My Diarium

My Diarium Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Diarium, Yangon.

Explore Diarium ဆိုသည့်အတိုင်း
ကိုယ့်ဘဝမှာ နေ့စဉ်ဖြတ်သန်းနေရင်း ကြုံရတာလေးတွေ၊ ဖတ်မိသည့် စာလေးတွေနှင့် ပတ်သက်ပြီး ခံစားရတဲ့ ကိုယ့်တစ်ကိုယ်စာခံစား‌မှုလေးတွေကို ရေးတဲ့ Page ပါ။

တစ်နေ့ကို စာမျက်နှာ (၄)(၅) မျက်နှာရအောင် ဖတ်မယ်ဆိုပေမဲ့ ..... မင်းလူဆိုရင်တော့ လက်က ချဖို့ရာ နည်းနည်းခက်တတ်ပါတယ် 🙂🙂🙂 #မင...
03/02/2026

တစ်နေ့ကို စာမျက်နှာ (၄)(၅) မျက်နှာ
ရအောင် ဖတ်မယ်ဆိုပေမဲ့ ..... မင်းလူဆိုရင်တော့ လက်က ချဖို့ရာ နည်းနည်းခက်တတ်ပါတယ် 🙂🙂🙂

#မင်းလူ
#လွန်လေပြီးသောနှလုံးသား
#မဂ္ဂဇင်းဝတ္ထုရှည်များ

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်သေးဦးစာအုပ်လေးဖတ်ပြီးတော့တော့ ပျော်ခွင့်ရသင့်ပါတယ်။🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻"ငါသည်သူ့ကို ချစ်၏။ထို...
31/01/2026

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်သေးဦး
စာအုပ်လေးဖတ်ပြီးတော့တော့ ပျော်ခွင့်ရသင့်ပါတယ်။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

"ငါသည်
သူ့ကို ချစ်၏။
ထိုသို့ ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည်
ကြီးစွ။

ဟိသစ္စံ ဤစကားမှန်၏။
ဤမှန်သော သစ္စာစကားကြောင့်
ငါသည်
ဘဝဆက်တိုင်း
ရင်ထဲ၌ အချစ်မဲ့သောကိုယ်
ဖြစ်လို၏။

#ပန်းတွေနဲ့ဝေ
#မောင်ဝဏ္ဏ

ဒီနေ့မှာတော့ စိတ်ညစ် စာအုပ်ကောက်ကိုင်  အစကတော့ ဘာကြီးတုန်းဟာပေါ့ဒါပေမဲ့ ဖတ်ကြည့်ပါဦးမယ်ဆိုပြီး ဆက်ဖတ်အင်း မဆိုးပါဘူးပေါ့...
28/01/2026

ဒီနေ့မှာတော့
စိတ်ညစ် စာအုပ်ကောက်ကိုင်


အစကတော့ ဘာကြီးတုန်းဟာပေါ့
ဒါပေမဲ့ ဖတ်ကြည့်ပါဦးမယ်ဆိုပြီး ဆက်ဖတ်
အင်း မဆိုးပါဘူးပေါ့ .....။

ဘာနေနေ ၂၀၂၆ မှာတော့ ငါ စာတစ်မျက်နှာဖတ်မိဖတ်မိ ဆိုတဲ့ သံဓိဌာန်ဖျက်လို့မရဘူးဆိုပြီး .... ဒီနေ့ဆို (၂၈)ရက်ရှိလာပြီ။


#ဗြိတိသျှကိုကိုမောင်

"ဂရုမစိုက်ခြင်းအနုပညာ" ဆိုပေမဲ့သူတကယ်ပေးချင်တဲ့ Message က ဂရုမစိုက်မရမဲ့အရာတွေကို တိတိကျကျ ဂရုမစိုက်ဖို့ဆိုတာ လက်ခံလိုက်...
23/01/2026

"ဂရုမစိုက်ခြင်းအနုပညာ" ဆိုပေမဲ့
သူတကယ်ပေးချင်တဲ့ Message က ဂရုမစိုက်မရမဲ့အရာတွေကို တိတိကျကျ ဂရုမစိုက်ဖို့ဆိုတာ လက်ခံလိုက်ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်။

စာဖတ်သက် မရင့်ကျက်သေးတဲ့ လူငယ်များကိုတော့ $လေးထည့်ပြောလိုက်ရမှ $ထာကျပြီး $ရမ်းဂေါ်တယ် ထင်တတ်တဲ့ ခေတ်ကြီးဆိုတော့ ..... "စောက်" ဆိုတဲ့ ဝေါဟာရက မြန်မာအဘိဓာန်မှာ ဘယ်နေရာတွေ သုံးတတ်ဆိုတာကို စိတ်မှာ အရင်မှတ်ပြီး ဖတ်စေချင်ပါတယ်။

📖📖📖📖📖📖📖📖📖📖📖📖📖📖

ပြောချင်တာကတော့ ကျွန်တော်တို့ဟာ အမြဲတမ်းတစ်ခုခုကို ရွေးကို ရွေးနေရတယ်။ အမြဲတမ်း။

ဒါကြောင့် ဘာကိုမှ ဂရုမစိုက်ဖို့ မဖြစ်နိုင်တာပေါ့။ တစ်ခုခုကိုတော့ ဂရုစိုက် အလေးထားရမယ် မဟုတ်လား။ ဘယ်ခွေးမှ လူမထင်ဘူးဟေ့။ သောက်ဂရုမစိုက်ဘူးကွ ဆိုတာကိုက တစ်ခုခုကို သောက်ဂရုစိုက်နေလို့ပဲ။

တကယ့်မေးခွန်းကတော့ ဘယ်အရာကို အရေးလုပ်မလဲဆိုတာပဲ။ လုပ်သမျှအရာတွေဟာ ဘာတန်ဖိုးတွေကို အခြေခံထားသလဲ။ ဘယ်ပေတံတွေနဲ့ တိုင်းမလဲ။ ကောင်းတဲ့တန်ဖိုးတွေဆိုတာ သေချာလား။ တိုင်းတာမှုတွေကရော မှန်ကန်ရဲ့လား။


#ဂရုမစိုက်ခြင်းအနုပညာ
#ချမ်းမြေ့ဝင်း

#20260123

ကျနော်တို့ဘဝတွေမှာ နေထိုင်ရင်း တခါတ‌လေမှာ မလွှဲသာမရှောင်သာပဲ ကိုယ်က ဘာကိုမှ မတတ်နိုင်တဲ့အချိန်မှာ ကျူးလွန်ခံရလိုက်လို့ န...
22/01/2026

ကျနော်တို့ဘဝတွေမှာ နေထိုင်ရင်း
တခါတ‌လေမှာ မလွှဲသာမရှောင်သာပဲ ကိုယ်က ဘာကိုမှ မတတ်နိုင်တဲ့အချိန်မှာ ကျူးလွန်ခံရလိုက်လို့ နစ်နာသူ ဖြစ်သွားရတဲ့ ကိစ္စတွေဆိုတာ ကြုံလာတတ်တယ်။ အဲ့ဒီအခါ အရေးကြီးဆုံးက နစ်နာသူက ကိုယ့်ကိုယ်ကိုယ် နစ်နာသူရယ်လို့ တိတိကျကျ သိဖို့ပါပဲ။
ဒါမှ ကိုယ့်အတွက် တရားမျှတမှုဆိုတာကို ကိုယ်တိုင် တောင်းဆိုရကောင်းမှန်းသိမှာကိုး။

📖📖📖📖📖📖📖📖📖📖📖📖📖📖

"သမီးအစ်ကိုက သမီးကို အသက်(၁၄)နှစ်ကနေ (၁၇)နှစ်အထိ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါတယ် အရှင်ဘုရား"
-
-
-
-
ကံကြမ္မာကို အထုပ်ဖြေပြနေတဲ့ပုံကို ကျွန်မရဲ့ခန္ဓာကိုယ်ထဲကနေ ဖယ်ခွာပြီး စောင့်ကြည့်နိုင်ခဲ့တယ်။ ဘုန်းတော်ကြီးက သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း မျက်နှာက နီရဲလာတယ်။

သူက "မင်းက ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုနဲ့ မင်းအစ်ကိုရဲ့ ခွင့်လွှတ်မှုကို လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မင်းက မင်းအစ်ကိုရှိနေတဲ့ အခန်းထဲကို ဝင် ဝင် သွားတတ်တာကိုး"
📚
📚
"ဘယ်လိုအရာတွေကိုလုပ်လို့ ကျွန်မက ခွင့်လွှတ်ခံရမှာလဲ။ ကိုယ့်အတွက်ကိုယ် မားမားမတ်မတ်ရပ်ပြီး တရားဥပဒေအတိုင်းဖြစ်လာဖို့ တောင်းဆိုမိတာကိုလား။ အဆိပ်အတောက်ရှိတဲ့ မိသားစုနဲ့ ဘုရားကျောင်းရဲ့ အဝေးမှာ နေမိတာကိုလေ"

#စိတ်ဒဏ်ရာ
#ဒေါက်တာအောင်_(ဆေး-၂)

အချစ်နှင့်စိတ် ကို အကုန်လုံးဖတ်ပြီးသွားတော့ ..... မိန်းမတွေကလေ အိမ်ထောင်ရေးကို ဘာလို့များ ဘဝ အာမခံချက်တို့ - အဆင်ပြေသွား...
21/01/2026

အချစ်နှင့်စိတ် ကို အကုန်လုံးဖတ်ပြီးသွားတော့ ..... မိန်းမတွေကလေ အိမ်ထောင်ရေးကို ဘာလို့များ ဘဝ အာမခံချက်တို့ - အဆင်ပြေသွားမှာပါတို့ - သင့်တော်ပါတယ်တို့ နဲ့ ဆုံးဖြတ်ချက်ချကြတာလဲဆိုတာ တွေးမိတယ်။

လူတိုင်းက Perfect မဖြစ်ဘူးဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ Defect ဖြစ်ရမဲ့အထဲမှာ "ချစ်ခြင်းမေတ္တာ" တော့ မပါသင့်ဘူးထင်တာပဲ။

ချစ်ခြင်းမေတ္တာထဲမှာမှ "သူလည်း ချစ်ဖို့လိုသလို ကိုယ်လည်း ချစ်ဖို့လိုတယ်။"

"သူလည်း ချစ်မှ ကိုယ့်ကိုယ် သည်းခံနိုင်မယ် - စေတနာထားနိုင်မယ် - နားလည်ပေးချင်မှာလေ။

ကိုယ်လည်း ချစ်မှ သူ့ရဲ့ အားနည်းချက်တွေကို နားလည်ပေးချင်ပြီး - အားသားချက်တွေကို အထင်ကြီးလေးစားချင်မှာ မဟုတ်ဘူးလား?

ဒါပေမဲ့ တစ်ချို့မိန်းမတွေ အိမ်ထောင်ပြုပုံက ထူးဆန်းတယ်။ မိန်းမတွေအနေနဲ့ သူ ချစ်ရင်ပြီးရော ဆိုတဲ့ Mindset ကြီးကလည်း (၂၁)ရာစုမှာ မရှိသင့်တော့ပါဘူး။ တော်ကြာ အိပ်ရာထဲကိစ္စတောင် လူယောက်ျား/လူမိန်းမ သွေးနှင့် ကိုယ်၊ သားနှင့်ကိုယ် ရှိတာချင်းအတူတူ မပြောရဲ မဆိုရဲ နဲ့ .... အိမ်ထောင်သာ ပြုလိုက်တယ် ကိုယ်ကတော့ ကလေးမွေးထုတ်ပေးရရုံသပ်သပ်ကြီးပဲ ဖြစ်နေပါဦးမယ်။
အိမ်ထောင်ပြု ရှုံးတာပေါ့။

🌻🌻🌻
"အချစ်ဆိုတာ
သံစဉ်ညှိမှ တေးသွားလှသလိုပဲ ....."
အဓိကက ကာယကံရှင်‌တွေကိုယ်တိုင်ကသံစဉ်ညှိချင်စိတ်ကို လက်မလျှော့ဖို့ပဲ။

🌻 ချစ်ခြင်းမှာ စေတနာပါရင် အလုပ်ကြိုးစားချင်စိတ်လည်း ရှိမှာပဲ။
🌻 ချစ်ခြင်းမှာ မေတ္တာပါရင် ကိုယ် သရေကျပြီး အိပ်ပျော်နေမိလည်း လူတိုင်းက နားလည်ပေးပြီး အရွှန်းဖောက်မိမှာပဲ။

🌻🌻🌻
အပြစ်မကင်းတဲ့ ချစ်ခြင်း‌တွေဆိုပေမဲ့
လင်နှင့် မယားဆိုတာ တဏှာပေမ ချစ်ခြင်းအပြင် မြတ်နိုးမှုသဒ္ဒါဆိုတာလည်း လိုတယ် မဟုတ်လား? 🌻🌻🌻

အဲ "ချစ်ခြင်းမေတ္တာနှင့် တဏှာရမ္မက်" တော့ ကွဲပြားဖို့တော့ လိုတာပေါ့လေ။

#အချစ်နှင့်စိတ်_၂
#နိုင်းနိုင်းစနေ

တစ်ခါတစ်လေကျရင်ကျနော်က စာပဲဖတ်ချင်တာဒါပေမဲ့ မ‌တွေးချင်ဘူး။ သိပ်မစဉ်းစားချင်ဘူး။ ဇာတ်ကောင်တွေနဲ့ မစီးမျှောချင်ဘူး။ အဲ့လို...
19/01/2026

တစ်ခါတစ်လေကျရင်
ကျနော်က စာပဲဖတ်ချင်တာ
ဒါပေမဲ့ မ‌တွေးချင်ဘူး။ သိပ်မစဉ်းစားချင်ဘူး။ ဇာတ်ကောင်တွေနဲ့ မစီးမျှောချင်ဘူး။

အဲ့လိုအချိန်မျိုးဆို ကျနော်က ဆရာချစ်ဦးညိုရဲ့ စာအုပ်‌တွေကို ဖတ်လေ့ရှိတယ်။


#20260119
#ဆရာချစ်ဦးညို
#မဟာသေနာပတိ
#အီဂျစ်နဲ့အင်္ဂလန်_နိုင်ငံခြားကိုမောင်သွယးထားလေမလား

ဘယ်တိရိစ္ဆာန်ထက်မဆို လူကသာသည်မှာ သူံမျိုးသာ ရှိပါသည်တဲ့။ ထိုအချက်တွေက(၁) ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးခြင်း(၂) ကိုယ်ကျ...
18/01/2026

ဘယ်တိရိစ္ဆာန်ထက်မဆို လူကသာသည်မှာ သူံမျိုးသာ ရှိပါသည်တဲ့။ ထိုအချက်တွေက
(၁) ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးခြင်း
(၂) ကိုယ်ကျင့်တရားရှိခြင်း
(၃) အလှအပကို ခံစားဖန်တီးတတ်ခြင်း

ထိုသုံးချက်မှာတော့ဖြင့် ဘယ်တိရိစ္ဆာန်မျှ လူကို မမီတော့ပြီ တဲ့။

ကြိုက်လိုက်တာ ❤️

#ဆရာအောင်သင်း
#ကျနော်ကျောင်းဆရာ
#အနာဂတ်ကိုမကြောက်နဲ့

17/01/2026

ကျနော်စာမေးပွဲဖြေတိုင်း အမြဲကသိုဏ်းကရိုင်းနဲ့ပါ။ ဘာလို့ဆို ကျနော်တို့လူရွယ်ပိုင်းဆိုတော့ အလုပ်လုပ်ရပါတယ်။

အလုပ်ကပြန်ရောက်ရင်လည်း ချက်ရပြုတ်ရ လျှော်ရဖွတ်ရ။ ရုံးပိတ်ရက်ဆိုလည်း သားလေးရှိရာဆီ ပြန်ရနဲ့။

ကျနော် အောင်စာရင်းထွက်တိုင်း ဂုဏ်ထူးနဲ့ပါလာရင် ကျနော့်အမျိုးသားက အံ့ဩ။ တစ်ခါမှလည်း စာကျက်တာ မတွေ့ဘူးဆိုပြီး။
"ဪ စာမဖတ်ပဲ စာမေးပွဲအောင်မလား? တရားတွေနား‌ထောင်တယ်လေ။ အမြဲတမ်း မျက်စိက မဖတ်ပေမဲ့ နားနဲ့စာဖတ်ရင်း စိတ်ထဲမှတ်ထားတာပေါ့။ ငယ်ငယ်ကလို ကျက်တာမျိုးတော့ ဘယ်ဟုတ်မလဲလို့"။
-
သွားလေရာတော့ စာအုပ်ထည့်သွားတယ်။ ဖတ်ဖြစ်ရင်လည်း ဖတ်ဖြစ်‌ပေါ့။ အလုပ်မှာဆို နေ့လယ်နေ့ခင်း နားကြပ်နဲ့ တရားနားထောင်ရင်း အနားယူတယ်။

အိမ်ပြန်ရောက်ရင် ထမင်းဟင်းချက်၊ မီးပူတိုက် ဉာဏ်မသုံးရပဲ Muscle memory တွေနဲ့ အလုပ်လုပ်ရတဲ့ ကိစ္စတိုင်းမှာ တရားနား‌ထောင်ရင်း လုပ်တယ်။ ..... ည အိပ်ခါနီးရင် တရားနာ‌ထောင်ရင်း အိပ်တယ်။ အိပ်တယ်ပဲ ပြောရမှာပဲ။

ဒီနေရာမှာ ကျနော်သုံးတဲ့ စကားလုံးက
တရားနာထောင်တယ်ပဲ ပြောရမှာပဲ။ တရားနာတယ်လို့ မသုံးထားဘူး။ နောက်ပြီး "စာမေးပွဲဖြေတယ်" လို့ပဲ သုံးနိုင်သေးတယ်။ "ပူဇော်တယ်"လို့ သုံးလုံ့ရလို့တဲ့အထိ ကျနော့် သဒ္ဓါတရား ဒီဂရီ level က မမြင့်သေးဘူး။ (အဲ့လို "ဝေါဟာရ"ကို ခံစားမိသည်အထိ ကျနော့်မှာ အရည်အချင်း မရှိသေးတာကို ပြောတာပါ။)

🌻🌻🌻 ကျနော်က "သဒ္ဓါစရိုက်" မဟုတ်ဘူး။ အရင်ကတည်းက ဓါတ်တော်တို့ - စေတီတော်တို့ - ရုပ်ပွားတော်တို့ မြင်တွေ့ရရုံနဲ့ "ကြည်ညိုလိုက်တာလို့" အဲ့လို အလွယ်တကူ မဖြစ်ဘူး။🌻🌻🌻

ဒါပေမဲ့ ထူးဆန်းတယ် သိလား?
ကျနော်က တရားနားထောင်ရင်တော့ ကြက်သီးမွှေးညှင်းတွေထအောင်ကို သဒ္ဓါစိတ်ပေါ်တယ်။ ပါချုပ်ဆရာတော်ကြီးဟောထားတဲ့ "လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်တို့"- "မဟော်သဓါပညာရှိနှင့် သူ၏ပညာစွမ်းအား" တို့ ဒါတွေ နားထောင်ရတုန်းကဆို မျက်ရည်ဝဲသည်အထိ အားကျတယ်။ ကြည်ညိုတယ်။

နောက် ပါဠိတော်မြန်မာပြန် စ ဖတ်ဖူးတုန်းကဆို မြတ်စွာဘုရားရှင်၏ ဘယ်လိုပြောရမလဲ
ဒီခေတ်မှီတဲ့ အတွေးအခေါ်တွေလို့ ပြောရမှာလားပဲနော် ..... အရမ်းကို ကြည်ညိုမိတယ်။
-
ဒါကြောင့် ပြောတာ .....။
ကျ‌နော့်သံသရားခရီးအတွက် ရှာဖွေခြင်းအစက ဒီဘဝက ပထမခြေလှမ်းတောင် ဖြစ်နေမလားမသိဘူးလို့လေ။ အရင်ဘဝတွေက အခံ ကျနော့်မှာ ရှိပုံမရဘူး။

*** ကျနော်တို့ရဲ့ Decade လေးခုစာအတွင်းမှာ ပါချုပ်ဆရာတော်ကြီး ပေါ်ထွန်း ကျော်ကြား တည်ရှိနေတာဟာ ကျနော်တို့အတွက်တော့ "မဟာကံကောင်းမှု" လို့ပဲ ပြောရမယ်။ ဒီ့ထက်ဒီ အကျင့်ပျက်မှုတွေက အားမကောင်းခင် - မလွှမ်းမိုးခင် ကျနော်တို့ တွေ့ရတာလေ။

စဉ်းစားကြည့်လေ
မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ မဟာဂန္ဓာရုံဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီး .... အစရှိသဖြင့် ဒီဆရာတော်ကြီးတွေကိုလည်း ကျနော်တို့မှ မမှီတာ။

ဒါပေမဲ့ ပါချုပ်ဆရာတော်ကြီးကို ကြည့်ပြီး ကျနော်တို့ Imagine လုပ်လို့ရတယ်။ "ဗုဒ္ဓဂုဏ်၊ ဓမ္မဂုဏ်၊ သံဃာ့ဂုဏ်" ကို မှန်းဆ လက်ခံလို့ရတယ်။

ပါချုပ်ဆရာတော်ကြီးတောင် ဒီလောက် ဉာဏ်ကြီးတာ (ဒက်ခနဲ ဒက်ခနဲ ဟိုကျမ်း၊ ဒီသုတ္တာန်နဲ့ အသေးစိတ်တွေနော်) .. မြတ်စွာဘုရားရှင်က တုနှိုင်းမဲ့ဆိုတာ "အေး ဟုတ်မှာပဲ။" ပါချုပ်ဆရာတော်ကြီးရဲ့ အသံကတောင် ဒီလောက် ကရုဏာအသံနဲ့ အေးတည်ကြည်နေတာ "မြတ်စွာဘုရားအသံတော်ဟာ ...." အစရှိသဖြင့်ပေါ့နော်။ May be၊ May be အဲ့လိုမျိုးနော်။

နောက် သံဃာ့ဂုဏ်နဲ့ ပတ်သက်ပြီး ဆရာတော်ကြီးကို ကြည့်ပြီး အရှင်သာရိပုတ္တရာတို့၊ အရှင်အာနန္ဒာတို့ ... အစရှိသဖြင့်ပေါ့နော် Imagine လုပ်လို့ရသွားတယ်။
-
🌳🌳🌳 ဒါကလေ တကယ့် သံဃာစစ်ကနေ ကျနော်တို့ ဘုရားကိုရော၊ တရားကိုရော မြင်နိုင်တယ်ဆိုတာကို ပြောပြတာ။

နောက် ဟုတ်ပြီး သံ‌ဃာကနေ မမြင်ရသေးဘူးထား။ ခုလိုမျိုး ဓမ္မကို လေ့လာမယ်။ ဓမ္မ‌ကို လေ့လာရင်းလည်း ဘုရားကိုရော၊ သံဃာကိုရော မြင်ရနိုင်တယ်။ 🌳🌳🌳

ဒါပေမဲ့ "သံဃာနှင့် ဓမ္မ"ကကျ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလို့ ထင်တယ်။

ကျနော့်အမျိုးအစားကျ ကျနော်က ဓမ္မကို လေ့လာရင်းမှ "ဗုဒ္ဓဂုဏ်နှင့် သံဃာ့ဂုဏ်" ကို သိမြင်ခံစားမိလာတာ။

ဘာလို့ ဒီလိုပြောရလဲဆိုတော့
ကျနော်လည်း တစ်ခါတုန်းက (မသိမိုက်မဲစဉ်က) "သံဃံ သရဏံ ဂစ္ဆာမိ" ဖြုတ်ရမလားဆိုပြီး စဉ်းစားခဲ့ဖူးလို့။ ရိုးသားစွာ ဝန်ခံတာပါ။
(*** အခုတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့်ပြောတာ နေမှာပေါ့။ သောတပန် ဖြစ်မှ စိတ်ချရတယ်ဆိုတာ။ ဒါလည်း ဖြစ်နိုင်တာပဲ။ အလောင်းတော်ဘဝမှာ ကြီးမြတ်သောမြတ်စွာဘုရားရှင်တောင် ဘာသာမဲ့ဖြစ်ခဲ့တဲ့ ဘဝတွေလည်း ရှိခဲ့တာပဲ။ ကျနော်တို့က ငါးမြှောင့်ငါးခြောက်တွေ ဘာဆုမှ ပန်ထားတာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့လို့လည်း အမြဲ ဆုံးမပါတယ်။)



17/01/2026

💛 ပျော်ချင်ရင် အပင်စိုက်လို့ရသလို
📚📖 စာအုပ်တွေလည်း စုဆောင်းလို့ရပါတယ်လို့ 😁😁😁




ဒီနောက်ပိုင်းမှာ တရားစာပေလေ့လာတဲ့သူအများစုကနေ "ယောနိသော မနဿိကာရ" - အသင့်အတင့်နှလုံးသွင်း ဆင်ခြင်ခြင်းနဲ့ ပတ်သက်ပြီး ကိစ္...
14/01/2026

ဒီနောက်ပိုင်းမှာ တရားစာပေလေ့လာတဲ့သူအများစုကနေ "ယောနိသော မနဿိကာရ" - အသင့်အတင့်နှလုံးသွင်း ဆင်ခြင်ခြင်းနဲ့ ပတ်သက်ပြီး ကိစ္စရပ်တိုင်းကို နှလုံးအေးဖို့ ကြိုးစားချင်လာကြတာကို သတိပြုမိသလို တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာကိုလည်း သတိထားမိတယ်ပေါ့နော်။

ဒါနဲ့ ကျနော်က ဖတ်ပြီး မမှတ်မိတော့တဲ့ တက္ကသိုလ်တုန်းက အချေအတင်ဖြစ်ဖူးတဲ့စကားလေးတစ်ခွန်းကို သွားသတိရမိတယ်။
"အဖြစ်အပျက်ထက် သဘောထားက အရေးကြီးတယ်" ဆိုတဲ့စကားလေး။ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ အငြင်းအခုံဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုပေါ့။

ကျနော်က "အဖြစ်အပျက်ထက် သဘောထားက အရေးကြီးတယ်" ဆိုပေမဲ့ တစ်ခါတစ်‌လေ ကျရင် "အဖြစ်အပျက်ရော သဘောထားရော အရေးကြီးတယ်" ဆိုတဲ့ အဆိုပြုတဲ့ဘက်ကပါ။
-
ဥပမာဗျာ - ကျနော်က 5 Star Hotel မှာ Breakfast စားတယ်။ 5 Star ဆိုကတည်းက ကျနော့်မှာ Expectations မျှော်လင့်ချက်တစ်ချို့က ရှိပြီးသား။ အဲ့မှာမှ သူ ပြင်ပေးတဲ့ Plating က သိပ်မမိုက်ဘူးပေါ့။ ရသေးတယ်။ အဓိက အစားအစာမှာ အရသာရှိဖို့ပဲ။ ဒါပေမဲ့ 5 Star က ပြင်ပေးတဲ့ စားပွဲမှာ ဆံချည်မျှင်ပါလာမယ် (သို့) ယင်ကောင် ပါလာမယ်ဆိုရင်ရော ... "အဖြစ်အပျက်ထက် သဘောထားက အရေးကြီးတယ်ဆိုပြီး" အတန်အသင့်နှလုံးသွင်းပြီး ဒီတိုင်း စားလိုက်မှာလား?။

***ကျနော်ထင်တယ် နဲနဲတော့ ကွန်ပလိန်းတက်မိမယ်လို့ ထင်တယ်နော်။ ဘာလို့ဆို ကျနော်တို့ လာစားတာ လမ်းဘေး Street Food မဟုတ်ဘူးလေ။ 5 Star Hotel က Breakfast ကို လာစားတာ။ ဆံပင်တွေ - ယင်ကောင်တွေပါတာကျ မဖြစ်သင့်ဘူးလို့ တထစ်ချ တွေးထားတဲ့အပြင် ကျနော်တို့ကိုယ်၌လည်း အရသာက ကိုယ့် Taste နဲ့ မကိုက်ညီလျှင်တောင် သန့်ရှင်းမှုကိုတော့ သေချာပေါက် မျှော်လင့်ထားမှာပဲ။
-
နောက်ဥပမာက ဒီလိုဗျာ ....
ဘုန်းကြီးဆိုတာ မာတုကာမတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတယ်ဆိုတဲ့ ဝိနည်းရှိတယ်။ ရဟန်းဝတ်ဆိုကတည်းက ကျနော်တို့မှာ အဲ့ဒီ့ Expectations - မျှော်လင့်ချက်ရှိတယ်။
.... ဟုတ်ပြီ ကျနော်တို့က ရဟန်းဆိုတာ "ဒါယိကာ - ဒါယိကာမ" အစရှိသဖြင့် အစုံအစုံနဲ့လည်း မလွတ်ကင်းနိုင်လို့ ကြမ်းတပြေးညီထိုင်မိပြီး ဆွေးနွေးစရာ ဆွေးနွေးတယ်။ ဒါတော့ ကျနော်တို့က နားလည်တယ်လေ။ .... ဒါပေမဲ့ ရဟန်းဝတ်(၁)ပါးက မာတုကာမနဲ့ လက်ချင်းချိတ်ပြီး သွားမယ်။ ယှဉ်ပြီး ပူးကပ်ထိုင်မယ် ဆိုပါစို့ .... ဘယ်လိုလဲ? အဲ့မှာရော ကျနော်တို့က "အဖြစ်အပျက်ထက် သဘောထားက အရေးကြီးတယ်" ဆိုပြီး အတန်အသင့် နှလုံးသွင်းနိုင်မယ်လို့ ထင်လား?
-
ဒါနဲ့ပဲ ကျနော်တို့ ယူရမဲ့ဘွဲ့က သုတဓမ္မဂဝေသီဘွဲ့။ ဘာသာရေးဆိုင်ရာ ဘွဲ့။ Buddhist's Philosophy ကို လက်တွေ့ဘဝထဲ Applying လုပ်နိုင်အောင် "သင်ရိုးပြဌာန်းချက်"ကိုက ပါဠိလိုမဟုတ်ပဲ မြန်မာစကားပြေနဲ့ သင်ယူခဲ့ရတဲ့ ဘွဲ့။

ဒါပေမဲ့ ကျနော်တို့က ဘွဲ့သာရခဲ့တယ်
"ဒိဌိရော - ဝိစိကိစ္ဆာ" တောင် မပယ်သေးဘူး။ ကျန်တဲ့ လောဘတွေ ဒေါသတွေ ပယ်နိုင်ဖို့ ဝေးစွ။ အဲ့ဒီတော့ ကျနော်တို့မှာ လူအမြင်တင့်တယ်ချင်တဲ့ စိတ်ကလေးရှိနေတာတော့ အမှန်ပဲ။ *** ပုထုဇဉ်မို့ လောဘလေးတော့ ရှိတာပေါ့လို့သာ ဖော့တွေးချင်ပေမဲ့ ... ဒီခန္ဓာကိုယ် အပုပ်ကောင် ရုပ်‌ဆောင်ကြီးပါဆိုပြီးတော့တော့ ဘာမှမပြင်မဆင်ပဲ တရားသဘော နှလုံးသွင်းပြီးလာမဲ့သူတော့ သိပ်မရှိဘူးပေါ့ဗျာ။ မိန်းမတို့သဘာဝ လှ ချင်တာကိုး။ ဒါက သံသရာအဆက်ဆက်က အထုံစိတ်လေ။

ဒီအတွက် နည်းနည်းပါးပါး ကျက်သရေရှိရှိ လှအောင် ပြင်ဆင်ကြမယ်ပေါ့။ ဟုတ်ပြီး ဒီထိကိုလည်း .... အေးပေါ့ နည်းနည်းပါးပါး လှချင်ဦးမှာပေါ့ဆိုပြီး နားလည်ကြမှာပါ။

***** ဒါပေမဲ့ ပြူးပြူးပြဲပြဲ မိတ်ကပ်အထူကြီးလိမ်းပြီး ရတနာတွေ ပြူးပြူးပြဲပြဲဝတ်ပြီး လက်ကောက်ကြီး တချွင်ချွင် - ဘယက်ကြီး တပြောင်ပြောင် - နှုတ်ခမ်းနီကြီးတရဲရဲနဲ့
ဒီဘွဲ့ယူမယ်ဆိုရင်တော့ ဘာသာရေးကို သေချာမလေ့လာဖူးတဲ့ သူတွေရဲ့ Expectations ကနေ သွေဖည်သွားမယ်လို့ထင်တယ်။*****

"ဟယ် ယူတော့ ဘာသာရေးဘွဲ့တဲ့။ သူတို့က ပိုဆိုးနေသလိုပဲဆိုပြီး ကဲ့ရဲ့ကြမယ်လို့" ထင်တယ်။ အဖြစ်အပျက်ထက် သဘောထားက အရေးကြီးတယ်ဆိုပေမဲ့ .....
🌻🌻🌻 ဒီကာလတွေမှာ အများသူငှာက ဘာသာရေးနဲ့ ပတ်သက်ရင် သိပ်ပြီး ယောနိသောမနဿိကာရ မဖြစ်ချင်ကြဘူး မဟုတ်လား?။ 🌻🌻🌻

ဒီနေရာမှာ ကျနော်က ဘာကို သတိရမိလဲဆို မိလိန္ဒမင်းကြီးအမေးအဖြေထဲက အကုသိုလ်နှင့် ပတ်သက်၍ ပြုလုပ်မိလျှင် .....
"သိသူနှင့် မသိသူ" ဘယ်သူက ပို အပြစ်ကြီးလဲဆို မီးခဲကို ပူမှန်းမသိပဲ ကိုင်မိသူက ပို ပူတတ်တဲ့သဘောလိုပဲ .... ဒီလို စာပေတွေကို မလေ့လာသူတွေအနေနဲ့ဆို ... သူတို့မှာ BA ဘွဲ့ရယူသူတွေကို အားကျပြီး အတုယူနိုင်ဖို့‌နေနေသာ ပိုပြီး အကုသိုလ်ဖြစ်မိမယ်လို့ ထင်တယ်နော်။ အဲ့တော့ ကျနော် သိတဲ့သူတွေက ဒီလို Public Ceremony ပွဲတွေမှာ အများသူငှာကိုလည်း ငဲ့ရမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ငဲ့ရမယ်လို့ ယူဆမိတယ်ပေါ့နော်။

🌻🌻🌻
မိလိန္ဒမင်းကြီးရဲ့ စကားလေးကို အတုယူပြီးနိဂုံးချုပ်ရရင် *** "သုတဓမ္မဂ‌ဝေသီ BA ဘွဲ့ယူမည့်သူတို့မှာ လောဘနည်းနေတယ်ဆိုတာ အကျွန်ုပ်က သိပါတယ်။ ဒါပေမဲ့ "ဆရာ၏ ရည်ရွယ်ချက်ကို အများသူငှာ အပြစ်တင်မခံရအောင်လည်း ဓမ္မမိတ်ဆွေများက စောင့်ရှောက်ပါ။ ဆရာ့ရည်ရွယ်ချက်ကို စောင့်ရှောက်လျှင် ဆရာ၏ ဘုန်းကျက်သရေကလည်း ဓမ္မမိတ်ဆွေများကို စောင့်ရှောက်ပါလိမ့်မယ်"
-
"ဝိသာခါ ကျောင်းအစ်မကြီးတောင် ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ ကျောင်းရေစက်ချပွဲမှာ ပျော်လို့ ထကကြသေးတာပဲဆိုလည်း ..... ကျောင်းအစ်မကြီးလို "ငါ သူ တစ်ပါး ယောက်ျားမိန်းမ" ဆိုတဲ့ အစွဲကင်းပြီး အကြည်ဓါတ်တွေ ပြည့်နေရင်တော့လည်း မပြောတတ်ဘူးပေါ့လေ။
-
ဒီတစ်ယောက်က လျှာရှည်တာဆို
ဟုတ်ပါတယ် ကျနော်က Batch-01 ကျောင်းသားမို့ ကျနော်ကစ ဆရာ့၏ ရည်ရွယ်ချက်ကို စောင့်ရှောက်ချင်လို့ပါ။

✌️ ✌️✌️

မှတ်ချက် - ဓါတ်ပုံလေးတွေက ဟိုးယခင်ကတည်းက အပြင်မှာ ကိုယ့်ဘာသာထုတ်ပြီး မိတ်ဆွေတွေကိုလည်း လက်ဆောင်ပေးသလို ကျနော့်အိမ်မှာလည်း ကြည်ညို ပူဇော်ထားတာပါ။



"ကိုယ့်ရွာနှင့် ကိုယ့်လမ်းပေသိတကန်တက လာပါမှ ရောက်ရသည်မျိုးပင် ...." တဲ့ တကန်တကတဲ့ အသုံးလေးက How sweet ❤️-တကူးတကတကန်တကတခု...
05/09/2025

"ကိုယ့်ရွာနှင့် ကိုယ့်လမ်းပေသိ
တကန်တက လာပါမှ ရောက်ရသည်မျိုးပင် ...." တဲ့ တကန်တကတဲ့ အသုံးလေးက How sweet ❤️
-
တကူးတက
တကန်တက
တခုတ်တရ .....။
-
မပုန်းရည်ကလေးက
သူ့ကိုယ်သူ စောင့်ရှောက်ရာဝယ်
"မြင့်မြင့်နှင့် ဝေးဝေးပျံရမည့် ငှက်တစ်ကောင်အဖို့ အတောင်တစ်ချောင်း အကျွတ်မခံရအောင် နေထိုင်ခဲ့သည်။ ရုပ်ချော ပညာတတ် ကျောင်းဆရာမကလေးဆိုတော့ ချူချင် ဆွတ်ချင်သူတွေဘေးကဝေးအောင် အငိုက်မခံ အလှမ်းမခံ နေပြခဲ့လေသည်" လို့ ဆရာမက ရေးသားခဲ့တယ်။
-
🌻🌻🌻 ကိုယ်တွေလည်း
မြင့်မြင့်နှင့် ဝေးဝေးပျံရဦးမည့် ငှက်တစ်ကောင်ပဲမို့ အတောင်နှင့် တူသည့် "ကျန်းမာရေးကို" ဂရုစိုက်နေထိုင်ရပေလိမ့်မည်။ ဒီကာလမှာ အသက်ကို ခြွေ - ကြွေလွယ်စရာတွေ သိပ်များတယ် မဟုတ်လား? 🌻🌻🌻

#ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်_နားတောင်းဆင်
#ခင်ခင်ထူး

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959943441398

Website

Alerts

Be the first to know and let us send you an email when My Diarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share