01/01/2026
ဘုရား အရိယာ ရဟန္တာ သူတော်ကောင်းအပေါင်းတို့၏ ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျှက် ရှိခိုးကန်တော့ပါ၏ဘုရား၊ ခင်းပွန်းကြီး (၁၀)ပါးနှင့် မပြစ်မှားသင့် မပြစ်မှားထိုက်သော ပုဂ္ဂိုလ်အပေါင်းတို့၏ အပေါ်၌ မသိသည့် အလျှောက် မလိမ္မာသည့်အလျှောက် ပြစ်မှားခဲ့သော ကာယကံ ဝစီကံ မနောကံအပြစ်များရှိခဲ့ပါက ရှိခိုးတောင်းပန် ကန်တော့ပါ၏ဘုရား။
ဤကုသိုလ်ကံစေတနာ၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့် ရှင်ဥပဂုတ္တအရှင်မြတ်ကြီးတို့အား နေ့စဉ်နေ့တိုင် ဆွမ်းကပ်လှူရသော စေတနာ၊လမ်းပေါ်နေ ခွေးလေးများ (၅) နှစ်ကျော်တိုင်အောင် နေ့စဉ်နေ့တိုင်း အာဟာရဒါနများ ကျွေးမွေးရသော စေတနာ တို့နှင့် နေ့စဉ်နေ့တိုင်း အဓိဌာန်ပြု သစ္စာပြု၍ ရွတ်ဖက်သရဈ္ဇာယ် ပူဇော်အပ်သော ပဌာန်းတရားတော် ပရိတ်တရားတော် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်တော်အပေါင်းတို့၏ တန်ခိုးအာနုဘော်တော်တို့ကြောင့် ယနေ့ #၂၀၂၆နှစ်သစ်ရက်မြတ် # မှစ၍ ဘုရားတပည့်တော်တို့ မိသားစုဝင်များအားလုံးနှင့် မန်းမြို့သူ ပရိဘောဂဆိုင်သို့ ဝယ်ယူအားပေးခဲ့ဘူးသော #ကျေးဇူးရှင်ထမင်းရှင် # များ၊ ကမ္ဘာစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ စက်ြာဝဠာစောင့်နတ်အပေါင်းတို့အား အဦးအစထား၍ သုံးဆယ့်တဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါအနန္တတို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး အများအကျိုး အမျိုးဘာသာ သာသနာတော်၏ အကျိုးများ သယ်ပိုးထမ်းဆောင်နိုင်ကြပါစေ နေ့စဉ်နေ့တိုင်း စီးပွါးလာဘ်လာဘများ တိုးပွားအောင်မြင်ကြပါစေ မသူတော်ဘေး၊ ရန်သူမျိုးငါးပါးဘေး၊ အောက်လမ်း မိစ္ဆာအတိုက်အခိုက်ဘေး အပေါင်းတို့မှ လွတ်မြေက်ကြပါစေ,,ဟု ဆုတောင်းပတ္ထနာ အခါခါ ပြုလိုက်ပါတယ်ခင်ဗျ