Sunday Journal

Sunday Journal Sunday is ready to make your heart happy and fulfil what you want to know

20/08/2026

#ဆဒ္ဒန်ဆင်မင်း ရဲ့ မူလပိုင်ရှင်ကပုဏ္ဏားပြန်ကျော်အေးပါ..။ ဘယ်သူပဲဖြစ်ဖြစ် သဘင်အနှစ်သာရကိုဖော်ထုတ်ကြသူချင်း အငြင်းပွားမနေကြဘူး၊ ဂုဏ်ယူစရာအဖြစ်ဖော်ထုတ်သင့်ပါတယ်..ဆိုတဲ့ .. ဦးဝင်းမြင့်..။

#"ရုပ်သေးမင်းသမီး ပုဏ္ဏားပြန်ကျော်အေး ရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထုပ်ကို ဒီဓါတ်ပြားနဲ့ စစ်ကြိုခေတ် 1931-32 မှာ ပထမဆုံးသွင်းတဲ့တာပါ။ အသက် ၂၇ နှစ်လောက်မှာ သွင်းခဲ့တာလေ၊ ။ ဒီ ဇာတ်လမ်းကတော့ စလေဦးပုည ရေးခဲ့တဲ့ ဘုရား နိပါတ်တော်ပေါ့ ..။ နောက် 1961 မှာ စစ်ပြီးခေတ်မှာ ရွှေဘိုတင်မောင် က ရွှေဘိုမြနဲ့ အတူသွင်းခဲ့တယ်၊ ရုပ်သေးမင်းသမီးတွေ၊ မင်းသားတွေ က ..ဒီလို ဓါတ်ပြားတွေကို ယောက်ျားလေးသံ မိန်းကလေးသံ နှစ်သံနဲ့သွင်းလေ့ရှိခဲ့တာပါ..။
အားလုံးက ဆိုငိုပြော တွေနဲ့ သဘင် အနှစ်သာကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ကြသူတွေမို့ .. ဘယ်သူကစောတယ်၊ နောက်ကျတယ်မဟုတ်ဘဲ ..လေ့လာစရာ ဂုဏ်ယူစရာ အနေနဲ့ ဖော်ထုတ်သင့်တယ်ဆိုတာ ပြောချင်ပါတယ်.. ။ ကျွန်တော်က ဓါတ်ပြားတွေ စုဆောင်းရတာ အရမ်းဝါသနာပါတယ်လေ.. ကျွန်တော့်ဆီမှာ ရှေးဟောင်းဓါတ်ပြားတွေ အများကြီးရှိပါတယ်..">>ဆိုတဲ့ . ဓါတ်ပြားစုဆောင်းသူ ဦးဝင်းမြင့် ..

20/08/2026

#ရေဘေးသွားတုန်းက ထော်လာဂျီ စီးပြီးသွားရတာလေ စီးလို့မကောင်းဘူး..
# #ထော်လာဂျီမောင်းတဲ့ကာရိုက်တာမို့ ထော်လာဂျီမောင်းသင်ရဦးမှာ အခြားကားတွေထက် နည်းနည်းကြမ်းမယ်ထင်တယ် ရေဘေးသွားတုန်းက ထော်လာဂျီ စီးပြီးသွားရတာလေ စီးလို့မကောင်းဘူး.. ရေဘေးလှူတဲ့အချိန် အိမ်တွေပျက်စီးတာတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်..ဆိုတဲ့ ဝေဖြိုး.
#ရေသယာဇာတ်လမ်းတွဲကန်တော့ပေးပွဲ

20/08/2026

#ကျွန်တော်တို့ ဇနီးမောင်နှံက သူငယ်ချင်းတွေလိုပဲနေကြတာလေ။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မွေးနေ့လက်ဆောင်ပေးတာတွေ ဗယ်လင်တိုင်းနေ့ဆိုပြီး Surprise တိုက်တာတွေမရှိဘူး။ ဒါတွေက အပို ပိုက်ဆံကုန်တဲ့အလုပ်တွေလို့ နှစ်ယောက်လုံးက သတ်မှတ်ထားတာလေ။ နိုင်ငခြားက အပြန်သူ့အတွက်ဆိုပြီး ဝယ်လာတာတော့ရှိတယ်။ သူမသိအောင်ဆိုပြီး လုပ်လို့လည်းမရဘူး ကျွန်‌တော်က ပါးစပ်မလုံဘူးလေ'' ဆိုတဲ့ >> ဖြိုးငွေစိုး

20/08/2026

#” တေးချစ်သူက အန်ကယ့်ထက် အများကြီးငယ်တာပါ၊ အန်တီလို့ ခေါ်လို့ မဖြစ်ဘူးလေ..။ မမလို့ပဲ ခေါ်ကြပါ..။ အန်ကယ်က ‌Tay မလိုဖြစ်ခဲ့တဲ့ ပန်ခရိယ က-င်ဆာ ၂ ကြိမ်တောင်ခံစားခဲ့ရတော့ အသ-က် ကယ်ပေးခဲ့တဲ့ မေ့ဆေးအထူးကုဆရာဝန်မကြီးတေးချစ်သူက က ရွှေရုပ် ကလေး ထက်တောင် တန်ဖိုး ရှိပါသေးတယ် >>'' ဆိုတဲ့ >> မြန်မာပြည်သိန်းတန်

#သူက ပန့်ကရိယဖြစ်တော့ ၃ နှစ်လောက်ဂရုစိုက်ကုသခဲ့ရတာလေ။ ဒီရောဂါကလည်း စတိဂျော့တို့ Ghost မင်းသားကြီးပတ်ထရစ်ဆွေဇီတို့ဖြစ်ခဲ့ကြတာလေ။ ဝှီးချဲကြီးပေါ်မှာ အကြိတ်အနယ်ဖြစ်နေတာကိုး။ သူ့ကိုမြင်ပြီးဒီရောဂါကိုကုနိုင်တဲ့ဆေးရုံနဲ့ ဆရာဝန်ကို ရှာပြီး ကုလို့ရအောင်လုပ်ခဲ့ရတာပေ့ါ'' >> တေးချစ်သူ

20/08/2026

# #"မပိုင်ဆိုင်ခဲ့တဲ့မင်းကိုလေ.. ငိုယိုကာ ဆွဲမထားမိတော့ဘူး..လို့ ၊ အရင်တုန်းကတော့ ရှင်ကွဲမှာက ငိုယိုတာ ဆွဲထားမိခဲ့တာလေ..။ တရားတွေလည်း ညတိုင်းနာတော့ ငိုယိုကာမဆွဲတော့ဘူးပေါ့ ။ မေတ္တာတရား နဲ့တော့ ယှဉ်ပြီး ငါ့ထက်သာတဲ့ သူဆီသွားဆိုပြီး ရေးခဲ့တာပါ..။ နားထောင်တဲ့လူတွေကို အသည်းကွဲစေချင်လို့မဟုတ်ပါဘူး..။ လက်လွှတ်တတ်အောင် တရားသဘောလေးကို ပေးခဲ့တာပါ..။ မင်းမရှိလည်းကမ္ဘာကြီးက လည်နေမှာပဲမို့ ကိုယ့်ကိုယ့်ကိုယ် အေးချမ်းအောင်ပဲ ကြိုးစားပါ လို့.">>.ဆိုတဲ့ သိပ္ပံထွန်း..။

#သိပ္ပံထွန်း #ဤသို့ပြုရ

19/08/2026

#မိုက်ချက်ကတော့ကမ်းကုန်ပဲကိုပြန်ရိုက်တာမဟုတ်ပါဘူး။ ဖရိန်လည်းမတူပါဘူး ညီအစ်ကို ၄ ယောက်ဖြစ်နေတာပဲတူသွားတာပါ။ ဇာတ်လမ်းထဲမှာ ကိုယ်က ဒုတိယသားပေ့ါ။ အဝတ်အစားဆိုရင်သပ်သပ်ရပ်ရပ်ဝတ်တဲ့ ပဲနည်းနည်းများတဲ့သူပေ့ါ။ ဇာတ်လမ်းလေးကတော့ မြန်မာ့ရိုးရာပုံစံလေးတွေဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားတတ်စေဖို့အကြောင်းလေးတွေပေ့ါ။ ညီအစ်ကို ၄ ယောက်ကဆိုးပေမဲ့ စိတ်ထားကောင်းတဲ့သူတွေပေ့ါ'' >> ကျော်ဆု

19/08/2026

# #"မအမ်းရင် အဘွားကြီးတွေ အနားကို ဘယ်သူက ကပ်မှာလဲ ။ အချစ်ကတော့ အသက်အရွယ်နဲ့ မဆိုင်ပါဘူး၊ ဒါကြောင့် အဖိုးကြီးတွေက ကောင်မလေးငယ်ငယ်လေးတွေကို ယူကြတာလေ.. ">>. ဆိုတဲ့ မြတ်ကေသီအောင်..။
>>
#သုံးနားညီ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ အကယ်ဒမီ မြတ်ကေသီအောင် ကိုအခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်..။

19/08/2026

# #"ထက်ထက် က ပါးပါးအတိုင်း အကုန်လုံးတူတာလေ၊ ပါးပါးက ဗလွတ်ရွတ်တ အရမ်းပြောတတ်တာပါ။ ထက် ဒဂုံ-၁ကျောင်းတက်တုန်းကဆို၊ အဖေက ကျောင်းဆရာဝန်လေ၊ ရှိသမျှ ဆရာမတွေ အားလုံးကို သူ့ရည်းစားဟောင်းချည်းပြောတာပါ။ ထက်အစ်ကိုဆိုရင် သူ့သူငယ်ချင်းကောင်မလေးတွေ အကုန်လုံးက အဖေ့ရှေ့က ဖြတ်မလျှောက်ရဲဘူး။ သူက ချွေးမချည်းလိုက်ခေါ်တာလေ..။ တကယ်လည်း ထက်ရဲ့ ရည်းစားတွေ အကုန်လုံးကို အဖေသိတယ်၊ အိမ်ကိုခေါ်သွားနေကျလေ..။ ထက် ဆံပင်ပုံကို ဟာလီကွင်းတဲ့..။ အင်္ဂလိပ်ကားမကြည့်ဖူးတော့ မသိဘူး.">>.ဆိုတဲ့ .. #ထက်ထက်ထွန်း ..။
>>
#သုံးနားညီ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ထက်ထက်ထွန်း ကိုအခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်..။

19/08/2026

'' ပထမဆုံးရတဲ့အနုပညာကြေး ၄ သောင်းကို စာအိတ်ထဲထည့်ပြီး အခုထိသိမ်းထားတယ်'' >> သန့်ဇော်ထွန်း
''ကျွန်တော်အနုပညာအလုပ်တွေစလုပ်တဲ့အချိန်မှာ ဘာအသိမှမရှိပါဘူး။ ပထမဆုံးရတဲ့ အနုပညာကြေး ၄ သောင်းကို အခုထိ စာအိတ်ထဲထည့်ပြီးသိမ်းထားတယ်။ ပြီးတော့ ၂ သောင်းဖြစ်သွားတယ်။ အဲဒီလိုဖြတ်သန်းခဲ့ရတာပေ့ါ။ မနက် ၄ နာရီကိုလည်း ထပြီးတော့ ပန်းဖလက်တွေဝေခဲ့ဖူးတယ်။ ရှူတင်မှာ ရေကူးကန်ထဲ ဒိုင်ဗင်ပစ်ရမယ်ဆိုတာ ကြိုမပြောထားဘဲ လုပ်ခဲ့ရတယ်။ ကိုယ်ကရေတောင်မကူးတတ်တော့ အဆင်မပြေဖြစ်ပြီး ရေစိုကြီးနဲ့ အိမ်ကိုငိုပြန်ခဲ့ရတယ်'' >> သန့်ဇော်ထွန်း

19/08/2026

# #"ဒီးဒီးက နုပါတယ်.. အသက် ၄၀ လို့တောင် မထင်ရပါဘူး။ ၃၉ နှစ်ခွဲလောက်ပဲ ထင်ရတာပါ..။ ကျွန်တော့်တစ်ကိုယ်တော် ကြော်ငြာကတော့ အိမ်ထောင်သစ် ၈ နှစ်မှာ နှစ်ခါ ရိုက်ဖူးတယ် လေ..၊ လေးနှစ်တစ်ခါပေါ့ ">> ကိုသီဟ ..။

Address

YaeKyaw Street, Pazundaung
Yangon
11211

Alerts

Be the first to know and let us send you an email when Sunday Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunday Journal:

Shortcuts

Share