Dawei Mobile အရောင်း အဝယ်

Dawei Mobile အရောင်း အဝယ် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dawei Mobile အရောင်း အဝယ်, Thai, Bangkok.

19/05/2014

ထားဝယ်သူ/ သား များအတွက် စီးပွားရေး စားသောက်ဆိုင် အင်္ကျီဆိုင် သင်တန်း ဆိုင်ကယ်/ကား အိမ်/မြေ အရောင် အ၀ယ်များအဆင်ပြေစေရန် ထားဝယ် စီးပွားရေးအခမဲ့ ကြေငြာ Page လေးကို Like လုပ်ထားနော် ခံဗျား.....

https://www.facebook.com/pages/%E1%80%91%E1%80%AC%E1%80%B8%E1%81%80%E1%80%9A%E1%80%B9-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%82%94-%E1%80%B1%E1%81%BE%E1%80%80%E1%80%BB%E1%80%84%E1%80%AC/290425844456255

ထားဝယ် စီးပွားရေးအခမဲ့ ကြေငြာ

ထားဝယ်သူ(ဒ၀ယ်သူ)၊ထားဝယ်သား(ဒ၀ယ်သား)များ(အဓိက) နှင့် တိုင်းရင်းသားအားလုံးဖတ်ပေးပါ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
28/02/2014

ထားဝယ်သူ(ဒ၀ယ်သူ)၊ထားဝယ်သား(ဒ၀ယ်သား)များ(အဓိက) နှင့် တိုင်းရင်းသားအားလုံးဖတ်ပေးပါ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

ထားဝယ်သူထားဝယ်သားများခင်ဗျားကျွန်တော်တို့တနသာင်္ရီတိုင်းဒေသကြီး ကံပေါက်ဒေသမှ သဘာဝဓာတ်ငွေ့အမြောက်အများကိုထိုင်းနိုင်ငံသို့တ...
23/02/2014

ထားဝယ်သူထားဝယ်သားများခင်ဗျား
ကျွန်တော်တို့တနသာင်္ရီတိုင်းဒေသကြီး ကံပေါက်ဒေသမှ သဘာဝဓာတ်ငွေ့အမြောက်အများကိုထိုင်းနိုင်ငံသို့တင်ပို့နိုင်သော်လည်း ထားဝယ်မြို့ပေါ်တွင်မူ လျပ်စစ်မီးကို ၁ယူနစ်လျှင် ၅၀၀ကျပ်မှ၇၀၀ကျပ်ကြားရှိသောဈေးနှုန်းဖြင့်သုံးစွဲနေကြရပေသည်။သို့ဖြစ်ပါ၍ဒေသရှိလူနေမှုအဆင့်အတန်းများမမြင့်တက်နိုင်သလို စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်းလုပ်ငန်းမတွင်ကျယ်ဘဲဖြစ်လျက်ရှိပါသည်။ ဥပမာ အင်တာနက်ဆိုင်များ၊ကွန်ပျူတာသင်တန်းများ၊စားသောက်ဆိုင်များတွင် အဲယားကွန်းမတပ်ဆင်နိုင်ခြင်း၊ ပြည်သူများအနေဖြင့်ယနေ့အထိ သစ်တောပြုန်းတီးမှုကိုဖြစ်ပေါ်စေသော မီးသွေးကိုသာမှီခိုအားထားနေရခြင်း။ ရေခဲသေတ္တာရှိလျက်နှင့်မီတာခကိုကြောက်၍အပြည့်အဝမသုံးစွဲရဲကြခြင်း။ ကျနော်တို့ထားဝယ်မြို့သည် အိမ်နီးချင်း ထိုင်း နိုင်ငံနှင့်နီးစပ်သောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အလားအလာရှိသော လူနေမှုအဆင့်အတန်းမြင့်မားစွာနေနိုင်သော မြို့ဖြစ်ပါလျက်နှင့် လကုန်တိုင်း ပမာဏကြီးမားစွာကျသင့်သော မီတာလခ သည် ထားဝယ်အိမ်ထောင်စုတိုင်း၏လစဉ်ဝင်ငွေကိုမတန်မရာခေါင်းပုံဖြတ်လျက်ရှိပါသည်။ ခွင့်တူညီမျှဝါဒတရားကိုလက်လွှတ်ဆုံးရှုံးနေကြရပါသည်။ မြန်မတနိုင်ငံထဲအတူတူပင်ဖြစ်ပါလျက်မိမိတို့ဒေသမှ မီတာခ တန်ဖိုးမြင့်မားစွာပေးဆောင်ရခြင်းအပေါ်များစွာစိတ်မကောင်းဖြစ်မိပါသည်။ထားဝယ်လူမျိုးတို့၏ပင်ကိုဗီဇအရထမင်းချမ်းကိုသာရေစိမ်စားတော့မည်ဟူသောလူမျိုးများဖြစ်သောကြောင့်ယခုလိုအနိုင်ကျင့်ကောင်းနေကြခြင်းသာဖြစ်ပေမည်။ အကယ်၍ယခုလိုပွင့်လင်းမြင်သာရှိလာသောခေါတ်တွင် ထားဝယ်သူထားဝယ်သားတို့အနေနှင့် မိမိလူမျိုး မိမိဒေသကိုချစ်မြတ်နိုးပါက ယခု Post လေးအားလက်ဆင့်ကမ်းကာshare ပြီးလျပ်စစ်မီတာ ယူနစ်တန်ဖိုးသက်သာရေးအတွက်အတူတကွကြိုးပန်းကြဖို့တိုက်တွန်းအပ်ပါသည်ခင်ဗျား။

20/02/2014

ဗမာမျိုးနွယ်စု အောက်က ထားဝယ်လူမျိုး

ဒီ ပို့စ်ကို အခုလာမယ့် သန်းခေါင်စာရင်း ကောက်ပွဲမှာ ထားဝယ် လူမျိုး များ လူမျိုးကိုဖြေရာတွင် ထားဝယ် လူမျိုးပါဟု ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေဆိုနိုင်ရန် ရည်ရွယ်ပြီး အများပြည်သူ နားလည်နိုင်ဆုံး စာသားများဖြင့် ရေးသားရခြင်းဖြစ်ပါသည်။
အားလုံး၏ အတည်ပြုချက်ရယူသော ပို့စ် ဖြစ်ပါသောကြောင့် အမှာများကို ပြင်ဆင်ပေးဖို့ ကြိုတင် ပန်ကြားအပ်ပါသည်။

(၁) မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု(၈) စု ရှိပါသည်။ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း တို့ဖြစ်ပါသည်။

(၂) ဗမာမျိုးနွယ်စု အောက်တွင် လူမျိုး ၉ မျိုးရှိပါသည်။ ဗမာ၊ထားဝယ်၊မြိတ်၊ဆော(ယော)၊ရဘိန်း၊ကဒူး(ဒုံကူး)၊ဂဏန်း၊ဆလုံ၊ဖုန်း(ဖွန်း) တို့ဖြစ်ပါသည်။

(၃)ထို့ကြောင့် ထားဝယ် လူမျိုးသည် ဗမာမျိုးနွယ်စု အောက်တွင် ရှိပြီး ဗမာလူမျိုး နှင့် သက်သက်စီကွဲလျက်ရှိပါသည်။

(၄) ထားဝယ် နည်းတူ မြိတ် ဆလုံ တို့လည်း ဗမာလူမျိုးမဟုတ်ပဲ ဗမာမျိုးနွယ်စု ထဲတွင်သာ ရှိပါသည်။

(၅) ထားဝယ်လူမျိုးကို ဗမာမျိုးနွယ်စု အောက်တွင် ထားရှိရခြင်းမှာ ထားဝယ်လူမျိုး များသည် အသံကွဲ ဗမာစကားကို ပြောသောကြောင့်ဖြစ်ပါသည်။

(၆) ထားဝယ်စကားသည် အသံကွဲဗမာ စကားဖြစ်သော်လည်း ဗမာစကားမဟုတ်ပါ။

(၇) ထားဝယ်စကား နည်းတူ ထားဝယ်စာပ ရှိပါသည်။ မြန်မာအက္ခရာ ကို အခြေခံထားသော်လည်း ဗမာစာမဟုတ်ပါ။

(၈) ထားဝယ် ရိုးရာ အဝတ်အစားရှိပါသည်။

(၉) ထားဝယ်ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း များရှိပါသည်။

ထို့ကြောင့် ထားဝယ် သည် အသံကွဲဗမာစကားကိုပြောသော ဗမာမျိုးနွယ်စုဝင် ထားဝယ်လူမျိုး သက်သက် ဖြစ်ပါသည်။
သို့သော် ထားဝယ်လူမျိုးများ၏ နိုင်ငံသားစီစစ်ရေးကတ်တွင် လူမျိုးနေရာတွင် ဗမာ ဟု ဖြည့်သွင်းထားကြပါသည်။
ယခု လာမည့် သန်းခေါင် စာရင်းကောက်ယူပွဲတွင် လူမျိုးကို ကောက်ယူရာတွင် ကာယကံရှင်ကိုယ်တိုင်ပြောသော လူမျိုးကို ဖြည့်သွင်းကာ လူမျိုးနှင့် လူဦးရေ ကို မှတ်သားမှာဖြစ်သည်။ လူမျိုးကို ထားဝယ်ဟု ဖြေရမှ ထားဝယ်လူမျိုးလူဦးရေစာရင်း ထွက်လာမည်ဖြစ်ပြီး ဗမာဟုဖြေလျှင် ထားဝယ် လူမျိုးမဟုတ်ပဲ ဗမာ စာရင်း ဝင်သွားမည် ဖြစ်ပြီး ထားဝယ်လူမျိုးစာရင်းပျောက်သွားပါလိမ့်မည်။
ထို့ကြောင့် ထားဝယ် လူမျိုးများ၏ နိင်ငံသားကတ် လူမျိုး နေရာများတွင် ထားဝယ် ဟုဖြည့်သွင်းနိုင်ပြီး ထားဝယ် လူမျိုးကို စာမျက်နှာပေါ်တွင်အတည်ပြု နိုင်ရန်အတွက် လာမည့် သန်းခေါင်စာရင်း ကောက်ယူပွဲတွင် လူမျိုးကို ထားဝယ်ဟု ရဲရဲဝံ့ဝံ့ဖြေကြဖို့ နှိုဆော်တိုက်တွန်းလိုက်ပါသည်။

{သင်၏ နှုတ်ထွက်စကား တစ်ခွန်းဖြင့် ထားဝယ်လူမျိုးပျောက်ကွယ်မည့်အရေးမှ ကယ်တင်ခွင့်ရှိသည်}

ယခု ပို့်စ်ကို လိုအပ်သည်များပြင်ဆင်ပြီး လက်ကမ်းစာစောင် ထုတ်ဝေမည် ဖြစ်သောကြောင့်ဝိုင်းဝန်း အကြံပေးစေလိုပါသည်။

လိုအပ်သော
လူအင်အား ပညာအင်အား ကူညီပေးကြဖို့လည်းဖိတ်ခေါ် တိုက်တွန်းအပ်ပါသည် ခင်ဗျား။

03/06/2013

တနင်္သာရီသမိုင်းကို ဖော်ကြည့်ကြရအောင်

ကျွန်တော် ဟိုတလောက သတင်းတို တစ်ခုမှာ တနင်္သာရီမြို့ဟောင်းကို ထိန်းသိမ်းဖို့ လိုနေတယ်ဆိုတဲ့အကြောင်းကို ကြည့်လိုက်ရတယ်။ သူတို့ရဲ့သက်တမ်းက နှစ်ပေါင်း တစ်ထောင်ကျော်ပြီလို့ပြောပါတယ်။ ဒီတော့ အနော်ရထာတို့ နဲ့ ခေတ်ပြိုင်လောက်ရှိမယ်ထင်ပါတယ်။ ပြီးတော့ မင်းဆက်ပေါင်း ၅၃ ဆက် နဲ့ နှစ်ပေါင်း ၂၅၄ နှစ်တိုင် စိုးစံခဲ့တယ်လို့ပြောတာ မှတ်သားလိုက်ပါတယ်ခင်ဗျား။

ထားဝယ်မြို့ ရေနက်ဆိပ်ကမ်းနဲ့ ၂မိုင်အကွာတွင် ပျူခေတ်နှင့် ခေတ်ပြိုင်ဟု ယူဆထားသော သာဂရ မြို့ဟောင်းလည်း ရှိပါသည်။ သာဂရဟာ (၃) ကြိမ်တိုင်တိုင် မြို့တည်ခဲ့သည်ဟု ဆိုပါသည်။ ထိုသာဂရအပြင် မုတ်ထီး၊ ၀တီမြို့၊ ဆင်စိတ် စသည့် မြို့ဟောင်းများရှိသည်ဟု မှတ်သားခဲ့ရပါသည်။

ပလောက်မြို့တွင်လည်း အောင်သာဝရ မြို့ဟောင်း ရှိပါတယ်ခင်ဗျား။ သို့သော်လည်း မည်သည့် မင်းဆက်များစိုးစံခဲ့သည်ကို မသိရှိသောကြောင့် မည်သည့်နေရာတွင် ရှာဖွေမှတ်ရမည်ကို မသိဘဲ ဖြစ်နေပါသည်။ အင်တာနက်မှာလည်း မတွေ့သေးလို့ပါ။ ဂရုထဲမှာ သိရှိသူများအနေဖြင့် လမ်းညွန်ပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။ တခြားမြို့တွေမှာလဲ မြို့ရိုးဟောင်းတွေ ရှိသေးရင် နောင်လာနောင်သားများမှတ်သားနိုင်ရန် ပြောပြပေးစေလိုပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

21/04/2013

လောကမာရဇိန် ရှင်တော်မြတ်လှူဒါန်းခြင်း

၁၂၃၈ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၂)ရက်နေ့တွင်
ဘဝရှင် မင်းတုန်းမင်းတရားကြီးလှူဒါန်းမူသော
လောကမာရဇိန်ရုပ်ပွားတော်မြတ် ထားဝယ်မြို့သို့ ရောက်သည်။

20/04/2013

မင်းတုန်းမင်းတရားကြီး

၁၂၃၆ ခုနှစ်၊ ဝါဆုန်လပြည့်ကျော်(၁၂)ရက်နေ့တွင်
ထားဝယ်မြို့မှ ဦးရွှေပျားသည် ဘဝရှင်မင်းတရားကြီးထံ
ဆင်ဖြူတော်မ တစ်စီးကိုဆက်သွင်းခဲ့လေသည်။
ဦးရွှေပျားနှင့် ဇနီးတို့အားမင်းတရားကြီးက ဒင်္ဂါး(၃)ထောင်ကျော်
ဆုလာဘ်ချီးမြှင့်တော်မူခဲ့လေသည်။

ที่อยู่

Thai
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dawei Mobile အရောင်း အဝယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์