TOP Mobile Training Yangon

TOP Mobile Training Yangon Best Mobile Repairing Training

25/12/2020

Phone ဆားဗစ်သမားတိုင်း သိသင့်တဲ့ Hardware Error Code များစစ်ခြင်း
==============================================

Hardware Test Informations
=======================

>>>>>>>>> * #0* #

>>>>>>>>>>> * #* #2846579 #* #*

>>>>>>>>>>>> * #* #64663 #* #*

>>>>>>>>>>>>> * #808 #

>>>>>>>>>>>>> * #* #737842 #* #*

>>>>>>>>>>>> * #* #3464663 #* #*

>>>>>>>>>>>>> * #* #225 #* #*

>>>>>>>>>>>> * #* #2346579 #* #*

>>>>>>>>>>> * #* #4636 #* #*

>>>>>>>>>>> * #* #4636 #* #*

>>>>>>>>>>>> * # # # #2222 #* (sn)

>>>>>>>>>>>>> * #* #2664 #* #*

Phone info sw/hw checking error /touch error/wifi/bluetooth error /sensor error ကောင်းမကောင်း စစ်ဆေးသည့် Model code များ တခုချင်းစီ စစ်ဆေးနိုင်ပါတယ်။

ကျနော်တို့ glass တွေ LCD တွေ လဲရတဲ့ အနေအထားမှာ စစ်ဆေးပီး
ကောင်းမကောင်း စစ်ဆေးနိုင်သလို knowledge အနေနဲ့လဲ သိမ်းထားလို့
ရပါသေးတယ်ဗျ။ ပြန်လည် မျှဝေပေးတာပါ။
Phone Second Hand ဝယ်မည့် သူများလဲ error ရှာပီး အလွယ်အတူ
စစ်ဆေးပီး စိတ်ချ သုံးလို့အဆင်ပြေမယ် ဗျ
Phone Spart ဆိုင်တွေမှာ Vynl ကပ်ထားတာ ရှိသလို knowledge အနေနဲ့
မှတ်ထားသင့်တဲ့ code menu လေးတွေပါ။ ဆားဗစ်ညီကိုတွေ အကုန် မျှဝေပေးတာပါ။ လိုအပ်တာရှိ ဖြည့်စွက်ပေးပါဗျ။

Credit ကိုသန့်ဇင်

Top Mobile ဖုန်းပြု့ပြင်နည်း သင်တန်းကို 7. 12. 2020 နေ့တွင့် ဖွင့်တော့မှာ ဖြစ်တဲ့ အတွက်  Covidကာလအတွင်း သင်တန်းကာလပြီးဆု...
29/11/2020

Top Mobile ဖုန်းပြု့ပြင်နည်း သင်တန်းကို 7. 12. 2020 နေ့တွင့် ဖွင့်တော့မှာ ဖြစ်တဲ့ အတွက် Covidကာလအတွင်း သင်တန်းကာလပြီးဆုံးအောင် မသင်ကြားလိုက်ရတဲ့ တပည့်တွေအားလုံး
သင်တန်းဖုန်း 09780677577နှင့်
သင်တန်း ဆရာများဖုန်း 09792063234 09760839971
သို့ ဆက်သွယ်ပေးကြပါ
ရန်ကုန်လမ်း မပွင့်သေးလို့ မလာနိုင်တပည့်များ အတွက်လည်း နောက်တန်းခွဲသစ်များတွင် ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

MTK ဖုန်းတွေမှာ ပါဝါပွင့်ပြီးတာနဲ့ ချက်ခြင်း ပါဝါပြန်ပိတ်သွားတာနဲ့ အားသွင်းရင် Error! Plaease plug out charger! သတိပေးစာ...
26/11/2020

MTK ဖုန်းတွေမှာ
ပါဝါပွင့်ပြီးတာနဲ့ ချက်ခြင်း ပါဝါပြန်ပိတ်သွားတာနဲ့ အားသွင်းရင် Error! Plaease plug out charger! သတိပေးစာတန်း ပေါ်လာတတ်တဲ့အကြောင်းလေးပါ။

Huawei G610U00 ဖုန်းနဲ့ နမူနာပြထားပါတယ်။

ဖုန်းကို ပါဝါပိတ်ထားပြီး အားသွင်းရင် အပေါ်ကလို သတိပေးစာတန်းလေး ပြပြီဆိုရင် ဖုန်းက အားသွင်းမပေးနိုင်တော့ပါဘူး။
Battery နဲ့ သူ့လမ်းကြောင်းတနေရာရာမှာ ဖြစ်နေတဲ့အမှားတခုခုကြောင့် အားသွင်းကြိုးကို ဆွဲဖြုတ်လိုက်ပါလို့ ခိုင်းနေတာပါ။

Battery ငုတ်တွေကို လေ့လာကြည့်တဲ့အခါ ...
1.VBAT or VBATT - ဘက်ထရီ၏ အပေါင်းငုတ်လမ်းကြောင်း (စံသတ်မှတ်ချက် 3.7V)
2. Battery Temperature or Battery On - ဘက်ထရီ၏ အပူချိန်ကို စောင့်ကြည့်သောလမ်းကြောင်း
3. BSI or BID – Battery Status Indicator or Battery Identification - ဘက်ထရီအားအခြေအနေကို ပြပေးသောလမ်းကြောင်း
4. Ground - ဘက်ထရီ၏ အနုတ်ဗို့လမ်းကြောင်း - အများအားဖြင့် ဂရောင်းချထားတတ်ပါတယ်။

အပေါင်းငုတ်ဘေးမှာရှိတဲ့ ပင်နံပါတ် (၂) ကို MTK ဖုန်းတွေမှာ Battery On လို့ သုံးနှုန်းထားပါတယ်။ ပါဝါစနှိုးတဲ့အချိန်မှာ PMU ကနေ BT ငုတ်အတွက် VA PMU လမ်းကြောင်းကတဆင့် 1.8V စတင် ထုတ်ပေးလိုက်ပါတယ်။ BT လမ်းကြောင်းကို PMU ရဲ့ Battery On ငုတ်နဲ့ ဆက်ထားတဲ့အတွက် PMU မှာလဲ 1.8V ပြန်လည်ရောက်ရှိလာမှာပါ။ BT နဲ့ သူ့လမ်းကြောင်းမှာ အမှားတခုခုရှိနေခဲ့ရင် Battery On ငုတ်မှာ 1.8V အတိုင်းပဲ ရှိနေပါလိမ့်မယ်။ အဲဒါဆိုရင် PMU က Battery Temperature တက်နေတယ်လို့ သိသွားပါလိမ့်မယ်။ ပါဝါ နိုးပြီးလို့ UI (User Interface) ပေါ်လာပြီး Lock Screen ဆွဲရမယ့်အချိန်မှာပဲ ပါဝါပြန်ပိတ်သွားပါလိမ့်မယ်။

ဘက်ထရီရဲ့ BT လမ်းကြောင်းကောင်းနေခဲ့ရင် BT မှာပါဝင်တဲ့ ခုခံမှုကြောင့် အဲဒီငုတ်မှာ 1.8V ကနေ 0.35V ဝန်းကျင်ကို ပြောင်းသွားပါလိမ့်မယ်။ အဲဒီတော့မှ PMU က ဘက်ထရီပုံမှန်အတိုင်း ရှိနေတယ်ဆိုပြီး ပါဝါဆက်နှိုးပေးပါလိမ့်မယ်
ပါဝါမနှိုးပဲ ဘက်ထရီတတ်ထားပြီး အားသွင်းကြိုးထိုးလိုက်ရင် ပုံမှန်ကောင်းနေတဲ့ဖုန်းတွေမှာတော့ ဘက်ထရီအားကုန်နေရင် အားသွင်းမီးအနီလေးပြပြီး ဘက်ထရီကို စတင်နှိုးပါမယ်။ နာရီပိုင်းလောက်အထိ နှိုးဖို့လိုအပ်ပြီး အားသွင်းဖို့အတွက် လုံလောက်တဲ့ဗို့ရောက်လာပြီဆိုရင်တော့ လိုဂိုတက်လာပြီးတဲ့နောက် ရာခိုင်နှုန်းပြပြီး အားစတင် သွင်းပါတယ်။

ပုံထဲမှာ ပြထားတဲ့အတိုင်း Error! Please plug out charger! လို့ ပေါ်နေခဲ့ရင်တော့ BT (Battery On) လမ်းကြောင်းကို စစ်ဆေးပေးရမှာပါ။ PMU ကနေ ဘက်ထရီပူနေတယ်ထင်ပြီး အားသွင်းမပေးတော့တာပါ။

အချုပ်အားဖြင့် ပြောရရင် MTK ဖုန်းတွေမှာ ပါဝါနှိုးပြီးတာနဲ့ ချက်ခြင်းပြန်ပိတ်သွားတာရယ်၊ အားသွင်းတဲ့အခါ အမှားပြတာရယ်ဟာ Battery On လမ်းကြောင်းနဲ့သာ အဓိက သက်ဆိုင်ပါလိမ့်မယ်။ ဘက်ထရီကောင်းမကောင်း၊ ဘက်ထရီငုတ်ကောင်းမကောင်း နဲ့ သူ့လမ်းကြောင်းမှာ ရှိနေတဲ့ RV (Variable Resistor) များကို အဓိက စစ်ဆေးရမှာပါ။ အားလုံးကောင်းနေပြီး Error မပျောက်သေးရင်တော့ PMU ကိုပဲ စစ်ဆေးပေးရမှာဖြစ်ပါတယ်။
Crd

NetworkNetwork ပိုင်းကတော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါပဲ ။ Error အမျိုးမျိုးနဲ့ လှည့်စားနိုင်တဲ့ အုပ်စုပ...
23/11/2020

Network

Network ပိုင်းကတော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါပဲ ။
Error အမျိုးမျိုးနဲ့ လှည့်စားနိုင်တဲ့ အုပ်စုပါ ။

Network ပိုင်းကို စတင်လေ့လာတော့မယ်ဆိုရင်
Network အုပ်စုမှာ အသုံးပြုတဲ့ သင်္ကေတ အခေါ်အဝေါ်လေးတွေကိုလည်း သိထားမှ အဆင်ပြေပါလိမ့်မယ် ။
အနည်းဆုံးတော့ ………
RX = အဝင်လိုင်း
TX = အထွက်လိုင်း
TRX = အဝင်-အထွက်လိုင်း

စတာတွေကို သိရှိနားလည်နေမှ လိုင်းမတတ်တဲ့
ဖုန်းတွေ………လိုင်းတည်ငြိမ်မှု မရှိတဲ့ဖုန်းတွေ………
စသည့် အပိုင်းတွေကို ပြုပြင်ရာမှာ ပိုမိုလွယ်ကူစေမှာပဲ ဖြစ်ပါတယ် ။

Network အပိုင်းကို မလေ့လာခင်မှာ Sim အပိုင်းမှာ
ပြောခဲ့သလိုပါပဲ ။ Sim Card မဖတ်တာနဲ့ ဖုန်းလိုင်းမတတ်တာဟာ ပြုပြင်ရမယ့်အပိုင်းခြင်း မတူတာကို
သတိပြုရမှာဖြစ်ပါတယ် ။

ဒါဆိုရင် Network အကြောင်းနည်းနည်းလောက်
ဆွေးနွေးကြည့်ကြရအောင် ………

Ooredoo Sim Card မဖတ်တော့လို့ဆိုပြီး ရောက်လာတယ်ဆိုပါစို့ ။
အပေါ်ဘက် Noti bar ပေါ်မှာကြည့်လိုက်ပါ။
No Service, Emergency ပေါ်နေတယ်ဆိုရင်
Imei စစ်ခြင်း Software ရေးကြည့်ခြင်း စသဖြင့် Software နည်းအရအရင်စစ်ပါမယ်။
SW ကြောင့်မဟုတ်ခဲ့ရင် Hardware နည်းအရ စဉ်းစားကြည့်မယ်ဗျာ ။

3G ( Sim 1 )ထဲကို Ooredoo Sim Card ထည့်တာ
No service.Emergency ပေါ်တာဆိုတော့ ဘယ်လိုကြောင့်ဖြစ်မလဲ ။

အပေါ်မှာ ပြောခဲ့သလိုပါပဲ ။ RX ( အဝင်လိုင်း )သာ
ကောင်းနေခဲ့မယ်ဆိုရင် No Service, Ooredoo
ဆိုပြီး ဘယ်ဆင်းကဒ် ထည့်သွင်းထားသလဲဆိုတာ
ပြနေမှာပဲဖြစ်ပါတယ် ။

ဆိုလိုချင်တာက ဘာဆင်းကဒ်ထည့်သွင်းထားမှန်း
သိရင် RX ( အဝင်လိုင်း ) ကောင်းမွန်နေတယ်လို့
ပြောချင်တာပါ။ ဒါဆိုရင် No Service, Emergency ပြနေရင် RX ( အဝင်လိုင်း ) ကိုပဲ စစ်ဆေးပြုပြင်ရ
မယ်ဆိုတာသဘောပေါက်လောက်မှာပါ ။

RX ( အဝင်လိုင်း )

Antenna ငုတ်လေးတွေကနေစပြီး RF IC အဝင် အထိက RX ( အဝင်လိုင်း ) အပိုင်းပါ ။
သူတို့ကြားထဲမှာ ရှိနေမယ့် Condenser လေးတွေ
Shock ကျနေခြင်း / Volt လမ်းကြောင်းပြတ်တောက်မှု ရှိ မရှိ စစ်ဆေးသင့်သလို့ Antenna Switch IC
ပျက်နေရင်လည်းပဲ No Service, Emergency ဖြစ်
တတ်ပါတယ် ။

OK ဗျာ
အဲ့ဒီ့ Ooredoo Sim Card ထည့်ရင် No Service,
Emergency ပေါ်နေတဲ့ 3G ( Sim 1 )အပေါက်ထဲကို 2G Sim Card ( MPT, Telenor ) စသည့်
ဆင်းကဒ်ထည့်ကြည့်တဲ့ အခါမှာတော့ ဆင်းတိုင်လေး
တွေတတ်ပြီး ဖုန်းပြောလို့ရတယ်ဆိုပါစို့ ။

3G ( Sim 1 ) အပေါက်ထဲကို Ooredoo(3G) ထည့်တုန်းကတော့ မဖတ်ပဲ MPT, Telenor(2G) ဆင်းကဒ်
ထည့်မှ လိုင်းတတ်တယ်ဆိုတော့ 3G လိုင်းတတ်ဖို့အတွက် Support ပေးမယ့် TX , TRX အပိုင်းတွေ
ပျက်စီးနေလို့ဖြစ်မှာပါ ။ ဒါဆိုရင်တော့ 3G လိုင်းအတွက် အသုံးပြုထားတဲ့ PA IC ( Band 8 )ကို အရင်ဆုံး လဲကြည့်ရမှာပါ ။ မရသေးရင်တော့ TX( အထွက်လိုင်း ) တွေကို ဆက်လက်စစ်ဆေးရမှာပဲဖြစ်ပါတယ်။

အဲ့ဒီလိုပဲ
3G ( Ooredoo ) ဆင်းကဒ်တော့ရပြီး
2G ( MPT,Telenor ) ဆင်းကဒ်တွေ လိုင်းမတတ်
ရင် (သို့) လိုင်းအတက်အကျဖြစ်နေရင်လည်း
2G Sim ( MPT. Telenor )အတွက်Support ပေး
ထားတဲ့ TX ( အထွက်လိုင်း ) လမ်းကြောင်းက
PA IC ( Band 1 ) ကို အရင်ဆုံးလဲကြည့်ပါ ။
မရရင်တော့ TX ( အထွက်လိုင်း ) တလျှောက်
စစ်ဆေးပြုပြင်ရမှာပဲ ဖြစ်ပါတယ် ။

အကယ်၍ ဘယ်ဆင်းကဒ်ထည့်ထည့်
No Service, Ooredoo
No Service , MPT
No Service , Telenor စသဖြင့် ပေါ်နေခဲ့မယ်ဆို
ရင်တော့ TX ( အထွက်လိုင်း ) နဲ့ TRX ( အဝင်/အထွက် ) လမ်းကြောင်းတွေကို စစ်ဆေးရမယ်ဆိုတာ
သဘောပေါက်လောက်ပြီ ဖြစ်မှာပါ ။

Network အပိုင်းနဲ့ ပတ်သက်ပြီး ရေးစရာတွေ အများ
ကြီး ရှိပါသေးတယ် ။

တစ်ခု အကြံပြုချင်တာက လမ်းကြောင်းတခုရဲ့ အလုပ်လုပ်ပုံကို မသိရင် ဖုန်းတစ်လုံးကို ပြုပြင်ရတာ အရမ်း
ခက်ခဲတဲ့အတွက် Diagram နဲ့ တွဲဖက်ပြုပြင်မယ်
လမ်းကြောင်းသဘောတရားနားလည်အောင် လေ့လာ
မယ်ဆိုရင် ပြုပြင်ရတာ ပိုမိုလွယ်ကူလာစေမှာပဲ ဖြစ်ပါ
တယ် ။
Crd

Sim Card အထိုင်အကြောင်း ပြောကြရအောင်ဗျာ ...အသုံးများတဲ့ ဆင်းကဒ်တွေမှာ 6 ငုတ်ပါတယ်ဗျ1.SCLK (Sim Serial Clock)2.SRST (Sim ...
22/11/2020

Sim Card အထိုင်အကြောင်း ပြောကြရအောင်ဗျာ ...

အသုံးများတဲ့ ဆင်းကဒ်တွေမှာ 6 ငုတ်ပါတယ်ဗျ
1.SCLK (Sim Serial Clock)
2.SRST (Sim Reset)
3.VSIM_PMU (Sim Volt from PMU)
4.SIO (Serial Input Output)
5.NC
6.GND တို့ပါ။

1.SCLK
ဆင်းကဒ်ရဲ့ Data ကို CPU ဆီ ပို့ဆောင်ပေးဖို့အတွက်
လိုအပ်တဲ့ ခုန်လှိုင်းလမ်းကြောင်း
2.SRST
ဆင်းကဒ်မဖတ်မီ ဆင်းကဒ်ကို Reset ချပေးသောလမ်းကြောင်း
3.VSIM
ဆင်းကဒ်အတွက် လိုအပ်တဲ့ ဗို့ပေးလမ်းကြောင်း
4.SIO (Data)
ဆင်းကဒ်ရဲ့ အချက်အလက်ကို CPU သို့ ပို့ပေးသောလမ်းကြောင်း
5.NC
အသုံးမပြုပါ
6.GND
ဆင်းကဒ်အတွက် အနုတ်ဗို့ပေးလမ်းကြောင်း

အလုပ်လုပ်ပုံ ဆက်လေ့လာရအောင် ...

ပါဝါစနှိုးလိုက်လို့ Logo တက်လာပြီး
ရုပ်ပုံအရှင် (Animation Logo) တက်လာတဲ့အချိန်လေးမှာပဲ
PMU (Power IC) ကနေ ဆင်းကဒ်အတွက် လိုအပ်တဲ့ VSIM 2.8V ကို စတင်ထုတ်ပေးလိုက်ပါတယ်။ VSIM ရောက်လာရင် ကဒ်အထိုင်မှာ ရှိနေတဲ့ ဆင်းကဒ်ကို စတင်ဖတ်ပါတယ်။ ဖတ်လို့ရခဲ့ရင် PMU ကတဆင့် CPU ကို Sim Data (SIO) ဆက်လက်ပို့ပေးရပါတယ်။ CPU က ဆင်းကဒ်ရှိကြောင်း (Sim Detect) သိသွားပြီဆိုရင် VSIM ဆက်ထုတ်ပေးဖို့ PMU ကို အမိန့်ပေးပါတယ်။ တကယ်လို့ CPU မှာ SIO ပြန်ရောက်မလာရင်တော့ VSIM ပိတ်ပေးဖို့ PMU ကို အမိန့်ပေးပါတယ်။ ဒါက အလုပ်လုပ်ပုံ အကြမ်းဖျင်းပါ။

တကယ်လို့ ဆင်းကဒ် မဖတ်ခဲ့ဖူးဆိုရင် ဖုန်းမှာ No Sim ပြပါလိမ့်မယ်။
ဖြစ်နိုင်ချေတွေက
1. ဆင်းကဒ် မကောင်းခြင်း
2. ဆင်းအထိုင် မကောင်းခြင်း
3. Data , Clock , Reset လမ်းကြောင်း ပြတ်တောက်ခြင်း
4. VSIM မထုတ်ပေးခြင်း
5. PMU မကောင်းခြင်း

Sim Invalid လို့ ပြနေရင်တော့
ဆင်းကဒ်အထိုင်ကောင်းနေပြီး ဆင်းကဒ်မကောင်းခြင်း
ဖုန်းနဲ့ဆင်းကဒ် ကိုက်ညီမှုမရှိခြင်းတို့ ဖြစ်တတ်ပါတယ်။

နောက်တချက် သတိထားရမှာက
ဆင်းကဒ်အထိုင် 6 ပင်မှာ NC နဲ့ GND ဖယ်လိုက်ရင်
ကျန်တဲ့ 4 ပင်ကို TVS Diode လေးတွေနဲ့ Gnd ချထားပါတယ်
TVS Diode ကို ထည့်ထားရခြင်းက သူ့လမ်းကြောင်းတွေမှာ
ရုတ်တရက်ဗို့အားမြင့်တက်ခြင်း (Transient High Voltage) ကို
ကာကွယ်ဖို့နဲ့ လျှပ်စစ်ငြိမ်လမ်းကြောင်းလွှဲခြင်း (Electro Static Discharge) လုပ်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် TVS Diode လေးတွေကို ESD လို့လဲ ခေါ်ကြပါတယ်။
တခါတလေ အဲဒီ Diode လေးတွေ ရှော့ကျခြင်းနဲ့ ယိုစ်ိမ့်ခြင်းတို့ ဖြစ်တတ်ပါတယ်။ Diode 4 လုံးထဲက တလုံးလုံး ရှော့ကျနေရင် သူနဲ့ဆက်ထားတဲ့လမ်းကြောင်းလဲ ရှော့ကျသွားတဲ့အတွက် ဆင်းကဒ် မဖတ်နိုင်တော့ပါဘူး။

ပြစ်ချက်ရှာကြည့်ရအောင် ...
Digital Meter မှာ အသံမြည်တဲ့ Buzzer Scale မှာထားပြီး အနက်ကြိုးကို
Ground မှာထားပါ။ အနီကြိုးကို ဆင်းအထိုင် 6 ပင်မှာ တိုင်းကြည့်ပါ။ 6 ပင်အနက် 1 ပင်ပဲ အသံမြည်ရင် Diode လေးတွေ ရှော့မကျပါဘူး။
အသံမြည်တဲ့ပင်ကို ပင်နံပါတ် 6 လို့ ရေတွက်ပါ။ အဲဒါဆိုရင် ကျန်တဲ့အပင်တွေကိုလဲ ပုံထဲကအတိုင်း ရေတွက်လို့ ရပါပြီ။

PMU က VSIM ထုတ်ပေးမပေး သိဖို့အတွက် . . .
ပင်နံပါတ် 6 (GND) နဲ့ မျက်နှာချင်းဆိုင်မှာ ပင်နံပါတ် 3 (VSIM) ငုတ် ရှိပါတယ်။ မီတာမှာ ဗို့စကေးထားပြီး အဲဒီငုတ်မှာ ဗို့တိုင်းထားပါ။ ဖုန်းကို ဆင်းကဒ်မထည့်ထားပဲ ပါဝါနှိုးကြည့်ပါ။ 10Sec နဲ့ 15Sec ဝန်းကျင်မှာ VSIM 2.8V ထွက်လာပြီး ချက်ခြင်း ပြန်ပျောက်သွားပါလိမ့်မယ်။ အဲဒါဆို PMU နဲ့ VSIM လမ်းကြောင်း ကောင်းနေတယ်လို့ ပြောနိုင်ပါတယ်။

VSIM, SIO (Sim Data), SCLK နဲ့ SRST လမ်းကြောင်း ကောင်းမကောင်း သိဖို့အတွက် ...
Digital Meter ကို Diode Scale မှာ ထားပါ။
အနီလက်တံကို Ground မှာထားပြီး အနက်တံနဲ့ လိုက်တိုင်းကြည့့်ပါ။
GND နဲ့ NC ကလွဲရင် မီတာမှာ အုမ်းတန်ဖိုး ပြပါလိမ့်မယ်။ အုမ်းတန်ဖိုး လုံးဝမပြရင် ရှော့ကျနေရင် အဲဒီလမ်းကြောင်းကို စစ်ဆေးပါ။

ကဲ ဒါဆိုရင်
ဆင်းကဒ်မဖတ်တဲ့အခါ ဆင်းအထိုင်မှာ ဗို့တိုင်းပြီး
ဗို့မရှိရင် ဂျမ်ပါကျော်လို့ ရမရ ကိုယ်တိုင်သာ စဉ်းစားကြည့်ပါတော့ခင်ဗျာ ...
#မူရင်းရေးသားသူ( CRD)

BacklightBacklight အကြောင်း ပြောရရင် LCD ကနေ စပြောရမှာပါ။ဖုန်းထဲမှာ LCD ကို ရုပ်ပုံဖေါ်ဖို့အတွက် သုံးပါတယ်။ LCD ကို နှစ်...
21/11/2020

Backlight

Backlight အကြောင်း ပြောရရင် LCD ကနေ စပြောရမှာပါ။
ဖုန်းထဲမှာ LCD ကို ရုပ်ပုံဖေါ်ဖို့အတွက် သုံးပါတယ်။ LCD ကို နှစ်ပိုင်းခွဲကြည့်ရင် ရုပ်ပုံပြပေးတဲ့ (Display) ပိုင်းနဲ့ နောက်ခံမီးထိုးပေးတဲ့အပိုင်း (Backlight) ဆိုပြီးရှိပါတယ်။ Display ကောင်းရင် ရုပ်ပုံပေါ်နေပေမယ့် Backlight ပိုင်းမကောင်းရင် ရုပ်ပုံကို မြင်ရမှာ မဟုတ်ပါဘူး။

Backlight ပိုင်းမှာ နောက်ခံမီးထိုးပေးဖို့အတွက် LED မီးသီးလေးများကို အသုံးပြုထားပါတယ်။ LED တလုံးကို အကြမ်းဖျင်းအားဖြင့် (2.5V to 3.0V ) ဝန်းကျင် ပေးသွင်းဖို့ လိုအပ်ပါတယ်။ LED လေးများကို တန်းဆက် (series) ဆက်သုံးထားတာဖြစ်လို့ LED အရေအတွက်အပေါ်မူတည်ပြီး ဗို့ပေးသွင်းဖို့ လိုအပ်ပါတယ်။ 10 လုံးသုံးရင် 30V ဝန်းကျင်လိုအပ်ပြီး 8 လုံးသုံးရင် 24V ဝန်းကျင် ပေးသွင်းရမှာပါ။ အဲဒါဆိုရင် LED တန်းဆက်တတွဲမှာ အပေါင်းဗို့ပေးသွင်းဖို့ VLED A ငုတ်နဲ့ အနုတ်ဗို့ပေးသွင်းဖို့ VLED K ဆိုပြီး ငုတ်နှစ်ငုတ် ပါဝင်ပါတယ်။ တချို့ဖုန်းတွေမှာတော့ LED 12 လုံးသုံးရင် 6 လုံးစီကိုတန်းဆက်ဆက်ပြီး တန်းဆက်နှစ်တွဲကို ပြိုင်ဆက် (parallel) ဆက်သုံးတတ်ကြပါတယ်။ VLED A နှစ်ငုတ်ကို ပေါင်းပေးလိုက်တော့ VLED A တငုတ် ရပါတယ်။ VLED K ကိုတော့ တငုတ်စီ ထုတ်ထားတဲ့အတွက် VLED K1 နဲ့ VLED K2 ဆိုပြီး ငုတ်နှစ်ငုတ် ရှိလာပါတယ်။ အဲလိုဖုန်းတွေမှာတော့ LED 6 လုံးနှစ်တွဲဖြစ်တဲ့အတွက် 18V ဝန်းကျင်ပဲ ပေးသွင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Amp တော့ LED တတွဲထက် နှစ်ဆ လိုအပ်မှာပါ။

LED အရေအတွက်နဲ့ တန်းဆက်ပြိုင်ဆက်အပေါ်မူတည်ပြီး ပေးသွင်းဗို့ လိုအပ်လာပါပြီ။ အဲဒီဗို့တွေကို ဘယ်ကရမှာလဲ။ ဖုန်းဘက်ထရီတွေရဲ့ စံသတ်မှတ်ချက် (standard) က 3.7V ပါ။ လိုအပ်နေတာက 24V ဆိုကြပါစို့။ 3.7V ကနေ 24V ရောက်အောင် ဘယ်လို မြှင့်တင်ကြမလဲ။ DC volt ဆိုတာက မူရင်းရှိနေတဲ့ဗို့အောက် လျော့ချချင်ရင် လွယ်ပေမယ့် သူ့ထက်မြင့်အောင် မြှင့်တင်ဖို့ဆိုတာ မလွယ်ပါဘူး။
DC volt ကို မြှင့်တင်ဖို့အတွက် DC ကို AC ဖြစ်အောင် အရင်ပြောင်းပေးရပါမယ်။ ပြန်ထုတ်ချင်တဲ့ DC volt အတိုင်း AC ဖြစ်အောင် အရင်ပြောင်းပါမယ်။ DC ကို AC ပြောင်းပေးမယ့်အလုပ်ကို Coil လေးက လုပ်ပေးမှာပါ။ အဲ့ဒါကြောင့် Baclklight မှာသုံးတဲ့ Coil လေးကို Booster Coil လို့ ခေါ်ကြပါတယ်။

DC volt ကို အရှင်ဖြစ်အောင် Coil ထဲကို ထည့်ပေးနိုင်ရင် Coil ထဲမှာ သံလိုက်စက်ကွင်းသီအိုရီအတိုင်း AC ဖြစ်ပေါ်စေပါတယ်။ အဲဒါဆိုရင် DC အပေါင်းစကို Coil ထဲမှာ တိုက်ရိုက်ထည့်ပြီး အနုတ်စကို ခလုတ်ပတ်လမ်း (switching circuit) နဲ့ ထည့်ပေးလိုက်ရင် Coil ထဲမှာ AC ဖြစ်သွားပါပြီ။ Switching လုပ်ငန်းကို IC က တာဝန်ယူပေးပါလိမ့်မယ်။ IC ထဲမှာ ထည့်သွင်းထားတဲ့ FET လေးရဲ့ Gate ငုတ်ကို အပိတ်အဖွင့်အချက်ပြ (On Off Signal) အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးလိုက်ရင် IC ရဲ့ SW (switch) ငုတ်မှာ အနုတ်ဗို့ဟာ ရောက်လိုက် မရောက်လိုက် ဖြစ်နေပါမယ်။ အဲဒါဆိုရင် SW ငုတ်နဲ့ ဆက်ထားတဲ့ Coil ထဲမှာလည်း အနုတ်ဗို့ဟာ ရောက်လိုက်မရောက်လိုက်ဖြစ်နေတဲ့အတွက် Coil ထဲမှာ AC ဖြစ်သွားပါပြီ။
Coil ထဲမှာ ဖြစ်နေတဲ့ AC ကို Rectifier Diode တလုံးသုံးပြီး DC ဖြစ်အောင် ပြောင်းပေးရပါတယ်။ Diode က ပြောင်းပေးတဲ့ DC ကို တည်ငြိမ်စေအောင် Condenser တလုံးနဲ့ ထိန်းပေးထားပါတယ်။

တချို့ဖုန်းတွေမှာတော့ Condenser အထွက်လမ်းကြောင်းမှာ LB Coil တလုံးခံပြီး LED Anode စကို အပေါင်းဗို့ ပေးသွင်းထားပါတယ်။ အပေါင်းဗို့မြင့်လမ်းကြောင်းဟာ LED A ကတဆင့် LED K ကို ဖြတ်စီးပြီး Switching IC ထဲသို့ နောက်ပြန်ကျွေးလမ်းကြောင်း (FeedBack) အဖြစ် ပြန်ပေးထားရပါတယ်။ အဲလို ပြန်ပေးထားခြင်းအားဖြင့် Backlight ပိုင်းက ထုတ်ပေးတဲ့ ဗို့မြင့်ကို LED တွေက တကယ်သုံးမသုံး သိစေမှာပါ။

Switching IC ထဲက အနုတ်ဗို့လမ်းကြောင်းကဖြစ်စေ သီးသန့် R တလုံးသုံးပြီးဖြစ်စေ LED K အတွက် လိုအပ်တဲ့ အနုတ်ဗို့ကို ဖန်တီးပေးထားပါတယ်။
LED K လမ်းကြောင်းမှာ ခံသုံးထားတဲ့ R လေးတွေရဲ့ တန်ဖိုးက အများအားဖြင့် 10 -15 Ohm ဝန်းကျင် သုံးတတ်ကြပါတယ်။ အဲဒီ R လေးတွေရဲ့ တဖက်မှာ အနုတ်ဗို့လမ်းကြောင်းဖြစ်တဲ့ Ground လမ်းကြောင်းနဲ့ ဆက်ထားတဲ့အတွက် တိုင်းကြည့်ရင် တဖက်မှာ Ground ကျနေပါလိမ့်မယ်။ အဲ့ဒါ ပုံမှန်ပါပဲ။ အကြောင်းတခုခုကြောင့် LED တွေက အမ်ပီယာပိုစားနေခဲ့ရင် (ဥပမာ ရေဝင်ခြင်း) Backlight ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ အဲလိုမဖြစ်စေအောင် LED တွေရဲ့ Kathode လမ်းကြောင်းမှာ Current Limit လုပ်ဖို့ R လေးတွေ ထည့်ထားခြင်းအားဖြင့် သတ်မှတ်အမ်ပီယာထက် ပိုစားလို့ မရတော့ပါဘူး။
အလုပ်လုပ်ပုံ အကြမ်းဖျင်းသိပြီဆိုရင် Switching IC အကြောင်း ဆက်ကြရအောင်။ ပင်ငုတ်တခုခြင်း ပြောပါ့မယ်။

Switching IC - U1301

1.VIN - အပေါင်းဗို့ ပေးသွင်းလမ်းကြောင်း
IC အတွင်းက switching ပိုင်းကို ခုတ်မောင်းပေးမယ့် လှိုင်းထုတ်အပိုင်း (Oscillator) အတွက် ပေးသွင်းဗို့ပါ။ MTK ဖုန်းတွေမှာ ဘက်ထရီငုတ်လမ်းကြောင်းဖြစ်တဲ့ VBAT ကပေးသွင်းပြီး Qualcomm ဖုန်းတွေမှာတော့ FET ရဲ့ Source လမ်းကြောင်းဖြစ်တဲ့ VPH PWR ကတဆင့် ပေးသွင်းတတ်ပါတယ်။ 3.7V ဘက်ထရီတတ်ထားပြီး ပါဝါမနှိုးခင် VIN ငုတ်လမ်းကြောင်းမှာ Ground ချထားတဲ့ Condenser ကို ဗို့တိုင်းကြည့်ပါ။ MTK ဖုန်းမှာ 3.7V ရှိနေပြီး Qualcomm ဖုန်းမှာ 3.2V ဝန်းကျင် ရှိပါလိမ့်မယ်။

2.EN (Enable) – IC ကို နှိုးသောလမ်းကြောင်း
IC ကို 3.7V ပေးသွင်းထားပေမယ့် IC အတွင်းက လှိုင်းထုတ်ပိုင်း (OSC) အလုပ်မလုပ်သေးရင် Switching မခုတ်သေးတဲ့အတွက် ဗို့မြင့် မထွက်သေးပါဘူး။ ဗို့မြင့်ထွက်ဖို့ လိုအပ်တဲ့အချိန်ဖြစ်တဲ့ LCD မှာ အရုပ်ပေါ်တဲ့အချိန်တိုင်းမှာ CPU ကတဆင့် EN လမ်းကြောင်းနဲ့ OSC ပိုင်းကို လှမ်းနှိုးလိုက်ပါတယ်။ OSC နိုးမှ ဗို့မြင့်ထွက်ပါမယ်။ ဗို့မြင့်ထုတ်ဖို့ မလိုတော့ရင်(display ပိတ်သွားရင်) EN လမ်းကြောင်းကို ပြန်ပိတ်ပေးလိုက်ရုံပါပဲ။

3.PWM (Pulse Width Modulation) ခုန်လှိုင်းပြောင်းပေးခြင်း
LCD ရဲ့ အလင်းအမှောင် (brightness) ချိန်ညှိတာဟာ LED လေးတွေရဲ့ အလင်းရောင် အနည်းအများကို ချိန်ညှိတာပါပဲ။ LED လေးတွေ မှိန်သွားရင် brightness ကျသွားပြီး လင်းလာရင် brightness တက်လာတာပါပဲ။ IC အတွင်းထဲက လှိုင်းထုတ်ပေးတဲ့ OSC ပိုင်းရဲ့ ခုန်လှိုင်းကို ချိန်ညှိလိုက်ရင် switch time ပြောင်းသွားတာကြောင့် ဗို့မြင့်အထွက်မှာလဲ လိုက်ပြောင်းသွားပါတယ်။ အဲဒါကြောင့် PWM လမ်းကြောင်းကို CTRL (Control) လို့လဲ ခေါ်ကြပါတယ်။ အဲဒီလမ်းကြောင်းကို တချို့ဖုန်းတွေမှာ LCD ကတဆင့် ပြန်ပေးတာရှိသလို ဒီဖုန်းထဲမှာတော့ CPU ကနေ တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ပေးပါတယ်။

4. COMB – Loop Compensation
R + C နဲ့ Loop ကို တည်ငြိမ်စေဖို့အတွက် သုံးထားပါတယ်။ အဲ့ဒီလမ်းကြောင်းမှာ C တလုံးနဲ့ Ground ချထားပါတယ်။

5. SW – Switching
IC အတွင်းပိုင်းထဲက ခလုတ်အဖြစ်အလုပ်လုပ်ပေးတဲ့ FET လေးရဲ့ Source ငုတ်နဲ့ ဆက်ထားတဲ့ လမ်းကြောင်းပါ။ FET ရဲ့ Drain ငုတ်ကို Ground နဲ့ ဆက်ထားတဲ့အတွက် FET Gate တခါပွင့်တိုင်း Soruce ကို အနုတ်ဗို့ရောက်စေအောင် ဖန်တီးထားတာပါ။ FET ရဲ့ Gate ငုတ်ကို တစက္ကန့်အတွင်းမှာ အကြိမ်ပေါင်းများစွာ အပိတ်အဖွင့်လုပ်ပေးတဲ့အတွက် SW ငုတ်မှာလဲ အနုတ်ဗို့ဟာ အကြိမ်ပေါင်းများစွာ ရောက်လိုက်မရောက်လိုက် ဖြစ်နေပါမယ်။ အဲဒီ SW ကို Coil ရဲ့ တစနဲ့ ဆက်ပေးထားပါတယ်။

6. IFB1 နဲ့ IFB2
VLED A ကတဆင့် ထုတ်ပေးတဲ့ အပေါင်းဗို့မြင့်ဟာ LED တွေကို တကယ်ဖြတ်စီးမစီး IC သိအောင် နောက်ပြန်ကျွေးထားတဲ့ Feedback လမ်းကြောင်းတွေပါ။ အကြောင်းတခုခုကြောင့် FB လမ်းကြောင်း ပြန်မရောက်ခဲ့ရင် OSC ကို ပိတ်ပစ်လိုက်တဲ့အတွက် Switching မခုတ်တော့တာကြောင့် ဗို့မြင့်လဲ မထွက်နိုင်တော့ပါဘူး။

7. ISET
LED တွေမှာ ဖြတ်စီးနေတဲ့ လျှပ်စီးကြောင်းကို တည်ငြိမ်အောင်ထိန်းဖို့အတွက် R တလုံးနဲ့ Ground ချထားပါတယ်။

8. Ground
OSC ပိုင်းနဲ့ VLED K အတွက် အနုတ်ဗို့ ပေးသွင်းလမ်းကြောင်း ဖြစ်ပါတယ်။
IC ရဲ့ ငုတ်တွေအကြောင်း သိပြီဆိုရင် IC နဲ့ တွဲသုံးထားတဲ့ တခြား ကွန်ပို့နင့်လေးတွေအကြောင်း ဆက်ပြောပါ့မယ်။

1.Booster Coil (L1301)
DC volt ကို မြှင့်တင်ပေးနိုင်အောင် coil အတွင်းမှာ AC ဖြစ်အောင် အရင်ဖန်တီးရပါတယ်။ Coil တစ်စကို အပေါင်းဗို့ တိုက်ရိုက်ပေးထားပြီး ကျန်တစကို IC ရဲ့ SW ငုတ်ကတဆင့် အနုတ်ဗို့ ပေးသွင်းထားပါတယ်။ လိုအပ်တဲ့ဗို့ကို ကွိုင်အပတ်ရေနဲ့ တွက်ချက်ပြီး လိုအပ်တဲ့ အမ်ပီယာကိုတော့ ကွိုင်ကြိုးအရွယ်အစားနဲ့ တွက်ချက်ရပါတယ်။ အသုံးပြုချိန်သက်တမ်းကြာလာရင် ကွိုင်အတွင်းထဲက ကြိုးလေးတွေမှာ သုတ်ထားတဲ့ လျှပ်ကာဆေးရည်ကွာကျပြီး ကွိုင်အချင်းချင်း ရှော့ကျတတ်ပါတယ်။ အဲဒါကို တန်းရှော့ (turn short) ဖြစ်တယ်လို့ ခေါ်ကြပြီး မူလပတ်ထားတဲ့အပတ်ရေထက် နည်းသွားတဲ့အတွက် ဗို့ထွက်လဲ နည်းသွားပါတယ်။ မီတာနဲ့ တိုင်းကြည့်ရင် အဆက်အသွယ်ပြနေပေမယ့် လိုအပ်တဲ့အပတ်ရေအတိုင်း ရှိနေမှသာ သတ်မှတ်ဗို့အတိုင်း ပြန်ထုတ်ပေးနိုင်မှာပါ။

2. Rectifier Diode (D1301)
Coil ထဲမှာ ဖြစ်ပေါ်နေတဲ့ AC ကို DC ဖြစ်အောင်ပြောင်းဖို့ တာဝန်ယူပေးရပါတယ်။ Diode မှာ Anode နဲ့ Kathode အစွန်းနှစ်ဘက်ပါတဲ့အတွက် ဘက်မှားတတ်မိရင် ထွက်လာတဲ့ ဗို့လဲ မှားပါလိမ့်မယ်။ အရစ်အမှတ်အသား မပါတဲ့ဘက်ကို Anode လို့ခေါ်ပြီး Coil ဘက်မှာ တတ်ပေးရမှာပါ။ IC ကတဆင့် ထုတ်ပေးတဲ့ switch time ဟာ ကြိမ်နှုန်းမြင့်လွန်းတဲ့အတွက် ကြိမ်နှုန်းမြင့်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ High Frequency Diode များကို တတ်ဆင်ထားပါတယ်။ Diode ကို ဖြတ်စီးမယ့် volt ကလည်း ဗို့မြင့်ဖြစ်လို့ High Voltage Diode များကိုပဲ သုံးထားပါတယ်။ အဲဒီ Diode အစားထိုးမယ်ဆိုရင် ပုံစံတူ ခံနိုင်ရည်တူတဲ့ Diode များကိုပဲ အစားထိုးလို့ ရမှာပါ။

3. Filter Condenser (C1352) (C1356)
VBAT လမ်းကြောင်းမှာ Filter အဖြစ် အသုံးပြုဖို့ Condenser ထည့်ထားပါတယ်။ VBAT ဟာ 3.7 ပဲရှိတာဖြစ်တဲ့အတွက် 10V ခံနိုင်ရည်ရှိတဲ့ C များကို အဲဒီလမ်းကြောင်းမှာ အသုံးပြုထားပါတယ်။ VLED A လမ်းကြောင်းမှာ သုံးထားတဲ့ C ကတော့ ဗို့မြင့်ဖြစ်တဲ့အတွက် 50V ခံနိုင်ရည်ရှိတဲ့ C များကိုပဲ သုံးလို့ရပါတယ်။ VBAT Filter Condenser အစားထိုးချင်ရင် ပုံစံတူတာ အစားထိုးဖို့လွယ်ပေမယ့် VLED A လမ်းကြောင်းက C ကိုတော့ ခံနိုင်ရည်ဗို့တူတာကိုပဲ အစားထိုးမှ ရမှာပါ။

4. LB Coil (LB1301) (LB1304) (LB1305)
Backlight ပိုင်းဟာ သံလိုက်စက်ကွင်းကို အခြေခံတည်ဆောက်ထားတာဖြစ်လို့ ထုတ်ပေးတဲ့ဗို့မြင့်မှာ သံလိုက်စက်ကွင်းတွေ ရောပါသွားပါတယ်။ အဲဒီ သံလိုက်စက်ကွင်းတွေက LCD ရဲ့ အရုပ်ပုံပိုင်းကို နှောင့်ယှက်ပေးနိုင်တဲ့အတွက် သူတို့ကို LB Coil လေးတွေနဲ့ စစ်ထုတ်ပေးပါတယ်။ အဲဒါကြောင့် LB Coil လေးတွေကို VLED A နဲ့ VLED K လမ်းကြောင်းတွေမှာ ထည့်ထားတာပါ။ တခါတလေ အဲဒီ Coil လေးတွေ ပြတ်တာ ပြုတ်တာ ဖြစ်တတ်တဲ့အတွက် ပုံစံတူရှိရင် အစားထိုးနိုင်ပြီး မရှိရင်လဲ ကြိုးဆက်သုံးလို့ ရပါတယ်။

နောက်တပိုင်းမှာ ပြစ်ချက်ရှာနည်းကို ဆက်ပြောပေးပါ့မယ်

ဖုန်းကို ပါဝါနှိုးလိုက်ရင် ပါဝါနိုးတဲ့ အသံပဲကြားပြီး အရုပ်မမြင်ရဘူးဆိုပါစို့။ ရေဝင်ထားရင် လွတ်ကျထားရင် backlight ပိုင်း အလုပ်မလုပ်လို့၊ LED တွေရှိရာကို ဗို့မြင့် မရောက်လို့၊ LED တွေရဲ့ series အတွဲထဲမှာ LED တလုံးလုံး လွတ်နေလို့၊ LCD socket အထိုင်လွတ်နေတာ ပြုတ်နေတာ စသည်ဖြင့် ဖြစ်တတ်ကြပါတယ်။

Backlight ပိုင်းကို ပေးသွင်းဗို့ ရောက်မရောက် အရင်စစ်ဆေးကြည့်ရအောင်။ MTK ဖုန်းတွေမှာ ပေးသွင်းတဲ့ဗို့အတိုင်း (power supply မှာ 4.0V နဲ့ ချိတ်ထားရင် 4.0V) ရှိနေမှာ ဖြစ်ပါတယ်။ Qualcomm ဖုန်းတွေမှာတော့ ဖုန်းအပေါ်မူတည်ပြီး ပေးသွင်းဗို့ထက် အနည်းငယ် လျော့နဲတတ်ပါတယ်။ IC နဲ့ Coil အနီးက C အသေးတလုံးမှာ ဗို့တိုင်းကြည့်ပါ။ အဲဒီဗို့ မရောက်ရင် ဗို့ရှိတဲ့နေရာကနေ တိုက်ရိုက် ကြိုးဆက်သုံးလို့ ရပါတယ်။ တချို့ဖုန်းတွေမှာ Fuse Resistor လေးများခံသုံးထားရင် သေချာစစ်ဆေးကြည့်ပါ။

အဲဒီ ပေးသွင်းဗို့ဟာ Booster Coil (L1301) တဆင့် Rectifier Diode (D1301) ကို ဖြတ်သန်းပြီး Filter Conderser (C1301) ရဲ့ ထိပ်တစကို ရောက်လာပါတယ်။ အဲဒီ C1301 ရဲ့ ထိပ်တစကို တိုင်းကြည့်ရင် C အသေးမှာရှိတဲ့ဗို့အတိုင်း ရှိနေပါမယ်။ အဲဒါဆို Coil နဲ့ Diode လည်း ကောင်းတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။

ပေးသွင်းဗို့ဟာ LCD Socket ကတဆင့် LED တွေရဲ့ Anode အစကို ရောက်ရှိသွားပါတယ်။ အဲဒါဆိုရင် LED A ငုတ်မှာ ပေးသွင်းဗို့အတိုင်း ရှိနေရင် Backlight ပိုင်းနဲ့ LED တွေရဲ့ ပတ်လမ်းအဆက်အသွယ် ကောင်းနေပါတယ်။ တကယ်လို့ ပေးသွင်းဗို့မရောက်ခဲ့ရင် လမ်းကြောင်းတနေရာရာ ပြတ်တောက်နေတာ ဖြစ်တဲ့အတွက် Backlight ပိုင်းရဲ့ VLED A နဲ့ LCD ရဲ့ Anode အစကို ကြိုးဆက်ပေးရပါမယ်။ ရေဝင်ဖုန်းတွေမှာ အဖြစ်များဆုံး ပြစ်ချက်ဖြစ်လို့ သေချာလေ့လာစေချင်ပါတယ်။ ကြိုးဆက်မယ်ဆို ဗို့မြင့်လမ်းကြောင်းမှာရှိနေတဲ့ C1356 ရဲ့ အပေါင်းဘက်တစ နဲ့ LED A ကို ကြိုးဆက်ပေးရမှာပါ။

LCD Socket မှာ ရေဝင်ပြီး ပင်ငုတ်တွေ လွတ်နေခဲ့ရင် သင်နာနဲ့ သေချာဆေး ထင်းရှူးဆီပါးပါးတင်ပြီး အပူပေးကြည့်ပါ။ ငုတ်လေးတွေ မိမမိ လွတ်မလွတ် မှန်ဘီလူးသုံးပြီး အသေးစိတ်စစ်ဆေးပါ။ အများအားဖြင့် VLED A လမ်းကြောင်း ပင်ငုတ်လေးတွေ လွတ်နေ ပြတ်နေတတ်ပါတယ်။

တချို့ဖုန်းတွေမှာ Bright Control ချိန်ပေးတဲ့ PWM လမ်းကြောင်းကို LCD ကတဆင့် ပြန်ယူတာ ရှိပါတယ်။ LCD Socket လွတ်နေခဲ့ရင် LCD ပျက်နေခဲ့ရင် PWM မရောက်တဲ့အတွက် ဗို့မြင့် မထွက်နိုင်တော့ပါဘူး။
Screen ON OFF ပြောင်းတဲ့အချိန် IC ရဲ့ LCD DRI EN လမ်းကြောင်းမှာ ဗို့ရောက်မရောက် တိုင်းကြည့်ပါ။ Screen On ချိန်မှာ 0.6V နဲ့အထက် ရောက်ရပါတယ်။ အဲဒီဗို့ မရောက်တော့ရင် OSC ပိုင်း အလုပ်မလုပ်နိုင်လို့ ဗို့မြင့် မထွက်နိုင်ပါဘူး။ အဲဒီလမ်းကြောင်းမှာ R လေးတွေ ခံသုံးထားတဲ့အတွက် R လေးတွေ လွတ်နေတာ ပြုတ်နေတာ ဖြစ်တတ်ပါတယ်။ CPU က တိုက်ရိုက်ပေးထားတာဖြစ်တဲ့အတွက် လမ်းကြောင်းပြတ်သွားရင် ကြိုးဆက်ဖို့ မလွယ်ပါဘူး။ တချို့ဖုန်းတွေမှာတော့ PMU ကလဲ ပေးတတ်ပါတယ်။ Screen On Off ပြောင်းရင် ဗို့အပိတ်အဖွင့်ပြောင်းပေးတဲ့ တနေရာရာက ကြိုးဆက်ပေးရင် အဆင်ပြေတတ်ပါတယ်။ အများအားဖြင့် CPU ကနေ အရုပ်ပို့ပေးတဲ့ DSI လမ်းကြောင်းတွေကနေ ကျော်လို့ ရတတ်ပါတယ်။

EN လမ်းကြောင်းကောင်းနေပြီး PWM မရောက်ရင်ပြန်ရင်လည်း ဗို့မြင့် ထုတ်မပေးပါဘူး။ EN ဟာ On Off သာဖြစ်လို့ ကြိုးဆက်ပေးဖို့လွယ်ပေမယ့် PWM ကတော့ Bright Control အပေါ်မူတည်ပြီး တန်ဖိုးအနည်းအများပြောင်းနေတဲ့ ဗို့အရှင်တခုဖြစ်လို့ ကြိုးကျော်ဖို့ မလွယ်ပါဘူး။ PWM လမ်းကြောင်းကို EN လမ်းကြောင်းအတိုင်း ကြိုးဆက်ပေးလိုက်ရင် ဗို့မြင့်ထွက်နိုင်ပေမယ့် တန်ဖိုးအသေဖြစ်သွားတဲ့အတွက် Brightness ချိန်လို့ မရနိုင်တော့ပါဘူး။ အဲဒါကြောင့် PWM ကို PWM လမ်းကြောင်းကနေပဲ ကြိုးဆက်ပေးလို့ ရမှာပါ။

VLED A လမ်းကြောင်းမှာ ခံထားတဲ့ LB လေးတွေ မကြာခဏ ပျက်တတ်ပါတယ်။ မီတာနဲ့တိုင်းကြည့်လို့ အဆက်အသွယ်မပြတော့ရင် ပုံစံတူရှာထည့်ပါ။ ရှာဖို့မလွယ်ရင် LB ကိုဖြုတ်ပြီး တိုက်ရိုက် ကြိုးဆက်သုံးပါ။ VLED K1 နဲ့ VLED K2 ပါတဲ့ LCD တွေမှာ တခြမ်းပဲလင်းနေရင် FB လမ်းကြောင်းပေါ်က LB လေးတွေ လွတ်နေ ပျက်နေတတ်ပါတယ်။

ဗို့မြင့်အထွက်ပိုင်းမှာ ပုံမှန်ရှိနေရမယ့်ဗို့ထက် နည်းနေခဲ့ရင် Booster Coil ကို စစ်ကြည့်ပါ။ Coil အတွင်းထဲမှာ Turn Short ဖြစ်နေတတ်လို့ ဗို့ထွက် နည်းနေတတ်ပါတယ်။ ပုံစံတူဖုန်းထဲက Backlight Coil ကိုပဲ အစားထိုးသင့်ပါတယ်။ မရှိရင်တော့ တခြားဖုန်းထဲက Backlight Coil နဲ့ အစားထိုးကြည့်ပါ။ PMU နားက Coil တွေနဲ့ တခြားနေရာက Coil တွေကို အစားထိုးလို့ မရပါဘူး။ ပတ်ထားတဲ့ အပတ်ရေ မတူကြလို့ပါ။ Backlight Coil မှာ အပတ်ရေ ပိုများပါတယ်။

Diode ကို နှစ်ဘက်စလုံး အပြန်အလှန်တိုင်းကြည့်လို့ မီတာမပြတော့ရင် အသစ်လဲစမ်းပါ။ နှစ်ဘက်စလုံး ပြနေရင်လဲ အသစ်လဲရမှာပါ။ ဗို့မြင့် ကြိမ်နှုန်းမြင့်ကို သုံးထားတာဖြစ်တဲ့အတွက် တခြားနေရာက Diode ကို အစားထိုးသုံးရင် ပူပြီး လောင်သွားပါလိမ့်မယ်။

ပေးသွင်းဗို့လဲ ရောက်နေပြီ။ Coil , Diode နဲ့ Condenser များလည်း ကောင်းနေမယ်။ LCD Socket နဲ့ အဆက်အသွယ်အားလုံးလဲ ကောင်းနေမယ်။ LCD အသစ်နဲ့လည်း စမ်းပြီးပြီ။ LCD DRI EN လဲ ရောက်နေပြီ။ အဲဒါတောင်မှ Backlight မလင်းသေးဘူးဆိုရင်တော့ Switching IC ကိုသာ အသစ်လဲစမ်းပါ။ ပုံစံတူ ငုတ်တူမှပဲ အစားထိုးလို့ ရပါမယ်။

ဒီလောက်ဆိုရင် Backlight နဲ့ ပတ်သက်တာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

ပြင်သမျှဖုန်းတိုင်း ကောင်းပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Crd

Proximity Sensor (P Sensor) လေးအကြောင်းပါ . . .ဖုန်းထဲမှာ P Sensor ကို နားကြားစပီကာ (Ear Speaker) နားမှာ တပ်ဆင်ထားပါတယ်။...
17/11/2020

Proximity Sensor (P Sensor) လေးအကြောင်းပါ . . .
ဖုန်းထဲမှာ P Sensor ကို နားကြားစပီကာ (Ear Speaker) နားမှာ တပ်ဆင်ထားပါတယ်။

P Sensor အကြောင်း လေ့လာကြည့်ရအောင်
P Sensor ရဲ့ အလုပ်က အနီးအနားက အရာဝတ္ထုတွေကို အာရုံခံတာပါ
ရေဒါရဲ့ အခြေခံဖြစ်တဲ့ လင်းနို့တွေရဲ့ အသံလှိုင်းထုတ်လွှတ်ပြီး တုန့်ပြန်သံအာရုံခံခြင်းနဲ့ အတူတူပါပဲ

P Sensor ထဲမှာ အပိုင်းနှစ်ပိုင်း ပါတယ်ဗျ
အနီအောက်ရောင်ခြည် (Infrared Ray) ထုတ်လွှတ်ပေးတဲ့ LED အပိုင်းနဲ့
အနီအောက်ရောင်ခြည်ကို ပြန်လည်လက်ခံတဲ့ အလင်းရောင်အာရုံခံဒိုင်အုတ် (Photo Diode) တို့ပါ
Remote Control တွေမှာ အသုံးပြုတဲ့ Infrared Ray LED ကို အသုံးပြုပြီး
ပတ်ဝန်းကျင်ကို အနီအောက်ရောင်ခြည် ထုတ်လွှတ်မယ်
အနီးအနားမှာ အရာဝတ္ထုမရှိရင် အနီအောက်ရောင်ခြည် ပြန်မလာတော့ဘူး
ရှိနေရင်တော့ အနီအောက်ရောင်ခြည် ပြန်လာမယ်
ပြန်လာတဲ့ အနီအောက်ရောင်ခြည်ကို Photo Diode က လက်ခံယူမယ်

အဲဒါဆို Photo Diode အကြောင်းလဲ ပြောရမယ်ဗျ
Photo Diode နဲ့ LED တို့က အလုပ်လုပ်ပုံ ပြောင်းပြန်ပါ
LED (Light Emitting Diode) လို့ခေါ်တဲ့ အလင်းလွှတ်မီးသီးဆိုတာ
သူ့ကို လျှပ်စီးကြောင်းပေးလိုက်ရင် အလင်းရောင် ပြန်ထုတ်ပေးတယ်
ပေးတဲ့ လျှပ်စီးကြောင်း အနည်းအများကို မူတည်ပြီး LED လင်းမယ်
Photo Diode ဆိုတာ သူ့ပေါ်ကို အလင်းရောင်ကျလာရင် လျှပ်စီးကြောင်း ပြန်ထုတ်ပေးမယ်
အလင်းရောင်အပေါ်မူတည်ပြီး လျှပ်စီးကြောင်း အနည်းအများ ကွာခြားမယ်

ဖုန်းခေါ်တဲ့အချိန်မှာပဲ P Sensor စပြီး အလုပ်လုပ်ပါတယ်
Infrared Ray ကို စတင်ထုတ်ပေးပြီး Photo Diode က စောင့်ကြည့်တယ်
ဖုန်းပြောတဲ့အချိန် ဖုန်းကို နားမှာကပ်လိုက်ရင်
ear speaker အနီးက P Sensor နဲ့ နားနဲ့ ကပ်သွားမယ်
အဲဒါဆို Infrared Ray က Photo Diode ဆီကို ပြန်ရောက်လာတဲ့အတွက်
Photo Diode အလုပ်လုပ်ပြီး CPU ကို သတင်းပြန်ပို့မယ်
Touch ကို နားနဲ့ထိနေတဲ့အတွက် Touch ရဲ့လုပ်ငန်းစဉ်တွေ မူမမှန်နိုင်တော့ဘူး
Display ကို မမြင်ရတဲ့အတွက် Dispaly ကို ဖွင့်ပေးထားဖို့ မလိုတော့ဘူး
အဲဒါကြောင့် CPU က Touch ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ခိုင်းပြီး Display ကိုလဲ အပိတ်ခိုင်းမယ်
ဖုန်းကို နားနဲ့ ပြန်ခွါလိုက်ရင် Photo Diode မှာ Infrared Ray ပြန်မရောက်တော့လို့
Touch ကို အလုပ်လုပ်ခိုင်းပြီး Display ကို ပြန်ဖွင့်ခိုင်းမယ်
ဒါ Proximity Sensor ရဲ့ လုပ်ငန်းစဉ်ပါပဲ

P Sensor ကို VBAT (Battery Volt) တိုက်ရိုက်ပေးထားတဲ့အတွက်
ရေဝင်ပြီး ရှော့ဖြစ်တဲ့အခါ ဖုန်းလဲ အသုံးပြုလို့ မရတော့ပါဘူး

P Sensor ကို CPU နဲ့ တိုက်ရိုက်ချိတ်ဆက် သတင်းပို့ပေးရပါတယ်
Data Clock လမ်းကြောင်းတွေနဲ့ပါ P Sensor ကို CPU detect သိအောင်
EINT လမ်းကြောင်းနဲ့ သတင်းပို့ပေးရပါတယ်
P Sensor ရဲ့ error ကြောင့် Display ပိုင်းကို သိပ်မထိခိုက်စေပေမယ့်
Touch ပိုင်းကိုတော့ ဒုက္ခပေးတတ်ပါတယ်
P Sensor ကြောင့် Touch ဆွဲမရတာမျိုးကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်

အဖြစ်များတာကတော့
ဖုန်းဝင်လာရင် Display မှောင်သွားတာပါ
တဖက်က ဖုန်းချလိုက်မှ Display ပြန်လင်းလာပြီး Touch ကိုပါ အသုံးပြုလို့ရပါတယ်

P Sensor ကို ဖြုတ်ပစ်လိုက်ရင် ဖုန်းပြောရင်း ဖုန်းကို နားမှာကပ်လိုက်တဲ့အခါ
Display ပိတ်မပေးတော့ပါဘူး
Crd

ကျွှန်တော် GP လေးထဲ က လွယ်ကူပေါ့ပါး Basic လေးပါ  – DC ConverterDC – DC ဆိုတာဟာ VOLTAGE Converter တစ်မျိုးဖြစ်ပါတယ် ။ ဒီက...
17/11/2020

ကျွှန်တော် GP လေးထဲ က လွယ်ကူပေါ့ပါး Basic လေးပါ

– DC Converter
DC – DC ဆိုတာဟာ VOLTAGE Converter တစ်မျိုးဖြစ်ပါတယ် ။ ဒီကောင်လေးမှာလဲ အခြားသော Component တွေလိုပဲ အမျိူးအစားကွဲတွေရှိပါတယ် ။ သိုပေမဲ့ ဖုန်းဆားဗစ် ဆရာတို့ အနေနဲ့ လွယ်ကူစေရန် သိသင့် သည်များကို ကျွှန်တော်ဖော်ပြပေးပါမယ် ။ DC – DC Converter ဆိုတာအ၀င် Voltage တန်ဖိုးတစ်ခုကနေ အထွက် တည်ငြိမ်တဲ့ DC Voltage တစ်ခုရအောင်ထုတ်ပေးတဲ့အမျိူးအစားဖြစ်ပါတယ် ။ DC – DC Converter မှာ အကြမ်းဖျင်းအားဖြစ် Step – Down / Step – Up Converter ဆိုပြီး နားလည်လွယ်အောင် ကျွှန်တော်ခွဲထားပါတယ် ။ ဒီတော့လွယ်ကူသွားအောင် Step – Down Converter ဆိုတာဘာလဲ / Step – up Converter ဆိုတာဘာလဲ ?
Step – Down Converter ဆိုတာ အ၀င် Volt တန်ဖိုးထက် နည်းတဲ့ Volt ကိုထုတ်ပေးတဲ့ Converter ဖြစ်ပါတယ် ။ Step – Up Converter ဆိုတာကတော့ Step – Up Converter နဲ့ပြောင်းပြန်ဖြစ်ပါတယ် ။
ဒီလောက်ဆိုရင် DC – DC Converter ရဲ့သဘောတရားကိုနားလည်မယ်လို ကျွှန်တော်ယူဆပါတယ် ။ ဒီတော့ ဖုန်းဆားကစ်ပေါ်က DC – DC လေးတွေကိုတစ်ချက်လေ့လာကြည့်ရအောင်ဗျာ ။ ဒီတော့ Honor 4x ရဲ့ Touch လမ်းကြောင်းပေါ်က DC _ DC လေးများရဲ့ အလုပ်လုပ်ပုံလေးကိုတစ်ချက် ကြည့်ရအောင်ခင်ဗျာ
Org crd

DC to DCဆိုတာဘာလဲDC to DCအမြဲတော့ကြားနေကျမြင်နေကျ သူ့ကြောင့်ဖြစ်တဲ့ errorတွေကြုံနေကျဟုတ်ပြီ DC to DCကဘာလဲဘယ်လိုအလုပ်လုပ်...
16/11/2020

DC to DCဆိုတာဘာလဲ

DC to DCအမြဲတော့ကြားနေကျ
မြင်နေကျ သူ့ကြောင့်ဖြစ်တဲ့ errorတွေကြုံနေကျ

ဟုတ်ပြီ DC to DCကဘာလဲ
ဘယ်လိုအလုပ်လုပ်သလဲ
electronic TV/VCD/DVDအစရှိတဲ့စက်တွေပြင်ရာကနေ
Mobileဘက်ကို ကူးပြောင်းလာတဲ့သူတွေတွေ့ဖူးနေကျဖြစ်တဲ့
7805/7808/7812 Transistorပုံစံလေးပါ
Transistorမှာ collector /emitter/ baseသုံးငုတ်ရှိသလိုပဲ
သူကတော့ အလယ်တစ်ဖက်ကတော့(base)GNDပေါ့ဗျာ
တစ်ဖက် က12voltဝင်တယ်ဆို တစ်ဖက်က7805ဆို 5voltထွက်မယ်
7808ဆို 8voltထွက်မယ် 7812ဆို 12Voltထွက်မယ်
သူတို့က voltလျှော့ပေးတာအပြင်
အဝင်ဘက်က 12voltထက်ကျွံပြီး 13voltတို့ 14Voltတို့ထွက်လာလဲ
အထွက်ဘက်ကတော့ လုံးဝသူထွက်ရမယ့်Volt 8voltဆို 8volt
5voltဆို 5voltလုံးဝ တိကျစွာပြန်ထုတ်ပေးတာပါ
အဝင်voltလုံးဝ လွန်လွန်ကျွံကျွံဖြစ်လာရင်တော့ အဲ့ဒီ DC to DCလေးပျက်သွားမှာပါ တစ်ဖက်က Voltအထွက်ပိုင်းကပစ္စည်းတွေကိုတော့ ဘာမှဒုက္ခပေးမှာမဟုတ်ပါဘူး

Mobileဖုန်းက DC to DCတွေကရော
ဟုတ်ကဲ့ အပေါ်မှာကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပါပဲ
တစ်ဖက်က 3.5/3.8Voltဝင်မယ်
DC to DCလေးရဲ့အောက်ဘက်နဲ့ အခြေလေးချောင်းက တစ်ချောင်းကတော့ GNDပါ
တစ်ဖက်ကိုတော့ သူ့ဆီသက်ရောက်ရမယ့်volt 1.8ဆို 1.8
2.8ဆို 2.8တိတိကျကျပြန်လည်ထုတ်လွှတ်ပေးမှာပါ
ရေဝင် CAMERAမရ TOUCHမရဘာညာဆို အဲ့DC to DCလေးတွေ ရေဂျိုးကြောင့်/ ပျက်တာကြောင့် ဒုက္ခပေးကြတာများပါတယ်
ဲ့အဲ့တော့ ကိုယ်ရှင်းချင်တဲ့ errorလမ်းကြောင်းမှာ DC to DCလေးတွေပါရင်လဲ အထူး ဂရုပြုဖို့လိုပါတယ်
ခုဆို ကျွန်တော်ပြောချင်တဲ့ DC to DCဘာအလုပ်လုပ်လဲဆိုတာ
အားလုံးရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
သင်ဆရာ မြင်ဆရာ ကြားဆရားများအားလုံးကိုကျေးဇူးတင်ပါတယ်။
မူရင်.crd

16/11/2020

PMI 8952/8940 တွေကြောင့် ဘာERRORတွေဖြစ်နိုင်သလဲ

အတွေ့များနေတဲ့ Second PMU PMI 8952/8940တွေ
ကဒီး ကဒီးပျက်ကြသလို ခဏ ခဏလဲ ဒုက္ခပေးတဲ့ကောင်

သူတို့ကြောင့်ဘာတွေဖြစ်နိုင်မလဲလို့မေးရင်
No Power
ရေဝင်လို့ပဲ ဖြစ်ဖြစ် အားသွင်းရင်းပဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့် powerသေသွားတဲ့အခါ
Supplyနဲ့ချိတ်ကြည့်မယ် AMPမလှုပ် နည်းနည်းပဲလှုပ်ပြန်ကျ
နိုးသယောင် AMPတတ်နေပေမယ့် မနိုး
အဲ့လို အဲ့လို အဖြစ်မျိူးတွေနဲ့ကြုံခဲ့ရင်
သူ့ကြောင့်ပဲအဖြစ်များပါတယ် voltအဝင်အထွက်လေးတွေတော့
မီတာနဲ့တိုင်းကြည့်ကြပါလေ (သေချာအောင်ပါ)

ရုပ်ပျောက်တဲ့ error /backlightပျောက်တဲ့error
ဖုန်းက ပါဝါတော့နိုးနေပါရဲ့
ရုပ်ပဲထွက်ပြီး အလင်းပျောက်(backlightပျောက်) အလင်းတစ်ခုခုထိုးကြည့်မှမြင်နေရတာမျိုး
backlightပိုင်းမှာ hight voltageပျောက်နေတာမျိုးပေါ့
အဲ့လိုအခြေနေမျိုးမှာဆို Hight Voltageလမ်းကြောင်းကိုတော့
အဓိကအရင်လိုက်ကြည့်ရပါမယ် 0ohm Rတွေပြတ်နေလား လမ်းကြောင်းပြတ်နေလား Diodကောင်းရဲ့လား Coilကပဲshockကျနေလားပေါ့ လမ်းကြောင်းပိုင်းအကုန်ကောင်းနေတယ်ဆိုရင်တော့ 8952/8940လေးဖြုတ်လဲပေးလိုက်ပါ အဆင်ပြေနိုင်ပါတယ်

အလင်း(backlight)ထွက်ပြီးရုပ်ပျောက်နေတဲ့ error
Hight Voltageတော့ထွက်ပါရဲ့ +5/-5ပျောက်နေတာမျိုးပါ
အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့
Lcd socketလေးတွေစစ်ကြည့်ပါ ရေဂျိုးဘာညာ socketအခြေလေးတွေလွတ်နေတာမျိုးမရှိခဲ့ရင်
8952/8940လေးလဲကြည့်ပေးပါ +5/-5လေးပြန်ထွက်လာပါလိမ့်မယ်

Sleep Mode Error
ဖုန်းတွေမှာ ပါဝါတော့နိုးပါရဲ့
Sleep Mode errorတက်နေခဲ့ရင်
sensorလဲရေဂျိုးမရှိ ကောင်းပါရဲ့ wifi ဘာညာလဲအဆင်ပြေပါရဲ့
sleepသွားရင် Lcdကလုံးဝကို ရုပ်ပြန်မပေါ်တော့တဲ့အခါ
8952/8940လေးကို အပူပေးပြီးလှုပ်ကြည့်ပါ မရရင် reballလုပ်ကြည့်ပါ မရတဲ့အဆုံးလဲသာလဲပေးလိုက်ပါ အဆင်ပြေပါလိမ့်မယ်

Logoမှာရပ်နေခဲ့ရင်
ဖုန်းကနိုးတယ် logoအတက်အကျမှာပဲ လည်နေတယ်
Firmwareတင်တယ်မရဘူး shockလဲမရှိဘူးဆိုတဲ့အနေအထားမှာတော့
PMU အကြီးရော အသေးပါစစ်သင့်ပါတယ်
ရေဝင်ထားတဲ့ Miဖုန်းတွေမှာ icအောက်ရေဝင်နိုင်တာကြောင့်
ရေဂျိုးလေးတွေ ကပ်ညိနေတဲ့ အခါအဲ့ရောဂါဖြစ်တတ်ပါတယ်

Chargerမရတဲ့အခါ
Chargerသွင်းရင် Charger Singပြတယ်
charger AMPနည်းနည်းပဲဆွဲမယ်
အားလဲတကျမလာဘူးဆိုတဲ့အခါ
V CHGလမ်းကြောင်းကို လိုက်ကြည့်ပေးပါ
တစ်ချို့မှာတော့ Charger regulatorလေးပါတတ်ပေမယ့်
8952/8940သုံးထားတဲ့ဖုန်းတော်တော်များများမှာတော့
V CHG Voltဟာ Second PMUထဲ တန်းဝင်သွားတာများပါတယ် ICလေးလဲကြည့်လိုက်ပါ
CHG AMPဆွဲပြီး အားဝင်လာတာကိုတွေ့ရပါလိမ့်မယ်

အခြားသောerrorတွေလဲရှိနေနိုင်သေးတာမို့
8952/8940တွေရဲ့ errorအကြောင်းလေးတွေကို
သိသလောက်လေးပြန်လည်မျှဝေပေးကြပါ 😊😊

ဒီနေ့ကတော့ ဒီလောက်သာမို့
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာနိုင်ကြပါစေ
Crd

Address

Botataung

Telephone

09780677577

Website

Alerts

Be the first to know and let us send you an email when TOP Mobile Training Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share