My Water

My Water 💧သန့်ရှင်းသောရေ နှင့် ကျန်းမာသောဘဝများသို့💧

🌊 လစဉ် ဂရုတစိုက် စစ်ဆေးပေးမယ့် My Water Service Team📢 My Water ရေသန့်စက် တပ်ဆင်ထားတဲ့ မိတ်ဆွေတို့အတွက် လစဉ်အလိုက် လိုအပ်...
28/08/2024

🌊 လစဉ် ဂရုတစိုက် စစ်ဆေးပေးမယ့် My Water Service Team

📢 My Water ရေသန့်စက် တပ်ဆင်ထားတဲ့ မိတ်ဆွေတို့အတွက် လစဉ်အလိုက် လိုအပ်တဲ့ ရေသန့်စက်အတွက် Check-up လုပ်ပေးခြင်း၊ Filter များကို သန့်စင်ရှင်းလင်းပေးခြင်း နှင့် လိုအပ်ပါက အသစ်လဲလှယ်ပေးခြင်း စတဲ့ Servicing နှင့်ပတ်သက်သမျှ အဝဝကို အကောင်းဆုံးစွမ်းဆောင်ပြီး ပံ့ပိုးပေးမယ့် My Water Service Team ဟာလဲ အသင့်ရှိနေပါတယ်။

အထက်ပါ Service များအပြင် My Water ရေသန့်စက်ရဲ့ အစဉ်အားပေးလျက်ရှိတဲ့ မိတ်ဆွေတို့အတွက်
☑️တပ်ဆင်ထားသော ကာလတစ်လျှောက်လုံးအတွက် Lifetime Service Warranty
☑️ကျွမ်းကျင်စိတ်ချရသော In-House Service Team ဖြစ် Customer များ၏ လိုအပ်ချက်များကို (အခမဲ့) အစဉ်တစိုက် စစ်ဆေးဆောင်ရွက်ပြုပြင်ပေးခြင်း
☑️User Error မှအပ အခြားသော ကိစ္စရပ်များကြောင့် စက်ပစ္စည်း ယိုယွင်းပျက်စီးမှုများရှိပါကလည်း အသစ်တစ်လုံးကို (အခမဲ့)ချက်ချင်းဆိုသလို လဲလှယ်တပ်ဆင်ပေးခြင်း။
☑️My Water ရေသန့်စက် တပ်ဆင်ထားသော မိတ်ဆွေများရဲ့ နေအိမ်ပြောင်းရွှေ့မှုများ ရှိခဲ့လျင်လည်း (အခမဲ့) လိုက်လံပြောင်းရွှေ့တပ်ဆင်ပေးခြင်း စတဲ့ Servicing လုပ်ငန်းဆောင်တာများကို အကောင်းဆုံး လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ကဲ....ဒါဆိုရင်တော့ Servicing နဲ့ပတ်သက်ပြီး ဘာပဲလိုလို One Call Away သာရှိတဲ့ အလျင်မြန်ဆုံး Servicing Team နှင့်အတူ ယုံကြည်စိတ်ချအရတဲ့ ဝန်ဆောင်မှုများနှင့် အသင့်ရှိနေမှာ My Water ပါ။ အမြို့မြို့အနယ်နယ်မှာလည်း စိတ်ချစွာ ဝယ်ယူငှားရမ်းတပ်ဆင်နိုင်ပြီ ဖြစ်ပါတယ် 🥰

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🫗 ရေသောက်နည်းသူများ ပြုလုပ်သင့်သော အချက် ၁၀ ချက်💠ရေဘူး ဆောင်ထားပါ။ သင့်ရဲ့ ကိုယ်ပိုင်၊ သယ်ယူရလဲ လွယ်ကူပြီး အဖန်ဖန်ပြန်လည...
21/08/2024

🫗 ရေသောက်နည်းသူများ ပြုလုပ်သင့်သော အချက် ၁၀ ချက်

💠ရေဘူး ဆောင်ထားပါ။ သင့်ရဲ့ ကိုယ်ပိုင်၊ သယ်ယူရလဲ လွယ်ကူပြီး အဖန်ဖန်ပြန်လည်အသုံးပြုနိုင်တဲ့ ရဘူးတစ်ဘူး ဆောင်ထားခြင်းက သင့်ကို ရေပိုသောက်သုံးစေနိုင်ပါတယ်။

💠Reminder ပေးထားပါ။ သင့်ရဲ့ ဖုန်းမှာပဲဖြစ်ဖြစ်၊ Smartwatch တွေမှာပဲဖြစ်ဖြစ်၊ အနှောင့်အယှက်လဲ မဖြစ်စေမယ့် Subtle ဖြစ်တဲ့ သတိပေးချက်မျိုး ထဲ့သွင်းထားပါ။ သင် ရေသောက်ဖို့ မေ့လျော့နေတာကို တဖြည်းဖြည်းနည်းပါးလာစေနိုင်ပါတယ်။

💠အလေ့အကျင့် သတ်မှတ်ထားပါ။ မနက်ခင်း အိပ်ရာနိုးနိုးခြင်း ရေတစ်ခွက်၊ ရေမချိုးခင် တစ်ခွက် စသည်ကဲ့သို့ အလေ့အကျင့်လေးများ သတ်သတ်မှတ်မှတ် ပြုလုပ်ထားခြင်းက တစ်နေ့တာ လိုအပ်တဲ့သောက်ရေပမာဏကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

💠တစ်နေ့တာ ရေ ဘယ်လောက်သောက်ပြီးပြီလဲ မှတ်သားထားပါ။ Mobile Application များ၊ ဒါမှမဟုတ် အမှတ်သားပါတဲ့ ရေသန့်ဘူးများကို အသုံးပြုခြင်းဖြင့်လည်း သင့်ရဲ့ တစ်နေ့တာ ရေသောက်သုံးမှု ပမာဏကို မှတ်သားထားနိုင်ပါတယ်။

💠ပိုက် အသုံးပြုပါ။ သောက်ရေခွက်ပဲဖြစ်ဖြစ်၊ ရေဘူးပဲဖြစ်ဖြစ် Straw တစ်ခုပါနေခြင်းက သင့်ကို အလွယ်တကူ ရေသောက်နိုင်ဖို့အတွက်အထောက်ကူပြုပေးသလို ရေးပိုသောက်ဖြစ်အောင်လဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

💠အချိန်နှင့်တကွ သောက်သုံးမည့်ရေပမာဏကို သတ်မှတ်ထားပါ။ ဘူးအရေးအတွက်၊ ခွက်အရေအတွက်များဖြင့် မနက်၊ နေ့လည်၊ ည အချိန်အပိုင်းခြားများ ခွဲခြားပြီးသတ်မှတ်ထားခြင်းက ရေသောက်နည်းခြင်းအတွက် အထောက်ကူပြုပါတယ်။

💠အခြားသော သစ်သီးဝလံများ၊ အသီးအရွက်များဖြင့်လဲ Infuse လုပ်နိုင်ပါတယ်။ သံပုရာသီး၊ သခွားသီး နှင့် ပူဒီနာ ကဲ့သို့သော အသီးအရွက်များနှင့် ရောစပ်ထားခြင်းက ကျန်းမာရေးအတွက်လဲ ပိုမိုကောင်းမွန်စေနိုင်သလို အရသာလဲ ပိုရှိပါတယ်။

💠ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံများကို များများစားသုံးပေးခြင်းဖြင့်လဲ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေ ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါအပ်။

💠Soda, ဖျော်ရည်နှင့် ကော်ဖီကဲ့သို့သော အဖျော်ယမကာ များ သောက်သုံးမည့်အစား ရေသောက်သုံးရန် ရွေးချယ်ခြင်းကလဲ ပိုမို၍ ကျန်းမာရေးနှင့် ညီညွတ်စေပြီး သင့်အတွက်လဲ ကောင်းကျိုးပိုများပါတယ်။

💠နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ရေသောက်နည်းသူများ မသိစိတ်ကလုပ်လေ့ရှိတဲ့ ရေ ကို အရမ်းဆာလောင်နေမှ သောက်သုံးခြင်းပါ။ ရေဆာသည့် အချိန်ထိ စောင့်ဆိုင်း၍ သောက်သုံးခြင်းအလေ့အကျင့်ကို ရှောင်ရှားပါ။

💦 ဒါဆိုရင်တော့ ရေသောက်နည်းတတ်တဲ့ ပရိသတ်ကြီးအတွက်လဲ အထောက်ကူဖြစ်ပြီး ပိုမိုကျန်းမာလှပ၍ အားအင်ပြည့်ဝတဲ့ နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ် 💁‍♂️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

☸️ယနေ့ သြဂုတ်လ ၁၉ရက် တနင်္လာနေ့ တွင်ကျရောက်သော ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) တွင် လူနတ်ပုဂ္ဂိုလ် အပေါင်းတို့ စိတ်၏...
19/08/2024

☸️ယနေ့ သြဂုတ်လ ၁၉ရက် တနင်္လာနေ့ တွင်ကျရောက်သော ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) တွင် လူနတ်ပုဂ္ဂိုလ် အပေါင်းတို့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ကျွန်တော်တို့ My Water မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🙏

💧 My Water ရေသန့်စင်စက် ဟာ ရေကို Filter ၅ ခု နှင့် အဆင့် ၅ ဆင့် တိကျသေချာစွာ သန့်စင်ပေးနေတယ်ဆိုတာကိုတော့ အားလုံးသိပြီးကြ...
14/08/2024

💧 My Water ရေသန့်စင်စက် ဟာ ရေကို Filter ၅ ခု နှင့် အဆင့် ၅ ဆင့် တိကျသေချာစွာ သန့်စင်ပေးနေတယ်ဆိုတာကိုတော့ အားလုံးသိပြီးကြပြီ ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီတစ်ခါမှာ Filter တစ်ခုချင်းစီရဲ့ အလုပ်တာဝန်အသေးစိတ်တွေကို ရှင်းပြပေးသွားမှာပါ။

1️⃣ Filter (1) PP Filter Element - Polypropylene လို့ခေါ်တဲ့ အပူနဲ့ဓာတုဓာတ်ဒဏ်ခံနိုင်တဲ့ ပလတ်စတစ် အမျိုးစားတစ်မျိုးကို အသုံးပြုထားတဲ့ ပထမ ခံစစ်ဖြစ်တဲ့ ဒီ PP Filter Element ကတော့ မသန့်စင်ရသေးတဲ့ ရေထဲမှာ ပါဝင်လာတဲ့ သဲ၊ နုန်း၊ မြေစ နဲ့ ကြေးအညှိတွေကို တားစီးဖယ်ထုတ် သန့်စင်ပေးပါတယ်။

2️⃣ Filter (2) Granular Activated Carbon Filter Element - Carbon ပါဝင်မှုများတဲ့ မီးသွေး၊ သစ်သား နဲ့ အုန်းဆံခွံကဲ့သို့သော သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Carbon Filter တစ်မျိုးဖြစ်ပြီး ရေထဲမှာရှိတဲ့ Chlorine, VOC နှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးကဲ့သို့သော ဓာတ်ဆိုးများကို သန့်စင်ဖယ်ရှားပေးရုံသာမက ရေရဲ့ အနံ့အရသာကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

3️⃣ Filter (3) Lumpt Filter / Sintered Carbon Filter Core - Carbon မှုန်များနှင့်ပိုမိုသေးငယ်တဲ့အပေါက်များပါဝင်သော Filter ဖြစ်ပြီး ရေရဲ့ အနံ့အရသာကို သောက်သုံးရန်အဆင်ပြေစေမယ့် အဆင့်အထိသန့်စင်ပေးပြီး အကြွင်းကျန် အမှုန်မွှားများကိုလည်း ဖယ်ထုတ်ပေးပါတယ်။

4️⃣ Filter (4) Reverse Osmosis (RO) Membrane - Reverse Osmosis နည်းပညာဖြင့် ရေထဲတွင် ကျန်ရှိနေသေးတဲ့ သံသတ္တုဓာတ်များ၊ ပျော်ဝင်ဆားဓာတ် နှင့် အခြားသော ဘက်တီးရီးယားများကို သန့်စင်ဖယ်ရှားပေးပါတယ်။

5️⃣ Filter (5) Highly Iodine Value Post Carbon - Iodine စုပ်ယူမှုအားကောင်းတဲ့ နောက်ဆုံးအဆင့် Carbon Filter ဟာဆိုရင်တော့ အဆင့်မြင့် ရေသန့်စင်စက်တွေရဲ့ မရှိမဖြစ် နောက်ဆုံးခံစစ်အနေနဲ့ ရေထဲမှာ ကျန်ရှိနေနိုင်တဲ့ အကြွင်းကျန်တွေကို Molecule အဆင့်ထိပါ စစ်ထုတ်ပေးနိုင်ပြီး သောက်သုံးရန် အသင့်တင့်ဆုံး ရေသန့်ရှင်းမှု pH Level အထိ သန့်စင်ပေးမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ လူကြီးမင်းတို့ရဲ့ အစဉ်ထာဝရ အရေးကြီးတဲ့ နေ့စဉ်သောက်သုံးရေအတွက် ယုံကြည်စိတ်ချရမယ့် အရည်သွေးမြင့် သန့်ရှင်းတဲ့ သောက်ရေသန့်ကို ယူဆောင်လာပေးဖို့ My Water ရေသန့်စင်စက်လေးက အသင့်ရှိနေပါပြီနော် 💁‍♂️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🚰ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးတဲ့ သောက်ရေဟာ သန့်ရှင်းစင်ကြယ်ဖို့အရေးကြီးပါတယ်။ အဝီစိရေ၊ ဂျိုးဖြူရေ စတဲ့ ရေအရင်...
07/08/2024

🚰ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးတဲ့ သောက်ရေဟာ သန့်ရှင်းစင်ကြယ်ဖို့အရေးကြီးပါတယ်။ အဝီစိရေ၊ ဂျိုးဖြူရေ စတဲ့ ရေအရင်းမြစ်များမှယူဆောင်၍ ကျိုချက်သောက်သုံးကြခြင်း နှင့် မသန့်ရှင်းသော ရေများကိုသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် လွန်စွာမှအန္တရာယ်ရှိပါတယ် ⚠️

🚱 လုံလောက်စွာသန့်ရှင်းစင်ကြယ်ထားမှု မရှိသောရေများတွင် E.Coli နှင့် Salmonella ကဲ့သို့သော ဘက်တီးရီးယားရောဂါပိုးမွှားများနှင့် အဏုဇီဝကပ်ပါးပိုးများ များစွာပါဝင်လာနိုင်ပြီး အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အူရောင်ငန်းဖျားရောဂါများအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။

☣️ ခဲ နှင့် ပြဒါးကဲ့သို့သော ဓာတုဓာတ်များလဲ များစွာပျော်ဝင်နေနိုင်တာမို့ ကျန်းမာရေးကို လွန်စွာမှ ဆိုးကျိုးသက်ရောက်စေနိုင်ပြီး အဆိုးဆုံးအနေဖြင့် ဦးနှောက်နှင့် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပိုးသတ်ဆေးနှင့် အခြားသော ဓာတ်သတ္တုများလည်း ပါဝင်နေနိုင်ပြီး ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသေးတယ်။

☢️ အခြားသော မသန့်ရှင်းသောရေအရင်းမြစ်များတွင် ပါဝင်တတ်သော အညစ်အကြေး၊ အဆိပ်အတောက်များ ဖြစ်တဲ့ သဲ၊နုန်း၊မြေများ၊ Fluoride နှင့် Nitrate ကဲ့သို့သော သဘာဝ ဓာတ်သတ္တုများ ပါဝင်မှုကြောင့်လဲ ခန္ဓာကိုယ်ကို ဆိုးကျိုးများစွာဖြစ်စေသော ရောဂါပိုးများ ဝင်ရောက်လာစေနိုင်ကာ ဖွံ့ဖြိုးဆဲ ကလေးငယ်များအတွက်လဲ များစွာမှ အန္တရာယ်ရှိပါတယ်။

💧မသန့်ရှင်းသော သောက်သုံးရေ အန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက်ကတော့ My Water ရေသန့်စက်က သင့်လက်တကမ်းမှာ ရှိနေပါပြီ။ Filter အဆင့် ၅ ဆင့် ဖြင့် အကောင်းမွန်ဆုံး သန့်စင်ပေးနိုင်တဲ့ နည်းပညာများနဲ့ သင့် မိသားစုအား ကျန်းမာရေးနှင့်ညီညွတ်တဲ့ pH7 အဆင့်ရှိတဲ့ သောက်ရေသန့် အရင်းမြစ်တစ်ခုကို ဖန်တီးပေးမှာပါ။

📢 ကိုယ်ပိုင်လဲ တပ်ဆင်နိုင်သလို လစဉ်လဲ ငှားရမ်းသုံးဆွဲနိုင်တဲ့ Option လေးလဲ My Water မှာရနိုင်ပါတယ်။ အစဉ်အမြဲ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် Service Team ကလဲ အသင့်ရှိနေပြီး အမြို့မြို့အနယ်နယ်မှာလဲ နေအိမ်ပေါင်းများစွာကို စိတ်တိုင်းကျ တပ်ဆင်ပေးထားပြီးပြီဖြစ်တာမို့ ယုံကြည်စိတ်ချစွာတပ်ဆင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 🗣️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ သောက်သုံးနေတဲ့ ရေတွေမှာလည်း အရသာ အမျိုးမျိုး ကွာခြားတယ်ဆိုတာ သိပြီးကြပြီလား❓💧 ရေမှာလည်း  ဓာတ်သတ္တုတွေ ပါဝင...
31/07/2024

ကျွန်တော်တို့ သောက်သုံးနေတဲ့ ရေတွေမှာလည်း အရသာ အမျိုးမျိုး ကွာခြားတယ်ဆိုတာ သိပြီးကြပြီလား❓

💧 ရေမှာလည်း ဓာတ်သတ္တုတွေ ပါဝင်မှု အနည်းအများအပေါ်မူတည်ပြီး ချို၊ ချဉ်၊ ငံ၊ ခါး အရသာလေးမျိုး ခွဲခြားခံစားနိုင်ပါတယ်။ သောက်သုံးလို့ရတဲ့ ရေအမျိုးအစားအနေနဲ့ (၄) မျိုးရှိပြီး အမျိုးစားအလိုက် အရသာတွေလည်း ကွဲပြားသွားနိုင်ပါတယ်။

♦️ Tap Water - ဘုံဘိုင်ရေ လို့ခေါ်တဲ့ သောက်သုံးလို့ရတဲ့ ရေတစ်မျိုးပါ။ တိုးတက်ပြီးသား နိုင်ငံများမှာတော့ သောက်သုံးလို့ရအောင် ဒေသတွင်း ရေသန့်စင်စနစ်ဖြင့် သေချာ သန့်စင်ထားပြီး ပန်းခြံများ ကျောင်းများ နှင့် Public Area တွေမှာတွေ့ရလေ့ရှိပါတယ်။ ပုံသေအရသာ Profile သတ်မှတ်လို့မရနိုင်ပေမယ့် ရေသန့်စင်နည်းနှင့် ရေအရင်းမြစ်ပေါ်ကို မူတည်ပြီး အရသာကွဲပြားသွားပါတယ်။

♦️ Distilled Water - ယခုခေတ်မှာ တွေ့ရများလာတဲ့ အထူးသန့်စင်ထားတဲ့ ရေသန့်စက်တွေကထုတ်လုပ်တဲ့ ရေသန့်များပဲဖြစ်ပါတယ်။ ရေထဲမှာ ပါဝင်တတ်တဲ့ ဓာတ်သတ္တုတွေ အကုန်နီးပါး သန့်စင်သွားအောင် အထပ်ထပ် သန့်စင်ထားတာဖြစ်လို့ အများစုက အရသာ ထူးခြားစွာမရှိပဲ သန့်ရှင်းတဲ့ အရသာသာ ခံစားရတတ်ပါတယ်။

♦️ Spring Water - တောင်ကျစမ်းရေ လို့ခေါ်ကြတဲ့ သဘာဝ တောတောင်တွေထဲမှာ တွေ့ရလေ့ရှိတဲ့ သောက်သုံးလို့ရတဲ့ သန့်စင်တဲ့ ရေအမျိုးစားဖြစ်ပါတယ်။ ဓာတ်သတ္တုအနည်းငယ် ပါဝင်တာမို့ သန့်ရှင်းသန့်စင်တဲ့အရသာ ရှိပေမယ့် ဓာတ်အရသာလည်းအနည်းငယ် ပါဝင်ပါတယ်။

♦️ Mineral Water - Calcium, Magnesium, Potassium နှင့် Sodium စတဲ့ ဓာတ်သတ္တုတွေပါဝင်မှုနှုန်း များပြီး သောက်သုံးလို့ရတဲ့ ရေအမျိုးအစားဖြစ်ပါတယ်။ ပုံမှန် ရေသန့် နှင့် အခြားသော ရေအမျိုးစားများထက် အရသာပိုကဲပြီး ပါဝင်တဲ့ဓာတ်အပေါ်မူတည်ပြီး အရသာကွဲသွားပါတယ်။

💠Calcium - ကယ်လ်စီယမ် ပါဝင်မှုများတဲ့ ရေကတော့ ခံတွင်းအတွင်းမှာ ချောမွေ့တဲ့အထိတွေ့ရှိပြီး နို့နံ့ ပါးပါးလေးရတတ်ပါတယ်။
💠Magnesium - မဂ္ဂနီဆီယမ် ဓာတ် ပါဝင်မှုကတော့ ရေ ရဲ့အရသာကို အနည်းငယ်ခါးသက်သက် ဖြစ်စေပါတယ်။
💠Potassium - ပိုတက်စီယမ်ဓာတ်ပါဝင်မှုကတော့ ရေကို ချိုတဲ့အရသာ ဖန်တီးပေးပါတယ်။
💠Sodium - ဆားအငံဓာတ်ပါဝင်မှုကြောင့် ရေကို ငံစေပါတယ်။

ရေရဲ့ pH Level ကြောင့်အရသာကွဲပြားမှုလည်းရှိပါသေးတယ်။ pH နည်းတဲ့ Acidic ရေတွေမှာတော့ အနည်းငယ်ချဉ်တဲ့ အရသာ ကျန်ခဲ့တတ်ပြီး pH မြင့်တဲ့ Alkaline ရေတွေမှာတော့ အနည်းငယ်ခါးသက်သက်ရှိပြီး၊ ခံတွင်းရှင်းပြီး၊ သောက်သုံးနေချိန်မှာလည်း smooth ဖြစ်တဲ့ ခံစားချက် ရရှိတတ်ပါတယ် 🫗

ဒါဆိုရင်တော့ လူကြီးမင်းတို့ သောက်သုံးနေတဲ့ ရေအမျိုးစားတွေရဲ့ အရသာ ကွာခြားတတ်ပုံလေးကို သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။ သန့်စင်တဲ့ ရေကို အလွယ်တကူ သောက်သုံးနိုင်ဖို့အတွက်လည်း My Water ကို သတိရလိုက်ပါ 🙇‍♂️

သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့ 💧

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

လူတစ်ယောက်က တစ်နေ့ ရေ ဘယ်လောက် သောက်သုံးရမလဲ ❓ကျန်းမာရေး ကောင်းမွန်ပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေချောမွေ့ကေ...
24/07/2024

လူတစ်ယောက်က တစ်နေ့ ရေ ဘယ်လောက် သောက်သုံးရမလဲ ❓

ကျန်းမာရေး ကောင်းမွန်ပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေချောမွေ့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ရေကို လုံလောက်စွာသောက်သုံးဖို့လိုအပ်ပါတယ် 💪

အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်အတွက် တစ်နေ့ကို ရေ ၃.၅ လီတာ (၁၃ ခွက်ခန့်) သောက်သုံးရမှာဖြစ်ပြီး အမျိုးသမီးတစ်ယောက်အတွက်ဆိုရင်တော့ ၂.၇ လီတာ(၉ခွက်ခန့်) သောက်သုံးပေးသင့်ပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကတော့ စားသောက်နေထိုင်မှု ပုံစံအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ် 💧

ခန္ဓာကိုယ်အလေးချိန်မြင့်မားသူများ နှင့် ကြွက်သားဗလတောင့်တင်းသူများဆိုရင်လည်း ရေကို ပိုသောက်သုံးပေးသင့်ပါတယ်။ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ ဒေသတွေမှာနေတဲ့သူတွေဟာလည်း ပုံမှန်တစ်နေ့တာလိုအပ်သော ရေပမာဏထက် ပို၍သောက်သုံးပေးသင့်ပါတယ် ☀️

🏃ကျန်းမာရေးလိုက်စားပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်သူများ၊ အားကစားသမားများ နှင့် နေပူဒဏ်ခံကာ လုပ်ကိုင်ရသော ကာယလုပ်သားများအတွက်လည်း ပုံမှန်ထက် ရေကို ပိုသောက်သုံးပေးသင့်ပါတယ်။ ကျန်းမာရေးအခြေနေအရ ဖြစ်စေ၊ သောက်သုံးမှီဝဲနေရသောဆေးဝါးများကြောင့် ဖြစ်စေ ရေကိုလည်း ပုံမှန်နေ့စဉ်လိုအပ်ချက်ထက် ပို၍သောက်သုံးပေးသင့်ပါတယ် 💊

လူတွေရဲ့ တစ်နေ့တာရေဓာတ်ဖြည့်တင်းရရှိမှုဟာ အရည်နှင့် အဖျော်ယမကာများမှ ၈၀ % ရရှိနိုင်ပြီး ကျန် ၂၀% ကိုတော့ အစားသောက်မှတစ်ဆင့် ရရှိနိုင်ပါသေးတယ်။ ရေဓာတ်ကြွယ်ဝတဲ့ အစားအသောက်၊ အသီးအနှံ နှင့် အရွက်စိမ်းများကို ပိုမိုစားသုံးပေးသင့်ပါတယ် 💦

ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တစ်နေ့တာအတွက် ကျန်းမာကြံ့ခိုင်စေဖို့ ရေကို ဘယ်လောက်သောက်သုံးရမလည်း ဆိုတာကို သိရှိသွားပြီလို့ ယုံကြည်ပါတယ်။ ကျန်မာရေးနှင့် ကိုက်ညီတဲ့သန့်စင်တဲ့ ရေ သောက်သုံးနိုင်ရန် အတွက်လည်း My Water ကအစဉ်အသင့်ရှိနေပါတယ်ခင်ဗျာ။

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့ 💧

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🇲🇲🌝ဓမ္မစကြာနေ့🌝🇲🇲ယနေ့တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင် မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာ၍ စိတ်...
20/07/2024

🇲🇲🌝ဓမ္မစကြာနေ့🌝🇲🇲

ယနေ့တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင် မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း My Water မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့ 💧

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

ယခုလက်တလော ဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါ အကြောင်း အားလုံးပဲ သိပြီးကြပြီထင်ပါတယ်။ မသန့်ရှင်းတဲ့ အစားစာများစားသုံးခြင်း နှင့်...
09/07/2024

ယခုလက်တလော ဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါ အကြောင်း အားလုံးပဲ သိပြီးကြပြီထင်ပါတယ်။ မသန့်ရှင်းတဲ့ အစားစာများစားသုံးခြင်း နှင့်မသန့်ရှင်းတဲ့ ရေ သောက်သုံးမှုကတဆင့် ဖြစ်ပွားလာတဲ့ ဒီ ရောဂါဟာ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တာမို့ အထူးသတိထား ကာကွယ်ဖို့ သတိပြုပါခင်ဗျာ။

ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် လက်ကို ဆပ်ပြာဖြင့်မကြာခဏ ဆေးကြောသန့်စင်ပေးပါ။ ပြင်ပအစားသောက်များ စားသုံးမှုကိုရှောင်ပါ၊ အစားစာများ အသီးရွက်များကို ကို မစားမှီ သေချာဆေးကြောသန့်စင်ပါ။ အစိမ်းစားခြင်းကို ရှောင်ကြဉ်ပြီး သေချာကျက်အောင်ချက်၍ ပူပူနွေးနွေးစားပါ။ ယင်နားစာများကို ရှောင်ပါ။ တကိုယ်ရည်သန့်ရှင်းမှု အထူးဂရုပြုပြီး ရေကိုလည်း ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် သန့်ရှင်းတဲ့ ရေကို သောက်သုံးပါ။ ရောဂါလက္ခဏာဖြစ်တဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းများသွားပါ နီးစပ်ရာ ကျန်းမာရေးဌာနအား ဆက်သွယ်ပြသပြီး ဆေးကုသမှု ခံယူပါ။

My Water ရေသန့်စက် ကို အသုံးပြုခြင်းဖြင့်လည်း ရောဂါဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို အကောင်းဆုံးသန့်စင်ပေးနိုင်ပြီး သန့်ရှင်းတဲ့ သောက်ရေသန့်ရင်းမြစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးဆုံးအရာတစ်ခုကတော့ ရေ ပါ 💧🏃ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်န...
04/07/2024

ကျွန်တော်တို့ရဲ့ တစ်နေ့တာအတွက် အရေးကြီးဆုံးအရာတစ်ခုကတော့ ရေ ပါ 💧

🏃ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း၊ အသားရည်စိုပြေစေခြင်း၊ အစာချေစနစ်ကို ကူညီပေးခြင်း၊ ကျောက်ကပ်ကိုလည်း ကူညီပံ့ပိုးပေးပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်ကြေးအဆိပ်တောက်များကို လည်း ဖယ်ရှားပေးပါတယ် 💪

💦 60% ရေဓာတ်များဖြင့်ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးအတွက် လိုအပ်တဲ့ ရေဓာတ်ကို အကောင်းဆုံး သန့်ရှင်းစွာနဲ့ သောက်သုံးရအဆင်ပြေစေမယ့် ရေ ရှိဖို့လည်း အရေးကြီးပါတယ်။

ဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် My Water ရေသန့်စက် ကို တပ်ဆင်မယ်ဆိုရင်တော့

🔹မသန့်ရှင်းတဲ့ Impurities တွေဖြစ်တဲ့ ထုံး၊ သံ၊ သဲ ဓာတ်တွေကို သန့်စင်ပေးတဲ့အပြင် ရေထဲမှာပါဝင်တတ်တဲ့ လူတွေကို ဒုက္ခပေးတတ်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကိုလည်း အကောင်းဆုံး သန့်စင်ပေးနိုင်ပါတယ်။

🔹သောက်သုံးရေအတွက် အပိုကုန်စရာမလိုတော့တာမို့ ကုန်ကျစရိတ်သက်သာစေပါတယ်။

🔹အချိန်ကုန် လူပင်ပန်းလည်းသက်သာစေပြီး သောက်သုံးလိုတဲ့ အချိန်တိုင်း သန့်ရှင်းတဲ့ ရေ အရင်းမြစ် အသင့်ရှိနေတာမို့ ပိုမိုလွယ်ကူစေပါတယ်။

🔹မိမိတို့ရဲ့ နေအိမ်၊ အလုပ်၊ ရုံး၊ ဆိုင်ခန်းတွေအတွက် လူ ၇ ဦးစာ လုံလောက်စွာသောက်သုံးရန် အဆင်ပြေခြင်း။

🔹နေရာအထားသိုအတွက် စိတ်ပူစရာမလိုခြင်း။

🔹ဘယ်အချိန်မဆို အကောင်းမွန်ဆုံး Service တွေကို အပြည့်ပေးဖို့အတွက် အသင့်ရှိနေတဲ့ Service Team လည်းရှိတာမို့ အစဉ်အမြဲ ယုံကြည်စိတ်ချရခြင်း စတဲ့အကျိုးကျေးဇူးတွေ များစွာရှိတာမို့ လူကြီးမင်းတို့ရဲ့ သာယာလှပ ကျန်းမာရွှင်လန်းသော နေ့သစ်တွေအတွက် My Water ရေသန့်စက်လေးကအသင့်ရှိနေပါတယ် 💙

ယုံကြည်စိတ်ချစွာတပ်ဆင်နိုင်ပြီး Rental Service လည်း ရှိတာမို့ လူကြီးမင်းတို့ စိတ်တိုင်းကျ ငှားရမ်းပြီးလည်း တပ်ဆင်နိုင်မှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် 💁‍♂️

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🚰 နွေမိုးဆောင်းမရွေး PH Level ကို ထိန်းညှိပေးမယ့် My Water ရေသန့်စက် 🚰နွေရာသီမှ မိုးရာသီ အကူးအ‌ပြောင်းကာလမှာတော့ သောက်သု...
29/06/2024

🚰 နွေမိုးဆောင်းမရွေး PH Level ကို ထိန်းညှိပေးမယ့် My Water ရေသန့်စက် 🚰

နွေရာသီမှ မိုးရာသီ အကူးအ‌ပြောင်းကာလမှာတော့ သောက်သုံးရေသန့်နဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ ‌ရောဂါတွေအဖြစ်များတတ်ပါတယ် 💁🏻

ဒါကြောင့်နေ့စဉ် မိုးရာသီကာလမှာ သောက်ရေသန့်ဘူးနဲ့ပဲ သောက်သုံးနေသေးတယ်ဆိုရင်တော့ ရေနဲ့ ပတ်သတ်နဲ့ ရောဂါဖြစ်နိုင်ခြေများပြားလွန်းတာကြောင့် PH Level မှန်ကိုထိန်းညှိပေးမယ့် My Water ရဲ့ ရေသန့်စက်တပ်ဆင်ထားမယ်ဆိုရင်တော့ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်မှာပါ ✨

⭐ My Water ရေသန့်စက် ရေသန့်စင်တဲ့ အဆင့်တွေကတော့....

Filter (1) PP Filter Element 💯
Filter (2) Granular Activated Carbon Filter Element 💯
Filter (3) Lumpt Filter / Sintered Carbon Filter Core 💯
Filter (4) Reverse Osmosis (RO) Membrane 💯
Filter (5) High Iodine Value Post Carbon 💯
စတဲ့ Filter အဆင့်ဆင့်နဲ့ စစ်ထုတ်ပြီးမှရရှိလာတဲ့ ရေသန့်ဟာ လူကြီးမင်းတို့ ရေရှည်ကျန်းမာရေးအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ 💁🏻

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Tel: 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline: 09 95555 8095, 09 442646819
ကိုဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊ Chatbox မှလည်း အသေးစိတ်‌မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

My Water ရဲ့ Customer Service ဟာဆိုရင်တော့ အသုံးပြုသူ လူကြီးမင်းတို့ရဲ့ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးကို ရှေးရှုထား...
26/06/2024

My Water ရဲ့ Customer Service ဟာဆိုရင်တော့ အသုံးပြုသူ လူကြီးမင်းတို့ရဲ့ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးကို ရှေးရှုထားပြီး

✅ 24/7 Customer Care
✅ တိကျမြန်ဆန်တဲ့ Service Team
✅ နွေးထွေးပျူငှာတဲ့ ဂရုစိုက်မှုများနဲ့အတူ လူကြီးမင်းတို့အတွက်အမြဲ ရှိနေပြီပဲ ဖြစ်ပါတယ်။

Phone Number များဖြစ်တဲ့
Tel ☎️ : 01 2302088, 01 2302234, 09 95555 8065, 09 95555 8075
Hotline 📱 : 09 95555 8095, 09 442646819
ကို ဆက်သွယ်မေးမြန်းတပ်ဆင်လို့ရသလို၊

Page Messenger မှ တစ်ဆင့်လည်း စိတ်တိုင်းကျ မေးမြန်းနိုင်ပါတယ်ခင်ဗျာ ❤️

ရေသန့်စက်တပ်မယ်ဆို My Water ကိုသာ သတိရလိုက်ပါ ✨

#သန့်ရှင်းသော‌ရေနှင့်ကျန်းမာသောဘဝများသို့

"My Water" AUNG THAKHIN TRADING
အမှတ် (၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Address

36, Than Ta Man Road, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09 955558095

Website

Alerts

Be the first to know and let us send you an email when My Water posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share