21/08/2017
Xiaomi(ရှောင်းမီ)ရဲ့ Mi Band2 ကျန်းမာရေးလက်ပတ်နာရီ
⌚Mi band 2 - Review
⌚Mi Band 2 မှာ OLED Display ပါဝင်လာချင်းကတော့ Mi ကြိုက်နှစ်သက်သူတွေအတွက်တော့ကျေနပ်စရာပါ
👍Mi ဆိုတဲ့အတိုင်းပဲဈေးနှုန်းချိုချိုသာသာနဲ့ အရည်အသွေးမြင့်မြင့်ပေးစွမ်းနိုင်ပါတယ်
🚴Mi Band 2 Smart လက်ပတ်နာရီလေးတစ်လုံးရှိရုံနဲ့ သင့်ကျန်းမာရေးကိုများစွာအထောက်အကူပြုတဲ့Functionတွေကိုအသုံးပြုနိုင်မှာပါ တခြားနိုင်ငံတွေမှာFashionတစ်ခုအနေနဲ့ပါဝတ်ဆင်ကြပါတယ်
Mi band 2 သည်
👣 ခြေလှမ်းတွေကို ရေတွက်ပေးသည် ။တစ်ရက်ကိုကျန်းမာရေးအတွက်ခြေလှမ်ွး8000သွားခိုင်းသည်
🚶သွားခဲ့သောအကွာအဝေးကို ပြပေးသည် ။
♨လောင်ကျွမ်းခဲ့သော ကယ်လိုရီ ပမာဏကို ပြပေးသည် ။
😴သင့်ရဲ့ အိပ်ချိန်ကို စောင့်ကြည့်ပေးသည် ။
💓နှလုံးခုန်နှုန်းများကို ပြပေးသည် ။ နှလုံးခုန်တာအရမ်းမြန်လွန်းနေရင်သတိပေးပါတယ် ။
ခြေလှမ်းများကို ရေတွက်ခြင်း နဲ့ အိပ်စက်ခြင်းကို စောင့်ကြည့်ရာတွင် Mi band 2 သည် အတော်လေး တိကျသည် ဟု ဆိုသည် ။ အချိန် ဘယ်လောက် မိနစ် သင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ၊ ဘယ်လောက်မိနစ် မပျော်တ၀က် ပျော်တ၀က် ဖြစ်နေတာကို ပြပေးသည် ။
(အဲဒါတွေကို Mi fit app မှာ ပြန်ကြည့်နိုင်သည်) Mi fit ဆော့ဝဲလ်ကိုဖုန်းထဲမှာထည့်ထားရမည် ။
🔋Mi band 2 ၏ ဘတ်ထရီသည် "ရက် ၂၀" ကျော်လောက်ခံသည် ။
🚿 IP 67 ဖြစ်သဖြင့် ဖုန်မှုန့် နဲ့ ရေစိုခြင်း ဒဏ် ကို ကောင်းစွာ ခံနိုင်သည် ။ ထို့ ကြောင့် မိုးရွာနေတုန်း လက်ပတ်ကို ထုတ်ကြည့်တာ ၊ လက်ဆေးနေတုန်း လက်မှာ ပတ်ထားတာမျိုးမှာ ကိစ္စမရှိ ။ တော်ရုံတန်ရုံကတော့ ရေစို ခံသည် ။
🏃Mi band 2 ၏ “Idle Alert feature” သည် အလွန် အသုံးဝင်သည် ။ သင် မလှုပ်မရှားဘဲ ငြိမ်ငြိမ်လေး ထိုင်နေတာ တစ်နာရီလောက် ရှိလာပြီဆိုရင် အဲဒီ feature က တုန်ခါမှုဖြင့် သတိပေးသည် ။ လမ်းလေးဘာလေး ထ လျှောက်ပြီး အနည်းငယ် လှုပ်လှုပ်ရှားရှားလေး နေဖို့ ဖြစ်သည် ။ (အဲဒီ feature အတွက် အချိန်ကို မိမိဖာသာ customize လုပ်လို့ ရသည်)
📩OLED display ပါလာသောကြောင့် Facebook , wechat , Twitter , Whatsapp , Mi Talk စသော App များဆီက Notification တက်လာလျှင် display တွင် သက်ဆိုင်ရာ App ၏ ပုံလေး ပေါ်လာ၏ ။
📞ဖုန်းဝင်လာတယ် ဆိုရင်လက်မှာ တုန်ခါပြီး သတိပေးသည် ။ ဖုန်းနံပါတ်ကြည့်လို့ရသည် အဲဒီတော့ ဖုန်းတခြား ၊ လူတခြား ဖြစ်နေသည့် အခြေအနေ ၊ ဖုန်းကို ကျောပိုးအိတ်ထဲ ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ဆိုင်ကယ်စီးနေသည့် အခြေအနေများအတွက် သင့်လျော်သည်
⏰ထို့ပြင် နိုးစက်Alarm ပေးထားလျှင်လည်း သင့်ကို တုန်ခါမှု ဖြင့် နှိုးပေးသည် ။
⌚📅နာရီ ၊ ရက် ၊ လ ကြည့်လို့ ရပြီး ထိုသို့ ကြည့်ရဖို့ Touch button ကို တကူးတက သွားပြီး ထိ နေစရာ မလို ၊ လက်ကို လှုပ်ရှားလိုက်ရုံဖြင့် ကြည့်လို့ ရသည် ။
✅Mi band 2 သည် ပေးရသည့်ဈေးနှင့်လုပ်ဆောင်ချက်တွေကိုကြည့်ရင်အရမ်းတန်ပါသည်
📧Mi Account တစ်ခုရှိရပါမည် Mi fit ဆော့ဝဲလ်ကို Mi account ဖြင့်ဝင်ရပါသည် ။ မည့်သည့်ဖုန်းအမျိုးအစားနှင့်မဆိုရပါသည် ။
⌚ဝယ်ယူချင်တယ်ဆိုရင်တော့...
📱 ဇာနည် Mobile sale & service 📱
ဖုန်း နှင့် ဖုန်းအပိုပစွည်းအမျိုးမျိုးရောင်းဝယ်ရေး နှင့် ပြု ပြင်ရေး
🏠 ၈-လမ်း(ခြူးမင်းလမ်းကြား,ကိုးတောင်ဘို့လမ်း) ၊ မြို့မရပ် ၊ ကောလင်းမြို့ ။
☎ 075-42447
📞 09-972607700