ThunShweSin Co.,Ltd

ThunShweSin Co.,Ltd တိုးတက်အောင်မြင် သွန်းရွှေစင်
018605086

21/08/2015

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ
ရက်ဆက်ရွာသွန်းမှုများကြောင့်
ပျက်စီးသွားသော တံတားများ ပြုပြင်ပြီးစီးမှု

ကချင်ပြည်နယ် (၂)စင်း
ကရင်ပြည်နယ် (၁)စင်း
စစ်ကိုင်းတိုင်းဒေသကြီး (၁၆)စင်း
မကွေးတိုင်းဒေသကြီး (၁)စင်း
မန္တလေးတိုင်းဒေသကြီး (၁၄)စင်း
ရခိုင်ပြည်နယ် (၁၀)စင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) (၂)စင်း
X##############################x
စုစုပေါင်း (၄၆)စင်း
X##############################x

***** ကချင်ပြည်နယ် *****
**********************

၁။ ရွှေဘို-မြစ်ကြီးနားလမ်း တံတားအမှတ်(၁/၁၇၅)၊ အရှည်(၁၀)ပေ၊
R.S.J သံပေါင်ဖြင့် အရှည်(၄၀)ပေ သစ်သားတံတား ဆောင်ရွက်ပြီးစီး

၂။ ရွှေဘို-မြစ်ကြီးနားလမ်း တံတားအမှတ်(၂/၂၂၅)၊ အရှည်(၅)ပေ၊
ကတ္တရာလမ်းပြတ်တောက်မှုအား ကျောက်ရောမြေ ဖြည့်ညှိခြင်း သစ်သားခင်းခြင်း ဆောင်ရွက်ပြီးစီး

***** ကရင်ပြည်နယ် *****
**********************

၁။ သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ မဲဇလီတံတား၊ အရှည်(၁၆၀)ပေ၊
အရှည်(၁၈၀)ပေ ဘေလီတံတား တည်ဆောက်ပြီးစီး

***** စစ်ကိုင်းတိုင်းဒေသကြီး *****
****************************

၁။ ရွှေဘို-မြစ်ကြီးနားလမ်း တံတားအမှတ်(၁/၇၀)၊ အရှည်(၂၀)ပေ၊
နှစ်လွှာတစ်ထပ် အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၂။ ရွှေဘို-မြစ်ကြီးနားလမ်း ဟဲနုတံတား အရှည်(၁၀၀)ပေ၊
လမ်းလွှဲလုပ်ငန်း ဆောင်ရွက်ပြီးစီးကာ
တစ်လွှာတစ်ထပ် အရှည်(၁၂၀)ပေ ယာယီဘေလီတံတား တည်ဆောက်ခြင်းအား ရေကျချိန်တွင် ဆောင်ရွက်မည်ဖြစ်

၃။ ရွှေဘို-မြစ်ကြီးနားလမ်း မိုင်တိုင် (၁၇/၃-၄)
ကမ်းကပ်ခုံ အသစ်ပြုပြင် ပြီးစီး

၎။ ရွှေဘို-မြစ်ကြီးနားလမ်း နန့်ဒရန်တံတား အရှည်(၈၀)ပေ
တစ်လွှာတစ်ထပ် အရှည်(၉၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၅။ ကျွန်းလှ - ချပ်သင်း - ကောလင်း လမ်း တံတားအမှတ်(၁/၁၉) အရှည်(၆၈)ပေ၊
နှစ်လွှာတစ်ထပ် အရှည်(၈၀)ပေ ယာယီဘေလီတံတား ရေကျမှ ဆောင်ရွက်နိုင်မည်ဖြစ်

၆။ ကျေးရွာချင်းဆက်လမ်း နတ်တံခါး ကြိုးတံတား အရှည်(၂၂၀)ပေ၊
တာဝါတိုင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအား ရေကျမှ ဆောင်ရွက်နိုင်မည်ဖြစ်

၇။ တမူး - ကလေး လမ်း ထွီဗန်တံတား အရှည်(၂၁၀)ပေ၊
သစ်သားတိုင်စင်(၂)ခု ပြန်လည်တည်ဆောက်ခြင်း (ဆောင်ရွက်ဆဲ)

၈။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း မကျည်းလျှိုတံတား အရှည်(၄၀)ပေ၊
ကမ်းကပ်ခုံဘေး မြေပြတ်ပါသဖြင့် မြေဖို့ခြင်းလုပ်ငန်း (ဆောင်ရွက်ဆဲ)

၉။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၂/၇၂) အရှည်(၃၅)ပေ၊
ဘီးလမ်း၊ လက်ရမ်း ကမ်းကပ်ခုံ ပြုပြင်ဆောင်ရွက်ပြီးစီး

၁၀။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၇၅) အရှည်(၃)ပေ၊
သစ်သားတန်းခံ၍ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၁။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၂/၈၁) အရှည်(၄၀)ပေ၊
ဘီးလမ်း၊ လက်ရမ်း ကမ်းကပ်ခုံ ပြုပြင်ဆောင်ရွက်ပြီးစီး

၁၂။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၈၂) အရှည်(၃၅)ပေ၊
ဘီးလမ်း၊ လက်ရမ်း၊ တိုင်၊ ယက်မ ကမ်းကပ်ခုံပြုပြင်ဆောင်ရွက် ပြီးစီး

၁၃။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၂/၈၅) အရှည်(၃)ပေ၊
သစ်သားတန်းခံ၍ မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၄။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၆၈) အရှည်(၃၀)ပေ၊
ကျောက်ရောမြေ ပြန်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၅။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၂/၇၁) အရှည်(၃၀)ပေ၊
ဘီးလမ်း၊ လက်ရမ်း၊ တိုင်၊ ယက်မ ကမ်းကပ်ခုံပြုပြင်ဆောင်ရွက် ပြီးစီး

၁၆။ ကနီ - မင်းကင်း - တောင်တွင်းချောင် လမ်း တံတားအမှတ်(၁/၇) အရှည်(၁၀)ပေ၊
ယာယီလမ်းလွှဲ ဆောင်ရွက်ပြီးစီး

***** မကွေးတိုင်းဒေသကြီး *****
***************************

၁။ ငဖဲ - စေတုတ္တရာလမ်း မန်းချောင်းတံတား အရှည်(၄၅၀)ပေ၊
တစ်လွှာတစ်ထပ် အရှည်(၁၇၀)ပေ ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး
ခရီးသည်များ သွားလာနိုင်စေရန် ဖယ်ရီဘုတ် တစ်စီး စီစဉ်ထားရှိ

***** မန္တလေးတိုင်းဒေသကြီး *****
****************************

၁။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း နောင်လုံ(၂)တံတား အရှည်(၁၀)ပေ၊
နှစ်လွှာတစ်ထပ် အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်

၂။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၁၁/၅၃) အရှည်(၁၀)ပေ၊
တစ်လွှာတစ်ထပ် အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်

၃။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း ဟင်္သာချောင်းတံတား အရှည်(၆၀)ပေ၊
တစ်လွှာတစ်ထပ် အရှည်(၁၃၀)ပေ ယာယီဘေလီတံတား တည်ဆောက်

၎။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ် (၅/၂၈)၊ (၆/၂၈)၊ (၅/၂၉)၊ (၄/၂၉)၊ (၁/၃၀) အရှည်(၅)ပေ ၅ စင်း၊
ကမ်းကပ်ခုံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၅။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၃၁) အရှည်(၂)ပေပြွန်၊
ယာယီသဲအိတ်များကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၆။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၃၂) အရှည်(၅)ပေ၊
ကမ်းကပ်ခုံပြုပြင်ခြင်း ဆောင်ရွက်ပြီးစီး

၇။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၃/၄၉) အရှည်(၂၀)ပေ၊
တံတားချဉ်းကပ်လမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၈။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၁၀/၅၃) အရှည်(၅)ပေ၊
ယာယီသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၉။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၁၁/၅၃) အရှည်(၁၀)ပေ၊
ယာယီသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၀။ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား လမ်း တံတားအမှတ်(၈/၅၃) အရှည်(၁၀)ပေ၊
ကမ်းကပ်ခုံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၁။ တွင်းငယ် - မိုးမိတ်လမ်း တံတားအမှတ်(၁/၅) အရှည်(၂၀)ပေ၊
တိုင်စင်များ၊ သံပေါင်များ ပြုပြင်ခြင်းနှင့် ချဉ်းကပ်လမ်း မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၁၂။ တွင်းငယ် - မိုးမိတ်လမ်း ရေညှာဦးတံတား၊
အရှည်(၁၂၀)ပေ ယာယီဘေလီ ရေနိမ့်တံတား လမ်းလွှဲရေမြုပ်၍ ပြုပြင်သည်

၁၃။ တွင်းငယ် - မိုးမိတ်လမ်း တံတားအမှတ်(၈/၆)၊
အရှည်(၇၀)ပေ ယာယီဘေလီ ရေနိမ့်တံတား လမ်းလွှဲရေမြုပ်၍ ပြုပြင်သည်

၁၄။ တွင်းငယ် - မိုးမိတ်လမ်း ကျော်မော်တံတား၊
အရှည်(၇၀)ပေ ယာယီဘေလီ ရေနိမ့်တံတား လမ်းလွှဲရေမြုပ်၍ ပြုပြင်သည်

***** ရခိုင်ပြည်နယ် *****
*********************

၁။ မင်းဘူး - အမ်းလမ်း ပတ်ကွေ့တံတား အရှည်(၁၂၀)ပေ၊
ရေလည်တိုင်ခန်းဖွင့်(၈၀)ပေ၏ ဘေးတစ်ဖက်စီတွင် ဘေလီသုံးလွှာတစ်ထပ် တည်ဆောက်ပြီးစီး

၂။ မောင်တော - အငူမော်လမ်း ဇော်မတက်တံတား အရှည်(၁၉၀)ပေ၊
ရေလည်တိုင်တစ်တိုင် အသစ် အားဖြည့်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

၃။ မောင်တော - အငူမော်လမ်း တံတားအမှတ်(၂/၁၇) အရှည်(၂၀)ပေ၊
အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၎။ မောင်တော - အငူမော်လမ်း တံတားအမှတ်(၁/၁၈) အရှည်(၂၀)ပေ၊
အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၅။ မောင်တော - ဗန္ဓုလလမ်း မိုင်တိုင် (၃၆/၄-၅)ကြားရှိ တံတား အရှည်(၂၀)ပေ၊
အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၆။ မောင်တော - ဗန္ဓုလလမ်း မိုင်တိုင် (၃၇/၀-၁)ကြားရှိ တံတား အရှည်(၁၀)ပေ၊
အရှည်(၅၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၇။ မောင်တော - ဗန္ဓုလလမ်း မိုင်တိုင် (၃၈/၂-၄၄/၇၅)ကြားရှိ တံတား အရှည်(၅)ပေ ၇ စင်း၊
အရှည်(၈)ပေ ယာယီသစ်သားတံတား တည်ဆောက်ပြီးစီး

၈။ တောင်ကုတ် - မအီလမ်း ငှက်ပျောချောင်းတံတား အရှည်(၄၅)ပေ၊
သစ်သားတိုင်အုတ်မြစ်နှင့် ဘေလီတံတား အရှည်(၁၂၀)ပေ တည်ဆောက်ပြီးစီး

၉။ သံတွဲ - ဂွလမ်း တံတားအမှတ်(၈/၂၇) အရှည်(၂၀)ပေ၊
တစ်လွှာတစ်ထပ် အရှည်(၁၁၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

၁၀။ သံတွဲ - ဂွလမ်း တံတားအမှတ်(၁၀/၂၇) အရှည်(၄၀)ပေ၊
တစ်လွှာတစ်ထပ် အရှည်(၁၄၀)ပေ ယာယီဘေလီတံတား တည်ဆောက်ပြီးစီး

***** ရှမ်းပြည်နယ် (မြောက်ပိုင်း) *****
*******************************

၁။ သီပေါ - နမ္မတူလမ်း နမ့်ပေါတံတား အရှည်(၁၇၇)ပေ၊
နှစ်လွှာတစ်ထပ်ဘေလီတံတား အရှည်(၁၈၀)ပေ တည်ဆောက်ပြီးစီး

၂။ တွင်းငယ် - မိုးမိတ်လမ်း တံတားအမှတ်(၁/၃၈) အရှည်(၆၅)ပေ၊
ဘေလီတံတားနှင့် အရှည်(၁၅၀)ပေ တည်ဆောက်ပြီးစီး

20/08/2015

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှောင်လမ်း မိုင်တိုင် ၅/၃ နှင့် ၅/၄ ကြား အရှည်(၃၀၀)ပေရှိ နန့်ရင်းချောင်းကူးတံတားအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀၄၉.၇)သန်းဖြင့် သံကူကွန်ကရိတံတား တည်ဆောက်ရန် သိန်းသန်းဌေးကုမ္ပဏီ က တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းတင်ဒါစနစ်ဖြင့် တည်ဆောက်ခဲ့ရာ တံတားပြီးစီးပြီး ဖြစ်ပါသည်။
တံတားတည်ဆောက်ပြီးချိန်တွင် ချဉ်းကပ်လမ်းအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ မိုးညှင်းဘက်ကမ်းတွင် ချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဟိုပင်ဘက်ကမ်းတွင် ချဉ်းကပ်လမ်း ဆောင်ရွက်ရန် အရှည်(၅၀)ပေ အမြင့်(၃၅)ပေ ဆောင်ရွက်ရန် ကျန်ရှိပါသည်။
ဇူလိုင်လအတွင်း မိုးသည်းထန်သဖြင့် ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး ဟိုပင်ဘက်ကမ်း၌ ကျန်ရှိသည့် ချဉ်းကပ်လမ်းအား ရေတိုက်စားမှု မရှိခဲ့ပါ။
ယခုအချိန်တွင် ချဉ်းကပ်လမ်းဆောင်ရွက်မည့် နေရာ၌ ရေစီးဆင်းမှုမရှိတော့သဖြင့် ကုမ္ပဏီ က ချဉ်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်ရန် စီမံလျက်ရှိပါကြောင်း ဖြစ်စဉ်အမှန်အား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။

11/08/2015

ဆောက်လုပ်ရေးဝန်ကြီးဌာန သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် များအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီး၍ ပျက်စီးခဲ့သော လမ်း/တံတားများအား လမ်းပြတ်တောက်မှု မရှိစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး ကလေးလွင်ပြင် ရေကြီးနစ်မြုပ်သွားသော လမ်း/တံတားများနှင့်
ချင်းပြည်နယ် တောင်ပေါ်ဒေသလမ်းများ တောင်ပြိုသဖြင့် ပိတ်ဆို့ ပျက်စီးနေမှုများကို အင်ဂျင်နီယာချုပ်များ အနီးကပ် ကြီးကြပ်လျက် မြို့နယ်၊ခရိုင်နှင့် အထူးအဖွဲ့များဖြင့် စက်ယန္တရားများ၊ ကျွမ်းကျင်လုပ်သားများဖြင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလေး - ဂန့်ဂေါလမ်း မိုင်တိုင် ၇၈/၅ - ၆ ကြား လမ်းသားရေတိုက်စား ပျက်စီးနေရာတွင် ယာယီတံတား အမြန်ထိုးရန်နှင့် လမ်းပေါ်ရှိ နုံးများ၊ ဒိုက်ဖက်နှင့် သစ်ပင်များကို ရှင်းလင်းဖယ်ရှားပေးရန် ၊

ကလေး - ကျီကုန်း - တမူး လမ်း တံတားအမှတ် ၁/၅၉ ခမ်းပါတ်တံတား ရေထဲမျောပါ ပျက်စီးသွားသည့်အတွက် သွားလာမှု မပြတ်တောက်စေရေး ယာယီလမ်းလွှဲ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးသွားသော တံတားများကို အမြန်ဆုံးပြန်လည် ပြုပြင်သွားရန် လမ်းညွှန်မှာကြားပါသည်။

(၈-၈-၂၀၁၅)ရက်နေ့တွင် ကလေး - ဖလမ်း - ဟားခါးလမ်း ပထမအဆင့်အနေဖြင့် ပြန်လည်သွားလာနိုင်ပြီ ဖြစ်၍ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို အမြန်ဆုံးပြုပြင်ဆောင်ရွက် သွားရန်၊
ကလေး - နတ်ချောင်း - ဖလမ်း (ဝေဘူလ လမ်း) ပေါ်ရှိ အရှည် ၉၀ ပေ RPT သံပေါင်တံတား ရေထဲမျောပါ ပျက်စီးမှု အခြေအနေနှင့် ဗားရ်တံတား ကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟားခါးမြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဟားခါး - ဂန့်ဂေါလမ်း တောင်ပြိုမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး
ပထမအဆင့် ကလေး - ဖလမ်း - ဟားခါး လမ်း ပွင့်ပြီဖြစ်၍
ဒုတိယအဆင့် ကလေး - ဂန့်ဂေါ လမ်း အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်နှင့်
တတိယအဆင့် ဂန့်ဂေါ - ဟားခါး လမ်း ယာယီပွင့်ရန် အတွက်
အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

(၉-၈-၂၀၁၅)ရက်နေ့တွင် ဟားခါးမြို့ တောင်ပြိုမြေများကြောင့် ပျက်စီးသွားမှု အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်း ပါသည်။

ကလေး - ဖလမ်း - ဟားခါး လမ်း သိုင်းငင်းလမ်းခွဲမှတဆင့် ကလေး - တီးတိန် လမ်းပိုင်းတွင် တောင်မြေပြိုသဖြင့် လမ်းကြောင်းပြတ်တောက်နေမှုအား စက်ယန္တရားများဖြင့် လမ်းလွှဲဖောက်နေမှု အခြေအနေကို လည်းကောင်း၊

တံတားအမှတ် (၃/၇၉) ဇင်းကလင်း တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် ပျက်စီးမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး

ဘေလီသံပေါင် (၃၀၀)ပစ္စည်းစုံ ကလေးဝမြို့သို့ ရောက်ရှိနေပြီဖြစ်၍ အမြန်ဆုံးသယ်ယူ၍ တံတားထိုးနိုင်ရန် တာဝန်ရှိသူများကို လမ်းညွှန်ပါသည်။

(၁၀-၈-၂၀၁၅)ရက်နေ့တွင် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါလာပြီး ကလေး - ကလေးဝ လမ်း အခြေအနေကိုလည်းကောင်း၊ ချင်းတွင်းတံတား (ကလေးဝ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မုံရွာ - ရေဦး - ကလေးဝ လမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လမ်းတစ်လျှောက်ကြည့်ရှု စစ်ဆေးပြီး ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိပါသည်။

16/07/2015

ရွှေဘို - မြစ်ကြီးနား လမ်း
(နဘား - မော်လူး - နမ့်စီးအောင်) အပိုင်း

ကွန်ကရိလမ်း ခင်းခြင်း
လမ်းပြုပြင်ထိန်းသိမ်းခြင်း
လမ်းခင်းကျောက် စုဆောင်းထားရှိခြင်း
အခြေအနေများ

(၉-၇-၂၀၁၅)

16/07/2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် သည် တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (တံတား) ဦးတင့်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြတ်ကိုကို နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့ရှိ ရွှေပေါက်ကံတံတား (လေးလမ်းသွား) တံတားတည်ဆောက် ရေးစီမံကိန်း သို့ရောက်ရှိ၍ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါသည်။

07/07/2015

ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်ရှိ
ပလိပ်-တံတားဦး လမ်း
မိုင်တိုင်အမှတ် ၃/၂ မှ ၄/၆ ထိ
၁ မိုင် ၄ ဖာလုံ ရှိ
၁၂ပေ အကျယ် ကတ္တရာလမ်းအား
၁၈ ပေ ကတ္တရာလမ်းအဖြစ်
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို
တိုင်းဒေသကြီး ငွေလုံးငွေရင်း လုပ်ငန်းရန်ပုံငွေဖြင့်
လမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် က
တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။

01/07/2015

၂၄-၆-၂၀၁၅ ရက်နေ့ နံနက် ၀၉း၃၀ အချိန်တွင်
နေပြည်တော်၊ ရုံးအမှတ် ၁၁၊
ဆောက်လုပ်ရေးဝန်ကြီးဌာန ၌
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့က
မီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲအား
ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ပါသည်။

16/06/2015

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉) က တာဝန်ယူတည်ဆောက်သော ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်လေးပင် - ပုဇွန်မြောင်း - မဒေါက် - ရွှေကျင် လမ်းပေါ်ရှိ မဒေါက်ကလေးတံတား ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ (၀၉း၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတံတားဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး လှမင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၊ ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဝေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က တံတားတည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက တံတားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပါသည်။
မဒေါက်ကလေးတံတားသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်လေးပင် - ပုဇွန်မြောင်း - မဒေါက် - ရွှေကျင် လမ်းပေါ်တွင်တည်ရှိပြီး တံတားအရှည် (၆၀၀)ပေ၊ ၁ မီတာအချင်းရှိ သံကူကွန်ကရိ ဘိုးလ်ပိုင်အုတ်မြစ် အမျိုးအစားဖြစ်ကာ၊ ခန်းဖွင့်အကျယ် (၉၀)ပေ ၄ ခန်း၊ ခန်းဖွင့်အကျယ် (၆၀)ပေ ၄ ခန်းနှင့် သံကူကွန်ကရိကြမ်းခင်း အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃)ပေစီ ပါရှိ၍ ရေလမ်းကင်းလွတ် အကျယ် (၆၇)ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ယာဉ်+ကုန် (၆၀)တန် ဖြစ်ပါသည်။

07/06/2015
09977118475စုံစမ်းမေးမြန်းနိုင်ပါသည်
07/06/2015

09977118475
စုံစမ်းမေးမြန်းနိုင်ပါသည်

07/06/2015

Address

Room(1), Building(8/5), Yanshin Road, Yanaye Street, Yankin Township
Yangon

Telephone

018605086

Website

Alerts

Be the first to know and let us send you an email when ThunShweSin Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share