A+ Wallet

A+ Wallet A+ (A PLUS) is a mobile financial service powered by A bank, delivering a new era of digital finance for Myanmar.

The mobile payment service powered by A bank allows everyone to enjoy fast, simple, and safe online payments.

A+ ပရိုမိုးရှင်းတွေနဲ့ ရွှေကောင်းမှာ ဘူဖေးအဝကြိတ်မယ်...🥘✨ရွှေကောင်းဟော့ပေါ့မှာ အသားမျိုးစုံနဲ့ ပင်လယ်စာတွေကို အားရပါးရ အ...
20/04/2026

A+ ပရိုမိုးရှင်းတွေနဲ့ ရွှေကောင်းမှာ ဘူဖေးအဝကြိတ်မယ်...🥘✨

ရွှေကောင်းဟော့ပေါ့မှာ အသားမျိုးစုံနဲ့ ပင်လယ်စာတွေကို အားရပါးရ အဝကြိတ်ချင်တဲ့ A+ ရဲ့ အစားတလိုင်း Fan တွေအတွက် ရှယ်ပလန်ကြီး လာပြီနော်။ 🤩

ရွှေကောင်း ဘူဖေးအဝစားဆိုင်တွေမှာ A+ နဲ့ ပေးရုံနဲ့ ၁၀% လျှော့ဈေး (အများဆုံး ၁၀,၀၀ Points အထိ) ရရှိမှာဆိုတော့ ဗိုက်လည်းဝ၊ တန်လည်းတန်မယ့် အခွင့်အရေးပဲဗျို့။ 🤩🔥

ဒီပရိုမိုးရှင်းတွေကိုလည်း 📆 ဧပြီလ ၃၀ ရက်နေ့အထိ A+ အကောင့်တစ်ခုကို (၁၀) ကြိမ် (တစ်နေ့ ၂ ကြိမ်အထိ) ခံစားခွင့်ရှိတာမို့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ရွှေကောင်းမှာ ဘူဖေးအဝစားပြီး တန်မှတန် A+ နဲ့ ပေးလိုက်တော့နော်။ 💚💜

📌 စည်းကမ်းသတ်မှတ်ချက်များနှင့် ပါဝင်သော ဆိုင်ခွဲလိပ်စာများကို Pinned Comment တွင် ကြည့်ရှုနိုင်ပါသည်။

A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[iOS] apple.co/3FaIDEC





#ရွှေကောင်း
ဲ့ပေးမယ်

နှစ်သစ်မှာ အမိုက်စားဝန်ဆောင်မှုတွေပေးဖို့ A+ Club တွေအသင့်ရှိနေပြီနော် 🤗✨A+Club ဆိုတာ A+ Wallet အသုံးပြုသူတို့ ငွေကြေးစီ...
20/04/2026

နှစ်သစ်မှာ အမိုက်စားဝန်ဆောင်မှုတွေပေးဖို့ A+ Club တွေအသင့်ရှိနေပြီနော် 🤗✨

A+Club ဆိုတာ A+ Wallet အသုံးပြုသူတို့ ငွေကြေးစီမံခန့်ခွဲမှုကို အထာကျကျ ပြုလုပ်နိုင်စေဖို့နဲ့ အကောင်း ဆုံးပရိုမိုးရှင်းတွေကို ရယူဖို့အတွက် အမြဲတမ်း ဝန်ဆောင်မှုပေးနေတဲ့ ဝန်ဆောင်မှုစင်တာလေး ဖြစ်ပါတယ်။ 🥰

A+ Club ရဲ့ အမိုက်စားဝန်ဆောင်မှုတွေကတော့-
✅ အချိန်တိုတိုအတွင်း A+Wallet အကောင့်များဖွင့်ပေးခြင်း
✅ ငွေသွင်း၊ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများပြုလုပ်ပေးခြင်း
✅ YPS ကတ်ထဲ ငွေဖြည့်သွင်းခြင်းများ
✅ Wifi bill နဲ့ အခြားသော Bill Payment များ ပြုလုပ်ပေးနိုင်ခြင်း တွေကို တစ်နေရာထဲမှာ အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
✅ ဒါ့အပြင် A+ နဲ့ ပတ်သက်ပြီး မေးလိုရာမေးနိုင်တဲ့အပြင် လစဉ်လတိုင်းပြုလုပ်တဲ့ အထူးပရိုမိုး ရှင်းတွေကိုပါ ပြောပြပေးနေတာမို့လို့ A+ ရဲ့ Dictionary လေးဆိုလည်း မမှားဘူးပေါ့။

ဒ့ါကြောင့် ခေတ်ရှေ့ပြေးတဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေကို သဘောတွေ့သူတိုင်း ဒီလိုဝန်ဆောင်မှု အသစ်သစ်တွေရှိနေတဲ့ A+ Club ကို သတိရလိုက်နော်။ 💚💜

📌 A+ Club လိပ်စာများ
- Junction Maw Tin Center (4th Floor) ၊ အနော်ရထာလမ်းနှင့် လမ်းသစ်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
- Myanmar Plaza Ground Floor ၊ MK & Nike ကြား၊ (192) ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
- Super One နဝဒေးအိမ်ယာ၊ နဝဒေးမှတ်တိုင်၊ ရန်ကုန်-ပုသိမ် လမ်းမကြီး။





မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ...✨ယနေ့ ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယမှစ၍ မြန်မာနိုင်ငံသူ န...
17/04/2026

မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ...✨

ယနေ့ ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်သစ်ကူးအခါသမယမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ရွှင်လန်းချမ်းမြေ့ကာ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကြပါစေကြောင်း A+ Wallet မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 💚💜




ပိတ်ရက်တွေမှာ အဆက်အသွယ်မပြတ်ဖို့ A+ Wallet ရဲ့ Social Channel တွေကို Join ထားလိုက်စို့။ 📲✅အခုလို သင်္ကြန်ပိတ်ရက်များအတွင...
16/04/2026

ပိတ်ရက်တွေမှာ အဆက်အသွယ်မပြတ်ဖို့ A+ Wallet ရဲ့ Social Channel တွေကို Join ထားလိုက်စို့။ 📲✅

အခုလို သင်္ကြန်ပိတ်ရက်များအတွင်း A+ ရဲ့ အမိုက်စား ပရိုမိုးရှင်း‌အစီအစဉ်တွေနဲ့ A+ နဲ့ပတ်သက်သမျှ Update သတင်းအချက်အလက်တွေ မလွတ်သွားရလေအောင် A+ မှာရှိတဲ့ Official Channel တွေဖြစ်တဲ့ -
👉 Facebook
👉 Viber
👉 Telegram နဲ့
👉 TikTok Channel တွေကို အောက်ဖော်ပြပါ လင့်ခ်လေးကနေတစ်ဆင့် Follow & Join လုပ်ထားလိုက်တော့နော်။ 💜💚

A+ Wallet ရဲ့ Channel များ Join ရန် - https://linktr.ee/apluswallet

A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[IOS] apple.co/3FaIDEC






ဲ့ပေးမယ်

16/04/2026

အတက်နေ့ရောက်ပြီး ရေမစိုရသေးသူတွေအတွက် “ဗွမ်း” 💦✨

ပိတ်ရက်ဖြစ်လည်း ဟယ်လိုလိုက်ပါ..ကူညီပေးဖို့ အသင့်ရှိနေမှာ…✨A+ Wallet ရဲ့ အားသာချက်ကတော့ ကိုယ့် customer တွေကို အချိန်မရွေ...
15/04/2026

ပိတ်ရက်ဖြစ်လည်း ဟယ်လိုလိုက်ပါ..ကူညီပေးဖို့ အသင့်ရှိနေမှာ…✨

A+ Wallet ရဲ့ အားသာချက်ကတော့ ကိုယ့် customer တွေကို အချိန်မရွေး ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေတာပါပဲ။ ဒီတော့ အခုလို ရုံးပိတ်ရက်ရှည်တွေရောက်လည်း တစ်ခုခုဆို A+ Wallet ရဲ့ Call Center ကို အချိန်မရွေးဆက်သွယ်နိုင်တယ်လေ။ 📞

အခုလို ရုံးပိတ်ရက်ကာလမျိုးမှာ -
👉 A+ Wallet အသုံးပြုရတာနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ၊
👉 A+ Wallet အကြောင်း သိလိုသမျှ စုံစမ်းမေးမြန်းလိုတာတွေအတွက်
👉 A+ Wallet ရဲ့ Call Center ဖုန်းနံပါတ် 09 770 709 888 သို့မဟုတ် Page Messenger သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်တယ်နော်။

ဒါတင်ပဲလားဆိုတော့…မိဘပြည်သူများသိရှိလိုတဲ့ A+ Wallet ရဲ့ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုများအကြောင်း၊ အေးဂျင့်ဝန်ဆောင်မှု၊ ကတ်ဝန်ဆောင်မှုများနှင့် A+ Club ဝန်ဆောင်မှု အကြောင်းအရာများအတွက်လည်း မေးမြန်းဆက်သွယ်နိုင်လို့ မိမိ သိရှိလိုတာတွေအတွက် ဖုန်းလေးတစ်ချက်သာ လှမ်းဟယ်လိုလိုက်ရုံပဲပေါ့။ 💜💚






ဲ့ပေးမယ်

သင်္ကြန်ပိတ်ရက်တွင်း အိမ်မှာပဲ ဇိမ်နဲ့ Chill မယ်ဆို A+ ကို သတိရလိုက်နော်! 📲✅ဒီနှစ်သင်္ကြန်မှာ အပြင်ထွက်မလည်ဘဲ အိမ်မှာပဲ ...
14/04/2026

သင်္ကြန်ပိတ်ရက်တွင်း အိမ်မှာပဲ ဇိမ်နဲ့ Chill မယ်ဆို A+ ကို သတိရလိုက်နော်! 📲✅

ဒီနှစ်သင်္ကြန်မှာ အပြင်ထွက်မလည်ဘဲ အိမ်မှာပဲ ဇိမ်နဲ့ Chill မယ့်ဘော်ဒါတွေအတွက် Entertainment ၊ Gift Card နှင့် Digital Voucher အစုံအလင်ရှိနေတာမို့ A+ တစ်ခုတည်းနဲ့တင် အားလုံးအဆင်ပြေစေရမယ်နော်။ 🤩

👉 Mahar, CANAL+ နဲ့ Sky Net တို့လို Channel တွေကိုပဲ လစဉ်ကြေးပေးဆောင်မလား...
👉 ဒါမှမဟုတ် Netflix & Chill မလား၊ Gamer တွေအတွက် လိုအပ်တဲ့ Game Items တွေလား...
👉 ဝါးတီးအတွက် Foodpanda Voucher နဲ့ တခြားသော Gift Card အစုံအလင်လား...

A+ Wallet နဲ့ဆို App ထဲကနေပဲ တစ်နေရာတည်းမှာ အလွယ်တကူ အကုန်လုပ်ဆောင်နိုင်လို့ ဒီသင်္ကြန်ပိတ်ရက်ကို အိမ်မှာပဲ သာသာယာယာ ဖြတ်သန်းလိုက်ရုံပါပဲ။ 💚💜

A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[IOS] apple.co/3FaIDEC





ဲ့ပေးမယ်

A+ Wallet နဲ့ မီတာဘေလ်ဆောင်ကြမယ်။ 💡✨မီတာဘေလ်ဆောင်ဖို့ ရုံးပိတ်ရက်ကို စောင့်နေရတာတွေ၊ နေပူထဲ တန်းစီရတာတွေ မဖြစ်ရအောင် A+ ...
14/04/2026

A+ Wallet နဲ့ မီတာဘေလ်ဆောင်ကြမယ်။ 💡✨

မီတာဘေလ်ဆောင်ဖို့ ရုံးပိတ်ရက်ကို စောင့်နေရတာတွေ၊ နေပူထဲ တန်းစီရတာတွေ မဖြစ်ရအောင် A+ Wallet နဲ့ဆို App တစ်ခုနဲ့ပဲ အချိန်နေရာမရွေး မိနစ်ပိုင်းအတွင်း အလွယ်တကူ ပေးဆောင်နိုင်ပြီလေ။ 📲

A+ နဲ့ လျှပ်စစ်မီတာဘေလ် ပေးချေနိုင်တဲ့ ဒေသတွေကတော့ -
✅ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး (အရှေ့/အနောက်)၊ စစ်ကိုင်း၊ မကွေး၊ မွန်၊ ရှမ်းတောင်ပိုင်း တို့ဖြစ်ပြီး

အသုံးပြုပုံအနေနဲ့ -
1️⃣ A+ Wallet ပင်မစာမျက်နှာရှိ Other Payments ကို နှိပ်ပါ
2️⃣ “Electricity Bill” ကို ရွေးပြီး မိမိဒေသအလိုက် ထပ်မံရွေးချယ်ပါ
3️⃣ ပြီးရင်တော့ အချက်အလက်များကို ဖြည့်စွက်ပြီး အလွယ်တကူ တစ်ထိုင်တည်း ပေးဆောင်နိုင်ပါပြီ။

ဒီတော့ မီတာဘေလ်ပေးဆောင်ဖို့ အချိန်နီးလာပြီဆိုရင် လွယ်လွယ်ကူကူနဲ့ တစ်နေရာတည်း အပြီးအစီးပြုလုပ်နိုင်မယ့် A+ Wallet ကို ရွေးချယ်လိုက်နော်။ 💜💚






ဲ့ပေးမယ်

Credit Card ဘေလ်ပေးဆောင်ဖို့ မမေ့နဲ့နော်။Credit Card နဲ့ လိုချင်တာတွေ ဝယ်ပြီးပြီဆိုရင်တော့ လစဉ် ၁၆ ရက်နေ့မတိုင်ခင် ကျန်ရ...
13/04/2026

Credit Card ဘေလ်ပေးဆောင်ဖို့ မမေ့နဲ့နော်။

Credit Card နဲ့ လိုချင်တာတွေ ဝယ်ပြီးပြီဆိုရင်တော့ လစဉ် ၁၆ ရက်နေ့မတိုင်ခင် ကျန်ရှိနေတဲ့ဘေလ်တွေကို အချိန်မီပေးဆောင်ဖို့ လိုမယ်နော်။ ဒီလိုမှမဟုတ်ရင် ရက်လွန်ကြေးအတွက် Fees တွေ ပိုမိုကုန်ကျလာနိုင်လို့ Credit Card ဘေလ်တွေ အချိန်မီပေးချေဖို့ အရေးကြီးပါတယ်။

A bank Credit Card ဘေလ်ကို အောက်ပါနည်းလမ်းများနဲ့ အလွယ်တကူ ပေးဆောင်နိုင်ပါတယ်။
✅A+ Wallet ရှိ A Card Feature ကို အသုံးပြုပြီး ပေးချေလိုတဲ့ ငွေပမာဏနဲ့ အမျိုးအစားကို ရွေးချယ်ကာ အချိန်နေရာမရွေး ပေးချေနိုင်ခြင်း
✅ နီးစပ်ရာ A bank ဘဏ်ခွဲများ တွင် တိုက်ရိုက် ငွေသွင်းပေးချေနိုင်ခြင်း
✅ Direct Debit Service ဖြင့် အလိုအလျောက် တိုက်ရိုက်ပေးချေနိုင်ခြင်း
✅ ဘဏ်ခွဲများရှိ CRM စက်များ မှတစ်ဆင့် ငွေသွင်းပေးချေနိုင်ခြင်း
✅ A bank Agent Banking / A+ Club များတွင် အလွယ်တကူပေးချေနိုင်ခြင်း

ဒါကြောင့် မိမိအဆင်ပြေရာ နည်းလမ်းကို ရွေးချယ်ပြီး သတ်မှတ်ရက်မတိုင်ခင် Credit Card ဘေလ်ကို အချိန်မီပေးဆောင်လိုက်တော့နော်။






ဲ့ပေးမယ်

ပိတောက်တွေနဲ့ဝေ ချမ်းမြေ့ပါစေ...💦✨နှစ်သစ်မင်္ဂလာ အတာသင်္ကြန်အခါ သမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်း...
13/04/2026

ပိတောက်တွေနဲ့ဝေ ချမ်းမြေ့ပါစေ...💦✨

နှစ်သစ်မင်္ဂလာ အတာသင်္ကြန်အခါ သမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းဝေးကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း A+ Wallet မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 💚💜




12/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အတာသင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းဝေးကာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း "A" Family မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💚💜





ပိတ်ရက်ရှည်မှာ ပေးချေစရာတိုင်းအတွက် A+ ရှိနေမယ်နော်...💦📱သင်္ကြန်ပိတ်ရက်မှာ ခရီးသွားနေတုန်းဖြစ်ဖြစ်၊ ရေပက်ခံထွက်တုန်းဖြစ်...
12/04/2026

ပိတ်ရက်ရှည်မှာ ပေးချေစရာတိုင်းအတွက် A+ ရှိနေမယ်နော်...💦📱

သင်္ကြန်ပိတ်ရက်မှာ ခရီးသွားနေတုန်းဖြစ်ဖြစ်၊ ရေပက်ခံထွက်တုန်းဖြစ်ဖြစ် အိမ်က Meter Bill ရက်ကျော်သွားတာမျိုး၊ WiFi သက်တမ်းကုန်ပြီး လိုင်းပြတ်သွားတာမျိုးဖြစ်ရင် တကယ့်ကို Mood Killer ကြီးပဲနော်။ 😫

ဒီကြားထဲ ပိတ်ရက်တွေဖြစ်နေတော့ ဘေလ်ပေးဆောင်ဖို့ အပြင်ထွက်ရတာကလည်း တကယ်မလွယ်တဲ့ကိစ္စနော်။ ဒါတွေအကုန်လုံးကို A+ နဲ့ အထာကျကျ ဖြေရှင်းနိုင်ပြီဆိုတော့ ဘာမှစိတ်မပူနဲ့တော့နော်! 🤗

📲 A+ နဲ့ဆို -
✅ Meter Bill တွေ၊ Fiber Internet Bill တွေနဲ့ တခြား Bill Payment ပေါင်းများစွာကို ကိုယ်ရောက်နေတဲ့နေရာကနေတင် Seconds ပိုင်းအတွင်း အမြန်ဆုံး ဖြေရှင်းလိုက်လို့ရတယ်။
✅ ခရီးသွားနေရင်း လမ်းပေါ်မှာပဲဖြစ်ဖြစ်၊ ရေပက်ခံထွက်နေရင်းပဲဖြစ်ဖြစ်... အချိန်မရွေး၊ နေရာမရွေး ပေးချေမှုတွေ စိတ်ကြိုက်ပြုလုပ်ရုံပဲ။
✅ ဒီအချက်တွေအပြင် တခြား Digital Services တွေအားလုံးကို App တစ်ခုတည်းမှာတင် All-in-one အပြီးပြည့်စုံဆုံး ရရှိနိုင်တာမို့ ဒီနှစ်သင်္ကြန်မှာ ပေးချေမှု ကိစ္စတွေအတွက် ခေါင်းစားမခံဘဲ အပြည့်အဝ Chill ဖို့အတွက် A+ Wallet ကို အခုပဲ အသုံးပြုလိုက်ပါ။ 💚💜

A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[IOS] apple.co/3FaIDEC





ဲ့ပေးမယ်

Address

No. (108), Corner Of Kabaraye Pagoda Road And NatMauk Road, BoCho (1)Quarter, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when A+ Wallet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A+ Wallet:

Share