23/05/2026
Edited -Sold Out
[ ✨ The Rare Pumpkin - သာမန်ထဲက ခွဲထွက်ချင်သူတွေ အတွက် ဂျပန် made စစ်စစ် Vintage Seiko SilverWave ✨ မိန်းကလေးဝတ်နာရီ တစ်လုံးရောင်းချပေးပါမယ် ]
Vintageလည်းဖြစ်ရမယ် Brand လည်းဖြစ်ရမယ် သာမာန်မဟုတ်တာမျိုးကိုမှ စုဆောင်းရတာ ဝါသနာပါတဲ့ မိတ်ဆွေတို့အတွက်.. မြင်တာနဲ့တင် မျက်စိကျသွားစေမယ့် ၁၉၈၄ ခုနှစ် မတ်လ ထုတ် Seiko SilverWave (Ref. 2A23-012A) စစ်စစ်တစ်လုံး အရောင်းတင်ပေးပါရစေ။
Seiko ကုမ္ပဏီဟာ SilverWave အမည်ကို ၁၉၆၁ ခုနှစ် ကတည်းက စတင်အသုံးပြုခဲ့ပြီးတော့ Silver Wave ဆိုတဲ့ Modelဟာ Seiko ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ရေငုပ်ဒီဇိုင်းသုံး နာရီ (First Dive-inspired Watch) အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ၊ အဲဒီအချိန်ကတော့ automatic ရေငုပ်နာရီတွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ် ၊
သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ Caseback ပေါ်က လှိုင်းတံပိုးတံဆိပ် (Tsunami Wave Emblem) ကို စတင်သယ်ဆောင်လာတဲ့ စီးရီးလည်း ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေ ရောက်တဲ့အခါ Quartz နည်းပညာကို ပေါင်းစပ်ပြီး အခုလို sport type ဆန်ဆန် ရောင်စုံများနဲ့ ခေတ်မီစွာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
လူတိုင်းဝတ်နေကျ အမည်း၊ အဖြူ ရိုးရိုးဒီဇိုင်းတွေကြားထဲမှာ ဒီလို Orange "Pumpkin" Dial က တကယ့်ကို ရှားပါးပြီး ထင်ပေါ်လွန်းတဲ့ Identity တစ်ခုပါ။
၁၂ နားညီ Bezel - နာရီရဲ့ Bezel က ရိုးရိုးအဝိုင်းမဟုတ်ဘဲ ၁၂ နားညီ (Dodecagon) ပုံစံ ထောင့်ကွေးလေးတွေ ဖြစ်လို့ ဒီဇိုင်းဆန်းက လူအများကြားထဲမှာ အထာကျကျ ကွဲထွက်နေမှာပါ။
အချိန်တိုင်း တိကျတဲ့စက် - Seiko ရဲ့ သမိုင်းဝင် In-house 2A23 Quartz စက်ဝန်းကို အသုံးပြုထားလို့ Vintage ဆိုပေမယ့် အချိန်တိကျမှုကတော့ #ဒေါင်ဒေါင်မြည်ပါပဲ။
လက်ကောက်ဝတ်ပေါ်က အနုပညာ - ကမ္ဘာကျော် Seiko ရဲ့ ၈၀ ခုနှစ်များက လက်ရာစစ်စစ်ဖြစ်ပြီး၊ Mid-size ခပ်ကျစ်ကျစ် ဒီဇိုင်းမို့ လက်ကောက်ဝတ်ပေါ်မှာ သက်သောင့်သက်သာနဲ့ အံကိုက် ဖြစ်နေစေမှာပါ။
စာတန်းအဖြူအမည်းနဲ့ ပြတ်သားတဲ့ Day/Date စနစ် ပါဝင်လို့ သုံးရတာ ပိုပြီး အဆင်ပြေစေပါတယ်။
💥 ရောင်းချမည့် အခြေအနေနှင့် ဈေးနှုန်း 💥
အခြေအနေ - ရာစုနှစ်ဝက်နီးပါး သက်တမ်းရှိပေမယ့် Dial လှပမှုနဲ့ စက်ပိုင်းဆိုင်ရာ ကောင်းမွန်မှုက ရှယ်အဆင့်မှာ ရှိနေဆဲပါ။
ဈေးနှုန်း - CB
ဆက်သွယ်ရန်: Chat Box (သို့မဟုတ်) ဖုန်း [ ၀၉၄၄၄၆၆၆၅၃၆ (Viber) ]
“Vintage နာရီဆိုတာ အချိန်ကြည့်ဖို့တင် မဟုတ်ပါဘူး၊ သမိုင်းကြောင်းနဲ့ စတိုင်လ်ကိုပါ တစ်ခါတည်း ဝတ်ဆင်ထားတာပါ”
ဒီလို ရှားပါးလေး နောက်တစ်လုံး ထပ်ရဖို့ မလွယ်တာမို့ လက်ဦးသူ ရယူလိုက်ပါခင်ဗျာ။
Disclaimer: Seiko watch. Pre-owned/surplus personal item condition with normal signs of use.
ာရီ