16/07/2026
🏡 ကိုယ့်ရဲ့ဧည့်ခန်းလေးကို ပြီးပြည့်စုံတဲ့ Relaxing Space လေးတစ်ခုဖြစ်လာစေဖို့ သတိထားရမယ့် အချက်လေးများ
ဧည့်ခန်းဆိုတာ မိသားစုတွေ စုဝေးရာ၊ ဧည့်သည်တွေ လက်ခံတွေ့ဆုံရာ နေရာဖြစ်လို့ အိမ်တစ်အိမ်ရဲ့ အဓိကအကျဆုံးနေရာလေးလို့ ပြောလို့ရပါတယ်ရှင်။ ဒါကြောင့် ဧည့်ခန်းလေးကို ဝင်လာတာနဲ့ စိတ်အေးချမ်းပြီး အနားယူချင်စရာကောင်းအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ လက်တွေ့အသုံးချလို့ရမယ့် Tips လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
📺 အခန်းရဲ့ Focal Point ကို သတ်မှတ်ပါ
ဧည့်ခန်းအများစုမှာ TV ထားတဲ့နေရာက အခန်းရဲ့ အဓိကအာရုံစိုက်ရာ နေရာဖြစ်တတ်ပါတယ်။ ဒါကြောင့် ရှုပ်ပွမနေဘဲ သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အရမ်းအရေးကြီးပါတယ်ရှင်။ ဒီလိုအချိန်မှာ ပစ္စည်းတွေ သိမ်းဆည်းလို့ရသလို၊ အလှဆင်ပစ္စည်းလေးတွေပါ တင်ထားလို့ရတဲ့ ခေတ်ဆန်ဆန် TV Stand လေးတွေကို ရွေးချယ်အသုံးပြုတာက အခန်းကို ပိုပြီးကျက်သရေရှိစေပါတယ်။
🪴 Partition အသုံးပြုအခန်းဖွဲ့ပါ။
အခန်းကျယ်ကျယ် နေအိမ်တွေအတွက်ဆိုရင် နေရာလေးတွေကို သေချာခွဲခြားပေးဖို့ လိုအပ်ပါတယ်။ အခန်းကျဉ်းသွားတာမျိုး၊ အလင်းရောင်ပိတ်သွားတာမျိုး မဖြစ်စေချင်ရင်တော့ လေဝင်လေထွက်ကောင်းတဲ့ ဒီဇိုင်း Partition လေးတွေနဲ့ ကန့်ပေးတာက အကောင်းဆုံးပါပဲနော်။
🛋️ သေသပ်ရှင်းလင်းမှုကို ဦးစားပေးပါ
အခန်းထဲမှာ ပစ္စည်းတွေ ရှုပ်ပွနေရင် စိတ်ကို ပင်ပန်းစေပါတယ်။ ဒါကြောင့် TV Stand ရဲ့ အံဆွဲတွေ၊ Partition မှာပါတဲ့ စင်အလွတ်လေးတွေကို အကျိုးရှိရှိ အသုံးချပြီး ပစ္စည်းလေးတွေကို စနစ်တကျ သိမ်းဆည်းတာ၊ အလှပန်းအိုးလေးတွေ တင်ထားတာမျိုးက အခန်းကို ပိုရှင်းလင်းပြီး နေချင်စရာကောင်းသွားစေပါတယ်။
ကိုယ့်ရဲ့ ဧည့်ခန်းလေးအတွက် အံဝင်ခွင်ကျဖြစ်မယ့် Premium အရည်အသွေးနဲ့ TV Stand တွေ၊ Partition တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဘုံဘုံ ( Bon Bon ) ရဲ့ Showroom မှာ လာရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤗
_________________
📞 Showroom Ph : 09799831602, 09981145457
🕓 9:30 AM – 5:30 PM
📌 အမှတ် ၄၈၇ A1 (မြေညီ) Beauty Studio ဘေးခန်း၊ ဇာနည် (၁၄) လမ်း ၊ ၉ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့။ ( မေတ္တာလမ်းမကနေ ဇာနည်လမ်းထဲဝင်ပြီးရင် ၂ လမ်းမြောက် ( ဇာနည် ၁၄ လမ်း ) ညာချိုး )