16/10/2014
ကဲ အင်တာနက် အင်တာနက် နဲ့ တော်တော်ကိုလူတိုင်း ပါးစပ်ဖျားမှာပြောပြောနေကြတာ အော်.....ပြီးတော့လိုင်းမကောင်းဘူး လိုင်းမကောင်းဘူးလဲပြောပြန်တယ် ဟိုဟာကတော့ 2G မို့လို့ဒီဟာကြတော့ 3Gမို့လို့ပိုကောင်းတယ် ဆိုလာတဲ့လူတွေ ကိုတကယ် 3G ကောအပြည့်ရရဲ့လားဆိုပြီးမေးလာကြရင် ပြန်လည်ဖြေကြားနိုင်အောင် ဗဟုသုတ အနေနဲ့ တင် ဆက်ပေးလိုက်ပါသည်။
G,H+,E,3G နဲ့ LTE
အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ H+ လေးပေါ်လိုက်....3G ဖြစ်သွားလိုက်နဲ့ H+ ဆိုတာမသိခင် အရင်းသုံးနေကြ H ဆိုတာလာလဲ သိရပါမယ်။
H-HSDPA (High Speed Downlink Packet Access ) (Est year-2006) H+ထက်ပိုနှေးပါတယ်။ပျမ်းမျှ 7.2 Mb/sHD video တွေတိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နှုန်းဖြစ်ပါတယ်။
H+-HSDPA Plus (Year-2011) H ထက်ပိုမြန်တာအသေအချာပါပဲ။
အင်တာနက်မြန်နှုန်း 21 Mb/s ထိရပါတယ်။
ကြည်လင်ပြတ်သားတဲ့ HD video တွေတိုက်ရိုက်လွယ်လွယ်ကူကူ ကြည့်ရှနိုင်ပါပြီ။broadband connection တွေနဲ့တောင်တူတယ် 3G-3rd Generation /UMTS (year-2003) ရုပ်ရောအသံပါ ပါလာပါတယ် (video calling ) အင်တာနက်မြန်နှုန်းတစ်ခုဖြစ်ပါတယ်။စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး....အခုချိန် ဒေါင်းလုပ်မြန်နှုန်းကို 2Mb/s ထိ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
E-EDGE (Enhanced Data Rates for GSM Evolution) (year-2006) အင်တာနက်မြန်နှုန်းက 384 kb/s ။EDGE ကို 2.75G လို့ယူဆလို့ရပါတယ်။3G မပြည့်ဘူးပေါ့။2G ကနေ 3G ဖြစ်လာဖို့ carrier ကိုအဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ်။G-GPRS (General Packet Radio Service) (Year-2000)GPRS ဆိုတာ GSM တွေထက်အနည်းငယ်မြန်တဲ့ မြန်နှုန်းတစ်ခုပါ။ 2.5G လို့လည်းယူဆနိုင်ပါတယ်။2G ကနေပြောင်းလဲလာခြင်းဖြစ်ပြီး webpage တစ်ခုသာမြန်နှုန်းကတော့ 115kb/s ရပါတယ်။
GPRS ကနေသာ 3G > EDGE > H > H+ > LTE အဆင့်ဆင့်ပြောင်းလဲတိုးတတ်သွားခြင်းပါ။
LTE-Long Term Evolution (4G*) (Year-2013) မြန်နှုန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နှုန်း 100 mb/s အထိရပါတယ်တဲ့။ broadband connection လောက်တော့သနားပါတယ်တဲ့။Full HD Videos များကိုကြည့်ရှခြင်းကို လုပ်ဆောင်နိုင်ပါတယ်။LTE ဆိုတာ 4G နဲ့မတူပါဘူး။LTE ကိုသာ 4G လို့မှတ်ယူတက်ကြပါတယ်။ 4G အစစ်အမှန်ဆိုရင် LTE ထက်မြန်ပါသေးတယ်။ မြန်နှုန်းကတော့ 1 second ကို 1GB ထိရပါတယ်။
နောက်နောင်လဲ ဆက်လက်ပြီးတော့ နည်းပညာများကို ပြန်လည်မျှဝေပေးသွားပါမည်။