Thukha Yadanar Furniture

Thukha Yadanar Furniture ကျွန်းပရိဘောဂနှင့်အိမ်တွင်းအလှဆင်လုပ်ငန်း

 #ပံ့သကူနောက်ဆုံးဂဏန်း 3လုံး ခန့်မှန်းပြီးရေး​ပေးနော်Page ကို like ထားပြီး Post ကို Share ပေးသူပဲရမှာပါ1ယောက်ကို အများဆု...
27/11/2023

#ပံ့သကူ

နောက်ဆုံးဂဏန်း 3လုံး ခန့်မှန်းပြီးရေး​ပေးနော်
Page ကို like ထားပြီး Post ကို Share ပေးသူပဲရမှာပါ
1ယောက်ကို အများဆုံး 5ခုပဲရေးပါနော်

Share ထားတဲ့ Screenshot ကို Comment မှာပြပေးနော်
မှန်တဲ့သူ (3​ယောက်) Phone Bill 10000 စီယူပါရှင့်❤️

Hint: ကျန်နေတဲ့ပထမနံပါတ်က ၅၀၀ ကနေ ၈၀၀ ကြားပါ
1ယောက်ကို နံပါတ်၅ခုထိ ခန့်မှန်းပြီးရေးပေးလို့ရပါတယ်ရှင်
ဒီည ၁၂နာရီ နောက်ဆုံးပါနော်

Happy Eid Mubarak 🤍✨နေ့ထူးနေ့မြတ်လေးမှာချမ်းသာပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်ပြီး ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ ...
29/06/2023

Happy Eid Mubarak 🤍✨

နေ့ထူးနေ့မြတ်လေးမှာ

ချမ်းသာပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်ပြီး

ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

မြန်မာ့သမိုင်း ရဲ့ ဘုရင်တွေအကြောင်းလေ့လာလိုက်ရင် အခမ်းနားဆုံးဆိုတဲ့ နန်းတော်တွေ ၊ အဆောင်အယောင်တွေကို ကျွန်းသား နဲ့ပဲ ပြု...
21/05/2023

မြန်မာ့သမိုင်း ရဲ့ ဘုရင်တွေအကြောင်းလေ့လာလိုက်ရင် အခမ်းနားဆုံးဆိုတဲ့ နန်းတော်တွေ ၊ အဆောင်အယောင်တွေကို ကျွန်းသား နဲ့ပဲ ပြုလုပ်ပါတယ် 🏰

နန်းတော် တွေ သာမက ပလ္လင်တွေ ၊ ထိုင်ခုံ ၊စားပွဲတွေအဆုံး အကြမ်းခံ ၊ ကြာရှည်ခံပြီး တန်ဖိုးကြီးလှတဲ့ ကျွန်းသားကိုအသုံးပြုကြတာ အဆန်းတော့မဟုတ်ပါဘူး💁‍♂️

ဒီလို နန်းဆန် ၊ မဟာဆန်တဲ့ မြန်မာမှု ပန်းပု လက်ရာတွေနဲ့ ကျွန်းထိုင်ခုံ ပေါ်မှာ မြန်မာ့အငွေ့အသက် အပြည့် ဘုရင်တစ်ပါးလို ခံစားချင်တယ်ဆိုတဲ့ လူကြီးမင်းတို့အတွက် ကျွန်းထိုင်ခုံ ၊ ကျွန်းဆိုဖာ များကို သုခရတနာ ကျွန်းပရိဘောဂ မှာ ရရှိနေပါပြီ 🤴

ကျွန်းပလ္လင်တစ်ခုလို မြန်မာဆန်ဆန် ခမ်းနားထည်ဝါမှုကို အနောက်တိုင်းရဲ့ အကောင်းဆုံး မှုတ်ဆေးနဲ့ အရောင် တာရှည်ခံအောင်ပြုလုပ်ပေးထားတဲ့အပြင် ရေစိုခံ ၊ အပူဒဏ်ခံနိုင်အောင် Waterproof Coating ထပ်တင်ပေးထားတော့ အကောင်းဆုံးမြန်မာ့လက်မှုပညာနဲ့ အနောက်တိုင်းအရသာ ကို ဘုရင်တစ်ပါးလို ခံစားရမှာပါ 🤴

သုခရတနာ ကျွန်းပရိဘောဂမှာ ကျွန်းထိုင်ခုံ ၊ ကျွန်းဆက်တီ တွေအပြင် ခါးနာ ၊ ကျောနာတတ်တဲ့ လူကြီးတွေ အတွက် ကျွန်းဆိုဖာများကိုလည်း Customize လုပ်ပေးပါသေးတယ်ခင်ဗျာ✅✅✅

ဆိုဖာများကိုလည်း အကောင်းဆုံး အရည်အသွေး နဲ့ Hand Made စစ်စစ်ကို ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် ခဏထိုင်ပြီး ပြန်မထချင်လောက်အောင် ဇိမ်တွေ့မှာ ဖြစ်တဲ့အပြင် အိမ်ကိုလာတဲ့ ဧည့်သည်တွေရဲ့ အထင်ကြီးမှုကို ရစေမှာ အသေအချာပါပဲ 💺

အရည်အသွေးအကောင်းဆုံး ကျွန်းစစ်စစ်တွေ ကိုသာ အသုံးပြုပေးမှာဖြစ်လို့ အကြမ်းမခံမှာ ၊ ရေ‌ရှည်အသုံးမခံမှာတွေကို စိတ်ပူစရာ လုံးဝ မလိုပါဘူးနော်🙅

ဒီတော့ ဘုရင်တစ်ပါးလို မဟာဆန်ဆန် ဇိမ်ခံချင်တယ်ဆိုရင်တော့ သုခရတနာ ကျွန်းပရိဘောဂကို လှမ်းလာခဲ့လိုက်တော့နော် 🙋

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

ပျိုမေတို့ မနက်ခင်း အိပ်ယာထတာနဲ့ ပထမဆုံး လုပ်တဲ့ အလုပ်က မှန်ကို တစိမ့်စိမ့်ကြည့်တတ်ကြတာပဲမဟုတ်လား 👸👸👸အပြင်တွေ သွားမယ် ၊ ...
07/05/2023

ပျိုမေတို့ မနက်ခင်း အိပ်ယာထတာနဲ့ ပထမဆုံး လုပ်တဲ့ အလုပ်က မှန်ကို တစိမ့်စိမ့်ကြည့်တတ်ကြတာပဲမဟုတ်လား 👸👸👸

အပြင်တွေ သွားမယ် ၊ အလုပ်သွားမယ် ဆိုရင်လည်း မှန်တင်ခုံရှေ့မှာ ထိုင်ပြီး စိတ်ကြိုက်အလှပြင်ပြီးမှ သွားတတ်ကြတာလေ 💃

💁‍♂️အလှအပ မကြိုက်တဲ့ မိန်းကလေးရယ်လို့ ဘယ်ရှိပါမလဲနော် 💁‍♂️

ဒါဆို ပျိုမေ‌တို့ အလှပြင်တဲ့ မှန်တင်ခုံကို အများနဲ့မတူဘဲ အခမ်းနားဆုံး ၊ အကြီးကျယ်ဆုံး ၊ မဟာဆန်ဆန် ၊ နန်းဆန်ဆန် အကောင်းစား ကျွန်းမှန်တင်ခုံကြီးမှာ Makeup Accessories တွေ အပြည့်နဲ့ အလှပြင်ဖို့ စိတ်ကူးထားဖူးလားရှင်✨✨✨

💯ပျိုမေတို့ရဲ့ စိတ်ကူးတွေ လက်တွေ့ အကောင်အထည်ဖော်လို့ရအောင် သုခရတနာ ကျွန်း ပရိဘောဂ မှာ 100% ကျွန်းသားစစ်စစ်တွေကို မိမိစိတ်တိုင်းကျ ဒီဇိုင်းနဲ့ Customize လုပ်လို့ရနေပါပြီ 💯

Modern Design နဲ့ ကျွန်းသားကို ပေါင်းစပ်ဖန်တီးမလား ၊ မြန်မာ့ရိုးရာ ပန်းပုပညာနဲ့ ဂန္ထဝင်ဆန်ဆန် မှန်တင်ခုံမျိုး ခံစားသက်ဝင်မလား ကြိုက်နှစ်သက်ရာ စိတ်ကူးထဲက အိမ်မက်ကို လက်တွေ့ပိုင်ဆိုင်နိုင်ပါပြီနော် 💁‍♂️

အရည်အသွေးအကောင်းဆုံး ကျွန်းစစ်စစ်တွေ ကိုသာ အသုံးပြုပေးမှာဖြစ်လို့ အကြမ်းမခံမှာ ၊ ရေ‌ရှည်အသုံးမခံမှာတွေကို စိတ်ပူစရာ လုံးဝ မလိုပါဘူးရှင်🙅

ဒီတော့ မင်းသမီးလေးတစ်ပါးလို လှနေဖို့ အကောင်းစားမှန်တင်ခုံမှာ အလှပြင်ချင်တယ်ဆိုရင် သုခရတနာ ကျွန်းပရိဘောဂ ကို လှမ်းလာခဲ့လိုက်တော့နော် 🙋

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

၂၀၂၃ခုနှစ်၊ မေလ (၁)ရက်၊ (တနင်္လာနေ့) တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အားသုခရတနာ ကျွန်းပရိဘောဂ မိသားစုမှဂုဏ်ပ...
01/05/2023

၂၀၂၃ခုနှစ်၊ မေလ (၁)ရက်၊ (တနင်္လာနေ့) တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား
သုခရတနာ ကျွန်းပရိဘောဂ မိသားစုမှ
ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

သက်ဆိုင်ရာ တာဝန်အသီးသီးကို
ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော
ကာယ ဉာဏ လုပ်သားများအားလုံး
ကျန်းမာပျော်ရွှင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။



အိမ်လေး တစ်လုံးကို လှလှ‌ပပလေး ဆောက်ထားပေမယ့် ပစ္စည်းတွေ ထားစရာမရှိလို့ ရှုပ်နေပါသလား 🤷‍♀️မိသားစုတွေ များလို့ပဲဖြစ်ဖြစ် ၊...
27/04/2023

အိမ်လေး တစ်လုံးကို လှလှ‌ပပလေး ဆောက်ထားပေမယ့် ပစ္စည်းတွေ ထားစရာမရှိလို့ ရှုပ်နေပါသလား 🤷‍♀️

မိသားစုတွေ များလို့ပဲဖြစ်ဖြစ် ၊ ကလေးတွေများလို့ပဲ ဖြစ်ဖြစ် အဝတ်အစားတွေ ၊ တိုလီမုတ်စတွေ များပြီး အခန်းက ရှုပ်နေရင် ဧည့်သည်လာတဲ့အခါ အမြင်မတော်ဖြစ်နေမှာပေါ့ 🤔

ဒါဆိုရင် ပစ္စည်းတွေ ၊ အဝတ်တွေကို သပ်သပ်ရပ်ရပ်ထည့်ထားနိုင်မယ့် ဗီရို ( ဗီဒို ) တစ်ခုမက လိုအပ်မှာ အသေအချာပါပဲ 💁‍♂️

ဒီလို ဗီရို တွေကို အရည်အသွေးအကောင်းဆုံး ကျွန်းသားနဲ့မှ လိုချင်တယ်ဆိုရင် သုခရတနာ ကျွန်းပရိဘောဂ ကိုသာ လှမ်းလာခဲ့လိုက်ပါနော်🙋

သုခရတနာ ကျွန်းပရိဘောဂ မှာ
🔹ကျွန်းသား မှန် ဗီရို
🔹ဧည့်ခန်းအတွက် ပစ္စည်းထားစရာ ဗီရို
🔹အိပ်ခန်းအတွက် အဝတ်ထည့်စရာ ဗီရို
🔹ရုံးသုံး ဖိုင် ၊ စာအုပ် ထည့်စရာ ဗီရို အမျိုးမျိုးကို ကျွန်းသားစစ်စစ်ဖြင့် အာမခံပြီး ရောင်းချပေးနေပါပြီ ✨

မြန်မာ့လက်မှုပညာနဲ့ ပေါင်းစပ်ထားတဲ့ ဗီရို ဒီဇိုင်းများ ၊ ခေတ်ပေါ် ဒီဇိုင်းနဲ့ ဗီရို အမျိုးမျိုးကို မိတ်ဆွေတို့ စိတ်တိုင်းကျ Customized Design များ စိတ်ကြိုက် အပ်နှံနိုင်တဲ့ အပြင် 100% ကျွန်းသားစစ်စစ်များကို သာရောင်းချတဲ့အတွက် ခိုင်ခံ့မှု ၊ လက်ရာသေသပ်မှုကိုတော့ စိတ်ပူစရာလုံးဝမလိုအောင် အာမခံအပြည့်ပေးထားပါတယ် 💯💯💯

သုခရတနာ ကျွန်းပရိဘောဂရဲ့ အရည်အသွေး အကောင်းဆုံး ကျွန်သစ်များနဲ့ လက်ရာအကောင်းဆုံး ဗီရို များကို သုံးပြီး သပ်ရပ်၊ ရှင်းလင်း၊ လှပ တဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်နိုင်ကြပါစေနော် ♥️

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

နှစ်သစ်မှာ ဝယ်ယူအားပေးသော မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာပျော်ရွှင်ပါစေရှင်This Pocket Money is password protected!...
17/04/2023

နှစ်သစ်မှာ ဝယ်ယူအားပေးသော မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာပျော်ရွှင်ပါစေရှင်
This Pocket Money is password protected! Enter (694157) to open the pocket money

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

မိတ်ဟောင်းမိတ်သစ် Customer များအားလုံးနှစ်ကူးအခါသမယမှာ ရွှင်လန်း ချမ်းမြေ့ကြပါစေလို့သုခရတနာ ကျွန်းပရိဘောဂနှင့်အိမ်တွင်းအ...
13/04/2023

မိတ်ဟောင်းမိတ်သစ် Customer များအားလုံး
နှစ်ကူးအခါသမယမှာ ရွှင်လန်း ချမ်းမြေ့ကြပါစေလို့
သုခရတနာ ကျွန်းပရိဘောဂနှင့်အိမ်တွင်းအလှဆင်လုပ်ငန်း မိသားစုမှ
ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်ရှင်

08/04/2023

သုခရတနာ ပရိဘောဂ ကိုအစဉ်အမြဲ အားပေးနေတဲ့ ချစ်မိတ်ဆွေတို့အတွက် မဟာသင်္ကြန်အထူး Promotion လေး စီစဉ်ပေးထားပါတယ်✨✨✨

မဟာသင်္ကြန်ကာလအပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူးမှာ အိမ်ထောင်ပရိဘောဂတွေကို အသစ်ဝယ်ယူပြီး စိတ်သစ်လူသစ် ဖြတ်သန်းချင်တဲ့ သူတွေအားလုံးအတွက် အဆင်ပြေအောင် နှစ်ကူးလက်ဆောင်လေးပေးပါရစေ 💁💁💁

✅April 1 ရက်နေ့မှစပြီး April 30 ရက်နေ့အထိ
သုခရတနာ ကျွန်းပရိဘောဂတွေကို ဝယ်ယူအားပေးမယ့်သူတိုင်းအတွက် 10% လျော့ဈေးပေးထားမှာဖြစ်ပြီး Quality ကိုလည်း အကောင်းမွန်ဆုံး ရရှိနိုင်မှာဖြစ်ပါတယ် ✅

ဒီတော့ နှစ်သစ် မှာ အသစ်သစ်သော ခံစားချက်လေးတွေနဲ့ ပရိဘောဂအသစ်လေးတွေ ဝယ်ယူချင်ရင်တော့ သုခရတနာရဲ့ Promotion ကာလ
အမှီ အမြန်လာဝယ်ထားမှ ဖြစ်မယ်နော်🙋

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

တစ်နေ့တာမှာ ရုန်းကန်လှုပ်ရှားပြီး အိမ်ရောက်တာနဲ့ အိပ်ယာလေးအပေါ် လှဲချလိုက်ရင် ပင်ပန်းနွမ်းနယ်မှုတွေ ယူပစ်သလို ပျောက်သွား...
24/03/2023

တစ်နေ့တာမှာ ရုန်းကန်လှုပ်ရှားပြီး အိမ်ရောက်တာနဲ့ အိပ်ယာလေးအပေါ် လှဲချလိုက်ရင် ပင်ပန်းနွမ်းနယ်မှုတွေ ယူပစ်သလို ပျောက်သွားစမြဲပဲမဟုတ်လား 🛌🛌🛌

ဒီလိုမိမိနေအိမ်ရဲ့ ဇိမ်အရှိဆုံး နေရာလေးကို အခမ်းနားဆုံးဖြစ်မှ ကျေနပ်မယ်ဆိုတဲ့ သူတွေအတွက် သုခရတနာပရိဘောဂ မှ ကျွန်းခုတင်များကို စိတ်တိုင်းကျ ဒီဇိုင်းဖြင့် မှာယူနိုင်ပါပြီ💁💁💁

တည်ငြိမ်ခန့်ညားပြီး မြန်မာမှုလက်ရာများကို နှစ်သက်သူတွေ ၊ မြန်မာမှု ကနုတ်ပန်းများနှင့် ဆန်းဆန်းပြားပြား ပန်းပုလက်ရာများကို မြတ်နိုးတဲ့သူတွေ ၊ ရိုးရိုးရှင်းရှင်း ကျွန်းအလှကို ခံစားချင်တဲ့ သူတွေတိုင်းအတွက် ကျွန်းခုတင်ဒီဇိုင်းများကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်နော်🙆🙆🙆

100% ကျွန်းသားစစ်စစ်များကို သာရောင်းချတဲ့အတွက် ခိုင်ခံ့မှု ၊ လက်ရာသေသပ်မှုကိုတော့ စိတ်ပူစရာလုံးဝမလိုအောင် အာမခံအပြည့်ပေးထားပါတယ် 💯💯💯

ဒီလို တစ်ယောက်အိပ် ၊ နှစ်ယောက်အိပ်
မဟာဆန်ဆန်ကျွန်းခုတင်များကို မင်္ဂလာခန်းဝင်ပစ္စည်းအဖြစ် အမြတ်တနိုးထားဖို့ပဲ ဖြစ်ဖြစ် ၊ အခိုင်ခံ့ဆုံး ရေရှည်သုံးလို့ရမယ့် ခုတင်မျိုးလိုချင်တာပဲဖြစ်ဖြစ် ဝယ်ယူချင်တယ်ဆိုရင်တော့ သုခရတနာ ပရိဘောဂကိုသာ လှမ်းလာခဲ့လိုက်ပါနော် 🙋‍♀️🙋‍♀️🙋‍♀️

အိပ်စက်ချိန်တိုင်းမှာ စိတ်ချမ်းသာမှုအပြည့်နဲ့ အနားယူပြီး သုခရတနာရဲ့ကျွန်းခုတင် နဲ့ အတူ အိပ်မက်လှလှမက်နိုင်ကြပါစေနော် 💙💙💙

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

ကျွန်းသစ်တွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သစ်တစ်မျိုးဖြစ်ပါတယ် 🌟👍ကြာရှည်ခံခြင်း👍သစ်ပိုးမစားခြင်း👍ပေါ့ပါးခြင်း👍ရနံ့သင...
17/03/2023

ကျွန်းသစ်တွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သစ်တစ်မျိုးဖြစ်ပါတယ် 🌟

👍ကြာရှည်ခံခြင်း
👍သစ်ပိုးမစားခြင်း
👍ပေါ့ပါးခြင်း
👍ရနံ့သင်းသင်းမွှေးနေခြင်း
👍အရောင်အသွေး နှင့် ဒီဇိုင်းလှပခြင်း တို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပရိဘောဂလုပ်ငန်းများမှာ အသုံးများကြပါတယ်

✅အရည်အသွေးကောင်းတဲ့ ကျွန်းသစ်ရရန် အနည်းဆုံး အနှစ် ၃၀ စောင့်ရန်လိုအပ်ပါတယ်

ရှားပါးသစ်အမျိုးအစားဖြစ်တဲ့အပြင် လူကြိုက်အလွန်များတာကြောင့် ကျွန်းသစ်ရဲ့ တန်ဖိုးက မသေးလှပါဘူး🤷🤷🤷

ဒီလို ရှားပါးပြီး တန်ဖိုးကြီးတဲ့ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂတွေ ကို ပိုင်ဆိုင်ထားတဲ့ သူတွေ အနေနဲ့ မိမိမြတ်နိုးတဲ့ ပစ္စည်းတွေကို အလှမပျက်ဘဲ ကြာရှည်ခန့်ညားအောင် ထိန်းသိမ်းဖို့ လိုအပ်တာပေါ့ 👍👍👍

ကျွန်းသစ်တွေရဲ့ အဓိက အားနည်းချက်က
တန်ဖိုးကြီးမြင့်လွန်းတာပါပဲ 🥺
ဒါပေမယ့် ကျွန်းဂုဏ်သတ္တိတွေ အမြဲ
ပေါ်လွင်နေဖို့ အတွက်ဆိုရင်
📌မာကြောတဲ့ အရာဝတ္ထုတွေနဲ့ ပွတ်မိတာ
📌သစ်ဖြစ်တဲ့အတွက် မီးအပူဒဏ်မခံနိုင်တာ
📌ပရိဘောဂတွေကို ပေါလစ် ပုံမှန်တင်ပေးတာ
📌ရေ/ရေနွေး နဲ့ ကြာကြာမထိတွေ့ဖို့
လိုအပ်ပါတယ်
ကျွန်းသစ်ဟာ ရေစုပ်ယူမှုမရှိတဲ့ ရေစိုခံ သစ်သား‌ဖြစ်ပေမယ့် အမြဲစိုစွတ်နေရင် သစ်သားပွတက်နိုင်ခြင်း မရှိပေမယ့် မီးခိုးရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်

သုခရတနာ ပရိဘောဂ မှ ကျွန်း များကိုတော့
ပေါလစ်မသုံးဘဲ နိုင်ငံခြားအရည်အသွေးမြင့် မှုတ်ဆေးကို အသုံးပြုထားတဲ့အတွက် အရောင် တာရှည်ခံတဲ့အပြင် Waterproof Coating ထပ်‌တင်ပေးထားလို့ ရေစိုခံ/အပူဒဏ် ခံနိုင်ပါတယ် 👍👍👍
နှစ်ပေါင်း များစွာကြာရင်လည်း ဆေးရောင်ပြန်တင်လိုက်တာနဲ့ အသစ်နဲ့ မခြားတောက်ပြောင်ခန့်ညားမှုကို သားစဉ်မြေးဆက် ခံစားနိုင်မှာပါ👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

မိမိတို့မြတ်နိုးရတဲ့ တန်ဖိုးကြီးပရိဘောဂ တွေကို ရေရှည်အသုံးဝင်ပြီး ခန့်ညားမှုတည်မြဲစေဖို့ အတွက် သုခရတနာ ကျွန်း ပရိဘောဂ မှ မေတ္တာဖြင့် မျှဝေပေးလိုက်ရပါတယ်

ကျန်းမာချမ်းသာကြပါစေခင်ဗျာ♥️

"ပရိဘောဂ" တဲ့ !စကားလုံးလေး ၄ လုံးတည်းပေမယ့်လူတိုင်းရဲ့ဘဝတစ်လျှောက်လုံးမှာအမြဲတမ်းပါဝင်ပတ်သက်နေတဲ့ အရာတစ်ခုပါပဲ✨ကိုယ့်ရဲ့...
06/03/2023

"ပရိဘောဂ" တဲ့ !
စကားလုံးလေး ၄ လုံးတည်းပေမယ့်
လူတိုင်းရဲ့ဘဝတစ်လျှောက်လုံးမှာ
အမြဲတမ်းပါဝင်ပတ်သက်နေတဲ့ အရာတစ်ခုပါပဲ✨

ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ
အမြဲတမ်းအတူပါဝင်နေမယ့် ပရိဘောဂတွေဟာ
✨ကိုယ်နှစ်သက်ရာ ဒီဇိုင်းဖြစ်ဖို့
✨Quality အထူးကောင်းမွန်ဖို့
✨ပစ္စည်းမှန်၊စျေးတန်ဖို့က
ထိပ်ဆုံးကအရေးပါတာပေါ့ 💯💯

ဒီတော့ လူကြီးမင်းတို့ရဲ့အိမ်ဂေဟာလေးအတွက်
အကောင်းမွန်ဆုံးသောစိတ်တိုင်းကျ
ပရိဘောဂတွေလိုအပ်လာပြီဆိုတာနဲ့
အိမ်ထောင်ပရိဘောဂတိုင်းကို
✅လိုချင်တဲ့ Customize Design၊Customize အရောင်များအတိုင်းပြုလုပ်ပေးခြင်း

✅ရာနှုန်းပြည့် Premium Quality နဲ့ နိုင်ငံခြားမှုတ်ဆေးစစ်စစ်များ
✅ကျွန်းသစ်ထုပြည့်များကိုသာအသုံးပြုပြီး
❎သစ်အဟောင်းသားများ
လုံးဝ( လုံးဝ ) မသုံးထားကြောင်းအာမခံနိုင်တဲ့
✅အမှန်ကန်ဆုံးသော ပစ္စည်း
✅အကောင်းမွန်ဆုံးသော Quality
✅အသင့်တော်ဆုံးသော စျေးနှုန်းများနဲ့
ရောင်းချပေးနေတဲ့ "သုခရတနာ ပရိဘောဂ"ကိုသာ
ရွေးချယ်ဖို့ လက်တို့လိုက်ပါရစေရှင် 💁‍♀️

Customer များကို
အကောင်းမွန်ဆုံးသောဝန်ဆောင်မှုများပေးဖို့
သုခရတနာ ပရိဘောဂ မိသားစုမှ
အမြဲစောင့်ကြိုလျက်ပါနော် ❣️

⛳ဆိုင်လိပ်စာလေးကတော့
အမှတ်(၈၃/၈၅)၊
သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ရန်ကုန်မြို့ ။

📱09-796255765

Address

အမှတ် (၈၃-၈၅) သမိန်ဗရမ်းလမ်း
Yangon
11211

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959796255765

Website

Alerts

Be the first to know and let us send you an email when Thukha Yadanar Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share