USA FDA 100% ရှီးပတီး

USA FDA 100% ရှီးပတီး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from USA FDA 100% ရှီးပတီး, No(182/B),Mingalar Thukha Street, (46)ward,North Dagon, Yangon, Yangon.

13/05/2023
16/09/2022

မင်္ဂလာညချမ်းလေးပါရှင်
ကိုယ်စိတ်နှစ်ဖြာရွှင်လမ်းချမ်းမြေ့ကြပါစေရှင်

 #သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်က အ‌ေရးကြီးသလိုအဆောက်အအုံတစ်ခုမှာ အုတ်မြစ်က အရေးကြီးသလိုလူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါ...
27/04/2022

#သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်က အ‌ေရးကြီးသလို
အဆောက်အအုံတစ်ခုမှာ အုတ်မြစ်က အရေးကြီးသလို
လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ်(Calcium) ဓာတ်အကြောင်း 🦷
Calcium ဓာတ်ဆိုတာ လူသားတွေအပါအဝင် သက်ရှိအားလုံးလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ပမာဏအများဆုံးရှိတဲ့ သတ္ထုဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ Calcium ဟာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးနဲ့သွားများ ကျန်းမာသန်စွမ်းအောင် အဓိကလုပ်ဆောင်ပေးတာဖြစ်ပြီး ကြွက်သားလှုပ်ရှားမှု‌နဲ့ နှလုံးသွေးကြောဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း ပါဝင်ကူညီပေးပါတယ် 💪
ဒီလိုမျိုး ခန္ဓာကိုယ်အတွက် အရေးပါတဲ့လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးတဲ့အတွက် လူတစ်ယောက်မှာ Calcium ဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အသက်အရွယ်အလိုက် တစ်နေ့ကို ရှိထားသင့်တဲ့ Calcium ဓာတ်ပမာဏတွေကတော့ -
✅Men
အသက် 19-50 နှစ် - 1,000 mg
အသက် 51-70 နှစ် - 1,000 mg
အသက် 51 နှစ်နှင့်အထက် - 1,200 mg
✅ Women
အသက် 19-50 နှစ် - 1,000 mg
အသက် 51 နှစ်နှင့်အထက် - 1,200 mg တို့ပဲဖြစ်ပါတယ်။
📌 Calcium ဓာတ်ပြည့်ဝစေဖို့ ဘာတွေစားသောက်ကြမလဲ ?
အစာစားတဲ့အခါမှာ မိမိခန္ဓာကိုယ်အတွက် လုံလောက်တဲ့ Calcium ဓာတ်ရရှိစေဖို့ ချိစ်၊ နို့နဲ့ ဒိန်ချဉ်တို့လို နို့ထွက်အစားအစာများ၊ အစိမ်းရောင်ရှိတဲ့အသီးအရွက်များ၊ ဆဲလ်မွန်ငါး၊ ဆာဒင်လိုမျိုး အရိုးပါဝါးစားနိုင်တဲ့ငါးများ၊ ပဲနို့၊ အစေ့အဆန်များကို ရွေးချယ်စားသုံးနိုင်ပါတယ်။
ဒါ့အပြင် Diet လုပ်နေသူများ၊ နို့နဲ့ဓာတ်မတည့်သူများ၊ Vegetarian များအနေနဲ့လည်း စိတ်ချယုံကြည်ရတဲ့ Calcium Supplement များကို မိမိရဲ့ဓာတ်ပမာဏလိုအပ်ချက်အလိုက် မှီဝဲသုံးစွဲနိုင်ပါတယ်။
TIens Organic Calcium (၄)မျိုး
၁/ဦးနှောက်အားပေး ကယ်လ်ဆီယမ်(Lecithin Calcium)
၂/လူကြီးကယ်လ်ဆီယမ်
၃/ကလေး ကယ်လ်ဆီယမ်
၄/ဆီးချိုကယ်လ်ဆီယမ်
ကျန်းမာရေးဟာ လူတိုင်းအတွက် နံပါတ်တစ် ဦးစား‌ပေးဖြစ်လို့ အားလုံးပဲ ကျန်းမာရေးအသိ၊ သတိရှိကြဖို့မမေ့ကြပါနဲ့နော် 💖


FDA 100% ရှီးပတီး
Photo

အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ...
21/04/2022

အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း

အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထုတ်ပေးမှသာ ဂက်စ်များ လျော့နည်းနိုင်သည်။ တစ်နေ့လျှင်ခြောက်ကြိမ်မှ အကြိမ်(၂၀)အထိ လေလည်ခြင်းသည် ပုံမှန်ဖြစ်သည်။
မျိုချစဉ်ရောပါသည့်လေ၊ အစားအစာနှင့် ဖျော်ရည်၊ ၀မ်းချုပ်ခြင်း၊ ဆေးဝါး၊ ဓာတ္စာ၊ အူရောင် ရောဂါ၊ အူလမ်းကြောင်းကျဉ်းခြင်း၊ ဟော်မုန်းအပြောင်းအလဲရှိခြင်းတို့ကြောင့် အူလမ်းကြောင်းအတွင်း ဂက်စ်ထလာတတ်သည်။

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ သခြားသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပဲ၊ အာလူး၊ ကညွတ်၊ မုန္လာဥ၊ ကွမ်းသီး၊ ဆီးသီး၊ ငှက်ပျောသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်းသီး၊ ပန်းသီး၊ ဂျုံ၊ ဥ၊ ကာဗွန်ပါသည့် အချိုရည်များ၊ သစ်သီးဖျော်ရည်များ၊ ဘီယာ၊ ၀ိုင်နီ၊ အကြော်အလှော်များ၊ သကြား၊ နို့တို့ကြောင့် လေပွတတ်သည်။
နို့၊ ပေါင်မုန့်၊ ကွေကာအုတ်၊ အသုတ်တို့ကဲ့သို့ လက်တို့စ်ဓာတ်ပါ၀င်သောအစားအစာများကို ချေဖျက်ရန် လက်တေ့စ်အင်ဇိုင်းမရှိသူများ တွင်လည်း လေပွတတ်သည်။

လေပွပြီး မစွန့်ထုတ်နိုင်ပါက ဗိုက်နာခြင်း ၊ အစာမစားနိုင်ခြင်းတို့ ဖြစ်တတ်သည် ။ လေပွတတ်သူများ သည် လေလည်ပေးရန်လိုသည် ။ လူ အများကြား၌ဖြစ်စေ၊ ခရီးသွားစဉ်ဖြစ်စေ ၊ လေလည်ရန် မလွယ်ပါက လေပွတတ်သည့် အစားအစာမ်ားကို ဆင်ခြင်စားသုံးရန်လိုသည် ။

Semithacone ပါ၀င်သော ဆေးများသောက်သုံးခြင်းဖြင့်လည်း လေထိုး၊ လေအောင့်သက်သာစေသည်။ ကလေးငယ်များအတွက် Semithacone ဆေးရည်၊ လူကြီးများ အတွက် ဆေးပြားစသည်ဖြင့် သုံးစွဲနိုင်သည် ။ ဂက်စ်ပူဖောင်းများကို Semithacone က ချေ ဖျက်ပေး နိုင်သောကြောင့် လေနာ ထတတ် သူမ်ား ဆောင်ထားသင့်သည် ။

: Health Updates Journal
Photo

အရေပြားယားယံခြင်းအရေပြားယားယံခြင်းကို လူတိုင်းတွင် တွေ့လေ့တွေ့ထ ဖြစ်တက်ကြသည့် ကျန်းမာရေး အကြောင်းများစွာထဲမှာ အရေပြားနှင...
19/04/2022

အရေပြားယားယံခြင်း

အရေပြားယားယံခြင်းကို လူတိုင်းတွင် တွေ့လေ့တွေ့ထ ဖြစ်တက်ကြသည့် ကျန်းမာရေး အကြောင်းများစွာထဲမှာ အရေပြားနှင့်ဆိုင်ရာ အရေပြားယားယံခြင်း (itch)များ ဖြစ်တက်ကြပါသည် ။

ယားယံခြင်း အကြောင်းများစွာများ အနက် အဖြစ်များတက်ကြသည်မှာ အင်းဆက်ကိုက်ခြင်းကြောင်း ယားယံခြင်း ၊ ဗီတာမင်ချိုးတဲခြင်း ၊ ဆေးဝါးများကြောင်းနှင့်အလှကုန်ပစ္စည်းများသုံးစွဲခြင်း ၊ အရေပြားနာကြောင့် ယားယံခြင်း ၊ တစ်ခြားတစ်ဦးမှ ကူးစက်မှု့ကြောင့် ယားယံခြင်း ၊ အစားသောက်ကြောင့် ယားယံခြင်း ၊ သွေးယားတက်ခြင်းများ အစရှိသည့်အပြင် သန်းရောဂါ ကပ်ပါးပိုးရောဂါများ၊ နှင်းခူ ပွေး ယာနာ ဝဲ ကဲ့သို့ အရေပြားမှိုရောဂါကြောင်း အရေပြားယားယံခြင်းများ ဖြစ်ပေါ်တက်ကြပါသည် ။ ဝဲ ၊ ယားနာများသည် ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တက်ပါသည် ။

ရာသီဥတု ပူလွန်း အေးလွန်ခြင်း ၊ နေလောင်ခြင်း ၊ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းချွေးများထွက်ခါ အပြင်လေထုအတွင်းမှ ဓာတ်မတည့်သည့်အခါ မျိုးတွင် (allergies )ဖြစ်ပေါ်ခြင်း နှင့် အင်ပျဉ်ယားနာ (hives ) ကဲ့သို့ဖြစ်ပေါ်တက်သလို တစ်ချို့တစ်ကိုယ်ရည်သုံး ခေါင်းလျှော်ဆပ်ပြာရည် ကိုယ်သုံး ဆပ်ပြာရည် ၊ မျက်နှာသုံးသန့်စင်ချေးချွတ်အရည်များကြောင့် တစ်ခဏအတွင်း နီမြဲရောင်ရမ်းခြင်းတို့သည့် မိမိအသုံးဆောင်ပစ္စည်းကြောင့် ယားယံဖြစ်ပေါ်တက်ပါသည် ။

ကပ်ပါးပိုးကြောင့်နှင့်အရေပြားမှိုကူးစက်ခြင်းမရှိဘဲ ဟော်မုန်းဓာတ်ချို့တဲ့ခြင်းကြောင့် ယားယံခြင်း ဖြစ်ပေါ်တက်ပါသည် ။

အမျိုးသမီးများအသက်အရွယ်အရ( menopause) သွေးဆုံးချိန်နီးရင်လည်း ဟော်မုန်းဓာတ်ချို့တဲ့အခါတွင် ယားယံတက်ပါသည် ။

အရေပြားပေါ်တွင် ယားယံအဖုများ ၊ အနာဖြစ်ခါယားယံချိန်တွင် အမွှေးအနံ့များပါဝင်များသည် ကိူယ်တိုက်ဆပ်ပြာ ကိုယ်သုံးဆပ်ပြာအရည်များ သုံးစွဲပါက အရေပြားခြောက်သွေ့ခါ ယားယံခြင်းဖြစ်စေသဖြင့် သာမန်ရိုးရိုးဆပ်ပြာနှင် ကလေးငယ်သုံးဆပ်ပြာများသာ သုံးစွဲသင့်ပါသည် ။

ယားယံမှု့ကြောင့် ညပိုင်း အိပ်ပျော်နေစဉ်တွင် ကုတ်မိတက်သောကြောင့် ခြေသည်း လည်သည်းများကို အရှည်မထားရပါ ။ တစ်ကိုယ်ရည်သန့်ရှင်း ဂရုစိုက်နေသင့်ပါသည် ။ အရေပြားဆိုင်ရာ လိမ်းဆေး လိမ်းသည့် အခါ မိမိဖြစ်ပေါ်နေသည့် ရောဂါအနေအထားအရ တစ်ချို့ရောဂါများတွင် အချိန်ကာလ ကြာမြင့်စွာ လိမ်းပေးရပါသည် ။ အရေပြားအနာများ သက်သာ မယားသဖြင့် ဆေးလိမ်းခြင်း မရှိပါက ပြန်လည်ဖြစ်ပေါ်တက်ပါသည် ။

အရေပြားယားယံခြင်း ဖြစ်တက်ပါက အစားအသောက်ရှောင်ရှားသင့်သည်မှာ ပင်လယ်အစားအစာ နှင့် တွင်းအောင်သတ္တဝါ အသားများသည် ယားယံခြင်းဖြစ်ပေါ်စေတက်သောကြောင့် ရှောင်ရှား စားသောက် သင့်ပါသည် ။

To: Mg Mandalay
Photo

နှစ်ဟောင်းကုန်လို့ .... နှစ်သစ်အစမှာ.....အကုသိုလ်ဖယ်ရှား.....ကုသိုလ်​တွေပွားများနိုင်​သောစိတ်သစ်လူသစ်ဖြင့် နှစ်သစ်မှာ ​လ...
13/04/2022

နှစ်ဟောင်းကုန်လို့ ....
နှစ်သစ်အစမှာ.....
အကုသိုလ်ဖယ်ရှား.....
ကုသိုလ်​တွေပွားများနိုင်​သော
စိတ်သစ်လူသစ်ဖြင့် နှစ်သစ်မှာ ​လျောက်လှမ်းနိုင်သူ​တွေဖြစ်ကြပါ​စေလို့ မင်က ဆု​တောင်း​မေတ္တာပို့သအပ်ပါတယ်ရှင်..
အားလုံးပဲကိုယ်​ရောစိတ်ပါ ကျန်းမာချမ်းသာကြပါ​စေ
FDA 100% ရှီးပတီး
Photo

ချစ်ရပါသော အနယ်နယ်အရပ်ရပ်မှ ချစ်ရပါ​သော Customer များရှင့်.....ကျမတို့ Page မှ ကျန်းမာ​ရေး အာဟာရထုတ်ကုန်များကို သကြန်ကာလ...
10/04/2022

ချစ်ရပါသော အနယ်နယ်အရပ်ရပ်မှ ချစ်ရပါ​သော Customer များရှင့်.....

ကျမတို့ Page မှ ကျန်းမာ​ရေး အာဟာရထုတ်ကုန်များကို သကြန်ကာလအတွင်း မှာယူသူများအား Order ဆက်လက် လက်ခံ​ပေးမှာဖြစ်ပြီး မှာယူထား​သော ပါဆယ်များအား အခါကြီးရက်အပြီး Royal deli service များ ရုံးပြန်ဖွင့်ရက်များမှသာ ပုံမှန်အတိုင်း ဆက်လက်ပို့​ဆောင်​ပေးသွားမှာဖြစ်ပါတယ်ရှင်....
အား​ပေးသူ အ​ယောက်စီတိုင်းအား ​ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...
🙏သကြန်ကာလအတွင်း ကျန်ူမာစွာအနားယူအားဖြည့်နိုင်ကြပါ​စေရှင်..

🙏နှစ်သစ်အစ ကုသိုလ်တရားများကို စု​ဆောင်းအစပျိုးနိုင်ကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်း​ပေးအပ်ပါတယ်ရှင်...
🙏နှစ်သစ်နဲ့အတူ ရွှင်လန်းချမ်း​မြေ့ကြပါ​စေရှင်...

❣အားလုံးကိုချစ်ခင်​ကျေးဇူးတင်လျှက်...
FDA 100%ရှီးပတီး

ဆီးကျောက်တည်ရောဂါလက္ခဏာများ---------------------------------အချို့လူများတွင် ဆီးကျောက်တည်ရောဂါ ဖြစ်နေသော်လည်း မည်သည့်လက္...
21/03/2022

ဆီးကျောက်တည်ရောဂါလက္ခဏာများ
---------------------------------
အချို့လူများတွင် ဆီးကျောက်တည်ရောဂါ ဖြစ်နေသော်လည်း မည်သည့်လက္ခဏာမှမပြဘဲ နေနိုင်ပါသည်။ ကျောက်ကပ်ဆိုသည်မှာ နှစ်ခုရှိပြီး တစ်ခုတည်းနှင့်လည်း အသက်ရှင်နိုင်သည့်အတွက် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသည်အထိ ကျောက်တည်နေသည့်တိုင် မသိရှိခြင်းများလည်း ဖြစ်နိုင်ပါသည်။ များသောအားဖြင့် ကျောက်တည်လျှင် သူနှင့်ဆိုင်သည့် ရောဂါလက္ခဏာများ ပြလေ့ရှိပါသည်။ ဖြစ်ပွားသည့် ကျောက်အမျိုးအစား၊ ဖြစ်ပွားသည့်နေရာ၊ ကျောက်အရေအတွက် အနည်းအများ၊ ဖြစ်ရသည့်အကြောင်းရင်းနှင့် ပူးတွဲဖြစ်ပေါ်လေ့ရှိသည့် နောက်ဆက်တွဲ ပြဿနာများပေါ် မူတည်ပြီး ရောဂါလက္ခဏာများလည်း ကွဲပြားနိုင်ပါသည်။ များသောအားဖြင့် နောက်ကျောဘက်တွင် မခံမရပ်နိုင်အောင် နာကျင်လာပြီး ခါးဘေးဘက်မှစကာ ပေါင်ခြံအတွင်းပိုင်းခန့်အထိ ရွေ့ပြီး နာတတ်ပါသည်။ ဆီးသွားလျှင် အနည်များပါလာတတ်ပြီး အချို့တွင်လည်း ပြည်ကဲ့သို့ အဖတ်များ ပါလာတတ်ပါသည်။ ဆီးအရောင်မှာ နီရဲလာပါက ဆီးအတွင်း သွေးပါလာသောကြောင့်ဖြစ်၍ ဆီးကျောက်တည်ရောဂါ ဖြစ်နိုင်သည့် အလားအလာများပါသည်။ ဆီးလမ်းကြောင်း မကြာခဏပိုးဝင်ကာ အဖျားတက်၍ ချမ်းစိမ့်စိမ့် ဖြစ်တတ်ပါသည်။ ဤကဲ့သို့ ဖြစ်လာပါက နီးစပ်ရာ ဆေးပညာရှင်နှင့်ပြသပြီး ရောဂါအမှန်ကို ရှာဖွေကုသရန် လိုအပ်ပါသည်။
ဆီးကျောက် ရှိ/မရှိကို
🔹ဝမ်းဗိုက်နှင့် ဆီးခုံတစ်ဝိုက်၌ အာထရာဆောင်း ရိုက်ခြင်း
(Ultrasound abdomen and pelvis)
🔹ကျောက်ကပ်၊ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ကို ရိုးရိုးဓာတ်မှန် ရိုက်ခြင်း
(Plain X-ray KUB)
🔹ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတစ်လျှောက် ဆေးဓာတ်မှန် ရိုက်ခြင်း
(IVP: Intravenous Pyelogram)
🔹စီတီဓာတ်မှန် ရိုက်ခြင်း
(CT scan)
🔹အမ်အာအိုင် ရိုက်ခြင်း
(MRI: Magnetic Resonance Imaging)
စသဖြင့် သိရှိနိုင်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup
ဒေါက်တာခင်မောင်လွင်
Photo

အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်အသည်းဆိုသည်မှာ လူ့ခန္ဓါကိုယ်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အစိတ်အပို...
05/03/2022

အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်
အသည်းဆိုသည်မှာ လူ့ခန္ဓါကိုယ်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။ စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ ဆေးတွေ အားလုံးအသည်းတွင် အရင်ဖြိုခွဲပြီးမှ ကျန်ခဲ့သော အာဟာရဓါတ်များသည် သွေးကြောထဲသို့ရောက်ကာ လိုအပ်သော တစ်ရှူးများ ဆဲလ်များဆီသို့ ုသွားရပေသည်။ အသည်းသည် ကိုယ်ထဲရှိ အခြားမကောင်းသော ဓါတု ပစ္စည်းများကို စွန့်ထုတ်ပေးခြင်း၊ သောက်လိုက်သော ဆေးများကို ဖြိုခွဲပေးခြင်း၊ သည်းခြေရည် ထုတ်ပေးခြင်းနှင့် သွေးခဲရန်အတွက်လိုအပ်သော ပရိုတင်းဓါတ်များကို ထုတ်ပေးခြင်းများပြုလုပ်သည်။ ဤမျှ အလုပ်များသောအသည်းသည် လူတို့၏ မဆင်မခြင် နေထိုင်မှုများတချို့ကြောင့် ထိခိုက်သွားပြီး လုပ်စရာရှိသော တာဝန်များ ကိုကောင်းကောင်းမလုပ်နိုင်တော့ပေ။ အချိန်ကြာလာသည်နှင့် အမျှ အသည်းဆိုးဆိုးဝါးဝါး ထိခိုက်လာပြီး အသက်သေဆုံးသည် အထိ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ရန် အသည်းကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အပြုအမူ (၅)ချက်ကို ပြောပြချင်ပါသည်။
၁ ။ အရက် အလွန်အကျွံသောက်ခြင်း။
အရက် အလွန်အကျွံသောက်ခြင်းသည် အသည်းကို အဓိက ဒုက္ခပေးနေသော အရာဖြစ်သည်။ အရက်အလွန်အကျွံသောက်လိုက်ခြင်းဖြင့် အရက်မှပါသည့်အဆိပ်အတောက်များကို အသည်းက အဆိပ်လျော့သွားအောင် လုပ်ပေးနေရ၍ အခြားသော တာဝန်များကို ကောင်းမွန်စွာ မလုပ်နိုင်တော့ပေ။ ပြင်းအားလျော့သွားသောအဆိပ်သည်ပင် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းများကို ဖြစ်စေနိုင်သေးသည်။ ထို့အပြင်သောက်လိုက်သော အရက်ကို ဖြိုခွဲရာမှ ထွက်လာသော ဓါတု ပစ္စည်းများသည် အသည်း ဆဲလ်လေးများကို ထိခိုက်စေသည်။ ထိခိုက်သွားသော ဆဲလ်များနေရာတွင် ဆဲလ် အသစ်များ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်သည့်သက်တမ်းကြာလာသည်နှင့်အမျှ အသည်းဆဲလ်များထိခိုက်ခြင်း သည်ပြန်မကောင်းနိုင်တော့ပေ။ နောက်ပိုင်းတွင် ကုသဖို့ ခက်ခဲသော အသည်းခြောက်ခြင်းဖြစ်လာတော့သည် ။ အသည်းခြောက်သွားလျှင် အသည်း၏လုပ်ဆောင်ချက်များ လုံးဝ ပျက်စီးသွားမည်ဖြစ်သည်။ တစ်ဖန် ထိခိုက်သွားသော ဆဲလ်များ ပြန်ကောင်းအောင် အသည်းက အပြင်းအထန်ကြိုးစားခြင်းဖြင့် ဆဲလ်များပုံမှန် မဟုတ်တော့ဘဲ ပိုပွားကာ အသည်းကင်ဆာ ပင်ဖြစ်စေတတ်ပါသည်။
၂ ။ ဆေးများကို လိုအပ်သော ပမာဏထက်ပို၍ သောက်မိခြင်း။
အသည်းသည် ပါးစပ်မှ သောက်လိုက်သော ဆေးများ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများကို ဒိုင်ခံ ဖြိုခွဲပေးနေသော အရေးပါသည့်ကိုယ်အဂါၤ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုဆေးများကို အသည်းမှ လက်ခံနိုင်သော ပမာဏထက်ပို၍ သောက်မိပါက အသည်းကို ထိခိုက်စေပြီး နောက်ဆုံးတွင် အသည်းလုံးဝပျက်စီးသွားသည်အထိ ဖြစ်တတ်သည်။ အသည်းကို ထိခိုက်စေသည့် နာမည်ကြီး ဆေးတစ်ခုဖြစ်သောacetaminophen ဖြစ်သည်။ ထိုဆေးကို ဈေးကွက်တွင် အလွယ်တကူ ဝယ်၍ရနေသောကြောင့် ဖျားနာကိုက်ခဲခြင်းများဖြစ်ပါက လူအများ ကိုယ့်သဘောနှင့်ကိုယ် ဝယ်သောက်နေကြသည်။ acetaminophenကို သောက်သင့်သော ပမာဏ အတွင်းကသာ သောက်မည်ဆိုလျှင် ဘေးမဖြစ်စေပါ။ သို့သော် ပမာဏများများကို ရက်ကြာကြာသောက်မိလျှင် သင့်အသည်းစတင်ပျက်စီးလာပါတော့သည်။ အချို့ သော တိုင်းရင်းဆေး၊ ဖြည့်စွက်စာများကို လိုအပ်သည်ထက် ပို၍သောက်မိလျှင်လည်း အသည်းကို ထိခိုက်စေနိုင်သည်။ နာမည်ကြီး နောက်တစ်ခုမှာ ဗီတာမင် A များ လိုအပ်သည်ထက် ပို၍ သောက်မိခြင်းကြောင့် အသည်းတွင် အဆိပ်အတောက်ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးများဝယ်သောက်မည်ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ခြင်း သို့မဟုတ် ဆေးဘူးနောက်ကျောတွင် သောက်သင့်သော ပမာဏနှင့် အသည်းကို ထိခိုက်နိုင်သည့်ဘေးထွက်ဆိုးကျိုးများ ရှိ၊မရှိ တစ်ချက် ဖတ်ကြည့်သင့်ပါသည်။
၃ ။ ဆေးလိပ်သောက်ခြင်း။
သင်ကျန်းမာသော ဘဝ တစ်ခုကို ပိုင်ဆိုင်လိုလျှင် ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်သင့်သည်။ ဆေးလိပ်တွင် ပါဝင်သော ဓါတုပစ္စည်းများသည် အသည်းကို သွယ်ဝိုက်သောနည်းဖြင့် ဒုက္ခပေးနိုင်သည်။ ဆေးလိပ်သောက်လိုက်ခြင်းဖြင့် ကိုယ်ထဲဝင်သွားသော အဆိပ်များက အသည်းသို့ရောက်သွားပြီး အသည်း၏ ဆဲလ်များကို ထိခိုက်စေကာ ဆဲလ်တွင်အမာရွတ်များဖြစ်စေသည်။ သောက်သည့် သက်တမ်းကြာလာသည်နှင့် အမျှ ထိခိုက်သွားသော ဆဲလ်များလည်း များလာ၊ အမာရွတ်ဆဲလ်များလည်းများလာပြီး အသည်းဆဲလ်များခဲသွားကာ အသည်း၏ ပုံမှန်လုပ်ဆောင်ချက်များ ပျက်စီးသွားပါတော့သည်။
၄ ။ အိပ်ရေးပျက်များခြင်း။
အိပ်ရေးပျက်တာ များလာလျှင် ပေါ်လာသော oxidative stress ဖိအား တစ်မျိုးသည် အသည်းကိုထိခိုက်စေသည်။ လေ့လာချက်များအရ အိပ်ရေးပျက်ခြင်းသည် အသည်းကို ထိခိုက်နိုင်သည့်အပြင် အဝလွန်ခြင်း၊ နှလုံးရောဂြါဖစ်ခြင်း၊ နှင့် ဆီးချိုရောဂါများကိုပါ ဖြစ်စေနိုင်သည်။ အိပ်ချိန်ပြည့်ဝစွာ မအိပ်လျှင် အသည်းတွင် အဆီများစုလာကာ အသည်း အဆီဖုံးလာပြီး အဆိပ်များစွန့်ထုတ်ခြင်းလုပ်ငန်းစဉ်သည်လည်း ယိုယွင်းလာတော့သည်။ ထို့ကြောင့်အရွယ်ရောက်သူ တစ်ဦးအနေနှင့်တစ်နေ့လျှင် အိပ်ချိန် ၇ နာရီမှ ၉ နာရီအတွင်း ရှိသင့်ပါသည်။
၅ ။ အဝလွန်ခြင်းနှင့် အစားအသောက်များ မဆင်မခြင် စားခြင်း။
အစားအသောက်များ မဆင်မခြင်စားခြင်း၊ အဆီများသော အစားအသောက်များ စားခြင်းနှင့် အဝလွန်ခြင်းသည် ဆက်စပ်နေသည်။ ဆီကြော်စာများ အဆီများသော အစားအစာများ စားမိခြင်းကြောင့် အသည်းတွင် အဆီများစုလာခြင်းကို (အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း) ဟုခေါ်သည်။ ပုံမှန်အားဖြင့် အသည်းသည် သွေးထဲရှိ သကြားနှင့် အဆီများကို ထိန်းညှိပေးသည်။ သို့သော် အဝလွန်သောသူများတွင် အသည်းဆဲလ်များတွင်ပင် အဆီများစုနေတတ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အသည်းဆဲလ်များ ရောင်လာပြီး သွေးတွင်းရှိ အဆီဓါတ်များကို အသည်းက ထိန်းညှိမပေးနိုင်တော့ပါ။ အချို့သော လေ့လာမှုများတွင် သကြားသည် အရက်ကဲ့သို့ပင် အသည်းကို ဒုက္ခ ပေးနိုင်ပါသည်။ ထိုကြောင့် အသည်းကျန်းမားရေးအတွက် အချိုလျှော့စားခြင်း၊ အချိုရည်လျှော့သောက်ခြင်း၊ သကြားလုံးများလျှော့စားခြင်း၊ အဆီများသော အစားအစာများလျှော့စားခြင်းနှင့် ဝိတ်ချခြင်းများ ပြုလုပ်သင့်ပါသည်။
အသည်းပျက်စီးမှုများကိုဘယ်လိုကာကွယ်မလဲ။
ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အသည်းပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါ။ ပြန်ကြော်ဆီများ၊ ငရုတ်သီးအခြောက်မှုန့်များ၊ မသန့်ရှင်းသည့် လမ်းဘေးစာများကို ရှောင်ရပါမည်။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
အရက်သောက်တာကို လျှော့ချပါ။ အရက်က ပမာဏ ဘယ်လောက်နည်းနည်း အသည်းကိုထိခိုက်စေသည်လို့ နောက်ပိုင်းသုတေသနတွေကဆိုပါသည်။ လုံးဝမသောက်ဘဲမနေနိုင်ရင်တော့ နည်းနိုင်သမျှ နည်းနည်းလျှော့ချပါ။
ဆေးဝါးတွေကိုအလွန်အကျံသောက်သုံးတာ၊ ကိုယ့်သဘောနဲ့ကိုယ်သောက်သုံးတာမျိုးတွေ မလုပ်ပါနဲ့။
ဆေးလိပ်မသောက်ပါနဲ့။
အိပ်ရေးဝဝအိပ်ပါ၊ စိတ်ဖိစီးမှုကိုလျှော့ချပါ။
အသည်းအတွက် ပြည့်ဝတဲ့အာဟာရနဲ့ ဖြည့်စွက်စာတွေ စားသောက်ပေးပါ။
Health Group
Photo
FDA 100% ရှီးပတီး

မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအက်ပါသည်။တောင်သူဦးကြီးများ ဆန်ရေစပါးပေါကြွယ်ဝ စီးပွားလာဘ်လာဘတွေ ဒီ‌ရေအလာ...
02/03/2022

မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအက်ပါသည်။

တောင်သူဦးကြီးများ ဆန်ရေစပါးပေါကြွယ်ဝ စီးပွားလာဘ်လာဘတွေ ဒီ‌ရေအလား တိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးအက်ပါသည်ရှင်

FDA 100% ရှီးပတီး

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔   👉 (၁) နံနက်စာ မစားခြင်း။   👉(၂) ဆား စားသုံးမှု များနေခြင်း။   👉(၃) ဆေးလိပ်သော...
25/02/2022

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔
👉 (၁) နံနက်စာ မစားခြင်း။
👉(၂) ဆား စားသုံးမှု များနေခြင်း။
👉(၃) ဆေးလိပ်သောက်ခြင်း။
👉(၄) ရေသောက်နည်းခြင်း။
👉(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
👉(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
👉(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
👉(၈) အသားများကို အလွန်အကျွံစားခြင်း။
👉(၉) အရက်အလွန်အကျွံသောက်ခြင်း။
👉(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________
#ပိုမိုလေ့လာရန်

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတလေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

Uploader
Photo
FDA 100%ရှီးပတီး

Address

No(182/B),Mingalar Thukha Street, (46)ward,North Dagon, Yangon
Yangon
11421,11422

Telephone

+959756150041

Website

Alerts

Be the first to know and let us send you an email when USA FDA 100% ရှီးပတီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to USA FDA 100% ရှီးပတီး:

Share