16/06/2016
Since 16.6 2013
လွန်ခဲ့တဲ့ 3 နှစ်က ဒီနေ့ မှာ ......
Myanmar နိုင်ငံရဲ့ပထမဦးဆုံး Kpop Concert !!! ( မဟုတ်ပါဘူး ) !
အဲ့လို Concert လုပ်ဖို့ Kpopper တွေ အင်အားပြတဲ့အနေနဲ့
Event လေးတစ်ခုလုပ်ပြရမယ်လို့ 
ဟို ဦးလေးတစ်ယောက်ကပြောတော့ အဲ့အချိန်အခါက
Fandom ပေါင်းစုံ Admin တွေပေါင်းပီး
United Kpop Myanmar ဆိုပီးတော့ ပွဲလေးတစ်ပွဲလုပ်ခဲ့တယ် ။
Kpopper တွေအားလုံးတွေ့ကြမယ်
ပီးတော့ Cover Stage လေးတွေလည်းပါမယ်ပေါ့ ။
ဒါနဲ့ ပဲပွဲ စစီစဉ်တယ် ။
အခက်ခဲပေါင်းသောင်းခြောက်ထောင်ကို ကျော်ဖြတ်ပီးပွဲလေးဖြစ်သွားခဲ့တယ်။
ခု Senior ပါလို့ အခေါ်ခံနေရတဲ့ Cover အဖွဲ့တော်တော်များများ
အဲ့နေ Debut တာပါ ။
Cover ထဲမှာတောင် Fandom ကိုယ်စားပြု ( Admin တွေပါဝင်က :P )
တဲ့ အဖွဲ့တွေပါမယ် ၀ါသနာရှင်အဖွဲ့တွေပါမယ် .. ။
ဘယ်အဖွဲ့တက်တက် " ဟေး " " wow " အဲ့ အသံတွေနဲ့ ပဲဆူညံနေခဲ့တယ် ။
ဘာသီချင်း ဆိုဆို ကက အောက်က အကုန်လိုက်ဆိုခဲ့ကြတယ် ။
အပြင်မှာဘာတွေပဲဖြစ်ကြဖြစ်ကြ အဲပွဲမှာ
အတူတူပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းခဲ့ကြတယ် ။
လူ 400 လောက်ပဲလာမယ်ခန့်မှန်းခဲ့တဲ့ Event တစ်ခုက
လူ 700 - 800 ( ခန့် မှန်းခြေ ) လာခဲ့တယ် ။
ကျနော်တို့ အားလုံးအတွက်ပထမဆုံးပါ ။
ကိုယ့် Fandom သီးသန့် Event လေးတွေရှိခဲ့ပေမဲ့
အကုန်လုံးတစ်စုတစ်စည်းတည်း
Kpopper ရယ်လို့ အင်အားချပြနိုင်တာပထမဆုံးပါ ။
အဲ့လိုနဲ့ ကျနော်တို့ United Kpop Myanmar ဆိုတဲ့အဖွဲ့လေးစပီး
ရပ်တည်ခဲ့တယ် ။
ဒီနေ့ ဆို 3 နှစ်ပြည့်ပါပီ ။ ...........
UKM စဖြစ်လာတည်းက ပွဲလေးတစ်ပွဲလုပ်မယ်ဆိုရင် အပြေးကူညီပေးခဲ့ကြတဲ့
ကျနော်တို့ UKM ၀ိုင်းတော်သားများ ၊ Fandom အသီးသီးမှ Admin များ
နှင့် Kpopper များ ၊ Cover အဖွဲ့များ ကို ဒီနေရာကပဲ
Keyboard လေးဖက်ပီး ကျေးဇူးတင်ပရစေ။ အားလုံးဝိုင်းဝန်းကူညီမှုနဲ့ ပဲ ကိုလည်း အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ် :D
နောက်နောင်လည်း ဒီထက်ကောင်းတဲ့ Organization တစ်ခုဖြစ်အောင်
ကြိုးစားသွားပါမယ်။
ဒီနှစ် မှာ ပြန်လည်ဆုံတွေ့ကြပါစို့ ။ ^_^