16/01/2021
FB page နဲ့ ဈေးရောင်းရတာလည်း ရိုးရှင်းလွယ်ကူနေတာကို ဘာလို့ E-Commerce Website ထပ်သုံးဖို့ လိုအပ်တာလဲ ? 🧐
ဘာတွေများ ပိုကောင်းသွားမှာ မို့လို့လဲ 🧐
မလိုအပ်ဘဲ E-Commerce ဝယ်လိုက်မိတာ ငွေအပို သုံးလိုက်သလိုများဖြစ်သွားမလား 🧐
E-Commerce သုံးတာဟာ တကယ်ရော အကျိုးရှိပါ့မလား 🧐
အထက်ကပြောခဲ့သလို "လား" ပေါင်းများစွာအမေးတွေအတွက် ဒီနေ့ Ecommerce အသုံးပြုပြီးအရောင်းအဝယ် ပြုလုပ်ရခြင်းရဲ့ အားသာချက် တချို့ကို တင်ပြပြီးပြန်ဖြေလိုက်ပါရစေရှင့်
✍️✍️✍️E-Commerce Site အသုံးပြု၍ လုပ်ငန်းချဲ့ထွင်မဲ့ လုပ်ငန်းရှင်များ ရရှိနိုင်မဲ့ အားသာချက်အချို့မှာ
📌 fb page နဲ့စျေးရောင်းတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် page report လုပ်ရင် page ပျက်နိုင်တဲ့အတွက် customer တွေ၊မိတ်ဖက်တွေကိုအစကပြန်တည်ဆောက်ရတာကအလုပ်ရှုပ်စေပြီး ကိုယ်ပိုင် ecommerce site ကတော့ မိမိသုံးချင်သလောက်ရာသက်ပန်အသုံးပြုနိုင်ပါတယ်...
📌 ကုန်ပစ္စည်းရဲ့ ဓာတ်ပုံများနှင့် price, size, color, exp date, in stock, out of stock အစရှိသဖြင့် အသေးစိတ်အချက်အလက်များကိုလဲ fb page နှင့် messenger မှ reply ပြန်သလို တခုချင်းပြန်လည်ရှင်းပြစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်...
📌 ဒါ့အပြင် E-Commerce Website ကနေ customer တွေရဲ့အော်ဒါတွေကို printed voucher ပါတခါထဲထုတ်ပေးဦးမယ်ဆိုရင် ကိုယ်တိုင်ရေးဘောင်ချာတွေအတွက် အချိန်ကုန်၊ငွေကုန်၊အပင်ပန်းခံစရာမလိုတော့ဘူးပေါ့နော်...
📌 တပြိုင်ထဲမှာပဲ အပြင်မှာဆိုင်ဖွင့်ထားတာမဟုတ်တဲ့အတွက် ဆိုင်ခန်းခလဲလျော့ချနိုင်သလို၊ အချင်းချင်းထိတွေ့ဆက်ဆံမှုကို လျော့ချရာလည်းရောက်တာမို့ ခုကာလကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီးသားလဲ ဖြစ်တာပေါ့ရှင်..
📌 မိမိ Customer များငွေလွှဲရာမှာလဲလုံခြုံစိတ်ချရတဲ့စနစ်ကြောင့် မိမိပေ့ချ်အမည်ကိုသုံးပြီး မသမာမှုပြုခြင်းအန္တရာယ်မှကာကွယ်နိုင်ပြီး Customer များရဲ့ အချက်အလက်များကိုလည်း ပိုမိုလုံခြုံစွာသိမ်းပေးထားနိုင်ပါသေးတယ်နော်...
📌 FB page မှာဆိုရင် မိမိ post တင်ထားတဲ့ဘာသာစကားနဲ့သာ customer က ဖတ်ရှုလို့ရနိုင်ပြီး ecommerce site မှာတော့ မြန်မာ၊အင်္ဂလိပ်၊ တရုတ်၊ ထိုင်း အစရှိသည့် ကြိုက်နှစ်သက်ရာဘာသာစကားနဲ့ ဖတ်ရှုလို့ရအောင်လည်း တည်ဆောက်ထားလို့ရပါတယ်နော်...
📌၂၄ နာရီပတ်လုံးဖွင့်တဲ့ အွန်လိုင်းစျေးဆိုင်ဖြစ်တာကြောင့် Customer များလိိုအပ်တဲ့အချိန်၊အဆင်ပြေတဲ့အချိန်မှာဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်တာကြောင့် လစ်ဟင်းမှုမရှိတဲ့အတွက်ရောင်းအားလဲပိုတက်နိုင်တာပေါ့နော်...
📌 ဒါ့အပြင် promotion များ၊မိမိလုပ်ငန်းနှင့်သက်ဆိုင်သောအခြားအချက်အလက်များအား အချိန်နဲ့တပြေးညီ customer ထောင်ပေါင်းများစွာကိုတပြိုင်နက်ထဲအသိပေးနိုင်တာကလည်း အားသာချက်တွေထဲကတခုအပါအဝင်ပါပဲနော်...
📌 E-Commerce Website အသုံးပြုခြင်းဖြင့် Virtual Accountant တယောက် ပိုင်ဆိုင်ထားသကဲ့သို့ လုပ်ငန်းရှင်များသိချင်တဲ့ အရောင်းအဝယ်အဝင်အထွက် စာရင်းများကို အလွယ်တကူ သိရှိနိုင်ခြင်း
လုပ်ငန်းရှင်များအနေဖြင့် နေ့စဥ် ၊ လစဥ် ၊ နှစ်စဥ် အရောင်းအဝယ်စာရင်းများ ၊ ဝင်ငွေ ထွက်ငွေစာရင်းများကို Ecommerce Website မှတဆင့် Click တချက်နှိပ်ရုံဖြင့် လွယ်ကူစွာ သိရှိနိုင်သည့် အကျိုးကျေးဇူးလဲ ရရှိနိုင်ပါသည် ။
✍️✍️✍️Ecommerce Website အသုံးပြုရုံဖြင့်လုပ်ငန်းရှင်များရဲ့ Customers များကို ပေးနိုင်တဲ့ services အချို့ကိုလည်း အနည်းငယ် ပြောပြပါရစေရှင်
📌 ဝယ်သူတွေအနေနဲ့ (၂၄) နာရီ၊(၇)ရက်လုံးဖွင့်တဲ့ Online Shopping Website ဖြစ်တာကြောင့် မိမိအားလပ်တဲ့အချိန်မှာ မိမိလိုချင်တဲ့ ကုန်ပစ္စည်းရဲ့ ဓာတ်ပုံများ၊ ရရှိနိုင်မယ့် size, color, price, exp date, in stock, out of stock, waiting list အစရှိတဲ့ အသေးစိတ်အချက်အလက်ကို တနေရာထဲမှာသိနိုင်ပြီး click တချက်နှိပ်ယုံနဲ့ ဝယ်ယူနိုင်တာကြောင့် တော်တော်လေးအချိန်ကုန်သက်သာစေမှာပါနော်...
📌အကယ်လို့ ကုန်ပစ္စည်းအမည်အတိအကျမသိရင်တောင် မိမိမှတ်မိသလောက် စကားစုတွေနဲ့လည်း အဲ့ဒီကုန်ပစ္စည်းကို E-Commerce site အတွင်းမှာရှာဖွေဝယ်ယူလို့ရနိုင်ပါသေးတယ်ရှင့်...
📌ဒါ့အပြင် E-Commerce Website ကနေ လူကြီးမင်းတို့အတွက် လက်ရေးနဲ့ဘောင်ချာတွေမဟုတ်ပဲ ပိုမိုသပ်ရပ်ပြီးတိကျမှန်ကန်တဲ့ printed voucher ကို
ရနိုင်ပါတယ်နော်...
📌ငွေပေးချေရာတွင်လည်း မိမိနဲ့အဆင်ပြေမယ့်ငွေလွှဲခြင်းနည်းအမျိုးမျိုးနဲ့ အဆင်ပြေတဲ့အချိန်လွှဲလို့ရတာကြောင့် ရောင်းသူ၊ ဝယ်သူကြား လုံခြုံစိတ်ချမှုရှိတဲ့ ငွေပေးချေမှုပြုလုပ်နိုင်ခြင်းဟာလည်းတဦးနှင့်တဦး သံသယမပွားပဲ ယုံကြည်မှုတွေပိုမိုခိုင်မာစေပါတယ်ရှင့်...
📌 ဒါ့အပြင် ပစ္စည်းပို့တာဘယ်အခြေအနေရောက်နေပြီ.ဘယ်နေ့တော့ဖြင့် ကိုယ်ဆီရောက်မယ်ဆိုတဲ့(order tracking)တွေကိုလည်း အချိန်နဲ့တပြေးညီ သိရှိနိုင်တာဟာလည်း အားသာချက်တွေထဲတခုအပါအဝင်ပါပဲနော်...
📌 နောက်ထပ် customer အတွက် အားသာချက်တခုကိုပြောရရင်တော့ မိမိသဘောကျတဲ့ကုန်ပစ္စည်း တခုကိုသဘောတော့ကျတယ်..ဒါပေမယ့်လတ်တလောမဝယ်နိုင်သေးဘူး..မဝယ်ချင်သေးတဲ့အတွက် favourite list or wish list ထဲထည့်ထားလိုက်ရုံနဲ့ မိမိဝယ်လိုတဲ့အချိန်မှာ အဆင်ပြေလွယ်ကူစွာဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်..အဲ့လိုနည်းနဲ့ မလိုချင်တဲ့ပစ္စည်းတွေကြားကနေ လိုချင်တဲ့ပစ္စည်းတခုကို အပေါ်အောက် scroll bar ဆွဲပြီးရှာနေရတဲ့ဒုက္ခက ကင်းဝေးအောင်လုပ်လို့ရပါတယ်နော်...
📌 စိတ်ဝင်စားစရာအကောင်းဆုံးတခုကတော့ ကိုယ့်ရဲ့ email ပေးထားရုံနဲ့ ecommerce site ရဲ့ promotion အစုံအလင် နဲ့ Up To Date သတင်းပေါင်းများစွာကို အမြန်ဆုံးသိရှိရမှာဆိုတော့ အတန်ဆုံး promotion ဆိုတာတွေကို လက်လွှတ်စရာမလိုဘူးပေါ့....
👆 အထက်ပါ တင်ပြခဲ့သည့် အချက်အလက်များအပြင်
အကျိုးရှိစေနိုင်သည့် အချက်အလက်များစွာလည်း ကျန်ရှိပါသည်။ လူကြီးမင်းတို့ လုပ်ငန်းများကို Online Selling စနစ်သို့ တိုးချဲ့သည့်အခါမှာ အထောက်အကူများစွာ ပေးနိုင်သည့် E-Commerce Website ကိုလည်း
အသုံးပြုသင့်ကြောင်း အကြံပြု ပါရစေရှင် ။ 👈
📞 ကဲ ဒီလောက်အထိဖတ်လာပြီးပြီဆိုရင်တော့ E-Commerce Website ကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း သိနိုင်လောက်ပြီမို့ အချိန်နဲ့အမျှငွေဝင်နိုင်မယ့်အခွင့်အလမ်းကို ထပ်ပြီးလုပ်သင့်မလုပ်သင့်တွေဝေပြီး အချိန်တွေဆွဲနေဦးမှာလားမိတ်ဆွေ လုပ်ငန်းရှင်တွေအတွက်တော့ အချိန်ဆိုတာရွှေပဲနော် 😉😉😉
အသေးစိတ်သိရှိလိုပါက
📧[email protected] (သို့မဟုတ်) chat box တို့မှာ
ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်
သာယာချမ်းမြေ့သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏