12/05/2025
အဟောင်းရောင်းတဲ့ဆိုင်ကထိုင်ခုံဝယ်ခဲ့ပြီး ထိုင်ခုံအတွင်းမှာဝှက်ထားသောဒေါ်လာ 40,000 ကိုရှာတွေ့ခဲ့တယ့်အမျိုးသား။
ဒီအဖြစ်အပျက်ကတော့ ကယ်လီဖိုးနီးယားနေရပ်သား ဟော်ဝတ် ကာဘီ ဟာ Craigslist မှာ စျေးသက်သာတယ့် ဆိုဖာတစ်လုံး ဝယ်လိုက်ရာမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်ဖွယ်အရာတစ်ခုကို တွေ့ရှိခဲ့တယ်။ အဲ့တာကတော့ ဆိုဖာခင်းအောက်မှာ ငွေဒေါ်လာ ၄၃,၀၀၀ ဝှက်ထားခြင်းတာကိုရှာတွေ့ခဲ့တာပါ။ ပထမတော့ ဟော်ဝတ် ကာဘီ ဟာထိုင်ခုံကသက်တောင့်သက်သာမရှိဘူးလို့ထင်ခဲ့ပေမဲ့။ ထိုင်ခုံကိုသေချာဖြုတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဒေါ်လာပေါင်း ၄၃,၀၀၀ ဝှက်ထားခြင်းတဲ့ထိုင်ခုံဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ထိုင်ခုံကတော့ ယခင်ပိုင်ရှင်ဖြစ်သူက သူပင်စင်ယူ ရင်သုံးဖို့အတွက် တစ်ဘဝစာစုထားတာဖြစ်ပေမဲ့ ကွယ်လွန်သွားခဲ့တာကြောင့်ပဲ သူ့ရဲ့ကျန်ရစ်ခဲ့တဲ့ပစ္စည်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကျန်ရစ်ခဲ့တဲ့သမီးဖြစ်သူက အဖေဖြစ်သူရဲ့ကျန်ရစ်ပစ္စည်းတွေကိုပြန်ရောင်းခဲ့တာပါ။ ကျွန်တော်တို့ဆိုရင်တော့အဲ့ပိုက်ဆံကိုရှာတွေ့ရင် သုံးပြစ်လိုက်ကြမှာပါ။ ဒါပေမဲ့ ဟော်ဝတ် ကာဘီ ကတော့ အဲဒီငွေ တစ်ဒေါ်လာမကျန်ဘဲ ပိုင်ရှင်ကို ပြန်ပေးလိုက်ပါတယ်။
ဟော်ဝတ် ကာဘီဟာ နာမည်ကြီးသွားခဲ့ပြီးတော့ တီဗီရုပ်သံလိုင်းတွေကပါ သူကို့ အင်တာဗျူးခဲ့ကြပါတယ်။ သူဘာကြောင့် ပြန်ပေးခဲ့တာလဲဆိုတာကို မေးတဲ့အခါမှာ သူက "ငါယူခဲ့မယ်ဆိုရင် ငါ့အဘွားက ဘဝတလျှောက်လုံးလိုက်ခြောက်လှန့်နေမှာဆိုပြီးတော့ ပြန်ဖြေခဲ့ပါတယ်"
သူ့လုပ်ရုပ်ကြောင့်ပဲ လူတိုင်းက “ဆိုဖာမင်းသား” လို့ နာမည်ပေးကြပြီးတော့ နောက်ပိုင်းမှာတော့ ဟော်ဝတ် ကာဘီကိုဂုဏ်ပြုတဲ့ အနေနဲ့ ငွေကြေးမဟုတ်ပဲ ဂုဏ်ပြုလက်ချင်းနှုတ်ဆက်ခဲ့ကြပါတယ်။