24/03/2023
အားလုံးသိကျတဲ့ GPS ရဲ့ နာမည်အပြည့်အစုံကတော့ Global Positioning System ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် လို့ အဓိပ္ပါယ်ရပါတယ်။ မဖွံ့ဖြိုး၊ မတိုးတက်မှီ အချိန်ကာလတွေတုန်းက နေရာတစ်နေရာ (သို့မဟုတ်) ခရီးတစ်ခု သွားမယ်ဆိုရင် မြေပုံတွေ သံလိုက်အိမ်မြောင်တွေ ကိုအသုံးပြုပြီး မိမိရောက်ချင်တဲ့နေရာဒေသကို ရောက်ဖို့အတွက် ခက်ခဲပင်ပန်းစွာ သွားလာခဲ့ကြရပါတယ်။ အခုဆိုရင်တော့ GPS တပ်ဆင်ထားတဲ့ ဖုန်းတွေ ကားတွေနဲ့ သွားလိုရာခရီးကို လွယ်ကူလျင်မြန်စွာ သွားနိုင်နေပါပြီ။ ဒါ့အပြင် ယနေ့ခေတ် စီးပွားရေး၊ လူမှုရေး နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍ အတော်များများမှာ GPS tracking ခြေရာခံစနစ်ကို တွင်ကျယ်စွာ အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ် 🛰️
ကျွန်တော်တို့ MMIoT ဟာဆိုရင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်ကို တွင်ကျယ်စေဖို့အတွက် အဆင့်မြင့်နည်းပညာတွေနဲ့ GPS စနစ်ကို အသုံးပြုပြီး ဝန်ဆောင်မှုတွေပေးလျက်ရှိပါတယ်။ MMIoT မှာ ရရှိနိုင်တဲ့ Services တွေကတော့
✅ Fleet Management Solution System
Fleet Management ဆိုတာကတော့ လုပ်ငန်းတစ်ခုအောက်မှာ အတူတကွလုပ်ဆောင်နေတဲ့ ယာဉ်အုပ်စုတွေကို စီမံအုပ်ချုပ်ခြင်းပဲဖြစ်ပါတယ်။ ဒီလို အရေးပါတဲ့ Fleet Management ကို လူအင်အားများစွာမလိုပဲ GPS နည်းပညာအကူအညီဖြင့် ပိုမိုတိကျစွာ ထိန်းချူပ်နိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ စနစ်ကိုတော့ Fleet Management System (FMS) လို့ ခေါ်ဆိုတာပဲဖြစ်ပါတယ်။
✅ MDVR Solution System
MDVR ( ခေါ် ) Mobile DVR ဆိုတာကတော့ လုပ်ငန်းသုံးကားတွေမှာ အချိန်နှင့်တစ်ပြေးညီ ( Live ) ဖြစ်ပျက်နေတဲ့ ပုံရိပ်တွေကို စောင့်ကြည့်နိုင်၊ ပြန်လည်ကြည့်ရှုနိုင်တဲ့ GPS ခြေရာခံစနစ် နဲ့ MDVR နည်းပညာပေါင်းစပ်ထားတဲ့ Professional Live Video Monitoring Solution တစ်ခုပဲဖြစ်တယ်။
✅ Fuel Management Solution System
Fuel Management Solution System ဆိုတာကတော့ လုပ်ငန်းသုံးကားတွေရဲ့ ဆီစားနှုန်းများ၊ မလိုအပ်ပဲ ဆီအလေအလွင့်ဖြစ်မှုများ၊ လောင်စာဆီမသမာမှုများကို ချက်ချင်းသိစေနိုင်မယ့် လောင်စာဆီ Sensor အသုံးပြုထားတဲ့ GPS နည်းပညာသုံး Solution System တစ်ခုပဲဖြစ်ပါတယ်။
✅ Heavy Machinery Telematic Solution
သတ်မှတ်ချိန်ထက် ကျော်လွန်မောင်းနှင်ခြင်း (သို့မဟုတ်) သတ်မှတ်ဇုံကျော်လွန်ခြင်းများအတွက် အဝေးထိန်း Online စနစ်ဖြင့် စက်အားရပ်တန့်ခြင်း၊ ဖွင့်ခြင်းများ ပြုလုပ်နိုင်ပြီး GPS စနစ် (သို့) Satellite စနစ်ကို အသုံးပြု၍ ထိန်းချုပ်နိုင်တဲ့ Solution တစ်ခုပဲဖြစ်ပါတယ်။
✅ Temperature Monitoring Solution System
အခန်းအတွင်းအပူချိန်၊ ကားအတွင်းအပူချိန်များကို အချိန်နဲ့ တပြေးညီသိရှိနိုင်မယ့် GPS စနစ်ကို အသုံးပြုထားတဲ့ အပူချိန် စောင့်ကြည့်နိုင်သော Solution System တစ်ခုဖြစ်ပါတယ်။
✅ Workforce Management Solution System
လူသားအရင်းအမြစ်များကို အသုံးပြုရတဲ့ လုပ်ငန်းများအတွက် အွန်လိုင်းမှတစ်ဆင့် အချိန်ပြည့်စောင့်ကြည့်နိုင်တဲ့ GPS စနစ်ကို အခြေခံပြီး အသုံးပြုထားသော နည်းပညာ တစ်ခုပဲဖြစ်ပါတယ်။
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာပြီး နည်းပညာတွေလည်း တိုးတက်လာတာနဲ့အမျှ GPS စနစ်ကို တွင်ကျယ်စွာ အသုံးပြုလို့ရလာခြင်းကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်တော့ အားသာချက်တစ်ခုအဖြစ်ရှိနေမှာပါ။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်ကို တွင်ကျယ်အောင် အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ မဟာဗျူဟာကျကျ စီမံခန့်ခွဲဖို့အတွက် နည်းပညာလိုအပ်ချက်တွေရှိနေပြီဆိုရင်တော့ ကျွန်တော်တို့ MMIoT ကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ဖို့ အကြံပြုပေးလိုက်ပါတယ်ခင်ဗျာ ✌️
ကျွန်တော်တို့ရဲ့ အကောင်းဆုံး အတွေ့အကြုံတွေကိုအသုံးပြုပြီးတော့ မြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့ အနာဂါတ် စိန်ခေါ်မှုများအတွက် အကောင်းဆုံး ကူညီပေးဖို့ အဆင်သင့်ပါပဲ 🌏
✨ If you are interested, please contact MMIoT today.
Phone: +959 794144111, +959 794834996 + 959 799737908 ကိုဆက်သွယ်လိုက်ပါ။