29/01/2022
ောင့်hackခံရခြင်းကာကွယ်နည်း(၉)မျိုး
ယနေ့ Social Media ခေတ်စားလာတဲ့အချိန်မှာ Social App တွေလည်းမျိုးစုံရှိလာပါတရ်။
Facebook, Instagram, Telegram, Twitter , etc... စသဖြင့်ပေါ့။
ဒီထဲမှာမှ မြန်မာပြည်မှာအသုံးအများဆုံးကတော့ Facebook App ဖြစ်ပါတရ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ
နေ့စဉ် Update ဖြစ်နေ, Trend ဖြစ်နေတဲ့သတင်းအချက်အလက် အကြောင်းအရာတွေကို စဉ်ဆက်မပြတ်လေ့လာလို့ရမဲ့ App တစ်ခုဖြစ်တဲ့အတွက် ကောင်းကျိုးတွေပေးလင့်ကစား အသုံးပြုပုံမှားယွင်းတဲ့အခါ မလိုလားအပ်တဲ့ စိတ်သောကတွေရောက်ရတာမျိုး၊ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေါက်ကြားတာမျိုး၊ အဆုံးအစွန် တရားဥပဒေနဲ့ရင်ဆိုင်ရတဲ့အထိ ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတရ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ Aung Mobile ကနေ
Facebook ကိုအသုံးပြုရင်း မိမိတို့ကိုယ်ရေးကိုယ်တာအချက်အလက်တွေမပေါက်ကြားရအောင် ထိန်းသိန်းနည်း (သို့) မိမိရဲ့ Facebook Account Hack ခံရခြင်းမှ ဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးသွားပါ့မရ်။
1. Strong Password
(Facebook Account Password ကို လွယ်လွယ်ကူကူမထားပါနဲ့)
Facebook ကိုအသုံးပြုတာကြာပြီပဲဖြစ်ဖြစ်၊ မနေ့တနေ့ကမှစသုံးတာပဲဖြစ်ဖြစ် လူတော်တော်များများက Password ကိုလွယ်လင့်တကူပေးထားတက်ကြပါတရ်။
ဥပမာ - Nickname, မွေးနေ့, မိမိချစ်သူအမည် စသဖြင့်ပေါ့။
အမှန်တော့ ကိုယ့်ရဲ့အကောင့်မှာ Public နဲ့တင်တဲ့ Post တွေကလွဲလို့ လူသိခံလို့မရတဲ့သတင်းအချက်တွေက ရှိကောင်းရှိနေဦးမှာပါ။
ဥပမာ - ငွေလွှဲငွေပို့ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာစကားဝိုင်းတွေ၊ ကိုယ်ချိတ်ဆက်ထားတဲ့ Third Party App တွေ. . .
အပေါ်ကပြောသလို PW ကိုလွယ်လင့်တကူလုပ်ထားတဲ့အခါ Hacker များက ခန့်မှန်းရလွယ်ကူတဲ့အချက်အလက်တွေဖြစ်လို့ မိမိရဲ့Account Hack ခံရဖို့က ရာခိုင်နှုန်းအရမ်းများနေပါတရ်။
အဲဒါကြောင့် PW ထားမယ်ဆိုရင် အနည်းဆုံး 8 to 10
ရှစ်လုံးကနေ ဆယ်လုံးအထိထားပါ။
အက္ခရာအကြီးအသေး၊ ဂဏန်း နဲ့ Symbol တွေတွဲထားခြင်းက PW ကိုပိုပြီးခိုင်မာစေပါတရ်။
( Eg - AungMobile987@ )
2. Phone Number or Email Account
(ဖုန်းနံပါတ်နှင့် အီးမေးလ်အကောင့်ကိုအတည်ပြုပါ)
လူအများစုတော့ မိမိဖုန်းနံပါတ်နဲ့ပဲ အကောင့်ဖွင့်ကြတာများပါတရ်။
ဖုန်းနံပါတ်နဲ့ အီးမေးလ်နှစ်ခုစလုံးကို Confirm လုပ်ထားခြင်းက နောင်တစ်ချိန်ဖုန်းနံပါတ်ပျောက်ဆုံးတဲ့အခါ
မိမိရဲ့ PW မမှတ်မိတော့ရင် အီးမေးလ်ကနေတဆင့် PW ကိုပြန်တောင်းလို့ရပါတရ်။
Phone Number Confirmed ဖြစ်တဲ့အခါ
Two-factor authentication လုပ်လို့ရပါပြီ။
ဒီ Two-factor authentication ဆိုတာကတော့
မိမိရဲ့အကောင့်လုံခြုံရေးကိုတိုးမြှင့်တဲ့နည်းပညာတစ်ခုပါ။
သူ့ကို Turn On လုပ်ထားတဲ့အခါ
တပါးသူက မိမိရဲ့အကောင့်ကို Hack နေတဲ့အခါပဲဖြစ်ဖြစ်၊ တခြား Browser, App နဲ့ Phone ကနေ
မိမိရဲ့အကောင့်ကို ဝင်ရောက်ဖို့ကြိုးစားတဲ့အခါ
သတိပေးမှာဖြစ်တဲ့အပြင် Login Code ကိုပါ SMS ပေးပို့မှာဖြစ်ပါတရ်။ ဒီ Code ကို မသိတဲ့အခါ Account Hack ဖို့ကြိုးစားသူက ဘာမှဆက်လုပ်လို့မရတော့ပါဘူး။
သူ့ကိုဖွင့်ဖို့လုပ်ဆောင်ရမဲ့အချက်တွေကတော့ -
Fb Settings >> Password and security >> Use two-factor authentication >> Enter Password >> Tap Use authentication app or Text message (SMS)
3. Spam Link
(အနှောင့်အယှက်အွန်လိုင်း Link တွေကိုရှောင်ရှားပါ)
Hacker တွေအသုံးပြုတဲ့နည်းထဲကတစ်ခုပါ။
ဒီ Link ထဲကိုဝင်ရောက်ရင် ငွေရမယ်၊ နောက် ဂိမ်းသမားတွေဆိုရင် Gem ရမယ်၊ စိန်ရမယ်စသဖြင့် မက်လုံးပေးပြီး Account Password ကို Hack ယူတာမျိုးပါ။
သူ့ Link ကိုဝင်ရောက်တဲ့အခါ မိမိ Facebook Account နဲ့ဝင်ရောက်ဖို့တောင်းဆိုလာရင် ဝင်ရောက်ခြင်းမပြုလုပ်ပါနဲ့။ တရားဝင် Page (or) Account ကမဟုတ်တဲ့ မယုံရတဲ့ Link တွေမဝင်ပါနဲ့။
4. Previous Active Sessions
( အရင်ကဝင်ထားတဲ့ Phone, Website Session တွေကိုဖြုတ်ပစ်ပါ)
ဖုန်းပြောင်း(အသစ်လဲ)တဲ့အခါ Log Out လုပ်ခဲ့တယ်ဆိုပေမဲ့လို့ Facebook မှာ အလိုအလျောက် Password ဖြည့်တဲ့နည်းပညာဆိုတာရှိပါတရ်။ သူရှိနေတဲ့အခါ
ကိုယ်က Log Out လုပ်ထားပေမဲ့ Account ကို တစ်ချက်ပြန်နှိပ်လိုက်တာနဲ့ မိမိရဲ့အကောင့်ကို အရင်ဖုန်းကနေ password မလိုပဲ အလိုအလျောက်ပြန်ဝင်စေတာဖြစ်လို့ Log Out Session ကို ဝင်ဝင်စစ်ပေးဖို့လည်းမမေ့ပါနဲ့။
ဒီလိုစစ်ကြည့်တဲ့အခါ အရင်ကမိမိရဲ့အဟောင်းမှာပဲဖြစ်ဖြစ်၊ တပါးသူကဝင်ရောက်ထားတာပဲဖြစ်ဖြစ်
မိမိဖုန်းအမျိုးအစား(မော်ဒယ်) မဟုတ်ပဲ
တခြားမသင်္ကာတဲ့နေရာ၊ဖုန်းအမျိုးအစားကနေ ဝင်ရောကက်ထားတာကိုတွေ့တဲ့အခါ Log Out လုပ်ပစ်လို့ရပါတရ်။ ဒါဆိုရင် အရင်ဖုန်းမှာ Password အလိုအလျောက်ဖြည့်ပြီး ပြန်ဝင်လို့မရတော့ပါဘူး။
Setting >> Security and Log in >> Log Out of all sessions
5. 't let Strangers Use Your Phone
( သူစိမ်းတွေကို မိမိရဲ့ဖုန်း လွယ်လင့်တကူပေးမကိုင်ပါနဲ့)
Hack နည်းများစွာထဲက တစ်ခုက
မိမိရဲ့ဖုန်းထဲကို Gmail (or) Email အကောင့်ထည့်လိုက်ပြီး၊ Facebook အကောင့်နဲ့ချိတ်ဆက်လိုက်တဲ့အခါမှာ
သင့်ရဲ့ Facebook Account Hack ခံထိပြီးသားဖြစ်သွားပါတရ်၊
မိမိရဲ့ Facebook Password ကိုမသိပေမဲ့လို့
သူတို့ထည့်လိုက်တဲ့ Gmail ကနေတဆင့် မိမိရဲ့ Password ကိုပြန်ချိန်းဖို့ ကြိုးစားတဲ့နည်းတစ်မျိုးပါ။
မလိုအပ်ပဲ သူစိမ်းလူကိုပေးမကိုင်ပါနဲ့။
6. of Strange Third Party Apps
( စိတ်မချရတဲ့ App တွေနဲ့ မိမိရဲ့အကောင့်ကိုချိတ်ဆက်ခြင်းမပြုပါနဲ့ )
အပေါ်ကနည်းလမ်းလိုပဲ
Hacker တစ်ချို့က App တွေကိုဖန်တီးပြီး Account နဲ့ Password တောင်းပြီး Hack တာမျိုးတွေရှိပါတရ်။
တရားဝင်လူသုံးများတဲ့ App မဟုတ်ရင်၊ တရားမဝင် App တွေနဲ့ မိမိရဲ့ Facebook Account ကို ချိတ်ဆက်ခြင်းမပြုပါနဲ့။
7. Suggested Friends Feature
( လူရွေးပြီး Account Add ခြင်း လက်ခံခြင်းပြုလုပ်ပါ )
Follower တွေ၊ Like တွေထက် မိမိရဲ့အကောင့်လုံခြုံရေးကပိုအရေးကြီးပါတရ်။
တွေ့သမျှလူ လိုက်အပ်တာ၊ လက်ခံတာက
ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ Post / Status တွေပျောက်ပြီး သူစိမ်းလူတွေရဲ့ဟာတွေပဲ New Feeds မှာပြည့်နေရင် နောင်တစ်ချိန် စိတ်ညစ်ရပါလိမ့်မရ်။
နောက်တစ်ခုက မလိုအပ်တဲ့ Friend များလေ
ကိုယ့်အချက်အလက်တွေ လူပိုသိလေဖြစ်လို့ မကောင်းတာကများပါတရ်။ (Cele တွေ၊ Streamer တွေမှလွဲ၍)
8. Your Posts
( ပိုစ့်တင်ခြင်းကိုထိန်းသိမ်းပါ )
များသောအားဖြင့် လူတွေက Public Feature နဲ့ Post တင်ကြပါတရ်။ ဒီလိုပိုစ့်တင်တဲ့အခါ
ကိုယ့်ရဲ့ Friends တွေအပြင် တခြားအကောင့်တွေကပါ မြင်ရမှာဖြစ်လို့ Security ဦးစားပေးအနေနဲ့သုံးတဲ့သူတွေအနေနဲ့ မသင့်တော်ပါဘူး။
ဒီအစား Public ကို Friend ပြောင်းပြီး ပိုစ့်တင်ပါ။
နောက် လူတကာသုံးတဲ့ Social App ဖြစ်လို့၊
ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေးစသဖြင့်
သွေးခွဲတဲ့ပိုစ့်တွေကို Share မိတာမျိုး၊ တင်မိတာမျိုးမပြုလုပ်ပါနဲ့။ လူအမျိုးမျိုးစိတ်အထွေထွေဖြစ်လို့
တပါးသူတင်တဲ့ Status တွေကို
သဘောမကျရင် Unfollow (သို့) Unfriend သာလုပ်လိုက်ပါ။
Social App မှာ လူမုန်းများခြင်းကလည်း Cyber Attack ပြုလုပ်ခံရဖို့ အလားအလာရှိပါတရ်။
9. Your Account Profile
( မိမိရဲ့အကောင့်ကို Lock ချထားပါ )
မိမိရဲ့ Profile အကောင့်ကို Lock ချထားခြင်းအားဖြင့်
မိမိနဲ့ Friend မဟုတ်တဲ့သူတွေ
ကိုယ့်ရဲ့ Timeline, ကိုယ်ရေးကိုယ်တာအချက်အလက်၊
တင်ထားတဲ့ Post / Status တွေကိုဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတရ်။