ထက်ထက်

ထက်ထက် Mobile phones ,Electrical products Sales and Service, Electrical Installation such as Airconditioner, Electronic products Sales and Service.

  အကြောင်း သိမှတ်စရာများEarth Testerကို မြေဓာတ်ချစံနစ်(Earthing System)ရဲ့ ခုခံမှုတန်ဖိုး(Resistance Value)ကို တိုင်းတာဖ...
22/11/2025

အကြောင်း သိမှတ်စရာများ

Earth Testerကို မြေဓာတ်ချစံနစ်(Earthing System)ရဲ့ ခုခံမှုတန်ဖိုး(Resistance Value)ကို တိုင်းတာဖို့အတွက် အသုံးပြုကြပါတယ်။ခုခံမှုတန်ဖိုးရဲ့ ယူနစ်က အုမ်း(Ohm)ဖြစ်ပြီး
သင်္ကေတအားဖြင့် အိုမီဂါ(Ω)နဲ့ ဖော်ပြလေ့ရှိပါတယ်။

Earthချတယ် ဆိုတာဟာ Faultဖြစ်တဲ့အခါမှာ High Current စီးဆင်းနိုင်စေဖို့
Low Resistance Path ပြုလုပ်ပေးခြင်းဖြစ်တာကြောင့် Earth Resistance တန်ဖိုးဟာ နည်းလေကောင်းလေဖြစ်ပါတယ်။

ပုံ(1)မှာ ဖော်ပြထားတဲ့ တိုင်းတာနည်း ကိုတော့ အများသိပြီးသားဖြစ်ပါတယ်။
ပုံ(2)မှာ ပြထားတဲ့နည်းလမ်းကတော့
Reference Earth Electrode ရှိတဲ့နေရာတွေမှာ ရိုးရှင်းလွယ်ကူစွာတိုင်းတာနိုင်မယ့်နည်းလမ်းဖြစ်တာကြောင့် လေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။အဲသလိုတိုင်းဖို့အတွက် ပုံ(3)မှာ ဖော်ပြထားတဲ့ Test Probeကို အသုံးပြုနိုင်ပါတယ်။

နောက်ထပ်ပြောပြပေးချင်တာက
Earth Resistance Test ပြုလုပ်ရာမှာ အထူးသတိပြုရမယ့် အချက်တစ်ခုဖြစ်ပါတယ်။Testing ပြုလုပ်နေစဉ်မှာ Test Leadတွေနဲ့ အကူ Earth Spikeတွေကို မထိမကိုင်မိစေဖို့ အထူးဂရုပြုရပါမယ်။ဘာလို့လဲဆိုတော့ Testing လုပ်နေချိန်မှာ E နဲ့C ကြားမှာAC 50V~လောက်အထိ ရှိနိုင်လို့ဖြစ်ပါတယ်။

နောက်ထပ်အသုံးဝင်တာတစ်ခုကတော့
တိုင်းတာလို့ရတဲ့ Result တွေကို Saveထားပြီး လိုအပ်တဲ့အချိန်မှာ ပြန်ကြည့်တဲ့နည်းဖြစ်ပါတယ်။UNI-T UT522နဲ့ပဲ ဥပမာပေးဖော်ပြသွားပါ့မယ်။Hold/Save Button ကို တစ်ချက်ပဲ ဖိရင် Hold Functionနဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို ရောက်ရာနေရာမှာရပ်ပေးပါတယ်။Hold/Save Buttonကို 2စက္ကန့်ကြာအောင် ဖိထားရင်တော့ Save Functionနဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို သိမ်းပေးပါတယ်။Dataအခု(20)သိမ်းလို့ရပါတယ်။Light/Load Buttonကို 2စက္ကန့် ဖိထားပေးရင် သိမ်းထားတဲ့ Dataတွေ ပြန်ပေါ်လာပါတယ်။တစ်ချက်ချင်းဆက်နှိပ်ပြီး သိမ်းထားတဲ့ Data အခု(20)ကို ပြန်ကြည့်လို့ရပါတယ်။
Data အခု(20)သိမ်းပြီးသားရှိနေရင်တော့ နောက်ထပ် ထပ်ပြီး Saveလုပ်ဖို့ နှိပ်တဲ့အခါ Full လို့ပြပါလိမ့်မယ်။Data တွေကို Clearလုပ်ချင်ရင် Powerအရင်OFFရပါတယ်။ပြီးရင် Light/Load Buttonနဲ့ Hold/Save Buttonကို ပြိုင်တူဖိထားပြီး ပြန်ONရပါတယ်။CLဆိုတဲ့ စာလုံးပေါ်လာရင် Dataအဟောင်းတွေကို ရှင်းပြီးသွားပြီဖြစ်ပါတယ်။

Earth Tester ကို အသုံးမပြုဘဲ ကြာကြာထားမယ်ဆိုရင် ဓာတ်ခဲတွေထုတ်ထားဖို့လည်း အကြံပြုချင်ပါတယ်။ ။

🚩အဲကွန်း၊ချီလာတို့ရဲ့ ဂက်စ်သံသရာ အပိုင်း(၁)ဒီပုံကို လုံးစေ့ပတ်စေ့နားမလည်ရင် အဲကွန်း၊ချီလာ၊အအေးခန်းကို အခြေခံကျကျနားလည်သူ...
21/11/2025

🚩အဲကွန်း၊ချီလာတို့ရဲ့ ဂက်စ်သံသရာ အပိုင်း(၁)

ဒီပုံကို လုံးစေ့ပတ်စေ့နားမလည်ရင် အဲကွန်း၊ချီလာ၊အအေးခန်းကို အခြေခံကျကျနားလည်သူလို့မဆိုနိုင်ပါဘူး

ဒီR-407C Refrigerant သုံးထားတဲ့ အဲကွန်းတလုံးနဲ့ P-H Diagram အခြေခံတဲ့

ဒီပုံဟာ
အဲကွန်း
ချီလာ
အအေးခန်း
ဖရီဇာ
မသာအကောင်း
ဝိုင်ချီလာ
စတာတွေရဲ့ ဂက်စ်သံသရာအတွက် အခြေခံအကျဆုံး ပုံတပုံပါ။ ဒီပုံကိုသေချာနားလည်ရင် အဲကွန်း ၊အအေးခန်း၊ချီလာ။ဘယ်စက်ရဲ့အခြေခံကိုမဆို နားလည်တာဖြစ်ပြီး ၊ဒီပုံကို သေချာနားမလည်သေးရင် အဲကွန်း၊အအေးခန်း၊ချီလာ ပညာရပ်အကြောင်းကိုအခြေခံကျကျ သိနေတယ်လို့ မဆိုနိုင်ပါဘူး။
(မသိပေမယ့် လုပ်စားကိုင်စားလို့ရပါတယ် ၊ဒါပေမယ့် အဲကွန်းပညာတတ်မြောက်သူလို့တော့ဆိုလို့မရပါဘူး)။

ပုံမှာ Hအမှတ်နဲ့ Aအမှတ်ကြားက အအေးကွိုင် သို့မဟုတ် Evaporator လို့ခေါ်ပါတယ်။
အရပ်အခေါ် အင်ဒိုးကွိုင်လို့ခေါ်ကြပါသေးတယ်။
အိမ်သုံးအဲကွန်းတွေမှာဆိုရင် အခန်းထဲမှာတပ်ထားတဲ့ အင်ဒိုးယူနစ်ကိုပြောတာပါ။

Hအမှတ်ကစကြည့်ရင် အဲဒါဟာအအေးကွိုင်(Evaporator) အစပါ။အဲဒီအအေးကွိုင်ထဲ စပြီး၀င်လာချိန်မှာ ဂက်စ် (Refrigerant)ဟာ အရည်(liquid)အခြေအနေပါ။

အပူချိန်အနေနဲ့ ၊ဆူမှတ်အနေနဲ့ 5'C ရှိပါတယ်။
ဖိအား(Saturated Pressure)အနေနဲ့ 4.4 bar (63-PSIG)ပါ ။
ဂက်စ်ဟာ အဲဒီဖိအားပမာဏအတိုင်း အအေးကွိုင်အ၀င်ကနေ အမှတ် H ကနေ ၊ အမှတ် Bရောက်တဲ့အထိ မပြောင်းလဲပဲရှိနေပါမယ်။
(တကယ်က အအေးကွိုင်ကိုဖြတ်သွားချိန် အမှတ်A အထွက်မှာဖိအားအနည်းငယ်လျော့တာရှိပါတယ်၊ဒါပေမယ့် မလျော့ဘူးလို့ ယူဆတွက်ချက်ကြပါတယ်)

အရည်ဘ၀နဲ့ဂက်စ်ဟာ အအေးကွိုင် (Evaporator)ကိုဖြတ်သန်းချိန်မှာ အအေးကွိုင်ကို ဖြတ်သွားတဲ့ အခန်းထဲက‌လည်ပတ်နေတဲ့ လေထဲက အပူကိုစုပ်ယူပြီး အငွေ့အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။

ဂက်စ်ဟာအအေးကွိုင် Evaporator ထဲမှာဖြတ်သန်းရင်း လေထဲက အပူကိုစုပ်ယူပြီး အအေးကွိုင်အထွက် အမှတ် A ရောက်လာတဲ့အခါကဂက်စ်ဟာ အငွေ့အဖြစ်လုံ၀ဘ၀ပြောင်းလဲသွားပြီး အပူချိန်ကလည်း မူလအရည်ဘ၀တုန်းက ဆူမှတ်အပူချိန် (Saturated Temperature) 5'C ကနေ မြင့်တက်လာပြီး 7'C ကနေ 10'C ထိအပူချိန်မြင့်လာပြီး အအေးကွိုင်ကနေစထွက်လာတာတွေ့ရပါမယ်။

အအေးကွိုင်ကနေ ကွန်ပရက်ဆာဆီထွက်လာတဲ့အဲဒီပိုက်ကို Pipe လို့ခေါ်ပါတယ်။

အအေးကွိုင်က ထွက်ချိန်မှာ ဂက်စ်ဟာအပူချိန် 10'C ရှ်ရာကနေ Suction Pipe တလျောက် ပတ်၀န်းကျင်က အပူကိုစုပ်ယူပြီး ကွန်ပရက်ဆာ ၀င်ခါနီး အမှတ် B ရောက်ချိန်မှာ Suction Pipe ထဲက ဂက်စ်ရဲ့အပူချိန်ဟာ 11'C ထိ မြင့်သွားတာတွေ့ရပါမယ်။
( Suction ပိုက်တလျှောက်မှာ ဂက်စ်ဟာ အပြင်ပက အပူကို စုပ်ယူလေလေ အပူချိန်ပိုမြင့်လေလေဖြစ်မှာပါ ၊ ဒီအပိုင်းမှာစုပ်ယူတဲ့အပူကို Additional superheatလို့ အအေးခန်းပညာရပ်မှာခေါ်ပါတယ်)

ဒီအပူချိန်ဟာSuction Pipe ထဲဖြတ်သွားနေတဲ့ ဂက်စ်အငွေ့ရဲ့တကယ့်အပူချိန်လို့ယူဆနိုင်ပါတယ်။

ဒါပေမယ် ကွန်ပရက်ဆာမရောက်ခင်မှာ Pressure Guage တခုကိုပိုက်အပြာနဲ့တပ်ထားတာတွေ့ရမှာပါ။သူ့မှာပြထားတဲ့ Saturated Pressure လို့ခေါ်တဲ့ သူ့ရဲ့ဖိအားက အအေးကွိုင် အ၀င်တုန်းကအတိုင်း 4.4 bar (63-PSIG)ပြနေတာတွေ့ရပါမယ်။အဲဒီ ဖိအားအနေအထားမှာ အဲဒီဂက်စ်ရဲ့ Saturated Temperature (တနည်းအားဖြင့် သူ့ရဲ့ ဆူမှတ်)ဟာ 5'C ဆိုတာ‌ တွေ့ရပါမယ်။ ဒီအပူချိန်ဟာ ဂက်စ်ရဲ့တကယ့်အပူချိန်မဟုတ်ပါဘူး သူ့ရဲ့ Saturated Pressure အရတွက်ချက်ဖလှယ်လို့ရထားတဲ့ ဆူမှတ်အပူချိန်ပါ။

ဒါ ပေမယ့် Suction Pipe ထဲက ဂက်စ်ရဲ့ တကယ်အပူချိန်က ကွန်ပရက်ဆာရောက်ချိန်မှာ 11'C ဆိုတော့ သူ့ရဲ့ ဆူမှတ်အပူချိန် 5'C ထက် 6'C ပိုများနေတာတွေရ့မှာပါ။အဲဒီအပူချိန်ကို ကြည့်ခြင်းအားဖြင့် အဲဒီဂက်စ်ဟာ ဆူမှတ်အထက် 6'C ပိုမြင့်နေတာတွေ့ရမှာပါ။

ဆိုလိုတာက အဲဒီဂက်စ်ဟာ အအေးကွိုင်က ထွက်လာပြီး ကွန်ပရက်ဆာထဲရောက်ချိန်မှာ သူဟာ ဆူပွက်ပြီးအငွေ့ဖြစ်နေယုံမကပဲ ဆူမှတ်အထက် 6'C ပိုတဲ့အထိပါ အပူချိန်မြင့်နေတယ်လို့ဆိုတာပါ။

အဲဒီလို ဂက်စ်တခုရဲ့သတ်မှတ်ဖိအားတခုမှာ ဆူမှတ်အထက်ထိ ပိုပူနေတဲ့ အပူချိန်ကို Superheat temperature လို့ခေါ်ပါတယ်။

အအေးကွိုင်ကို ဖြတ်သွားတဲ့ လေရဲ့အပူချိန်မြင့်ရင်မြင့်သလို ၊တနည်းအားဖြင့်အဲကွန်းအခန်းထဲက Cooling load များရင်များသလို အအေးကွိုင်(Evaporator ကထွက်လာတဲ့ ဂက်စ်ဟာ အငွေ့ဖြစ်ယုံသာမက Superheat အပူချိန်ပါမြင့်လာမှာပါ။

Superheat ဟာ အဲကွန်း၊ချီလာ၊အအေးခန်း စနစ်တခု စက်တခုမှာ မရှိရင်မကောင်းသလို လိုအပ်တာထက်များနေလို့လည်းမသင့်တော့ပါဘူး။

အအေးကွိုင်အထွက် Suction Pipe မှာ Superheat အပူချိန်မရှိဘူဆိုတဲ့ အဓိပ္ပါယ်က အအေးကွိုင်(Evaporator)ထဲဖြတ်သွားတဲ့ ဂက်စ်ဟာအခန်းထဲကညအပူကို စုပ်ယူတဲ့ပမာဏနည်းနေတယ် အပူစုပ်အားနည်းနေတယ်ဆိုတဲ့သဘောပါ။ ဒါဆိုရင် အအေးကွိုင် (Evaporator)ထဲ ၀င်သွားတဲ့ဂက်စ်ဟာ ပြန်ထွက်လာတဲ့အခါ အငွေ့အဖြစ်အပြည့်အ၀ မပြောင်းလဲတာဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရှိပါတယ်။

ဒါဆိုရင် အအေးကွိုင် (Evaporator)ကပြန်ထွက်လာတဲ့ Suction Pipe ဟာ၀င်သွားတဲ့အပူချိန်အတိုင်းဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်အပူချိန် က သူ့ရဲ့ဆူမှတ် (Saturated temperature)အောက်နိမ့်နေမှာပါ။

ဘာလို့လဲဆိုရင်Suction Pipe ဟာ အအေးကွိုင်အ၀င် (liquid pipe)ထက်ကြီးလို့ အပူစုပ်အားနည်းပြီး အအေူးကွိုင်အထွက်ကနေ သူ့ထဲပြန်၀င်လာမည့် ဂက်စ်ဟာ အငွေ့အဖြစ် အပြည့်အ၀မဟုတ်ပဲ အရည်(liquid)အနေနဲ့ တစိတ်တပိုင်း၀င်လာတာဖြစ်လို့ ပိုက်ရဲ့ ဧရိယာပိုကျယ်လာလို့ ဂက်စ်ရဲ့ဖိအား ကျဆင်းသွားမှာဖြစ်သလို ၊ ဖိအားကျဆင်ူးတာနဲ့အတူ အပူချိန်လည်းကျဆင်းမှာပါ။ ဒါဆို Suction Pipe ဟာ ရေခဲမှာပါ။

ဒါကြောင့် အိမ်သုံးအဲကွန်းတွေမှာ Suction Pipe ရေခဲတာတွေ့ ရင် ၊ဒါဟာ အခနိးထဲက အအေးကွိုင် Evaporator မှာ အပူစုပ်အားနည်းစေတဲ့ပြဿနာဖြစ်နေလို့ဆိုတာသိနိုင်ပါတယ်။

အပူစုပ်အားနည်းစေတဲ့ပြဿနာတွေထဲတချို့က

♦️လေစစ်ဇကာပိတ်တာ
♦️ကွိုင်ဂျီးပိတ်တာ
♦️အအေးကွိုင်ပန်ကာမော်တာ ပုံမှန်မဟုတ်တာ၊ပျက်တာ
♦️ပန်ကာဒလက်ကျိူပဲ့တာ၊ဂျီးတွေနဲ့ညစ်ပတ်နေတာ
♦️ဂက်စ်က လိုတာထက်ပိုများနေတာ စသည်တခုခုပါ။

ိုနန္ဒမိုး

🚩အဲကွန်း ရေခဲသေတ္တာထဲကဂက်စ်တွေဘယ်ပျောက်သွားလဲ?အဲကွန်းနဲ့‌ ရေခဲသေတ္တာပိုက်လိုင်းထဲကဂက်စ်တွေက အလကားနေရင်း ပျောက်သွားတာ ‌ေလ...
15/11/2025

🚩အဲကွန်း ရေခဲသေတ္တာထဲကဂက်စ်တွေဘယ်ပျောက်သွားလဲ?

အဲကွန်းနဲ့‌ ရေခဲသေတ္တာပိုက်လိုင်းထဲကဂက်စ်တွေက အလကားနေရင်း ပျောက်သွားတာ ‌ေလျာ့သွားတာမရှိပါဘူး။

အကျယ်ရှင်းရရင်

အဲကွန်းထဲမှာ အဲကွန်းဂက်စ်အဖြစ်သုံးမယ်ဆိုရင်
ဘယ်လိုဓာတ်ငွေဖြစ်ဖြစ် သုံးလို့ရပါတယ်။

ဒီအရည်အသွေးတွေနဲ့ကိုက်ညီတယ်ဆိုအ‌ကောင်းဆုံးပေါ့
🔺အဲကွန်းဂက်စ်ကအလွယ်တကူမီးမလောင်သင့်ပါ
🔺သူ့ဟာသူ အလိုအလျောက် ဓာတ်မပြိုကွဲရပါ
(သုံးတာကြာလာလို့ အဲကွန်းဂက်စ်က ဓာတ်ပျယ်သွားပြီး အအေးဓာတ်လျော့တယ်ဆိုတာမျိုး ၊ ပျေယက်ကွယ်သွားတယ်ဆိုတာမျိုးမရှိပါ)
🔺ကွန်ပရက်ဆာဆီနဲ့အရောခံနိုင်စွမ်းရှိပြီးဓာတ်မပြုရပါ
🔺လျှပ်စစ်နဲ့တွေရင် ဓာတ်မပြိုကွဲရပါ
🔺အရည်ကနေအငွေ့၊အငွေ့ကနေအရည်ဘ၀ပြောင်းချိန် အပူစုပ်အား၊ထုတ်အားကောင်းရပါမယ်။
🔺ထုတ်လုပ်မှုလွယ်ရပါမယ်
🔺ဈေးသက်သာရပါမယ်
🔺‌ပိုက်ပေါက်တဲ့အခါအလွယ်တကူစမ်းသပ်သိရှိနိုင်ရပါမယ်
🔺ဖိအားအရမ်းမနိမ့်ရသလို မမြင့်ရပါဘူး။
အလုပ်လုပ်တဲ့ဖိအားက ပတ်၀န်းကျင်လေဖိအားထက်မြင့်ရပါမယ်။
(0PSI ကနေ 500PSIကြားအကောင်းဆုံးပါ)

🔺ထုထည်ကျစ်လျစ်ရပါမယ်
🔺သတ်မှတ်ထားအ‌ခြေအနေတွေတဲ့အလုပ်လုပ်တဲ့အခါ စွမ်းအင်သုံးစွဲမှုသက်သာရပါမယ်
🔺သဘာ၀ပတ်၀န်းကျင်ကိုမထိခိုက်ရပါဘူး
စတဲ့အခြေခံအချက်တွေရှိပါတယ်။

ဒီလိုအခြေခံအချက်တွေအားလုံးနဲ့ပြည့်စုံအောင်တော့ မရနိုင်ပေမယ့် အချက်အများစုနဲ့ကိုက်ရင်ကို လက်တွေ့မှာသုံးကြပါတယ်။
တခုချင်းစီမှာအားသာချက်အားနည်းချက်တွေတော့ရှိပါတယ်။

🚩အဲကွန်းဂက်စ်ရဲ့ သဘောသဘာ၀ကိုက
သတ်မှတ်ထားတဲ့ အရည်အသွေးတခုက
သူ့အလိုအလျောက်ဓာတုပြိုကွဲခြင်း
Chemically breakdown မဖြစ်ရပါ။
စနစ်ထဲက ဆီ၊ရေငွေတွေနဲ့လည်း
Misibiliy အရောဒဏ်ခံနိုင်ရတယ်ဆိုတာ တွေ့ရပါမယ်။

🚩ဒါပေမယ့် လက်တွေ့မှာ အရည်အသွေးမမီတဲ့
ဂက်စ်နဲ့ ဆီတွေ သုံးတာ၊ အဲကွန်းဆင်တဲ့အခါ ပြင်တဲ့အခါ ပိုက်လိုင်းထဲ အဲကွန်း စနစ်ထဲကရေငွေ့တွေ ကုန်စင်အောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ Evacuation လို့ခေါ်တဲ့၊ လေတွေကုန်စင်အောင်လုပ်တာမျိုးမလုပ်ပဲထားတတ်တာတွေကြောင့်
♦️ဂက်စ်၊ဆီ၊ရေငွေ့အရောက ဓာတုဖွဲ့စည်းပြီး အက်ဆစ်၊ဖယောင်းနဲ့ တခြားအရာတွေအဖြစ်ပြောင်သွားလို့လည်ပတ်နေတဲ့ဂက်စ်တွေ၊ဆီတွေက ပိုက်မပေါက်ပဲ မူလပမာဏထက်လျော့သွားနိုင်ခြေရှိပါတယ်။
အဲလိုဖြစ်တာမျိုးက အဲကွန်းပိုက်တွေဖြုတ်ရင်
ပိုက်နံရံမှာ ဖယောင်းဂျိုးတွေ ကပ်နေတာကြည့်ရင်သိနိုင်ပါတယ်။

🚩ဖယောင်းရဲ့အဓိကလက်သည်က
ကွန်ပရက်ဆာဆီပါ။
သတ်မှတ်ထားတဲ့ ဆီနဲ့ စနစ်မှာသုံးရမည့်ဂက်စ်က မကိုက်ညီတဲ့အခါဖြစ်ဖြစ်၊ မူလကတည်းက ဆီအရည်အသွေးက အဲကွန်းစနစ်မှာမသုံးသင့်တဲ့အရည်အသွေးဖြစ်နေတာ၊ ပိုက်ထဲ ကွနါပရက်ဆာဆီထဲမှာ ရေငွေ့ရှိနေတာတွေက အဓိကပြဿနာပါ။

🚩နောက်ဂက်စ်လျော့တဲ့ပြသနာတခုက
အသေးစားယိုစိမ့်မှုMicro leaks ပါ။
ပိုက်ပေါက်တဲ့နေရာတွေက
အဲကွန်းနဲ့အအေးခန်းတွေမှာ
နေရာမျိုးစုံဖြစ်နိုင်ပါတယ်။

ပိုက်ဂျွိုင်း
ပိုက်ချင်းထိတဲ့နေရာ
၀ရိန်ဆော်တဲ့နေရာ
Flare nutခေါင်း
Shaft seal
Compressor gaskets
နပ်ခေါင်းတွေ
အအေးကွိုင်
အပူကွိုင်
ပိုက်အကွေးတွေမျိုးစုံဖြစ်နိုင်ပါတယ်။

တချို့အရမ်းသေးတဲ့ Microအဆင့်အပေါက်တွေက
နှစ်ချီနေလောက်နေမှ အလေးချိန်တပေါင်လောက်လျော့တာ၊ သုံးလေးနှစ်နှစ်နေမှတ‌ေပါင်လျော့တာ စသဖြင် အပေါက်ကလည်းမျိုးစုံပါ။

အပေါက်က အရမ်းသေးနေလို့ဖြစ်စေ၊ဂျီးခံနေရင်ဖြစ်စေ လေဖိအားPSI 50 ကနေ100 ကျော်ကြားထိုးစမ်းပြီး ရေနှစ်ကြည့်၊ဆပ်ပြာမြှပ်တင်ကြည့် မပြပါဘူး။
ပေါက်နေရင်တောင် အထွက်နည်း အပေါက်သေးလွန်းလို့
အီလက်ထရောနစ် Leak detectorအကောင်းစားမျိုးနဲ့ ရှာမှ တွေ့နိုင်တာမျိုးပါ။

အဲဒါမျိုးက ကြာမှလျော့၊ စမ်းလို့လည်းမတွေ့နဲ့ ဂက်စ်တွေအော်တို ပျောက်တယ်ထင်တာပါ။

သဘာ၀အရကို ရှိနေတဲ့အရာက
အလကားနေရင်းပျောက်သွား၊ကုန်သွားစရာတော့ မရှိပါ။

အပေါ်က ကျနော်ပြောခဲ့သလို
ဆီ‌တွေ၊ရေငွေတွေနဲ့ ဓာတ်ပြုလို့ တချို့တ၀က်လျော့တာဖြစ်ရင်ဖြစ်၊မဟုတ်ရင်တော့
Micro leaksနဲ့ ကိုယ်မမြင်တွေ့နိုင်တဲ့နေရာမှာပေါက်တာဖြစ်ဖြစ်
တနေရာရာကပိုက်တခုခုမှာ ဂက်စ်ယိုစိမ့်လို့ဖြစ်ဖြစ်သာ ဂက်စ်ကလျော့တာသေချာပါတယ်။

ိုနန္ဒမိုး

Chigo အဲကွန်း 1-Hp တလုံး Service နဲ့ National ရေခဲသေတ္တာ တလုံး Serviceစိတ်တိုင်းအကြကြီး မဟုတ်ပေမယ့်သင်ဆရာ မြင်ဆရာ အကြံပေ...
15/11/2025

Chigo အဲကွန်း 1-Hp တလုံး Service နဲ့ National ရေခဲသေတ္တာ တလုံး Service

စိတ်တိုင်းအကြကြီး မဟုတ်ပေမယ့်

သင်ဆရာ မြင်ဆရာ အကြံပေးဆရာ တို့အား ဂါရဝပြုပါတယ်။

ဆက်၍ကြိုးစားပါဦးမည်💪💪💪

Home wiring အတွက် Circuit Breaker and Wire Size ရွေးချယ်ပုံ ===========သာမန် 10/ 30 မီတာ သုံးတဲ့ အိမ်တွေ အတွက်ပါ ။Breake...
06/11/2025

Home wiring အတွက် Circuit Breaker and Wire Size ရွေးချယ်ပုံ
===========

သာမန် 10/ 30 မီတာ သုံးတဲ့ အိမ်တွေ အတွက်ပါ ။
Breaker တခုရဲ့ Size ကို သိချင်ရင် သုံးတဲ့ watts ကို 200 နဲ့စားလိုက်ပါ ။ ရတာရဲ့ အနီးစပ်ဆုံး breaker size ကိုယူလိုက်ပါ။ ဥပမာ မီးဖို တလုံးက maximum 2000 watts ဆိုပါစို့။ အဲဒါ ကို ၂၀၀ နဲ့ စားရင် ၁၀ ရမယ် ။ အနီးစပ်ဆုံး 16 Amp breaker တပ်ရင် ရပါတယ်။ Breaker တွေ က amp ကပ်လို့လဲ စိတ်မပူပါနဲ့ ။
ကောင်းတဲ့ breaker တွေ က ဘာမှ မဖြစ်ပါဖူး။
Main CB ကိုတော့ မီတာက 30 ပဲ အများဆုံးဖြစ်တဲ့ အတွက် RCBO 32 သာ တပ်သင့်ပါတယ်။
မီတာမှာတော့ ရွယ်တူ သို့မဟုတ် ကြီးတဲ့ 32 or 40 Amp Breaker တပ်လို့ရပါတယ်။ အရမ်း အကြီးကြီး တပ်စရာမလိုပါဖူး။ Main cable ကတော့ 6 mm2 or 10 mm2 တပ်လို့ရပါတယ်။

Connection နေရာတွေ တော့ ကောင်းကောင်း ထိမိပါစေ။ ပြသနာတွေ ရဲ့ ၈၀% လောက်က Connection တွေ မမိတာက စဖြစ်တာပါ။ Screw တွေ ကျပ်တဲ့ အခါ သင့်တော်တဲ့ screw driver နဲ့ ထိထိမိမိ ကျပ်မိ ပါစေ။
နောက်ပြီး အိမ်တွေ မှာ သုံးရင် C curve ပဲ သုံးပါ ။ ကျန်တာတွေ မသုံးပါနဲ့။ အိမ်သုံးက General purpose ဖြစ်တဲ့ C curve တွေ က အသင့်တော်ဆုံးပါ ။
နောက်ဝါယာ ကြိုးတွေ က အစစ် အမှန် Size ပြည့်ရင် ဆို C-10 အတွက် 1.5 mm2 , power အတွက်ဆို C-16 အတွက် 2.5 mm2, C-20 အတွက် 4 mm2 double insulation ကိုသုံးသင့်ပါတယ် ။

ကြိုးတွေ ကမီတာ ၅၀ မကျော်ရင် Volt drop တွက်စရာမလိုပါ ။ဒါကြောင့်အိမ်တွေ မှာ Volt drop calculation တွက်တာတွေ မရှိပါ။
Earthing ကတော့ လုပ်နိုင်ရင်ကောင်းပါတယ် ။တော်တော်များများ က Erath တွေ မပါကျပါဖူး။ ဒါကြောင့်မို့ RCBO ကို ၂ ထပ်ခံတာ ပို safe ဖြစ် ပါတယ်။ လူတွေ အသက်ထက် တန်ဖိုးရှိတာ ဘာမှ မရှိပါဖူး။
လူတွေ အားလုံး သုံးတဲ့ တအိမ်လုံးတပ်တာမှ Breaker တွေ တန်ဖိုးက ဖုန်း အပေါ စား တလုံးစာလောက်တောင် မကျပါဖူး။

Wire Size
အိမ်တွေ မှာ wire ကိုသုံးတဲ့ အခါ အကောင်းဆုံး က cover ကို Double insulation single core ကိုသုံး ကျပါတယ်။ အိမ်ထဲ မှာဆိုရင် PVC cover ပဲ သုံးလို့ရပါတယ်။ အပြင်မှာ ဆိုရင်တော့ ရာသီဥတု ဒါဏ် ခံနိုင်တဲ့ XLPE cover ကို သုံးသင့်ပါတယ်။
Wire size ကို တပ်မဲ့ Breaker / RCBO / RCCB ရဲ့ တန်ဖိုး ပေါ်မူတည်ပြီး ထား ကျပါတယ် ။ အိမ်တွေ မှာက C-10 , C-16, C-20 အများဆုံး သုံး ကျပါတယ်။ main ကိုတော့ C-32 သုံးကျပါတယ်။

အဲတော့ C-10 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 1.5 mm2 ကို သုံးရပါမယ်။
အဲတော့ C-16 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 2.5 mm2 ကို သုံးရပါမယ်။
အဲတော့ C-20 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 2.5 or 4 mm2 ကို သုံးရပါမယ်။
အဲတော့ C-32 တပ်ထားတဲ့ အတွက် ဘယ်လောက် Wire size သုံး မလဲဆိုရင် 6 mm2 ကို သုံးရပါမယ်။
အဲဒါတွေ က စနစ် တကျ သတ်မှတ်ထားတဲ့ IEC standard အတွက် Copper cable အတွက် ရေးထားတာတွေ ဖြစ်ပါတယ်။

ဥပမာ
ပုံထဲ မှာ 1.5 mm2 wire အတွက် အများဆုံး သယ်ဆောင်နိုင်တဲ့ current က 37 ~ 15.5 amp ရှိပါတယ်။ A,BC ~ M က cable laying method ရဲ့ type တွေပါ ။
အဓိပ္ပါယ် ကတော့ အဆိုးဆုံး cable laying method မှာ 15.5 Amp အထိ ကောင်းကောင်း စီးနိုင်တယ်လို့ပြောတာပါ ။ အဲတော့ 10 amp Breaker က ကောင်းကောင်း handle လုပ်နိုင်တယ်လို့ပြောတာပါ။
မီတာ ၅၀ ထက် မကျော်ရင် Volt drop ကို မတွက်တော့ပါဖူး ။ အိမ်တွေ က wire ဆွဲတဲ့ အခါ မီတာ ၅၀ မကျော်ကျပါဖူး။

ကဲ မြန်မာ ပြည်မှာ ပြ သနာက ဘာလဲ ။ cable တွေ size မပြည့်တာ Conductor Copper တွေ ၉၉.၉၅% လောက် မသန့်စင်တာ တွေ ရှိပါတယ်။ သတ္တုစပ်တွေ သုံးတာပေါ့။
အဲတော့ International မှာ သုံးတဲ့ reference ယူရင် မရတော့ပါဘူး။

အဲတော့ ဆရာသမားတို့ သိရမှာ ကိုယ်သုံးတဲ့ wire အခြေ အနေ ကို ကြည့်ပြီး Size ကြီးတန်ရင် ကြီး ကျပါ ။
ဥပမာ… 1.5 mm2 သုံးမဲ့နေရာမှာ 2.5 mm သုံးတာ,မျိုးပေါ့လေ ။

Cable တွေ ခို ရင်တော့ Current တွေ သယ်တဲ့ အခါပူပြီး insulation မကောင်းရင် မီးလောင်တတ်ပါတယ် ။ အိမ်တွေ ရုံးတွေ မှာ အဓိ က လျပ်စစ်ကြောင့် ဖြစ်ရတာ လေ့လာမှု အရ wire တွေ ကြောင့် က များပါတယ်။


Ei Engineering

🚩အဲကွန်းလုပ်ငန်းခွင်မှဖိအားယူနစ်များ။အိမ်သုံးအဲကွန်းလောကအနေနဲ့ ဂက်စ်ဖိအားတိုင်းရာမှာသုံးတဲ့ ယူနစ်အနေနဲ့MPa (Mega Pascal)...
05/11/2025

🚩အဲကွန်းလုပ်ငန်းခွင်မှဖိအားယူနစ်များ။

အိမ်သုံးအဲကွန်းလောကအနေနဲ့ ဂက်စ်ဖိအားတိုင်းရာမှာသုံးတဲ့ ယူနစ်အနေနဲ့
MPa (Mega Pascal)
KPa (Kilo Pascal)
Psi (Pound per square inches)
Bar(Barometric Unit)
Kgf/cm*2(Kilogram per square centimeters)တို့တွေ့ရပါတယ်။

အဲကွန်းလောကမှာတကယ်အလုပ်လုပ်သူတွေအနေနဲ့
ပညာရေးအဆင့်အတန်း အမျိုးမျိုးက လာကြတာဖြစ်လို့
အားလုံးနားလည်လွယ်အောင် အနီးစပ်ဆုံးမှတ်မယ်ဆိုရင်

1Mpa =150 PSIနဲ့ညီတယ်အလွယ်မှတ်ပါ။
1Bar=1Kgf/cm*2=15 PSI နဲ့ညီတယ်လို့အလွယ်မှတ်ပါ။
1Mpa=1000 Kpaနဲ့ညီပါတယ်။
1Mpa=10 Bar နဲ့ညီတယ်လို့အလွယ်မှတ်ပါ။
1PSI=2 inHgနဲ့ညီတယ်လို့အလွယ်မှတ်ပါ။

ဆိုပါတော့ လုပ်ငန်းခွင်မှာ ပရက်ရှာဂိတ်တခုက
5 Barပြနေတယ်ဆိုရင် 5*15=75Psi ၀န်းကျင်လို့ အလွယ်သိနိုင်ပါတယ်။ 5 Kgf/cm*2ရှိတယ်လို့အလွယ်သိနိုင်ပါတယ်။1Bar=1Kgf/cm*2ရှိလို့ပါ။

ဆိုပါတော့ လုပ်ငန်းခွင်မှာ ပရက်ရှာဂိတ်တခုက
8 MPa ပြနေတယ်ဆိုရင် 8*15=120Psi ၀န်းကျင်လို့ အလွယ်သိနိုင်ပါတယ်။

RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ(RCBO = RCCB + MCB)ဒီ Breaker ၂ ခု ကိုဘယ်လိုခွဲခြား သိနိုင်မလဲဆိုတာ အောက်ပါအချက်မျာ...
02/11/2025

RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ

(RCBO = RCCB + MCB)

ဒီ Breaker ၂ ခု ကိုဘယ်လိုခွဲခြား သိနိုင်မလဲဆိုတာ အောက်ပါအချက်များဖြင့် လေ့လာကြည့်ရအောင်ပါ။ ပုံကိုကြည့်ပါ။

တူညီသောအချက်များ
(၁) Test Button ပါတယ်
(၂) Residual Current လို့ခေါ်တဲ့ Leakage Current ပါတယ်
(၃) Residual (or) Leakage Current သိနိုင်တဲ့ Magnetic Core သင်္ကေတ ပါတယ်

မတူညီသောအချက်များ
(၄) Rated Current ဖော်ပြရာတွင် RCCB က Current တန်ဖိုးတစ်ခုတည်းဖော်ပြပြီး ဥပမာ 20A, 30A RCBO က Current တန်ဖိုးရှေ့မှာ Tripping Current Type B (or) C (or) D ထည့်ရေးတယ်။ ဥပမာ C20, B30 (MCB နဲ့အတူတူပဲ)
(၅) သက်ဆိုင်ရာ Safety Standard မတူဘူး
RCCB (IEC/EN 61008-1)
RCBO (IEC/EN 61009-1) (IEC/EN အပြင် China ပြည်တွင်းသုံး G နဲ့စတဲ့ Standard တစ်ခုလည်းတွဲရေးတတ်တယ်။)
(၆) RCBO Switch Symbol မှာ Overcurrent ကိုသိနိုင်တဲ့ Thermal သင်္ကေတ နဲ့ Short Current ကိုသိနိုင်တဲ့ Magnet သင်္ကေတ ပါတယ်။ (MCB Switch သင်္ကေတ နဲ့အတူတူပဲ)

မူရင်းရေးသားသူအား
လေးစားစွာဖြင့် Credit ပေးပါတယ်။

ထရန်စဖော်မာ တပ်ဆင်တဲ့အခါ ဘာတွေ ပါသလဲ သိလိုသူတွေ၊ လျှပ်စစ်ဘာသာရပ်ယူထားတဲ့ အင်ဂျင်နီယာကျောင်းသား/သူတွေအတွက် ဗဟုသုတရစေဖို့ ...
30/10/2025

ထရန်စဖော်မာ တပ်ဆင်တဲ့အခါ ဘာတွေ ပါသလဲ သိလိုသူတွေ၊ လျှပ်စစ်ဘာသာရပ်ယူထားတဲ့ အင်ဂျင်နီယာကျောင်းသား/သူတွေအတွက် ဗဟုသုတရစေဖို့ ထရန်စဖော်မာတစ်လုံးတပ်ဆင်ဖို့ဆိုရင် အဓိကလိုအပ်တဲ့ပစ္စည်းများကို ဖော်ပြပါမည်။

~ LA (Lightning Arresters)
မိုးကြိုးပစ်တာကြောင့် ထရန်စဖော်မာ မပျက်စီးအောင် ကာကွယ်ပေးတဲ့ကိရိယာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ လျှပ်စစ်ဓာတ်အားလိုင်းကို ကာကွယ်ဖို့အတွက် DS (Disconnecting Switch) ရဲ့ရှေ့မှာ တပ်ဆင်ရမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ DS ရဲ့နောက်မှာ တပ်ဆင်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ဒါကတော့ ဓာတ်အားလိုင်း ချို့ယွင်းချက် (Line Fault) ဖြစ်တဲ့အခါ ပြန်လည်ပြုပြင်ဖို့အတွက် လိုင်းတစ်ခုချင်းစီကို ပြန်ဖြုတ်နေရတာ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။

~ DS (Disconnecting Switch) / LBS (Load Break Switch) / CB (Circuit Breaker)
ဒီခလုတ်တွေကို ထရန်စဖော်မာ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ဓာတ်အားပေးဖို့မလိုတဲ့အချိန်တွေမှာ အသုံးပြုပါတယ်။ 500kVA နဲ့အထက် ပါဝါမြင့်တဲ့ ထရန်စဖော်မာတွေမှာတော့ LBS (Load Break Switch) ဒါမှမဟုတ် CB (Circuit Breaker) ကို အသုံးပြုပါတယ်။ အရေးကြီးသည့်အချက်မှာ DS ကို အဖွင့်အပိတ်လုပ်တဲ့အခါ ထရန်စဖော်မာရဲ့ အထွက် (LT side) မှာရှိတဲ့ လျှပ်စစ်ဝန် (loads) အားလုံးကို အရင်ပိတ်ဖို့ အလွန်အရေးကြီးပါတယ်။ မဟုတ်ရင် လျှပ်စစ်အန္တရာယ် ကြီးမားစွာ ဖြစ်ပေါ်နိုင်ပါတယ်။

~ DOF (Drop Out Fuses)
DOF ဆိုတာ 11kV/HT ဖျူးစ် (Fuses) တွေပဲ ဖြစ်ပါတယ်။ အိမ်သုံးဖျူးစ်တွေနဲ့ ဆင်တူပြီး ထရန်စဖော်မာ ချို့ယွင်းမှုဖြစ်ခဲ့ရင် ဒါမှမဟုတ် အထွက်ဖက် (load side) မှာ ပြစ်ချက်ကြီးကြီးမားမားရှိခဲ့ရင် DOF ထဲက ဝါယာပြတ်တောက်ပြီး အောက်ကို တွဲလောင်းကျလာပါတယ်။ ဒါကိုကြည့်ပြီး ဘယ်လိုင်း(L1, L2, L3)မှာ ပြဿနာဖြစ်နေလဲဆိုတာ သိနိုင်ပါတယ်။ DOF တွေကို ကာကွယ်ရေးကိရိယာ (Protection Device) အနေနဲ့ အသုံးပြုနိုင်သလို DS ကို တင်ချလုပ်မရဘဲ ပိတ်မိနေတာမျိုး၊ CB အလုပ်မလုပ်တာမျိုးတွေ ကြုံလာတဲ့အခါမှာလည်း အရေးပေါ် ဓာတ်အားဖြတ်ခလုတ် (Disconnecting Switch) အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အရံအဖြစ် မဖြစ်မနေ တပ်ဆင်ထားသင့်ပြီး ဈေးလည်း သက်သာပါတယ်။

~ Transformer
ထရန်စဖော်မာကို မြန်မာလို လျှပ်တာပြောင်းလို့ ခေါ်ပေမဲ့ ထရန်စဖော်မာဆိုတဲ့ အင်္ဂလိပ်နာမည်ကိုပဲ လူသိများပါတယ်။ မြန်မာနိုင်ငံမှာ ဓာတ်အားဖြန့်ဖြူးရေးအတွက် အများဆုံးအသုံးပြုတာကတော့ 11/0.4kV ထရန်စဖော်မာတွေပဲ ဖြစ်ပါတယ်။ 11kV ဆိုတာ အဝင်ဗို့အား (11000 Volt) ကို ကိုယ်စားပြုပါတယ်။ 0.4kV ဆိုတာကတော့ အထွက်ဗို့အား (400 Volt) ကို ကိုယ်စားပြုပါတယ်။ 50, 100, 200, 315, 500 kVA စတာ‌တွေ ကတော့ Transformer ရဲ့ apparent power (စွမ်းရည်) ကို ဖော်ပြတာ ဖြစ်ပါတယ်။ kVA (Kilo-Volt-Ampere) ဆိုတာက Transformer တစ်လုံးဟာ ဗို့အား (Volt) နဲ့ လျှပ်စီးကြောင်း (Ampere) ကို မြှောက်လိုက်ရင် ဘယ်လောက်အထိ အများဆုံး ထောက်ပံ့ပေးနိုင်လဲဆိုတဲ့ စွမ်းရည် (capacity) ကို ပြောတာပါ။ ထရန်စဖော်မာ တပ်ဆင်တဲ့နေရာကိုတော့ မြေနေရာနဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး ခုံပေါ်မှာ (Plinth Type)၊ တန်းပေါ်မှာ (Bracing Type) ဒါမှမဟုတ် တိုင်ပေါ်မှာ (Pole Mounted Type) စသဖြင့် တည်ဆောက်ကြပါတယ်။

~ Cables
ထရန်စဖော်မာကနေ ထွက်လာတဲ့ ၂၃၀/၄၀၀ ဗို့ (230/400V) လိုင်းအတွက် ကြိုးတွေကို အနည်းဆုံး အကာအကွယ် ၂ ထပ်ပါတဲ့ XLPE/PVC ကြိုးတွေကို သုံးသင့်ပါတယ်။ မြေအောက်မြှုပ်ဖို့အတွက်ဆိုရင်တော့ သံမဏိကြိုးတစ်ထပ်ပါတဲ့ AWA အမျိုးအစား ကြိုးမျိုးကို သုံးသင့်ပါတယ်။

~ 230/400V Low Voltage Distributions Panels
ဒီ panel မှာ three phase 400V အဝင်အတွက် Breaker တစ်ခုကနေစပြီး လိုအပ်တဲ့ Ampere အထွက်အနေအထားအလိုက် ဒီဇိုင်းအမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဒီနေရာမှာ မီတာကိုပါ တစ်ပါတည်း တပ်ဆင်တာမျိုးလည်း ရှိပါတယ်။ Panel ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်တွေကတော့ အမျိုးမျိုးရှိနိုင်ပေမဲ့ အရေးကြီးတာကတော့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ (အနည်းဆုံး IP44) အမျိုးအစားဖြစ်ဖို့ လိုပါတယ်။ နောက်တစ်ခုအနေနဲ့ Surge Protector ကိုလည်း မဖြစ်မနေ ထည့်သွင်းတပ်ဆင်သင့်ပါတယ်။

~ Earthing (LA Earth, Neutral Earth & Body Earth)
ဒီအပိုင်းက အလွန်အရေးကြီးပါတယ်။ ထရန်စဖော်မာပျက်စီးတာ၊ ပေါက်ကွဲတာ၊ မီးလောင်တာနဲ့ ဓာတ်လိုက်တာတို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ မြေစိုက်စနစ် (Earthing) မကောင်းတာကြောင့် ဖြစ်ပွားနိုင်တာကြောင့် earth သုံးမျိုးကို တစ်ခုဆီ သီသန့်ချပြီး သတ်မှတ်ချက်ပြည့်မှီတဲ့ တပ်ဆင်မှုမျိုးသာ ရှိရပါမယ်။

ဓါတ်တိုင်​ပေါ် မှာ တပ်ဆင် ထားတဲ့ အိမ်သုံးလျှပ်စစ်မီတာ​တွေကို တိုင်​ပေါ်မတက်ဘဲ  မီတာယူနစ် ဘယ်လို ဖတ်ကြသလဲဆိုတာ...အများနား...
27/10/2025

ဓါတ်တိုင်​ပေါ် မှာ တပ်ဆင် ထားတဲ့ အိမ်သုံးလျှပ်စစ်မီတာ​တွေကို တိုင်​ပေါ်မတက်ဘဲ မီတာယူနစ် ဘယ်လို ဖတ်ကြသလဲဆိုတာ...
အများနားလည်လွယ်​အောင်နဲ့ ​နည်းပညာအရ ပြောလို့ရတဲ့ နယ်ပယ်အတွင်းက​နေ​ပြောပြ​ပေးလိုက်ပါတယ်

■အခုသုံး​နေတဲ့ တိုင်​ပေါ်တင်ထားတဲ့ လျှပ်စစ်မီတာဖတ်တဲ့ နည်းပညာက လူကိုယ်တိုင်မျက်စိနဲ့တပ်အပ်ဖတ်စရာ မလို​အောင် ၊ လူကိုယ်တိုင်ဖတ်လို့ မှားယွင်းဖတ်မိတာမျိုးမဖြစ်​အောင် မီတာဖတ်နိုင်တဲ့နည်းပညာအရ တိုင်​ပေါ်တင်ထားလို့ရလို့ တင်ထားတာပါ။

■ ဒီမီတာ တစ်လုံးစီတိုင်းမှာ သက်ဆိုင်ရာ သီးခြား Device ID ​တွေ ရှိပါတယ် ။ လူလိုဆို နာမည်ရှိပါတယ် ဒါ​ပေမယ့် Energy Meter Device ID ​တွေက​တော့ တူတာ ထပ်တာ မရှိပါဘူး။

■ တည်​ဆောက်မှု ပထမအားဖြစ် ဒီ Digital Energy Meter ​တွေက မီတာအတွင်းထဲမှာ မီတာသုံးဆွဲမှု ယူနစ်အလိုက် သုံးဆွဲ​နေ့ရက်အလိုက် ( သတ်မှတ်ကာလအပိုင်းအခြားအထိ ) မှတ်သားထားနိုင်တဲ့ Internal Memory ပါ၀င်ပါတယ် လိုအပ်ရင် Daily Energy သုံးဆွဲမှုကို သက်ဆိုင်ရာ Billing software ​တွေက​နေ Excel list လိုမျိုး export လုပ် စစ်ကြည့်လို့ရပါတယ်။

■ဒုတိယ က ဒီ Energy မီတာ အတွင်းထဲမှာ မီတာ တစ်လုံး နှင့် တစ်လုံးကို ဖြစ်​စေ ၊ မီတာက​နေ အခြား မီတာအလုံးစီအလိုက်ကိုဖြစ်​စေ ၊ မီတာ တစ်လုံးက​နေ ​ဒေတာထုတ်ယူတဲ့ယူနစ် ( Data Concentrator ) ထံသို့ သုံးဆွဲမှုအချက်အလက်ကို ပြင်ပကို ​ပေးပို့နိုင်တဲ့ ​ရေဒီယို လှိုင်းထုတ်လွှင့်စက် ၊ ပြင်ပက အချက်အလက်​တောင်းခံမှု RF လှိုင်းကိုဖမ်းယူနိုင်တဲ့ ​ရေဒီယိုဖမ်းယူအင်တင်နာ ပါ၀င်ပါတယ်။
Built in RF Antenna , Built in RF Modem ပါ၀င်ပါတယ် မီတာတိုင်းမှာပါ

■ဒီမီတာ​တွေက သူရဲ့ သက်ဆိုင်ရာ Register ပြုလုပ်ထားတဲ့ RF Radio Frequency Range တစ်ခုအတွင်းမှာ ​ဒေတာ​တောင်းခံတာ၊ ​ပေးပို့ရယူတာမျိုး ပြုလုပ်ပါတယ်။

■ဒီမီတာဖတ်တာမှာ လူကိုယ်တိုင် မဖတ်ရင် မီတာထဲက အချက်အလက်သုံးဆွဲမှုကို ဘယ်လို သိပါသလဲဆိုရင် ဒီ တိုင်​ပေါ်တင်ထားတဲ့ မီတာအတွင်းမှာ မီတာဖတ်ရှုမှုကို မီတာရဲ့အတွင်းမှာပါ၀င်တဲ့ Microprocessor က​နေတဆင့် သူ့ရဲ့ Internal memory ထဲမှာ တိုက်ရိုက်မှတ်ထားပါတယ်။

■ဒီမှတ်ထားတဲ့ မီတာကို မီတာ ဘယ်လိုဖတ်လဲ
■မီတာဖတ်ပုံက လွယ်ပါတယ်
■ပထမနည်း
■ မီတာ​​ကောက်မယ့်သူက သူ့ရဲ့ အိတ်ထဲမှာ သို့မဟုတ် လက်ထဲမှာ ကိုင်ထားတဲ့ HHU ( Hand-Held Unit ) သို့မဟုတ် Hand-held data downloader က​နေ ဒီ မီတာ​တွေ ကို သက်ဆိုင်ရာ Radio Frequency အရ သူလိုင်းမိတဲ့အကွာအ​ဝေးက​​နေ Data အချက်​တွေ ​ပေးပို့စမ်းဆိုပြီး ခလုတ်နှိပ်လိုက်ရင် ဒီ Radio Frequency ရှိ​နေတဲ့ မီတာ ​တွေက ဟ ငါ့တို့ဆီက ယူနစ်သုံးဆွဲမှု အချက်အလက်​တွေကို ​တောင်း​နေတယ်ဆိုတာသိပြီး သူတို့မှတ်ထားတဲ့ ယူနစ်သုံးဆွဲမှု​တွေကို ဒီ HHU ထဲ လှမ်းပို့​ပေးလိုက်ပါတယ်။ လူက ရပ်​စောင့်​နေစရာ တိုင်​ပေါ်တက်​နေစရာမလိုပါဘူး။ ပြီးမှ ဒီ မီတာ​ကောက်တဲ့သူက HHU ကတဆင့် သူ မီတာ​တွေကို ​ကောက်ယူထားတဲ့အချက်အလက်ကို သက်ဆိုင်ရာ Meter Server / Data Concentrator ​တွေကို သူ့မှာပါ၀င်တဲ့ GSM sim card က​နေတဆင့် GSM Network ကိုသုံးပြီး ပြန်ပို့ပါတယ်။ ​ပြောချင်တာ လူနဲ့စာရင်း​ကောက် လူနဲ့စာရင်းပို့ လူနဲ့စာရင်းတွက်တဲ့ အဆင့်​တွေ ​မရှိ​တော့ပါဘူး ( တကယ့်စနစ်အမှန်ကို ​ပြောတာပါ )

■ ဒုတိယနည်းက မီတာ​တွေကို မီတာ​တွေနဲ့ မလှမ်းမကမ်းမှာ တပ်ထားတဲ့ Data Concentrator က​နေ သတ်မှတ်အချိန်မှာ အလိုအ​လျောက် မီတာယူနစ် ​တောင်းခံမယ် ။ ရရှိလာတဲ့ Data ​တွေကို Data Concentrator ကဘဲ Meter Server ကို အလိြအ​လျောကိလှမ်းပို့​ပေးမယ်။ ဆို​တော့ ဒီစနစ်မှာ မီတာ ​ကောက်တဲ့သူကို လုံး၀ မြင်ရမှာမဟုတ်ဘဲ Bill စာရွက်တာ ကိုယ့်အိမ်အ​ပေါကိ၀ ​ရောက်လာမှာပါ။

■အကယ်၍ မိမိ သုံးဆွဲမှု ပမာဏနှင့် မီတာ​ဘေစာရွက်က လွဲ​ချော်တယ်လို့ ယူဆရင်​တောင် သုံးဆွဲယူနစ် ကိန်းဂဏန်းကို မျက်မြင် တိုင်​ပေါ်တက်စစ်​ဆေးနိုင်ပါတယ်။

■အချို့​နေရာမှာ အဆိုပါ မီတာ သုံးဆွဲမှု ယူနစ်ကို မိမိ Mobile မှာ ထည့်ထားတဲ့ သက်ဆိုင်စာ Billing Software တဆင့် မိမိ Energy Meter ရဲ့ Device ID ကို ရိုက်ကြည့်ပြီး Real Time ကြည့်နိုငိပါတယ်။လိုအပ်ရင် Mobile Payment ​တွေက​နေ တိုက်ရိုက်​ပေး​ချေနိုင်ပါတယ်။

အလုပ်လုပ်ပုံ ( Communication Protocol ကွာနိုင်ပါတယ် )
■ Digital Energy Meter >>> HHU >>> Data Concentrator >>>Meter Server

​■​နောက်တစ်ခုက မိမိ ဘက်က လျှပ်စစ်မီတာကို မ​လျော်မကန် သုံးဆွဲမိရင် မီတာကို မပျက်စီး​အောင်၊ သို့မဟုတ် မီတာသုံးဆွဲမှု မရှိရင် ပိတ်ထားနိုင်​အောင် ဒီ မီတာအတွင်းမှာ ဒီမီတာက​နေ မီတာအထွက်လိုင်းကို သက်ဆိုင်ရာ Control Center က​နေဖြစ်​စေ ၊ HHU က​နေတဆင့် Radio Frequency ကိုသုံးပြီး ထိုမီတာကို သူအတွင်းထဲက Relay ကို အသုံးပြုပြီး မီတာ အထွက်လိုင်းကို တိုက်ရိုက် ပိတ်ချလို့ရတဲ့ Magnetic Contactor နှစ်လုံး ပါ၀င်ပါတယ်။

■ မီတာ၀န်ပိုသုံးတာ ။ ကြိုး​ပြောင်းပြန်တက်တာ ။ ​မီတာက ရက်​ကျော်တာ ။ မီတာကို ကျော်တာ ခွတာအတွက် မီတာ Display မှာ Error Code ​တွေ ​ပေါ်တတ်တာ သိမှာပါ ဒါက တကယ်​တော့ Alarm Indication အဆင့်ပါ။

■ နောက်တဆင့်က အ​ပေါ်ကလို အ​ခြေအ​နေမျိုး ဖြစ်ခဲ့ရင် Alarm အပြင် configuration အရ သက်ဆိုင်ရာ မီတာအတွင်းက Relay ကို အလိုအ​လျောက်ဖြတ်ချ ပစ်လိုက်နိုင်ပါတယ်။ သ​ဘောက ဒီမီတာကို တစ်လုံးချင်း အလွယ်တကူ မီးကြိုးကို မဖြတ်ဘဲ မီးသုံးဆွဲမှုကို ( မီတာအတွင်းက relay က တဆင့် Radio Frequency ကိုသုံးပြီး တိုင်​ပေါ်မတက် ကြိုးမဖြတ်ဘဲ မီးကို ဖြတ်ချလို့ ရတယ် ဆိုတာပါ )

မှတ်ချက်။ ။ ဒီဖြန့်​ဝေမှုက မီတာကို တိုင်​ပေါ်မှာ ထားရှိခြင်းကို မှန်ခြင်း/မှားခြင်း ​ကို ​ပြောဆိုခြင်းမဟုတ်ဘဲ ...တိုင်​ပေါ်တင်ထား​သော်လည်း မီတာဖတ်ရှုနိုင်သည့် နည်းပညာရပ်ကို ​ဝေမျှခြင်းသာ ဖြစ်ပါသည်။

အကယ်၍ အထက်​ဖော်ပြပါ ဖတ်ရှုသည့် နည်းပညာ အပြင် မီတာဖတ်သူ၏ ကျင့်ကြံအားထုတ်ထား​သော မ​နောအသိအမြင်ကို အသုံးပြု၍ ဖတ်ရှုခြင်းကို ​တွေ့ကြုံရဖူးခြင်းရှိပါက မိမိသည် အလွန်အင်မတန်မှပင် ကံထူးသူဟု မှတ်ယူနိုင်ပါတယ်။
Credit-Ko Myo Zaw

 #မိုးကြိုးပစ်လိုက်တဲ့အခါ အလွန်မြင့်မားတဲ့ ဗို့အား (very high voltage) နဲ့ လျှပ်စီး (high current) တွေ ပေါ်ထွက်လာပါတယ်။ ...
26/10/2025

#မိုးကြိုးပစ်လိုက်တဲ့အခါ အလွန်မြင့်မားတဲ့ ဗို့အား (very high voltage) နဲ့ လျှပ်စီး (high current) တွေ ပေါ်ထွက်လာပါတယ်။ အဲဒီ မြင့်မားတဲ့ ဗို့အားတွေဟာ ပါဝါလိုင်း (power line) ကို ဖြတ်သန်းသွားတဲ့အခါ အသုံးပြုထားတဲ့ လျှပ်စစ်၊ တိုင်းတာရေး ကိရိယာ (instrument) နဲ့ ဆက်သွယ်ရေး ကိရိယာ (telecom equipment) တွေဟာ ခဏတာ ဖြတ်သန်းမှုကြောင့် ပျက်စီးသွားနိုင်ပါတယ်။

​အဲဒီလို ပျက်စီးမှုတွေကနေ ကာကွယ်ဖို့အတွက် "surge arrestor" လို့ ခေါ်တဲ့ ပစ္စည်းကို လျှပ်စစ်၊ တိုင်းတာရေး ကိရိယာ နဲ့ ဆက်သွယ်ရေး ကိရိယာတွေရဲ့ ပါဝါလိုင်းတွေမှာ တပ်ဆင်ကာကွယ်ထားပါတယ်။ Surge arrestor ကို အခြားနာမည်အမျိုးမျိုးနဲ့လည်း ခေါ်ဆိုကြပြီး၊ ၎င်းဟာ ပါဝါလိုင်းအတွက် မိုးကြိုးကာကွယ်ရေး (lightning protection) ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

​Surge arrestor ကို semi-conductor ကို အခြေခံပြီး တည်ဆောက်ထားပါတယ်။ ပုံမှန်အခြေအနေမှာ surge protector က semi-conductor ရဲ့ high ohm ကြောင့် ဗို့အား/လျှပ်စီးကို ဖြတ်သန်းစီးဆင်းခွင့် မပြုပါဘူး။ သို့သော် သတ်မှတ်ထားတဲ့ ဗို့အား/လျှပ်စီးပမာဏ ရောက်ရှိလာတဲ့အခါ ၎င်းဟာ ရုတ်တရက် short circuit (လျှပ်စစ်ပတ်လမ်းတို) ဖြစ်သွားပါတယ်။

​မိုးကြိုးပစ်လို့ အလွန်မြင့်မားတဲ့ ဗို့အားတွေဟာ ကေဘယ်ကြိုး (cable) ကတစ်ဆင့် panel board ထဲကို မတော်တဆ ဝင်ရောက်လာတဲ့အခါ တပ်ဆင်ထားတဲ့ SPD ရဲ့ semi-conductor က ချက်ချင်းဆိုသလို short circuit ဖြစ်သွားပါတယ်။ အဲဒီအခါ အလွန်မြင့်မားတဲ့ ဗို့အားတွေဟာ ဆက်သွယ်ထားတဲ့ earthing ကြိုးမှတစ်ဆင့် မြေကြီးထဲကို စီးဆင်းပျောက်ကွယ်သွားပြီး၊ လမ်းလွှဲပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ၎င်းနဲ့ series ခံထားတဲ့ breaker က ပြုတ်ကျသွားပြီး ပုံမှန် လိုင်းဗို့အား (normal line voltage) တွေ မြေကြီးထဲသို့ စီးဆင်းတာကို ရပ်တန့်စေပါတယ်။

​Surge arrestor များကို Transformer (ထရန်စဖော်မာ) နဲ့ switch board တွေမှာ တပ်ဆင်ပါတယ်။ တပ်ဆင်ပုံမှာ fuse ဒါမှမဟုတ် circuit breaker ကို ခံပြီး line (လိုင်း) နဲ့ ground ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ တပ်ဆင်တဲ့အခါ Power distribution ရဲ့ voltage level နဲ့ ကြည့်ပြီး ရွေးချယ်ရပါတယ်။ Three Phase, 3 Phase + N, single phase စတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး တပ်ဆင်ပုံ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အဓိကအားဖြင့် ထုတ်လုပ်သူ (Manufacture) ရဲ့ reference နဲ့ instruction တွေကို ဖတ်ရှုပြီး အမျိုးအစား (type) တွေ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။

Address

Monywa-Mandalay Road
Myinmu

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

09400538026

Website

Alerts

Be the first to know and let us send you an email when ထက်ထက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share