Minn Interior Design & Decoration

Minn Interior Design & Decoration Welcome From Minn Interior Design & Decoration ( Yangon ). It's located in (No.253) Khay Mar Thi St

Minn Interior decoration မှ လူကြီးမင်းတို့၏ နေအိမ်၊ ရုံးခန်း အစရှိသည်တို့ကို သင့်တင့်သောဈေးနှုန်း၊ ကောင်းမွန်သော အရည်အသွေးနှင့် လှပသော ဒီဇိုင်းများဖြင့် စိတ်တိုင်းကျသည်အထိ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

ဒါကတော့ဆွဲခဲ့ဖူးတဲ့ Silk and Lace Retail Shop (ပိုးထည် နဲ့ဇာ အရောင်းဆိုင်) Interior Design လေးပါ. စျေးအများကြီးမကုန်ပဲနဲ...
19/04/2026

ဒါကတော့ဆွဲခဲ့ဖူးတဲ့ Silk and Lace Retail Shop (ပိုးထည် နဲ့ဇာ အရောင်းဆိုင်) Interior Design လေးပါ. စျေးအများကြီးမကုန်ပဲနဲ့ ရုပ်ထွက်လည်းလှအောင် ဖန်တီးပေးထားတာပါ




ဒါလေးကတော့ Pawfection Pet Hotel အတွက် ဆွဲပေးခဲ့ဖူးတဲ့ design လေးပါ. Planning တစ်မျိုးတည်းကိုမှ ဒီဇိုင်းနဲ့ ခံစားမှုရသ အမ...
19/04/2026

ဒါလေးကတော့ Pawfection Pet Hotel အတွက် ဆွဲပေးခဲ့ဖူးတဲ့ design လေးပါ. Planning တစ်မျိုးတည်းကိုမှ ဒီဇိုင်းနဲ့ ခံစားမှုရသ အမျိုးမျိုးပေးအောင် ဖန်တီးထားတာပါ




17/04/2026

ကျွန်တော်တို့ Decoration စလုပ်တုန်းက ဒီဇိုင်းထဲမှာ မြန်မာမှုလေးတွေပါအောင်လို့ တကူးတကကြိုးစားပြီးဖန်တီးခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ client အများစုက Modern Design ကိုပဲ ပိုလိုချင်ကြတာကြောင့် မြန်မာမှုလေးတွေဖန်တီးတာမျိုးလည်း မလုပ်ဖြစ်တော့ပါဘူး။ အခု project က လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဖန်တီးခဲ့တာပါ။ အခုချိန်ဖန်တီးခဲ့မယ်ဆိုရင် ဒီဇိုင်းထဲကလို ဇော်ဂျီရုပ်လေးထည့်ပြီးမှ ဓာတ်ပုံရိုက်မိမှာအသေအချာပဲဗျာ။ မျက်နှာကျက်ကိုလည်း Client ကို budget မချွေတာခိုင်းပဲနဲ့ မတူတူအောင်လုပ်ပါတယ်။ အဲ့တုန်းကသုံးတဲ့နံရံဆေးအရောင်က မြန်မာနိုင်ငံမှာ ဘယ်သူမှတောင်မသိဘူး။ ဂျပန်brand ကန်ဇိုင်းဆိုလားပဲ :D နံရံဆေးက ဘယ်လိုလေးမှန်းမသိ မွှေးနေတာပဲ။ ခုတော့ စျေးကြီးလို့ မသုံးတော့ဘူး :D

28/03/2026

လျို့ဝှက်တံခါးလေး. လှလည်းလှတယ် အထဲမှာ အခန်းလေးရှိမှန်းလည်း မသိရဘူးပေါ့

ဒါလေးကတော့ မနေ့ကတင်တဲ့ နှစ်ထပ်အိမ်လေးရဲ့ အပေါ်ထပ် ဒီဇိုင်းလေးပါ။ အပေါ်ထပ်ကတော့ အိပ်ခန်းလေးတွေအဓိကပါဝင်ပါတယ်။ ရေချိုးခန်း...
22/01/2026

ဒါလေးကတော့ မနေ့ကတင်တဲ့ နှစ်ထပ်အိမ်လေးရဲ့ အပေါ်ထပ် ဒီဇိုင်းလေးပါ။ အပေါ်ထပ်ကတော့ အိပ်ခန်းလေးတွေအဓိကပါဝင်ပါတယ်။ ရေချိုးခန်းတွေကိုတော့ ကြွေပြားအလေအလွင့်နည်းအောင် အရောင်ကိုတစ်မျိုးတည်းပဲသုံးထားပါတယ်။ အပေါ်ထပ်ကလည်း အောက်ထပ်ခန်းတွေလိုပဲ ရိုးရိုးရှင်းရှင်း လှလှပပနဲ့ စျေးသက်သက်သာသာလေးဖြစ်အောင် ဖန်တီးရေးဆွဲထားပါတယ်

ဒါလေးကတော့ နှစ်ထပ်အိမ်အောက်ထပ်ဒီဇိုင်းလေးပါ။ လူကြီးဆန်ဆန်အရောင်လေးတွေသုံးထားပြီး အလင်းရောင်ကိုလည်း မျက်လုံးအေးပြီး relax...
21/01/2026

ဒါလေးကတော့ နှစ်ထပ်အိမ်အောက်ထပ်ဒီဇိုင်းလေးပါ။ လူကြီးဆန်ဆန်အရောင်လေးတွေသုံးထားပြီး အလင်းရောင်ကိုလည်း မျက်လုံးအေးပြီး relax ဖြစ်အောင်လို့ ခပ်မှိန်မှိန်နဲ့ အဝါသန်းတာလေးတွေထိုးပေးထားပါတယ်။ မီးဖိုချောင်နဲ့ ရေချိုးခန်းကတော့ ကောင်းကောင်းမြင်ရမှ အဆင်ပြေမှာမို့လို့ အရောင်ကို ခပ်လင်းလင်းလေးပဲသုံးပေးထားပါတယ်။

ဒီလိုဒီဇိုင်းလေးဆို အပြင်မှာတစ်ကယ်လုပ်ရင်အရမ်းလည်းမကုန်ကျပဲနဲ့ စမတ်ကျကျလေးနေထိုင်ရမှာပါ။ ဒီဇိုင်းကိုရိုးရိုးရှင်းရှင်းလေးနဲ့ လှလည်းလှ နေရတာလည်း သက်တောင့်သက်သာရှိအောင် ဖန်တီးပေးထားတာပါ။

ဒါလေးကတော့ Minn Decoration မှဆွဲပေးထားတဲ့ Office Design လေးပဲဖြစ်ပါတယ်။ Office က အခန်းလေးတွေက နည်းနည်းကျဉ်းနေလို့ အဖြူရေ...
19/01/2026

ဒါလေးကတော့ Minn Decoration မှဆွဲပေးထားတဲ့ Office Design လေးပဲဖြစ်ပါတယ်။ Office က အခန်းလေးတွေက နည်းနည်းကျဉ်းနေလို့ အဖြူရောင်ကိုပဲ အဓိကထားပြီး ကျယ်ဝန်းတဲ့ပုံစံဖြစ်အောင်ဖန်တီးပေးထားပါတယ်။ မျက်နှာကျက်ကလွဲပြီးတော့ ကျန်တဲ့ အစိတ်အပိုင်းတွေကို စျေးသက်သက်သာသာနဲ့ ကြည့်ကောင်းအောင်လို့ ဒီဇိုင်းကို ရိုးရိုးရှင်းရှင်းလေးပဲဆွဲပေးပါတယ်။

- နံရံဆေးမှာ စျေးကြီးတာနဲ့ စျေးပေါတာ ဘာကွာခြားချက်ရှိသလဲ သိလား ?- နံရံဆေးမှာ စျေးကြီးတာနဲ့ စျေးပေါတာက ကွာခြားချက်ရှိပါတယ...
05/01/2026

- နံရံဆေးမှာ စျေးကြီးတာနဲ့ စျေးပေါတာ ဘာကွာခြားချက်ရှိသလဲ သိလား ?

- နံရံဆေးမှာ စျေးကြီးတာနဲ့ စျေးပေါတာက ကွာခြားချက်ရှိပါတယ်။ နံရံဆေးက ‌စျေးကြီးနေတယ်ဆိုရင် ဆေးရောင်က စိုစိုပြေပြေရှိပါတယ်။ နမူနာ catalog မှာပြထားတဲ့အရောင်အတိုင်းထွက်ပါတယ်။ စျေးပေါတဲ့ဟာကိုသုံးရင်တော့ အရောင်က မွဲခြောက်ခြောက်နဲ့ဖြစ်တတ်ပါတယ်။ ဥပမာ အသားအရောင်လိုနံရံအရောင်အနုလေး ကိုယ်က သုတ်ချင်တယ် ဒါပေမယ့် စျေးသက်သာတဲ့ဟာထဲက ရွေးလိုက်မယ်ဆိုရင် နံရံဆေးက အသားရောင်မထွက်ပဲ အဝါရောင်ကိုမှ ရေရောထားသလိုမျိုးရုပ်ထွက်ဖြစ်တတ်ပါတယ်။ တံဆိပ်တိုင်းကို မဆိုလိုပါဘူး။ 🤫

- နောက်တစ်ခုကတော့ စျေးကြီးတဲ့ ဆေးတွေက အပေအတေခံပြီး နံရံမျက်နှာပြင် ချောမွေ့ညီညာမှုရှိပါတယ်။ စျေးပေါရင်တော့ လက်ရာဘာညာထင်ရင် ရေပတ်တိုက်လည်း တော်ရုံနဲ့မပြောင်ပဲ ဖြစ်တတ်ပါတယ်။ နံရံမျက်နှာပြင်ချောမွေ့အောင်လည်း ဆေးသုတ်တဲ့သူက တော်တော်ဂရုစိုက်ပြီးသုတ်ရပါတယ်။ 😅

- ဒါဆို စျေးသက်သာပြီး ရုပ်ထွက်လည်းကောင်းအောင် ဘယ်လိုလုပ်ရမလဲ သိချင်မှာပေါ့။ ကိုယ်က စျေးပေါတဲ့ဟာသုံးချင်တယ် အထာလည်းကျချင်တယ် ဆိုရင် နံရံအရောင်ကို အဖြူရောင် ၊ ခဲရောင်၊ မီးခိုးရောင်၊ အနက်ရောင် စတဲ့အရောင်မပါတာတွေသုတ်လို့ရတယ်။ UPG Orient ထဲမှာတော့ စျေးသက်သာပြီး လှတဲ့အရောင်လေးတွေရှိပါတယ်။ အပေအတေတော့ သိပ်မခံဘူးပေါ့။ 😁

- စျေးသက်သာအောင် ရေရောပြီးသုတ်တာမျိုးလည်း မလုပ်နဲ့ပေါ့။ အဲ့ဒါဆိုအရောင်က နုသွားမှာမဟုတ်ပါဘူး အရောင်မွဲသွားမှာပါ။ 🥹

- စျေးကြီးပေမယ့် တစ်ချို့ဆေးတွေကဆီဆေးလိုမျိုး ပြောင်ပြောင်ကြီးဖြစ်တတ်ပါတယ်။ အဲ့လိုပြောင်ပြောင်ကြီးဖြစ်နေရင် ရေလည်အကြမ်းခံပြီး သန့်ရှင်းရေးလုပ်ရတာလည်း တော်တော်အဆင်ပြေပေမယ့် မီးတွေဘာတွေအရောင်ပြန်လို့ နေရတာစိတ်မသက်မသာဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်အိမ် (သို့) ဆိုင်ခန်းတွေကို ဆေးရောင်သုတ်မယ်ဆိုရင် နမူနာဘူးသေးလေးဝယ်ပြီး အရင်စမ်းကြည့်ပါ။ စိတ်တိုင်းကျပြီဆိုတော့မှ ပုံအကြီးဝယ်ပြီး သုတ်ပါလို့ ကျွန်တော်တို့ Minn Decoration ကအကြံပြုလိုက်ပါတယ်။ 🤗

- ရိုးရိုးလှေကားကိုမှ ရှယ်လှေကားလေးဖြစ်သွားအောင် မျက်နှာကျက်တွေမှာသုံးတဲ့ Gypsumboard (ဂျက်ဆင်ဘုတ်) နဲ့လုပ်ထားတာဖြစ်ပါတယ...
04/01/2026

- ရိုးရိုးလှေကားကိုမှ ရှယ်လှေကားလေးဖြစ်သွားအောင် မျက်နှာကျက်တွေမှာသုံးတဲ့ Gypsumboard (ဂျက်ဆင်ဘုတ်) နဲ့လုပ်ထားတာဖြစ်ပါတယ်။ အကွေးကိုမှ စပလိန်လို ဝိုက်တက်သွားတာဖြစ်တဲ့အတွက် လုပ်ရတာခက်သလို ပြီးသွားတော့လည်း အထာတွေကျနေရောဗျာ 😍

-အခန်းဖွဲ့မှာပါတဲ့ ဝင်ပေါက်လေးတွေကိုလည်း အခုံးလေးကိုမှ သူ့အနားလေးတွေကို ထပ်လုံးပေးထားသေးတာ။ ခက်ခဲနက်နဲတဲ့ ဒီဇိုင်းလေးတွေကိုမှ လုပ်ချင်တဲ့ မိဘပြည်သူများအတွက် ကျွန်တော်တို့ Minn Decoration က မရ ရအောင်လုပ်ပေးမှာပါ။ 💪

- စျေးလည်းမတရားမယူပါဘူးနော်။ လုပ်ရတာခက်တဲ့ဟာမျိုးဆို အချိန်နှစ်ဆသုံးဆယူရတဲ့အတွက် လေဘာခ ကာမိအောင်ပဲယူတာပါ။ စျေးသက်သာချင်တယ်ဆိုရင်လည်း ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးတွေနဲ့ လှပအောင်လုပ်ပေးလို့ရပါတယ်။ 🤗

- ဒါလေးကတော့ Jewelery Box - Gems & Jewellery စိန်ဆိုင်အတွက် လုပ်ပေးထားတဲ့ လှေကား Decoration လေးပါ။ စိန်ထည်တွေဝယ်ရင်းသွားရောက်လေ့လာလို့ရတာပေါ့နော် ။ ခုလိုမျိုး အားပေးတဲ့အတွက် Jewelery Box က အစ်ကိုနဲ့အစ်မကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။ 🙏

06/09/2025

From concept to reality

7-mile condo two bedrooms အခန်းလေးကို Design ထဲကအတိုင်းထွက်အောင် MiNN Decoration. Team မှ စတင်ပြင်ဆင်ပေးနေပီဖြစ်ပါတယ်
မကြာမှီ before and after ဘယ်လိုလေးတွေ ပြောင်းလဲသွားလဲဆိုတာ စောင့်ကြည့်ရအောင်နော်

“From walls to details, we bring your dream home to life—beautiful, functional, and uniquely yours.”

Contact us: 09 4500 66 935
09 2628 13 094

Address

Yangon (No. 253), Khay Mar Thi Street, North Okkalapa Twp
Yangon
11031

Telephone

+959450066935

Website

Alerts

Be the first to know and let us send you an email when Minn Interior Design & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Minn Interior Design & Decoration:

Share