GL Mobile Online Sales

GL Mobile Online Sales Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GL Mobile Online Sales, Insein.

21/12/2018
11/12/2018

OPPO R17 Pro!!!!

22/09/2016

အော်ပရေတာ သုံးခု၏ ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်း

" Meizu M3 Note "Mid-range ဖုန်းတွေ တော်တော်များများ ဈေးကွက်ထဲဝင်ရောက်လာတာတွေ့ရပြီး high-end တွေထက်စာရင် ဈေးနှုန်းသိပ်မ...
01/08/2016

" Meizu M3 Note "

Mid-range ဖုန်းတွေ တော်တော်များများ ဈေးကွက်ထဲဝင်ရောက်လာတာတွေ့ရပြီး high-end တွေထက်စာရင် ဈေးနှုန်းသိပ်မကြည့်ရဘဲ အရည်အသွေးပြည့်ဝတာကြောင့် သုံးစွဲသူပရိသတ်တွေ ပေါများလာပါတယ်။ ဈေးနှုန်း သင့်တင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ Xiaomi Redmi Note 3, Huawei Honor 5X စတဲ့ ဖုန်းတွေ ကလည်း Mid-range တွေဖြစ်ကြပြီး မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Meizu M3 Note ဟာဆိုရင် M2 Note ရဲ့ အောင်မြင်မှုကို ဆက်လက်သယ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ M3 Note ဟာ upgrade လုပ်ထားတဲ့ Phablet တစ်လုံးဖြစ်ပြီး ဈေးနှုန်းနဲ့ကြည့်လိုက်ရင် အလှပဆုံးဖုန်းတစ်လုံးဆိုတာ လက်ခံနိုင်ပါတယ်။ အခြားစိတ်ဝင်စား စရာကောင်းတဲ့ feature တွေ အများစုပါဝင်နေပြီး M3 Note ရဲ့ Tool Box app ကနေ အသုံးဝင်တဲ့ သံလိုက်အိမ်မြှောင်၊ မှန်၊ ပေတံစတာတွေ ဆောင်ရွက်နိုင်ပါတယ်။ Magnifier feature ပါ ထည့်သွင်းထားပြီး Fingerprint sensor ဟာ mTouch 2.1 ဖြစ်ပါတယ်။ Upgrade version ဖြစ်တာကြောင့် တုံ့ပြန်မှုတွေကို ခပ်မြန်မြန်လုပ်ဆောင်ပေးနိုင်ပါတယ်။ M3 Note မှာ ကြီးမားတဲ့ 4100mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး အားအပြည့်သွင်းချင်ရင် အချိန် ၃ နာရီပေးရင် လုံလောက်ပါတယ်။

* Design & Build *

Display အတွက် IPS LCD နည်းပညာအစား LTPS display နည်းပညာကို M3 Note မှာ သုံးထားပါတယ်။ M3 Note ရဲ့ Display ကို 2.5D Curved glass နဲ့ ဖုံးအုပ်ပေးထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080×1920 pixels full HD ထိ မြှင့်တက်လာတာမို့ ချီးကျူးစရာကောင်းပါတယ်။ မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိပြီး မြင်ကွင်းကောင်းအောင် ဘေးဘောင်တွေကို အလွန်ပါးလွှာနေအောင် ဖန်တီးပေးထားပါတယ်။

* Display *

Android OS 5.1 (Lollipop) ကို Meizu ရဲ့ Flyme OS 5.1 နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Flyme OS ကြောင့် gesture, wakeup feature, SmartTouch စတဲ့ app တွေ ပါဝင်နေပါလိမ့်မယ်။ M3 Note ကို ပေးဝယ်ရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အကောင်းဆုံးကင်မရာလုပ်ဆောင်ချက်တွေ ရရှိနိုင်ပြီး အဓိကကင်မရာဟာ 13MP ဖြစ်ပါတယ်။ PDAF နည်းပညာအသုံးပြုထားပြီး ပုံရိပ်တွေ တိကျပြတ်သားစေပါတယ်။ Full HD ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကို တွေ့နိုင်ပါတယ်။

* Operating System and Camera *

စွမ်းဆောင်ရည်အတွက် Meizu ဟာ mid-range ဖုန်းအမျိုးအစားတွေရဲ့ နောက်ဆုံးပေါ် Mediatek MT6755 Helio P10 chip ကို အသုံးပြုထားပြီး Octa-core processor နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ RAM ပမာဏ 2GB ရှိပြီး ဂရပ်ဖစ်ဆိုရင် Mali-T860 MP2 ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး micro SD နဲ့ 128GB အထိ မြှင့်တင်နိုင်ပါတယ်။

* Performance *

အလွန်လှပတဲ့ အလူမီနီယမ်သတ္တုစပ်ကိုယ်ထည်နဲ့ တည်ဆောက်ပေးထားတဲ့ Meizu M3 Note ဒီဇိုင်းကို အဆင့်မြင့်နည်းပညာတွေသုံးကာ ဖန်တီးပေးခဲ့ပြီး အရင်ဖုန်းတွေနဲ့တူညီတဲ့ ဒီဇိုင်းမျိုးဖြစ်ပေမယ့် အရည်အသွေး ကတော့ ပိုကောင်းလာပါတယ်။ ကျောဘက်ဒီဇိုင်းကိုလည်း ရိုးရှင်းသပ်ရပ်နေအောင် ဖွဲ့စည်းပြင်ဆင်ပေးခဲ့ပြီး သတ္တုဒီဇိုင်းဖြစ်တာကြောင့် လက်ထဲမှာ ခံ့ခံ့ညားညားနဲ့ကိုင်သုံးနိုင်ပါတယ်။ အရွယ်အစားနဲ့ လိုက်ဖက်အောင် လည်း ဒီဇိုင်းကိုဖန်တီးပေးခဲ့တာမို့ လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေသုံးနိုင်ပါတယ်။ ဒီဇိုင်းကို အသေးစိတ် ပြောပြရရင် M3 Note မှာ sensors, earpiece, ကင်မရာတို့နဲ့ဖွဲ့စည်းထားပါတယ်။ ရှေ့မျက်နှာပြင်မှာတွေ့ရတဲ့ Home ခလုတ်ဟာ Fingerprint ဆောင်ရွက်တဲ့အခါ အသုံးဝင်ပါတယ်။ ကျောဘက်ကင်မရာရဲ့အောက်နားမှာ dual LED flash ကို ထည့်သွင်းထားပြီး flash ရဲ့ အောက်မှာ Meizu တံဆိပ်ကို သပ်သပ်ရပ်ရပ်ထည့်သွင်း ထားပါတယ်။ Power ခလုတ်နဲ့ volume ခလုတ်တို့ကို ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပြီး အောက်ခြေမှာ dual grill ကို တွေ့နိုင်ပါတယ်။ M3 Note ကို တောင့်တင်းခိုင်မာအောင် သတ္တုနဲ့တည် ဆောက်ပေးထားတာဖြစ်တာကြောင့် အကောင်းဆုံးဒီဇိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Specification
Display : 5.5 inches, LTPS IPS LCD capacitive touchscreen
Memory : 16/32 GB, 2/3 GB RAM, microSD, upto 128GB
Camera : 13 Megapixel, phase detection autofocus dual-LED (dual tone) flash, Geo-tagging
OS : Android OS, v5.1 (Lollipop)

Price : 175,000/-

Credit >> NetGuide Journal (Every Wednesday)

“Vivo V3”V3ဟာ ၂၀၁၆ ခုနှစ် ၄ လပိုင်းကထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး 2G, 3G, 4G Network အထောက်အပံ့များပေးစွမ်းနိုင်ပါ...
31/07/2016

“Vivo V3”

V3ဟာ ၂၀၁၆ ခုနှစ် ၄ လပိုင်းကထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး 2G, 3G, 4G Network အထောက်အပံ့များပေးစွမ်းနိုင်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 143.6 × 71 × 7.5 mm ရှိပြီးအလေးချိန်မှာ138g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကိုအသုံးပြုပေးထားပြီးမျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ဖြစ်ပါ တယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ပြီးတစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။Vivo မှ အထူးသီးသန့် ပြုလုပ်ထားတဲ့ AK 4375 Hi-Fi Chip မှာစမ်းသပ်စစ်ဆေးပြီးသော 105 dB နှုန်းရှိတဲ့ SNR စနစ်နှင့် မူလအသံများ ကိုပျက်စီးစေနိုင်သော -97dB နှုန်းရှိအသံများကိုဖယ်ရှားပေးနိုင်သော စနစ် များကြောင့် သီချင်းနားထောင်ရာတွင် ဂီတသံစဉ်များကို နူးညံ့သိမ်မွေ့စွာနှင့် စိတ်ကျေနပ်စရာ Hi-Fi အသံစနစ်ကိုခံစားနိုင်မှာဖြစ်ပါတယ်။ အထူးသီးသန့် ဖန်တီးထားသည့် Smart Amp နည်းပညာနှင့် အသံချဲ့ပေးသောအိမ်သုံးရုပ်ရှင် အသံပိုင်းဆိုင်ရာ chip ပါဝင်တာကြောင့် Vivo ရဲ့ V3 နှင့် V3 Max ဟာအသံ အားကောင်းပြီးအလွန်ကြည်လင်ပြတ်သားသောအသံနှင့် ထူးခြားဆန်းကြယ် လှတဲ့ အသံပိုင်းဆိုင်ရာပေးစွမ်းမှုများကိုအပြည့်အ၀ခံစားနိုင်မှာပါ။ အဓိက ကင်မရာစွမ်းရည်မှာ13MP ဖြစ်ပြီးကင်မရာဆက်စပ်ပတ်သက် စနစ်များစွာ ပါရှိပါတယ်။ အရှေ့ကင်မရာငယ်ရဲ့ စွမ်းရည်မှာ8MP ဖြစ်ပါတယ်။ GPU အမျိုးအစားမှာAdreno 405 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို3GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GBပါရှိပါတယ်။ အချက် အလက် အများအပြားသိမ်းဆည်းနိုင်စေဖို့ အတွက်လည်းCardslotစနစ် ထည့်သွင်းပေးထားပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 2550 mAhဖြစ်ပါတယ်။



Network - GSM/HSPA/LTE
Screen - 5 inches
Memory - 32 GB
Bluetooth - v4.1
CPU - Octa Core 1.5GHz
OS - Android OS,v5.1
Price - 288,000/-

Credit - Mobile Guide Journal

" Xiaomi Redmi Note 3 "* Specification *» Network : 2G, 3G, 4G (Dual SIM) » Weight : 164 g » Display : 5.5", IPS LCD cap...
31/07/2016

" Xiaomi Redmi Note 3 "

* Specification *

» Network : 2G, 3G, 4G (Dual SIM) » Weight : 164 g » Display : 5.5", IPS LCD capacitive touchscreen » Dimensions : 150 x 76 x 8.7 mm » Memory : 16GB, 2GB RAM » Camera : 13 Megapixel, Front : 5MP, autofocus, dual-LED flash, face/smile detection, HDR, panorama » Connectivity : GPRS, EDGE, WLAN, Bluetooth, USB » Chipset : Mediatek MT6795 Helio X10 CPU : Octa-core » OS : Android OS, v5.1 (Lollipop)

Xiaomi တံဆိပ်ဟာ တရုတ်နိုင်ငံမှာတော့ Apple နဲ့ Samsung တို့ထက် ပိုမိုနာမည်ကြီးပြီး မြန်မာပြည်ဈေးကွက်မှာလည်း လူကြိုက်များနေတဲ့ မိုဘိုင်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ Redmi ဟာဆိုရင် ကုမ္ပဏီရဲ့ budget စမတ်ဖုန်း line-up ထဲမှာ ဝင်ရောက်နေပြီး Redmi Note 3 ကတော့ အကောင်းဆုံး တွေထဲမှာ အမြင့်ဆုံးနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သတ္တုအပြည့်သုံးထားတဲ့ Android Phablet တစ်လုံးကို စွဲမက်စရာကောင်းတဲ့ဒီဇိုင်း၊ အားကောင်းတဲ့စွမ်းဆောင်ရည်တို့နဲ့ ဖွဲ့စည်းထားပါတယ်။

Xiaomi Redmi Note 3 မှာ ကြီးမားတဲ့ဘက်ထရီပမာဏ ပါဝင်နေပေမယ့်လည်း သူ့ရဲ့အထူဟာ 8.65mm အထူပဲရှိတာ အံ့သြစရာကောင်းပါတယ်။ ကျောဘက်မှာ စပီကာတပ်ဆင်ထားပြီး အောက်ခြေက micro-USB အပေါက်ဒီဇိုင်းတို့ဟာ iPhone ရဲ့ဒီဇိုင်းမျိုး ခံစားရစေပါတယ်။ သေချာတာကတော့ Redmi Note 3 ဟာ ကြည့်လို့အကောင်းဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ 164 g အလေးချိန်နဲ့ လက်ထဲမှာလည်း သိသိသာသာ ပေါ့ပါးနေပါလိမ့်မယ်။

ကျောဘက်ဘေးထောင့်တွေဟာ ပိုမိုသေးငယ်နေပြီး လက်တစ်ဖက်တည်း ကိုင်သုံးရင်တောင် သုံးလို့ အဆင်ပြေပါတယ်။ ဘေးဘောင်တွေဟာ ကျဉ်းမြောင်းနေပြီး အလူမီနီယမ် unibody ဒီဇိုင်းမျိုး ဖန်တီးပေးထား ပါတယ်။ Redmi Note 3 ကို သတ္တုနဲ့ တည်ဆောက်ထားတယ်ဆိုပေမယ့် အပေါ်ပိုင်းနဲ့ အောက်ခြေတို့ကို အင်တာနာအတွက် ပလတ်စတစ်နဲ့ပဲ ဖွဲ့စည်းထားပါတယ်။ တောက်ပပြောင်လက်နေတဲ့ ကိုယ်ထည်နဲ့ ကျောဘက်ဒီဇိုင်းဟာ ချစ်စရာကောင်းပါတယ်။

သတ္တုနဲ့ ဖုံးအုပ်ထားတဲ့ ပါဝါခလုတ်နဲ့ အသံအတိုး/အလျှော့ခလုတ်တို့ကို Note 3 ရဲ့ ညာဘက်ခြမ်းမှာ တွေ့နိုင်ပါတယ်။ Dual-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး SIM card tray ကို ညာဘက်မှာ တပ်ဆင် ထားပါတယ်။ Headphone Jack, IR blaster တို့ကို Xiaomi ဟာ အပေါ်ဘက်မှာ ထည့်သွင်းထားပြီး အောက်ခြေမှာ micro-USB အားသွင်းပေါက်တို့ကို တွေ့နိုင်ပါတယ်။

Redmi Note ဟာ fingerprint sensor နဲ့ သတ္တုအပြည့်နဲ့ တည်ဆောက်ထားတဲ့ Xiaomi ရဲ့ ပထမဆုံးစမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ကျောဘက်က fingerprint sensor ဟာ ဝ.၃ စက္ကန့်အတွင်း ဖုန်း Lock ဖြည်ပေးနိုင်ပါတယ်။ Note 3 ကို ရွှေရောင်၊ ငွေရောင်နဲ့ ခဲရောင်တို့ ရရှိနိုင်ပါတယ်။ Budget ဖုန်း အမျိုးအစားတစ်လုံး ဖြစ်ပေမယ့် ဒီဖုန်းထဲမှာ သုံးထားတဲ့အချက်တွေကတော့ အကောင်းဆုံးတွေချည်း စုနေတာ ဖြစ်ပါတယ်။

ဖုန်းအတွင်းပိုင်း အချက်အလက်တွေဟာ Redmi Note 2 အတိုင်း တူညီနေပြီး MediaTek MT6795 Helio X10 64-bit processor ကို စွမ်းဆောင်ရည်အတွက် သုံးထားပါတယ်။ ဂရပ်ဖစ် Power VR G6200 အပြင် RAM 2GB ကိုပါ ပိုမိုကောင်းမွန်စေဖို့ တွဲဖက်ထားပါတယ်။ Redmi Note 3 မှာ ၅.၅ လက်မအရွယ် Full HD Screen မှာ 1080 x 1920 pixels ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးထားပြီး ရုပ်ထွက်သိပ်သည်းဆက 403ppi ထိ ပါဝင်ပါတယ်။ Screen မှာ Xiaomi ရဲ့ Sunlight Display နည်းပညာသုံးထားပြီး ပြင်ပ အလင်းရောင် တောက်ပမှုများတဲ့ နေရာမျိုးတွေမှာ Screen ရဲ့အရောင်ကို ထိန်းညှိပေးနိုင်ပါတယ်။

Android OS 5.1 (Lollipop) အပေါ် ထပ်သုံးထားတဲ့ MIUI 7.0 ရဲ့ ကောင်းမွန်မှုကို ထပ်မံခံစား မြင်တွေ့နိုင်ပါတယ်။ MIUI ကြာင့် App တွေဟာ iPhone App တွေအလား ခပ်ဆင်ဆင် တူညီနေပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာလည်း နောက်ဆုံးပေါ် 802.11 ac Wi-Fi, GPS, Bluetooth 4.1 နဲ့ IR Blaster တွေ ပါဝင်ပါတယ်။ NFC တော့ မပါဝင်ဘဲ ပျက်ကွက်နေတာ တွေ့ရပါတယ်။

ဖုန်းရဲ့အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ two-tone flash ပါဝင်ပြီး modes နဲ့ filters တွေကို ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။ Mi 4C မှာ တွေ့ရတဲ့ Edge Tap function ကို Note 3 မှာ မပါဝင်တော့ပါဘူး။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက် ကူးနိုင်ပါတယ်။ Notifications, Calls နဲ့ Texts တွေအတွက် ဖော်ပြပေးတဲ့ LED ကို နှစ်သက်ရာအရောင် ပြောင်းနိုင်ပါတယ်။

* Battery Life *

ဘက်ထရီသက်တမ်း ကြာရှည်ခံအောင် fast-charging နည်းပညာ အသုံးပြုထားပြီး ၁ နာရီ အားသွင်းရုံနဲ့ ၅ဝ% ထိ ရရှိနိုင်ပါတယ်။ အားကောင်းတဲ့ဘက်ထရီ Li-Po 4000mAh ကို ဖြုတ်/တပ်လို့ မရနိုင်ပါဘူး။

* Design *

ဘေးထောင့်တွေ ကွေးထားတဲ့ဒီဇိုင်းမျိုး အရင်ဆုံးသတိထားမိပြီး တောင့်တင်းတဲ့ကိုယ်ထည်နဲ့ ထွက်ရှိလာပါတယ်။ iPhone ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူညီနေပြီး သတ္တုအပြည့်နဲ့ တည်ဆောက်ပေးထားတဲ့ Xiaomi ရဲ့ ပထမဆုံးဖုန်းအမျိုးအစား ဖြစ်ပါတယ်။ 8.7mm အထူနဲ့ 164g လေးပါတယ်။

* Processor *

အရင် Redmi Note 2 ရဲ့ စွမ်းဆောင်ရည်နဲ့ သိပ်မကွာခြားသွားဘဲ Mediatek MT6795 Helio X10 2.0GHz မြန်နှုန်းရှိ octa-core processor ကို အကောင်းဆုံး ပြင်ဆင်ထည့်သွင်းထားပါတယ်။ RAM ပမာဏ 2GB ဖစ်ပြီး ဂိမ်းအတွက်တော့ GPU ဟာ PowerVR G6200 ပါဝင်ပါတယ်။

* Display and Camera *

မျက်နှာပြင်ကြီးမားတဲ့ သုံးလို့ပိုကောင်းတဲ့ screen ကို ပိုင်ဆိုင်ထားပြီး Display ဟာ ၅.၅ လက်မ အရွယ် ရှိပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ 1080 x 1920 pixels Full HD ဖြစ်ပြီး အဓိကကင်မရာဟာ 13MP အရည်အသွေး ရှိပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာကို တွေ့ရပြီး 1080p full HD ဗီဒီယိုကို ရိုက်ကူးနိုင်ပါတယ်။

* Verdict *
Xiaomi Redmi Note 3 ရဲ့ ဈေးနှုန်းသက်သာတဲ့အချက်ဟာ သဘောကျစရာ အကောင်းဆုံးဖြစ်ပြီး ပေးဝယ်ရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ရလဒ်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးကို အဆင့်မြင့်မြင့် သုံးစွဲနိုင်မှာဖြစ်ပြီး အရင် Note 2 ထက် ထူးခြားလာတာတွေ အများကြီး ပါဝင်နေပါတယ်။

Credit >> NetGuide Journal (Every Wednesday)

“Huawei P8 Lite”Huawei သည် P8 နဲ့ပတ်သက်၍ အမျိုးအစားကွဲများကို ထုတ်လုပ် ပေးထား ပါတယ်။ P8, P8 Lite နှင့် P8 Premium ဆိုပြီ...
30/07/2016

“Huawei P8 Lite”

Huawei သည် P8 နဲ့ပတ်သက်၍ အမျိုးအစားကွဲများကို ထုတ်လုပ် ပေးထား ပါတယ်။ P8, P8 Lite နှင့် P8 Premium ဆိုပြီး ၀ယ်ယူရရှိနိုင် ပါတယ်။ P8 Lite ဟာ ၂၀၁၅ ခုနှစ်၊ မေလကထုတ်လုပ် ရောင်းချထားတာဖြစ်ပြီး ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 143×70.6×7.7 mm ရှိကာ အလေးချိန် သည် 131g ဖြစ်ပါတယ်။ SIM card (2) card ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုး အစားကတော့ Micro SIM နဲ့ Nano SIM ပါ။ ထောက်ပံ့ပေးထားသော Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။ IPS LCD Capacitive Touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။ P8 ဟာ P8 Lite ထက် 0.2 inches ပိုမိုကျယ်ဝန်းပါတယ်။ မြင်ကွင်း စွမ်းရည် အပိုင်းတွင်လည်း P8 က ပိုမိုကောင်းမွန်ပါတယ်။ P8 တွင် Pixels ပမာဏ အနေဖြင့် 1080×1920 ပါရှိပြီး ၁ လက်မမှာ ရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 424 ppi ပါ။ P8 Lite တွင် 720×1280 Pixels ပမာဏ ပါရှိပြီး ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။ P8 Lite အသုံးပြုနိုင်မယ့် Multi Touch စနစ်ကတော့ Emotion 3.1 UI ဖြစ်ပါတယ်။ သုံးစွဲနိုင်မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version မှာ 5.0.2 ဖြစ်ပါတယ်။ ပါရှိသော CPU ရဲ့စွမ်းရည် ကတော့ Octa-core 1.2 GHz ဖြစ်ခြင်းကြောင့် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပါရှိသော Chipset အမျိုးအစားမှာ HiSilicon Kirin 620 ဖြစ်ပါတယ်။ GPU ကိုတော့ Mali- 450MP4 အမျိုးအစားကို ထည့်သွင်းပေးထားပါတယ်။

ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိကကင်မရာကတော့ 13MP ဖြစ်ပါတယ်။ f/ 2.0 ပါရှိပါတယ်။ ရှေ့ကင်မရာငယ် သည် 5MP စွမ်းရည်ရှိပြီး 720p စွမ်းရည်ဖြင့် ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ အဓိကကင်မရာဖြင့် ဗီဒီယို ရိုက်ကူးမယ်ဆိုရင် 1080p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်း၌ RAM ကို 2GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ အချက်အလက် အများအပြား သိမ်းဆည်း နိုင်အောင်လည်း Card Slot စနစ်ထည့်သွင်းပေးထားပြီး 128GB အထိ ချဲ့ထွင် အသုံးပြုနိုင်ပါတယ်။ Active Noise Cancellation with Dedicated Mic စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Bluetooth Version မှာ 4.0 ဖြစ်ပါတယ်။ အားသွင်း အသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2200 mAh ဖြစ်ပါတယ်။ 3G Network တွင် (၃၈၀)နာရီ နီးပါးနှင့် စကား ပြောဆိုဖို့ (၁၁)နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ အရောင်(၃)ရောင်ဖြင့် P8 Lite ကို ထုတ်လုပ်ပေးထားပါတယ်။



Network - GSM/HSPA/LTE
Processor - Octa-core 1.2 GHz
Screen - 5 inches
Camera - 13 MP
Bluetooth - v4.0
Storage - up to 128 GB
OS - Android OS,v5.0.2
Price - 189,000/-

Credit - Mobile Guide Journal

Samsung Galaxy On 7 Samsung Galaxy On 7 ကို Dual-SIM အသုံးပြုနိုင်ပြီး 2G, 3G, 4G ကွန်ရက်တွေထိ ချိတ်ဆက်သုံးစွဲနိုင်ပါတယ်...
30/07/2016

Samsung Galaxy On 7

Samsung Galaxy On 7 ကို Dual-SIM အသုံးပြုနိုင်ပြီး 2G, 3G, 4G ကွန်ရက်တွေထိ ချိတ်ဆက်သုံးစွဲနိုင်ပါတယ်။ (5.98×3.05×0.32) လက်မအရွယ်အစားရှိပြီး 172g လေးပါတယ်။ ၅.၅ လက်မအရွယ် Display ပါဝင်ပြီး TFT အမျိုးအစား touchscreen ကို အသုံးပြုထားပါတယ်။ ရုပ်ထွက်အရည်အသွေး Full HD ကို ပံ့ပိုးပေးနိုင်ပြီး 720× 1280 pixels ပမာဏရရှိနိုင်ပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 267ppi ပါဝင်ပါတယ်။ Galaxy On 7 မှာ Android OS 5.1 (Lollipop) ထည့်ပေးထားပါတယ်။ ဖုန်းရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို 1.2GHz မြန်နှုန်းရှိ Quad-core processor က လုပ်ဆောင်ပေးမှာဖြစ်ပြီး RAM 1.5GB ပါရှိပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ရှိပြီး micro SD နဲ့ 128GB အထိ ထပ်မံတိုးမြှင့်နိုင်ပါတယ်။ Galaxy On 7 ရဲ့ကျောဘက်မှာ 13MP ကင်မရာကို တပ်ဆင်ထားပြီး LED flash နဲ့ပါ တွဲဖက်ထားပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာ 5MP ကို တွေ့ရပါတယ်။ Geo-tagging, touch focus, Face detection ကင်မရာ features တွေ ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy On7 မှာ အလွယ်တကူ ဖြုတ်/တပ်နိုင်တဲ့ ဘက်ထရီပါဝင်ပြီး Li-ion 3000mAh ဘက်ထရီဖြစ်ပါတယ်။ အဖြူ နဲ့ အနက် ၂ ရောင် ရှိပါတယ်။

Specification
Display : 5.5 inches, TFT capacitive touchscreen
Memory : 8 GB, 1.5 GB RAM, microSD, upto 128GB
Camera : 13 Megapixel, f/2.1, autofocus, LED flash, Geo-tagging
OS : Android OS, v5.1 (Lollipop)
Phone : 01-398436 (UNiQUE)

Price - 205,000 Ks

Credit >> NetGuide Journal (Every Wednesday)

“Huawei GR 5”GR 5 ဖုန်းတွင် အဆင့်မြင့် လက်ဗွေရာစနစ်ကိုအသုံးပြုခြင်းဖြင့် ၀.၅ စက္ကန့်အတွင်း ဖုန်း Lock ဖွင့်နိုင်ကာ ဖုန်းမ...
29/07/2016

“Huawei GR 5”

GR 5 ဖုန်းတွင် အဆင့်မြင့် လက်ဗွေရာစနစ်ကိုအသုံးပြုခြင်းဖြင့် ၀.၅ စက္ကန့်အတွင်း ဖုန်း Lock ဖွင့်နိုင်ကာ ဖုန်းမျက်နှာပြင်ကိုဖော်ပြပေးရုံ တင်မကဘဲ ဖုန်းဖြေဆိုခြင်း (သို့မဟုတ်) နှိုးစက်ပိတ်ခြင်းနှင့် ဓာတ်ပုံ၊ ဗီဒီယို များကိုမြန်ဆန်စွာ ရိုက်ကူးနိုင်ခြင်း စသည့်လုပ်ဆောင်ချက်များကိုပါ ပြုလုပ် နိုင်ပါသည်။ Fingerprint sensor ပေါ်တွင် လက်ဖြင့်အပေါ်အောက်ပွတ် ဆွဲခြင်းဖြင့် notification bar ကိုကြည့်နိုင်၊ ပိတ်နိုင်ခြင်း၊ notification bar ကို ကြည့်နေချိန်တွင် fingerprint Sensor ပေါ်သို့ လက်ဖြင့် ၂ ချက်ထိလိုက် ပါက notification alert များကို ဖယ်ရှားပေးပြီး notification bar ကို အပေါ် သို့ပြန်တင်နိုင်ခြင်း ကဲ့သို့သော အခြား စမတ်ဖုန်းများတွင် မပါဝင်သည့် ဆန်းသစ်သော လုပ်ဆောင်ချက်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Finger Print Sensor နှင့်ပတ်သက်၍ (၁၃)မျိုး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Huawei GR 5သည် အကောင်းဆုံးလက်မှုပညာ ဖြင့် ပြုလုပ်ထားသော အံ့သြမှင်သက်ဖွယ် စမတ်ဖုန်းအမျိုးအစားဖြစ်ပါသည်။ လက်တစ်ဖက် တည်းဖြင့် အသုံးပြုနိုင်ရန် ဖန်တီးထားသော Huawei GR5 တွင် ၀.၈ မီလီမီတာ ရှိသည့် အလူမီနီယံ သတ္ထုစပ်ဖြင့်ပြုလုပ်ထားပြီး သတ္ထု အပြည့် ပေါင်းစပ် ကိုယ်ထည်ရှိသည်။ ကျောဘက်တွင် 3D မျဉ်းကွေးပုံစံဖြစ်စေရန် အသွင်ဖော်ထားပြီး သတ္ထုကြိုးမျှင် ပုံဆွဲမျဉ်းကြောင်းများပါရှိကာ ခံစားမှု ဒီဇိုင်းကို ဦးတည်ဆောင်ရွက်ထားသည်။

အပြင်သွားသည့်အခါ (သို့မဟုတ်) နေရာသစ်များကိုရောက်ရှိသည့် အချိန် အခါ မျိုးတွင် တက်သစ်စ ဓာတ်ပုံ ဆရာများနှင့် နေရာသစ်ကို မှတ်တမ်း တင်ရန် ၀ါသနာပါသူများအတွက် လက်ရှိ အဖြစ်အပျက်နှင့် အသုံးပြု သူများ ကို ပုံအရည်အသွေးချိန်ညှိရန် မလိုအပ်ဘဲ Huawei GR5 က ပြီးပြည့်စုံသော ပုံရိပ်များရရှိနိုင်ပါသည်။ CMOS ဆင်ဆာပါဝင်ပြီး အလင်းဝင်ပေါက် F2.0 ပါဝင်သည့် ကျောဘက် ကင်မရာ 13MP, 7cm အသေးစားရိုက်ကူးမှုနှင့် အရှေ့ဘက် ကင်မရာ 5MP တို့ပါဝင်ပါသည်။ ထို့အပြင် ကင်မရာအနှေး ရွေ့လျားမှု (Slow Motion) နှင့် Times Lapse လုပ်ဆောင်ချက်များ ပါဝင် ကာ သုံးစွဲသူများအတွက် ဓာတ်ပုံရိုက်ကူးရန်နှင့် ဖန်တီးမှုများကို ပြန်လည် မျှဝေနိုင်ရန်အတွက် အကောင်းဆုံးဖြစ်ပါသည်။ ယခုခေတ်စားနေသော အစားအသောက်ဟင်းပွဲများကို ဓာတ်ပုံရိုက်ကူးပြီး ဆိုရှယ်မီဒီယာများတွင် ပြန်လည်မျှဝေနိုင်ရန်အတွက် Food Mode လုပ်ဆောင်ချက် ပါဝင်သော ကြောင့် ဓာတ်ပုံများကိုရိုက်ကူးပြီး ပြင်ဆင်စရာမလိုတော့ဘဲ ပြီးပြည့်စုံသော ရိုက်ချက်များ ရရှိနိုင်မည်ဖြစ်ပါသည်။ 5.5 inches ရှိသော မျက်နှာပြင်က ဓာတ်ပုံနှင့် ဗီဒီယိုများကို အသက်ဝင်စေရန် အကြည်လင်ဆုံး ဆောင်ကြဉ်း ပေးပြီး မြင်ကွင်းများကို ပြန်လည်မျှဝေရန်နှင့် အင်တာနက်အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုလွယ်ကူစေပါသည်။



Network - 2G, 3G, 4G
Processor - Octa Core
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 32 GB
OS - Android OS,v5.1.1
Price - 249,000/-

Credit - Mobile Guide Journal

Address

Insein

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

09403336729

Website

Alerts

Be the first to know and let us send you an email when GL Mobile Online Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share