Myanmar Hoteliers Association

Myanmar Hoteliers Association Myanmar Hoteliers Association is one of the leading professional organization in Myanmar.

01/06/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (၂၀၂၅-၂၀၂၇)ခုနှစ်၊ နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး သတင်းရုပ်သံမှတ်တမ်း

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ...
30/05/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၆ခုနှစ်၊ မေလ (၅)ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ငွေဆောင်ဇုန်ရှိ ယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်ရုံးတာဝန်ခံ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဇုန်နယ်မြေအသီးသီးမှ အလုပ်အမှုဆောင်များ၊ ငွေဆောင်ဇုန်မှ အသင်းဝင်ဟိုတယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မှ နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူး ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင် ပြခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဥက္ကဋ္ဌ (၂) မှ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် လျာထားချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်‌ရောက်လာသည့် ဟိုတယ်ဇုန်(၂၁)ဇုန်မှ မိမိတို့ သက်ဆိုင်ရာဇုန်အလိုက် လှုပ်ရှားဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ဧည့်သည်ဝင်ရောက်မှုများ၊ ယခု လက်ရှိကြုံတွေ့နေရသည့် စက်သုံးဆီကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးမှ စက်သုံးဆီနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၅) မှ စက်သုံးဆီရရှိရေးအတွက် နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၅)နေရာမှ မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဟိုတယ်များ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ဇုန်ဥက္ကဋ္ဌ များနှင့် ပူးပေါင်း၍ အရေအတွက်၊ အမျိုးအစား၊ ထုတ်ယူမည့်စာရင်းအား အတိအကျရေးပြီး ဒုတိယဥက္ကဋ္ဌ (၅)ထံသို့ ပို့ပေးရန် တင်ပြဆွေးနွေးခဲ့ပါသည်။
ထိုနောက် မနက်ပိုင်းတွင် ဧည့်သည်တော်ကြီးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ‌ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေး ပထမပိုင်းအား ခေတ္တရပ်နားခြင်းနှင့် နေ့လယ်စာတည်ခင်းဧည့်ခံခြင်း ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးဒုတိယပိုင်း အား နေ့လယ် (၁း၃၀)နာရီတွင် ပြန်လည်စတင်ခဲ့ကြပါသည်။
အစည်းအဝေး ဒုတိယအပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၊ စည်းမျဉ်း-၁၂ ။ ပါ အမြဲတမ်း ကော်မတီ( ၇) ရပ်အစား (၅) ရပ်အဖြစ် ပြောင်းလဲပြင်ဆင်ခြင်းအား အတည်ပြုချက်ရယူခဲ့ပြီး၊ ဘဏ္ဍာရေးမှူး မှ အသင်း၏ ငွေစာရင်းရှင်း တမ်းအား ဖတ်ကြားတင်သွင်းခဲ့ပြီး၊ စာရင်းစစ် အစီရင်ခံစာအား တွဲဖက်စာရင်းစစ်(၁) မှ ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ထို‌နောက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းအား တက်ရောက်လာသူ များမှ ကန့်ကွက်မည့်သူမရှိပါသဖြင့် အတည်ပြုခဲ့ပါသည်။ ဆက်လက်ပြီး ကော်မတီ (၅)ရပ်မှ သက်ဆိုင်ရာကော်မတီ များအလိုက် လှုပ်ရှားဆောင်ရွက်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည့်လုပ်ငန်းစဉ်များအား အသီးသီးတင်ပြခဲ့ကြ ပြီး တက်ရောက်လာသည့် အလုပ်အမှုဆောင်များ မှ တစ်ဦးချင်းဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ပြီးနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပါသည်။
ထိုနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း နဝမအကြိမ်မြောက်သက်တမ်း၏ ပထမ အကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား နေ့လယ်(၃း၂၀)နာရီတွင် အောင်မြင်ပြီးမြောက်စွာ ရုတ်သိမ်းခဲ့ပါသည်။

29/05/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်
နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး သတင်း ရုပ်သံ မှတ်တမ်း။

https://www.facebook.com/share/v/1aF5SuehqV/?mibextid=wwXIfr

ဟိုတယ်ဆိုင်ရာလုပ်ငန်းခွင်အသုံးချ "ဧည့် ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ    အခမ်းအနား ထူးကပေါ်မိုတယ်  27-5-2026   ဘီလင်းမြို့နယ...
28/05/2026

ဟိုတယ်ဆိုင်ရာလုပ်ငန်းခွင်အသုံးချ "ဧည့် ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား

ထူးကပေါ်မိုတယ် 27-5-2026 ဘီလင်းမြို့နယ်-

ဟိုတယ်နှင့်ခရီးသွားလာရေးဌာနညွှန်မှူးဦးဇေယျာထွန်း ကအမှာစကားပြောကြားပြီး၊
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း-မွန် ဇုန် ဥက္ကဌ ဦးချန်ထွန်း မှ ဟိုတယ်များလိုအပ်ချက်ဥက္ကဌတစ်ယောက်အနေဖြင့်ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတင်ပြသွားပါသည်
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း စာရင်းစစ် ဦးညဏ်ထွန်း
မြို့နယ်ဦးစီးမှူး၊မီးသတ်ဌာနစည်ပင်အရာရှိ၊
သင်တန်းသား(43)ဦးတက်ရောက်ကြပါသည်။

ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနား (၁၁.၅.၂၀၂၆)ရက်၊ တနင်္လာနေ့၊ ကျိုက်ထိုမြို့ GoldenBliss Hotel တွင် ဟိုတ...
28/05/2026

ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနား

(၁၁.၅.၂၀၂၆)ရက်၊ တနင်္လာနေ့၊ ကျိုက်ထိုမြို့ GoldenBliss Hotel တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားရေးမှူး ဦးဇေယျာထွန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(မွန်ဇုန်) မှ ဥက္ကဋ္ဌ ဦးချန်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း၊ စာရင်းစစ် ဦးညဏ်ထွန်းနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

(၉.၅.၂၀၂၆)ရက်၊ စနေနေ့၊ နံနက် (၉း၃၀)နာရီ၊ အင်းယားလိတ်ဟိုတယ် တွင် ပြည်ထောင်စုဝန်ကြီးမှ အသင်းအဖွဲများနှင့်တွေ့ဆုံသည့်အစည်းအ...
10/05/2026

(၉.၅.၂၀၂၆)ရက်၊ စနေနေ့၊ နံနက် (၉း၃၀)နာရီ၊ အင်းယားလိတ်ဟိုတယ် တွင် ပြည်ထောင်စုဝန်ကြီးမှ အသင်းအဖွဲများနှင့်တွေ့ဆုံသည့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးအငြိမ်းစားများ၊ ဒုတိယဝန်ကြီးအငြိမ်းစားများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း၊အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဦးသိန်းဝင်း (ဥက္ကဋ္ဌ)၊ ဦးအောင်မျိုးမင်းဒင် (နာယက) ၊ ဦးထွန်းလင်းသောင်း (ဒုတိယဥက္ကဋ္ဌ ၁)၊ ဒေါက်တာကျော်မင်းထွန်း (ဒုတိယဥက္ကဋ္ဌ ၂)၊ ဦးဇော်ထိုက်အေး (ဒုတိယဥက္ကဋ္ဌ ၄)၊ ဦးနေအောင်ကို (အထွေထွေအတွင်းရေးမှူး)၊ ဦးကျော်ညီညီလတ် (တွဲဖက်အထွေထွေအတွင်းရေးမှူး ၂)၊ ဦးမျိုးမင်းအောင်ကျော် (တွဲဖက်အထွေထွေအတွင်းရေးမှူး ၃)၊ ဒေါက်တာထွန်းကျော် ( တွဲဖက်အထွေထွေအတွင်းရေးမှူး ၅)၊ ဦးအောင်းသန်း (တွဲဖက်ဘဏ္ဍာရေးမှူး ၁)၊ ဦးချမ်းမင်းဦး (တွဲဖက်ဘဏ္ဍာရေးမှူး ၃)၊ ဦးသန့်နိုင်ထွန်း ( တွဲဖက်စာရင်းစစ် ၂)၊ ဒေါ်သီတာကျော် (ဥက္ကဋ္ဌ (စစ်ကိုင်းဇုန်))ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ဟိုတယ်၊စားသောက်ဆိုင်နှင့် သင်တန်းကျောင်းများမှ စားဖိုမှူးများ၊ ခရီးသွား blogger များ၊ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အသင်းအဖွဲ့များအနေဖြင့် နိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြား ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ် ပထမ (၃)လပတ် အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်ပ ခရီးသွားဝင်ရောက်ခဲ့မှုမှာ(၉၀၀၀၀)ခန့် ဝင်ရောက်ခဲ့သည့်အတွက် မြန်မာ့ခရီးသွား ဦးမော့ လာနေပြီဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ပြီး ခိုင်မာအားကောင်းသော အဖွဲ့အစည်းများဖြစ်အောင် တည်ဆောက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ခရီးသွားနှင့် ယဉ်ကျေးမှုကဏ္ဍကို ပေါင်းစပ် ဆောင်ရွက် နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းကို အနှစ်သာရရှိသော ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း (Cultural Tourism)အဖြစ် တန်ဖိုးတက်အောင် မြှင့်တင်ပေးကြရမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကို ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်နက်ပေါင်းစပ် ညှိနှိုင်းနိုင်စေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ဖော်ဆောင်သွားနိုင်မှာဖြစ်ပါကြောင်း၊ ခရီးသွားများသွားလာလည်ပတ် ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ပြင်ဦးလွင်၊ ပုဂံနှင့် ပုသိမ်လေယာဉ်ကွင်းများကို တိုးချဲ့ပေးလျက်ရှိပြီး Package Tour များအတွက် စင်းလုံးငှားစီစဉ်ပေးနိုင်ပါကြောင်း၊ ယင်းအပြင် မီးရထားနှင့် နိုင်ငံအနှံ့ ခရီးသွားနိုင်ဖို့အတွက်လည်း လမ်းပိုင်းများအား Upgrade ပြုလုပ်ပေးနေပြီး ရထားတွဲပြတ်လည်းငှားရမ်းနိုင်နေပြီဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမို လာရောက်လည်ပတ်ကြရန် ခရီးသွားလုပ်ငန်းအမျိုးအစားများကိုဖော်ဆောင်ကြသကဲ့သို့ တစ်ဖက်တွင်လည်း ဟိုတယ်လုပ်ငန်းများ၏ အရည်အသွေးမြှင့်တင်ရေးကို အထူးအလေး ရမှာဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက်သာမက ပြည်ပခရီးသွား ပိုမိုဝင်ရောက်ရေးအတွက် ပြည်တွင်း နှင့်ပြည်ပခရီးသွားများကို ရည်ရွယ်သောpackage များနှင့် promotion များကို စနစ်တကျပြုလုပ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာဖို့နှင့် မြန်မာနိုင်ငံအား ခရီးသွားဧည့်သည်များလုံခြုံစိတ်ချစွာ လာရောက်လည်ပတ်နိုင်ကြောင်းကမ္ဘာကသိရှိအောင် ထိရောက်စွာ ကြော်ငြာပေးရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ဖက်စလုံးက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် ဝန်ကြီးဌာနနှင့် လက်တွဲပြီးမြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားကြရန်နှင့် နိုင်ငံတော်၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးနေမင်းထွန်းက ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပါခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ ဆွေးနွေးပြောကြားခဲ့ပြီး
အစည်းအဝေးအား နေ့လယ်(၁း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

08/05/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်
နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး သတင်းမှတ်တမ်း ရုပ်သံ။

ကဆုန်လပြည့်နေ့ နေ့ထူး  အခါသမယတွင်... ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးရှိ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် မိ...
30/04/2026

ကဆုန်လပြည့်နေ့ နေ့ထူး အခါသမယတွင်... ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်အသီးသီးရှိ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် မှ နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲမည့် မေတ္တာသီသဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး...
27/04/2026

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်
နဝမအကြိမ်မြောက်သက်တမ်း၏ ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ဖိတ်ကြားလွှာ

Address

Room No. (101), Aye Yeik Thar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Myanmar Hoteliers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share