ဝမ်းစတား ဆန်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ဝမ်းစတား ဆန်ရောင်းဝယ်ရေး

ဝမ်းစတား ဆန်ရောင်းဝယ်ရေး ပစ္စည်းမှန် စျေးမှန်လက်ကားဆန်ရောင်းဝယ်ရေး https://maps.app.goo.gl/tqwLorsYj7vLpish6

19/09/2026


📞 09-5046147 / 09-261620053

19/09/2026

#တနေကုန်ကြည့်နေရတယ်
😅😂🤣

18/09/2026

ဘယ်ဆန်ချက်ချက်
​ရေကိုပိုထည့်ရမယ့်
အချိန်ပါ

17/09/2026

#ဆန် #ဝမ်းစတား

အမေ့မှာ အသည်းအဆီဖုံးရောဂါရှိနေမှန်း သိခဲ့တာ (၁၀) နှစ်လောက်ရှိပါပြီ။ ဒီ (၁၀) နှစ်လုံးလုံး အသည်းအထူးကုနဲ့ ပုံမှန်ပြသခဲ့သလိ...
12/09/2026

အမေ့မှာ အသည်းအဆီဖုံးရောဂါရှိနေမှန်း သိခဲ့တာ (၁၀) နှစ်လောက်ရှိပါပြီ။ ဒီ (၁၀) နှစ်လုံးလုံး အသည်းအထူးကုနဲ့ ပုံမှန်ပြသခဲ့သလို၊ အသည်းအားဆေးနဲ့ အဆီကျဆေးတွေကိုလည်း ပုံမှန်သောက်ခဲ့ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိပေမယ့် ဆေးတွေသေချာသောက်ပြီး တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှု (Check-up) တွေကိုလည်း မပျက်မကွက် လုပ်ခဲ့ပါတယ်။
​
ဒါပေမယ့် ၂၀၂၆ ခုနှစ်၊ ၅ လပိုင်းမှာ ကျန်းမာရေးစစ်ဆေးလိုက်တဲ့အခါ အသည်း Enzymes တွေဖြစ်တဲ့ AST / ALT နည်းနည်းစီ တက်နေပြီး၊ ကင်ဆာအမှတ်အသား (Tumor marker) ဖြစ်တဲ့ AFP ဟာ 12 အထိ တက်လာခဲ့ပါတယ်။ အဲဒီအချိန် USG ရိုက်ကြည့်တော့ ဘာမှမတွေ့ရသေးပါဘူး။ ၇ လပိုင်းရောက်တော့ ဆရာဝန်ကြီးက USG နဲ့ Fibroscan ထပ်ရိုက်ခိုင်းတဲ့အခါမှာတော့ ထိတ်လန့်စရာ အဖြေတွေ ထွက်လာခဲ့ပါတယ်။
​
အသည်းညာဘက်ခြမ်းမှာ ကင်ဆာပျံ့နှံ့အကျိတ်လို့ သံသယရှိရတဲ့ အကျိတ်တစ်ခု တွေ့ရတဲ့အပြင်၊ အသည်းမာကျောမှု မြင့်မားနေခြင်း (Metavir F4 အဆင့်)၊ အသည်းအဆီဖုံးမှု ပြင်းထန်ခြင်း (Severe Steatosis - S3) နဲ့ အသည်းအရွယ်အစား ကြီးနေတာတွေကို တွေ့လိုက်ရပါတယ်။
​
ဒါနဲ့ပဲ မိသားစုတွေတိုင်ပင်ပြီး ဘန်ကောက်ဆေးရုံကြီးကို သွားကုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
​
🏥 ဘန်ကောက်ဆေးရုံကြီးမှ တွေ့ရှိချက်များ
​ဘန်ကောက်ရောက်ရောက်ချင်း ပထမဆုံး MRI ရိုက်ကြည့်တဲ့အခါ အသည်းမှာ ကင်ဆာဖြစ်နိုင်ခြေများတဲ့ အကျိတ်ငယ် (၂) ခုအပြင်၊ သွေးပြန်ကြောမကြီးနဲ့ ထိစပ်နေတဲ့ အကျိတ်ကြီး (၄.၈ x ၃.၈ စင်တီမီတာ) တစ်ခုကိုပါ ထပ်တွေ့ခဲ့ရပါတယ်။
​
နောက်တစ်နေ့ PET Scan ထပ်ရိုက်တဲ့အခါမှာတော့ အခြေအနေက ပိုပြီးရှင်းလင်းသွားပါတယ်။ ကင်ဆာအကျိတ်တွေဟာ သွေးပြန်ကြောမကြီး (IVC) ကို ဖိထားတဲ့ အနေအထားရှိနေပြီး၊ အသည်းတစ်ခုလုံးကလည်း မာကျောပျက်စီးတဲ့ အသည်းခြောက်ခြင်း (Cirrhosis) အဆင့်ကို ရောက်နေပါပြီ။ ကံကောင်းတာတစ်ခုကတော့ ကင်ဆာဟာ ခန္ဓာကိုယ်အခြားနေရာတွေကို မပျံ့နှံ့သေးတာပါပဲ။
​
🚫 ဆရာဝန်ကြီး​တွေက အကျိတ်တွေကို တွေ့ပေမယ့် အောက်ပါ အကြောင်းရင်း (၃) ချက်ကြောင့် ခွဲစိတ်ကုသဖို့ မသင့်​တော်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်..
​
၁။သွေးပြန်ကြောမကြီးနှင့် ကပ်နေခြင်း
အကြီးဆုံးအကျိတ်က ခန္ဓာကိုယ်ရဲ့ အဓိကသွေးပြန်ကြောမကြီး (IVC) ကို တိုက်ရိုက်ဖိထားလို့ ခွဲထုတ်ရင် သွေးထွက်လွန်ပြီး အသက်အန္တရာယ် အရမ်းများပါတယ်။
​
၂။အကျိတ်ပြန့်ကျဲနေခြင်း
အသည်းညာဘက်ခြမ်းရဲ့ မတူညီတဲ့ နေရာတွေမှာ အကျိတ်ငယ်လေးတွေ ထပ်ရှိနေလို့ တစ်နေရာတည်း ကွက်ထုတ်ရုံနဲ့ မရပါဘူး။
​
၃။အသည်းခြောက်နေခြင်း
အသည်းက မာကျောခြောက်သွေ့နေလို့ ခွဲစိတ်ပြီးကျန်ခဲ့မယ့် အသည်းအပိုင်းအစဟာ ဆက်ပြီး အလုပ်မလုပ်နိုင်တော့မယ့် (Liver Failure) အန္တရာယ် အရမ်းမြင့်နေပါတယ်။
​
ဒါကြောင့် ဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်အရ TACE (အကျိတ်ဆေးဖြန်း သွေးကြောပိတ် ကုသခြင်း) ကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ဒီကုသမှုဟာ ပေါင်သွေးကြောထဲကနေ ပိုက်ပျော့လေးထည့်ပြီး အကျိတ်ဆီ သွေးပို့နေတဲ့ သွေးကြောခွဲဆီ တိုက်ရိုက်သွားကာ ကင်ဆာဆေးထည့်သွင်းပြီး သွေးကြောကို ပိတ်ဆို့လိုက်တဲ့ နည်းပညာပါ။
ဗိုက်ဖွင့်ခွဲစရာမလိုဘဲ အမေလည်း ဆေးရုံ (၂) ရက်ပဲ တက်ခဲ့ရကာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မခံစားခဲ့ရပါဘူး။
​ဘန်ကောက်မှာ စုစုပေါင်း (၂၀) ရက်ကြာ နေထိုင်ကုသပြီးနောက် အခုတော့ အခြေအနေ တည်ငြိမ်သွားခဲ့ပါပြီ။
​
⚠️ ဒီပို့စ်ကိုရေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ "အသည်းအဆီဖုံးရောဂါဆိုတာ လုံးဝ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခု" ဆိုတာကို အသိပေးချင်လို့ပါ။ ဆေးတွေ သေချာသောက်နေလျက်နဲ့ ဘာလို့ အသည်းကင်ဆာ ဖြစ်တာလဲလို့ ​မေးမြန်းဖြစ်ခဲ့ပါတယ်..

ဖြစ်နိုင်တဲ့အ​ကြောင်းအရင်း​တွေက..
​၁။ အသည်းကြိုခြောက်နေခြင်း
ဆေးမသောက်ခင်ကတည်းက အသည်းမှာ အမာရွတ်တွေဖြစ်ပြီး အသည်းခြောက်တဲ့အဆင့် (Cirrhosis) ရောက်နေခဲ့ရင် ဆေးသောက်လည်း ကင်ဆာဖြစ်နိုင်ခြေ ကျန်နေပါသေးတယ်။

၂။ ဆေးတစ်ခုတည်းနဲ့ မလုံလောက်ခြင်း
ဆေးဝါးတွေဟာ အဆီနဲ့ ရောင်ရမ်းမှုကို ထိန်းပေးရုံသာဖြစ်ပြီး ကင်ဆာအန္တရာယ်ကို သုညအထိ လုံးဝ မကာကွယ်ပေးနိုင်ပါဘူး။

၃။ နေထိုင်စားသောက်မှု မပြောင်းလဲခြင်း
ကိုယ်အလေးချိန်မကျတာ၊ အချိုနဲ့ အဆီမလျှော့တာတွေကြောင့် အသည်းဆဲလ်တွေ ဆက်ပျက်စီးနေလို့ပါ။

၄။ နောက်ခံရောဂါများရှိခြင်း
ဆီးချို၊ သွေးတွင်းအဆီများတာနဲ့ မျိုးရိုးဗီဇတွေက အသည်းဆဲလ်တွေကို ကင်ဆာဘက် ကူးပြောင်းအောင် ဆက်တွန်းပို့နေလို့ ဖြစ်ပါတယ်။
​
💡 အသည်းအဆီဖုံးတာကို အမြစ်ပြတ်ကုသလို့ရလားလို့လဲ​မေးမြန်းဖြစ်ခဲ့ပါတယ်..
​
ဆရာဝန်​ပြောပြတာက ဆေးသောက်ရုံသက်သက်နဲ့ အသည်းအဆီဖုံးတာ လုံးဝအမြစ်ပြတ် မပျောက်ကင်းနိုင်ပါဘူး။ အဓိက ပျောက်ကင်းစေတဲ့ ကုသနည်းကတော့ "နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း" သာ ဖြစ်ပါတယ်တဲ့...
​
၁။ကိုယ်အလေးချိန် လျှော့ချခြင်း
မူလကိုယ်အလေးချိန်ရဲ့ ၇% မှ ၁၀% ခန့် လျှော့ချနိုင်ပါက အသည်းတွင်း အဆီနှင့် ရောင်ရမ်းမှု သိသိသာသာ ကျဆင်းသွားပါတယ်။
​
၂။အစားအသောက် ဆင်ခြင်ခြင်း
အချိုရည်၊ သကြား၊ အဆီအစိမ့်နှင့် ကာဗိုဟိုက်ဒရိတ် (ထမင်းဖြူ၊ ဂျုံမှုန့်) လျှော့စားပြီး အသီးအရွက် ပိုစားပေးရပါမယ်။
​
၃။လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
တစ်နေ့ မိနစ် (၃၀) ခန့်၊ တစ်ပတ် အနည်းဆုံး (၅) ရက် ချွေးထွက်အောင် လေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။
​
၄။အရက်လုံးဝရှောင်ခြင်း
အသည်းကို ထပ်မံဝန်မပိစေရန် အရက် လုံးဝ ရှောင်ကြဉ်ရပါမယ်။
​
ကျန်းမာရေးဆိုတာ အချိန်မနှောင်းခင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ ဒီ (၂၀) ရက်တာ အတွေ့အကြုံကနေတဆင့် အသည်းအဆီဖုံးရောဂါရှိသူတိုင်း မိမိရဲ့ နေထိုင်စားသောက်မှုပုံစံကို ဂရုတစိုက် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အသိပညာပေး မျှဝေလိုက်ရပါတယ်။

စီးပွားရေးကလည်း ဝူခုန်းတို့ ဆရာတပည့်တွေ ကျမ်းစာသွားပင့် သလိုပဲအဆင်ပြေမယ်ကြံလိုက် မိစ္ဆာတွေနဲ့ တိုးလိုက်နဲ့..
21/08/2026

စီးပွားရေးကလည်း
ဝူခုန်းတို့ ဆရာတပည့်တွေ
ကျမ်းစာသွားပင့် သလိုပဲ
အဆင်ပြေမယ်ကြံလိုက်
မိစ္ဆာတွေနဲ့ တိုးလိုက်နဲ့..

လောကမှာ "ဆန်စပါး" ဆိုတာ ရှိခဲ့လို့ သဘာဝတရားကြီးကို ကျေးဇူး အကြိမ်ကြိမ် တင်ခဲ့ရဖူးပါတယ်။ဆန်ဖြူဖြူလေးတွေရဲ့ အလှဟာ ကဗျာပူပူ...
19/08/2026

လောကမှာ "ဆန်စပါး" ဆိုတာ ရှိခဲ့လို့
သဘာဝတရားကြီးကို ကျေးဇူး
အကြိမ်ကြိမ် တင်ခဲ့ရဖူးပါတယ်။

ဆန်ဖြူဖြူလေးတွေရဲ့ အလှဟာ ကဗျာ
ပူပူနွေးနွေး ထမင်းရနံ့ဟာ သီချင်း
မိသားစု ထမင်းဝိုင်းလေးဟာ
အနွေးထွေးဆုံး နားခိုရာ ဖြစ်ခဲ့တယ်။

ဘဝရဲ့ ပင်ပန်းသမျှ နေ့ရက်တိုင်းမှာ
ပူနွေးတဲ့ ထမင်းတစ်နပ်ဟာ
အနီးကပ်ဆုံး ခွန်အားပေးသူ ဖြစ်ခဲ့တယ်။

ရေနဲ့ လေကို လိုအပ်သလိုမျိုး
ဆန်ဆိုတဲ့ မရှိမဖြစ် အာဟာရကိုလည်း
အသက်တမျှ တန်ဖိုးထားခဲ့ရပါတယ်....

#ဆန်ချစ်သူ

18/08/2026

#မြောင်းမြပေါ်ဆန်း
#ဆန် #ဝမ်းစတား

Address

No-8, Laydaungkan Road, Laydaungkan Quarter, Thingangyun Township, Yangon (Near SanPyaZay Bus Stop)
Yangon

Opening Hours

Monday 06:00 - 17:00
Tuesday 06:00 - 17:00
Wednesday 06:00 - 17:00
Thursday 06:00 - 17:00
Friday 06:00 - 17:00
Saturday 06:00 - 17:00
Sunday 06:00 - 17:00

Telephone

+9595046147

Website

Alerts

Be the first to know and let us send you an email when ဝမ်းစတား ဆန်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share