Burman Baby

Burman Baby We aim to create a community for parents in Myanmar. Our Website and Mobile App will provide useful information about parenting in different categories.

Such as blogs, tutorials, product reviews, food and education which are all related to babies. We import the best quality and essential products for baby from USA with the best price possible.

09/07/2019
သို့.. မေမေများသို့ ပေးစာ📩📩📩📩- အိပ်ပျက်ညတွေများနေလား မေမေ???-စိတ်တိုစိတ်ပျက် ရှေ့ဆက်ရမယ့် အနာဂတ် ဝေဝေဝါးဝါး ဖြစ်နေလား မေ...
07/07/2019

သို့.. မေမေများသို့ ပေးစာ📩📩📩📩

- အိပ်ပျက်ညတွေများနေလား မေမေ???

-စိတ်တိုစိတ်ပျက် ရှေ့ဆက်ရမယ့် အနာဂတ် ဝေဝေဝါးဝါး ဖြစ်နေလား မေမေ???

- တခါတလေ ဘာလို့မွေးမိလဲ ပြန်စဉ်းစားမိတဲ့ထိ ဖြစ်လာလား မေမေ???

- တစ်ယောက်ထဲ နေချင်လိုက်တာနော်လို့ တမ်းတမိနေလား မေမေ???

-တာဝန် ဝတ္တရားဆိုတာတွေ ချထားခဲ့ပြီး ထွက်ပြေးချင် နေပြီလား မေမေ???

- ဘယ်မှာလဲ ငါ့ဘဝဆို အခါခါ အော်မေးနေပေမယ့် အသံမထွက်လာတဲ့ အခိုက်အတန့်တွေ ရှိနေလား မေမေ???

- ကလေးက ဆိုးလိုက်တာနော် ဆို ဝေဖန် အပြစ်တင်သူတွေကြား မျက်နှာ မထား တတ်ဖြစ်နေလား မေမေ???

- စိတ်တိုပေါက်ကွဲ ဒေါသထွက်လွန်းပြီး ကလေးကို ရိုက်မိလိုက်လား မေမေ???

- မိုးလင်းမိုးချုပ် တကုတ်ကုတ်နဲ့ နေ့တိုင်းဟာ ဆင်တူ လည်ပတ်နေတာလား မေမေ???

- ရုံးဝတ်စုံလေးဝတ် အပြင်ထွက်သူတွေ မြင်တိုင်း အားကျနေလား မေမေ???

- လကုန်ရက်မှာ မျှော်နေတဲ့ ပိုက်ဆံက ကိုယ့်အတွက် တခုခုရည်ရွယ်မိပေမယ့် အိမ်စားရိတ်ချည်းပဲ ဖြစ်ဖူးလား မေမေ???

-တခါတလေ ကပ်လွန်းတဲ့ ကလေးလေးကို မုန်းမိတဲ့ အထိဖြစ်ခဲ့ဖူးလား မေမေ???

- အသက်ရှင်ချင်စိတ်တွေပျောက်ဆုံး မျှော်လင့်ချက်မဲ့ အားငယ်ဖူးလား မေမေ???

- ဘယ်နေ့ရောက်မလဲ ငါ့အလှည့်ဆို တရေးရေးတွေးရင်း နေ့ရက်တိုင်းကို ဆင်တူဖြတ်သန်းဖူးလား မေမေ???

- ရေချိုးခန်း အိမ်သာထိ ဂျက်မချရဲဘဲ ဖွင့်ထားပေးရတဲ့ထိ privacy ကိုနှောင့်ယှက်ခံရဖူးလား မေမေ???

- တခါတလေ ကလေးနေမကောင်းချိန် စိတ်နဲ့လူမကပ် ၂ရက်လောက် ရေမချိုး အဝတ်မလဲနိုင်ဘဲ နေရတဲ့ထိ ဖြစ်ခဲ့ဖူးလား မေမေ???

- ဘယ်လက်နဲ့ဇွန်းကိုင်ရင်း ထမင်းစား ညာဘက်က ကလေးကိုထမင်းစားဖို့ကူ ထမင်းခွံ့တဲ့ အရသာမဲ့တဲ့ ထမင်းလုတ်တွေ စားခဲ့ဖူးလားမေမေ???

- ညည သေးပေါက်ထားလား စောင်လွတ်နေမလားနဲ့ ၃ခါမက ထထကြည့်ဖူးတဲ့ အပိုင်းဆက်ရုပ်ရှင်လို ဆန့်တငင့်ငင့် အိပ်ခဲ့ဖူးလား မေမေ???

- အဲ့လိုပဲ ညည နို့စို့ပြီးကပ်ရမှ မဟုတ်လဲ ရင်ခွင်ထဲတိုးအိပ်လို့ အသားချင်းထိရင် ကိုယ်က အိပ်ပျက် လှုပ်မရ လှည့်မရနဲ့ ခါးတွေနာလို့ စိတ်ပျက်စွာနဲ့ အော်ခဲ့မိဖူးလားမေမေ???

- ပွရင်းသိမ်းရင်း သိမ်းရင်းဖွရင်း ဖြစ်နေတဲ့အိမ်ကို စိတ်ပျက်လက်ပျက်နဲ့ ကလေးကို အော်ငေါက်ရင်း သိမ်းခဲ့ဖူးလားမေမေ???

တခုမဟုတ်တခုတော့ မေမေတို့ ကြုံဖူးခဲ့ကြမှာပါ..

ကလေးနဲ့ အဖော်မရှိ တနေကုန် ဖြတ်သန်းရချိန်တွေဟာ ငြီးငွေ့ဖွယ် အတိနဲ့ စိတ်ပျက်ဖို့ကောင်းကောင်း ကောင်းနေပါလိမ့်မယ်..

ဒါပေမယ့် မေမေရေ..

အဲ့လိုတွေ ခံစားလာရတာ မေမေတစ်ယောက်ထဲ မှတ်ပြီးတော့ ဝမ်းတော့ အရမ်းမနည်းလိုက်ပါနဲ့နော်..

စိတ်ပျက်အရှုံးပေးဖို့လဲ မစဉ်းစားလိုက်ပါနဲ့ဦး..
ဒီနေ့ခေတ်မှာ ထင်သာမြင်သာတဲ့ ခန္ဓာကိုယ် ရောဂါတွေ တိုးပွားလာသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလဲ များပြားလာပါတယ်..

အထူးသဖြင့် ကလေးနဲ့ ၂ယောက်ထဲ အိမ်ထဲချည်းနေတဲ့ ဆော့လွန်းတဲ့ အရွယ်ကလေးတွေရဲ့ မိခင်တွေဟာ Depression လို့ခေါ်တဲ့ စိတ်ကျရောဂါ ကို သိသိသာသာရော မသိမသာပါ ခံစားလာကြရပါတယ်..
တခါတလေ "ငါ့ကျမှ" "ငါဘာလို့" စသဖြင့် ခံစားချက်တွေဟာ ခံစားရသူကို ပိုမိုဆိုးရွားစေပါတယ်..
အဲ့လိုတွေ ခံစားနေရတာကိုလဲ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ် ထင်နေမိတတ်ပါတယ်..
ကလေးကို စိတ်မရှည်ဖြစ်မိတာ ..

တခါတလေ ကလေးနားမနေချင်တော့ပဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်မိတဲ့စိတ်တွေ အတွက် အပြစ်ရှိသလိုလဲ မခံစားပါနဲ့နော်..
ဖွင့်မပြောဖြစ်ကြလို့သာ မသိရတယ်..
အပေါ်ကလို ခံစားချက်မျိုးတွေကို အိမ်ထဲမှာ အဖော်မရှိဘဲ နေရတဲ့မေမေတိုင်း..
တချို့ဆို အဖော်တွေ အနားရှိနေတာတောင်မှ ခံစားနေရပါတယ်..

တချို့သောအချက်များကိုဆို အလုပ်လုပ်နေတဲ့ မေမေတွေတောင် ခံစားကောင်းခံစားရနိုင်ပါတယ်..

စိတ်မညစ်ပါနဲ့ .. စိတ်မပျက်ပါနဲ့ မေမေတို့ရေ..

ကလေးလေးတွေမှာလဲ ၂ယောက်ထဲ အတူနေရတာမို့ မေမေကို ပိုခင်တွယ် အားကိုးကြတာပါ..
အဖော်အနေနဲ့ မေမေနဲ့ဆော့ချင်ကြတာပါ..
မေမေကိုချစ်လွန်းတော့ အပျောက်မခံ မေမေမရှိရင် မလုံခြုံဘူး ခံစားနေရလို့ပါ..
မေမေ့ဂရုစိုက်တာခံချင်တော့ တခုမဟုတ်တခု ဟုတ်တာရောမဟုတ်တာတွေပါ လုပ်ပြကြတယ်..

မေမေဆူရင် ရိုက်ရင် ကူကယ်ရာမဲ့ မျက်ဝန်းလေးတွေနဲ့ မေမေ့ခြေထောက်လေးပဲ ဖက်ငိုမှာပါ.. ပြေးသွားစရာ ရင်ခွင်မှ မရှိတာ..

အရာရာဟာ မကြာခင်ပြီးဆုံးတော့မှာပါ..

လူလားမြောက်လို့ လူ့ဘောင်ဝင်တဲ့ သိတတ်တဲ့ အရွယ်ကစ ကလေးလေးတွေဟာ တက်လိုက်ရတဲ့ကျောင်းတွေ ..
သင်တန်းတွေ နဲ့ ..
သူငယ်ချင်းအသစ်အသစ်တွေ စိတ်လှုပ်ရှားစရာ ဘဝသင်ခန်းစာတွေကြား မေမေ့နား ခုလို မနေရတော့ဘူးလေ..

ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်တမ်းတလဲ ပြန်ရလာဖို့ မဖြစ်နိုင်တော့တဲ့ အခါ ..

နောင်တဆိုတာ ရှိမလာဖို့..
ဖြတ်သန်းနေရတဲ့ ပစ္စုပန်အချိန်လေးမှာ.. မိသားစုဘဝလေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါစို့လားမေမေတို့ရယ်..
စိတ်ပင်ပန်းစေမယ့် လူပင်ပန်းစေမယ့် မပြီးပြတ်တဲ့ အိမ်အလုပ်တာဝန်နဲ့ လူမှုရေးဝတ္တရားတွေ ခဏမေ့ထားပြီး..
ကလေးနားရှိတဲ့အခါ ကလေးလိုတွေး ကလေးလိုနေ ကလေးနဲ့ကစား ကလေးကို သွန်သင်ဆုံးမရင်း ကလေးလေးကို ပျော်ရွှင်တဲ့ ကလေးဘဝလေးရအောင် ဖန်တီးပေးကြပါစို့လား ကွယ်..

အရာရာတိုင်းဟာ တနေ့တော့ ပြီးဆုံးသွားပြီး ဘယ်တော့မှ အစားပြန်မရမှာ သေချာနေတာမို့ပါ..

မေတ္တာဖြင့်..
:May May's Treasure
: internet

City mall က Ocean မှာ မွေးစဆိုဒ် diaper  အခု ၉၀ ပါတာမှ ၁၉၉၀၀ ပဲမို့ ကိုယ်ဝန်ဆောင်မေမေတွေ ၂ ထုတ်လောက်ကြိုဝယ်ထားရင် အကောင်...
14/02/2019

City mall က Ocean မှာ မွေးစဆိုဒ် diaper အခု ၉၀ ပါတာမှ ၁၉၉၀၀ ပဲမို့ ကိုယ်ဝန်ဆောင်မေမေတွေ ၂ ထုတ်လောက်ကြိုဝယ်ထားရင် အကောင်းဆုံးဒိုက်ပါကို ဈေးသက်သက်သာသာနဲ့သုံးလို့ရတာပေါ့..။
အရမ်းတန်လို့လက်တို့တာပါ။

https://www.citymall.com.mm/citymart_en/pampers-baby-diaper-90-s-nb-10000002976672019-02-04-04-29-56

09/01/2019

အွန်လိုင်းရှော့ပင်မလုပ်ဖြစ်တော့တာကြောင့် ဒီပေ့ခ်ျကနေ မေမေတို့အတွက် ဗဟုသုတရစရာကလေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပဲတင်ပေးပါ့မယ်နော်။
Burman Baby ကနေအမြဲအားပေးနေကြမေမေတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။

Pe Ti ပစ္စည်းရောက်နေပီမို့ ဆက်သွယ်တာ အိမ်လိပ်စာဟောင်းပေးတော့ လွန်ခဲ့တဲ့တလကပြောင်းသွားပီလို့ ဘေးအိမ်ကလဲပြောလိုက်ပါတယ်။ ဖု...
22/09/2018

Pe Ti ပစ္စည်းရောက်နေပီမို့ ဆက်သွယ်တာ အိမ်လိပ်စာဟောင်းပေးတော့ လွန်ခဲ့တဲ့တလကပြောင်းသွားပီလို့ ဘေးအိမ်ကလဲပြောလိုက်ပါတယ်။ ဖုန်းလဲပိတ်ပီးနေတော့လေ ... အမရေ ဘယ်လိုဆက်သွယ်ရမလဲ ... အမ ကလေးနဲ့အဆင်မပြေဘူးဆိုလို့ deposit နောက်မှလွဲလို့ သဘောကောင်းပေးတဲ့ Admin အမှားများလားကွယ်

ကလေးပညာရေး ဗဟုသုတလေးပါ
11/09/2018

ကလေးပညာရေး ဗဟုသုတလေးပါ

အင်္ဂလိပ်စာဟာ ဘဝလား။

ကျွန်မတို့နေ့စဉ် ရုန်းကန်နေရတဲ့ဘဝမှာ ဘာသာစကားဟာ မရှိမဖြစ်ပါ။ ကလေးတွေအတွက် ကျောင်းရွေးရင်တောင် အင်္ဂလိပ်စာ ကောင်းကောင်းသင်တဲ့ကျောင်းမျိုးကို ရွေးချယ်လာကြတယ်။ ဒီနေ့ ကျွန်မစဉ်းစားစေချင်တာက အင်္ဂလိပ်စာ တစ်ခုတည်းနဲ့ ကလေးတွေရဲ့ ဘဝ လုံလောက်သလားပေါ့။ အင်္ဂလိပ်စာအပြင် အခြား ဘယ်ကျွမ်းကျင်မှုတွေကိုရော ဆရာ၊မတွေက သင်ပေးသင့်သလဲ၊ မိဘတွေကရော ကျောင်းရှာတဲ့အခါ ဘာတွေကို အလေးထား ကြည့်သင့်သလဲ။

ကျွန်မအနေနဲ့ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အင်္ဂလိပ်စာ တတ်ရုံနဲ့မလုံလောက်ပါဘူး။ အင်္ဂလိပ်စကားပြောနိုင်ခြင်း၊ရေးနိုင်၊ဖတ်နိုင်ခြင်းဟာ ကျွန်မတို့နေ့စဉ်ဘဝမှာ၊ လုပ်ငန်းခွင်မှာ၊ ပညာသင်ယူရာမှာ အရေးပါတဲ့ အရာတွေ အများကြီးထဲက တစ်ခုပါ။ ဘာလို့လဲဆိုရင် အင်္ဂလိပ်လိုရေးထားတဲ့ ကောင်းမွန်သော ပညာရပ်ဆိုင်ရာစာပေတွေ ဖတ်ရှုခွင့်ရမယ်၊ အင်္ဂလိပ်လိုပြောတဲ့ ပညာရှင်တွေနဲ့ စကားဆွေးနွေးနိုင်မယ်၊ အင်္ဂလိပ်လို ပြောဆိုညှိနှိုင်းပြီးလုပ်ငန်းလုပ်နိုင်မယ်၊ ဒါမှမဟုတ် အင်္ဂလိပ်ကားကောင်းကောင်းတွေကို မြန်မာစာတမ်းထိုးမပါရင်တောင် ကြည့်နိုင်မယ်ပေါ့။ အင်္ဂလိပ်စာ တတ်တဲ့အတွက် ကောင်းမွန်တဲ့ အရာတွေကို ရယူဖို့အခွင့်အလမ်းတွေ ပွင့်သွားပါတယ်၊ ဒါပေမယ့် မလုံလောက်ပါဘူး။ အင်္ဂလိပ်စာအပြင် အခြား ကျွမ်းကျင်မှု၊ စိတ်နေသဘောထား၊ အသိပညာဗဟုသုတနဲ့ ကိုယ်စိတ်လူမှုလုံခြုံမှုတွေဟာလည်း အရေးကြီးတဲ့အပိုင်းမှာ ပါတဲ့အတွက် သတိပြုသင့်ပါတယ်။

ကျွမ်းကျင်မှု - နှစ်ဆယ့်တစ်ရာစုမှာ လိုအပ်တဲ့ လူတစ်ယောက်အတွက် ကျွမ်းကျင်မှုတွေက အများကြီးပါ။ အဲဒီ့အထဲကမှ ကျွန်မ တစ်ဦးတည်းအမြင်နဲ့ အရေးကြီးဆုံး ကျွမ်းကျင်မှုတွေကတော့ ၁) ပြဿနာဖြေရှင်းနိုင်စွမ်း၊ ၂) ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်း၊ ၃) တီထွင်ဖန်တီးနိုင်စွမ်း၊ ၄) နားလည် သုံးသပ်နိုင်စွမ်း၊ ၅) ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ၆) နားထောင်နိုင်စွမ်း နဲ့ ၇) နည်းပညာအသုံးပြုနိုင်စွမ်း တွေလို့မြင်ပါတယ်။

စိတ်နေသဘောထား - ကျွမ်းကျင်မှုတွေ ပြည့်ဝနေပေမယ့် နှလုံးရည်ပြည့်ဝတဲ့ လူသားတွေဖြစ်ဖို့လည်း သင်ယူဖို့လိုပါသေးတယ်။ ဒါကြောင့် ကလေးတွေကို ၁) တာဝန်ယူလိုစိတ်၊ ၂) ကူညီရိုင်းပင်းလိုစိတ်၊ ၃) ကြင်နာစိတ်၊ ၄) မေတ္တာစိတ်၊ ၅) စာနာ နားလည်စိတ်၊ ၆) အပြန်အလှန်လေးစားတဲ့စိတ်၊ ၇) ပရဟိတစိတ် စတဲ့ အရေးကြီးတဲ့ စိတ်နေသဘောထားတွေရှိဖို့ လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။

အသိပညာဗဟုသုတ - မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊ပထဝီ၊သမိုင်း၊သိပ္ပံ စတဲ့ ကျောင်းသုံးစာအုပ်တွေထဲက သင်ခန်းစာတွေအပြင်၊ လက်တွေ့ဘဝထဲက အကြောင်းအရာတွေ၊ နောက်ဆုံးပေါ် နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာတွေ၊ အသက်ရှင်နေထိုင်ဖို့လိုအပ်တဲ့ ကျမ်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ အာဟာရစတဲ့ အကြောင်းအရာတွေကိုပါ သင်ယူဖို့လိုအပ်ပါတယ်။

ကိုယ်စိတ်လူမှုလုံခြုံမှု - အပေါ်မှာပြောထားတဲ့ ကျွမ်းကျင်မှုတွေ၊ စိတ်နေသဘောထားတွေ ရရှိဖို့ဆိုရင် ကလေးတွေအနေနဲ့ ကိုယ်စိတ်လူမှုလုံခြုံဖို့လိုအပ်ပါတယ်။ ကိုယ်စိတ်လူမှု လုံခြုံမှုဆိုရင် ကိုယ်ခန္ဓာအတွက်လုံခြုံမှု၊ စိတ်နှလုံးလုံခြုံမှု နဲ့ လူမှုရေးဆိုင်ရာ လုံခြုံမှုဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လုံခြုံမှုဆိုတာ ကလေးတွေ မထိခိုက်အောင်၊ ကိုယ်ထိလက်ရောက်ကျူးလွန်မခံရအောင် လုံခြုံမှုပေးတာကို ဆိုလိုပါ။ စိတ်နှလုံးသားအတွက် လုံခြုံမှုဆိုတာ ကလေးတွေ စိတ်မချမ်းမြေ့အောင် နှိမ်တာ၊ ခွဲခြားဆက်ဆံတာ၊ ဆူငေါက်တာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်ဆက်တာ စတာတွေပြုလုပ်ခြင်းမခံရအောင် လုံခြုံမှုပေးတာကို ဆိုလိုပါတယ်။ လူမှုရေးဆိုင်ရာ လုံခြုံမှုဆိုတာ ကလေးအချင်းချင်း နှိုင်းယှဉ်တာ၊ အသားရောင်၊ဆင်းရဲချမ်းသာ၊ မျိုးရိုးဘာသာစတာတွေနဲ့ခွဲခြားတာ စတဲ့ လူမှုရေးနဲ့သတ်ဆိုင်တဲ့ အကြောင်းအရာတွေအပေါ်မှာ ကလေးတွေ မထိခိုက်အောင် လုံခြုံမှုပေးတာပါ။ ကိုယ်၊ စိတ်၊ လူမှု သုံးပိုင်းလုံး လုံခြုံဖို့ ဆရာ၊မ၊ ကျောင်းတာဝန်ရှိသူတွေနဲ့ မိဘတွေကိုယ်တိုင် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေသတွေ၊ စာတမ်းတွေ၊ သတင်းတွေကို ဖတ်ရှုလေ့လာ ကျင့်ကြံသင့်ပါတယ်။

မိဘတွေ ကလေးတွေကို ကျောင်းထားဖို့ လေ့လာတဲ့အခါ အင်္ဂလိပ်စာအပြင် ကျွန်မပြောထားတဲ့ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ စိတ်နေသဘောထားတွေကို ကျောင်းက ဘယ်လို သင်ပေးမလဲ၊ ကျောင်းသင်ခန်းစာတွေထဲမှာ ဘယ်လို ချိတ်ဆက်ဖို့ ပြင်ဆင်ထားသလဲ ဆိုတဲ့ မေးခွန်းတွေမေးပါ။ ကိုယ်စိတ်လူမှု လုံခြုံဖို့ ကလေးတွေကို သင်မယ့် ဆရာ၊မတွေ၊ ကျောင်း တာဝန်ရှိသူတွေက ဘယ်လိုတွေပြင်ဆင်ထားတယ်၊ ကလေးတွေကို ဘယ်လို ကာကွယ်ဆောင်ရွက်သွားမလဲ စတာတွေလည်း မေးပါ။

ကလေးတစ်ယောက်ဟာ ကျောင်းမှာ အချိန်အများကြီးကုန်ဆုံးလို့ ဆရာ၊မတွေ ကျောင်းတွေက တာဝန်ရှိပေမယ့် မိဘဖြစ်တဲ့ ကိုယ်တွေကလည်း ကလေးတွေကို ပံ့ပိုးပေးဖို့လိုပါတယ်။ ကိုယ်တိုင်က ကိုယ်စိတ်နှလုံးလုံခြုံဖို့၊ ကလေးတွေလိုအပ်တဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတနဲ့ စိတ်နေသဘောထားတွေရဖို့ ကိုယ်တိုင် ဦးဆောင် ပံ့ပိုးရမှာပါ။ ကိုယ့်သားသမီးမဟုတ်တဲ့ ကလေးတွေကို ထိန်းနေရတဲ့ ဆရာ၊မတွေကိုပဲ အားကိုးလို့မရပါဘူး။ အိမ်မှာလည်း ကလေးအတွက် သင်ယူမှု ဝန်းကျင်ကောင်း ဖန်တီးပေးပါ။

ကျောင်းဆရာ၊မတွေအနေနဲ့လည်း ကိုယ့်ဘက်က လိုအပ်မယ့် အသိပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေနဲ့ မှန်ကန်တဲ့ စိတ်နေသဘောထားတွေရအောင် ကလေးတွေကို ဘယ်လို သင်ယူရမလဲဆိုတာ လေ့လာပြီး လက်တွေ့လုပ်ဆောင်ဖို့လိုပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ဆိုင်တာတွေ ကလေးတွေကို ကိုယ်စိတ်နှလုံး လုံခြုံမှု ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလေ့လာသင်ယူ အသုံးပြုသင့်ပါတယ်။

ကျောင်းတွေအနေနဲ့ အထက်က အကြောင်းအရာတွေကို တစ်ကယ် လက်တွေ့လုပ်ဆောင်တဲ့ ဆရာ၊မတွေကို ချီးမြှောက်ဖို့၊ အားပေးဖို့လည်း မမေ့သင့်ပါဘူး။ မိဘတွေအနေနဲ့လည်း ကြိုးစားတဲ့ ဆရာ၊မတွေကို အပြုသဘောဆောင်တဲ့ အားပေးမှုတွေလုပ်သင့်ပါတယ်။ လာဘ်ထိုးတာမျိုး၊ လက်ဆောင်ပေးတာမျိုးထက် သာလွန်တဲ့ အခြား ကျေးဇူးတင်နည်းတွေနဲ့ ချီးမြှောက်ဖို့ စဉ်းစားသင့်ပါတယ်။

အချုပ်မှာ ကျွန်မပြောချင်တာကတော့ အင်္ဂလိပ်စာကို သင်ခိုင်းပါ။ အင်္ဂလိပ်စာတတ်ပြီး ကိုယ်ချင်းစာနာတတ်တဲ့စိတ်မရှိတဲ့သူတွေ၊ ဝေဖန်ပိုင်းခြားမစဉ်းစားတတ်တဲ့သူတွေဟာ လူအညံ့စားတွေပါ။ အင်္ဂလိပ်စာသင်ပြီးရင်လည်း အင်္ဂလိပ်လိုသင်ရင်း လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ၊ စိတ်နေသဘောထားတွေ ရအောင် သင်ကြားပေးပါ။ သင်တဲ့အခါ မိဘရော၊ ဆရာရော၊ကျောင်းမှာပါ တာဝန်ရှိပါတယ်။ အားလုံးပူးပေါင်းပါမှ၊ အချင်းချင်းပံ့ပိုးကူညီပါမှ၊ ကလေးပညာကောင်းမှာပါ။

မေတ္တာဖြင့်…

Sayarma-ဆရာမ

Oshkosh က 2 နှစ်ကနေ ၅ နှစ်အရွယ်ဝတ် လက်ရှည်လေးတွေ လာမဲ့ဆောင်းတွင်းအတွက်ဝယ်ပေးချင်တဲ့မေမေတို့ရှိရင် မှာနိုင်ပါပီဈေးနှုန်း...
06/09/2018

Oshkosh က 2 နှစ်ကနေ ၅ နှစ်အရွယ်ဝတ် လက်ရှည်လေးတွေ လာမဲ့ဆောင်းတွင်းအတွက်ဝယ်ပေးချင်တဲ့မေမေတို့ရှိရင် မှာနိုင်ပါပီ
ဈေးနှုန်း - ၁၆၀၀၀ ကျပ်

အောက်က link မှာဒီဇိုင်းပိုစုံပီး ဈေးအမျိုးမျိုးရှိပါတယ်..
https://www.carters.com/carters-toddler-boy-tops?navID=header =apparelSize&prefn2=filterNavLevel2&prefv1=2T&prefv2=Long-Sleeve

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Burman Baby posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burman Baby:

Share