Paradise Home

Paradise Home Your Dream, Our Dreams.

22/12/2025

🎉 ParadiseHome Grand Opening 🎉
ParadiseHomeရဲ့ ရုံးခန်းနေရာသစ် ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့်ကျင်းပပြီးစီးခဲ့ပါပြီ🎉🎉

👷👷‍♀️အရည်အသွေးမြင့် Construction & Decoration ဝန်ဆောင်မှုများကိုParadiseHomeမှ ဂုဏ်ယူစွာဖြင့်အကောင်အထည်ဖေါ်
ဆောင်ရွက်ပေးသွားပါမည်။👷👷‍♀️

📌 လုပ်ငန်းမလုပ်ဆောင်မီလူကြီးမင်းတို့ရဲ့အနုပညာဆန်တဲ့ စိတ်ကူး/ဒီဇိုင်းနှင့်ရည်ရွယ်ဖန်တီးလိုသည်များကိုParadiseHome Companyသို့ကိုယ်တိုင်လာရောက်ပြီး
အခမဲ့ ဆွေးနွေးအကြံပြုခြင်း ရရှိနိုင်ပါသည်။🙏🙏

🏛️ 60st,Between102nd x 103nd
ChanMyaTharZi,Mandalay
📞 ဆက်သွယ်ရန် – [09-979022324]





🎉 ParadiseHome Grand Opening 🎉ParadiseHomeရဲ့ ရုံးခန်းနေရာသစ် ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့်ကျင်းပပြီးစီးခဲ့ပါပ...
15/12/2025

🎉 ParadiseHome Grand Opening 🎉
ParadiseHomeရဲ့ ရုံးခန်းနေရာသစ် ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဖြင့်ကျင်းပပြီးစီးခဲ့ပါပြီ🎉🎉

👷👷‍♀️အရည်အသွေးမြင့် Construction & Decoration ဝန်ဆောင်မှုများကိုParadiseHomeမှ ဂုဏ်ယူစွာဖြင့်အကောင်အထည်ဖေါ်
ဆောင်ရွက်ပေးသွားပါမည်။👷👷‍♀️

📌 လုပ်ငန်းမလုပ်ဆောင်မီလူကြီးမင်းတို့ရဲ့အနုပညာဆန်တဲ့ စိတ်ကူး/ဒီဇိုင်းနှင့်ရည်ရွယ်ဖန်တီးလိုသည်များကိုParadiseHome Companyသို့ကိုယ်တိုင်လာရောက်ပြီး
အခမဲ့ ဆွေးနွေးအကြံပြုခြင်း ရရှိနိုင်ပါသည်။🙏🙏

🏛️ 60st,Between102nd x 103nd
ChanMyaTharZi,Mandalay
📞 ဆက်သွယ်ရန် – [09-979022324]





Mandalay ငလျင်အပြီး ဆောက်လုပ်ရေးလောက အလွဲများ ​ဒီပို့စ်ကို တင်မည် မတင်မည်ကို အကြိမ်ကြိမ်စဥ်းစားခဲ့မိပါတယ် အကြောင်းအရင်းက...
12/04/2025

Mandalay ငလျင်အပြီး ဆောက်လုပ်ရေးလောက အလွဲများ ​ဒီပို့စ်ကို တင်မည် မတင်မည်ကို အကြိမ်ကြိမ်စဥ်းစားခဲ့မိပါတယ်

အကြောင်းအရင်းကတော့ ခုလက်ရှိ လုပ်ငန်းလုပ်ဆောင်နေသူများကို စောင်းမြောင်းပြောဆိုသလိုဖြစ်နေမစိုးလို့ပါ
ခုလက်ရှိ Mandalay ငလျင်အပြီး အိမ်ပိုင်ရှင်အများစုက မိမိ အိမ်ထိခိုက်မှူ ကြံ့ခိုင်မှူကို စစ်ဆေးချင်ကြသည် စိတ်ချချင်ကြသည် နှမြောကြသည် ဒီ့အတွက် အိမ် Structure စစ်ဆေးဖို့ နီးစပ်ရာ ဆောက်လုပ်ရေးကန်ထရိုက်တာများ အင်ဂျင်နီယာများ ပန်းရံများကို အကူအညီတောင်းကြည့်ရှူစစ်ဆေးကြသည်

Structure တော်တော်ထိခိုက်သွားသော အိမ်များကိုလည်း တချို့ မသိနားမလည် ကန်ထရိုက်တာများ မည်သို့မည်ပုံ ပြောကြသည်မသိ ဘယ်လို chemical သုံးလိုက်ရင်ရပြီ I Beam H Beam ဘယ်လိုဘယ်ပုံထောက်လိုက် အဆင်ပြေပြီဆိုပြီး လုပ်စားခွင်ရိုက်ကြသည် (ယာယီစိတ်ချရေးအတွက် လိုအပ်သော အထောက်ထောက်သော လုပ်ငန်းခွင်များအားမဆိုလိုပါ)
အိမ်ရှင်ဘက်ကတော့ ဒါလေးတွေ လုပ်ရုံမျှဖြင့် လုံခြုံစိတ်ချသွားကြပြီ အထင်ရှိပြီး လုပ်ကြပါရောခင်ဗျာ
တကယ်တမ်း က အိမ်ရှင်ပိုက်ဆံကုန်လုပ်နေရတဲ့ I Beam H Beam ထောင်နေမှူများမှာ တကယ်တမ်း စိတ်ချရမှူ လုံးဝမရှိသည့်အပြင် မည်သည့်အကာအကွယ်မှ မဖြစ်နေဘူးဆိုတာကို အိမ်ရှင်များလည်းမသိရှိကြ လုပ်ငန်းလုပ်ဆောင်ပေးနေသူများပင်လျှင် တကယ်တမ်းနားလည်နေပါရဲ့လား မသိပါ

ထိုကဲ့သို့ မည်ကဲ့သို့ ပြင်ဆင်ပြင်ဆင် ပြန်လည်ကုစားမရနိုင်သော အဆောက်အဦးများကို ပြင်ဆင်လုပ်ဆောင်နေသည်များကို ဒီရက်ပိုင်းအတွင်း လိုင်းပေါ်လျှင် ၎င်း ပြင်ပတွင် ၎င်း အများအပြားတွေ့လာရပါတယ်

အရပ်စကားပြောရရင် မိမိအိမ်ခြေထောက် ပြတ်သွားလား ခြေထောက်ကျိုးသွားလား ပြန်ကုသရနိုင်လားဆိုတာကို လုံးဝဖြတ်လိုက်ရတော့မယ့် အနေအထားလားဆိုတာကို တကယ် ကျွမ်းကျင် Structure အင်ဂျင်နီယာများဖြင့် စစ်ဆေး လုပ်ဆောင်သင့်ပါတယ်

ယခုရက်ပိုင်းအတွင်း ကျတော်တို့ Paradise Home Company လိုက်လံစစ်ဆေးပေးခဲ့သော အိမ်များတွင်လည်း ၁၀လုံးစစ် ၄လုံးလောက်က Structure Failure ဖြစ်သွားပါတယ် အိမ်ရှင်များကိုလည်း မည်သည့်အထောက်မျှမထောက်ပါနဲ့ ပြန်ကု၍မရနိုင်ကြောင်း ဖြိုဖျက်မှသာအဆင်ပြေနိုင်မည်ဖြစ်ကြောင်းလည်း ဝမ်းနည်းစွာပြောခဲ့ရပါတယ်

ပြင်ဆင်၍ရနိုင်သည့် အိမ်များကိုလည်း ပြင်ဆင်ရမည့် နည်းလမ်းများ ချပြပေးနိုင်ခဲ့ပါတယ်

မိမိအဆောက်အဦး စစ်ဆေးချင်သော ပိုင်ရှင်များအနေဖြင့် ကျတော်တို့ကို ဆက်သွယ်ပေးပါ အထိအခိုက်ဖြစ်မှူများအတွက် အတတ်နိုင်ဆုံးအကြံပေးပြီး စက်ပစ္စည်းအစုံအလင်ဖြင့်ထပ်မံစစ်ဆေးရန်လိုအပ်ပါကလည်း ကျွမ်းကျင်တခြားအဖွဲ့များဖြင့်လည်း ချိတ်ဆက်ကူညီပေးပါမည် နောက်ဆက်တွဲ ပြင်ဆင်မှူများအတွက် လုပ်ငန်းရရှိစေရန် အခမဲ့စစ်ဆေးပေးခြင်းမျိုးမဟုတ်ပါခင်ဗျာ တချို့အထင်လွဲမှားတတ်တာလေးရှိလို့ပါဗျ

(အိမ်တော်တော်များများက ပုံမှန်အတိုင်းကြည့် အကောင်းတိုင်းပေမယ့် အတွင်းမှာ Column Beam ထိခိုက်မှူများ အနည်းနှင့်အများ ရှိနေသဖြင့် အိမ်တိုင်းကျွမ်းကျင်သူများနှင့်စစ်ဆေးသင့်ပါတယ် H Beam I Beam ဖြင့်အရာရာကုစားမရနိုင်ပါ )

02/04/2025

တနှစ်မှာ magnitude ၅ လောက်ရှိတဲ့ ငလျင်ပေါင်း ၁၉၀၀ ကျော်ကျော် ကမ္ဘာမှာလှုပ်ပါတယ်။

ကမ္ဘာမှာတနေ့ ၅ နဲ့အထက် ငလျင် ၅ ခုကျော် လှုပ်တယ်။
5 magnitude ဟာ TNT ယမ်း ၄၇၅ တန်နဲ့ညီမျှတယ် တဲ့။
အတိမ်အနက်ပေါ်တော့ မူတည်တာပေါ့၊ ယေဘုယ သိပ်ပြဿနာမရှိဘူး။

တော်ရုံ ဘယ်သူမှ မသိလိုက်ဘူး၊ ဟာ- ငလျင်လှုပ်တယ်ပေါ့၊ ဒီလောက်ပါပဲ။ အခုဟာက trauma ရလို့ကြောက်နေကြတာ။

အဲ့ဩစရာကောင်းတာက ၆ ဆိုရင် TNT တန် တသောင်းငါးထောင်အား ဖြစ်သွားတယ်။ ၇.၇ ဆိုရင် TNT တန်ပေါင်း ၅.၃ သန်းတောင်ရှိသတဲ့။ ၅ နဲ့ ၇.၇ ကြား အား ကွာခြာမှု အားပမာဏ ၅.၃ သန်းနီးပါးကွာပါတယ်။

ပြောချင်တာက7.7 magnitude ငလျင် က ၅ လောက်လှုပ်တဲ့ငလျင်ထက် အဆပေါင်း ၁၁၂၆၃ ဆ ပိုလှုပ်တယ်။ အသေအပျောက် အလွန်ကြီးတယ်။

အကယ်၍ ၇.၇ ထက်ပိုကြီးတဲ့ 8 magnitude ဆိုရင် ???? လက်ရှိငလျင်ထက် သုံးဆပိုခံရမယ်တဲ့။ ၀.၃ သာကွာပေမယ့် သုံးဆပိုပြင်းမယ်ဆို မန္တလေး တဲတောင်ကျန်မှာမဟုတ်ဘူး။ သန်းချီ သေကြေပျက်စီးမှာ။

၇.၇ နောက် လှုပ်နေတဲ့ နောက်ဆက်တွဲ ၅ ပါတ်ဝန်းကျင် ငလျင်တွေက ကိန်းဂဏန်းသာမကွာလှတာ… သာမန်အတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ သိပ်မစိုးရိမ်စေချင်ဘူး။
-Ko Kyaw Swar Min

ငလျင် နောက်ဆက်တွဲ နောက်ထပ်ငလျင် လှူပ်ခတ်နိုင်ခြေများ 📌 ငလျင်လှူပ်အပြီး ပထမ ၇ ရက်အတွင်း : ပထမလှူပ်ခတ်သော ငလျင်ထက်ပိုမိုကြ...
02/04/2025

ငလျင် နောက်ဆက်တွဲ နောက်ထပ်ငလျင် လှူပ်ခတ်နိုင်ခြေများ

📌 ငလျင်လှူပ်အပြီး ပထမ ၇ ရက်အတွင်း : ပထမလှူပ်ခတ်သော ငလျင်ထက်ပိုမိုကြီးမားသော ငလျင် လှူပ်ခတ်နိုင်ခြေ ၅% ရှိပါသည်

📌 ငလျင်လှူပ်အပြီး ၁ပတ်မှ ၁လအတွင်း : ပထမလှူပ်ခတ်သော ငလျင်ထက်ပိုမိုကြီးမားသော ငလျင် သို့ ကြီးမားသော ငလျင် လှူပ်ခတ်နိုင်ခြေ ၁% ရှိပါသေးသည်

📌 ငလျင်လှူပ်အပြီး ၁လမှ နှစ်အနည်းငယ်အတွင်း : ငလျင်ကြီးလှူပ်ခတ်နိုင်ခြေ ၀.၁% ဖြင့်မရှိသလောက်နည်းပါးပြီး ငလျင်အသေးများလှူပ်ခတ်နိုင်ပါသည်
( ငလျင်ကြောပေါ်တွင်ရှိသောမိဘပြည်သူများအနေဖြင့် ငလျင်အသေးများနှင့်အသားကျအောင် ယှဥ်တွဲ နေထိုင် ရပေတော့မည်)

အချိန်ကြာမြင့်လာသည်နှင့်အမျှ ပြင်းအားနှင့် အကြိမ်ရေ လျော့နည်းလာပါလိမ့်မည်

ဥပမာများ

- ဂျပန် (၂၀၁၁) - 9.0 ပြင်းအားရှိ Tōhoku ငလျင်ပြီးနောက် ရက်ပေါင်း ၁၀၀ အထိ နောက်ဆက်တွဲများ ဆက်လက်ဖြစ်ခဲ့သည်။
- နီပေါ (၂၀၁၅)- 7.8 ပြင်းအားရှိငလျင်အပြီး လပေါင်းများစွာ နောက်ဆက်တွဲများ လှုပ်ခတ်ခဲ့သည်။
ယခုကဲ့သို့ဖော်ပြရခြင်းမှာ ငလျင်ဒဏ်သင့် မိဘပြည်သူများ စိုးရိမ်ကြောက်ရွံ့ စေရန် မရည်ရွယ်ပဲ သတိထားနေထိုင်နိုင်စေရန် ရည်ရွယ်ပါသည်

( မှတ်ချက် **အထက်ပါ အချက်အလက်များသည် ငလျင်နှင့်ပတ်သတ်ပြီး သိရှိစေရန် Paradise Home Company မှ ရှာဖွေထားသော အချက်အလက်များဖြစ်သဖြင့် အမှားအယွင်း တစ်စုံတစ်ရာပါရှိခဲ့ပါက
မိမိတို့အမှားသာဖြစ်ပါသည်)

ဆန်းသစ်လှပတဲ့ အဆောက်အဦးတိုင်းအတွက် Paradise Home က ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးနေတာလဲ !!မြင်သူတိုင်းရဲ့ အမြင်မှာ ဆန်းသစ်...
26/04/2024

ဆန်းသစ်လှပတဲ့ အဆောက်အဦးတိုင်းအတွက် Paradise Home က ဘယ်လိုဝန်ဆောင်မှုမျိုးတွေပေးနေတာလဲ !!

မြင်သူတိုင်းရဲ့ အမြင်မှာ ဆန်းသစ်လှပတဲ့ အဆောက်အဦးတွေဖြစ်စေဖို့ Paradise Home ကတော့ ဒီလို ဝန်ဆောင်မှုတွေပေးနေပြီနော် !!

ဆန်းသစ်လှပတဲ့ အဆောက်အဦးတွေကို အစအဆုံးဖန်တီးပေးပြီး စိတ်တိုင်းကျမှ လက်ဝယ်အပ်နှံပေးမယ့် - Construction Service

ဆန်းသစ်လှပပြီးသား အဆောက်အဦးတွေကို အတွင်းကျကျ ပိုမိုခမ်းနားသွားစေမယ့် - Interior Decoration Service

အဆောက်အဦးကောင်းတိုင်းရဲ့ မပါမဖြစ်အင်္ဂါရပ်တွေဖြစ်တဲ့ Ventilation System ၊ရေသုံးစွဲမှု၊ လျှပ်စစ်သုံးစွဲမှုတို့ အန္တရာယ်ကင်း စနစ်တကျဖြစ်စေဖို့ System ကျကျ ဖန်တီးပေးမယ့် M&E Service , ELV System တို့အပြင် Mechanical System တွေကိုပါ တာဝန်ယူဝန်ဆောင်မှု ပေးနေတာဖြစ်လို့ . . .

ဆန်းသစ်လှပတဲ့ အဆောက်အဦးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ Paradise Home နဲ့ လက်တွဲလိုက်တော့နော်။

▫️အသေးစိတ် သိလိုသည်များကို Page Messenger မှလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သလို Paradise Home ရုံးခန်းတွင်လည်း ရုံးဖွင့်ချိန်များအတွင်း လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

▫️Office Address - 74 Dx117 လမ်း ၊ ပြည်ကြီးတံခွန်၊ ကျွဲဆည်ကန်၊မန္တလေးမြို့။

📞 - 09 979022324, 09 762016868

&E


နှစ်သစ် အတာသင်္ကြန်မှာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ လက်တွဲဖော် မိတ်ဆွေအားလုံးပဲ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာနဲ့ နှစ်သစ်ကိုဖြတ...
13/04/2024

နှစ်သစ် အတာသင်္ကြန်မှာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ လက်တွဲဖော် မိတ်ဆွေအားလုံးပဲ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာနဲ့ နှစ်သစ်ကိုဖြတ်သန်းနိုင်ပါစေလို့ "Paradise Home "မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

အတာကူးတဲ့ တန်ခူးလမှာ အတာရေပတ်ဖြန်းကာထူးခြားကောင်းမွန်တဲ့ နှစ်သစ်ကိုကိုယ်စီ စတင်နိုင်ပါစေခင်ဗျာ။

#အတာသင်္ကြန် #နှစ်သစ်ကူး #တန်ခူးလ

အိမ်ရှင်တိုင်း/ဆိုင်ရှင်တိုင်းကို စိတ်ချမ်းသာမှုအပြည့်အဝပေးမယ့် Interior Decoration Service🏡 မိမိနေထိုင်ရာအိမ်/ဆိုင် ကို...
03/04/2024

အိမ်ရှင်တိုင်း/ဆိုင်ရှင်တိုင်းကို စိတ်ချမ်းသာမှုအပြည့်အဝပေးမယ့် Interior Decoration Service

🏡 မိမိနေထိုင်ရာအိမ်/ဆိုင် ကို အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်စေချင်ကြတာ လူတိုင်းရဲ့ဆန္ဒပါ…❗

ဒါကြောင့် အိမ်တိုင်းဆိုင်တိုင်းအတွက် မပါမဖြစ် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Decoration အတွက် စိတ်တိုင်းကျဖြစ်မယ့် Service ကို ရှာဖွေနေတယ်ဆိုရင် Paradise Home ရှိပါတယ်ခင်ဗျာ။🤗

လူကြီးမင်းတို့အတွက် စိတ်ချမ်းသာမှုများယူဆောင်လာပေးမယ့် ကျွန်တော်တို့ Paradise Home ရဲ့ Interior Decoration Service တွေကတော့

◾လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးနဲ့ ပေါင်းစပ်ဖန်တီးခွင့်ရမယ့် 100% ယုံကြည်စိတ်ချရသော Creative Design

◾Budget ပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ ဆေးအမျိုးအစားပေါ်မူတည်ပြီး လက်ရာကောင်းမွန်အာမခံနိုင်တဲ့ Painting Service

◾စုံလင်လှတဲ့ Design များဖြင့် အလှဆင်ပေးသော Ceiling Service

◾မိမိအိမ်ခန်း ဆိုင်ခန်း နှင့်သင့်တော်သော Design များဖြင့် အခန်းကာ အခန်းဖွဲ့ ပြုလုပ်ပေးတဲ့ Partition Wall Service

◾Furniture အတွက် အလိုရှိတဲ့ Design မှန်သမျှကို ကိုယ်ပိုင်အလုပ်ရုံဖြင့် ထုတ်လုပ်ပေးသွားမယ့် Customized Furniture

◾လိုချင်တဲ့ Design၊ အသုံးပြုနိုင်တဲ့ငွေပမာဏအပေါ်မူတည်ပြီး အကောင်းဆုံးဆောင်ရွက်ပေးသွားမယ့် Budget ညှိနှိုင်းခွင့်

◾Quality အတွက် လုံးဝလှည့်ကြည့်စရာမလိုအောင် Team တစ်ခုလုံးကို ထောင့်စေ့စွာ ကြပ်မတ်သွားမယ့် Quality Control

💁Paradise Home ဟာ Decoration Project များစွာကို Client တွေအလိုကျ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သလို ဝန်ထမ်းတွေကလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ လုပ်သက်ရင့် အတွေ့အကြုံရှိသူတွေဖြစ်လို့ စိတ်တိုင်းကျစရာ ရလဒ်များကို ဖော်ဆောင်ပေးနိုင်မှာ အမှန်ပါပဲခင်ဗျာ။

ဒါကြောင့် ကုန်ဆုံးသွားရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ Decoration Service ကို လိုချင်တယ်ဆိုရင် Paradise Home ကိုသာ ဆက်သွယ်လိုက်ပါနော်။ 🙌

▫️အသေးစိတ် သိလိုသည်များကို Page Messenger မှလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သလို Paradise Home ရုံးခန်းတွင်လည်း ရုံးဖွင့်ချိန်များအတွင်း လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

▫️Office Address - 74 Dx117 လမ်း ၊ ပြည်ကြီးတံခွန်၊ ကျွဲဆည်ကန်၊မန္တလေးမြို့။

📞 - 09 979022324, 09 762016868







“နားလည်ပေးပါ” ▫️အဆောက်အဦးတွေရဲ့ Construction ပိုင်းနဲ့ ပတ်သက်ရင် အကြမ်းထည်ကစ အချောထည်ထိရတဲ့အပြင် . . .အိမ်တွင်းအလှဆင်ခြင...
20/03/2024

“နားလည်ပေးပါ”

▫️အဆောက်အဦးတွေရဲ့ Construction ပိုင်းနဲ့ ပတ်သက်ရင် အကြမ်းထည်ကစ အချောထည်ထိရတဲ့အပြင် . . .

အိမ်တွင်းအလှဆင်ခြင်း Decoration & Furniture(Custom Made) ဝန်ဆောင်မှုတွေကိုလည်း One Stop Service ပေးနေပြီး . . .

M&E ပိုင်းတွေဖြစ်တဲ့
ရေလိုင်း ▫️Water Supply
မီးလိုင်း ▫️ Electrical Supply တွေကိုပါ ဝန်ဆောင်မှုပေးနေတဲ့ Paradise Home က . . .

လူကြီးမင်းတို့ “လိုတိုင်းတ၊ တတိုင်းရ” စေမယ့် Construction & Decoration Service Company လို့ နားလည်ပေးပါခင်ဗျာ။

Design ပိုင်းကိုလည်း ကိုယ်ပိုင် Designer များဖြင့် စိတ်တိုင်းကျ ပုံဖော်ရေးဆွဲပေးနေပြီး Paradise Home ရဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကိုယ်တိုင် ဝန်ဆောင်မှုပေးနေတာဖြစ်လို့ လိုချင်တဲ့အချိန်အတွင်း အလှပဆုံး၊ အခမ်းနားဆုံး ဖန်တီးပေးနိုင်တာလည်း Paradise Home ပါပဲခင်ဗျာ။

▫️အသေးစိတ် သိလိုသည်များကို Page Messenger မှလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သလို Paradise Home ရုံးခန်းတွင်လည်း ရုံးဖွင့်ချိန်များအတွင်း လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

▫️Office Address - 74 Dx117 လမ်း ၊ ပြည်ကြီးတံခွန်၊ ကျွဲဆည်ကန်၊မန္တလေးမြို့။
📞 - 09 979022324, 09 762016868




Mandalay Capital Mall Food Court Area တွင်ဖွင့်လှစ်ထားတဲ့ Dream Star Bakery ဆိုင်လေးနေရာအကျယ်အဝန်းပေါ်မူတည်ပြီး အသုံးဝင်...
29/12/2023

Mandalay Capital Mall Food Court Area တွင်ဖွင့်လှစ်ထားတဲ့ Dream Star Bakery ဆိုင်လေး

နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အသုံးဝင်စေမယ့် Design လေးနဲ့ အလှဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်

(Mandalay မြို့တွင်း အခမဲ့ Survey စီစဥ်ပေးထားပါတယ်)

Interior Decoration : Paradise Home Decoration

Location : Mandalay

➡️ လူကြီးမင်းတို့ရဲ့ တန်ဖိုးထားရသော နေအိမ်/အဆောက်အဦး/ရုံးခန်း/ဆိုင်ခန်း/ဟိုတယ် များအတွက်

-Interior/Exterior Design
-Electrical System
-Plumbing System
-Air Con System
-Interior Fit-Out
-Custom Made Furniture
-Building Renovation

လုပ်ငန်း များကို မိမိ ကိုယ်ပိုင် Company ဝန်ထမ်းများဖြင့် One Stop Service ဝန်ဆောင်မှူပေးနေတဲ့ Paradise Home ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်

အသေးစိတ် သိလိုသည်များကို Page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင် သလို Paradise Home ရုံးခန်းတွင်လည်း ရုံးဖွင့်ချိန်များတွင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

Office Address - 74 Dx117 လမ်း ၊ ပြည်ကြီးတံခွန်၊ ကျွဲဆည်ကန်၊မန္တလေးမြို့။
📞 - 09979022324,09762016868

Mandalay Garden Villa တွင် တပ်ဆင်ပေးထားသော Wardrobe နဲ့ Study Table ပုံရိပ်လေးတွေပါ Original Color Block Board အသုံးပြုပ...
05/05/2023

Mandalay Garden Villa တွင် တပ်ဆင်ပေးထားသော Wardrobe နဲ့ Study Table ပုံရိပ်လေးတွေပါ Original Color Block Board အသုံးပြုပြီး ပြုလုပ်ပေးထားတဲ့အတွက် တောင့်တင်းခိုင်မာ ကြာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်

Original Color Block Board တွင် ရွေးချယ်စရာ အရောင် ၆မျိုးခန့် ရရှိနိုင်ပါတယ်

မိမိအိမ် နှင့် သင့်တော်ကိုက်ညီသော Customized Modern Furniture အမျိုးမျိုးကို လိုချင်သော ပုံစံများ ပြပြီး Page Messenger မှ တစ်ဆင့် ဆက်သွယ် မှာယူနိုင်ပါပြီ

Office Address - 74/75 x 117 ကျွဲဆည်ကန်. Mandalay
Office Phone - 09979022324, 09977047128


Your Dreams Our Dreams:

Address

Mandalay
05051

Telephone

+959762016868

Website

Alerts

Be the first to know and let us send you an email when Paradise Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share