01/07/2024
အရောင်း ၊ အ၀ယ် လုပ်ငန်းရှင် ဘောစိများ
စိတ်ချရတဲ့ Delivery ၀န်ဆောင်မှုရှာနေပါသလား ?
စာရင်း ရှင်းတမ်းများ နှင့် ပါဆယ် ပို့ဆောင်မှု
မြန်ဆန်တိကျတဲ့ Delivery ရှာနေပါသလား ? 🤔
ပါဆယ်တွေအရောက်နောက်ကျလို့၀ယ်သူတွေနဲ့
စာအရှည်ကြီးတွေအပြန်အလှန်ရေးနေကြပြီလား 🤔
ကားကလေးများဖြင့် Delivery ပို့သလို
စက်ဘီးလေးများဖြင့် လဲ ပို့ဆောင်ရေး အဖွဲ့သား
များမှ လူကြီးမင်းတို့အိမ်ရှေ့အရောက် အပ်နှံပါ
ပါဆယ်များကို ပျက်စီးဆုံးရှုံးမှုအာမခံချက်များ
ဖြင့် တာ၀န်ယူကာ ၀န်ဆောင်မှုပေးနေပါတယ်ခင်ဗျာ
2014 တည်းကဒီနေ့ထိ Delivery လုပ်ငန်းနဲ့
ရပ်တည်ခဲ့ပြီး စာရင်းအင်း ၊ ငွေ ရှင်း တာက
အစ Customer တစ်ဦးချင်းစီကိုပို့ဆောင်တာ
အဆုံးအဆင်ပြေချောမွေ့နေစေရမယ် 😀
နေအိမ် (သို့) ဆိုင် အရောက် လာရောက် ကောက်ခံ
ပေးရမည့် Customer များအတွက် လာပြီဖြစ်ကြောင်း
မိတ်ဟောင်း ၊ မိတ်သစ် Customer များအားလုံးကို
လမ်းကြောင်းပေါ်မူတည်ပြီးကြိုရှင်းပေးသွားမည်
ဖြစ်ကြောင်း သီတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ ။
မြန်ဆန်မှုကိုနှစ်သက်သူတိုင်းအတွက်
*** Fastest Delivery ***
ပစ္စည်းတစ်ခုကို 2kg (သို့) ၁ ပေပတ်လည်
သတ်မှတ်ထားပါတယ်ဗျ ။ 2kg (သို့) ၁ ပေ
ပတ်လည်ကျော်ပါက တစ်ထုတ်ကို ၅၀၀ -၂၀၀၀
ကျပ် ထိ အထုတ် အကြီး အသေး ပေါ်မူတည်ပြီး
တိုးမြှင့်ကောက်ခံပါတယ်ဗျ။
နေ့စဉ်ပစ္စည်းလမ်းကြောင်း ၁၀၀ ကျော်ပြီးစီး
အောင်ပို့ဆောင်ပေးနေပြီး ၊ ပစ္စည်းတိုင်းက်ို
Customer လက်ထဲသို့ 12 နာရီမှ 48 နာရီ
အတွင်းပို့ဆောင်ပေးပါတယ် ။
နေ့စဉ်ပို့ပြီး ပစ္စည်းစာရင်းရှင်းတမ်းကိုနောက်
တစ်နေ့တွင်အပ်နှံသူများထံသို့ Viber မှပို့ပေးမည်
ဖြစ်ပြီး ငွေကောက်ခံပေးရသောအပ်နှံသူများထံ
သို့ အပါတ်စဉ် အင်္ဂါ ၊ ကြာသာပတေးနေ့တိုင်း
Mobile Banking မှ သို့ ငွေသားဖြင့် ငွေပြန်ရှင်း
ပေးပါမည် ။
ရန်ကုန်မြို့၏လမ်းကြောကျပ်တည်းမှုကြောင့်အမြန်
နေ့ချင်းပြီးပို့ရန်လိုအပ်သော ပါဆယ်များအား ရုံးချိန်
၉ နာရီ မှ ၁၁ နာရီနောက်ဆုံးထား၍ရုံးသို့လာပို့ပေးရန်
လိုအပ်ပါတယ် ။ နေ့ချင်းပြီးအမြန်ပို့ရန်လိုအပ်သော
မည်သည့်ပါဆယ်မဆို အမြန်ကြေး ၁၀၀၀ ကျပ်
ထက်မံပေးဆောင်ရမည်ဖြစ်ပါတယ် ။
ဂိတ်ချပါဆယ်များကတော့နေ့ချင်းပြီးပို့ဆောင်
ပေးပါတယ် 😁
5000 ကျပ်တန် လမ်းကြောင်းများအားတစ်ပတ်
လျှင်တနင်္ဂနွေတစ်ရက်သာပို့ဆောင်ပေးပါမည်။
အိမ်လာယူခအနေနဲ့ 👇
ရန်ကုန် မြို့နယ်အတွင်းမှ လမ်းကြောင်း 3 ခုနှင့်
အထက် အပ်နှံပါကလာယူခအခမဲ့ဖြစ်ပြီး ၊
လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ထောက်ကြံ့ ၊
သန်လျှင် ၊ ကျောက်တန်း စတဲ့နေရာများမှ
အပ်နှံသော Customer များအနေဖြင့်အပ်နှံ
သောပါဆယ်အား လာယူပေးရမည်ဆိုပါက
လမ်းကြောင်းအခုရေ 5 ခုနှင့်အထက်မှ
အခမဲ့ အိမ်လာယူပေးပါတယ် ။
ပစ္စည်းလက်ခံမှုမရှိသော Customer များ၏
ပစ္စည်းများကို ၅ ရက်အထိသာသိပ်ဆည်းပေး
မည်ဖြစ်ပြီး ရက်ကျော်ပါကအပ်နှံသူမှပြန်လည်
ယူဆောင်ပေးရမည် ။
အိမ်အထိရောက်ပြီး ၀ယ်သူမှပစ္စည်း
လက်မခံသောကိစ္စများဖြစ်ပေါ်လာပါက
ပို့ဆောင်ခ ကိုအပ်နှံသူမှပေးရမည်ဖြစ်သည် ။
ဖုန်းဆက်သွယ်မရသောပစ္စည်းများကိုအဆက်
အသွယ်ရမှသာပို့ပေးမည် ။ ပစ္စည်းအပ်နှံစဉ်
အမည်၊နေရပ်၊ဖုန်း၊အထပ်မြင့်ဆိုလျှင်အထပ်
(ဘယ်/ညာ)အတိအကျပါဝင်ရမည် ။
တရားဥပဒေ နှင့် မလွတ်ကင်းသော ပစ္စည်းများ
လက်ခံပို့ဆောင်ပေးမည်မဟုတ်ပါ ။
ရုံးသို့ကိုယ်တိုင်လာအပ်လိုသူများအတွက်
🏡 Office Address 🏡
No.32 , Sein Pan Myaing (1) Street , 33 Ward ,
Northdagon Tsp (ပင်လုံ Capital အနောက်လမ်း)
Google Map Address
https://maps.app.goo.gl/b7qYGM3n8mLypAfa7
☎️ 09 266 768 996
☎️ 09 266 768 997