Ngwe Kyar Agricultural Enterprise

Ngwe Kyar Agricultural Enterprise " ငွေကျား " စိုက်ပျိုးရေးလုပ်ငန်း

(Ngwe Kyar Agricultural Group) မှ ကျေးဇူးရှင် တောင်သူဦးကြီးများ၏ သီးနှံမျိုးစုံစိုက်ခင်းများတွင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထွက်နှုန်းအများဆုံး
ရရှိစေရန် အထိရောက်ဆုံးအသုံးပြုနိုင်သော
အရည်အသွေးစစ်မှန်ပြည့်ဝပြီး အာနိသင်ကောင်းသည့်
ရွက်ဖျန်းဓာတ်မြေသြဇာများနှင့် ဓာတ်မြေသြဇာများကို
ဖြန့်ဖြူုးရောင်းချပေးလျက်ရှိပါသည်။

🌕 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) မှာ တောင်သူလယ်သမားဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိုက်ပျိုး...
04/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) မှာ တောင်သူလယ်သမားဦးကြီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စိုက်ပျိုးစီးပွား ဒီရေအလားတိုးတက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည် 🙏🙏🙏


#ငွေကျားစိုက်ပျိုးရေးလုပ်ငန်း

#ငွေကျား

👉👉👉 အပင်ကြီးထွားဖွံ့ဖြိုးမှုအဆင့်တိုင်းတွင် ဆောင်ရွက်ရမည့် အချက်များ ...✅ စိုက်ပျိုးသူ/တောင်သူဦးကြီးများအနေဖြင့် သီးနှံအ...
15/12/2023

👉👉👉 အပင်ကြီးထွားဖွံ့ဖြိုးမှုအဆင့်တိုင်းတွင် ဆောင်ရွက်ရမည့် အချက်များ ...

✅ စိုက်ပျိုးသူ/တောင်သူဦးကြီးများအနေဖြင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရန်အတွက် သီးနှံပင်များ၏ ကြီးထွားဖွံ့ဖြိုးမှု အဆင့်တိုင်းတွင် ထိရောက်ကောင်းမွန်ပြီး ကုန်ကျစရိတ်တွက်ခြေကိုက်သည့် အပင်ပြုစုစောင့်ရှောက်မှု
လုပ်ငန်းများကိုလည်း အချိန်ကိုက် လုပ်ဆောင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
👍👍👍 စိုက်ပျိုးသူ/တောင်သူဦးကြီးများဘက်မှ အပြည့်အ၀ တာ၀န်ယူကာ ပြုလုပ်ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်နှုန်းအများဆုံးရရှိပြီး အရည်အသွေးကောင်းမွန်သော၊ စျေးကွက်ရောင်းတန်း၀င်သောသီးနှံထွက်ကုန်များ ရရှိနိုင်ကာ စိုက်ပျိုးစီးပွား တိုးတက်လာနိုင်မှာဖြစ်ပါတယ်။

✅ အပင်ပြုစုစောင့်ရှောက်မှု လုပ်ငန်းဆောင်တာများအနေဖြင့် -

(က) ပေါင်းမြက်များနှိမ်နင်းခြင်း၊
(ခ) အပင်အာဟာရ လုံလောက်စွာကျွေးပေးခြင်း၊
(ဂ) ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း စသည်တို့ကို အဓိကထားလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

✅ (၁) ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့်တွင်

ပေါင်းမြက်များနှိမ်နင်းပေးခြင်းဖြင့် -
-အပင်ငယ်စဉ်တွင် သီးနှံပင်သည် ပေါင်းမြက်နှင့်ယှဉ်၍ နေရောင်ခြည်နှင့်အာဟာရ လုယူစားသုံးရမှု နည်းပါးစေခြင်း၊
-ပိုးမွှားရောဂါများ ခိုအောင်းပေါက်ပွားနိုင်မှုသက်သာစေခြင်း၊

အပင်အာဟာရလုံလောက်စွာကျွေးပေးခြင်းဖြင်ု့ -
-အပင်ငယ်စဉ် လုံလောက်သော အစာအာဟာရပြည့်စုံစွာရရှိစေပြီး အမြစ်၊ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အညွှန့် စသည့် အပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ ကြီးထွားဖွံ့ဖြိုးမှုအားကောင်းစေခြင်း၊

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းဖြင့် -
-အပင်ငယ်စဉ် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများနှင့်အပင်ရောဂါများကို ကြိုတင်ကာကွယ်/နှိမ်နင်းထားနိုင်ခြင်း၊
-ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုကြောင့် အမြစ်၊ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အညွှန့် စသည့် အပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ ကြီးထွားဖွံ့ဖြိုးမှု လျှော့နည်းထိခိုက် ပျက်ဆီးနိုင်မှုများကို ကြိုတင်
ကာကွယ်တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

✅ (၂) မျိုးပွားအင်္ဂါပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့်တွင်

အပင်အာဟာရလုံလောက်စွာကျွေးပေးခြင်းဖြင်ု့ -
-အဖူးစထွက်ချိန်၊ ပန်းစပွင့်ချိန်၊ သီးကင်းစသီးချိန်၊ အစေ့အဆံစတင်ဖြစ်ပေါ်ချိန်၊ ဥ စတင်ဖြစ်ထွန်းချိန်မှစပြီး
တဖြည်းဖြည်းကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်နေသည့်အချိန်တွင် လုံလောက်သော အစာအာဟာရပြည့်စုံစွာရရှိစေပြီး မျိုးပွားအင်္ဂါပိုင်းဆိုင်ရာအစိတ်အပိုင်းများ ကြီးထွားဖွံ့ဖြိုးမှုအားကောင်းစေခြင်း၊
-အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများ၊ ဥများ ကြီးထွားဖွံ့ဖြိုးမှု ပြည့်စုံကောင်းမွန်စေခြင်း၊

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းဖြင့် -
-သီးနှံပင်များ စတင်ပွင့်သီးချိန်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများနှင့်အပင်ရောဂါများကို ကြိုတင်ကာကွယ်/နှိမ်နင်းထားနိုင်ခြင်း၊
-ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုကြောင့် အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများ၊ ဥများ ကြီးထွားဖွံ့ဖြိုးမှု လျှော့နည်းထိခိုက်၊ ပျက်ဆီးနိုင်မှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။

✅ (၃) ရင့်မှည့်မှုပိုင်းဆိုင်ရာအဆင့်တွင်

အပင်အာဟာရလုံလောက်စွာကျွေးပေးခြင်းဖြင်ု့ -
-အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများနှင့် ဥများ ကြီးထွားဖွံ့ဖြိုးမှုနှင့် တဖြည်းဖြည်းရင့်မှည့်လာသည့်အချိန်တွင် လုံလောက်သော အစာအာဟာရပြည့်စုံစွာရရှိစေပြီး အထွက်နှုန်းတိုးတက်ကောင်းမွန်စေခြင်း၊
-အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများ၊ ဥများ ကြီးထွားဖွံ့ဖြိုးမှု ပြည့်စုံကောင်းမွန်စေပြီး အရောင်အဆင်း၊ အနံ့၊ အရသာ စသည့် အရည်အသွေးပိုင်းဆိုင်ရာများ ကောင်းမွန်တိုးတက်စေခြင်း၊

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းဖြင့် -
-သီးနှံပင်များ ရည့်မှည့်/ရိတ်သိမ်းခါနီးအချိန်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများနှင့်အပင်ရောဂါများကို ကြိုတင်ကာကွယ်/နှိမ်နင်းထားနိုင်ခြင်း၊
-ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုကြောင့် အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများ၊ ဥများ ကြီးထွားဖွံ့ဖြိုး/ရည့်မှည့်မှုတွင် နှောင့်နှေးထိခိုက်ပျက်ဆီးနိုင်မှု၊ အရည်အသွေး ထိခိုက်လျှော့နည်းနိုင်မှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။


#ငွေကျားစိုက်ပျိုးရေးလုပ်ငန်းစု
#ငွေကျား

ကဆုန်လပြည့် - ဗုဒ္ဓနေ့~~~~~~~~~~~~~~~ကဆုန်လပြည့်နေ့အကြောင်း🙏🌻🙏🌻🙏🌻🙏🌻🙏{ ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ }ကဆုန်လပြည့် ရက်မ...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့
~~~~~~~~~~~~~~~

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

{ ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ }

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
========================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။(crd)
:original writer,
uploader&photo

#ယနေ့ရောက်ရှိတဲ့ ကဆုန်လပြည့်န့မှာ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်း ပြည့်စုံပါစေ...
စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရလို့
ငွေဝင်ပျော်ရွှင်တဲ့ ဘဝကို
ပိုင်ဆိုင်နိုင်ပါစေကြောင်း..
"ငွေကျား" စိုက်ပျိုးရေးလုပ်ငန်းစု မှ ဆုတောင်းမေတ္တာ
ပို့သပေးလိုက်ပါသည်...🙏🙏🙏

Ngwe Kyar Agricultural Group
​"ငွေကျား" စိုက်ပျိုးရေးလုပ်ငန်းစု

  credit :original writer& uploader
01/01/2022

credit
:original writer& uploader

✅✅✅ အပင်ကြီးထွားဖွံ့ ဖြိုးမှု (Plant Growth and Development)👉 သီးနှံပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို သီးနှံပင်အမျိုးအစား...
20/08/2021

✅✅✅ အပင်ကြီးထွားဖွံ့ ဖြိုးမှု (Plant Growth and Development)

👉 သီးနှံပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို သီးနှံပင်အမျိုးအစားအလိုက် အဆင့်များခွဲခြားနိုင်သော်လည်း စိုက်ပျိုးသူ/တောင်သူဦးကြီးများအနေဖြင့် သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို လုပ်ဆောင်ရန် အကြမ်းဖျင်း အပင်ကြီးထွားဖွံ့ဖြိုးမှုအဆင့်(၃)ဆင့်ကို သိထားသင့်ပါတယ်။
👉 သီးနှံပင်တိုင်းမှာ အကြမ်းဖျင်း ဒီ(၃)ဆင့်ကို ခွဲခြားသိရှိခြင်းဖြင့် အထွက်နှုန်းတိုးတက်ရေးအတွက် အဆင့်အလိုက် လိုအပ်သော အပင်ပြုစုစောင့်ရှောက်မှုများ( ဥပမာ - အပင်အာဟာရအပိုင်း၊ ပေါင်းမြက်နှင့် ပိုးမွှား/ရောဂါကာကွယ်နှိမ်နင်းမှုအပိုင်း) များကို စနစ်တကျလုပ်ဆောင်နိုင်ရန် များစွာ အထောက်အကူ
ပြုနိုင်မှာဖြစ်ပါတယ်။

👉👉👉 အပင်ကြီးထွားဖွံ့ ဖြိုးမှု အဆင့်(၃)ဆင့်ကတော့ -
(၁) ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (vegetative stage)
(၂) မျိုးပွားအင်္ဂါပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (reproductive stage)
(၃) ရင့်မှည့်မှုပိုင်းဆိုင်ရာ အဆင့် (ripening or maturity stage)
တို့ပဲဖြစ်ပါတယ်။

✅ (၁) ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (vegetative stage)
ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (အပင်ပိုင်း ကြီးထွားမှုအဆင့်)ဆိုတာကတော့ အပင်စပေါက်ချိန်မှ အမြစ်၊ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အညွှန့် စသည့် အပင်အစိတ်အပိုင်းများ ကြီးထွားဖွံ့ဖြိုးမှု လို့ အကြမ်းဖျင်းခေါ်ဆိုနိုင်ပါတယ်။

✅ (၂) မျိုးပွားအင်္ဂါပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (reproductive stage)
မျိုးပွားအင်္ဂါပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအဆင့် (မျိုးပွားအင်္ဂါပိုင်း/ (တနည်း) အဖူး၊ အပွင့်၊ အသီး၊ အစေ့အဆံများနှင့် ဥများ ကြီးထွားမှုအဆင့်)
ဆိုတာကတော့ အဖူးစထွက်ချိန်၊ ပန်းစပွင့်ချိန်၊ သီးကင်းစသီးချိန်၊ အစေ့အဆံစတင်ဖြစ်ပေါ်ချိန်၊
ဥများ စတင်ဖြစ်ထွန်းချိန်မှစပြီး တဖြည်းဖြည်းကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်နေသည့်အချိန်ကို အကြမ်းဖျင်းအားဖြင့်ဆိုလိုပါတယ်။

✅ (၃) ရင့်မှည့်မှုပိုင်းဆိုင်ရာ အဆင့် (ripening or maturity stage)
ရင့်မှည့်မှုပိုင်းဆိုင်ရာအဆင့် ကတော့ အဖူးအပွင့်မှသည် အသီးများ၊ အစေ့အဆံများ၊ ဥများ စတင်ရင့်မှည့်ချိန်၊ ခူးဆွတ်/ရိတ်သိမ်းရန်အတွက် သင့်တော်သောအချိန်ကို အကြမ်းဖျင်းခေါ်ဆိုခြင်းဖြစ်ပါတယ်။


#ငွေကျားစိုက်ပျိုးရေးလုပ်ငန်းစု

#ငွေကျား


( မှတ်ချက်။ ။ သာမန်စိုက်ပျိုးသူများနှင့် တောင်သူဦးကြီးများအတွက် အဓိကရည်ရွယ်၍ အခြေခံ စိုက်ပျိုးရေးနည်းပညာပေး အကြောင်းအရာများကို နားလည်လွယ်သော၊ လက်တွေ့သိရှိအသုံးချနိုင်သော အသုံးအနှုန်း/အရေးအသားများဖြင့်သာ ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။ )
( ရေးသားဖော်ပြထားသော စိုက်ပျိုးရေးနည်းပညာ အကြောင်းအရာများသည် သာမန်စိုက်ပျိုးသူများနှင့် တောင်သူဦးကြီးများအတွက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဒေါင့် တစ်နေရာမှ တစ်စုံတစ်ခုသောအတိုင်းအတာအထိ အထောက်အပံ့ ဖြစ်စေရန်သာ ရည်ရွယ်ပါသည်။ )

ဆေးဖက်ဝင် နဂါးမောက်သီးပင် (dragon fruit) စိုက်ပျိုးနည်း ...နဂါးမောက်သီးပင်များကို ၂၀၀၀  ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျ...
28/05/2021

ဆေးဖက်ဝင် နဂါးမောက်သီးပင် (dragon fruit) စိုက်ပျိုးနည်း ...

နဂါးမောက်သီးပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျိုးပင်များ တင်သွင်းခြင်း ဖြစ်သည်။ စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ ဥယျာဉ်ခြံ များဖြစ်သော ပုပ္ပားနှင့် ရန်ကုန် ဥယျာဉ်ခြံတွင် စတင်စမ်းသပ် စိုက်ပျိုးဖြစ် ထွန်းနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။
(၁) တွယ်ကပ်ပင်နှင့် မြေပေါ် တွား၍ပေါက်သော ရေငတ် ခံနိုင်သည့် ရှားစောင်း မျိုးနွယ်ပင်ဖြစ်သည်။
(၂) သို့သော် စီးပွားဖြစ် စိုက်ပျိုးပါက လိုအပ်သော အချိန်တွင် ရေပေးသွင်းရန် လိုအပ်သည်။
(၃) ပြုစုစောင့်ရှောက်မှု ကောင်းမှသာ သီးထွက် ရရှိမှု ကောင်းမွန်သည်။
(၄)နဂါးမောက်ပင်၏ အမြစ်သည် မြေအနက် ၈ လက်မခန့်သာ အမြစ်ဝင်သဖြင့် ပေါင်းမြက်ကြောက်သော သီးနှံပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးပါက ပေါင်းမြောက်ရှင်းရန် အထူးလိုအပ်သည်။
(၅)အပင်ကြီးအရွယ်တွင်ပင်လုံးဖြန့်ပေါင်းသတ်ဆေး အသုံးပြု၍ ရှင်းလင်းရမည်။ ပေါက်ပြား အသုံးပြုပါက အမြစ်များ ထိခိုက်နိုင်သည်။
(၆) နဂါးမောက်သီးပင်အမျိူးအစားများ
(Dragon Fruit) မျိုးမှာ အတွင်းသားအနီ ရောင်မျိုး (red flesh variety) Hylocereus umdatus နှင့်အတွင်းသားအဖြူရောင် (white flesh variety) Hylocereus တို့ကို အများဆုံး စိုက်ပျိုးသည်။ အသီးခွံ အဝါရောင်ရှိပြီး အတွင်းသား အဖြူရောင်ရှိမျိုးမှာ အနည်းကျဉ်းသာ တွေ့ရသည်။ နဂါးမောက်သီးကို ယခင်က ပုပ္ပားတွင်သာ တွေ့ရသည်။ ၂၀၁၄ ခုနှစ် တွင် တောင်ကြီး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန်မြို့များတွင် စိုက်ပျိုးရောင်းချခဲ့ကြောင်း သိရ သည်။ ယနေ့ တွင် မြန်မာပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရသည်။
(၇)စိုက်ပျိုးကြသော နည်းစနစ်များမှာ
တီပုံသဏ္ဌာန်၊တိုင်စနစ်၊စင်စနစ်၊တန်းစနစ်များကို အများဆုံးစိုက်ပျိုးကြသည်။
(၈) နဂါးမောက်ပင် စိုက်ပျိုးရာတွင် ရှေးဦးစွာအမြင့် ၅ ပေ၊ အကျယ် ၄ လက်မရှိ ကွန် ကရစ်တိုင် (သို့မဟုတ်) သစ်သားတိုင်များကို ပင်ခြား ၆ ပေ၊ တန်းခြား ၉ ပေအကွာစိုက်ပါ။ တိုင်ခြေ ပတ်လည်တွင် ၂ ပေပတ်လည် ၂ ပေအနက် ကျင်းများတူးပြီး မြေဆွေးများ ထည့်ရပါမည်။ မြေတွင်းပိုးများ ကာကွယ်နိုင်သော အော်ဒင်းကဲ့သို့ ခြသတ်နိုင်သော ဆေးဇွန်းတစ်ဇွန်းစာထည့်ပြီး ၅ ရက်ခန့် မြေနှပ်ထား ရပါမည်။ ထိုကျင်းများတွင် နဂါးမောက်ပင် တစ်ပေခွဲအရွယ်ရှိသော အပင်များကိုကွန်ကရစ်တိုင် တစ်တိုင် ပတ်လည်တွင် တွယ်ကပ်နိုင်ရန် နဂါးမောက်ပင်ကို ကြိုးချည်ထားပါ။ ကျောက်တိုင်ထိပ်တွင် သစ်သားတန်းများ ထည့်ပေးရပါမည်။ နွေရာသီတွင် ရေမှန်မှန်လောင်းပါ။
(၉)အပင်မှ အတက်များထွက်လာသောအခါ မြေသြဇာအဖြစ် တစ်တိုင်လျှင်တီဆူပါ နို့ဆီဘူးနှစ်ဘူး၊ နွားချေး၊ ဝက်ချေးတစ်ပြည်၊ ပုလဲနို့ဆီဘူးတစ်ဘူးရောမွှေပြီး နှစ်လတစ်ကြိမ်ကျွေးရမည်။ အသီးသီးနေသော ကာလတွင် တစ်ပတ် တစ်ကြိမ်ကျွေးလျှင် ပို၍သီးပါသည်။
(၁၀)သတိပြုရန်
မည်သည့်စနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စတင်စိုက်ပျိုးချိန်တွင် အထူး သတိထားရမည်မှာပုရွက်ဆိတ်ဖြစ်သည်။ ထွက်လာသော အညွန့်သစ်၏ ထိပ်ပိုင်းကို ပုရွက်ဆိတ် အနီကလေးများက အုပ်စုဖွဲ့ဖျက်ဆီးလေ့ရှိသည်။ ၎င်းကို ပိုးသတ်ဆေး တစ်မျိုးမျိုးနှင့် နှိမ်နင်းရန်ဖြစ်သည်။ ရောဂါအနေဖြင့် ဗက်တီးရီးယား ပျော့ပုပ်ရောဂါ (Enterobacter ciaace) ကျရောက်တတ်၍ ကိုဘိုဒ်၊ ကျုပရိုမက်စသည့် ကော့ပါးပါး သောဆေး များဖြင့် ပက်ဖျန်း ကာကွယ်နိုင်သည်။ မှိုပြောက်စွန်းရောဂါကို အင်ဗန်တိုဟက် ဖက်ဂွန်းမန်ကို ရှက်၊ ဒိုင်သိမ်းစသည့် မှိုသတ်ဆေးများ အလှည့်ကျ ပက်ဖျန်း၍ ကာကွယ်နိုင်သည်။
(၁၁)အသီးသီးချိန်သတိပြုရန်
တစ်နှစ်သား အရွယ်ရောက်သောအခါ အဖူးအပွင့်များထွက်ကာ သီးကင်းဝင်စပြုပါသည်။ များသောအားဖြင့် ဧပြီလကုန်နှင့် မေလဆန်းပိုင်းတွင် စတင်သီးကင်းဝင်သည်။ တစ်နှစ်သား အရွယ်တွင် သီးကင်းနည်းပြီး တစ်ပတ်လျှင် ၁၀ လုံးခန့်သီးသည်။ နှစ်ကြာလာသည်နှင့်အမျှ အသီးပိုသီး၍ အသီးလည်း ကြီးလာသည်။ အသီးများ ဆက်တိုက်ထွက်ပေါ်နေပြီး ၎င်းကာလတွင် နဂါးမောက်သီး ကောင်းမွန်စေရန် အပင်မှဖြာထွက်သော အချို့အကိုင်းအခက်များကို ဖယ်ရှားပေးရမည်။ နဂါးမောက်ပင်များသည် မျိုးကို တစ်ခါဝယ်ရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မျိုးကိုမိမိပင်မှ တစ်လက်မခွဲ ကိုင်းများဖြတ်၍ စိုက်ပျိုးနိုင်သောကြောင့် အလွယ်တကူ စိုက်ပျိုးနိုင်သည်။ နဂါးမောက်ပင်များ စိုက်ပျိုးခြင်းဖြင့် ခြံစိုက် တောင်သူများ ဝင်ငွေကောင်း လျက်ရှိပြီး ခြံကြီးများတွင် နဂါးမောက်ပင်များကို ကွန်ကရစ်တိုင် ၃၀၀ မှ ၁၀၀၀ အထိ တစ်တိုင်လျှင် ၄ပင်နှုန်းစိုက်ပျိုးလျက်ရှိသည်။
(၁၂)စျေးကွက်
ထွက်ရှိလာသော နဂါးမောက်သီးများကို တစ်ကီလိုလျှင် ၂၀၀၀ ကျပ်နှုန်းနှင့် ဆိုဒ်မမီသော နဂါးမောက်သီးများကို တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းရကြောင်း သိရသည်။ နဂါးမောက်သီးသည် အဖြူ၊ အနီ၊ အဝါသုံးမျိုးရှိရာ အနီသီးကို ပို၍နှစ်သက်ကြသည်။
အတွင်းသား အဖြူရောင်မျိုးမှာ ဒုတိယပတ်တွင် နောက်ဆုံး အဖူးထွက်ပြီး အတွင်းသား အနီရောင်မျိုး မှာ အောက်တိုဘာလ ပထမပတ်တွင် နောက်ဆုံး အဖူးထွက်သည်။ သို့ဖြစ်၍ အတွင်းသား အနီရောင်မျိုး သည် အတွင်းသား အဖြူရောင်မျိုးထက် ဖူးပွင့်သည့် ကာလတစ်လခန့် ပိုမိုသည်ကို တွေ့ရသည်။
(၁၃)အသီး၏ဆေးဖက်ဝင်ပုံ
နဂါးမောက်သီးသည် ဗီတာမင်စီနှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အပြင် လိုင်ကိုပိန်းဓာတ်များစွာ ပါဝင်သောကြောင့် သဘာဝ အရွယ်တင်နုပျိုစေပြီး အသီးတွင် Antioxidant အများဆုံး ပါဝင်သဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ ဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်း ရောဂါများ ပျောက်ကင်းစေသည်။ ထို့ပြင် အဆိပ်အတောက် ဖြစ်စေတတ်သော Heavy mental များ ချေဖျက်ပေး သဖြင့် ကိုလက်စထရောကို လျော့ကျစေသည့်အပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာပျောက် ကင်းစေသည်။ အစာအိမ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များ ကို လျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ မျက်လုံး အားကောင်းခြင်း၊ သွားနှင့် အရိုးများ ခိုင်မာစေခြင်းတို့ကြောင့် လူတိုင်း စားသုံးသင့်သည်။ အထူးသဖြင့် နာလန်ထ လူမမာများအတွက် အထူးသင့်လျော်သည်။ နဂါးမောက်သီးတွင် အစွမ်းအာနိသင် ထက်မြက်စေသည့် Antioxidant ဓာတ်ပြည့်ဝစွာ ပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့် ဆက်နွှယ်နေသော ရောဂါများကိုပျောက်ကင်းစေနိုင်သဖြင့် အမေရိကတိုက် အလယ်ပိုင်းဒေသများတွင် နဂါးမောက်သီးမှာ ဆေးစွမ်းထက်သည့် အသီးအဖြစ် နာမည်ကြီးလှသည်။
ယခုစျေးကွက်တွင် လူကြိုက်များသည့် နဂါးမောက်သီးပင်ကို မြန်မာပြည် အရပ်ရပ်တွင် စိုက်ပျိုးအောင်မြင်ပြီး ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

Ngwe Kyar Agricultural Group
​" ငွေကျား " စိုက်ပျိုးရေးလုပ်ငန်းစု

credit
:original writer & uploader
.Internet

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုပါသည်(ဇန်နဝါရီလ ၄ ရက် ၂၀၂၁ခုနှစ်) :photo
04/01/2021

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုပါသည်

(ဇန်နဝါရီလ ၄ ရက် ၂၀၂၁ခုနှစ်)

:photo

Happy New Year to All !!!
31/12/2020

Happy New Year to All !!!

*** ကန်စွန်းဥစိုက်ပျိုးနည်း ~~~မြန်မာအမည် - ကန်စွန်းဥအင်္ဂလိပ်အမည် - Sweet Potatoရုက္ခဗေဒအမည် - Ipomoea batatasမျိုးရင်း...
24/12/2019

*** ကန်စွန်းဥစိုက်ပျိုးနည်း ~~~

မြန်မာအမည် - ကန်စွန်းဥ
အင်္ဂလိပ်အမည် - Sweet Potato
ရုက္ခဗေဒအမည် - Ipomoea batatas
မျိုးရင်းအမည် - Convolvulaceae

မူရင်းဒေသ

အမေရိကတိုက်၏ အရှေ့ပိုင်းဒေသသည် မူရင်းဒေသဖြစ်သည်။
စိုက်ပျိုးသည့်ဒေသ
ကန်စွန်းဥကို မြန်မာပြည်၌ ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။

အမျိုးအစား

ကန်စွန်းဥမှာမျိုးပေါင်းမြောက်များစွာရှိသည်။ အသားမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွဲခြားနိုင် သည်။ အချိူ့က အပင်ပေါက်ပုံ အလေ့အထပေါ်မူတည်၍ ခွဲကြသည်။ အလွယ်ဆုံးမှာ ကန်စွန်း၏ အရောင်ပေါ်တည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။ ထင်ရှားလူကြိုက်များသောမျိုးများမှာ ရွှေဝါရောင်မျိုး၊ ငချိတ်မျိုးနှင့် အဖြူရောင်မျိုးတို့ ဖြစ်ကြပါသည်။

ရေမြေရာသီဥတု

သဲမြေ၊သဲနုန်းနှင့် နုန်းမြေတို့တွင် ကန်စွန်းဥကို ကောင်းမွန်စွာစိုက်ပျိုး နိုင်သည်။ သို့သော် အောက်ခံမြေသည် နုန်းစနယ်ဖြစ်ရန် လိုသည်။ မြေသည် ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို မခံနိုင်ကြချေ။ အလွန်စေးသောမြေနှင့် မြေဆီအာဟာရ နည်းလွန်း သောမြေတို့တွင် ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍာန်မမှန် တော့ပေ။ မြေ၏ အသင့်တော်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီစင်တီ ဂရိတ်အတွင်းဖြစ်သည်။

ကန်စွန်းဥသည် အတော်အသင့် ချဉ်သောမြေတွင် စိုက်ပျိုးရသည်။ pH(၅.၈ - ၆.၇) အတွင်းရှိ မြေသည် အကောင်းဆုံးဖြစ်သည်။
အနည်းဆုံး ပူနွေးသောရာသီ (၄) လရှိရန်လိုသည်။ မိုးအသင့်တင့်ရွာသော ဒေသဖြစ်ရမည် အပြင် အလင်းရောင် ကောင်းမွန်စွာ ရရှိရမည်။

မြေပြုပြင်ခြင်း

ကန်စွန်းဥပုံသဏ္ဍာန်သည် သေး၍ ရှည်နေခြင်းထက် အလုံးတုတ်ပြီး အသင့်အတင့်ရှည်ခြင်းကို ပိုမိုကြိုက်နှစ်သက်ကြသည်။ မြေပြုပြင်ရာ၌ ထယ်ရေး(၆-၈) လက်မအနက်အတွင်းသာရှိသင့်သည်။

စိုက်ပျိုးခြင်း

(၅-၆) ပေကျယ်၍ သင့်လျော်မည့်အရှည်ကို ပျိုးဘောင်ပြုလုပ်ပေးပါ။ အလွန်ဖွယ်သောမြေ၊ သို့မဟုတ် သဲဆန်သောမြေတွင် ပြုလုပ်ပါ။ ရွေးချယ်ထားသောဥများကို မာကျူရစ်ကလိုရိုဒ် တစ်ဆ၊ ရေအဆ (၁၀၀၀) စပ်ထားသော အရည်တွင် (၁၀)မိနစ်စိမ်ပြီး စိုက်ပါ။ အာရီတန်ဆေးကိုလည်း အသုံးပြုနိုင်သည်။ ပျိုးဘောင်ပေါ်တွင် (၁၁/၂ )ပေခြား အတန်းများပြုလုပ်ပေး၍ ၎င်းအတန်းတွင် တစ်ပေလျှင် တစ်ဥချ၍ မြေနှင့်ဖုန်းအုပ်စိုက်ပါ။ အပင်များမြေပေါ်သို့ ထွက်လာသောအခါ အပင်ခြေ တွင်မြေဖို့ပေးပါ။ ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည်အရင်းအပိုင်း (၃-၄) လက်မအထိ မြေနှင့် ထိတွေ့ နေရာတွင် အမြစ်များထွက်လာပေလိမ့်မည်။ ပျိုးပင်များ အတောအတန်ရှည်လာ၍ မိမိလိုအပ် သော ကိုင်းအရေအတွက် ရနိုင်လောက်မည်အရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

ကန်စွန်းဥကို စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ရသည်။ ဥကောင်းများကိုရွေးချယ်ပြီး ပျိုးထောင်၍ ရရှိသော အညွန့်များကို စိုက်ပျိုးပါက ပို၍သေချာပြီး အထွက်လည်းကောင်းပေမည်။
ကန်စွန်းစိုက်ရာတွင် မြေပေါင်ပြုလုပ်၍ စိုက်ပျိုးခြင်းနှင့် မြေပုံပြုလုပ်၍ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုး စိုက်ပျိုးကြပါသည်။

မြေပေါင်ဖြင့် စိုက်ပျိုးခြင်း

ဘောင်မှာအကျယ် (၄-၆)ပေနှင့် ဘောင်အရှည်မြေအနေ အထားပေါ်မှုတည်၍ သင့်တော်သလို ဖော်ပေးရမည်။ အမြင့်မှာ (၈-၁၀) လက်မ ပြုလုပ်ပါ။ အကယ်၍ စိုက်ကွက်တွင် ရေဝပ်တက်ပါက ၎င်းထက်ပိုမြင့်ရန်လိုပေမည်။

တစ်ပင်နှင့်တစ်ပင် ၁ပေမှ ၁ပေခွဲခန့် တစ်တန်းနှင့်တစ်တန်း ၂ပေမှ ၃ပေ ထား၍ စိုက်ပျိုးပေးနိုင်ပါသည်။

အနည်းဆုံးအဆစ် (၄)ဆစ်ပါသော အကိုင်းများကို ဖြတ်စိုက်ရသည်။ အလယ် (၂)ဆစ်ကို မြေတွင်ထည့်စိုက်၍ ဘေးအစွန်း (၂)ဆစ်ကို မြေပေါ်တွင် ရှိနေစေပါ။ အပင်၏ အဖျားပိုင်း အညွန့်ကို စိုက်ပျိုးပါက ဥအထွက်ပိုကောင်းစေသည်။ ကန်စွန်းဥကို မိုးတွင်း မေလ၊ ဇွန်လလောက်တွင် စတင်စိုက်ပျိုးသည်။ ရေရရှိသောဒေသ တို့တွင်၎င်းထက်စောပြီး ရေသွင်းစိုက်ပျိုးသည်။ စိုက်ချိန်စော၍ အထွက်ပိုများသည်။

မြေပုံပြုလုပ်၍ စိုက်ပျိုးခြင်း

မြေပုံပြုလုပ်၍စိုက်ပျိုးခြင်းစနစ်တွင် ပေါင်းမြက်များ ထူထပ်နေအောင် ထားပေးပြီးမှ မြေကို လုံးပေးခြင်းဖြစ်သည်။ အပေါ်ယံပေါင်းမြက်များကို မြေလုံး၏အတွင်းပိုင်းတွင် ပေါင်းမြက်များကို ပေါက်တူးဖြင့် ရှပ်၍ထည့်သွင်းပြီး မြေကို ပုံပေးခြင်း ဖြစ်သည်။ မြေပုံ၏ပုံမှာ စက်ဝိုင်းသဏ္ဌာန်ရှိပြီး အရွယ်အစားမှာ လုံးပတ်၂ပေခွဲ-သုံးပေခန့်ရှိပါသည်။ ကန်စွန်းစိုက်ရန် မြေပုံရာ၌ အသုံးပြုသော ပေါက်တူးမှာ အထူးပြုပြင်ထားသော ပေါက်တူးဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ သာမန် ပေါက်တူးနှစ်လက်ကို အပြားစပ်၍ လေးဆယ့်ငါးဒီဂရီချိုးထားပေးသော ပေါက်တူးဖြစ်ပါသည်။

မြေပြင်စဉ်( မြေပုံစဉ်အချိန်မှာကတည်းက မြက်များနှင့်အတူ မြေဆွေး နွားချေးနှင့် ကွန်ပေါင်းမြေဩဇာများ ကို တစ်ပါတည်း ထည့်သွင်းပေးပြီး နောက်ပိုင်း ထပ်မံ ထည့်သွင်းခြင်း မရှိတော့ပါ။
ယူရီးယားကို အသုံးပြုပါက မများစေရန်သတိထားပေးပါ။ ပြီးနောက် မျိုးအဖြစ်ရယူထားသော ကန်စွန်းညွန့် များကို မြေပုံတွင် ထိုးစိုက်ပေးခြင်းဖြင့် ကန်စွန်းပုံခြင်းလုပ်ငန်း ပြီးဆုံးပါပြီ။

မျိုးညွန့်နှုန်းထား

တစ်ကအတွက် ပင်စည်ဖြတ်ပိုင်း (၂၀၀၀၀) ခန့်လိုသည်။

မြေသြဇာနှုန်းထား

တစ်ဧကတွင်-
နွားခြေး - ၁၀ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
ပိုတက်ရှ် - ၂၂၄ ပေါင်
ယူရီးယားကို (၂) ကြိမ်ထည့်သွင်းရာ၌ ဒုတိယအကြိမ်တွင် လျှော့၍ထည့်ရမည်။ နိုက်ထရိုဂျင်များပါက ပင်ပိုင်းကြီးထွားမှုများပြီး သေး၍ရှည်သော ဥများကိုသာ ရရှိပေမည်။

အကယ်၍ ကွန်ပေါင်းမြေဩဇာကို အသုံးပြုမည်ဆိုပါက တစ်ဧကလျှင် ၁၅-၁၅-၁၅ မြေဩဇာ ၄အိပ် အသုံးပြုရပါမည်။(မှတ်ချက်။ ။ ဓါတ်မြေဩဇာနှုန်းထားများမှာ မိမိစိုက်ပျိုးမည့် မြေဆီဩဇာ ထက်သန်မှုကို လိုက်၍ အတိုးအလျှော့ ပြုလုပ်ပေးရမည် ဖြစ်ပါသည်။)

အပင်ပြုစုခြင်း

စိုက်ပြီးအစောပိုင်းတွင် ပေါင်းလိုက်မြက်ရှင်းခြင်းကို မကြာခဏပြုလုပ်ပေးရမည်။ အပင်များ တစ်ပင်နှင့် တစ်ပင်ရောယှက်၍ မြေကိုဖုံးသွားပါက ပေါင်းလိုက်ရန်မလိုတော့ခြေ။ စိုက်ပြီး ၂လခွဲ အကြာတွင် အပင်ခြေရင်း၌ မြေတင်ပေးရမည်။

ရေသွင်းခြင်း

ကန်စွန်းဥသည် မိုးတွင်းစိုက်ပြီးသော သီးနှံဖြစ်၍ ရေသွင်းရန်မလိုခြေ။ ဆောင်းနှင့်နွေရာသီ တွင် စိုက်လျှင် (၄) ရက် နှင့် (၉)ရက် အကြာတွင် ရေတစ်ကြိမ်စီသွင်းပေးရမည်။ ထို့နောက်ရာသီဥတု နှင့် မြေအခြေ အနေ ပေါ်မှုတည်၍ (၁၀) ရက်တစ်ကြိမ်ခန့်သွင်းပေးရမည်။ ရေသွင်းခြင်းကို မရိပ်သိမ်းမီ ၂ပတ်အလိုထိ ပြုလုပ်ပေး နိုင်ပါသည်။ မြေပုံလုပ်ရာတွင် မိုးရာသီနှင့် ဆောင်းရာသီအတွင်း ဆောင်ရွက်ခြင်းကြောင့် ရေလောင်းပေးရန် မလိုအပ်တော့ပါ။

ရိတ်သိမ်းခြင်းနှင့် အထွက်

ကန်စွန်းပင် စတင်စိုက်ပျိုးသည်မှ ရက်ပေါင်း ၉၀- ၁၇၀ အကြာတွင် ကန်စွန်းဥများကို ဖော်နိုင်ပြီ ဖြစ်သည်။
ကန်စွန်းဥဈေးကောင်းက မရင့်မီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။အကောင်း ဆုံးမှာ ဥများရင့်သော အချိန်တွင် တူးဖော်ခြင်းဖြစ်သည်။ ကန်စွန်းဥကို မရင့်မီရတ်သိမ်းက အလေးချိန် အလွယ်တကူ လျော့သွားသည်။ ဥများရင့်ပြီးနောက် မြေတွင် (၅-၆) ပတ်အထိ မရိတ်သိမ်းပဲ ထားနိုင်သည်။ သို့သော် (၈-၉) ပတ်အထိထားက အထွက်များစွာ လျော့သွားပေမည်။ တစ်ဧကလျှင် ပိဿချိန် (၃၀၀၀-၅၀၀၀) ကျော်ထိ ထွက်ရှိသည်။

ကန်စွန်းတွင် ကျရောက်တတ်သော ရောဂါပိုးမွှားများ

ကန်စွန်းတွင် ရောဂါပိုးမွှား ဆိုးဆိုးဝါးဝါးကျလေ့ မရှိသော်လည်း ကျရောက်တတ်သည့် ရောဂါများအနေဖြင့်

၁။ အော်တာနေးရီးယား ရွက်ပြောက်ရောဂါ
၂။ နက်ပုပ်ရောဂါ နှင့်
၃။ ဖြူစေရီယမ်ပင်ညှိုးရောဂါတို့ ကျရောက်တတ်ပါသည်။

မိမိ စိုက်ပျိုးသည့် ဒေသများတွင် ၎င်းရောဂါများ ကျရောက်ရှိသည်ဟု သိရှိပါက မှိုသတ်ဆေးကြိုတင်ပက်ဖြန်းခြင်းဖြင့် ကြိုတင် ကာကွယ်နိုင် ပါတယ်။ ပျိုးပင်ဘဝတွင် တစ်ကြိမ်၊ စိုက်ပျိုးပြီး တစ်ပတ်အကြာတွင် တစ်ကြိမ် နှင့် စိုက်ပြီး တစ်လခွဲအကြာတွင် တစ်ကြိမ် ပင်လုံးပြန့် မှိုသတ်ဆေးများ ပက်ဖြန်းခြင်းဖြင့် ကာကွယ်နိုင်ပါ တယ်။ အထူးသဖြင့် မိုးရာသီကာလတွင် စိုက်ပျိုးသော ကန်စွန်းပင်များတွင် ရောဂါကျရောက် တတ်ပါတယ်။

ပိုးမွှားအနေဖြင့်

၁။ Sweet Potato stem borer
၂။ White grub တို့
ကျရောက်တတ်ပြီး မြေပြင်ချိန်တွင် ဖြူရာဒါန် 3G ဆေးကို ထည့်သွင်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Ngwe Kyar Agricultural Group
"ငွေကျား" စိုက်ပျိုးရေးလုပ်ငန်းစု

credit:စိုက်ပျိုးရေးသုတစုံ
:original writer,uploader and photos

FAME Organic Pharming Projectမုန်လာဥနီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ... 🥕🥕မုန်လာဥနီမှာ ဗီတာမင် အေ(Vitamin A) ကြွယ်ဝစွာပါလ...
21/12/2019

FAME Organic Pharming Project

မုန်လာဥနီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ...

🥕🥕မုန်လာဥနီမှာ ဗီတာမင် အေ(Vitamin A) ကြွယ်ဝစွာပါလို့ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။
🥕🥕မုန်လာဥနီမှာဆိုရင် ကာရိုတင်းနွိုက်ဓာတ်(Carotenoid) တွေ ကြွယ်ဝစွာပါလို့ အိုမင်းရင့်ရောခြင်းနဲ့ ရောဂါဖြစ်ပွားမှုတွေကို ဟန့်တားပေးပါတယ်။
🥕🥕မုန်လာဥနီမှာပါတဲ့ ဗီတာမင် စီ(Vitamin C)နဲ့ အခြားသော အင်တီအောက်စီးဒင့်(Antioxidant) တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေ ဓာတ်တိုးတာမဖြစ်အောင် တားပေးတဲ့အတွက်ကြောင့် လေဖြတ်တာနဲ့ သွေးကြောပိတ်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
🥕🥕မုန်လာဥနီမှာဆိုရင် အိုမီဂါ ၃(Omega 3) ပါတဲ့အတွက်ကြောင့် နှလုံးသွေးကြောကျဉ်း ဝေဒနာရှင်တွေအတွက် သဘာဝလက်ဆောင်မွန် ဖြစ်ပါတယ်။
🥕🥕မုန်လာဥနီမှာပါတဲ့ ပေါ်လီအဆီတိုင်လင်း(Polyacetyline) ဒြပ်ပေါင်းနဲ့ အမျှင်ဓာတ်တွေက အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
🥕🥕မုန်လာဥနီကို ပုံမှန်စားပေးတဲ့ နို့တိုက်မိခင်တွေမှာ နို့ရည်အရည်အသွေးကို ကောင်းမွန်စေပါတယ်။
🥕🥕မုန်လာဥနီဟာ ခံတွင်းပိုးမွားတွေကို သေစေနိုင်လို့ သွားပိုးစားတာတွေ လျှော့နည်းစေပါတယ်။
Organic Pharming Project

Ngwe Kyar Agricultural Group
"ငွေကျား" စိုက်ပျိုးရေးလုပ်ငန်းစု

source:FAME Organic Pharming Project (Fb page)
:FAME Organic Pharming Project
:original writer,uploader and photo

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ngwe Kyar Agricultural Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngwe Kyar Agricultural Enterprise:

Share