11/10/2019
Miui 11 ရရှိနေတဲ့ Modelတွေ
AK Mobile - Pakokku မှာ...
(အခမဲ့)လာရောက် မြှင့်နိုင်ပြီဖြစ်ပါကြောင်း...
သတင်းကောင်း ပါးလိုက်ရပါတယ် ခင်ဗျ...။
11
MIUI 11 ရဲ့ အလန်းစား Features များ…
==============================
Xiaomi ရဲ့ MIUI 11 ဟာ Public Beta အဖြစ်နဲ့ တစ်ချို့သော Xiaomi နဲ့ Redmi ဖုန်းတွေဆီကို ရောက်ရှိလို့ နေပါပြီ!
Android 10 ကို အခြေခံထားတဲ့ ဒီ Empowering the Productive လို့ဆိုထားတဲ့ MIUI 11 ကို Xiaomi က ဘယ်လိုမျိုး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ထားသလဲဆိုတာကို တစ်ချက် ကြည့်လိုက်ရအောင်လားဗျာ…။
Dark Mode
ညဘက်တွေ ဖုန်းသုံးတဲ့အခါ အလင်းစူးလို့ မျက်လုံး သက်တောင့်သက်သာ မဖြစ်တာကို အားလုံး ကြုံဖူးမယ်ထင်ပါတယ်။ ဒါကို ဖြေရှင်းပေးနိုင်မယ့် Dark Mode ဟာ MIUI 11 မှာ ပါဝင်လာပါပြီ။
ဒီ Feature ဟာ System Wide Dark Mode ဖြစ်တာကြောင့် အရင်ဆုံး System Apps တွေမှာပဲ အလုပ်လုပ်ဦးမှာ ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ တခြား Third Party Apps တွေမှာပါ ပါဝင်လာနိုင်ပါတယ်။
OLED Display ပါတဲ့ Redmi K20 Pro နဲ့ Mi 8 SE လို ဖုန်းတွေ အတွက်ဆိုရင် Battery Saving လည်း ဖြစ်ဦးမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပါပဲ။
Ambient Display (Always On Display)
ဖုန်းသုံး မနေချိန်မှာ နာရီ(အချိန်) နဲ့ တခြား အကြောင်းအရာတွေကို ဘက်ထရီအား မစားဘဲ ဖော်ပြပေးမယ့် Ambient Display လေးကတော့ Redmi K20 Pro နဲ့ Mi 8 SE အပြင် တခြား OLED Display ပါ၀င်တဲ့ Xiaomi နဲ့ Redmi ဖုန်းတွေ အတွက် အတော်လေး အနှစ်ကျတယ်လို ဆိုလို့ရမှာပါ။
အရင် MIUI 10 မှာလည်း ပါ၀င်ခဲ့ရာကနေ အခု MIUI 11 မှာတော့ ရွေးချယ်စရာ Dynamic Themes တွေနဲ့ ပိုလှတဲ့ Desing တွေ ပါ၀င်လာတယ်။ Special Effects တွေလည်း ပါ၀င်တဲ့ အပြင် မိမိစိတ်ကြိုက် Signatures တွေနဲ့ Personalize ပြုလုပ်နိုင်ဦးမှာပါ။
Sounds of Nature
ရှင်းရှင်းလေး ပြောပြရရင်တော Ringtones , Alarms နဲ့ Notifications အသံ အသစ်တွေ ပါ၀င်တာပါ။ Sounds of Nature ဆိုတဲ့ အတိုင်း သဘာဆန်တဲ့ တောတောင်တွေထဲက အသံတွေပါ။
ဒီ အသံတွေကလည်း သဘာ၀တရားကြီး ပြောင်းလဲနေသလို အမြဲတမ်း ပြောင်းလဲပေးနေမှာလို့ ဆိုထားတာကြောင့် ငြီးငွေ့နေရမှာ မဟုတ်တာတော့ အသေအချာပါပဲ။
Ultra Battey Saver
ရိုးရိုး Battery Saver အပြင် Ultra Battery Saver ဆိုတဲ့ Features လည်း ပါ၀င်ပါတယ်။ သူကတော့ ဖုန်းကို Performace လျော့ချပြီး Standby သဘောမျိုး ထားတာကာ အခြေခံ ဖုန်းပြောရုံ စာပို့ရုံပဲ လုပ်ဆောင်နိုင်တာပါ။ Battery 5% တည်းနဲ့ တစ်ရက်တာ သုံးနိုင်ဖို့ စိန်ခေါ်ကြည့်ပါလို့ Xiaomi က ဆိုထားပါတယ်။
Mi Share
ဒါကတော့ Xiaomi နဲ့ Redmi ဖုန်းတွေ အချင်းချင်း Files တွေကို Share ပေးဖို့ သုံးနိုင်မယ့် Feature တစ်ခုပါ။
ဒီ့အပြင် Mi Share ကို သုံးပြီး မကြာသေးခင်က မိတ်ဆက်သွားတဲ့ Mobile Direct Fast Exchange အနေနဲ့ Xiaomi, Oppo နဲ့ Vivo ဖုန်းတွေ ကြားမှာ သီချင်းတွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေ၊… စတဲ့ ဖိုင်အမျိုးမျိုးကို Zapya လို ကြားခံ Application မလိုဘဲ ကူးယူနိုင်၊ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
Screen Time
ဖုန်းသုံးတာ အရမ်းများတဲ့ သူတွေအတွက် မိမိရဲ့ အချိန်ကို သေချာစီမံနိုင်ဖို့ အကူအညီပေးမှာကတော့ Screen Time ပဲ ဖြစ်ပါတယ်။ သူက Google Android 10 မှာ ပါ၀င်တဲ့ Digital Wellbeing လိုမျိုးဖြစ်ပြီး ဖုန်း Screen time တွေ ဝင်သုံးခဲ့တဲ့ Apps တွေရဲ့ ကြာချိန်တွေ ကို အသေးစိတ် ဖော်ပြ ပေးတာမျိုးပါ။
ဖုန်းကို လိုအပ်တာထက်ပိုပြီး အသုံးပြုနေတဲ့ သူတွေ အတွက်တော့ တကယ်ကို အထောက်အကူပြုမှာပါ။
Virtuals…
Apps တွေရဲ့ Icons လေးတွေက ပြောင်းသွားပြီး Animations အသစ်လေးတွေနဲ့ ပိုပြီး ကြည့်လို့ကောင်းသွားပါတယ်။ Settings App ကလည်း အရင်ထက် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ရှိလာပြီး Nevigate လုပ်ရတာ Settings တွေကို ရှာရတာတွေမှာ ပိုပြီး အဆင်ပြေလာပါတယ်။ Recents Apps တွေကို ပြတဲ့ အခါ MIUI 10 လို ၄ခု မပြတော့ဘဲ ၂ခုပဲ ပြပါတော့တယ်။ ပြီးတော့ တစ်ခြား ဒီဇိုင်း အသေးအမွှား ပြောင်းလဲ မှုတွေ အများကြီးပါ၀င်ပါသေးတယ်။
Others…
Mobiles Gamers တို့ အတွက် Performance မြှင့်ပေးမယ့် Game Turbo, ကလေးတွေကို ဖုန်းပေးသုံးတဲ့ အခါ အဆင်ပြေစေမယ့် Kid Space, Password ခဏခဏ မရိုက်ချင်သူတွေ အတွက် Autofills Passwords, Apps တွေဖွင့်ရင် မြန်စေမယ့် AI preloading, Design ပြောင်းသွားတဲ့ File Manager App,…တခြား သေးသေးမွှာမွှားနဲ့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ အများကြီး ပါ၀င်ပါတယ်။
ဘယ်ဖုန်းတွေမှာ MIUI 11 ရနိုင်မှာလဲ…?
အခုလောလောဆယ်ဆယ်မှာတော့ China Public Beta Rom အဆင့်ပဲ ရှိသေးတာမို့ ဖုန်း အနည်းစုမှာပဲ ရနိုင်ဦးမှာပါ။ Global Xaiomi ဖုန်းတွေကတော့ ထုံးစံအတိုင်း China Xiaomi ဖုန်းတွေထက် အနည်းငယ် နောက်ကျပြီးမှပဲ ရနိုင်မှာပါ။ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ပထမအသုတ် (အောက်တိုဘာလ အလယ်ပိုင်း)
Mi 9
Mi 9 Explorer
Mi 9 SE
Mi Mix 3
Mi Mix 2S
Mi 8
Mi 8 Youth
Mi 8 Explorer Edition
Mi 8 In-display Fingerprint Edition
Mi 8 SE
Mi Max 3
Redmi K20 Pro
Redmi K20 Pro Premium Edition
Redmi K20
Redmi Note 7
Redmi Note 7 Pro
Redmi 7
ဒုတိယ အသုတ် (အောက်တိုဘာလ နောက်ပိုင်း)
Mi 9 Pro 5G
Mi CC 9
Mi CC 9 Meitu Custom Edition
Mi CC 9e
Mi MIX 2
Mi Note3
Mi 6
Mi 6X
Redmi 7A
Redmi 6 Pro
Redmi Note 5
Redmi 6A
Redmi 6
Redmi S2
တတိယ အသုတ် (နို၀င်ဘာလ အစောပိုင်း )
Mi Mix
Mi 5s
Mi 5s Plus
Mi 5X
Mi 5C
Mi Note2
Mi Play
Mi Max 2
Redmi Note 8
Redmi Note 8 Pro
Redmi 5 Plus
Redmi 5
Redmi 5A
Redmi 4X
Redmi Note 5A
အပေါ်က စာရင်းထဲက တစ်ချို့ ဖုန်းတွေ အတွက်တော့ Beta တွေ ထွက်နေပြီ ဖြစ်ပေမယ့် အတော်လေး မတည်ငြိမ်သေးပါဘူး။
အပါ်မှာက စာရင်းထဲမှာ မပါတဲ့ဖုန်းတွေ အတွက်တော့ ဒီနှစ်ကုန် နဲ့ နောက်နှစ် အစပိုင်းမှပဲ Errors ကင်းကင်းနဲ့ ရနိုင်လောက်ပါတယ်။
AK Mobile - Pakokku
Mobile Phone Sale,Accessories & Services
ထင်တန်းလမ်းနှင့်တပ်မလမ်းထောင့်၊အမှတ်(၄)၊ပခုက္ကူမြို့
Phone - 09 4523 20001