03/07/2016
🌟🌟🌟 #၇ကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဓမ္မစာပေဟောပြောပွဲဖိတ်ကြားလွှာ🌟🌟🌟
မလေးရှားနိုင်ငံ ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း)တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (17-July-2016) တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ယခုနှစ်တွင် မေတ္တာနန္ဒဝိဟာရ တာဝန်ခံဆရာတော် ဦးဆောင်၍ မလေးရှားရောက် မြန်မာနိုင်ငံသူနိုင်ငံများအတွက် အထူးဝိသေသအဖြစ် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ဓမ္မစာပေ ဟောပြောပွဲထည့်သွင်းထားပါသည် သို့အတွက်ကြောင့် မေတ္တာနန္ဒဝိဟရ မိသားစုအသင်းများနှင့်အတူ ဓမ္မစာပေဟောပြောပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။