KTK Mobile service

KTK Mobile service mobile service

14/02/2020
27/01/2020
15/01/2020

⚠️ ကျွန်တော်တို့ကို ထာဝရခွဲခွာသွားပြီဖြစ်တဲ့ ပြူတင်းပေါက်အမှတ် ၇

💔 ကျွန်တော်တို့နဲ့ ဆယ်စုနှစ်တစ်နှစ်စာ တူတူရှိနေခဲ့တဲ့ Window 7 ဟာ မနေ့ကပဲ သူ့ရဲ့ သက်တမ်း ( lifetime ) ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ရုံးအလုပ်တွေ နဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်နေရာယူခဲ့တဲ့ Window 7 ဟာ တဖြည်းဖြည်းတိုးတက်လာတဲ့ နည်းပညာတွေနောက်ကို အမှီလိုက်ဖို့မဖြစ်နိုင်တော့တဲ့အတွက် Microsoft က Window 7 ကို support လုပ်နေတဲ့ security update တွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

❓ Window 7 ကို ဆက်ပြီးသုံးလို့မရတော့ဘူးလား ?

💔 အဲ့လိုလည်းမဟုတ်ဘူး။ သုံးလို့ရပါတယ်။ ပြောချင်တာက Window 7 ကို ပေးနေကျ security update တွေကို Microsoft က မပေးတော့တာပဲရှိတာပါ။ Window 7 ကို သံယောဇဉ်ရှိနေသေးတဲ့သူတွေအတွက် လုပ်လို့ရနိုင်တာတစ်ခုကတော့ ESU လို့ခေါ်တဲ့ ( Extended Security Update ) ကို ပိုက်ဆံပေးပြီးဝယ်ယူလို့ရတယ်။ အဲ့ဒါနဲ့ Window 7 ကို ဆက်ပြီးသုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ESU ဟာ အချိန်အတိုင်းအတာတစ်ခုအထိသာဖြစ်ပြီး အဲဒီအချိန်ရောက်ရင် Security Update တွေ ထပ်ပြီးထွက်လာတော့မှာမဟုတ်တော့တဲ့အတွက် malware file တွေ၊ virus နဲ့ app တွေကို Window 7 က ကာကွယ်ပေးတော့မှာမဟုတ်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတော့ User တွေအနေနဲ့ ကိုယ့်ရဲ့ အရေးကြီး file တွေ၊ အချက်အလက်တွေ ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တယ်။ နောက်ထပ်ပြောချင်တာက ရုံးသမားတွေတော်တော်များများအသုံးပြုနေကြတဲ့ MS office 2007 ဟာ Window 7 နဲ့အတူတူ expire ဖြစ်သွားမှာမို့လို့ ဆက်လက်အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။

❓ တခြားနည်းရှိသေးလား ?

💔 ရှိပါတယ်။ အဲ့ဒါကတော့ Window 10 ကို ပြောင်းသုံးဖို့ပါပဲ။ Window 10 official license ကို ဝယ်ချင်တယ်ဆိုရင်တော့ IT ပစ္စည်းတွေနဲ့ပတ်သက်တဲ့ဆိုင်တွေမှာ မေးမြန်းပြီးဝယ်ယူနိုင်ပါတယ်။ ကိုယ့်ဟာကိုယ်ဝယ်ချင်လည်းဝယ်ပေါ့။

❓ ESU ရဲ့ ခန့်မှန်းသက်တမ်း

💔 အဲ့ဒါကတော့ ကျွန်တော်လည်းမပြောတတ်ဘူး။ ဒါပေမယ့် တစ်ချို့သတင်းတွေအရ ESU ဟာ လာမယ့် ၂၀၂၃ အထိ သူ့ရဲ့ သက်တမ်းရှိနေဦးမယ်လို့ဆိုကြတယ်။ ဒါဟာ Window 7 အတွက်သာဖြစ်ပြီး ခုနအပေါ်မှာပြောခဲ့တဲ့ Office 2007 အတွက်မပါပါဘူး။ တကယ်လို့ office 365 Pro Plus ရှိတယ်။ ESU လည်း ဝယ်ထားတယ်ဆိုရင်တော့ Office ကို ၂၀၂၃ အတွက် အသုံးပြုလို့ရကောင်းရနိုင်ပါမယ်။

💔 ပြောချင်တာက Window 7 user တွေအနေနဲ့ ဆက်ပြီးသုံးချင်ရင်သုံးလို့ရနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဆန်းသစ်လာတဲ့ malware တွေ၊ virus app တွေကိုတော့ Window 7 ရဲ့ security system က ကာကွယ်ပေးနိုင်မှာမဟုတ်တော့ပါဘူး။ အကြံပေးချင်တာကတော့ ရေရှည်လည်းသုံးလို့ရမယ်၊ security update လည်းအမြဲရနိုင်မှာဖြစ်တဲ့ Window 10 ကို ပဲသုံးကြဖို့အကြံပြုလိုပါတယ်။ အဲ့လိုမှမဟုတ်ပဲ Window 7 ပဲဆက်သုံးမယ်ဆိုရင်လည်းရပါတယ်။ Risk တော့နည်းနည်းယူရမှာပေါ့။ အထူးသဖြင့် အင်တာနက်သုံးပြီး အလုပ်လုပ်နေတဲ့သူတွေကို ရည်ရွယ်ပါတယ်။

💔 လောကကြီးမှာ ဘာမှမတည်မြဲဘူးဆိုတာ Window 7 က သက်သေပြလိုက်တာပါပဲ။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ကိုယ်တိုင် မက်မက်မောမော နဲ့ တွဲထားတဲ့ လက်တစ်စုံတော့ရှိတတ်တယ်။ ဒါပေမယ့် အချိန်တန်ရင်တော့ အဲဒီလက်တစ်စုံကို လွှတ်ချနိုင်ဖို့ကိုလည်း သင်ယူထားဖို့လိုအပ်ပါတယ်။



Photo Credit - Epic Gamers

30/12/2019

Address

Pauk

Website

Alerts

Be the first to know and let us send you an email when KTK Mobile service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share