေမယ့်၊ စာရင်းမသွင်းခင် ကြားကာလမှာတော့ သင့်ကွန်ပျူတာက လုံခြုံမှုမရှိတဲ့ အခြေအနေမှာ ရှိနေမှာဖြစ်လို့ အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ စာရင်းပေးသွင်းဖို့အတွက် သင့် PC ရဲ့ Settings ထဲ ဒါမှမဟုတ် Notifications တွေမှာ enrollment wizard ပေါ်လာပါလိမ့်မယ်။

ESU program ကို ရယူဖို့ အောက်ပါနည်းလမ်း (၃) ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်...

* Microsoft Rewards ပိုင့်နဲ့ လဲလိုက်ပါ (ဒါက အခမဲ့ဖြစ်ပါတယ်)
သင့်ရဲ့ Microsoft Rewards ပိုင့် 1,000 ကိုသုံးပြီး တစ်နှစ်စာ ESU ကို လဲလှယ်နိုင်ပါတယ်။ Bing app ကို ဒေါင်းလုဒ်လုပ်ရုံနဲ့ ပိုင့် 500 ရနိုင်သလို၊ Microsoft ဝန်ဆောင်မှုတွေကို သုံးရင်းနဲ့လည်း ပိုင့်တွေ စုဆောင်းနိုင်ပါတယ်။

* Windows Backup ကို OneDrive နဲ့ Sync လုပ်လိုက်ပါ
သင့်ရဲ့ Windows Backup ကို Microsoft OneDrive နဲ့ sync လုပ်လိုက်ရုံနဲ့လည်း ESU ကို အခမဲ့ ရယူနိုင်ပါတယ်။ ဒါပေမဲ့ သတိပြုစရာက OneDrive က အခမဲ့ 5GB သာပေးတာကြောင့် သင့် backup ဖိုင်အရွယ်အစားက ပိုကြီးနေရင်တော့ OneDrive storage အပိုထပ်ဝယ်ရနိုင်ပါတယ်။

* အပေါ်က နည်းလမ်းနှစ်ခုကို အသုံးမပြုချင်ဘူးဆိုရင်တော့ မူလအစီအစဉ်အတိုင်း ဒေါ်လာ ၃၀ ပေးပြီး တစ်နှစ်စာ လုံခြုံရေး update တွေကို ဝယ်ယူနိုင်ပါတယ်။

Windows 11 ကိုပဲ အသုံးပြုသင့်နေပြီလား ဒါမှမဟုတ် Windows 10 ကိုပဲ ဆက်သုံးသင့်လား

Windows 11 မှာ တင်းကျပ်တဲ့ hardware လိုအပ်ချက်တွေရှိတာကြောင့် PC အဟောင်းတချို့က upgrade လုပ်လို့မရပါဘူး။ (Microsoft က တရားဝင်အသိအမှတ်မပြုတဲ့ workaround နည်းလမ်းတွေတော့ ရှိပါတယ်)။

ဘယ်လိုပဲဖြစ်ဖြစ် Windows 10 သုံးတဲ့သူတွေအတွက် သတင်းကောင်းကတော့ Microsoft 365 (Office apps) ကိုတော့ နောက်ထပ် သုံးနှစ်အထိ လုံခြုံရေး update တွေနဲ့ ဆက်သုံးနိုင်ဦးမှာပါ။ ဒါပေမဲ့ ဒီကာလအတွင်းမှာလည်း feature အသစ်တွေ၊ bug ပြင်ဆင်ချက်တွေတော့ ရမှာမဟုတ်ပါဘူး။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: PCMag





Website
https://www.enthuetech.com/2025/10/how-to-extend-windows-10-security-updates.html

Join our Telegram channel now!
https://t.me/EnThueTech

Website ကောင်းတစ်ခုဖြစ်ဖို့ရှိထားရမယ့် Design Technique (6) ခု      Website တစ်ခုကိုဝင်ကြည့်လိုက်ရင် user တွေရဲ့ first i...
29/02/2024

Website ကောင်းတစ်ခုဖြစ်ဖို့ရှိထားရမယ့် Design Technique (6) ခု

Website တစ်ခုကိုဝင်ကြည့်လိုက်ရင် user တွေရဲ့ first impression တွေက design တွေပေါ်မှာတော်တော်မူတည်ပါတယ်၊ ဒီ website ကသေသေချာချာလုပ်ထားလား မလုပ်ထားဖူးလားဆိုတာကို design ကြည့်ရုံနဲ့တင်ပြောလို့ရပါတယ်။ အဲ့တာကြောင့်မို့ ကိုယ့်website မှာ အခုပြောမယ့် design techniqueတွေကတော့ရှိကိုရှိသင့်ပါတယ်။

Colors schemes

Website တိုင်းမှာ အရောင်မျိုးစုံသုံးကြပါတယ်၊ ဒါပေမယ့်ဘယ်အရောင်ကိုသုံးမလဲဆိုတာကတော်တော်အရေးကြီးပါတယ်။ သုံးလိုက်တယ့် အရောင်ကလည်း လိုက်ဖက်ညီဖို့လိုပါသေးတယ်။ အဲ့တာကြောင့် ပုံမှန်ဆိုကျွန်တော်တို့ design ဆွဲတဲ့အခါ အဓိကသုံးမယ့် အရောင်ကိုအရင်ရှာထားရပါတယ်၊ ပြီးတော့မှအဲ့အရောင်နဲ့လိုက်မယ့်တခြားအရောင်တွေကိုရှာပြီးသုံးရပါတယ်။ ပုံမှန်ဆိုရင်တော့ website တစ်ခုမှာ အဓိကအရောင် ၂ခုကနေ၄ခု ထိသုံးပြီးသူတို့တွေတစ်ခုချင်းဆီကို opacity လျှော့ပြီး website တစ်ခုလုံးကိုမျှသုံးပါတယ်။ ၂၀၂၁ မှာဆို gradient အရောင်တောက်တောက်တွေနဲ့ အဖြူရောင်နဲ့ပေါင်းထားတဲ့ website တွေ ပိုပြီး trend ဖြစ်လာပါတယ်၊ ကိုယ့် project အတွက်ဘာအရောင်သုံးရမလဲမသိဘူးဖြစ်နေရင် ဒီ link တွေကို
ဝင်ပြီး(https://99designs.com/blog/creative-inspiration/color-combinations/, https://coolors.co/424b54-e1ce7a-ebcfb2-c5baaf-ffffff) color combination တွေကို ကြည့်တာဖြစ်ဖြစ် ကိုယ့်အဓိကအရောင်နဲ့လိုက်ဖက်မယ့် တခြားအရောင်တွေကို generate လုပ်တာပဲဖြစ်ဖြစ်သုံးလို့ရပါတယ်

Contrast

Contrast ဆိုတာကတော့အချိုးညီတာကိုပြောတာပါ၊ website တစ်ခုမှာ contrast ကောင်းဖို့ကလည်းအရေးကြီးပါတယ်။ contrast ကိုပြောတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်၊ contrast of size ဆိုရင် website မှာသုံးထားတဲ့ခေါင်းစဥ်ရဲ့ font size နဲ့ paragraph ရဲ့ font size ကအတူတူလောက်ပဲဖြစ်နေတာမျိုး၊ ပုံတွေရဲ့ size တွေက အရမ်းကြီး / အရမ်းသေးနေတာမျိုး၊ contrast of color ဆိုရင် သုံးထားတဲ့ အရောင်တွေက ကိုက်ညီမှုမရှိတာမျိုး၊ အပြာရင့်ရင့်ပေါ်မှာ အနီရောင်တောက်တောက်စာတွေရေးထားတာမျိုး၊ contrast of shape ဆိုရင် rectangle တွေ circle တွေကိုတစ်နေရာထဲမှာစုပြုံပြီးသုံးထားတာမျိုးတွေက contrast ပိုင်းကိုအားနည်းစေပါတယ်။ contrast မကောင်းရင် user တွေကြည့်ရတာစိတ်ရှုပ်စေတာမို့လို့ impression တွေလည်းကျပါတယ်။

Font

နောက်တစ်ခုကတော့ သုံးမယ့် font ပါ။ များသောအားဖြင့်ကတော့ website တစ်ခုမှာ font တစ်ခုတည်းမသုံးကြပါဘူး၊ အနည်းဆုံးနှစ်ခုလောက်တော့တွဲသုံးကြပါတယ်။ title အတွက် font တစ်ခု၊ paragraph တွေအတွက်တစ်ခု၊ button တွေအတွက်တစ်ခု font တစ်ခု တွေလိုမျိုးသုံးပါတယ်။ font တွေကလည်း color တွေလိုပါပဲ တစ်ခုနဲ့တစ်ခုလိုက်ဖက်ညီဖို့လိုပါတယ်။ ဘာ font တွေကတွဲသုံးဖို့အဆင်ပြေလဲဆိုတာသိချင်ရင်တော့ဒီ link တွေမှာ (https://inkbotdesign.com/font-combinations/, https://www.mixfont.com/Overlock-SC+Poppins) ကြည့်လို့ရပါတယ်။ အကယ်၍project အတွက် font တွေကိုခေါင်းစားပြီးရှာဖို့မစဥ်းစားချင်ဘူးဆိုရင်တော့ Roboto, Inter, Work Sans, Open Sans စတဲ့ font တွေက website တွေတော်တော်များများမှာသုံးဖို့အဆင်ပြေပါတယ်။

Images

သုံးမယ့်ပုံတွေကလည်း website အတွက်အရေးပါတယ့်နေရာမှာပါဝင်ပါတယ်။ website တစ်ခုကိုဝင်လိုက်တဲ့အခါမှာ resolution ကောင်းကောင်းနဲ့ product နဲ့လိုက်ဖက်တဲ့ပုံကိုမြင်လိုက်ရရင် တော်တော်လေးအထင်ကြီးစရာကောင်းပါတယ်။ ပုံရွေးတဲ့အခါမှာလည်း google မှာ သွားရှာတာထက် (https://unsplash.com/) တို့လို natural background တွေပဲဖြစ်ဖြစ် (https://undraw.co/) တို့လို vector illustration တွေပဲဖြစ်ဖြစ်တွေမှာသွားရှာပြီးယူတာကပိုပြီးအဆင်ပြေစေမှာပါ။ တစ်ခုရှိတာက ပုံတွေတိုင်းကို high resolution တွေနဲ့ down ပြီးသုံးမယ်ဆိုရင်တော့ကြာလာရင် ပုံတွေရဲ့ size တွေကြောင့်ကိုယ့်ရဲ့ website performance ကနှေးလာမှာပါ။ အဲ့တာကြောင့်မို့လို့ high resolution ပုံတွေresolution မပျက်ပဲ size သေးအောင် ဒီ (https://squoosh.app/) မှာ compress အရင်လုပ်ပြီး လုပ်ပြီးသုံးတာပိုအဆင်ပြေပါတယ်

Animations

Animation ဆိုတဲ့နေရာမှာ website တိုင်းကိုanimation ထည့်ရမယ်လို့မဆိုလိုပါဘူး။ animation ကောင်းကောင်းတွေသုံးထားတဲ့ website တွေရှိသလို Animation တွေအများကြီး မသုံးပဲနဲ့တော်တော်ကောင်းတဲ့ website တွေအများကြီးရှိပါတယ်။ဒါပေမယ့် သေးသေးမွှားမွှား animation လေးတွေ (button ပေါ် cursor တင်လိုက်ရင်အရောင်ပြောင်းသွားတာမျိုး၊ နေရာရွေ့သွားတာမျိုး၊ menu bar နှိပ်လိုက်ရင် ဘေးကနေထွက်လာတာမျိုး) တွေကတော့ရှိထားသင့်ပါတယ်။ အဲ့တာမှ user တွေကို မပျင်းစေပဲ animation တွေနဲ့ website မှာကြာကြာနေနိုင်ဖို့ဆွဲဆောင်ထားနိုင်မှာပါ။ ရိုးရိုး animation တွေမဟုတ်ပဲ svg animation ၊ 3d animation တွေသုံးချင်တယိဆိုရင် GSAP နဲ့ anime.js ကတော့သုံးလို့အဆင်ပြေဆုံး javascript animation library တွေဖြစ်ပါလိမ့်မယ်။

Creativity

နောက်ဆုံးကတော့ creative ဖြစ်ဖို့ပါပဲ၊ design idea တွေကို out of the box ကနေတွေးပြီး ပုံမှန်တွေးနေကြ သုံးနေကြ design တွေကနေခွဲထွက်ပီး design တစ်ခုလုပ်ဖို့ပါ။ စစချင်းတော့ ကိုယ်ကိုယ်တိုင် design အသစ်တွေတွေးနိုင်အုန်းမှာမဟုတ်ပါဘူး။ အဲ့တာကြောင့်မို့လို့ သူများတွေရဲ့ design idea တွေ trending ဖြစ်နေတဲ့ design တွေကို ဒီလို website တွေကနေ (https://dribbble.com/shots/popular/web-design, https://land-book.com/) အရင်ဆုံးလေ့လာသင့်ပါတယ်။ သူတို့ဘယ်လိုတွေ design ဆွဲထားလဲဆိုတာကို အသေးစိတ်ကြည့်ပြီးတော့မှ အဲ့လိုပြန် design ဆွဲတာဖြစ်ဖြစ်လုပ်ပြီး တဖြည်းဖြည်း design ဆွဲရင်းဆွဲရင်းနဲ့ idea အသစ်အဆန်းတွေ အကြံညဏ်အသစ်တွေကိုရလာမှာပါ။
credit

မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းကွန်ပျူတာ နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Micro...
17/03/2023

မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲတွေမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်း

ကွန်ပျူတာ နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft)ဟာ ပြိုင်ဖက် ဂူဂဲလ် Google ရဲ့ ပြိုင်ဆိုင်မှု တိုးလာတာကို တန်ပြန်တဲ့အနေနဲ့ သူ့ရဲ့ လူသုံးများတဲ့ Office ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ပြီး AI လို့ အတိုကောက်ခေါ်တဲ့ Artificial Intelligence - ဉာဏ်ရည်တုနည်းပညာစနစ်ကို ထည့်သွင်းလိုက်ပါတယ်။

စာစီစာရိုက်လုပ်ပေးတဲ့ Microsoft Word ၊ စာရင်းဇယားတွေပြုစုတဲ့ Excel အစရှိတဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲတွေပါတဲ့ Microsoft 365 မှာ အသုံးပြုသူတွေကို ကူညီပေးမယ့် "copilot" လို့ခေါ်တဲ့ AI နည်းပညာ ဝန်ဆောင်မှု ပါဝင်လာတာပါ။

အဲဒီ လုပ်ငန်သုံး၊ ကျောင်းသုံး ဝန်ဆောင်မှု အပလီကေးရှင်းတွေကို သုံးရာမှာ AI က ပထမဆုံးမူကြမ်း အဆင့်ကို ဖန်တီးပေးနိုင်မှာဖြစ်လို့ အကြောင်းအရာတွေ ဖန်တီးရာမှာ ပိုပြီး အလုပ်တွင်ကျယ်လာမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့အလုပ်ချိန်ကို လျှော့ချပေးနိုင်မယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။

" ဒီ AI မျိုးဆက်သစ်က ကုန်ထုတ်စွမ်းအားတိုးတက်မှု လှိုင်းသစ်ကို ဖွင့်ပေးမယ်" လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် Satya Nadella က ပြောပါတယ်။

နောက်ထပ် နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ Google ကလည်း သူ့ရဲ့ အင်တာနက် ဝန်ဆောင်မှု၊ အွန်လိုင်း စာပို့ ဆက်သွယ်တဲ့ Gmail ဝန်ဆောင်မှုတွေမှာ AI နည်းပညာကို ထည့်သွင်းမယ့်လို့ အင်္ဂါနေ့ကပဲ ကြေညာထားပြီး သူ့ရဲ့ ကိုယ်ပိုင် စာစီစာရိုက် အပလီကေးရှင်းမှာ အလိုအလျောက် စာမူကြမ်း ရေးဖွဲ့ပေးတဲ့ ဝန်ဆောင်မှုလည်း ပါလာဖို့ ရှိတယ် ဆိုပါတယ်။

ဒီလို ဉာဏ်ရည်တု AI နည်းပညာ အသစ်တွေဟာ Microsoft ရဲ့ ပံ့ပိုးပေးမှုနဲ့ OpenAI ကုမ္ပဏီက ChatGPT လို့ ‌ခေါ်တဲ့ ဉာဏ်ရည်တု Chatbot ဝန်ဆောင်မှုတခုကို မနှစ်က စတင်ခဲ့ပြီးနောက်ပိုင်းမှာ AI က လူအများကြား ပျံ့နှံ့ခဲ့သလို ကုမ္ပဏီကြီးတွေကလည်း အပြိုင်အဆိုင် ဉာဏ်ရည်တု နည်းပညာတွေ သုံးလာကြတာပါ။

ChatGPT ဟာ ဘာသာစကားအမျိုးမျိုး နဲ့ လူအများကို အပြန်အလှန် ဆက်သွယ်ပြီး ညွှန်ကြားတဲ့အမိန့်တွေအတိုင်း အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ နည်းပညာက အလျင်အမြန်နဲ့ တိုးတက်နေပြီး အခု သီတင်းပတ်ထဲမှာပဲ စွမ်းဆောင်ရည် ပိုကောင်းတဲ့ GPT-4 ဗားရှင်းကို စတင်ဖြန့်ချိထားပါတယ်။
Credit-: VOA

SSD အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?======SSD အမျိုးအစားတွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားနိုင်ပါ...
28/01/2023

SSD အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?
======

SSD အမျိုးအစားတွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးခွဲခြားနိုင်ပါတယ်။ SATA ( Serial Advanced Technology Attachment ) နဲ့ PCIE ( Peripheral Component Interconnect Express ) form factor (၂)မျိုးဖြစ်ပါတယ်။

SATA SSD အုပ်စုထဲမှာတော့ 2.5”, mSATA နဲ့ U.2 တို့ပါဝင်ပါတယ်။ PCIE SSD အုပ်စုမှာတော့ M.2 နဲ့ M.2 NVMe တို့ပါဝင်ပါတယ်။ PCIE SSD တွေက SATA SSD တွေထက် speed နဲ့ performance ပိုမိုကောင်းမွန်ပါတယ်။ Gaming နဲ့ 3D performance ပိုင်းကို အသုံးပြုမယ့် သူတွေအတွက်ကတော့ PCIE SSD တွေကို ရွေးချယ်သင့်ပါတယ်။ အကယ်၍ office use နဲ့ အိမ်မှာ ပေါ့ပေါ့ပါးပါး အသုံးပြုဖို့အတွက်ဆိုရင်တော့ SATA SSD တွေက ရွေးချယ်ဖို့အတွက် လုံလောက်ပါတယ်။

Credit: Verbatim

☃️ ပွင့်လင်းရာသီဖြစ်တဲ့ December လထဲမှာ BETACOM Training Center ၏  11th Batch ကွန်ပျူတာသင်တန်းများအား  ပြန်လည်စတင် ဖွင့်...
06/12/2022

☃️ ပွင့်လင်းရာသီဖြစ်တဲ့ December လထဲမှာ BETACOM Training Center ၏ 11th Batch ကွန်ပျူတာသင်တန်းများအား ပြန်လည်စတင် ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် သင်တန်းအပ်နှံလိုသူများအား စတင်လက်ခံပေးနေပါပြီနော်။

💻 BETACOM Computer Center ရဲ့တန်းခွဲတိုင်းမှာ လူဦးရေ အနည်းငယ်ဖြင့် ထိရောက်သေချာစွာ သင်ကြားပေးသွားမှာဖြစ်တာကြောင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် နောက်ကျမကျန်ခဲ့စေရန် ကြိုတင်လာရောက်ပြီး Registration Forms များဖြည့်ကာ အပ်နှံနိုင်ပါပြီ။

📨 ကိုယ်တိုင် လာရောက်အပ်နှံရန် အခက်အခဲရှိပါက သင်တန်းသား/သူ၏ အမည်အပြည့်အစုံ (မြန်မာ/ English) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို IT-Tool page Messenger နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ SMS ဖြင့်ပေးပို့ထားနိုင်ပါသည်။

📊 သင်တန်းအချိန်ဇယား
*********************
Weekly
📆တန်းခွဲ (A) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး

📆တန်းခွဲ (B) ကြာသပတေး၊ သောကြာ၊ စနေ

💥 ရုံးသမားများအတွက် 💥 စနေ၊ တနင်္ဂနွေ တန်းခွဲ များလည်းရှိပါသေးတယ်။

📬 လိပ်စာ
************
, နွေးနဒီမိတ္တူ၊ တိုင်ကျိုးရွာ အလယ်ပိုင်း၊ ဗိုလ်ချုပ်လမ်းမကြီး၊ တပင်တိုင်ဘုန်း‌တော်ကြီးကျောင်းအနီး၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်။

📱 09-263637776, 09-441382419

Address

Bogyoke Road, Tai Gyo, Gwa Tsp, Rakhine State
Yangon
07183

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 13:00

Telephone

959263637776

Alerts

Be the first to know and let us send you an email when IT-Tool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IT-Tool:

Share