25/02/2021
ဒီနေ့မှာတော့ စိတ်အချရဆုံးနဲ့အသုံးအပြုသင့်ဆုံး encrypted instant messaging app တွေကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်
Signal
Signal ကိုလက်ရှိအချိန်မှာ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ signal မှာသုံးထားတဲ့ encryption engine ဟာ open source ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီ့အတွက်ကြောင့် သူ့ရဲ့ encryption method ကိုအားလုံးကအမြဲတစေစောင့်ကြည့်နေကြတဲ့သူတွေများပြားပြီး လုံခြုံရေးယိုပေါက်တွေကိုအမြဲရှာဖွေတွေ့ရှိကာ အချိန်ပြည့်ပြင်ဆင်နေတဲ့အတွက် ထိုးဖောက်၀င်ရောက်ဖို့ရာခဲယဥ်းပါတယ်။ တော်တော်လေးအဆင့်မြင့်တဲ့ encryption method ပါ၀င်ပေမယ့် app ရဲ့ UI ကတော့ ရိုးရိုးရှင်းရှင်းပဲဖြစ်ပြီး chat serviceတစ်ခုမှာရှိသင့်ရှိထိုက်တဲ့ feature တွေဖြစ်တဲ့ group chat, file နဲ့ photo ပို့တာတွေအကုန်ပါ၀င်ပါတယ်
Telegram
Telegram ဟာလဲ Signal နီးပါး လူကြိုက်များတဲ့ messaging app ပဲဖြစ်ပါတယ်။ သူ့ရဲ့ encryption method ဟာ signal လိုမျိုး open source မဟုတ်တဲ့အတွက် အခြားသော security experts တွေရဲ့ အမြဲတမ်းကူညီစောင့်ကြည့်ပြီး ဝိုင်း၀န်းပြင်ဆင်ပေးတာမျိုးတော့မရှိပါဘူး။
ဒါပေမယ့် UI ပိုင်းက signal ထက်အများကြီးကြည့်ရတာပိုအဆင်ပြေပါတယ် Feature လဲပိုစုံပါတယ်
telegram ရဲ့ encryption mode ဟာ auto မဟုတ်တဲ့အတွက် setting ထဲ၀င်ပြီး secret mode ဆိုတာကို on ပေးဖို့တော့လိုပါလိမ့်မယ်
Signal ထက် feature ပိုစုံပြီး stickers တွေနဲ့ audio memo တွေ အပြင် video editing software ပါဝင်ပါသေးတယ်
Threema
Threema ဟာလဲ data ကိုအလေးထား ကာကွယ်ပေးတဲ့နောက်ထပ် messaging app တစ်ခုပါပဲ။သူ့ရဲ့အားသာချက်ကတော့ app ကို info မတင်ပဲ anonymous အဖြစ်လဲသုံးလို့ရပါတယ်
chat message တွေတင်မကပဲ phone call တွေကိုပါ encrypt လုပ်လို့ရနိုင်ပါသေးတယ်
User တွေပိုပြီးစိတ်ချရအောင် user ရဲ့ ဖုန်းနံပါတ် info တွေကိုသူတို့ရဲ့ server မှာတောင်သိမ်းဆည်းထားခြင်းမရှိပါဘူး။ server ကနေတဆင့်သွားသမျှကိုတစ်ဖက်လူဆီကိုပို့ပေးပြီးတာနဲ့တန်းဖျက်ပစ်လိုက်ပါတယ်။ ဒီ့အတွက်ကြောင့် ကိုယ့်ရဲ့ data တွေဟာ ကိုယ့်ဖုန်းထဲမှာပဲရှိနေမှာဖြစ်ပြီး hacker တွေ third party တွေကယူလို့မရနိုင်တော့ပါဘူး။ account ကို setup လုပ်တဲ့အခါမှာလဲ email တို့ဘာတို့ကိုမတောင်းတာကြောင့် ကိုယ့်ရဲ့ profile ကိုတတ်နိုင်သလောက်လူမသိပဲသုံးချင်တဲ့သူတွေအတွက် threema ကတော်တော်လေးအဆင်ပြေပါတယ်။ ဒါပေမယ့် threema ဟာ free မဟုတ်ပဲ ပိုက်ဆံနဲ့၀ယ်ပြီး သုံးမှရမှာဖြစ်ပါတယ်
Ref:
Tele Shop
Yangon
https://goo.gl/maps/oHWwju9ym3h77VfH8
TeleShop တွင် Mobile Device များ နှင့် Computer များကို Aeon အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါပြီ
၊ Mobile Phone များကို Trade in (အလဲအထပ်) များပြုလုပ်နိုင် ပြီး Aeon + Trade in အစီအစဉ်များဖြင့်လည်း ဖုန်းများဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ
----------------------------------------------------------------
✅ဆိုင်ကိုလာရောက်ဖို့အချိန်မပေးနိုင် သူများအတွက် 🔹ခုမှာ ခုရောက် Door to Door စနစ်🔹ဖြင့် Yangon မြို့တွင်း 🚛Delivery Free ဖြင့် မှာယူနိုင်ပါပြီခင်ဗျာ...
နယ်ဝေး Customer များအတွက် ကားဂိတ်အထိ🚛 Delivery Free ပို့ဆောင်ပေးမှာဖြစ်ပါတယ်
🔴Order မှာယူလိုပါက
Chat box (or) Phone ဖြင့်ဆက်သွယ်မှာယူနိုင်ပါပြီ ခင်ဗျာ။
-------------------------------------------------------------------
🔴TeleShop တွင် ComputerများMobile Phone များ , Computer ,Mobile phone နှင့်ဆက်စပ် ပစ္စည်း များကိုစျေးနှုန်းမှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါပြီ ခင်ဗျာ ...
🏡TeleShop Mobile,Computer Sales & Service ............................................................
Open Daily -10:00am to 6:00pm
အမှတ်.၅၇(AG-1),ဗဟိုလမ်း၊စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09-266880501,09-266880502,09-266880503 , 095159508,095118292