MMT Home Decoration Furniture

MMT Home Decoration Furniture Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMT Home Decoration Furniture, Furniture, thingangyun, Yangon.

26/12/2025

26/12/2025

26/12/2025

Mandalay side
Decoration

16/07/2025

Pyin Oo Lwin
HopPot shop

13/07/2025

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...

မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။

စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...

စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။

သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...

သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။

" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "

အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။

ဒါမှမဟုတ် ..

အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။

သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။

#ဘဝစာပေ #လူငယ်

26/01/2025

ပိုက်ဆံ မရှိတဲ့ ရက်တွေမှာ
အမေ့ကို သတိရတယ်

မှီခိုဆိုတဲ့ ဘဝနဲ့
မိသားစုအရေးကလွဲရင်
ငွေမရှာတတ်တဲ့ အမေ
ပေးတာလေး လောက်ငှအောင်သုံးရင်း
လက်ထဲ တစ်ပြားမှ မကျန်တဲ့ ရက်တွေမှာ
လိုအပ်ချက်တွေအတွက်
တစ်ခါတစ်လေ မီးဖိုချောင်ထဲ
“အမေ့ …” လို ခေါ်သံမကြားဘဲ
တွေတွေကြီး ငေးနေတဲ့ မျက်ဝန်းတွေ
သနားမိတယ်

အလုပ်မရှိတဲ့ ရက်တွေမှာ
အဖေ့ကို သတိရတယ်

အိမ်ထောင်ဦးစီး ဆိုတဲ့ အတွေးနဲ့
“မင်းတို့ အမေက သုံးပဲ သုံးတတ်တာ
မလုပ်တတ် မကိုင်တတ်နဲ့” ဆိုပြီး
ငါ့မိသားစုအတွက် ငါရှာပေးမှဖြစ်မယ်ဆိုတဲ့ အဖေ
အလုပ်လက်မဲ့ ဝင်ငွေမရှိတဲ့ ရက်တွေမှာ
အနာဂတ်ကိုတွေးပြီး
ဆေးလိပ်ကြီးဖွာ သက်ပြင်းတွေချနဲ့
ဘယ်သူနဲ့မှ စကားမပြောဘဲ
နှုတ်ဆိတ်နေတဲ့ အဖေကို
အရင်က ဒီပုံစံ ကြောက်စရာထင်ပေမဲ့
ခုမှ သနားမိပြန်တယ်

ကိုယ့်ခြေ ကိုယ့်လက်နဲ့
ကိုယ်တစ်ယောက်တည်း အတွက်လည်း
ရပ်တည်နိုင်ဖို့ မလွယ်တာ သိပြီ

တဖြည်းဖြည်း အသက်တွေရတော့
အချို့က
ကိုယ့်ဇနီး/ ကိုယ့်မယား
ကိုယ့်သား/ ကိုယ့်သမီးနဲ့

အချို့တွေကျ
ကိုယ့်အမှီသဟဲပြုနေကြတဲ့
ဘဝတွေအတွက်တွေးရင်း

ဟိုးငယ်ငယ်က
အဖေ့ရဲ့ ဆေးလိပ်ကြီးဖွာ ခပ်ခွါခွါ နေတာရယ်
ထမင်းအိုးကြီးငှဲ့
အတွေးနယ်ချဲ့တတ်တယ် အမေရယ်ကို
ပိုသနားမိတယ်

တစ်ခါတလေလည်း ခက်တယ်
ဒီမိ ဒီဖကို
ဘဝတွေခါးမှ စာနာရမှန်းသိတယ် …။

ဆြာချစ်
(၂၀၂၅ ဇန်နဝါရီ ၂၅)

25/01/2025

သားသမီး ငွေ ဘယ်လောက်ရှိရှိ
အလိုက်သိမှ မိဘ စားရတာပါ

သားသမီး မကြွယ်ဝလည်း
သိတတ်ရင် မိဘ စိတ်ချမ်းသာရတတ်ပါတယ်

သားသမီး ပညာဘယ်လောက်တတ်တတ်
ရိုသေတတ်မှ မိဘအပေါ် ဂါရဝရှိတာပါ

သားသမီး ပညာမတတ်လည်း
ဂါရဝရှိရင် ရိုသေရမှန်း သိပါတယ်

အများအမြင်မှာ
သားသမီး ကောင်းစားနေတာမြင်ရင်
သူ့မိဘ အဆင်ပြေတယ် မထင်သင့်သလို
အဆင်မပြေတဲ့ သားသမီးမြင်တိုင်း
သူ့တို့မိဘတွေ ဒုက္ခရောက်မယ် မထင်ပါနဲ့

အဓိကက
ဂါရဝရှိ အလိုက်သိရင်
မပြည့်စုံရင်နေပါ
ဘယ်မိဘမှ စိတ်ဆင်းရဲရမည် မဟုတ်ပါ …။

ဆြာချစ်
(၂၀၂၅ ဇန်နဝါရီ ၂၀)

24/12/2024

အခက်ခဲတွေကြုံတိုင်း စိတ်ဓာတ်ကျမနေပဲ အဆင်ပြေသွားမှာပဲဆိုတဲ့စိတ်နဲ့ တောင့်ခံကြည့်ပါ ။

လူမှုရေး ပြဿနာတွေဖြစ်ဖြစ် ၊ အသဲကွဲတာပဲဖြစ်ဖြစ် ၊ ငွေကြေးအခက်ခဲဖြစ်ဖြစ် … အားလုံးက အချိန်တစ်ခုထိပါပဲ ။ နိုင်ငံရပ်ခြားကို စရောက်တဲ့သူဆိုရင်လည်း ဘာသာစကားအခက်ခဲ ၊ နေထိုင်မှု ပတ်ဝန်းကျင်အခက်ခဲတွေ ၊ Home sick ဖြစ်မှုတွေဟာ နှစ်အနည်းငယ်တော့ ကြုံရမှာပဲ ။ ဒါပေမဲ့ အချိန်တစ်ခုရောက်ရင် ကျွမ်းကျင်ပြီး နေတတ်လာလိမ့်မယ် ။ လုပ်ငန်းခွင်အသစ်ကို စဝင်ရရင်လည်း အစပိုင်းပဲ ခက်ခဲမှာပါ … တဖြည်းဖြည်း သင်ယူလာရင်းက အဆင်ပြေလာမှာပါပဲ ။ အခက်ခဲ စဖြစ်တဲ့အချိန်တွေ ၊ ပထမဆုံးခြေလှမ်းတွေဟာ မလွယ်ကူတတ်ပါဘူး ။

အခက်ခဲတွေ … ပြဿနာတွေကြောင့် ခံစားရတဲ့ နာကျင်မှုတွေ ၊ ပင်ပန်းမှုတွေဟာ ဒီရက် ၊ ဒီလ ၊ ဒီနှစ် အတွက်ပါပဲ … ဒီတစ်ဘဝလုံးစာအတွက် မဟုတ်ပါဘူး ။ အချိန်တစ်ခုပေးလိုက်ရင် အခက်ခဲတွေလည်း ပြေလည်သွားမယ် ၊ ပြဿနာတွေလည်း ဖြေရှင်းနိုင်သွားမယ် ၊ ဒဏ်ရာတွေလည်း အနာကျက်သွားမှာပါပဲ ။ ခုလက်ရှိဖြစ်နေတဲ့ အရာတွေဟာ ခဏလေးပဲ … အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့ စိတ်မျိုးထားတတ်ရင် move on ရတာလည်းမခက်ဘူး ၊ စိတ်ဓာတ်လဲ ကျနေမှာမဟုတ်ဘူး ။ ပထမဆုံးခြေလှမ်းစတင်ရတဲ့ အခါမျိုးမှာလည်း ကိုယ်လုပ်နိုင်တယ် ဆိုတာကို ယုံကြည်ပြီး … စိတ်ကို ပေါ့ပေါ့ပါးပါးထားရင် အလွယ်တကူ သင်ယူတတ်မြောက်နိုင်ပါတယ် ။

ဘဝဆိုတာက အမြဲတမ်း အဆင်ပြေနေတယ်လို့တော့ ဘယ်ရှိပါ့မလဲ ။ အလင်းရောင်မြင်ဖို့ အမှောင်ကိုဖြတ်ရတာပဲ မဟုတ်လား ။ လူတိုင်း သေချင်စော်နံ​အောင် ခက်ခဲတဲ့နေ့တွေ ရှိတယ် ။ ဒီတိုင်း တောင့်ခံရင်းပဲ ဆက်လက် ရှင်သန်သွားကြရတာပဲ ။ ခက်ခဲပေမဲ့လည်း တောင်ခံမယ်ဆိုတဲ့ စိတ် ထားတတ်ရင် ဘယ်လိုနေထိုင်ရမလဲ သိလာတယ် ၊ နာတာတွေများလာရင်လည်း ခံနိုင်ရည်ရှိလာတယ် ။

တစ်နေ့ တစ်ချိန်မှာတော့ သိပ်မပင်ပန်းရတဲ့ …သက်တောင့်သက်သာရှိတဲ့ နေ့တွေလည်း ကိုယ့်အတွက် သေချာပေါက် ရှိလာဦးမှာပါ ။

- Thar Htwe -

#ကိုယ်တိုင်လွတ်မြောက်ခြင်း 🩵📚



#စာအုတ်စာပေ

23/12/2024

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!

တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။

တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။

တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်

တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်

တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်

အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ

Address

Thingangyun
Yangon
#MINMIN

Website

Alerts

Be the first to know and let us send you an email when MMT Home Decoration Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category