စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ

  • Home
  • Myanmar
  • Sittwe
  • စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ

စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ, Sittwe.

နာရေးကူညီမှုအလှူ================ကွယ်လွန်သူ "ဆရာ-ဦးအောင်မျိုးသန်း" အား အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ နောက်ဆုံး နှုတ်ဆ...
26/05/2026

နာရေးကူညီမှုအလှူ
================
ကွယ်လွန်သူ "ဆရာ-ဦးအောင်မျိုးသန်း" အား အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ နောက်ဆုံး နှုတ်ဆက်အလှူအဖြစ် 🙏🙏🙏...

နာရေးကူညီမှု အလှူငွေ ၃၀၀,၀၀ဝိ/- (သုံးသိန်းကျပ်) ကို Kpayဖြင့် လွှဲပြောင်းလှူဒါန်းခဲ့ပြီဖြစ်ကြောင်းကို အ.ထ.က(၄)ကျောင်းသား/သူဟောင်းများ သိရှိစေရန် တင်ပြအပ်ပါသည်။

ဆရာ ကောင်းရာသုဂတိသို့ ရောက်ပါစေ။ 🙏🙏🙏

ဆရာ-ဦးအောင်မျိုးသန်းအသက်(၆၅)နှစ်=================== #အပူဇော်ခံဆရာ 🙏🙏🙏 #နာရေးသတင်းဆရာ/မများနှင့် ကျောင်းသား/သူဟောင်းများ ...
25/05/2026

ဆရာ-ဦးအောင်မျိုးသန်း
အသက်(၆၅)နှစ်
===================
#အပူဇော်ခံဆရာ 🙏🙏🙏
#နာရေးသတင်း
ဆရာ/မများနှင့် ကျောင်းသား/သူဟောင်းများ သိရှိစေရန် တင်ပြအပ်ပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် (စုပေါင်းအိမ်ရာဝင်း)၊ အိမ်အမှတ်(၂၅)နေ (အဖ-ဦးရွှေသန်း + အမိ-ဒေါ်စောပွင့်) တို့၏သား၊ ဒေါ်ခင်ဆွေဦး ၏ ခင်ပွန်း၊ ဦးအောင်မျိုးဇော်+ဒေါ်ယွန်းရွှေလွှာ၊ ဦးကျော်လင်းသူ၊ ဦးပိုင်ဇေထက်+ဒေါ်သဲစုမွန် တို့၏ ဖခင်၊ မောင်မင်းခန့်သူ၏ အဖိုးဖြစ်သော ဆရာ-ဦးအောင်မျိုးသန်း [အ.ထ.က(၄)၊ အလပြ(ငြိမ်း)] သည် ၂၄.၅.၂၀၂၆၊ (တနင်္ဂနွေနေ့)၊ ညနေ(၇:၃၀)နာရီတွင် (၉၆)ပါးသောရောဂါဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ မိုးကုတ်ဝိပဿနာလမ်း၊ လက်မှုဝန်းထမ်းအိမ်ယာဝင်း၊ တိုက်(E)| အခန်းအမှတ်(၁၆) နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်က်ို ၂၈-၅-၂၀၂၆၊ (ကြာသပတေးနေ့)၊ နေ့လည်(၁၂:၀၀)နာရီ အချိန်တွင် #ရေဝေးသုသာန်သို့ ပို့ဆောင်ပြီး၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် မီးသဂြိုလ်မည် ဖြစ်ပါကြောင်းကို ညှိုးငယ်စွာဖြင့် အသိ
ပေးအပ်ပါသည်။

၂၈-၅-၂၀၂၆ (ကြာသပတေးနေ့)၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ကျောက်မြောင်း၊ ကျားကွက်သစ်လမ်း၊ ရွှေကံကော်လ္ဘက်ရည်ဆိုင်ရှေ့မှ ကားများထွက်ပါမည်၊၊

07/01/2026

ဗီဒီယိုဖိုင်ကြည့်ရှူ၍ရပါပြီ
====================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဗီဒီယိုဖိုင်

(မိမိတို့၏ဖုန်းနှင့် TVကို Screen Cast လုပ်ပြီး ကြည့်ရှူရန် အကြံပြုအပ်ပါသည်)

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း====================1979မှ1986ထိ အ.ထ.က(၄)တွင် ပညာသင်ကြားခဲ့ကြ​သော ကျောင်းသား/သူ​ဟောင်းများမှ...အ....
28/12/2025

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
====================
1979မှ1986ထိ အ.ထ.က(၄)တွင် ပညာသင်ကြားခဲ့ကြ​သော ကျောင်းသား/သူ​ဟောင်းများမှ...

အ.ထ.က(၄)ကျောင်းမှ သက်ပြည့်အငြိမ်းစား အပူဇော်ခံဆရာ/မများ၏ ကျန်းမာ​ရေး​စောင့်ရှောက်မှု ရံပုံ​ငွေအဖြစ်...

အလှူ​ငွေ ၂၀၀,၀၀ဝိ/- (နှစ်သိန်းကျပ်) ကို "အာစရိယပူ​ဇော်ပွဲဖြစ်​မြောက်​ရေး​ကော်မတီ" ၏ ဘဏ္ဍာရေးရံပုံငွေထဲသို့ ​ထည့်သွင်းလှူဒါန်းခဲ့ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏🙏

ဆရာ/မများအပေါ် အစဉ်အလာမပျက် နှစ်စဉ်ကန်‌တော့ရုံမျှသာမက...

ယခုကဲ့သို့ #ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ခေါင်းစဉ်ဖြင့်ပါ သီးခြားထပ်လှူကြပါသော ၁၉၈၄/၈၅ တက္ကသိုလ်ဝင်တန်းဖြေ အ.ထ.က(၄​) ကျောင်းသား/သူ​ဟောင်း အစ်ကိုကြီး၊ အစ်မကြီးများကို ဤ အ.ထ.က(၄)ပေ့ခ်ျ မှ #ဂုဏ်ပြုမှတ်တမ်းတင် ပိုစ့်တင်အပ်ပါသည်။

သာဓု သာဓု သာဓု ပါ။
🙏🙏🙏🙏🙏

နောက်ဆုံးပိတ်အစီအစဉ်များအား တင်ပြခြင်း=========================(၁) အသက်(၆၀)ပြည့်/ကျော် ကျောင်းသား/သူဟောင်း အစ်ကိုကြီး၊အစ...
23/12/2025

နောက်ဆုံးပိတ်အစီအစဉ်များအား တင်ပြခြင်း
=========================
(၁) အသက်(၆၀)ပြည့်/ကျော် ကျောင်းသား/သူဟောင်း အစ်ကိုကြီး၊အစ်မကြီးများအား ယခုထိတိုင် မြတ်ဆရာပူဇော်ပွဲ မပျက်မကွက် ဖြစ်မြောက်အောင် ဦးဆောင်ဝန်းရံမှု ပေးနေသည့်အပေါ် ကျောင်းသား/သူဟောင်း ညီ/မများက ကျေးဇူးတင်၊ ဂါရဝပြုသည့်အနေဖြင့် အခမ်းအနား၌ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း။

(၂) ပျော်စရာ၊ ရွှင်စရာ ကံစမ်းမဲနှိုက်ကြခြင်း

(၃) မဲပေါက်သူ ကျောင်းသား/သူဟောင်းများအား မဲဆုကြေးငွေများ ပေးအပ်ခြင်းနှင့်....

(၄) အနီးကပ်ဆုံး စာသင်နှစ်များအလိုက် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြခြင်း။

ပြီးပါပြီ။

(၂၁)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် ပြန်လည်ဆုံတွေ့ကြပါစို့။ ♥️👌👍

မှတ်တမ်းပြုစုတင်ပြခြင်း====================ဆုံးမဩဝါဒစကားပြောကြားပေးသော ဆရာ/မများ/ ကျေးဇူးတင်စကားပြောကြားပေးသူ/ ငွေစာရင်း...
23/12/2025

မှတ်တမ်းပြုစုတင်ပြခြင်း
====================
ဆုံးမဩဝါဒစကားပြောကြားပေးသော ဆရာ/မများ/ ကျေးဇူးတင်စကားပြောကြားပေးသူ/ ငွေစာရင်းရှင်းတမ်း‌ဖတ်ပြသူ/ ကန်တော့ချိုးတိုင်တည်ပေးသူ/ အခမ်းအနားမှုးများ/ မေတ္တာဖြင့်ဓါတ်ပုံရိုက်ပေးသူ/ ငွေသားဖြင့်ဆရာကန်တော့ကြသူများကို မှတ်တမ်းပြုစု တင်ပြအပ်ပါသည်။

သူတို့ခေတ်၊ သူတို့အရွယ်၊ သူတို့အချိန်က သူတို့၏ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းများ...❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️
22/12/2025

သူတို့ခေတ်၊ သူတို့အရွယ်၊ သူတို့အချိန်က သူတို့၏ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းများ...
❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️

အပူဇော်ခံဆရာ/မကြီးများ(၂)========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ...
22/12/2025

အပူဇော်ခံဆရာ/မကြီးများ(၂)
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတော်သို့ ကိုယ်တိုင်ကြွရောက် ချီးမြှင့်လာကြသော အပူဇော်ခံ ဆရာ/မကြီးများ။

ကျန်ရှိ ဆရာ/မများကို #ပထမပိုစ့်တွင် ကြည့်ရှူပါရန်။

အပူဇော်ခံဆရာ/မကြီးများ(၁)========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ...
22/12/2025

အပူဇော်ခံဆရာ/မကြီးများ(၁)
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတော်သို့ ကိုယ်တိုင်ကြွရောက် ချီးမြှင့်လာကြသော အပူဇော်ခံ ဆရာ/မကြီးများ။

ကျန်ရှိ ဆရာ/မများကို #ဒုတိယပိုစ့်တွင် ကြည့်ရှူပါရန်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်တွေ၊ အ.ထ.က(၄) ကျော...
22/12/2025

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲနေ့၌...

ကွယ်လွန်လေပြီးသော ဆရာ/မများ၊ ကျောင်းသား/သူဟောင်းများ အတွက် ရည်စူးကာ...

ပွဲကျင်းပရာ ဓမ္မသုခပရိယတ္တိစာသင်‌တိုက်မှ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း ကုသိုလ်အမှုကို ပြုလုပ်ခဲ့ကြပါသည်။

ကုသိုလ်အဖို့ကို ထ-၄ချစ်သူ၊ ကျောင်းသား/သူဟောင်းများအားလုံး ရရှိကြပါစေ။ အမျှပေးဝေပါသည်။

သာဓုခေါ် ကုသိုလ်ယူကြပါကုန်သောဝ်!!!

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share