Labelle Curtain

Labelle  Curtain Our LaBelle curtain shop provide service from retail up to whole sale for different design of curtain

လှပတဲ့နေအိမ်လေးနဲ့အခန်းလေးတွေမှာတပ်ဖို့အတွက် လိုက်ဖက်တဲ့ ခန်းဆီးလိုက်ကာလေးတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒီပိုစ့်လေးမှာပ...
29/11/2023

လှပတဲ့နေအိမ်လေးနဲ့အခန်းလေးတွေမှာတပ်ဖို့အတွက် လိုက်ဖက်တဲ့ ခန်းဆီးလိုက်ကာလေးတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဒီပိုစ့်လေးမှာပြောပြပေးသွားမှာပါရှင့် ။

💞 မိမိအကြိုက်နဲ့ အခန်းပုံစံအပေါ်မူတည်ပြီးအလှပဆုံး ခန်းဆီးလေးတပ်ကာအလှဆင်မယ် 💞

🌤️ မနက်မှာနေ့အလင်းရောင်ရသလို ညဘက်မှာလုံခြုံမှုရစေဖို့ အတွက်ဆို နှစ်ထပ်ခန်းဆီးလေးတွေတပ်ပေးပါ

နှစ်ထပ်ခန်းဆီးလိုက်ကာတွေဆိုတာကတော့ ပိတ်အထူသားနဲ့ အပါးသားကို နှစ်ထပ်တပ်ဆင်အသုံးပြုကြတာပဲဖြစ်ပါတယ် ။

ခန်းဆီး အထူးသားကညပိုင်း အိမ်ခန်းတွေထဲမီးထွန်းထားတဲ့အခါမျိုးမှာ အပြင်ကလှမ်းမြင်နေရတာမျိုး မရှိစေဖို့ ကာကွယ်ပေးပြီးတော့ မနက်ပိုင်းအချိန်တွေမှာ အိမ်ခန်းထဲကို သဘာဝအလင်းရောင်ဖြတ်သန်းရောက်ရှိစေဖို့အတွက်ကိုတော့ ခန်းဆီးလိုက်ကာအပါးစလေးကကူညီပေးပါတယ် ။ ဧည့်ခန်းနဲ့ အိပ်ခန်း ၂မျိုးလုံးအတွက်သုံးလို့ရပြီး အရောင်အားဖြင့်အရောင်တူသုံးပေးလို့ရပါတယ် 💞

🪟 မှန်များတဲ့အခန်းအတွက်ဆိုရင်အရောင်ဖျော့ပြီးပါးတဲ့ ခန်းဆီးလိုက်ကာလေးတွေတပ်ပါ

မှန်တံခါးချပ်တွေ ၊ ပြတင်းပေါက်မှန်ချပ်တွေများများပါတဲ့ အခန်းအမျိုးမှာ အဖြူရောင် သို့မဟုတ် လိုက်ကာအပါးစလေးတွေကို ရွေးချယ်တပ်ဆင်သင့်ပါတယ် ။ အဖြူရောင်ခန်းဆီးလိုက်ကာအပါးစတွေက မှန်ချပ်တွေကနေ ဝင်ရောက်လာမယ့် တောက်ပတဲ့ နေအလင်းတန်းတွေကို စစ်ထုတ်ပေးနိုင်တာကြောင့် အလင်းရောင်စူးစူးတွေကနေ မှိန်ပြီးလင်းတဲ့ အလင်းအဖြစ် ပြောင်းလဲသွားစေနိုင်စွမ်းရှိတာကြောင့် အခန်းကို အလင်းကောင်းကောင်းဝင်စေသလို သပ်ရပ်လှပစေပါတယ်။

အလှပဆုံးအခန်းလေးတွေအတွက် ခန်းဆီးလှလှလေးတွေကို Labelle Curtain မှာစိတ်ကြိုက်ဝယ်ယူနိုင်ပါပြီရှင့်

လူကြီးမင်းတို့ရဲ့အိမ်ရာ၊ ရုံး ၊ စီးပွားရေးအဆောက်အအုံတွေအတွက်
အမြင်ဆန်းသစ်လှပပြီး
ရိုးရှင်းခမ်းနားတဲ့လိုက်ကာများနဲ့ အလှဆင်ဖို့လိုအပ်နေပြီဆိုရင်တော့ အခုပဲ Labelle Curtain ကိုဆက်သွယ်လိုက်ပါနော်..
LaBelle Curtain
Address: No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
Ph: 01-252939, 09-5270132

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ အားလုံးပဲချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေများ နဲ့အတူ လုံခြုံအေးချမ်းစွာ ရှိကြပါစေကြောင်းLa...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ အားလုံးပဲ
ချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေများ နဲ့အတူ လုံခြုံအေးချမ်းစွာ ရှိကြပါစေကြောင်း
Labelle Curtain မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏

အိမ်အပြင်အဆင်ကို ပြောင်းလဲချင်ပေမယ့် အစအဆုံးပြန်ပြင်ဆင်တာမျိုး မလုပ်ချင်တဲ့သူတွေအတွက် 💁‍♀️အိမ်တစ်ခုလုံးကို ဒီဇိုင်းအသစ် ...
25/11/2023

အိမ်အပြင်အဆင်ကို ပြောင်းလဲချင်ပေမယ့် အစအဆုံးပြန်ပြင်ဆင်တာမျိုး မလုပ်ချင်တဲ့သူတွေအတွက် 💁‍♀️အိမ်တစ်ခုလုံးကို ဒီဇိုင်းအသစ် ပြင်လိုက်သလို ပြောင်းလဲသွားစေမယ့် Decoration တ စ်ခုက ခန်းဆီးလိုက်ကာတွေပါပဲ

လိုက်ကာတပ်ဆင်တာက အိမ်အပြင်အဆင်ကို ✨Modern Design/ ✨Vintage/ ✨Aesthetics ... စတဲ့ Vibe မျိုးစုံကို ဖန်တီးပေးမယ့် လိုက်ကာဒီဇိုင်းတွေကို စုံစံလင်လင်ရွေးချယ်ဖို့ 𝐋𝐚𝐁𝐞𝐥𝐥𝐞 ကိုပဲ ဆက်သွယ်လိုက်ပါ

𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 မှာဆိုရင် စိတ်ကူးအတိုင်း စိတ်တိုင်းကျ တပ်ဆင်လိုတဲ့ လိုက်ကာကိုမှ လူကြီးမင်းတို့ အိမ်ခန်း၊ ရုံးခန်း၊ တိုက်ခန်းရဲ့ ပြတင်းပေါက်တွေနဲ့ ပိုလိုက်ဖက်စေဖို့အတွက်

🪟 ပြတင်းပေါက် အရှည်၊ အကျယ်၊ ပုံစံအလိုက် အလျား၊ အနံ၊ အရှည် စတဲ့အတိုင်းအတာမှစလို့

🪟 Design, Layer, Color နဲ့ အမျိုးအစားတွေအထိ အကြံပေးပြီး အိမ်တိုင်ရာရောက် အဆင်ပြေချောမွေ့စွာနဲ့ တပ်ဆင်ပေးလျက်ရှိပါတယ်

ဈေးနှုန်းနဲ့ အမျိုးအစားရွေးချယ်မှုများပြီး Quality ယုံကြည်စိတ်ချရတဲ့ ခန်းဆီးလိုက်ကာများအတွက် 𝐋𝐚𝐁𝐞𝐥𝐥𝐞 ကို အခုပဲဆက်သွယ်လိုက်ပါ💁‍♀️

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132


#လိုက်ကာ

သင့်အိမ်ရဲ့အခန်းတိုင်းမှာ လှပသပ်ရပ်တဲ့ လိုက်ကာတပ်ဆင်ဖို့ စဉ်းစားနေပြီဆိုရင်တော့ အကောင်းဆုံးရလာဒ်တွေအတွက် Labelle ကိုရွေး...
22/11/2023

သင့်အိမ်ရဲ့အခန်းတိုင်းမှာ လှပသပ်ရပ်တဲ့ လိုက်ကာတပ်ဆင်ဖို့ စဉ်းစားနေပြီဆိုရင်တော့ အကောင်းဆုံးရလာဒ်တွေအတွက် Labelle ကိုရွေးချယ်လိုက်ပါ 💫

ခန်းဆီးလေးတွေဆိုတာ အခန်းတစ်ခန်းဖွဲ့စည်းမှုရဲ့အဓိကကျတဲ့အရာပါရှင် 🪟
အခန်းထဲကိုအလင်းရောင်သေချာရမရအပြင် ၊ အခန်းတွင်းအရောင်တွေဖြန့်ကျက်တဲ့နေရာမှာလဲအရေးပါသလို ၊ အသုံးပြုထားတဲ့ဒီဇိုင်းနဲ့အရောင်ကလည်း အသုံးပြုသူရဲ့စိတ်ကိုသွားပြီးသက်ရောက်မှုရှိစေပါသေးတယ်ရှင် 💞

လှပတဲ့အရောင်နဲ့ လှပတဲ့ခန်းဆီးလိုက်ကာလေးတွေကိုအသုံးပြုမယ်ဆိုပါက အသုံးပြုသူဟာ မနက်အိပ်ယာထတိုင်း အားအင်အပြည့်နဲ့စိတ်ကြည်ကြည်လင်လင် နိုးထလာမှာဖြစ်လို့
ကောင်းတဲ့အရာတွေ ၊ ကောင်းမွန်တဲ့ကံတရားတွေဟာ သင့်ဆီကိုရောက်လာစေမှာပါ ။

အကောင်းမွန်ဆုံးနေ့ရက်တိုင်းကို အလှပဆုံးအခန်းလေးထဲကနိုးထဖို့အတွက် 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကိုအားကိုးလိုက်ပါ 💞

𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 မှာ ခန်းဆီးနဲ့လိုက်ကာတပ်ဖို့အတွက်ဆို အသားအမျိုးမျိုး ၊ အရောင်နဲ့ဒီဇိုင်းအမျိုးမျိုးရှိနေပါတယ်ရှင့် ။

ဒါကြောင့် မိမိအိမ်လေးကိုလိုက်ကာတပ်ဆင်ဖို့ စဉ်းစားနေပြီဆိုရင်တော့ 💞💞
✅တပ်ဆင်မယ့်အခန်းနဲ့ လိုက်ဖက်သင့်တော်တဲ့ လိုက်ကာဒီဇိုင်း၊ အတိုင်းအတာတို့ကို ကိုယ်တိုင်လာရောက်ပြီး တိုင်းတာဆွေးနွေးပေးတဲ့အပြင်
✅အိမ်တိုင်ရာရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ သင့်စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကိုသာ ဆက်သွယ်လိုက်ပါ 💞

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️
📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132

#လိုက်ကာ

ကိုယ်ပိုင်အခန်းနဲ့ နေတဲ့သူတွေ (သို့) တစ်ယောက်တည်းခွဲနေကြတဲ့သူတွေအနေနဲ့ ကိုယ်နေတဲ့ 𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦 ကို အလှဆင်ရုံတင်မက Privacy...
17/11/2023

ကိုယ်ပိုင်အခန်းနဲ့ နေတဲ့သူတွေ (သို့) တစ်ယောက်တည်းခွဲနေကြတဲ့သူတွေအနေနဲ့ ကိုယ်နေတဲ့ 𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦 ကို အလှဆင်ရုံတင်မက Privacy အတွက် လိုအပ်တဲ့ လိုက်ကာကို တပ်ဆင်လာကြပါတယ်

𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦 အတွက် ဘယ်လိုခန်းဆီးလိုက်ကာကို ရွေးချယ်ရမလဲ?

Linens and Sheer လိုက်ကာတွေက Lightweight ဖြစ်ပြီး အလင်းရောင်ဖောက်ဝင်နိုင်လို့ အခန်းနေရာကို ပိုကျယ်သွားစေမှာဖြစ်လို့ အခန်းကျဉ်းတွေအတွက်လည်း အသင့်တော်ဆုံးလိုက်ကာဖြစ်ပါတယ်💯

🔸 နံရံမှာလည်း Space သိပ်မယူလို့ ပရိဘောဂပစ္စည်းတွေလည်း စိတ်ကြိုက်ထားနိုင်ပါတယ်

🔸 နေ့လယ်နေ့ခင်း ပူတတ်တဲ့ မြန်မာနိုင်ငံလို ရာသီဥတုမျိုးမှာ အကြိုက်များတဲ့လိုက်ကာဒီဇိုင်းဖြစ်ပြီး Privacy သေချာကာကွယ်ပေးနိုင်တာလည်း သူ့ရဲ့ အားသာချက်ပါပဲ

ဒါဆို ကိုယ့်ရဲ့ 𝐒𝐢𝐧𝐠𝐥𝐞 𝐑𝐨𝐨𝐦 အတွက် လိုက်ကာတပ်ဆင်တဲ့အခါ ရာသီမရွေး အဆင်ပြေစေမယ့် ☑ Curtain အမျိုးအစား၊ ☑ အရောင်တို့ကို အကြံပေးရွေးချယ်ပေးမယ့်အပြင်

အခန်းနဲ့ကွက်တိလိုက်ဖက်တဲ့ ☑ အတိုင်းအတာတွေအတွက် အိမ်တိုင်ရာရောက် တိုင်းတာတပ်ဆင်ပေးမယ့် 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီရှင့်

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132


#လိုက်ကာ

အမြဲလိုလို ရာသီဥတုပူတတ်တဲ့ ဒီမြန်မာနိုင်ငံမှာ လိုက်ကာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ် 🥵ဒါပေမယ့်လည်း ခန်းဆီးလိုက်...
14/11/2023

အမြဲလိုလို ရာသီဥတုပူတတ်တဲ့ ဒီမြန်မာနိုင်ငံမှာ လိုက်ကာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ် 🥵

ဒါပေမယ့်လည်း ခန်းဆီးလိုက်ကာတွေကို ပုံမှန်လျှော်ဖွတ်သန့်ရှင်းဖို့က လိုအပ်တာပါပဲ

လိုက်ကာလျှော်တဲ့အခါ နည်းမမှန်လို့ Quality ကျသွားတာ၊ ပျက်စီးသွားတာမျိုးမဖြစ်အောင် ဘယ်လိုလျှော်ရမလဲဆိုတာ Labelle က ဝေမျှပေးသွားပါမယ်ရှင် 🙆‍♀️

၁။ အရင်ဆုံး လိုက်ကာမှာ ဘယ်လိုလျှော်ပါဆိုတဲ့ instruction မျိုးရှိလား စစ်ဆေးကြည့်ပါ။ ဖွဖွလေး လျှော်ဖွတ်ဖို့ ပြောထားတဲ့ လိုက်ကာကို brush တွေနဲ့ တိုက်လို့မရပါဘူး

၂။ မလျှော်ခင် လိုက်ကာမှာ ကပ်တွယ်နေတတ်တဲ့ ဖုန်နဲ့အမှိုက်တွေကို အရင်သန့်ရှင်းရေးလုပ်ပါ။

၃။ ကွင်းတွေ၊ ချိတ်တွေနဲ့ တခြား လိုက်ကာမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေကို ဖြုတ်ပါ။

၄။ လိုက်ကာတွေကို ဖြည်းညှင်းစွာသာ ပွတ်တိုက်လျှော်ပေးပါ။ ရေနွေးနဲ့မလျှော်ပါနဲ့။ မြန်မာနိုင်ငံရဲ့ ပူတတ်တဲ့ ရာသီဥတုနဲ့ဆိုရင် Fabric တွေ ပျက်စီးနိုင်ပါတယ်။

၅။ Fabric Softeners တွေ အသုံးမပြုပါနဲ့။ Curtain Quality ကို ကျစေပါတယ်။ လှန်းတဲ့အခါမှာလည်း သဘာဝအပူဒဏ်ကိုသာ အဓိကထားပါ။ Dryer မှုတ်ချင်းက ရေရှည်မှာ လိုက်ကာကို ပျက်စီးစေပါတယ်။

၆။ မီးပူတိုက်မယ်ဆိုရင်လည်း Temperature အနိမ့်ဆုံးနဲ့သာတိုက်ပါ။

၇။ နောက်ဆုံးအနေနဲ့ လိုက်ကာ မပျက်စီးစေဖို့ ပုံမှန်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးပါ။

ဒီအချက်တွေကို သေချာဂရုစိုက်ပြီး လိုက်လုပ်မယ်ဆိုရင် Quality မကျဘဲ လိုက်ကာတွေကို မှန်မှန်ကန်ကန် လျှော်ဖွတ်နိုင်မှာ ဖြစ်ပါတယ်။

🪟 ဘယ်နေရာမှာ တပ်တပ်၊ သပ်ရပ်ခမ်းနားလှပနေဖို့ အရည်အသွေးအကောင်းဆုံး 𝐂𝐮𝐫𝐭𝐚𝐢𝐧 တွေကို အမျိုးအစားစုံလင်စွာနဲ့ 𝐋𝐚𝐛𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 မှ တာဝန်ယူတပ်ဆင်ပေးလျက်ရှိပါတယ်..

LaBelle Curtain

📌Address: No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph: 01-252939, 09-5270132



#လိုက်ကာ #ခန်းဆီးလိုက်ကာ #လိုက်ကာလျှော်နည်း

⭐️  သီတင်းကျွတ်ဆုမွန်ကောင်း⭐️မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်...
28/10/2023

⭐️ သီတင်းကျွတ်ဆုမွန်ကောင်း⭐️
မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ 🙏🙏🙏
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ လဲ ပြည့်ဝကြပါစေကြောင်း Labelle Curtain မိသားမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

ခန်းဆီးလိုက်ကာတွေကို ☑တစ်နှစ်ပတ်လုံး Design တစ်မျိုးတည်း၊ Color တစ်ရောင်တည်း တပ်ဆင်မှာလား?☑ စိတ်အပြောင်းအလဲဖြစ်အောင် ရာသ...
20/10/2023

ခန်းဆီးလိုက်ကာတွေကို ☑တစ်နှစ်ပတ်လုံး Design တစ်မျိုးတည်း၊ Color တစ်ရောင်တည်း တပ်ဆင်မှာလား?

☑ စိတ်အပြောင်းအလဲဖြစ်အောင် ရာသီအလိုက် ပြောင်းလဲတပ်ဆင်မှာလား?

✅ အရောင်မှာ Neutral Colors နဲ့ Medium-weight ရှိတဲ့ Versatile Fabrics လိုက်ကာတွေက လိုက်ကာဒီဇိုင်း မပြောင်းလဲလည်း အမြင်မရိုးသွားဘဲ ရာသီတိုင်းနဲ့ လိုက်ဖက်တဲ့ All-Season Curtains တွေပဲဖြစ်ပါတယ်

မြန်မာနိုင်ငံရဲ့ နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ သူ့ရာသီနဲ့သူ လိုက်ဖက်တဲ့လိုက်ကာများအတွက်

✅နွေရာသီမှာ နေရောင်ဒဏ်ကို ခံနိုင်ပြီး အပူနည်းစေဖို့ Lightweight Fabrics နဲ့ ဆောင်းရာသီမှာ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ Heavy Fabrics တွေကို ရွေးချယ်သင့်ပါတယ်

𝐋𝐚𝐁𝐞𝐥𝐥𝐞 ရဲ့ လိုက်ကာဒီဇိုင်းတွေမှာ Colors, Patterns, and Textures တွေက စုံစုံလင်လင်ရှိပြီး 💯Quality အကောင်းဆုံးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်ရှင့်

ဒါဆို မိမိစိတ်တိုင်းကျ ခန်းဆီးလိုက်ကာများကို တပ်ဆင်နိုင်ဖို့အတွက် Customized လည်း မှာယူနိုင်တဲ့ 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကို ဆက်သွယ်လိုက်ပါ✔

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️
📌Address: No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph: 01-252939, 09-5270132


လိုက်ကာနဲ့ ပတ်သက်လာရင် အရောင်စုံလင်ပြီး အမျိုးအစား၊ ဒီဇိုင်းစတိုင်တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် 𝐋𝐚𝐁𝐞𝐥𝐥𝐞 ရှိပါတယ်𝐋𝐚...
17/10/2023

လိုက်ကာနဲ့ ပတ်သက်လာရင် အရောင်စုံလင်ပြီး အမျိုးအစား၊ ဒီဇိုင်းစတိုင်တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် 𝐋𝐚𝐁𝐞𝐥𝐥𝐞 ရှိပါတယ်

𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 မှာဆိုရင် သေသပ်လှပတဲ့ လက်ရာနဲ့

✅ နေရာတိုင်းနဲ့ အဆင်ပြေလိုက်ဖက်စေမယ့် ရိုးရိုးရှင်းရှင်း ဗြောင် 𝐒𝐨𝐥𝐢𝐝-𝐂𝐨𝐥𝐨𝐫𝐞𝐝 လိုက်ကာ

✅ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ Spa အစရှိတဲ့ လုပ်ငန်းတွေ၊ Formal Rooms တွေအတွက် အဆင့်မြင့် 𝐏𝐚𝐭𝐭𝐞𝐫𝐧𝐞𝐝 𝐨𝐫 𝐓𝐞𝐱𝐭𝐮𝐫𝐞𝐝 လိုက်ကာ ... ဆိုပြီး ရွေးချယ်နိုင်ပါတယ်

🔰 𝐒𝐨𝐥𝐢𝐝-𝐂𝐨𝐥𝐨𝐫𝐞𝐝

ဗြောင်ကာလာ လိုက်ကာတွေက အခန်း Decoration တွေကို ပိုတောက်ပထင်ရှားစေပါတယ်

ဒီဇိုင်းအရလည်း အမြင်ရိုးသွားစေမှာမဟုတ်ဘဲ အခန်းပုံစံ ပြောင်းလဲမှုတိုင်းမှာ လိုက်ဖက်ညီနေစေမှာပါ

🔰 𝐏𝐚𝐭𝐭𝐞𝐫𝐧𝐞𝐝 𝐨𝐫 𝐓𝐞𝐱𝐭𝐮𝐫𝐞𝐝

ဒီဇိုင်းအမျိုးမျိုး ပုံဖော်ထားတဲ့ လိုက်ကာတွေက ကိုယ့်တပ်ဆင်မယ့်အခန်းနေရာတွေရဲ့ အဆင့်အတန်းကို ကောင်းကောင်းဖော်ပြနိုင်ပြီး ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို သေချာဖန်တီးနိုင်ပါတယ်

အခန်းရဲ့ Decoration, Colors & Furniture ... တွေနဲ့လိုက်ဖက်အောင် သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်နော်

ဒါ့ကြောင့် ...

🪟 ကိုယ်တိုင်က အခန်း Decoration အပြင်အဆင်ကို ခဏခဏ ချိန်းတတ်တယ်ဆိုရင်တော့ 𝐒𝐨𝐥𝐢𝐝-𝐂𝐨𝐥𝐨𝐫𝐞𝐝 တွေကို ရွေးချယ်သင့်ပြီး
🪟
ကိုယ့်အခန်းလေးကို သူများနဲ့မတူဘဲ တမူထူးခြားတဲ့ဒီဇိုင်းနဲ့ အလှဆင်ချင်ရင်တော့ 𝐏𝐚𝐭𝐭𝐞𝐫𝐧𝐞𝐝 𝐨𝐫 𝐓𝐞𝐱𝐭𝐮𝐫𝐞𝐝 လိုက်ကာတွေကို ရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်နော်

ဘယ်လိုဒီဇိုင်းပဲ ရွေးရွေး ... 📌Quality အာမခံချက်ရှိတဲ့ ခန်းဆီးလိုက်ကာကို တပ်ဆင်လိုပါက 𝐋𝐚𝐁𝐞𝐥𝐥𝐞 ကို ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်

𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132

#လိုက်ကာ

အိမ်ခန်း၊ ရုံးခန်း၊ ဧည့်ခန်း ... အစရှိတဲ့ အခန်းတိုင်းရဲ့ ပြတင်းပေါက်မှာ လိုက်ကာတပ်ဆင်လိုက်တဲ့အခါ အခန်းအပြင်အဆင်နဲ့ အမြင်...
13/10/2023

အိမ်ခန်း၊ ရုံးခန်း၊ ဧည့်ခန်း ... အစရှိတဲ့ အခန်းတိုင်းရဲ့ ပြတင်းပေါက်မှာ လိုက်ကာတပ်ဆင်လိုက်တဲ့အခါ အခန်းအပြင်အဆင်နဲ့ အမြင်အားဖြင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲပြီး Perfect Look ရစေပါတယ်🤗

ခန်းဆီးလိုက်ကာ တပ်ဆင်ခြင်းက ထူးခြားမှုမရှိဘဲ မတပ်ဆင်လည်း ဖြစ်တယ်လို့ ထင်ကြပေမယ့် တစ်ကယ်တမ်းမှာတော့ ...

☀ Glaring Sunlight
လိုက်ကာမရှိရင် နေရောင်တိုက်ရိုက် ဝင်ရောက်ခြင်းကနေ အခန်းတွင်းမှာရှိတဲ့ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ နံရံဆေးတွေကို သက်တမ်းကြာရှည်မခံဘဲ ပျက်စီးနိုင်တာကြောင့် ဒီလိုမဖြစ်ရအောင် လိုက်ကာတွေက တားဆီးပေးထားပါတယ်

☄ Light Control
ခန်းဆီးတွေက အခန်းတွင်း အလင်းရောင်ဝင်ရောက်မှုကို ကိုယ်စိတ်ကြိုက်အနေအထား ထိန်းညှိပေးထားနိုင်ပါတယ်💯

👉 Privacy
အပြင်ကနေ အခန်းအတွင်းဘက်ကို တိုက်ရိုက်မမြင်ရအောင် ခန်းဆီးက ကာကွယ်ပေးထားနိုင်လို့ Privacy ကောင်းကောင်းရစေတာပေါ့

ဒါ့အပြင် အခန်းရဲ့ အပြင်အဆင်ကို ပိုပြည့်စုံကောင်းမွန်သွားအောင် လိုက်ဖက်ညီပြီး လှပတဲ့ ခန်းဆီးလိုက်ကာက ပံ့ပိုးပေးနိုင်ပါတယ်⭐

ခန်းဆီးတပ်ထားမယ်ဆိုရင် ဖြုတ်ရတပ်ရခက်ပြီး အချိန်ခဏအတွင်း ပျက်စီးမှာကို စိတ်ပူနေတယ်ဆိုရင် ...

❄️ 𝐋𝐚𝐁𝐞𝐥𝐥𝐞 ရဲ့ ဆိုဒ်စုံ၊ အမျိုးအစားစုံ 𝐂𝐮𝐫𝐭𝐚𝐢𝐧 တွေက အလွယ်တကူဖြုတ်တပ်လွယ်ပြီး အရည်အသွေးအကောင်းဆုံးတွေပဲ ရောင်းချပေးနေတာဖြစ်လို့ သက်တမ်းကြာရှည် အသုံးပြုနိုင်ပါတယ်ရှင့်

လိုက်ကာတပ်ဆင်ဖို့ စဉ်းစားနေပြီဆိုရင်

✅လူကြီးမင်းတို့အခန်းနဲ့ လိုက်ဖက်သင့်တော်တဲ့ လိုက်ကာဒီဇိုင်း၊ အတိုင်းအတာတို့ကို ကိုယ်တိုင် လာရောက်ပြီး တိုင်းတာဆွေးနွေးပေးတဲ့အပြင်

✅အိမ်တိုင်ရာရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကို ဆက်သွယ်လိုက်ပါ

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132


#လိုက်ကာ

လိုက်ကာရွေးချယ်တဲ့အခါ အခန်းနဲ့ လိုက်ဖက်ညီတဲ့ ခန်းဆီးလိုက်ကာဖြစ်ဖို့အတွက် တပ်ဆင်မယ့်အခန်းရဲ့◾ အကျယ်အဝန်းနဲ့ Decoration၊◾ ...
09/10/2023

လိုက်ကာရွေးချယ်တဲ့အခါ အခန်းနဲ့ လိုက်ဖက်ညီတဲ့ ခန်းဆီးလိုက်ကာဖြစ်ဖို့အတွက် တပ်ဆင်မယ့်အခန်းရဲ့
◾ အကျယ်အဝန်းနဲ့ Decoration၊
◾ နံရံအရောင်၊
◾ အခန်းတွင်းမှာ ကျရောက်တဲ့ အလင်းရောင်အနေအထား၊
◾ ပရိဘောဂပစ္စည်းတို့ကို ထည့်သွင်းစဉ်းစားရပါတယ်

အခန်းနဲ့ လိုက်ဖက်တဲ့ ခန်းဆီလိုက်ကာအရောင်ကို သေချာမရွေးချယ်တတ်ဖူးဆိုရင် လိုက်ကာနဲ့ အခန်းက အမြင်မှာ သက်သက်စီ ဖြစ်နေမှာပါ

ဒါ့ကြောင့် Rooms' Colors, Decoration နဲ့ အခန်းအမျိုးအစားပေါ်မူတည်ပြိး လိုက်ကာ အရောင်ကို သေချာရွေးချယ်တတ်ဖို့အတွက် 𝐋𝐚𝐁𝐞𝐥𝐥𝐞 မှ ဖော်ပြပေးလိုက်ပါတယ်ရှင့်

အရောင်ဖျော့ဖျော့လေးတွေက 🌤 နွေရာသီ၊ ဆောင်းရာသီနဲ့ လိုက်ဖက်ညီပြီး အခန်းတွင်း အလင်းရောင်ပိုရစေတဲ့အပြင် အခန်းကို ပိုကျယ်သွားစေမှာဖြစ်လို့

🪟 အခန်းကျဉ်းများအတွက် 𝐋𝐢𝐠𝐡𝐭 𝐂𝐨𝐥𝐨𝐫𝐬 ...
🪟 ရာသီမရွေး လိုက်ဖက်ချင်ရင် အဖြူရောင်၊ မိတ်ကပ်ရောင်နဲ့ 𝐒𝐨𝐟𝐭 𝐏𝐚𝐬𝐭𝐞𝐥𝐬 𝐂𝐨𝐥𝐨𝐫𝐬 ရှိတဲ့ လိုက်ကာတွေကို ရွေးချယ်သင့်ပါတယ်

အိပ်ခန်းနဲ့ အလုပ်ခန်းတွေမှာ 🪟 𝐌𝐮𝐭𝐞𝐝 𝐂𝐨𝐥𝐨𝐫𝐬 (သို့) 𝐖𝐚𝐫𝐦 𝐂𝐨𝐥𝐨𝐫𝐬 လိုက်ကာတွေကို ရွေးချယ်မယ်ဆိုရင် အနားယူအိပ်စက်မှု ကောင်းကောင်းရဖို့၊ အလုပ်မှာ အာရုံစိုက်မှုပိုကောင်းဖို့အတွက် ကူညီပေးနိုင်မှာပါ

လူကြီးမင်းတို့ စိတ်တိုင်းကျ လိုချင်တဲ့ လိုက်ကာအတွက် 𝐋𝐚𝐁𝐞𝐥𝐥𝐞 မှာ

✨စိတ်ချယုံကြည်ရတဲ့ Quality အကောင်းဆုံး လိုက်ကာများကို အရောင်အသွေးစုံလင်စွာ ရောင်းချပေးနေပြီး အကောင်းဆုံးဝန်ဆောင်မှုများနဲ့ အိမ်တိုင်ရာရောက် တပ်ဆင်ပေးနေပါတယ်ရှင့်

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132


#လိုက်ကာ

Labelle Curtain နဲ့ လိုက်ကာတပ်မယ်ဆို အစကနေအဆုံး ဘာဆိုဘာမှ ပူစရာမလို 🥰⭐ လိုက်ကာတပ်ဆင်မယ့် နေရာပေါ်မူတည်ပြီး - မတပ်ခင်မှာ ...
06/10/2023

Labelle Curtain နဲ့ လိုက်ကာတပ်မယ်ဆို အစကနေအဆုံး ဘာဆိုဘာမှ ပူစရာမလို 🥰

⭐ လိုက်ကာတပ်ဆင်မယ့် နေရာပေါ်မူတည်ပြီး
- မတပ်ခင်မှာ တိကျသေချာစွာ တိုင်းတာခြင်း
- တပ်ဆင်ချိန်မှာ စိတ်ရှည်ပြီး လက်ရာသေသပ်စွာ တပ်ဆင်ပေးခြင်း စတဲ့ ဝန်ဆောင်မှုများကို 'အခမဲ့' ပြုလုပ်ပေးလျက်ရှိပါတယ်

⭐ ဒါ့အပြင် လိုက်ကာရွေးချယ်မှုအပိုင်းမှာလည်း
- နေရာနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကာလာကို အကြံပေးခြင်း
- အရည်အသွေးကောင်းမွန်တဲ့ လိုက်ကာများကိုသာ ရောင်းချပေးလျက်ရှိပါတယ်

▪ ရိုးရှင်းလှပမှုကို ကြိုက်သူလား?
▪ ခမ်းနားဆန်းပြားမှုကို ကြိုက်သူလား?
▪ သစ်လွင်တောက်ပမှုကို ကြိုက်သူလား?
▪ တော်ဝင်ဆန်မှုကို ကြိုက်သူလား?

မတူညီတဲ့ အကြိုက်များအလိုက် လိုက်ကာတပ်ဆင်မယ်ဆို ပြီးပြည့်စုံတဲ့ Services များနဲ့ Labelle Curtain ကိုသာ စိတ်ကြိုက်ရွေးချယ်လိုက်ပါ 💗

❄️LaBelle Curtain❄️

📌Address: No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph: 01-252939, 09-5270132


Address

No (62/A) Room (3) Yaw Min Gyi Street, Yangon
Dagon
11191

Website

Alerts

Be the first to know and let us send you an email when Labelle Curtain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category