Gold and Silver Modern Furniture

Gold and Silver Modern Furniture Gold and Silver Modern Furniture

 #သံကုတင်‌လေးတွေပါရှင်📍ဈေးလေး‌တွေချပေးထားပါတယ်ရှင်📍💓ရုံးအတွက်ပဲ သုံးမလား💓အိမ်အတွက်ပဲ သုံးမလား💓ကျောင်းအတွက်ပဲ သုံးမလား 💓အ...
09/12/2023

#သံကုတင်‌လေးတွေပါရှင်
📍ဈေးလေး‌တွေချပေးထားပါတယ်ရှင်📍
💓ရုံးအတွက်ပဲ သုံးမလား
💓အိမ်အတွက်ပဲ သုံးမလား
💓ကျောင်းအတွက်ပဲ သုံးမလား
💓အဆောင်အတွက်ပဲ သုံးမလား သံသားအထူသား သံကုတင်လေးတွေ ရှိပါတယ်ရှင်

☎️☎️ဖုန်းတစ်ချက်ဆက်ရုံပဲနော်♥️
Contact No.09797626908
09666650657

⛔Order တင်ပြီး ပစ္စည်းများအား Cancel လုပ်ခြင်း သည်းခံပါရှင်⛔

🏘️ Gold and Silver Modern Furniture မှ အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီရှင် 🚚🚚🚚

“အမျိုးသားနေ့”🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲🔸 ၁၃၈၅ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် 🔸🔸 (၇ . ၁၂ . ၂၀၂၃) ကြာသပတေးနေ့တွင် ကျရော...
07/12/2023

“အမျိုးသားနေ့”

🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲 🇲🇲

🔸 ၁၃၈၅ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် 🔸

🔸 (၇ . ၁၂ . ၂၀၂၃) ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃)ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။



&Silver #အမျိုးသားနေ့

ဝါဆိုလပြည့်🙏(ဓမ္မစကြာအခါတော်နေ့)🙏🗓​မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် ၊ ခရစ်နှစ်၂၀၂၃ခုနှစ် ၊ သြဂုတ်လ ၁ ရက် နေ့မှာ ကျရောက်သော ဒုတိ...
01/08/2023

ဝါဆိုလပြည့်🙏(ဓမ္မစကြာအခါတော်နေ့)🙏

🗓​မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် ၊ ခရစ်နှစ်၂၀၂၃ခုနှစ် ၊ သြဂုတ်လ ၁ ရက် နေ့မှာ ကျရောက်သော ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)မှာ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ကုသိုလ်ကောင်းမှုတွေလုပ်ရင်း စိတ်နှလုံးရွှင်လန်းလို့ ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာပြီး ဘေးရန်ကင်းကွာ လိုအင်ဆန္ဒ တွေ ပြည့်စုံကြပါစေကြောင်း Gold and Silver Modern Furniture မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#ဝါဆိုလပြည့်
&SFurniture

19/07/2023
အိမ်‌ခေါင်မိုးနဲ့တူတဲ့ အဖေ********************ဖတ်ကြည့်နော်...June( 18 )ရက်နေ့ဟာ...အဖေများ အားလုံးကို ဂုဏ်ပြုထားတဲ့ အဖေမျ...
18/06/2023

အိမ်‌ခေါင်မိုးနဲ့တူတဲ့ အဖေ
********************
ဖတ်ကြည့်နော်...

June( 18 )ရက်နေ့ဟာ...
အဖေများ အားလုံးကို ဂုဏ်ပြုထားတဲ့
အဖေများနေ့ ဖြစ်ပါတယ်။

#အဖေတွေရဲ့ အကြောင်းကို
အဓိပ္ပါယ်ဖွင့်ဖို့
အိမ်တစ်လုံးအကြောင်းနဲ့
နှိုင်းယှဉ်ပြချင်ပါတယ်။

#မိသားစုဆိုတာ...
အိမ်တစ်လုံးနဲ့တူမယ်လို့
မြင်ယောင်ကြည့်လိုက်မယ်ဆိုရင်

#အဖေဆိုတာက...
အိမ်ခေါင်မိုးပဲ ဖြစ်မှာပါ။

#အ မေ က တော့
ခေါင်းအုံးတစ်လုံးနဲ့ တူပါတယ်။

ခေါင်းအုံးပေါ်
ညတိုင်း အိပ်စက်အနားယူမယ်။
ဝမ်းနည်းတဲ့အခါ မှောက်ငိုမယ်။
ခေါင်းအုံးလေးက နွေးထွေးတယ်။
နီးကပ်တယ်။
ဒါကြောင့်
နေ့တိုင်း
ခေါင်းအုံးလေးကို ကျေးဇူးတင်တယ်။

ဒါပေမဲ့
အိမ်ခေါင်မိုးကြီးကြောင့်
မိုးလုံနေတာကို မမေ့ပါနဲ့။

နေပူဒဏ် အကာကွယ်ရနေတာကိုတော့
အမှုမဲ့အမှတ်မဲ့ ဖြစ်မနေသင့်ပါ။

အိမ်ခေါင်မိုးကြီးများ မိုးယိုမိရင်
ခေါင်းအုံးလေးလဲ ရေစိုကုန်မှာပေါ့...

ကျွန်‌တော့်ရဲ့ ခံစားချက်အရ...
"အ မေ"ဆိုတဲ့ စကားလုံးမှာ အေးချမ်းခြင်း
ချစ်ခင်ခြင်း
နှစ်လိုဖွယ်ရာ ရှိခြင်း
နွေးထွေးခြင်း
စတဲ့
ချစ်ခြင်း မေတ္တာတရားတွေ
လွှမ်းခြုံနေတယ်လို့ ခံစားရပါတယ်။

"အဖေ"ဆိုတဲ့ စကားလုံးမှာတော့
အားကိုးခြင်း
ယုံကြည်ခြင်း
လေးစားခြင်း
ရဲရင့်ခြင်း
ခွန်အားရှိခြင်း ဆိုတဲ့
အရာတွေအားလုံး
လွှမ်းခြုံနေတယ်လို့ ဆိုချင်ပါတယ်။

"အဖေ"ဆိုတာက...
သားလေး‌တွေရဲ့
ပထမဆုံးသော "သူရဲကောင်း" ဖြစ်ပြီး
သမီးလေးတွေရဲ့
ပထမဆုံးသော "ချစ်သူ” လို့
စာရေးဆရာ/ဆရာမတွေက ဆိုထားတာကို
အပြည့်အဝ လက်ခံပါတယ်။

#လောကမှာ
အဖေတွေဆိုတာ...

သား သမီးတွေရဲ့ ဘဝလှပဖို့အတွက်
မညည်းမညူနဲ့
အချိန်တိုင်းမှာ
ကြိုးစား ရှာဖွေနေတဲ့ သူတွေပါ။

သား သမီးတွေ ဖျားနာနေတဲ့အချိန်
မပြုစုတတ်ပေမယ့်
ဟန်မဆောင်နိုင်လောက်အောင်
စိတ်ပူပေးနေတတ်တဲ့ သူတွေပါ။

သား သမီးတွေအတွက်
ဖယောင်းတိုင်လို
ကိုယ်တိုင်လောင်ကျွမ်း ခံပြီး
လင်းစေတတ်တဲ့ သူတွေပါ။

သား သမီးတွေ လိုရာရောက်နိုင်ဖို့
ကားတာယာလို
ကိုယ်တိုင်ပွန်းစား ခံနေတဲ့ သူတွေပါ။

သား သမီးတွေအတွက်
အိမ်ခေါင်မိုးလို
ခိုဝင်သူကို လုံခြုံစေတဲ့သူတွေပါ။

#တကယ်တော့...အဖေများနေ့ဆိုတာ
သတ်မှတ်ချက်တစ်ခုပါ။

#ဒီနေ့တစ်နေ့တည်းမှာပဲ
အဖေတွေကို သတိရကြဖို့

အဖေတွေရဲ့ ကျေးဇူးတွေကို
အောက်မေ့ကြဖို့ မဟုတ်ပါဘူး။

#နေ့စဉ်နေ့တိုင်း သတိရနေမယ်

အလေးအမြတ် ထားနေမယ်ဆိုရင်တော့
အတိုင်းထက် အလွန်ပေါ့...

#ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့မှာ
ကမ္ဘာပေါ်ရှိ
ဖခင်များအားလုံးကို
ဤpost‌လေးဖြင့် ဂုဏ်ပြုလိုက်ပါတယ်။

HAPPY FATHER'S DAY

မေတ္တာဖြင့်...
အရှင်ပုည( ဝကုန်း )
အောင်ချမ်းသာ( ဘက )ကျောင်းတိုက်
ရမည်းသင်းမြို့။


🏘️ Gold and Silver Modern Furniture မှ အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီရှင် 🚚🚚🚚

☎️☎️ 09797626908
09666650657

 #ညောင်ရွက်ဘုရား‌‌ကျောင်းဆောင်လေးပြန်ရပါပြီရှင်💓အိမ်အတွက်ပဲ ပူဇော်မလား💓ဘုန်းကြီးကျောင်းအတွက်ပဲ လှူမလား💓ကျောင်း၊ ရုံးအတွက...
25/05/2023

#ညောင်ရွက်ဘုရား‌‌ကျောင်းဆောင်လေးပြန်ရပါပြီရှင်
💓အိမ်အတွက်ပဲ ပူဇော်မလား
💓ဘုန်းကြီးကျောင်းအတွက်ပဲ လှူမလား
💓ကျောင်း၊ ရုံးအတွက်ပဲ ပူဇော်မလား
💓မင်္ဂလာလက်ဖွဲ့ပဲ ပေးမလား
💓လူကြီးမိဘတွေကုသိုလ်ရဖို့အတွက်ပဲ ကန်တော့မလား
ကုသိုလ်ထူးတဲ့ ကျောင်းဆောင်လေးပါရှင်

☎️☎️ဖုန်းတစ်ချက်ဆက်ရုံပဲနော်♥️
Contact No.09797626908
09666650657

⛔Order တင်ပြီး ပစ္စည်းများအား Cancel လုပ်ခြင်း သည်းခံပါရှင်⛔

🏘️ Gold and Silver Modern Furniture မှ အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီရှင် 🚚🚚🚚

 #သံဗီရိုလေးခန်းတွဲအထူသားလေးတွေပါရှင်💓မင်္ဂလာလက်ဖွဲ့ပဲ ပေးမလား💓အိမ်အတွက်ပဲ သုံးမလား💓လူကြီးမိဘတွေအတွက်ပဲ ကန်တော့မလား သံသာ...
25/05/2023

#သံဗီရိုလေးခန်းတွဲအထူသားလေးတွေပါရှင်
💓မင်္ဂလာလက်ဖွဲ့ပဲ ပေးမလား
💓အိမ်အတွက်ပဲ သုံးမလား
💓လူကြီးမိဘတွေအတွက်ပဲ ကန်တော့မလား သံသားအထူသား သံဗီရိုလေးတွေပါရှင်

☎️☎️ဖုန်းတစ်ချက်ဆက်ရုံပဲနော်♥️
Contact No.09797626908
09666650657

⛔Order တင်ပြီး ပစ္စည်းများအား Cancel လုပ်ခြင်း သည်းခံပါရှင်⛔

🏘️ Gold and Silver Modern Furniture မှ အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီရှင် 🚚🚚🚚

ကပ်ဆိုက်တဲ့ အခါ...(1) ငါးပါးသီလ မြဲခြင်း(2) အသားငါး စားသုံးမှုနည်းခြင်း(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ      ကပ်ဘေးကို...
15/05/2023

ကပ်ဆိုက်တဲ့ အခါ...
(1) ငါးပါးသီလ မြဲခြင်း
(2) အသားငါး စားသုံးမှုနည်းခြင်း
(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ ,ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းရဲ့ အကျိုးကို
သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန်သာသနာပ ကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ်။

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ၊တခြားလမ်းက သွားတယ်။

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ်။

လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး။

မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ်။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။
ဒါက လွဲချော်မှု နံပါတ်တစ် ပါ ။

နံပါတ်နှစ် အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ်။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မ
ရဘူး ။

အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။

အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်။

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်။

ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး။

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်။

နံပါတ်သုံးက ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်။

ကပ်ဘေးကြောင့် လူတွေ သေကြတယ်။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး ,မြေဘုတ်,ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖတ်သူရဲ့
သီလ ,သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့ အသံထွက် မှန်ရမယ်၊ယုံကြည်ရမယ်၊
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။

သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မှု နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ,အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မှုတွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရား #တရားမှတ်စု
Credit to original writer

မိုခါကြောင့် လေပြင်းတိုက်ခတ်ခံရမယ့် မြို့နယ်တွေပါ။ ADAM (12.5.2023 09:48)ကနေ ယူလာတာပါ။ ကိုယ့်ရန်ကုန်တိုင်း မပါပေမယ့် အား...
13/05/2023

မိုခါကြောင့် လေပြင်းတိုက်ခတ်ခံရမယ့် မြို့နယ်တွေပါ။ ADAM (12.5.2023 09:48)ကနေ ယူလာတာပါ။ ကိုယ့်ရန်ကုန်တိုင်း မပါပေမယ့် အားလုံးကို တအား စိတ်ပူပါတယ်။ ဆုတောင်းခြင်းနဲ့ လက်တို့ နှိုးဆော်ခြင်းပဲ လုပ်နိုင်ပါတယ်။

🛑တနာရီ မိုင် ၁၂၀ နှုန်း🛑
မောင်တော၊ မြောက်ဦး၊ စစ်တွေ (ရခိုင်ပြည်နယ်)
ဖလမ်း၊ ဟားခါး၊ မတူပီ၊ မင်းတပ် (ချင်းပြည်နယ်)
ဂန့်ဂေါ (မကွေးတိုင်း)
ခန္တီး၊ ကလေး၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ မော်လိုက်၊ တမူး၊ ယင်းမာပင် (စစ်ကိုင်းတိုင်း)

🟨တနာရီ မိုင် ၉၀ နှုန်း🟨
ကျောက်ဖြူ၊ စစ်တွေ (ရခိုင်ပြည်နယ်)
မင်းဘူး၊ ပခုက္ကူ (မကွေးတိုင်း)
မုံရွာ၊ ရွှေဘို၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (စစ်ကိုင်းတိုင်း)
မိုးညှင်း (ကချင်ပြည်နယ်)

🟩တနာရီ မိုင် ၆၀ နှုန်း🟩
သံတွဲ (ရခိုင်ပြည်နယ်)
ဟင်္သာတ၊ ပုသိမ် (ဧရာဝတီတိုင်း)
ပြည် (ပဲခူးတိုင်းအနောက်ပိုင်း)
သရက် (မကွေးတိုင်း)
ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ရမည်းသင်း (မန္တလေးတိုင်း)
စစ်ကိုင်း (စစ်ကိုင်းတိုင်း)
မိုးမိတ်(ရှမ်းမြောက်)

ADAM= Automated Disaster Analysis and Mapping
Credit

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင်နေထိုင်ကြသူများသတိ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဦးတည်သွားနေတဲ့ MOCHA CYCLONE မုန်တိုင်းက...
13/05/2023

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင်နေထိုင်ကြသူများသတိ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဦးတည်သွားနေတဲ့ MOCHA CYCLONE မုန်တိုင်းကြီးသည် အဖျက်စွမ်းအားအပြင်ထန်ဆုံးလို့သတ်မှတ်ထားတဲ့တစ်နာရီလေတိုက်ခတ်နှုန်း၁၃၂မိုင် လေပြင်းတိုက်ချိန် ၁၄၀မိုင်တိုက်ခတ်နေပြီး ရေလှိုင်းအမြင့်မှာ မုန်တိုင်းဗဟိုချက်အနီးတွင် ရေလှိုင်းအမြင့် ၅၀ပေအထိရှိကာ CAT5 မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ် အလွန်အန္တရာယ်ကြီးမားပါသဖြင့်ဘေးကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြစေရန် sharing လုပ်ပေးကြပါ
Tropical Cyclone MOCHA
As of 00:00 UTC May 13, 2023:

Location: 15.3°N 89.1°E
Maximum Winds: 115 kt Gusts: N/A
Minimum Central Pressure: 955 mb
Su Su San မင်း ဂွတ် သီး
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
Credit:

ဘေးကင်းပါစီရခိုင်ပြည်🙏🙏🙏🙏🙏စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီအင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧ...
12/05/2023

ဘေးကင်းပါစီရခိုင်ပြည်🙏🙏🙏🙏🙏

စစ်တွေ ကျောက်ဖြူမှာ ရေဆုပ်သွားပါပြီ
အင်အားပြင်းမုန်တိုင်းမလာခင်ဖြစ်တဲ့
လက္ခဏာတွေပါ ပင်လယ်ထဲမှာ ဧရာမ
မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့်
အောက်ကရေတွေကပါလိုက်လည်ပီး အမြင့်
ပေဆယ်ချီထိ မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင် မြင့်တက်လည်လာပါတယ်

အဲဒီအတွက် ပင်လယ်
ကမ်းချေရှိရေတွေဟာ ကျသွားတတ်ပြီး
မုန်တိုင်းတိုက်ခတ်သည့်ခါ ပင်လယ်ရေဟာ
လေနှင့်အတူ ပြန်လည်ရိုက်ခတ်ပါသည်။
စစ်တွေကို ရိုက်ခတ်မယ့်

ဒီရေလှိုင်းအမြင့်ဟာ
ပေ၂၀ ကျော်မြင့်ပါတယ် ပင်လယ်လှိုင်းဟာ
ရိုက်ခတ်ပီးနောက် ကမ်းပေါ်ရှိ သက်ရှိသက်မဲ့
အရာအားလုံးကို ပင်လယ်ထဲသို့ ပြန်လည်
ဆွဲခေါ်ယူသွားအုံးမှာဖြစ်တဲ့တွက် အမြန်ရှောင်ပါ။

ကမ်းရိုးတန်း ဒေသက ပြည်သူတွေက
မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ် တိုက် အိမ် တဲ
အကုန်ရှောင်ရမှာပါ။

ဆောင်ရန် ရှောင်ရန်များ 🌪️🌪️
သောက်ရေ(၄ရက်စာ)
အစားစာ(၃ရက်စာ)
ဆေးဝါး ဓာတ်ဆား
အဝတ်၂စုံ
မှတ်ပုံတင်အိမ်ထောင်စုဇယား
Power bank
လက်နှိပ်ဓာတ်မီး တို့ပြင်ဆင်ပြီး
emergency bagအဖြစ်ထားကြပါ။
ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့သော
အဆောက်ဦးများထဲတွင်မုန်တိုင်းခိုပါ
ကွင်းပြင်တွင်မနေရပါ မြေပြို အိမ်ပြို
တောင်ပြိုအန္တရာယ်များလဲသတိပြုပါ။
ပြိုလဲနေသော ဓာတ်တိုင် ဝါယာကြိုးများ
ထိတွေ့ကိုင်တွယ်ခြင်းမပြုရ ပါ။
ရေနှင့်အတူ အဆိပ်ရှိသတ္တဝါများ မြွေများ
မျောပါလာနိုင်သည်။
ဘေးကင်းကြပါစေ 24 နာရီ အချိန်ရပါသေးတယ်။

 #သံဗီရိုသုံးခန်းတွဲအထူသားလေးတွေပါရှင်💓မင်္ဂလာလက်ဖွဲ့ပဲ ပေးမလား💓အိမ်အတွက်ပဲ သုံးမလား💓လူကြီးမိဘတွေအတွက်ပဲ ကန်တော့မလား သံသ...
05/05/2023

#သံဗီရိုသုံးခန်းတွဲအထူသားလေးတွေပါရှင်
💓မင်္ဂလာလက်ဖွဲ့ပဲ ပေးမလား
💓အိမ်အတွက်ပဲ သုံးမလား
💓လူကြီးမိဘတွေအတွက်ပဲ ကန်တော့မလား သံသားအထူသား သံဗီရိုလေးတွေ ရှိပါတယ်ရှင်

☎️☎️ဖုန်းတစ်ချက်ဆက်ရုံပဲနော်♥️
Contact No.09797626908
09666650657

⛔Order တင်ပြီး ပစ္စည်းများအား Cancel လုပ်ခြင်း သည်းခံပါရှင်⛔

🏘️ Gold and Silver Modern Furniture မှ အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီရှင် 🚚🚚🚚

Address

No. 544, Min Ye Kyawswar Street, South Okkalar
Yangon

Telephone

+959797626908

Website

Alerts

Be the first to know and let us send you an email when Gold and Silver Modern Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold and Silver Modern Furniture:

Share

Category