22/03/2026
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စနစ်ရဲ့ ခွင့်ပြုစာရင်းမှာ မိမိဖုန်း ပါ၊ မပါ ဘယ်လိုစစ်ကြမလဲ +++++
အဆင့် (၁) - မိမိဖုန်းရဲ့ IMEI နံပါတ်ကို သိထားဖို့ လိုပါတယ်။ မိမိဖုန်းမှာ * #06 # ကို နှိပ်လိုက်ရင် IMEI နံပါတ်တွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒီနံပါတ်တွေကို မှတ်သားထားပါ။
အဆင့် (၂) - CEIR စနစ်ရဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.ceir.com.gov.mm ကို သွားရောက်ပြီး Check IMEI Status ကို နှိပ်လိုက်ပါ။
အဆင့် (၃) – Enter IMEI နေရာမှာ မိမိဖုန်းရဲ့ IMEI နံပါတ်တွေ ဖြည့်သွင်းပါ။ ပြီးသွားပါက I’m not a robot ကို အမှတ်ခြစ် နှိပ်လိုက်ပါ။ အဲ့ဒီနောက် IMEI Status (Correct) ၊ Tax Payment Status (Paid) ၊ Device blocking status (Allowed) ပေါ်လာပါက မိမိဖုန်းဟာ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စနစ်ရဲ့ ခွင့်ပြုစာရင်းမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။
ခွင့်ပြုစာရင်းမှာ ပါဝင်နိုင်ဖို့ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး MPT ၊ ATOM ၊ U9 ၊ Mytel စတဲ့ ဆင်းကဒ်တွေကို ထည့်သွင်းအသုံးပြုရမှာပါ။
CEIR ရဲ့ ခွင့်ပြုစာရင်းမှာ မပါတဲ့ ဖုန်းတွေကိုတော့ ဧပြီ ၁ ရက်နေ့က စပြီး ရက် ၃၀ အတွင်း အခွန်နဲ့ ဒဏ်ကြေးပေးမှ ဖုန်းလိုင်း ပြန်သုံးနိုင်မယ်လို့ သိထားရပါတယ်။
ဒီစစ်ဆေးမှုဟာ ဟန်းဆက် (IMEI) ကို စစ်တာဖြစ်ပြီး ဆင်းကဒ်မှတ်ပုံတင်ခြင်းနဲ့ သက်ဆိုင်ခြင်းမရှိပါ။
အသေးစိတ်ကို https://www.ceir.gov.mm ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်သလို CEIR Call Center ဖုန်းနံပါတ် ၁၇၇၇ နဲ့ ၁၇၇၅ တွေကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သတင်း - BETV Business
▶BETV Business News Youtube: https://www.youtube.com/
#မိုဘိုင်းဖုန်း #ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတစ်စနစ်
"Welcome to BETV Business News! We bring you the latest updates on local business trends, trade insights, and daily price information you can trust. Stay informed and make smarter decisions with our reliable and timely coverage of the business landscape. Subscribe to stay ahead in the world of busin...