30/01/2023
ကျက်မှတ်ထားရန်
(ယောဂီသစ်များအတွက်)
#ပဋိစ်စသမုပ်ပါဒျ (အသွယ်ရှစ်သွယ်ပြ)
လင်္ကာဆောင်ပုဒ်
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်။
#ဒိဋ္ဌိဖြုတ်လင်္ကာဆောင်ပုဒ်
အဝိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး- မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာသိကြား စသည်များက ထင်ရှားပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့်ရှူ၍မျှော်။
*********
အသွယ်(၈)သွယ် ဆိုသည်မှာ
(၁) #မူလနှစ်ဖြာက တစ်သွယ်၊
(၂) #သစ္စာနှစ်ခုက တစ်သွယ်၊
(၃) #လေးခုအလွှာက တစ်သွယ်၊
(၄) #အင်္ဂါတစ်ဆယ်နှစ်ပါးက တစ်သွယ်၊
(၅) #သုံးပါးအစပ်က တစ်သွယ်၊
(၆) #ဝဋ်သုံးဝက တစ်သွယ်၊
(၇) #ကာလသုံးဖြာက တစ်သွယ်၊
(၈) #ခြင်းရာနှစ်ဆယ်က တစ်သွယ်
ဤရှစ်သွယ်ကို အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း။
//////
(၁) မူလနှစ်ဖြာ
ဆိုသည်မှာ အဝိဇ္ဇာ နဲ့ တဏှာ။
(၂) သစ္စာနှစ်ခု
ဆိုသည်မှာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။ (သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။)
မှတ်ချက်။ စက်ဝိုင်း တစ်ပတ်ပြည့်စေရန် ထပ်၍ဆိုသည်။
(၃) လေးခုအလွှာ
ဆိုသည်မှာ အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ၊ ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂါတ်အကျိုးတလွှာ။
(၄) အင်္ဂါတစ်ဆယ်နှစ်ပါး
ဆိုသည်မှာ
အဝိဇၨာ
သခၤါရ
ဝိညာဏ်
နာမ်ရုပ်
သဠာယတန
ဖႆ
ဝေဒနာ
တဏှာ
ဥပါဒါန်
ဘဝ
ဇာတိ
ဇရာမရဏ။
(၅) သုံးပါးအစပ် ဆိုသည်မှာ
သင်္ခါရ နှင့် ဝိညာဏ် တစ်စပ်။
ဝေဒနာနှင့် တဏှာ တစ်စပ်။
ကမ္မဘဝ နှင့် ဇာတိ တစ်စပ်။
(၆) ဝဋ်သုံးဝ ဆိုသည်မှာ = ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။
ကိလေသဝဋ် (၃)ပါး ဆိုသည်မှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
ကမ္မဝဋ် (၂)ပါး ဆိုသည်မှာ သင်္ခါရ နှင့် ကမ္မဘဝ
ဝိပါကဝဋ် (၈)ပါး ဆိုသည်မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဇာတိ, ဇရာမရဏ, ဥပါပတ္တိဘဝ။
မှတ်ချက်။ ။ ဗီဒီယိုဖိုင်သည် ယခင်တရားစခန်းနောက်ပိုင်းရက်မှ ဖိုင်ဖြစ်သဖြင့် ဝိပါကဝဋ်ကို ဒုတ်ထောက်ရာ၌ ၂-အကွက်, ၄-အကွက် ပေါင်းထောက်ထားပါသည်။ ယခုမှ လေ့လာမည့် ယောဂီသစ်များ အတွက်မူ ၄-အကွက် တစ်ကွက်ထဲမှာသာ ထောက်ပါ။
(၇) ကာလသုံးဖြာ ဆိုသည်မှာ
လွန်လေပြီးသော အတိတ်ကာလ
ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ
နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ
(၈) ခြင်းရာနှစ်ဆယ် ဆိုသည်မှာ
အတိတ်အကြောင်းအခြင်းအရာ (၅)ပါး
ပစ္စုပ္ပန်အကျိုးအခြင်းအရာ (၅)ပါး
ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး
အနာဂတ်အကျိုးအခြင်းအရာ (၅)ပါး
အတိတ်အကြောင်းအခြင်းအရာ (၅)ပါး ဆိုသည်မှာ
အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ။
ပစ္စုပ္ပန်အကျိုးအခြင်းအရာ (၅)ပါး ဆိုသည်မှာ
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး ဆိုသည်မှာ
တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ။
အနာဂတ်အကျိုးအခြင်းအရာ (၅)ပါး ဆိုသည်မှာ
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။
အခြင်းအရာက တကွက်မှာ ဘယ်နှစ်ပါး (ငါးပါး)
အကွက်က ဘယ်နှစ်ကွက်ရှိ (လေးကွက်ရှိ)
ငါး လေးလီ နှစ်ဆယ်၊ (၅x၄=၂၀)
ဤရှစ်သွယ်ကို အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်။
သာဓု သာဓု သာဓု။
🙏🙏🙏