Aye Mya Nandar Co;Ltd

Aye Mya Nandar Co;Ltd Construction and Electrical Company Limited

08/12/2023
06/09/2023

𝗨𝗣𝗚 𝗛𝗶𝗴𝗵 𝗚𝗹𝗼𝘀𝘀 𝗣𝘂𝗿𝗲 𝗣𝗼𝗹𝘆𝘂𝗿𝗲𝘁𝗵𝗮𝗻𝗲 𝗨𝗧𝟰𝟬𝟬𝟬

သစ်၊ပရိဘောဂ သဘာဝအလှ
ကြည်လင်တောက်ပ စိန်သားတမျှ
ထူးခြားပေါ်လွင် လှပစေမှာ UT4000ပါ 💎 💎 💎

UPG UT4000သည် အရည်အသွေးမြင့် ပိုလီယူရီသိန်း အကြည်ရောင် လိုက်ကာအမျိုးအစားဖြစ်ပါသည်။ ရေနှင့်ဓာတုပစ္စည်းများထိတွေ့မှုနှင့် အပူဒဏ်၊ရာသီဥတုဒဏ်မှ ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်ရှင်...🚪🚪🚪

တံခါး၊ပြတင်းပေါက်၊ ပါကေးကြမ်းခင်း၊သစ်ပရိဘောဂများတွင် အသုံးပြုနိုင်ပြီး သစ်၊ပရိဘောဂတို့၏ သဘာဝ အဆင်အကွက်များကို မူလထက်ပိုမို တောက်ပပေါ်လွင်စေမှာ ဖြစ်ပါတယ်ရှင်..... အမြို့မြို့ အနယ်နယ်ရှိ ယူပီဂျီအရောင်းဆိုင်များတွင် မေးမြန်းဝယ်ယူနိုင်ပါတယ်..... 👍 👍 👍

Paint& Coating Co.,Ltd.
UT4000

ပေ၄၀xပေ၆၀ ၂ထပ်ခွဲအိမ် ဆောက်ကြမယ်။***************************************ထုံးစံအတိုင်း ဘေး၂ဖက်ကို ၂ပေစီ၊ နောက်ဖေးကို ၄ပေ ...
25/08/2023

ပေ၄၀xပေ၆၀ ၂ထပ်ခွဲအိမ် ဆောက်ကြမယ်။
***************************************
ထုံးစံအတိုင်း ဘေး၂ဖက်ကို ၂ပေစီ၊ နောက်ဖေးကို ၄ပေ setback မြေချန်ပါတယ်။ အရှေ့မှာ ၅ပေ မြေချန်ရင် ရတာကို ၁၀ပေ ချန်လိုက်တယ်။ အိမ်ရှေ့ မှာ လူးသာလွန့်သာ ကားဝင် pavement ရယ်၊ ဘေးမှာ မြက်ခင်းစိမ်းစိမ်းနှင့် သစ်ပင်လေးရယ်၊ flower box မှာ ပန်းပင်လေးတွေ စိုက်လို့ရမယ်။ ညနေခင်း နေဝင်ချိန် ထမင်းစားပြီး အိမ်ရှေ့ ကားဝင် pavement မှာ ဘာရယ်မဟုတ် လမ်းလေး ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း အိမ်ရှေ့က အပင်လေးတွေ ရေလောင်းပေါ့။ အပြင်မှာ လမ်းလျှောက်သွားတဲ့ ရပ်ကွက်ထဲက ခင်မင်ရတဲ့ လူတွေတွေ့ရင်လဲ ဘယ်သူရေ ဘယ်ဝါရေ နေကောင်းလား ဘာညာ နှုတ်ဆက်ပေါ့။ ဝါသနာပါရင် အဲဒီနားတင် မိုးတိုးမတ်တတ် တမေ့တမြော လေပေါလို့ ရသေး။

အိမ်ရှေ့ ခြံစည်းရိုးမှာ ကားဝင်ပေါက် တံခါးကြီးနှင့် လူဝင်ပေါက် တံခါး အသေးလေး ရှိမယ်။ မြေညီထပ်မှာ ဝင်ဝင်ချင်း ကား၂စီး ထားလို့ရတဲ့ ဘေးအကာအရံ မရှိတဲ့ open type ကားခန်း၊ ကားခန်းကို ကားတက်တဲ့အခါ ramp မှာ စလွန်းကားလေးတွေ ဗိုက်မလွတ်မှာ စိုးလို့ floor ကို +1’ တစ်ပေအမြင့်ပဲ ထားပါတယ်။ အိမ်မကြီးက plinth +2’ ဆိုတော့ ကြားမှာ ၆လက်မ step လေးတစ်ခုတော့ ပါမှာပေါ့။ ကားခန်းကနေ ဧည့်ခန်းထဲကို အရှေ့တံခါးပေါက်က ဝင်သွားလို့ ရသလို အိမ်ထဲ တစ်ခါထဲ ဝင်သွားချင်တယ်ဆို အိမ်ရဲ့ အလယ်ခေါင် foyer ထဲကို အလယ်ပေါက် တံခါးကနေ ဝင်သွားလို့ရပြီး foyer ကတစ်ဆင့် ထမင်းစားခန်း၊ မီးဖိုချောင်၊ ဒါမှမဟုတ် မြေညီထပ် အိပ်ခန်းထဲ၊ အပေါ်ထပ် တက်ချင်တယ်ဆို လှေကားပေါ်တက်သွားလို့ ရပါတယ်။ ထမင်းစားခန်းနှင့် ဧည့်ခန်းကြားမှာ နံရံမထားပဲ divider cabinet လုပ်ထားလို့ ဧည့်သည်တွေ အနေနှင့် ရှိုးတိုးရှန့်တန့် ဖြစ်မနေပဲ ထမင်းဝင်စားဖို့ ပိုမို အဆင်ပြေသွားမယ်။ မီးဖိုချောင်မှာ နောက်ဖေးကို ထွက်တဲ့ နောက်ဖေးတံခါးပေါက် ရှိပါတယ်။

မြေညီထပ်ကနေ လှေကားအတိုင်း တက်သွားလိုက်တဲ့အခါ လှေကားထိပ် space ကနေ အခန်းတိုင်းကို ဝင်လို့ ရတာကို တွေ့ရပါမယ်။ ဘုရားခန်း နှင့် မိသားစုအခန်းက တွဲရက်၊ ရေချိုးခန်းအိမ်သာတွဲရက် အိပ်ခန်း ၃ခန်း နှင့် စတိုခန်း ကို အဲဒီနေရာကနေ ဝင်လို့ ရမယ်။ မျက်နှာစာက အိပ်ခန်း အရှေ့ပြူတင်းမှာ flower box ပါတော့ နံနက်ခင်း အိပ်ယာထ ပြူတင်းပေါက်ကို ဖွင့်လိုက်တာမှာ လန်းဆန်းလတ်ဆတ်တဲ့ လေပြေလေးက ဖူးပွင့်နေတဲ့ ပန်းကလေးတွေရဲ့ မွှေးရနံ့ကို သယ်ဆောင်ပြီး အခန်းထဲကို ဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီအခန်းတော့ သမီးမိန်းကလေးတွေတော့ မထားနှင့်ပေါ့။ ညပိုင်းတွေ ဂီတာသံ တစ်ဒေါင်ဒေါင်တစ်ဒင်ဒင် ဖြစ်လာပြီး လူကြီးတွေမှာ ဖုန်းဆက်လိုက်ရမလား ဖုန်းဆက်လိုက်ရမလား ဖြစ်ကုန်ကြမှာ။ အိမ်ဆောက်ပြီး စနေကထဲက လူကြီးတွေက ဗီတိုအာဏာသုံးပြီး အဲဒီအခန်းကို ယူလိုက်ရမှာ ဖြစ်ပါတယ်။

ကဲ .. ပထမထပ်ကနေ ဒုတိယထပ် တက်ကြရအောင်။ ဒုတိယထပ်က ၂ထပ်ခွဲဆိုတဲ့မူအတိုင်း လှေကားခန်း အရှေ့ဖက်က open deck ကြပြင်ဖြစ်ပါတယ်။ အောက်ထပ်တွေလိုပဲ လှေကားထိပ်မှာ space ရှိပြီး အဲဒီက အပြင် ကြပြင်ကို ထွက်လို့ရမယ်၊ maid တွေ အိပ်လို့ရမယ့် အိပ်ခန်းအသေး ( ဒုတိယထပ်က maid room နှင့် ပထမထပ်က store room က interchangeable ပါ )၊ ရေချိုးခန်းအိမ်သာတွဲရက် အိပ်ခန်း၂ခန်းကို ဝင်လို့ ရပါတယ်။ အပြင် ကြပြင်ဟာ ကျယ်ကျယ်ဝန်းဝန်း ရှိပြီး သစ်ပင်ပန်းပင်တွေ စိုက်လို့ရမယ်၊ စားပွဲ ကုလားထိုင်တွေချ မိသားစု ဝိုင်းဖွဲ့ စကားပြောစားသောက်လို့ ရပါမယ်။ အဲလို မိသားစုဝိုင်းဖွဲ့တဲ့ နေရာလေးဘေးမှာ စကားတွေ ဘာတွေ လွတ်လွတ်လပ်လပ် ပြောလို့ရအောင် privacy အရ wall လေး ကာရံထားပြီး နေပူမိုးရွာ ခံနိုင်ရန် sunshade frame တစ်ခု မိုးထားပါတယ်။

ဒုတိယထပ် အပြင် ကြပြင်ကနေ အပြင်လှေကားကတစ်ဆင့် ခေါင်မိုးထပ်ပေါ် တက်သွားလို့ ရပါတယ်။ အပြင်လှေကား အတက်ဆင်း အန္တရာယ် ကင်းစေဖို့ လှေကားနားက လက်ရန်းမှာ အကာအရံ နံရံလေးတစ်ခု လုပ်ထားပါတယ်။ ခေါင်မိုးထပ်မှာ အဝတ်အစားတွေ လျှော်ဖို့ pergola လေးချောင်းထောက်အမိုးလေးတစ်ခု ရှိမယ်။ တစ်အိမ်လုံးသုံးမယ့် overhead water tank ရေကန် တောင့်တောင့်တင်း တစ်လုံး ရှိပါမယ်။

ရေချိုးခန်းအိမ်သာတွဲရက် အိပ်ခန်း ၆ ခန်း ပါပါတယ်။ စုစုပေါင်း ကြမ်းခင်းဧရိယာ ၃၉၂၀ ရှိပါတယ်။

ဒီပုံလေးက ကြာပါပြီ။ stay home အိမ်တွင်းအောင်းချိန်တွေ အပြင်မထွက်ရလို့ စိတ်ညစ်ညစ်နှင့် ထိုင်ဆွဲခဲ့တဲ့ အိမ်ပုံတွေထဲက တစ်ခုပါ။ တစ်ပုံချင်းစီပုံတွေကို

Earthing ဆိုတာဘာလဲ?လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံး...
20/07/2023

Earthing ဆိုတာဘာလဲ?
လုပ်ငန်းခွင်တွေမှာ အရေးအကြီးဆုံးအရာက Safety ပါ။လျှပ်စစ်နဲ့ပတ်သတ်တဲ့အလုပ်မှာလည်း safety ကအရေးအကြီးဆုံးပါပဲ။safety မှာမှ earthing system က အရေးပါဆုံးကဏ္ဍထဲကတစ်ခုဖြစ်ပါတယ်။
Neutral နဲ့ Earth ဟာ 0 V တွေတူကြတယ်။ဒါပေမယ့် Neutral မှာ Return wire ရှိတယ်။Line ကြိုးက power သယ်ပြီး Load ကိုပို့တယ်။Neutral ကြိုးက Complete circuit ဖြစ်စေပြီး၊current ကို ပြန်စီးတယ်။Neutral က ပုံမှန်အခြေအနေမှာ current ကိုပြန်စီးပြီး closed loop ဖြစ်စေတဲ့ Conductor ဖြစ်ပါတယ်။ Power distribution system မှာ Reference point တစ်ခုအဖြစ်ရှိပါတယ်။Earth wire/ Ground wire ကတော့ fault ဖြစ်တဲ့အခါမှာ လူတွေ၊ပစ္စည်းတွေကို safe ဖြစ်စေဖို့တပ်ထားတဲ့ Conductor/Wire ဖြစ်ပါတယ်။ပုံမှန်အခြေအနေမှာ current မစီးဘူး။wire ပေါက်ပြဲပြီး တခြား conductor ၊လူ တစ်ခုခုနဲ့ ထိမိပြီဆိုရင် fault current ဖြစ်ပြီး အဲ့ဒီ fault current ကို မြေကြီးထဲဖြတ်စီးစေပါတယ်။earthing မှာ electrical earth, body earth, instrument earth , fram earth... စသည်ဖြင့်ရှိကြပါတယ်။
Earthing ကို Ground ချတယ်လို့လည်း သုံးကြပါတယ်။အတူတူပါပဲ။လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ လူက ဓာတ်ကြိုးကိုထိမိတာဖြစ်ဖြစ်၊ကြိုးပေါက်ပြဲပြီး ဘေးက conductor တစ်ခုခုကိုထိမိတာဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။အဲ့ဒီလို Earth fault အန္တရာယ်ကကာကွယ်ဖို့ Circuit Breaker သီးသန့်တပ်ဆင်ရသလို အိမ်သုံးလျှပ်ပစ္စည်းတွေ၊sockets တွေကိုလည်း earth ချထားရပါတယ်။မိုးကြိုးလွှဲတပ်ဆင်ခြင်းဟာလည်း earth ချတာပါပဲ။မိုးကြိုးပစ်လိုက်တဲ့ surge current ကြောင့် အဆောက်အဦးကိုမထိခိုက်အောင် ကြေးချောင်းမှတဆင့် မြေကြီးထဲကို ထည့်လိုက်တာပါ။တစ်ချို့ mV ကအစ Charge ဖြစ်စေနိုင်တဲ့ နေရာတစ်ချို့မှာ အဲ့ဒီနေရာကိုဝင်တာနဲ့ အပေါက်ဝမှာ ပြောင်နေတဲ့ ကြေးလက်ကိုင်ဘုလေးတွေရှိတတ်ကြပါတယ်။အဲ့ဒီလက်ကိုင်ဘုလေးကို လက်နဲ့ပွတ်ခြင်းဖြင့် လက်မှာရှိတဲ့ charge ကို earth ချခြင်းနည်းနဲ့ discharge လုပ်လိုက်တာပါ။အဲ့ဒီ ကြေးလက်ကိုင်ဘုလေးကို မြေကြီးနဲ့တိုက်ရိုက် earth ချထားတာပါ။ဥပမာ-missile (maintenance) room တွေထဲဝင်တဲ့အခါတွေ့ရတတ်ပါတယ်။
Earthing system (၅) မျိုးရှိပါတယ်။အဲ့ဒါတွေက-
(a) IT
(b) TT
(c) TN-S
(d) TN-C
(e)TN-C-S တွေပဲဖြစ်ပါတယ်။
I ဆိုတာ Impedance(supply system ကို တိုက်ရိုက် earth မချဘူး၊fault-limiting impedence ခံပြီးမှ ချတဲ့နည်း။)
T ဆိုတာ Terre (earth ရဲ့ ပြင်သစ်လိုအခေါ်)[(ရှေ့ T အတွက် supply system)(နောက် T အတွက် conductive parts/အိမ်သုံးလျှပ်စစ်ပစ္စည်းများ) ကို တိုက်ရိုက် earth ချတဲ့နည်း။]
N ဆိုတာ Neutral (conductive parts/ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို supply ရဲ့ neutral point မှာ တိုက်ရိုက်သွားချိတ်တဲ့နည်း။)
C ဆိုတာ Combined (neutral နဲ့ protective conductor က အတူတူပဲ၊supply ကလာတဲ့ neutral ကြိုးကိုပဲ protective conductor အနေနဲ့ ပြန်သုံးလိုက်တဲ့နည်း။)
S ဆိုတာ Separate (neutral နဲ့ protective conductor က သပ်သပ်စီ၊protective conductor တစ်ကြိုးသီးသန့်ထုတ်ပြီး supply ရဲ့ neutral မှာ သွားချိတ်တဲ့နည်း။)
(a) IT System
I ဆိုတာ Neutral ကနေ Impedance ခံပြီးမှ Earth ချတာကို ဆိုလိုတာပါ။Impedance ခံတယ်ဆိုတာ Fault current ပိုနည်းအောင်ခံတာပါ။(Supply Source/Transformer ဘက်ခြမ်းက earth ချတဲ့အနေအထားပါ။)
T ဆိုတာ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာပါ။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ IT system ပါပဲ။low voltage system တွေမှာ မသုံးပါ။
(b) TT System
ရှေ့ T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
နောက်က T ကတော့ လျှပ်စစ်တင်ဆင်ထားတဲ့ metalwork ကနေ မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပါတယ်။(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ TT system ပါပဲ။
လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ Supply Source/Transformer အများစုမှာ သုံးပြီး အိမ်အများစုမှာတော့ ကြိုးဖိုးကုန်မှာစိုးလို့ မကြောက်မလန့်နဲ့ earth မချကြတဲ့နည်းပါ။
(c) TN-S System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-S က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။earth ကြိုးကို cable sheath နဲ့သပ်သပ်ဆွဲပါတယ်။အကုန်အကျလည်းများပါတယ်။
(d)TN-C System
T က Supply Source/Transformer လိုနေရာမျိုးမှာ Neutral ကို မြေကြီးနဲ့ တိုက်ရိုက် earth ချတာကိုဆိုလိုပြီး
N-C က လျှပ်စစ်တပ်ဆင်ထားတဲ့ metalwork တွေဟာ Supply Source/Transformer ရဲ့ Earthed Neutral ကနေတစ်ဆင့် earth ချခြင်းနည်းပါ။supply source ကလာတဲ့ Neutral ကြိုးကို earth ကြိုးအဖြစ်ပြန်လည်အသုံးချလိုက်တာပါ။
(အိမ်မှာ 3 pins sockets ပေါက်ရဲ့ အပေါ်ဘက်အပေါက်နေရာကို အောက်ဘက်အပေါက်နှစ်ပေါက်ထဲကတစ်ပေါက်ကို ပြန်ချိတ်ပေးလိုက်တာပါ။အကုန်အကျသက်သာပါတယ်။conductive conductor ကို neutral နဲ့ ပေါင်းတာနဲ့ခွဲတာကလွဲရင် TN-S system နဲ့အတူတူပါ။
(e) TN-C-S system
TN-S system နဲ့အတူတူပါ။ဒါပေမယ့် အိမ်သုံးလျှပ်စစ်ပစ္စည်းကနေ သီးသန့် protective conductor ထုတ်ပေမယ့် အိမ်(လျှပ်စစ်)အဝင်မှာရှိတဲ့ neutral point မှာပဲပြန်ပေါင်းပါတယ်။TN-C-S System ကို PME ( Protective Multiple Earthing) လို့လည်းခေါ်ပါတယ်။
Earthing System မှာ fault current စီးဆင်းတာကောင်းမကောင်းဆိုတာဟာ Earth ကျင်းတူးမယ့်မြေအပေါ်မှာမူတည်ပါတယ်။မြေအမျိုးမျိုး (စိုက်ပျိုးမြေ/ခြံမြေ၊မြေစေး၊သဲမြေ၊ကျောက်မြေ၊...) ရှိတဲ့အတွက် အဲ့ဒီမြေပေါ်မူတည်ပြီး Earth Resistance လည်း မတူကြပါဘူး။
စိုက်ပျိုးမြေ/ခြံမြေ - 5~50 ohm
မြေစေး - 10~100 ohm
သဲမြေ - 250~500 ohm
ကျောက်မြေ - 1000~10000 ohm ဆိုပြီး ရှိတတ်ကြပါတယ်။(ရေဘူယျသတ်မှတ်ချက်ဖြစ်လို့ အတိအကျမတူနိုင်ပါဘူး။လက်တွေ့တိုင်းကြည့်မှသာ သိနိုင်ပါတယ်။)အစိုဓာတ်ရှိတဲ့ မြေမှာတော့ earth resistance နည်းတတ်ပါတယ်။ Resistance မတူညီတဲ့အတွက် Earth Rod၊Earth Plate၊သံ၊သတ္တု၊Earth Powder စတဲ့ Electrode တွေကို Parallel, Series တွေနဲ့ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ Resistance (ohm) တန်ဖိုးရအောင် လုပ်ယူ၊တွက်ယူရပါတယ်။ earth resistance ကို 2-10 ohm ထိလက်ခံကြပါတယ်။earth resistance နည်းလေ၊ကောင်းလေပါ။( general knowledge အဖြစ်သာရည်ရွယ်သည်။)

Special thanks to original SHA(M.E.E)


ဆိုလာ အကြောင်း အသုတ်စုံ (စာတွေ့အရ ဖေါ်ပြခြင်း)---------------------------------------P = V x I ( P= Power watt , V = Vol...
20/07/2023

ဆိုလာ အကြောင်း အသုတ်စုံ (စာတွေ့အရ ဖေါ်ပြခြင်း)
---------------------------------------

P = V x I ( P= Power watt , V = Volt, I = Ampere) အရင်မှတ်ပါ

ပုံမှန် 100W ဆိုလာ ပြားတခု ၏ နောက်ကျောတွင်ဖေါ်ပြထား ကိန်းဂဏန်းများမှ
Voc = Volt Open Circuit ဆိုတာက ဆိုလာပြားကို နေရောင်ခြည် နေရာထဲမှာ ချထားပြီး မည်သည့် Load မှ အသုံးခင်တိုင်းရသည့် အဖြေ
VOC = 18-20V ခန့်ရှိပါသည်

Isc = Short Circuit Current ဆိုတာက ဆိုလာပြားကို နေရောင်ခြည် နေရာထဲမှာ ချထားပြီး အထွက်ကြိုး၂ခုကို ချိတ်ပြီး Clamp Meter ြဖင့်တိုင်းစဉ်ရရှိသည် ကိန်းဂဏန်း
Isc = 5A ရှိပါသည်။

P (watt) = Voc x Isc ( P = 20V x 5A) 100W (Maximum ထုတ်ပေးနိုင်တဲ့ Watt ပါ) ဒါဆိုရင် မိမိ ဆိုလာ ဝပ်ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာ၍ သိနိုင်ပါတယ်

300W ဆိုလာဆိုရင် Voc = 36~38V နဲ့ Isc = 7~8A လောက် ထွက်ပါတယ်။

ဘတ်ထရီ Charging တွက်ကိန်းအရ သွင်းချင်တဲ့ ဘတ်ထရီ၏ 1.5 ဆ volt ဖြင့် ပေးသွင်းရမည်ဖြစ်သဖြင့် 12V အတွက် 18V, 24V အတွက် 36V ရှိရပါမည်။

100W 18V ကို ဘတ်ထရီ 12V ကို အားသွင်းတာဟုတ်ပါပြီး၊ 300W 36V ဆိုလာကို အားသွင်းလို့မရဘူးလားမေးခဲ့ရင် ရပါတယ်။ သို့ရာတွင် အသုံးပြုသော ကွန်ထရိုလာက PWN ြဖစ်ခဲ့ပါက အဲဒိကွန်ထရိုလာ အမျိုးအစားသည် Volt ကို 12V သွင်းနိုင်အောင် 13-14 Volt အထိကို လျော့ချပေးသော်လည်း ရရှိသော Ampere ကို ရရှိအတိုင်းသာ ဘတ်ထရီကို ပေးသွင်းပါမည်။

ဒီအတွက် P=VI အရ P = 36V x 8A = 288W အားရနိုင်သော်လည်း PWN ၏ Volt ကို Ampere Boot မလုပ်တဲ့ အတွက် P = 14V x 8A = 112W သာ ရရှိမည်ဖြစ်ပါသည်။

သို့အတွက် 300W ဆိုလာကို 12V Battery တွင် အသုံးပြူမည်ဆိုပါက ကွန်ထရိုလာကို PWN ကို မသုံးဘဲ MPPT အမျိုးအစားကို သုံးခြင်းဖြင့် မိမိ ဈေးကြီးပေးဝယ်ထားသော ဆိုလာ ၏ စွမ်းရည်အပြည့်ကို ရရှိနိုင်ရန် ဖြစ်ပါသည်။

ဘတ်ထရီ (Battery) ကို အိုးများတွင် Ah ကိန်းဂဏန်းများဖြင့်ဖေါ်ပြ သော်လည်း Ampere ဘယ်လောက်ဆိုတာကို တိုင်းတာ၍မရပါ။ ထို့ကြောင့် ဘတ်ထရီကို Volt မှတွက်ကြည့်၍ ဆုံးဖြတ်ရပါသည်။ ဘတ်ထရီ အကြောင်းမပြောခင် ဘတ်ထရီ သုံးဆွဲမှု DOD (Depth of Discharge) သည် ဘတ်ထရီတခု၏ အများဆုံးစုံးသင့်သော ကိန်းဂဏန်းပါ။ အက်စစ်ဘတ်ထရီတခုသည် ဘတ်ထရီ၏ 30% DOD သာ သုံးသင့်ပြီး ကျန် 70% ကို ဘတ်ထရီ ထိမ်းသိမ်းရန် ချန်ထားရပါသည်။
ဥပမာ - လျှပ်စစ်သုံးဆွဲမှု့သည် 100Ah ဘတ်ထရီအတွက် တနာရီကို 3A ြဖင့် ၁၀နာရီ သုံးနိုင် (သို့) 30A ကို တနာရီ သုံးနိုင်ပါတယ်။ ဤကဲ့သို့ သုံးဖြင်းဖြင့် ဘတ်ထရီ သက်တန်းကို ပိုရှည်အောင်ထိမ်းနိုင်ပါသည်။

ဆိုလာ တပြားအတွက် ဘတ်ထရီ ဘယ်လောက်သုံးသင့်ပါသလဲ။ ဆိုလာWatt ၏ 0.7 ဆ (ဆိုခါဝပ် x 0.7) ရသည့်အဖြေသည် သင့်တော်မည့် ဘတ်ထရီ Ah ဖြစ်ပါသည်။

နေ့စဉ်အသုံးပြုရန် ဥပမာ - 150W ဆိုလာတပြား နှင့် 100Ah အက်စစ် ဘတ်ထရီ ကို အသုံးပြုမည်ဆိုပါက DOD 30% အရ 30A သုံးခွင်ရပါတယ်။
150W ဆိုလာပြား၏ Isc 7.5~8 A ရှိတာကြောင့် တနေ့တာ နေရောင်ခြည် ၅ နာရီရပါက 7.5A x 5 = 37.5A ထွက်နိုင်သောကြောင့် မိမိ နေရောင်မရှိခင် သုံးမည့် 30A ကို နေ့ဖက်တွင်ပြည့်အောင်ဖြည့်နိုင်မည်ဖြစ်ပါသည် (ချွင်းချက်- နေ့ဖက်တွင်သုံးဆွဲတာရှိပါက ဆိုလာကို ထပ်တိုးရန် လိုပါသည်)

ဘတ်ထရီသုံးဆွဲမှု့ကို ဘယ်လိုထိမ်းမလဲ။ ကွန်ထရိုလာဖြင့် ထိမ်းနိုင်ပါတယ်။ ကွန်ထရိုလာ setting ထဲမှာ ဘတ်ထရီ၏ Over Flooding Charge အများဆုံးအားသွင်းနိုင်သည့် Volt 13.5-14V ထက်မများရန် (13.5V က သင့်တော်) ထားရန်နှင့် အနိပ့်ဆုံး Minimum Volt ဗို့ကို 11.5V ထားရှိပါက ကွန်ထရိုလာသည် Over Flooding Volt ဗို့လွန်ကဲစွာသွင်းခြင်း နှင့် DOD 30% အထိသုံးဆွဲမှု့ကို ထိမ်းပေးမည်ဖြစ်ပါသည်

ဒီလောက်ဆိုရင် Solar Panel watt နဲ့ Battery အကြောင်းအကြမ်းမြင်းသိရှိပြီး ဆုံးဖြတ်ဝယ်နိုင်မည်ဖြစ်ပါသည်။

11/07/2023

ရေဆေးသုတ်သည့်အခါ..
ပန်းရန်ချောသားကို...
ကော်ပတ်ရှယ်စား.....
ပီးရင် ဆီလာတစ်ထပ်ပိတ်အောင်သုတ်...
ဆီလာပီးရင် ဘိလပ်1%ပတ်တီး/10%/ပန်ဒါကော်ရည်အနည်းကျင်းထည့်ပီး..(1)​ပြန်ရိုက် ဒါပထမအဆင့်ပတ်တီး...

ဒုတိယအဆင့်အနေနဲ့
ပတ်တီးအချောရိုက်တဲ့အခါ...အိပ်ပါတ်တီးနဲ့
စမတ်ပုံးပတ်တီးရောစပ်ရိုက်.....
ဥပမာ...အိပ်ပတ်တီး(10%)ထည့်ရင် စမတ်ပုံးပတ်တီး
(1%)ရောစပ်ရိုက်....
ထိုအဆင့်တွေ အားလုံးစုံခဲ့ရင်.....
နံရံသားတွေကို....ကော်ပတ်ညီညာစွာ...
စားပေးပါ...
ကော်ပတ်တွေအားလုံးစုံသွားရင်...
ဘယ်နေရာတွေ ပဲ့ထွက်ဖုထွက်နေလည်း....
အဆောက်ဦးကို လိုက်လံစစ်ဆေးပါ....
အနာတွေ့ရင်ဖာထေးပါ...ဖာထေးနေရာ ကော်ပတ်စား...
ဒီအဆင့်တွေအားလုံးပီးရင်...
တံမျက်စည်းအချောနဲ့ ဖုန်ပြောင်စင်အောင်ခါပါ......
ခါပီးတဲ့အခါ.....
ဆီလာ ဒုတိယအကြိမ်ဆက်သွင်းပါ.....
ဆီလာသွင်းပီးလို့....စုံရင်....
တစ်ခါပြန်စစ်.....
အပေါက်ဖုလေးတွေ တွေ့ရင် ပတ်တီးနဲ့ပြန်ဖာထေးပါ....ပြန်ဖာထေးပီးရင်....ဖာထေးပီးတဲ့နေရာ...လေးတွေကို....ကော်ပတ်ပြန်စား..
ပီးရင် ဆီလာပြန်ဝင်....
ဆီလာတွေ အားလုံးလည်းပြည့်ပီ
စိတ်ချရပီ....
တစ်ရက်စောင့်ပေး...
နောက်နေ့ ဖိုင်နယ်ဆေးရှယ်သုတ်လို့ရပါပီ...
ခုပြောခဲ့သည့်အတိုင်း...လုပ်ကြည့်....
အဆောက်ဦးဆေးပိုင်း...ရည်ရှည်မခံရင်..
ကြိုက်သလို လာပြောနိုင်သည်...
#မှတ်ချက် ငွေတော့ သာမာန်ထက်
(နှစ်ဆ)ကုန်မည်...အကောင်းကြိုက်သူများအတွက်....

01/04/2023

အိမ်တစ်လုံးအတွက်
𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 လိုအပ်ချက်နှင့် ပေတွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်တစ်လုံးအတွက် လိုအပ်တဲ့ 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်ကို သိချင်တယ်ဆိုရင် အရင်ဆုံး အဆောက်အဦးရဲ့ အလျား၊ အနံနဲ့ ပါဝင်မဲ့ အထပ်အရေအတွက်ကို သိဖို့ လိုအပ်ပါတယ်။

ဥပမာ။ ။ ပေ 𝟰𝟬’ x 𝟲𝟬’ ရှိတဲ့ နှစ်ထပ် အဆောက်အဦး တစ်ခုကို ဆောက်လုပ်မည် ဆိုကြပါစို့။

𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အနံ = 𝟯 ပေအနံ

လိုအပ်သည့် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အချပ်ရေ
~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အနံ 𝟲𝟬’ / 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အနံ 𝟯’ = 𝟮𝟬 ချပ်

ခင်းရမည့် 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေတွက်
~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အလျား 𝟰𝟬’ x 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 အချပ်ရေ 𝟮𝟬 = 𝟴𝟬𝟬 ပေ

နှစ်ထပ် အဆောက်အဦးဖြစ်သည့် အတွက် 𝟮 x 𝟴𝟬𝟬 = 𝟭𝟲𝟬𝟬 ပေ

ပေ 𝟰𝟬’ x 𝟲𝟬’ ရှိတဲ့ နှစ်ထပ် အဆောက်အဦးကို ဆောက်လုပ်မည်ဆိုပါက 𝗗𝗲𝗰𝗸𝗶𝗻𝗴 𝗦𝗵𝗲𝗲𝘁 ပေ 𝟭𝟲𝟬𝟬 လိုအပ်မည် ဖြစ်ပါသည်။

31/03/2023

အုတ်စီနည်း

🧱🧱 𝟗'' လက်မ အုတ်ရိုးစီရာတွင်
(𝟏𝟎×𝟏𝟎) ပတ်လည် တစ်ကျင်း
အုတ်အလုံးရေ = 𝟏𝟎𝟒𝟎 ခဲ
အလျား = 𝟐𝟔 ခဲ, အနံ = 𝟒𝟗 ခဲ
𝟐𝟔×𝟒𝟎 = 𝟏𝟎𝟒𝟎 ခဲ ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟒'' လက်မခွဲ အုတ်စီရာတွင်
(𝟏𝟎×𝟏𝟎) ပတ်လည် တစ်ကျင်း
အလျား = 𝟏𝟑ခဲ 𝟓မူး, အနံ (မြင့်) 𝟒𝟎 ခဲ
𝟏𝟑/𝟓×𝟒𝟎 = 𝟓𝟒𝟎 ကုန်မည်ဖြစ်ပါသည်။

(အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပါ၊ တစ်ကျပ်ရဲ့ နှစ်ပိုင်းတစ်ပိုင်းကို 𝟓မူးဟု သတ်မှတ်ပါသည်)

🧱 🧱 𝟗'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင်
ဘိလပ်မြေ 𝟏×𝟒 အချိုး (𝟔) အိတ် ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟒''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင်
𝟏×𝟒 အချိုး ဘိလပ်မြေ နှစ်အိပ်၊ နှစ်အိပ်တစ်ပိုင်း ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟗'' လက်မအုတ် ရိုးစီရာတွင် အလွှားမထက်ရအောင် စုံ၊ မ ခွဲခြားစီတတ်ဖို့လိုပါတယ်။

🧱 🧱 𝟑-𝟓-𝟕-𝟗 မ ဂဏန်း များတွင် ဒမ်စီပြီး သွားရပါမည် ဖြစ်ပါသည်။

🧱 🧱 𝟐-𝟒-𝟔-𝟖 စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်ဖြစ်ပါသည်။

🧱 🧱 အုတ်များကြားတွင် မဆလာ (𝟓) မူး ပုံမှန်ရှိရမည်ဖြစ်ပါသည်၊ ထိုမှသာလျှင် ခိုင်ခန့်ပြီး သေသပ်မူရှိမည် ဖြစ်ပါသည်။

🧱 🧱 အုတ်စီရာတွင် ဂျပန်ကွက် အုတ်စီနည်းနှင့် တရုတ်ကွက်အုတ်စီနည်းဟူ၍ အကွက်ရိုက်နည်း နှစ်မျိုးခွဲခြားထားပါသေးတယ်။

🧱 🧱 ဂျပန် ကွက်မှာ အလျား (𝟐) ခဲ အနံ (𝟐) ခဲ ဖြင့် ပုံမှန် သွားရမည် ဖြစ်ပါသည်။

🧱 🧱 တရုတ်ကွက်မှာ အလျား (𝟐) ခဲ အနံ (𝟏) ခဲဖြစ်ပါတယ်။

(ပိုခိုင်ခံ့တဲ့ ပုံစံကို လိုချင်တယ်ဆိုရင်တော့ ဂျပန်ကွက်ဖြင့် အုတ်စီရမည်ဖြစ်ပါသည်)

ကျွန်တော် ဘိလပ်အုတ် မသုံးပဲ စျေးကြီးတဲ့ မီးဖုတ်အုတ်အနီကို ဘာကြောင့်ရွေးချယ်ရတာလဲ ။ ဒါက အိမ်ရှင်တွေ အမေးများတဲ့ မေးခွန်းပ...
16/01/2023

ကျွန်တော် ဘိလပ်အုတ် မသုံးပဲ စျေးကြီးတဲ့ မီးဖုတ်အုတ်အနီကို ဘာကြောင့်ရွေးချယ်ရတာလဲ ။ ဒါက အိမ်ရှင်တွေ အမေးများတဲ့ မေးခွန်းပါ ။

မီးဖုတ် အုတ်တွေဟာ ကြွေထည်မြေထည် ထုတ်ကုန်တစ်ခုပါ။ ခံနှိုင်အား ကြည့်ရာမှာ မီးဖုတ်အုတ်ဟာ ဘိလပ်အုတ်ထက် နှစ်ဆခွဲကနေ သုံးဆထိ ပိုခံနှိုင်အား ရှိပါတယ်။

ရေစုတ်ယူမှု့ကို ကြည့်မယ်ဆိုရင် ဘိလပ်အုတ်က မီးဖုတ်အုတ်ထက် ရေ ၂ဆကနေ ၃ဆ ထိ ရေစုတ်ယူနှိုင်တာ တွေ့ရမှာပါ ။ မိုးရွာပြီးရင် မီးဖုတ် အုတ်နံရံတွေဟာ ခြောက်သွားပေမယ့် ဘိလပ် အုတ်နံရံတွေဟာ မခြောက်ပဲ စိုနေသေးတာ တွေ့ရမှာပါ ။ သရိုးဖျော်စပ်ရာမှာလဲ ဘိလပ်မြေရဲ့ မာမှု့ဖြစ်စဉ်ထိန်းဖို့ ရေများများ ဖျော်စပ်ရမှာ ဖြစ်တဲ့ အတွက် ပန်းရံဆရာတွေ အတွက် ဘိလပ်အုတ်ဟာ အဆင်မပြေပါဖူးး။

ထုံးစံအရ အုတ်တွေမစီခင် ရေလောင်းရာမှာလဲ ဘိလပ်အုတ်ကို ပိုလောင်းပေးရပါတယ် ။ (ခု ဘိလပ်အုတ် ထုတ်သူတွေက ရေစုတ်ယူမှု့လျှော့ကျစေတဲ့ ဓာတ်ပစ္စည်းတွေထည့်တာလဲ တွေ့ရပါတယ်)

အဓိက ပြောချင်တာကတော့ အဆောက်အအုံ အစိတ်အပိုင်း အများစုဟာ အပူရှိန်၊ စိုထိုင်းမှု့တွေကြောင့် ကျုံမှု့ ၊ ကြွမှု့ ဖြစ်တက်ပြီး ကာလရှည်ကြာမှာ မီးဖုတ်အုတ်က ပြန့်ကားပြီး ဘိလပ်အုတ်တွေကတော့ ကျုံ ဝင်သွားပါတယ် ။ ကျုံတဲ့ ကိစ္စ ဟာ crack ကွဲအက်နှိုင်ဖို့ များတဲ့အတွက် အုတ်နီပဲ ရွေးခြယ်ရတာပါ ။
သို့သော် မီးဖုတ်အုတ်က လောင်စာ စွမ်းအင် ကုန်ပါတယ် ။ အဲ့ဒါကြောင့် လောင်စာ စွမ်းအင်မကုန်တဲ့ ဘိလပ်အုတ်ကို သဘာဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ ကြည့်မယ်ဆိုရင် သုံးသင့် ၊ မသုံးသင့် ။

steel column အထိုင် ပြုလုပ်ပုံ          steel structure အဆောက်အဦတွေမှာ columns (တိုင်များ) ကို မြန်မာနိုင်ငံမှာ RC short...
12/10/2022

steel column အထိုင် ပြုလုပ်ပုံ

steel structure အဆောက်အဦတွေမှာ columns (တိုင်များ) ကို မြန်မာနိုင်ငံမှာ RC short columns များအပေါ်မှာသာ အထိုင်ချတယ်။ တကယ်လို့ တိုင်ကို ၈"×၁၆"အရွယ် H beam ကိုသုံးရင် column အောက်က base plate ကို ၂"ပတ်ပတ်လည်တိုးပြီး ၁၂"×၂၀"ထားရတယ်။သူ့အောက်က ကွန်ကရစ်တိုင်က ၂"ပတ်လည်ထပ်တိုးပြီး ၁၆"×၂၄" အရွယ် လောင်းရတယ်။
ကွန်ခရစ်တိုင်မလောင်းခင် base plate တစ်ခုကို column တိုင်တိုရဲ့ rebar များနဲ့ welding (ဂဟေ)ဆော်ပြီး centre ဖမ်းရတယ်။base plate ကို anchor bolt (J ပုံ သံချိတ်) ၄ ချောင်းနဲ့တွဲပြီး မြှုပ်လောင်းရတယ်။ကွန်ခရစ်လောင်းပြီးတဲ့အခါ ဖော်ပြထားတဲ့ပုံ ၂ အတိုင်း တိုင်မှာ base plate နဲ့ anchor bolt ကကျန်နေခဲ့တယ်။
steel column ထောင်တဲ့အခါ column အောက်ခြေမှာ base plate ပုံစံတူ နောက်တစ်စုံကို welding ဆော်ရတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် စောစောက ကွန်ခရစ်တိုင်မှာ ကျန်ခဲ့တဲ့ base plate အပေါ်မှာစွပ်ပြီး nut & washer (နတ်ခေါင်းနဲ့ကွင်း)နဲ့ကျပ်ပေးရတယ်။ပြီးရင်တိုင်ကိုမတ်အောင် ချိန်ချပြီး သံချောင်းများနဲ့ယာယီ ချုပ်နှောင်ပြီး ငြိမ်အောင် spotted welding (စပေါ့တွဲ) ဆော်ပေးရတယ်။
ပေးထားတဲ့ပုံထဲက steel packing ဆိုတာ column ထောင်တဲ့အခါ ချိန်ရအောင် ခုပေးရတဲ့ သံတိုသံစ ကိုခေါ်တာဖြစ်တယ်။ base plate ကိုကွန်ခရစ်မြှုပ်လောင်းစဉ်အခါက base plate အောက်နှုတ်ခမ်းနဲ့ ကွန်ခရစ်အပေါ်နှုတ်ခမ်းကြား 40 mm (၁.၅")လောက် ခြားထားပေးရတယ်။
မြှုပ်လောင်းထားတဲ့ base plate ပြားကို base template လို့ခေါ်တယ်။တချို့ကလည်း base template ကို သံပြားအပါးစားသို့မဟုတ် အထပ်သားနဲ့ မြှုပ်လောင်းကြပြီး တိုင်စွပ်တဲ့အခါမှာ အထပ်သားကို ခွာလိုက်ရတယ်။

Address

No. 4B, Baho Road, Shwe Taung Quarter
Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Aye Mya Nandar Co;Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Mya Nandar Co;Ltd:

Share