Kokomkp Kokomkp

Kokomkp Kokomkp Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kokomkp Kokomkp, 626, Lashio.

23/06/2023
10/06/2023
01/06/2023

ကျောက်ချဥ်၏အသုံး၀င်ပုံများ

1. ခန္ဓာကိုယ်အတွက်ဆိုရင်
ဂျိုင်းနံ့မနံအောင် ရေချိုးသနပ်ခါးလိမ်းပြီးတိုင်း ဂျိုင်းကိုကျောက်ချဉ်သွေးလိမ်းကြပါတယ်။ ဂျိုင်း မမဲဘူး။ ချွေးနံ့ လုံးဝ မရဘူး ။ရေမွှေး လုံးဝ မသုံးတတ်လို့။ ရေချိုးပြီးတိုင်း ရေစိုလုံချည်နဲ့ ဂျိုင်းကို ပွတ်ပေးရင် ဂျိုင်းမမဲပါဘူး ။ ကျောက်ချဉ်ကိုတော့ ရေချိုးပြီးတိုင်း ကျောက်ချဉ်ကို ရေစွတ်ပြီး ဂျိုင်းကို ပွတ်ပေးတယ်။ သွေးပီးချိုင်းမှာလိမ်းရင်ဂျိုင်းနံမနံဘူး အသားတွေယားယံပြီးအနာဖြစ်ရင်ဝဲပေါက်ရင်ကျောက်ချဉ်သနားခါးရောသွေးလိမ်းကျောက်ချဉ်ရေနဲ့သွေးလိမ်းတာလုပ်နိုင်တယ်သနပ်ခါးစက်သွေးတုံးလေးတေထဲမှာကျောက်ချဉ်ပါတယ်မပုတ်ဘူးအနာပျောက်တယ်ကြာရှည်ခံတယ်မိတ်ပျောက်တယ်

2. မိန်းမကိုယ် ကြွက်သားမလျော့ရဲအောင် တင်းတင်းရင်းရင်းရှိဖို့ ၊သန့်ရှင်းဖို့ရေဇလုံမှာ ကျောက်ချဉ်စိမ်ထားတဲ့ရေထဲ ဝင်ထိုင်ရပါတယ်။

3. အစားအသောက်မှာဆိုရင် သရက်သီးဆားရည်စိမ် တွေ နှစ်ပေါက်တဲ့အထိ တင်းပြောင်ပြီးကြွတ်ကြွတ်လေးဖြစ်အောင် ကျောက်ချဉ်အမှုန့်ထည့်ကြိုတဲ့ ရေကျက်အေးနဲ့စိမ်ရပါတယ်။

4. ရေတွေအနည်ထိုင်အောင် ကြည်အောင် ကျောက်ချဉ်ထည့်တယ် ရေနောက်တဲ့ရေတွင်းထဲကျောက်ချဥ်ထည့်ရင်ရေကြည်လာတယ်

5. မိုးတွင်းဘက်ငါးတွေချွဲရင်ကျောက်ချဥ်ကိုရေခနစိမ်ပီးအဲရေနဲ့ငါးဆေးရင်အကျိအချွဲတွေပြောင်တယ် (ငါးတွေဆေးရင်အချွဲတွေပျောက်)

6. အုန်းသီးနု ထိပ်အပေါက်ဖွင့်ပြီးကျောက်ချဥ်မြေပဲအလတ်လုံးလောက်ထည့်ပြီးသူ့အဖုံးနဲ့ပြန်ပိတ် ညလုပ် နောက်နေ့မနက်သောက်
ဆီးကျောက်တည်တာ ကျောက်ကပ်မှာကျောက်တည်တာ ကျောက်ကြေတယ် လက်တွေ့ (အခုလိုအရမ်းပူတဲ့ရာသီမှာတော့မသောက်သင့်ပါဘူး) အရမ်းပူလို အချဥ်ပေါက်ပြီးအစာအိမ်ထိမှာ စိုးလို့ပါ

7. သွားကိုက်ရင်ရေနွေးနွေးထဲကျောက်ချဥ်စိမ်ပြီး ပလုတ်ကျင်းရင် သက်သာပါတယ်

8. အထည်​တွေအ​ရောင်ကျွတ်ရင်​ကျောက်ချဥ်စိမ်ရင်အ​ရောင်မကျွတ်​တော့ဘူး

9.ကင်းခြေများ ကိုက်ရင် သွေးလိမ်း အဆိပ်ပြေတယ် ပြောင်းဖူးစေ့လောက် ဝါးစားပီး ရေနဲ့သောက်လိုက် ချက်ခြင်းပျောက်(အဆိတ်ရှိတဲ့အကောင်ကိုက်ရင်သွေးလိမ်းရတယ်)

10. ငါးရိုးဆူးအဆိတ်ရှိသောဆူးများကိုသွေးပြီးလိမ်းရင်ပျောက်တယ်

.မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏

နေ့စဉ်နဲ့အမျှ ကျန်းမာရေးpostကိုတင်ပေးသွားမှာဖြစ်လို့ page ကို Like & follow လုပ်ပေးခဲ့ပါအုံးနော်🙏

08/04/2023

ချွေးမ လုပ်တဲ့သူက
"ပေါ့တော့လဲ အရသာ မရှိဘူး၊
ငံတော့လဲ မျိုမကျဘူးနဲ့
အမေက ဘာဖြစ်ချင်တာလဲ?"

အမေက သူ့သားပြန်လာတာ မြင်တော့
ဘာမှ မပြောတော့ပဲ ထမင်းဟင်းကို
ပါးစပ်ထဲ သွတ်ထည့် လိုက်တယ်။
သူမ သူ့ကို မျက်စောင်းထိုးပြီး
တချက်ကြည့်လိုက်တယ်။

သားဖြစ်သူက တလုတ်လောက်
မြည်းကြည့်လိုက်တယ်။ ချက်ချင်း
ပြန်ထွေးထုတ် လိုက်ပြီး
"ငါမင်းကို ပြောထားတယ်
မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊
အငံစားလို့ မရဘူးဆိုတာကို"

"ကောင်းပြီလေ၊ ဒါ ရှင့် အမေပဲ၊
နောက်ကျရင် ရှင်ပဲ ချက်တော့"
ချွေးမက ပြောပြီးတာ့ ဆောင့်အောင့်ပြီး
အခန်းထဲ ဝင်သွားတယ်။

သားက သက်ပြင်းတချက် ချလိုက်ပြီး
ပြောလိုက်တယ်...
"အမေ မစားနဲ့တော့၊
သား ခေါက်ဆွဲ ချက်ကျွေးမယ်"

"သား မင်း အမေ့ကို ပြောစရာ
ရှိတယ်မဟုတ်လား၊ ရှိရင်
ပွင့်ပွင့်လင်းလင်းသာပြောပါ၊
စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့"

" အမေ သား နောက်လကျရင်
ရာထူးတိုးတယ်၊ အလုပ်တွေ
အရမ်းများလာလိမ့်မယ်၊
မိန်းမကလဲ အပြင်ထွက်
အလုပ်လုပ်ချင်တယ် ပြောတယ်။
ဒါကြောင့်"

"သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"
အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊
ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို
ရှာနေသလို။

အမေ လူအိုရုံကလဲ မကောင်းတာ
မဟုတ်ပါဘူး၊ အမေသိတဲ့အတိုင်း
မိန်းမ အလုပ်လုပ်ရင် အမေ့ကို
ကောင်းကောင်း ပြုစုနိုင်မှာ မဟုတ်ဘူး၊
ဟိုမှာက ကျွေးမဲ့သူ ပြုစုမဲ့သူ အဆင်သင့်
ရှိပြီးသားပဲ။ အိမ်မှာထက်တောင်
ပိုအဆင်ပြေသေးတယ် မဟုတ်ဘူးလား?
....

ရေမိုးချိုးပြီး ခေါက်ဆွဲထုတ်ကိုပဲ
ကမန်းကတန်း ပြုတ်စားလိုက်တယ်။
သူ အခန်းထဲ ဝင် သွားပြီး ပြတင်းပေါက်မှာ
ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုပဲ။

အမေဟာ ငယ်ငယ်လေးကတည်းက
မုဆိုးမ ဖြစ်ခဲ့တာပါ။
သူ့ကို ကျောင်းပြီးတဲ့အထိ
တယောက်တည်း ရှာကျွေးခဲ့တာပါ။
ငယ်ရွယ်စဉ်အခါက ပင်ပန်းခဲ့တာတွေကို
အကြောင်းပြပြီး မိခင်ကို လုပ်ကျွေး
စောင့်ရှောက် ရမယ်လို့ တခွန်းမှ
မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့
အိမ်ထောင်ရေးနဲ့ ချိန်းခြောက် လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား?
သူ့ကိုယ်သူ ပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။

မင်းရဲ့နောက်ပိုင်း ဘဝကို ဆက်ပြီးလက်တွဲ
လျှောက်မှာက မင်းမိန်းမနော်။ မင်းအမေ
မဟုတ်ဘူးလို့ ဦးလေးရဲ့ သားက
အမြဲသတိပေးတယ်။

မင်း အမေ ဒီလောက်တောင် အိုနေပြီ၊
ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊
အသက်ရှင်နေတုန်း ကောင်းကောင်း
ပြုစုပါလား?

သစ်ပင်သည် ငြိမ်ချင်သော်လည်း
လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေး
ချင်သော်လည်း မိဘက မရှိတော့ပေ
ဆိုတာမျိုးတော့မဖြစ်စေနဲ့ဟေ့ လို့ တချို့
ဆွေမျိုးတွေကတော့ သတိပေးကြတယ်။
သူ ဘာမှ ထပ် မစဉ်းစားချင်တော့ဘူး၊
စိတ်ပြောင်းသွားမှာစိုးလို့။

* * * * *

နေမင်းက သူ့ရဲ့ပူပြင်းလှတဲ့
အရှိန်အဝါကို သိမ်းပြီး တောင်ကုန်းရဲ့
နောက်ကွယ်ကို ပုန်းခိုသွားပြီ။ မြို့ပြင်
ဆိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်
ထားတဲ့ အဆင့်မြင့် လူအိုရုံလေး.

ဟုတ်တယ်လေ၊ ပိုက်ဆံများများ သုံးထားမှာ သားရဲ့စိတ်ထဲက
ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီဖန်သားပြင်မှာ
ဟာသကား တကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက
ဘာရယ်သံမှ မကြားရဘူး။
တချို့အင်္ကျီဆင်တူ ဝတ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။
စိတ်ဓာတ်ကျနေတဲ့ ပုံတွေပဲ။

နောက် လူအိုတယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီး မြေကြီးပေါ် ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။

သားက သိတယ်။
အမေ လင်းလင်းထင်းထင်း
ကြိုက်တယ် ဆိုတာကို။ နေရောင်
ကောင်းကောင်းရတဲ့ အခန်းတခန်းကို
ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေ
လှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က
စိမ်းစိုလို့၊ သူနာပြု တွေကလဲ
တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအို
တွေကလည်း လမ်းလျှောက်နေကြတယ်။

ပတ်ဝန်းကျင် တိတ်ဆိတ်လွန်းတာဟာ
လူရဲ့စိတ်ထဲမှာ ဝမ်းနည်းသလိုလို
ဖြစ်လာစေတယ်။ ဆည်းဆာသည်
လှပသော်လည်းပဲ မှောင်ရီ ပျိုးနေပြီ။

အမေ သားပြန်တော့မယ်။

အမေကတော့ ခေါင်းလေး တချက်ပဲ
ငြိမ့်လိုက်တယ်။ သူ လှည့်ထွက်သွားတဲ့
အချိန်မှာ အမေကတော့ တောက်လျှောက်
လက်ပြ နှုတ်ဆက်နေရှာတယ်။

သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး
ခြောက်ကပ် ဖြူလျော်နေတဲ့ နှုတ်ခမ်းသား
များဟာ မျှော်လင့်ချက်တွေများစွာနဲ့
ကျန်နေရစ်ခဲ့တယ်။
သားလေးက
အဲဒီအချိန်မှာမှ မိခင်ရဲ့မီးခိုရောင်
သန်းနေတဲ့ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့
မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင်ကို
သတိထားမိတယ်။
အမေ တကယ် အိုနေ ပါပြီလား။

သူ ရုတ်ချည်း တခုကို သတိရ လိုက်တယ်။
သူ ၆.နှစ်သား အရွယ်တုန်းက အမေဟာ
အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို
ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီး
မှာ အမေရဲ့ခြေထောက်ကို ဖက်ပြီး
ကြောက်လန့် တကြား အော်ငို ပါလေရော...

မေမေ သားကို ပစ်မသွားပါနဲ့၊
သားကို မထားခဲ့ပါနဲ့နော်။ နောက်ဆုံး
အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါ
ဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ
ပြန်ပေါ်လာပြီး စွဲကပ် နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေ ပစ္စည်းတွေကို
စွန့်ပစ်နေတာ အားရပါးရပဲ။
၃ လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတခု၊ ဒါဟာ မူလတန်းတုန်းက စာစီစာကုန်း ပြိုင်ပွဲ
ကျွန်တော်၏ မိခင်မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။
အင်္ဂလိပ်-မြန်မာ
အဘိဓာန် စာအုပ်လေး၊ ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီး
ဝယ်ထားပေးတဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။

နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
" မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ
ဘာထူးမှာ တဲ့လဲ?

တော်ပြီ ဆက်မပစ်နဲ့တော့လို့
ဒေါသ တကြီးအော်လိုက်တယ်။
ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ
ဘယ်မှာ ထားရမှာလဲ လို့ မိန်းမကလည်း
ပြန်အော်တယ်။

ဒါတွေ အားလုံးဟာ
ငါ့ အမေရဲ့ အမွေတွေပဲ၊ ဘာမှ မထိနဲ့

ရှင် ဒါ ဘာသဘောလဲ?

မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊
ငါ့အမေကိုကော နင်ချစ်လို့ မရဘူးလား?

ပြောပြီး သူ ကားမောင်းထွက်သွားတယ်။

*** *** *** *** ***

မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊
သူ အဆုံးစွန်အထိ နင်းပြီး
မောင်းလာခဲ့တယ်။ ကားလေးက
တောင်ကုန်းပေါ်က လူအိုရုံ ဆီသို့
ဦးတည်လျက်။

ကားကို ရပ်ပြီးတာနဲ့ လှေခါးပေါ်
ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို
တွန်းဖွင့် လိုက်တယ်။

သူ ဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂-ဖက်ကို
နှိပ်နေ ရှာတယ်။ သားလက်ထဲက
ဒဏ်ကြေ လိမ်းဆေးကိုမြင်တော့
ဝမ်းသာအားရနဲ့ ပြောလိုက်တယ်။

အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့
သား ယူလာပေးလို့

သူဟာ အမေဘေးနားကို တိုးသွားပြီး
ဒူးထောက် လိုက်တယ်။

မိုးချုပ်နေပြီ။ အမေ့ ဖာသာလိမ်းမယ်၊
မနက်ဖန် ရုံးတက်ရဦးမယ်၊
ပြန်ပါတော့သားရယ်

သူ ခဏ မှင်သက်သွားပြီး နောက်ဆုံး
ထိန်းမရတဲ့ မျက်ရည်တွေ လျှံထွက်လာပြီး
သားကို ခွင့်လွှတ်ပါ။
သားတောင်းပန်ပါတယ်။
အိမ်ပြန်ရအောင်နော်....

ကိုယ်တွေ တဖြေးဖြေး ကြီးလာတာနဲ့အမျှ မိဘတွေ နုနယ်တဲ့
မျက်နှာ တဖြေးဖြေး အိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။
နက်မှောင်တဲ့ ဆံကေသာ ဖြူရောင်သမ်းလာတယ်၊
လျင်မြန်ဖျက်လပ်မှုကနေ တုံ့နှေးလာတယ်။
ဘယ်လောက်ထိ ရင်နာစရာကောင်းလဲ။

မိဘဆိုတာ အကောင်းဆုံး
တန်ဖိုး အကြီးမားဆုံး အရာတွေကို
ထားခဲ့ပေးတယ်။

ဖယောင်းတိုင် မီးလိုပဲ အဆက်မပြတ်
ကိုယ့်ကိုယ် ကိုယ် လောင်ကျွမ်းပြီး
သားသမီးတွေကို အလင်းရောင်ပေးခဲ့တယ်။
ကျွန်တော်တို့က ရော?

သူတို့အတွက် နေရာလေး ပေးနိုင်လား?

ဒါမှမဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ် မများပါဘူး။
မေမေ ဒီနေ့ နေကောင်းလား
ထမင်းစားပြီးပြီလား ဆိုတဲ့
ရိုးရှင်းတဲ့ စကားသံ လေးပါပဲ။

မိဘကျေးဇူး မဆပ်နိုင်ကြရင်တောင်
ကျေးဇူးတော့ မကန်း သင့်ဘူးလို့ ထင်ပါတယ်။

Credit

15/03/2023
15/03/2023
15/03/2023

* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်

* #ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်

* #ပြုံးပါ
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ

* #ချစ်ပါ
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ

* #ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင် သင်နေရတဲ့ ကမ္ဘာ
ကျောက်ခေတ်ဖြစ်နေမယ်

* #ငိုပါ
ဝမ်းနည်းမှု့ကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့
သင် စက်ရုပ်ဖြစ်သွားလိမ့်မယ်

* #တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့
ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်

* #တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင်
နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံသတ္တဝါ ဖြစ်နေလိမ့်မယ်

* #စွန့်ပစ်ပါ
အလေးမခံထားပါနဲ့
ဒါကို ပဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင်
သင့်ဘဝ ရေစုန်မျောလိမ့်မယ်

* #ရုန်းထွက်ပါ
အတိတ်ကို ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တဲ့ ပင့်ကူအိမ်က
သင့်အနာဂတ်ကို ပိတ်ဆို့ထားလိမ့်မယ်။ ။

Address

626
Lashio

Telephone

+959442414330

Website

Alerts

Be the first to know and let us send you an email when Kokomkp Kokomkp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share