Aung Muse Mobile

Aung Muse Mobile Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Muse Mobile, Muse Township, Mu-se.

Huawei GR5 2017ဝယ်ယူပါကHuawei အကောင်းစားကျောပိုးအိတ်နှင့်32GB SDကတ်တစ်ကတ် တို့ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်ရှင်။
22/12/2016

Huawei GR5 2017ဝယ်ယူပါက
Huawei အကောင်းစားကျောပိုးအိတ်နှင့်32GB SDကတ်တစ်ကတ် တို့ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်ရှင်။

22/12/2016
မူဆယ်သူ မူဆယ်သားများ မင်္ဂလာပါ========================ကျွန်မတို့ အောင်မူဆယ်မိုဘိုင်းမှ ဆင်းကတ်မှတ်ပုံတင်ဖို့အခက်အခဲဖြစ်နေသ...
22/12/2016

မူဆယ်သူ မူဆယ်သားများ မင်္ဂလာပါ
========================
ကျွန်မတို့ အောင်မူဆယ်မိုဘိုင်းမှ ဆင်းကတ်မှတ်ပုံတင်ဖို့
အခက်အခဲဖြစ်နေသူများအတွက် Telenor.Ooredoo.MPT Sim Cardများကို
လူကြီးမင်းတို့၏ အချိန်ကိုလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း အလုပ်အကိုင်ပျက်နေသည်များကို ကိုယ်ချင်းစာ၍ လူကြီးမင်းတို့အသုံးပြုနေငည့်ဖုန်းဆင်းကတ်များကိုအခမဲ့ မှတ်ပုံတင်ပေးနေပါပြီ။

ဆက်သွယ်ရန်လိပ်စာ။ ဈေးမီးပွိုင့်လမ်းထောင့်အရှေ့ဘက် လားရှိုးရှမ်းထမင်းဆိုင်ဘေး
ဈေးရပ်ကွက် ဈ/၁၈
ဖုန်း။၀၉၇၈၀၁၀၀၀၇၈.၀၉၉၇၄၁၄၉၉၆၆

မူဆယ်မြို့မှSamsung ချစ်သူများအတွက် သတင်ကောင်းအခြားဖုန်းတွေ ဈေးတက်နေတဲ့အချိန်မှာ Samsungက ပရိုမိုးရှင်း ကို ဒီဇင်ဘာလအထိ...
21/12/2016

မူဆယ်မြို့မှSamsung ချစ်သူများအတွက် သတင်ကောင်း
အခြားဖုန်းတွေ ဈေးတက်နေတဲ့အချိန်မှာ Samsungက ပရိုမိုးရှင်း ကို ဒီဇင်ဘာလအထိ လက်ဆောင်ပစ္စည်းတွေနဲ့အတူ လက်ငင်းငွေသားကေိးဇူးတုံ့ပြန်မှုအစီစဉ်ရှိနေပါတယ်။ ထိုအစီအစဉ်အတိုင်း Samsung ကုမ္ပဏီမှ ဈေးအတိုင်း တိုက်ရိုက်မှာယူရောင်းချသော samsung ဖုန်းများကို ပစ္စညါးဈေးနှုမ်းအာမခံဖြင့် အောင်မူဆယ်
်မိုဘိုင်းတွင် လာရောက်ဝယ်ယူအားပေးနိုင်ပါပြီ။
ဆိုင်လိပ်စာ=ဈ/၁၈ ဈေးရပ်ကွက်
ဈေးမီးပွိုင့်အရှေ့ဘက်ထောင့်-လားရှိုးရှမ်းထမင်းဆိုင်ဘေး
ဖုန်း=09780100078/09974149966

“Huawei GR5 (2017)” လူကြိုက်များသော Huawei ဟန်းဆက်များထဲတွင် GR5 လည်း ပါဝင်ပါတယ်။ အခုအခါ Huawei မှ GR5 (2017) ကိုလည်း ထပ...
21/12/2016

“Huawei GR5 (2017)”

လူကြိုက်များသော Huawei ဟန်းဆက်များထဲတွင် GR5 လည်း ပါဝင်ပါတယ်။ အခုအခါ Huawei မှ GR5 (2017) ကိုလည်း ထပ်မံ မိတ်ဆက်ရောင်းချလာပါ တယ်။ GR5 (2017) မှာ မျက်လုံးညောင်းညာခြင်းကို သက်သာစေဖို့ အပြာ ရောင်အလင်းတွေကို စစ်ထုတ်လို့ရပါတယ်။ 2G, 3G, 4G Network များကို အသုံးပြုနိုင်ပြီး ဖုန်းရဲ့အရွယ်အစားပမာဏ ကတော့ 150.9 × 72.6 × 8.2 mm ဖြစ်ကာ အလေးချိန်မှာ 162g ရှိပါတယ်။ GR5 (2017) တွင်လည်း လက်ဗွေစနစ်ကို အသုံးပြုနိုင်ပါမယ်။ Huawei စမတ်ဖုန်းများတွင် ပါရှိသော လက်ဗွေနည်းပညာဟာ မြင့်မားတိုးတက်လာပြီး လက်ဗွေရာဖတ်စနစ် 3.0 ဟာ ၃၆၀° အာရုံခံနိုင်စွမ်းရှိပါတယ်။ ဖုန်းအသုံးပြုသောသူများအနေဖြင့် စိုစွတ်သော လက်ချောင်းနဲ့ပဲဖြစ်ဖြစ်၊ ခြောက်သွေ့ သောလက်ချောင်းနဲ့ပဲ ဖြစ်ဖြစ် မျက်နှာပြင်ကို ၀.၃ စက္ကန့်အတွင်းမှာ Unlock ပြုလုပ်နိုင်ပါမယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါ တယ်။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့အတွက်လည်း လုပ်ဆောင် ပေးထား ပြီး ကြည်လင်ကောင်းမွန်သော ပုံရိပ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် 1080 × 1920 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 401 ppi ပါ။ Mulititouch စနစ်တွင် လက်ချောင်းများစွာ အသုံးပြုနိုင်ပါမယ်။

GR 5 (2017) ရဲ့ ထူးခြားသော စွမ်းရည်တစ်မျိုး ကတော့ ကင်မရာပိုင်း စနစ်ဖြစ်ပါတယ်။ ဖုန်းတွင် Dual Camera တပ်ဆင်ပေးထားပါတယ်။ စွမ်းရည် ကတော့ 12 MP + 2 MP ဖြစ်ပါတယ်။ မိမိရိုက်လိုသော အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကိုမှုန်ဝါးသွားစေသော လုပ်ဆောင်ချက်ရှိပါတယ်။ ရှေ့ ကင်မရာငယ်ကတော့ 8 MP စွမ်းရည်ရှိပါတယ်။ ဓာတ်ပုံရိုက်တာနဲ့ တစ်ပြိုင် တည်း အလှပုံချိန်ညှိချက်တွေကို ပြုလုပ်ပေးတဲ့ 10 - Levels Beauty စနစ်၊ Auto Make up စနစ်များ ပါရှိပါတယ်။ Panorama ပုံစံရိုက်ကူးမှုများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ကောင်းမွန်သော ဗီဒီယိုရိုက်ကူးမှုများကိုလည်း ထောက်ပံ့ပေးထားသော ဖုန်းဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ဖြစ်ပါတယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားကတော့ HiSilicon, Kirin 655 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းမှတ်ဥာဏ်ပမာဏအဖြစ် 32 GB ပါရှိအောင် ဆောင် ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3340 mAh ဖြစ်ပါတယ်။ အသင့်အနေအထားအတွက် နာရီ ၆၅၀ နီးပါးနှင့် စကားပြောဆိုဖို့ ၂၃ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ ဘက်ထရီနှင့် ဆက်စပ်ပတ်သက်သော စနစ် များကိုလည်း သုံးနိုင်ပါမယ်။



Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 12 MP + 2 MP
Bluetooth - v 4.1
Storage - 32 GB
OS - Android OS, v6.0
Resource;
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

21/12/2016

“Vivo Y55”

Vivo ဟာ ဖုန်းများစွာကို ထုတ်လုပ်ပေးထားပြီး စွမ်းရည်ကောင်းသော ဖုန်းများကိုလည်း ရောင်းချပေးထားပါ တယ်။ ယခုဖုန်းကတော့ 147.9 × 72.9 × 7.5 mm အရွယ်အစားရှိကာ အလေးချိန်မှာ 142 g ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.2 inches ရှိပါ တယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ ကတော့ 720 × 1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 282 ppi ပါ။ သုံးစွဲနိုင်မယ့် Network ကတော့ 2G, 3G, 4G ဖြစ်ပါ တယ်။ SIM card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ အသုံးပြုရမယ့် SIM အရွယ်အစားကတော့ Micro နဲ့ Nano ဖြစ်ပါ တယ်။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့လည်း လုပ်ဆောင်ပေးထားပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စား တပ်ဆင်ပေး ထားပြီး အဓိကကင်မရာဟာ 8 MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ Screen Flash စနစ် ထောက်ပံ့ပေးနိုင်ပါတယ်။ Autofocus, Touch Focus, Self timer, Face Detection, Smile detection, HDR, Face Beauty, Voice Capture, Gesture Shot, Child Mode, Ultra HD Image (32 MP) စသော ကင်မရာဆက်စပ်ပတ်သက်စနစ်များ ကိုလည်း သုံးစွဲနိုင်ပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက် အများအပြား သိမ်းဆည်းလိုပါက Cardslot စနစ်ကို အသုံးပြုရပါ မယ်။ ထည့်သွင်းပေးထားသော Chipset ကတော့ Qualcomm Snapdragon 430 ဖြစ်ပြီး CPU စွမ်းရည်မှာ Octa Core 1.4 GHz ရှိပါတယ်။ GPU အမျိုး အစား ကတော့ Adreno 505 ပါ။ Sensor စနစ်များစွာလည်း ပါရှိပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2650 mAh ဖြစ်ပြီး စကားပြောဆိုဖို့ ၈ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ သီချင်းနားထောင် ချိန်အတွက် ၂၂ နာရီ နီးပါး ခံနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။



Network - GSM/ WCDMA/LTE
Memory - 16 GB
CPU - Octa Core 1.4 GHz
Camera - 8 MP
Screen - 5.2 inches
OS - Android OS, v 6.0

21/12/2016

“Vivo V5”

Selfie ရိုက်ကူးခြင်းကို နိုင်ငံနှင့်အ၀န်းကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှုတိုးပွား နေချိန်တွင် အရည်အသွေးမြင့် ကမ္ဘာကျော် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo က ကမ္ဘာ့ပထမဆုံးသော ရှေ့ကင်မရာ 20MP ပါဝင်သည့် V5 စမတ် ဖုန်းကိုစတင်မိတ်ဆက် လိုက်ပါသည်။ လူငယ် Selfie ၀ါသနာအိုးများ အတွက် ဒီဇိုင်းထွင်ထားသော ဤစမတ်ဖုန်းသည် နည်းပညာ၊ ဒီဇိုင်းနှင့် အလုံးစုံ ဆောင်ရွက်ချက်များကို ထူးခြားစွာပေါင်းစပ်ထားပါသည်။ မျက်နှာပြင် ရှေ့တွင် 20MP ပါဝင်သော ကင်မရာအပြင် အလင်းရောင်အနေအထား အမျိုးမျိုး တွင် Selfie ပုံကောင်းစွာရိုက်ကူးနိုင်သော "Selfie Softlight" Feature ကိုလည်းထည့်သွင်းပေးထားပါသည်။



"Selfie Softlight" Feature အသစ်အားလုံးက မည်သည့်အလင်းရောင် အခြေအနေတွင်မဆို မျက်လုံးနေရာ၌ ချို့ယွင်းချက်တစ်စုံတစ်ရာ မဖြစ်စေဘဲ မျက်နှာပေါ်သို့ သဘာဝအလင်းရောင်ကျရောက်နေသကဲ့သို့သော ပုံထွက် ရရှိအောင် ဖန်တီးပေးထားပါသည်။ ရိုက်သောပုံတိုင်းတွင် အစက်အပြောက် ထခြင်း၊ မှုန်ဝါးခြင်း၊ Flash မီးလွန်ကဲခြင်းကြောင့် ဖွေးသွားခြင်းများ၊ ကင်းရှင်း ကာ ပြီးပြည့်စုံသော ပုံကောင်းများကိုသာ ရရှိစေမည်ဖြစ်သည်။



အထူးဆွဲဆောင်မှုကောင်းသည့် မျက်နှာပြင်အကွေး Crown Gold နှင့် Rose Gold ဟူ၍ အရောင်နှစ်မျိုးဖြင့် နှစ်သက်ရာ ရွေးချယ်နိုင်ခြင်းတို့က V5 ဖုန်းကို လျှပ်တစ်ပြက်မြင်လိုက်ရုံဖြင့်ပင်စွဲမက်သွားစေနိုင်ပါသည်။ Vivo အမှတ် တံဆိပ် Logo ကို အနောက်ဘက်တွင် သတ္ထုဖောင်းကြွအဖြစ် ရိုက်နှိပ် ထားခြင်းက အရည်အသွေးမြင့်မားခြင်းဟူသော ခံစားမှုကိုရရှိစေပါသည်။ စွဲမက်ဖွယ် ပြင်ပအပြင်အဆင်ကြောင့် လှည့်စားဆွဲဆောင်သည်ဟု ထင်ရ သော်ငြားလည်း V5 စမတ်ဖုန်းသည် အမှန်တကယ် ကောင်းမွန်ပြီး ခေတ်မီပါ သည်။ V5 သည် Android 6.0 Marshmallow ကို အခြေခံသည့် Funtouch OS 2.6 နှင့် run ပြီး 4GB RAM, 32GB ROM တို့နှင့် တွဲဖက်တည်ဆောက် ထားပြီး 128GB အထိထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။ Octa-Core 64-bit Processor က ဖုန်းအသုံးပြုသူများအား ဂိမ်းဆော့ကစားစဉ်နှင့် တစ်ပြိုင်နက် Apps များသုံးရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချောမွေ့စွာ ဆောင်ရွက်နိုင် အောင် စီစဉ်ထားပါသည်။ V5 တွင် မျက်စိအလင်းစူးခြင်းနှင့် အမြင်အာရုံကို ကာကွယ် ပေးပြီး အပြာရောင်အလင်းတွေကို လျှော့ချပေးနိုင်သော "Eye Protection Mode" "မျက်လုံးကာကွယ်ရေးစနစ်” ကိုလည်း ထည့်သွင်း ပေးထားသည်။



အသံအရည်အသွေးအထူးကောင်းမွန်စေသည့် AK4376 Hi-Fi audio Chip ကို အထူးပြုလုပ်စီမံထားသောကြောင့် တေးဂီတ မြတ်နိုးသူများအနေဖြင့်လည်း V5 ဖုန်းမှ ထွက်ပေါ်လာသည့် စည်းချက်မှန်သမျှကို နှစ်သက်ခံစားနိုင်မည်ဖြစ် ပါသည်။ ဆူညံမှုအသံအချိုးအဆ 115dB အထိ လျှော့ချပေးနိုင်သော အဆင့်မြင့် စနစ်တစ်ခုကိုလည်း ထည့်သွင်းပေးထားသည်။ ထိပ်တန်း နည်းပညာ များအသုံးပြုထားသော V5 စမတ်ဖုန်းကြောင့် Vivo မှ သုံးစွဲသူများ အား အသံအရုပ်အရည်သွေး အထူး ကောင်းမွန်သော တေးဂီတခံစားမှု အတွေ့အကြုံကိုရရှိစေမည်။



၅.၅ လက်မအကျယ် မျက်နှာပြင်၊ 1280×720 pixels ရှိ Resolution နှင့် 2.5D Gorilla Glass မှန်ခုံးတို့ပါဝင်သော V5 သည် မြန်မာဈေးကွက်တွင် စတင်မိတ်ဆက်လိုက်သော အရည်အသွေးအမြင့်ဆုံး Vivo ဖုန်း ဖြစ်ပါသည်။ သုံးရလွယ်ကူသော Interface ကလူငယ်များနှင့် နည်းပညာ ကျွမ်းကျင် သုံးစွဲသူများ အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ဥပမာပြရသော် သုံးစွဲသူတစ်ဦးအနေဖြင့် ဗီဒီယိုကြည့်နေစဉ် Message တစ်ခုဝင်လာတိုင်း ကြည့်နေသည့် ဗီဒီယိုကိုရပ်၍ နောက်ပြန်သွားနေစရာ မလိုဘဲ တစ်ပြိုင်နက် တည်း အလုပ်များစွာလုပ်နိုင်အောင် "Smart Screen- Split" Feature အလို အလျောက်မျက်နှာပြင်ပိုင်းခြား စနစ်ကဆောင်ရွက်ပေးပါလိမ့်မည်။ Chatting လုပ်ရင် ဗီဒီယိုကိုလည်း တစ်ပြိုင်တည်း ကြည့်နိုင်ပါသည်။





20MP အရှေ့ကင်မရာက သာမန်ထက်ပိုတဲ့ အလွန်မြင့်မားတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်ပြီး Selfie ရိုက်ကူးရာတွင်လည်း ကြည်လင်သော ပုံရိပ်ပြတ်သားမှု၊ သဘာဝအရောင်အသွေးအတိုင်း လှပမှုတွေကို ပေးစွမ်းလို့ ဘယ်အချိန်မဆို အလှပဆုံးပုံလေး တွေကို ရရှိစေမှာပါ။



V5 မှာ ပါဝင်တဲ့ Selfie Softlight စနစ်က အဆင်မြင့် ဓာတ်ပုံရိုက်ကူးရေးခန်းမ ထဲမှာ ရိုက်ကူးနေရသလို အလင်းရောင် ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ သင့်ကို တကယ့်မော်ဒယ်တစ်ယောက်လို လှသွေးကြွယ်စေပြီး လင်းလက်တဲ့ Selfie ပုံရိပ်လေးတွေကို ရရှိစေမှာပါ။

“Samsung Galaxy J7 Prime” Samsung ဟာ ၂၀၁၆ ခုနှစ်၏ အကောင်းမွန် အထူးခြားဆုံး အရောင်းပွဲကြီး ကို ယခုလကုန်အထိ ကျင်းပပြု လုပ်...
21/12/2016

“Samsung Galaxy J7 Prime”

Samsung ဟာ ၂၀၁၆ ခုနှစ်၏ အကောင်းမွန် အထူးခြားဆုံး အရောင်းပွဲကြီး ကို ယခုလကုန်အထိ ကျင်းပပြု လုပ်နေပါတယ်။ Samsung ဖုန်းများထဲတွင် J Series ဖုန်းများဟာ နောက်ဆုံးပေါ် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ J7 Prime ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်းအ၀ိုင်းပုံရှိပြီး အဓိက ကင်မရာကို အနောက်ဘက်တွင် လေးထောင့်ပုံစံ ထည့်သွင်းပေးထားပါတယ်။ ဘေးဘက် တွင် Flash မီး ပါရှိပါတယ်။ 2G/3G/4G Network များတွင် အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ ကိုင်ဆောင်အသုံးပြုရမယ့် အရွယ်အစားပမာဏကတော့ 151.7 × 75 × 8 mm ဖြစ်ကာ အလေးချိန်သည် 167 g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သောဖုန်းများ ဈေးကွက်ထဲတွင် ပေါများနေသောကြောင့် အခု J7 Prime ကိုလည်း ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိသောကြောင့် ကျယ်ပြန့်သော မြင်ကွင်းပုံရိပ်များကို ရရှိပါမယ်။ မြင်ကွင်းစွမ်းရည် အပိုင်း အတွက် 1080 × 1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပြီး တစ်လက်မ မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 401 ppi ပါ။ ဖြန့်ချိရာဈေး ကွက်ပေါ်မူတည်၍ Gorilla Glass တပ်ဆင်ပေးမှာဖြစ်ပါတယ်။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး Auto Focus, LED Flash စနစ် တို့နဲ့ အသုံးပြုနိုင်မယ့် အဓိကကင်မရာဟာ 13 MP, f/1.9 စွမ်းရည်ရှိပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP , f/1.9 စွမ်းရည်ပါ။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080 p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါ တယ်။ Bluetooth Version ကတော့ 4.1 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းအတွက် RAM ကို 3 GB ထည့် သွင်းပေးထားပြီး Internal Storage တွင် 16 GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ ထို့အပြင် Cardslot စနစ် အသုံးပြုနိုင် အောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစား ကတော့ Android ဖြစ်ပြီး Version မှာ Marshmallow ဖြစ်ပါတယ်။ ထည့်သွင်း ပေးထားသော Chipset ကတော့ Exynos 7870 Octa ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa Core 1.6 GHz Cortex - A 53 ဖြစ်သောကြောင့် ဖုန်းကို လျင်မြန်သွက်လက်စွာ အသုံးပြုနိုင်ပါလိမ့်မယ်။ GPU ကတော့ Mali-T830 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 3300 mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့အတွက်၂၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့အတွက် ၈၄ နာရီနီးပါးခံနိုင်စွမ်း ရှိပါမယ်။



Network - GSM/HSPA/LTE
Processor - Octa Core 1.6 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16/32 GB
OS - Android OS, v6.0.1

21/12/2016

ROCK Motor Car Charger
Rock 2USB
Rock 3USB

ကားပေါ်တွင် တစ်နေကုန် အချိန်ကုန်နေသူများ / မိမိရုံး၊ ကျောင်းတို့ သည်
အိမ်နှင့်ဝေးသဖြင့် ကားပေါ်တွင် မှ မိမိ၏ ဖုန်းလေးကို အားသွင်းတတ်သည့်
အလေ့အကျင့်ရှိသူများအနေနှင့် အားသွင်းမြန်ဆန်စွာနှင့် မိမိ၏ဖုန်းလေးများကို
အားသွင်းဖို့ အတွက် ၏ Car Charger လေးရှိနေပါပြီ။
လွန်စွာသေသပ် လှပပြီး အားသွင်းပေါက် ၂ပေါက် ပါဝင်ခြင်းကလဲ မိမိ ချစ်ခင်ရသည့်
မိသားစုဝင်များနှင့် အချင်းများပြီး အားသွင်းပေါက်လုရမည့် ကိစ္စမှလဲရှောင်လွဲနိုင်မှာ
ဖြစ်ပါတယ်။

ဆိုင်လိပ်စာ=ဈေးမီးပွိုင့်လမ်းထောင့် ဆိုင်အမှတ်ဈ/၁၈
ဖုန်း၀၉၉၇၄၁၄၉၉၆၆။၀၉၇၈၀၁၀၀၀၇၈

21/12/2016

Clash of Clan update ထပ်မံထွက်ရှိ
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

Clash of Clan သမားတွေအတွက် Supercell မှ update version
ထပ်မံထုတ်ပေးလိုက်ပြန်ပါပြီ။ ဆောင်းရာသီ Christmas ကိုကြိုဆိုသော
အားဖြင့် Winter version လေးကိုထုတ်ပေးလိုက်တာဖြစ်ပါတယ်။
update မလုပ်ရသေးရင်တော့ ရယူလိုက်ပါ။

http://todaysmobiletraining.blogspot.com/2016/12/clash-of-clan-update.html

မင်္ဂလာနံနက်ခင်းပါ ခင်ဗျာလူကြီးမင်းတို့၏တန်ဖိုးရှိသောအချိန်ကို လေးစားတန်ဖိုးထားသောအားဖြင့်ကျနော်တို့ အောင်မူဆယ်မိုဘိုင်းမှ...
20/12/2016

မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ
လူကြီးမင်းတို့၏တန်ဖိုးရှိသောအချိန်ကို လေးစားတန်ဖိုးထားသောအားဖြင့်ကျနော်တို့ အောင်မူဆယ်မိုဘိုင်းမှ
MPT Sim Card နှင့် Telenorsim cardသုံးစွဲသူများအား
sim card မှန်ပုံတင်ခြင်းကို အခမဲ့ဝန်ဆောင်ပေးပါရစေ။
MPT sim cardနှင့် Telenor sim cardများကို
အောင်မူဆယ် မိုဘိုင်းတွင်အခမဲ့မှတ်ပုံတင်ပေးနေပါသည်။
မှတ်ပုံတင် သို့ ယဉ်မောင်းလိုင်စင် မိတ္တူဖြင့် မှတ်ပုံတင်မည့် sim card.ယူဆောင်ခဲ့ရပါမည် ဖြစ်ပါတယ်။

Address

Muse Township
Mu-Se

Alerts

Be the first to know and let us send you an email when Aung Muse Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share