Royal Mobile Pakokku-ရွိုင်ရယ်မိုဘိုင်း ပခုက္ကူ

  • Home
  • Myanmar
  • Pakokku
  • Royal Mobile Pakokku-ရွိုင်ရယ်မိုဘိုင်း ပခုက္ကူ

Royal Mobile Pakokku-ရွိုင်ရယ်မိုဘိုင်း ပခုက္ကူ Since 2015

ဦးစည်သူမောင်အမည်နဲ့မှတ်ပုံတင်လေးတခုကောက်ရထားပါတယ် 📞ဆသရ 09258989323AT Tea near
09/04/2025

ဦးစည်သူမောင်အမည်နဲ့မှတ်ပုံတင်လေးတခုကောက်ရထားပါတယ်
📞ဆသရ 09258989323
AT Tea near

 #ရုတ်တရက်လေဖြတ်လျှင် အကောင်းပကတိ ဖြစ် အောင် ချက်ချင်း ပြုစုကုသနည်း... ပြုစုကုသနည်းမှာသမားတော်ကြီး ဣစ္ဆာသယဦးမောင်မောင်၏ ...
25/01/2024

#ရုတ်တရက်လေဖြတ်လျှင် အကောင်းပကတိ ဖြစ် အောင် ချက်ချင်း ပြုစုကုသနည်း...
ပြုစုကုသနည်းမှာ
သမားတော်ကြီး ဣစ္ဆာသယ
ဦးမောင်မောင်၏ နည်းဖြစ်ပါသည်။
နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်
မြင့်မြတ်ထွန်းက စိတ်၀င်စားဖွယ် ရေးသားထားပြီး
မကြာမီကပင် လေဖြတ်သလိုဖြစ်၍ ပါးရွဲ့ခြေလက်
လှုပ်မရသူ မိတ်ဆွေ တစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက်နေရာလေးများအား နှိပ်ပေးပါရန် အကြံပေး လေရာ( ၃ )ရက် အကြာတွင် အကောင်းပကတိ ဖြစ်ခဲ့သည်မို့ အဖြစ်များလှသော လေဖြတ်/လေဖြန်း ရောဂါများ ကြုံခဲ့ ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့် မျှဝေလိုက်ပါသည်။
လေရောဂါသည် အသက် ( ၄၀ ) နှင့် ( ၆၀ ) ကြား
အဖြစ်များပါသည်။
အအေးများရာက လေအထက်သို့ ဆောင့်တက်၍
လေဖြတ်ပြီး ပါးရွဲ့ ခြေထောက်ဆာ ခြေလက်တို့
လှုပ် မရအောင် ဖြစ်တတ်ပါသည်။
ရုတ်တရက် လေမိသူကို ယခု တင်ပြမည့် နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည် ဆိုလျှင် ပျောက်ကင်း သက်သာမှုကို ရရှိစေပါသည်။
#နှိပ်ကွက် ( ၁ )
ခြေမျက်စိ နောက်တွင် ကပ်နေသော
သွေးပြန်ကြောကို ခပ်နာနာလေး နှိပ်ပေးပါ။
#နှိပ်ကွက် ( ၂ )
ခြေဖဝါး အလယ် ဘေးသားက အကြောကို
ကျေညက်အောင် နှိပ်ချေပေးပါ။
#နှိပ်ကွက် ( ၃ )
ဒူးဆစ်အောက်မှာ ရှိတဲ့ ခြေတံကောက်ကြောကို
နှိပ်ချေပေးပါ။
#နှိပ်ကွက် ( ၄ )
ပေါင်တွင်းကြောကို ကြိတ်ချေပြီး နှိပ်ပေးပါ။
အဲလို နှိပ်ကွက် လေးကွက်နဲ့ အချိန်မဆိုင်းပါပဲ ဝိုင်း၀န်း နှိပ်ပေးလိုက်မယ်ဆိုရင် လေမိသူဟာ သတိလစ်မလို
ဖြစ်နေရာက အာလေး/လျှာလေး ဖြစ်နေတာတွေ လျော့ ကျသွားပြီး မကြာခင်မှာ သတိလည်ကာ လူကောင်းလို စကားပြန်ပြောနိုင်မှာ ဖြစ်ပါတယ်။
လိုအပ်သူများ စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
uploader

09/07/2023

Scammer (လိမ်လည်သူ) တွေရဲ အန္တရာယ်ကနေ ဘယ်လိုရှောင်ရှားကြမလဲ…။
နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ အွန်လိုင်းကနေ ကိစ္စမျိုးစုံ၊ ​ဖြားယောင်းမှုမျိးစုံ၊ သွေးထိုးလှုံဆော်မှု မျိုးစုံနဲ့ အခြားသော သမာသမတ် မကျတဲ့ ခိုးဆိုးလှုယက်မှုကြီးတွေ နေ့စဥ်နဲ့အမျှ မရေတွက်နိုင်အောင်ဖြစ်ပွားနေပါတယ်။ ဒီလိုဖြစ်ပျက်မှုမျိုးကို တားဆီးမရနိုင်သလို မဖြစ်အောင်လည်း အ​လွန်ရှောင်ရှားနေ ထိုင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း တစ်နေ့ မဟုတ် တစ်နေ့ ကြုံဆုံနိုင်ကြလို့ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိမိအနေနဲ့ မည်သို့မည်ပုံ ကာကွယ် ဟန့်တားရမလဲဆိုတာကို ဗဟုသုတရှိထားယုံနဲ့ အလွန်ကောင်းမွန်စွာ အသုံးချနိုင်ပါလိမ့်မယ်။

ယခုခေတ်မှာတော့ အားလုံးနီးပါး လူမှုကွန်ယက် ဥပမာ ဖေ့ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ ယူကျု၊ နဲ့ စတဲ့ အခြားသော အွန်လိုင်း ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုနေကြပါတယ်။ ဒါကြောင့် ထိုမှတစ်ဆင့်ဖြစ်ပွားနိုင်တဲ့ အွန်လိုင်း လိမ်လည်မှုတွေနဲ့ အွန်လိုင်းမဟုတ်သော အခြားသော လိမ်လည်မှုတွေ မကြုံရအောင်ဘယ်လို နားလည်ထား ရမလဲဆိုတာကိုမျှ​ဝေပေးချင်ပါတယ်။ မှတ်ထား ရမှာကတော့ လိမ်လည်သူတွေက သင့်ဆီကနေ အကွက်ချ အယုံသွင်းပြီး၊ ယင်း တို့ကို ယုံကြည်လာအောင်လုပ်ဆောင်မယ် ပြီးရင် သင့်ဆီက ငွေတွေကို အနုနည်းနဲ့ သိမ်းယူသွားကြလိမ့်မယ်။ အောက်ပါ အချက်များ ကတော့ ကြုံဆုံလာနိုင်တဲ့ လိမ်လည်မှု အမျိုးအစားများပဲဖြစ်ပါတယ်။

၁။ ကြိုတင်ငွေချေ မှုပြုလုပ်ခြင်း။ (ငွေကြိုတင်ပေးသွင်းရခြင်း)
လိမ်လည်သူတွေက သင့်ဆီကို နည်းပေါင်းမျိုးစုံနဲ့ရောက်လာနိုင်ပါတယ်။ ဥပမာ သူတို့က ​အတိုးချေးငွေ ကုမ္ပဏီ ကိုယ်စားလှယ် အနေနဲ့ လာရောက်နိုင်တယ်။ ပြီးရင် စာချုပ်စာတမ်း ၊အင်တာနက်၀က်ဘ်ဆိုဒ်၊ အီးမေးလ် စသည်တို့ကို အစစ်သယောင် လုပ်ထားပြီး သင်ငွေချေးရင် အရင်ဆုံး သူတို့ကို ၀န်ဆောင်ခ ဆိုပြီး အရင်ပိုက်ဆံပေးရပါမယ်။ သင့်အနေနဲ့ အဟုတ်ကြီးထင်ပြီး ၀န်ဆောင်ခပေးလိုက်ပြီး ရင် သူတို့ လစ်ပြေးသွား ပါတော့တယ်။ သင်နဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး မည်သို့မျှ ဆက်သွယ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ကြုံလာရင် ကုမ္ပဏီအမည်နဲ့ လိုက်စုံ စမ်းနိုင်ပေ မယ့် လိမ် လည်သူတွေက သူတို့ရဲ့ ကုမ္ပဏီ အမည် နာမ တွေကို ဥပဒေအရ မငြိစွန်းအောင် အမြဲတမ်း ဖျောက်ဖျက် ပြောင်းလဲနေ​တာကိုသိထားရပါမယ်။

အထက်ပါနည်းတူလိုပဲ အခြားသော မတူကွဲပြားတဲ့ လိမ်လည်မှုများကြုံဆုံရနိုင်ပါတယ်။ ဥပမာ အရင်းအနှီး၊ လက်ဆောင်၊ သို့ ပါဆယ် ပေးပို့မှု စသည့် မတူတဲ့ အကြောင်းအရာတွေ နဲ့ ဒီငွေကြိုတင်တောင်းတဲ့ ခေါင်းစဥ်အောက်မှာ လည်ပတ်နေတာကို သိထားရ မှာဖြစ်တယ်။ ဒါကြောင့်မိမိမ သိပဲ ငွေကြိုတင်ပေးခြင်းများကို ရှောင်ကြဖို့လိုအပ်ပါ တယ်။

၂။ အပိုလျှံ​ငွေပေးဆောင်ရခြင်း
ဒီလိမ်လည်မှုမျိုးမှာတော့ လိမ်လည်သူတွေကိုယ်တိုင်က ​၀ယ်ယူသူအနေနဲ့ဟန်ဆောင်ကာ ကုန်ပစ္စည်း၊ နဲ့ ၀န်ဆောင်မှုတွေအပေါ်ကို အမှီပြုပြီးလိမ်လည်တာဖြစ်တယ်။ ပုံမှန်အားဖြင့် “၀ယ်ယူသူ” လို့ဆိုတဲ့လူတွေက နာမည်ရ ဘဏ်အမည်တွေကို အလွဲသုံးစားပြုလုပ်ကာ ငွေကြေး ချက် လက်မှတ်တွေကို အတုအပပြုလုပ်ပြီးတော့ ရောင်းသူတွေကို ပို့ပြီး ထိုလက်မှတ်တွေမှာ အရင်သဘောတူထားတဲ့ ငွေပမာဏထက် ပိုပြီးတော့ လုပ်ထားလေ့ရှိတယ်။ ဒီလိုနဲ့ ထို ၀ယ်ယူသူ လို့ဆိုတဲ့ လိမ်လည်တဲ့သူ​တွေဟာ ရောင်းသူတွေကို ထိုပြောထားတဲ့ ဘဏ်မှာ ပိုက်ဆံထုတ်ခိုင်းပြီး ပိုငွေ ပမာဏကို သူတို့ကိုလွဲခိုင်းလိုက်တယ်။ ဒီလိုနဲ့ လွဲပြီးတဲ့နောက်မှာ သိလိုက်လေ့ရှိတာက ထို ငွေကြေးချက် လက်မှတ်တွေကအတုဖြစ်ပြီးတော့ တစ်ခါဘဏ်ကိုပါ မိမိထုတ်ယူသွားတဲ့ အကြွေးကိုပါ ပြန်ဆပ်ရမယ့်ကိန်းရောက်သွားကြပါတယ်။

ဒါ့အပြင် အချို့အခြေအနေတွေမှာ ပစ္စည်း၀ယ်ယူသူ (လိမ်လည်သူ) တွေက စာတိုက်ကနေကုန်ပစ္စည်းပို့တဲ့ ဘောက်ချာတွေအရင်တောင်းပြီး သူတို့နောက်မှ ၀ယ်တဲ့ ငွေကို လွဲမယ်ဆိုပြီး ပစ္စည်းကိုတော့ သေချာပို့ခိုင်းတယ်။ ဒါပေမယ့် ပြီးရင် သူတို့အနေနဲ့ ပို့ရမယ့်ပိုက်ဆံပမာဏက နည်း​နေလို့ ပို့မရဘူးဆိုပြီး ရောင်းသူဆီက ပိုက်ဆံကိုပါ ပြန်တောင်းပြီး ပေါင်းပြီးပြန်ပို့မယ်လို့ ဆိုကြလေ့ရှိတယ်။ ဒါကိုအဟုတ်ထင်ပြီး ရောင်းသူကငွေလွဲလိုက်မိတဲ့နောက်မှာ မိမိရောင်းတဲ့ ပစ္စည်းလည်း ရှုံး၊ တစ်ခါမိမိကပါ ပိုက်ဆံထပ်လွဲလိုက်ရလို့ နှစ်ခါနာသွားကြရပါတယ်။ ဒီကိစ္စမှာ မိမိငွေလွဲတဲ့ ဘဏ်ကတော့ တာ၀န်ယူမှာမဟုတ်ပါဘူး။ ကိုယ်လွဲလိုက်တဲ့ ငွေကိုလည်း အချိန်နောက်ကျ သွားရင် လိမ်လည်သူဆီကနေ ပြန်လည်တောင်းယူလို့မရတော့ပါဘူး။ အမှုဖွင့်ရင်လည်း အမှုလိုက်ခ သာကုန်မယ် ရှုံးသွားတဲ့ငွေတွေကို ပြန်ရမှာမဟုတ်ပါဘူး။

၃။ အလုပ်သွင်းပေးခြင်း (အလုပ်ရှာပေး (သို့)ခန့်ခြင်း)
ဒီနည်းကတော့ ရှင်းပါတယ်။ အလုပ်ရှာပေးမယ် အိမ်ကနေပဲအလုပ်လုပ် အလုပ်အတွေ့အကြုံမလိုပဲ လခကောင်းရမယ်ဆိုပြီးမက်လုံးတွေ ဟုတ်သယောင် ပေးပါတယ်။ ဒီလိုနဲ့ ကိုယ့်အနေနဲ့ အဟုတ်ထင်ပြီး လိုက်လျှောပေးမယ်ဆိုရင်တော့ ကိုယ်လည်းအလုပ်မရတဲ့အပြင် အကြွေးပါတင်မယ့််ကိန်းဆိုက်တော့တာပဲ။ ဒါကြောင့် အလုပ်ရှာ၊ ခန့် ​ပေးမယ်ဆိုပြီး ပြောကြတဲ့ လိမ်လည်သူတွေက အောက်ပါအ ချက်တစ်ခုခုကိုလက်ကိုင်စွဲထားတယ်ဆိုတာကိုသိရမှာဖြစ်တယ်။

က။ ပထမအချက်ကတော့ အလုပ်ရှာပေးမယ်ဆိုပြီး အလုပ်မှာလိုအပ်မယ့်ကုန်ကျတဲ့ ပစ္စည်း၊ ၀န်ဆောင်မှု၊ သို့အခြားသောလိုအပ်မယ့် အရာတွေ၀ယ်ပေးမယ်ဆိုပြီး ဘောက်ချာအတုနဲ့ မိမိကို ပို့ပြီး ကုန်ကျငွေကို လွဲခိုင်းတော့တာပဲ။ ဒီလိုနဲ့ လွဲပေးပြီးတဲ့နောက် ထိုဘောက်ချာတွေက အတုတွေဖြစ်ပြီးတော့ ကိုလွဲလိုက်တဲ့ငွေကို ပြန်ဆပ်ရတော့တာပါပဲ။

ခ။ နောက်တစ်ချက်ကတော့ လိမ်လည်သူတွေက အ​လုပ်ရှင် လိုဟန်ဆောင်ပြီး အယုံသွင်းကာ အလုပ်ရမယ်ပြောပြီး အလုပ်​ခန့်ခ၊ အလုပ်ရှာပေးခ ဆိုပြီး စပေါ်ငွေတောင်းကလွဲခိုင်းလေ့ရှိတယ်။ ဒီလိုနဲ့ အဟုတ်ထင်ပြီး လွဲမိခဲ့တဲ့အတွက် အလိမ်ခံရတော့တာပါပဲ။

ဂ။ နောက်ဆုံးတစ်နည်းကတော့ လိမ်လည်သူတွေက ကုမ္ပဏီ ကိုယ်စားလှယ်​ဟန်ဆောင်ပြီး အလုပ်သမားတွေရဲ့ ငွေစာရင်း၊ နောက်ခံသမိုင်းတွေကို လိုက်လံ စစ်ဆေးပြီး နည်းအမျိုးမျိုးနဲ့ လိမ်လည်ကာ ငွေရယူတတ်လေ့ရှိပါတယ်။ ဒါကြောင့် အလုပ်ရှာပေး မယ်ဆိုပြီးတော့ လွယ်လွယ်နဲ့ နားမယောင်သင့်ပါဘူး။

၄။ထီပေါက်ကြောင်း၊ ဆုငွေ​​ပေါက်ကြောင်းလိမ်လည်မှု
ပုံမှန်အားဖြင့်တော့ အောက်ပါအချက်နှစ်ခုကနေ ဖြစ်တတ်လေ့ရှိပါတယ်။

က။ လိမ်လည်သူတွေက ယင်းတို့အနေနဲ့ ဘယ်ဘဏ်က၊ ဘယ်ကုမ္ပဏီ က ဘယ်သူဘယ်၀ါဆိုပြီး၊ ဘယ်၀န်ထမ်းဆိုပြီး သင့်ဆီကို ဖုန်းခေါ်၊ အီးမေးလ်ပို့၊ စာပို့ တတ်လာလေ့ရှိပါတယ်။ စာထဲမှာ သင်ဒီဆုကြီးပေါက်ပြီး ထုတ်ယူရမယ်ဆိုပြီးတော့ အတည်ပေါက်နဲ့ နား၀င်ချိုသွေးကာ ဆက်သွယ်လာတတ်လေ့ရှိပါတယ်။ သင့်အနေနဲ့ ထိုဆုကို ထုတ်ယူဖို့ဆိုရင် သူတို့ကို အခကြေးငွေ (သို့)အခွန် ပေးရမှာဖြစ်ပြီး ဆိုပြီးတော့ ငွေလိမ်လည်ယူတတ်ပါတယ်။ ဒါကြောင့် ထိုသို့မဖြစ်အောင်ရှောင်ရှားသင့်ပါတယ်။

​ခ။ နောက်တစ်ချက်ကတော့ လိမ်လည်သူတွေက သင့်ဆီကို ချက်လက်မှတ်အတုတွေနဲ့ ပို့လာပြီး သင့်ကိုငွေလွဲ​ခိုင်းကာ မည်သည့် အဖိုးအခအတွက် လိမ်လည်ယူလေ့ရှိပါတယ်။ ဒီလိုနဲ့ သင့်အနေနဲ့ အဟုတ်ထင်ပြီးငွေလွဲမိရင်တော့ ​အကြွေးပဲတင်မှာဖြစ်ပါတယ်။

၅။ အိမ်ခြံ​မြေ ငှားရမ်း လိမ်လည်ခြင်း
အချို့သော ​ခေတ်ဆန်တဲ့ လိမ်လည်သူတွေက အင်တာနက်ကနေတစ်ဆင့် ကြော်ငြာ တွေအတုအယောင်တွေလုပ်ပြီး လိမ်လည်တတ်လေ့ရှိပါတယ်။ များသော အားဖြင့်အောက် ပါ နည်းလမ်းများနဲ့ အသုံးချလေ့ရှိပါတယ်။

က။ များသောအားဖြင့် သင့်အနေနဲ့ အွန်လိုင်းကတွေတဲ့ ကြော်ငြာကို အမှန်အကန်ထင်ပြီး ဆက်သွယ်ကာ အိမ်ခြံပိုင်ရှင်လို့ ဆိုသူက သင့်ကို အိမ်ငှားက၊ စပေါ်ငွေ၊ ၀န်ဆောင်မှု စတဲ့ အကြောင်းပြချက်တွေနဲ့ ပြောပြီး သင့်ကိုငွေလွဲခိုင်းတတ်လေ့ရှိတယ်။ ဒီလိုနဲ့ လွဲပြီးတော့ ထိုပိုင်ရှင်ဆိုသူများကို ထပ်ပြီးဆက်သွယ်လို့မရတော့ပါဘူး။

ခ။ နောက်တစ်နည်းက အိမ်ငှား ဟန်ဆောင်ပြီး အိမ်ရှင်ကိုဆက်သွယ်ကာ သူ့အနေနဲ့ အိမ်ကိုငှားဖို့ စိတ်၀င်စားကြောင်းပြပြီးတော့ စပေါ်ငွေလွဲမယ်လို့ဆိုပြီးတော့ အယုံသွင်းပါတယ်။ ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ငွေမပို့ဖြစ်ပဲ အကြံအဖန်လုပ်တော့တာပါပဲ။ နောက်တော့ အိမ်ရှင်ဆီကပါ အမျိုးမျိုးအ ကြောင်းပြပြီးတော့ ငွေလွဲခိုင်းတာတွေလုပ်တတ်လေ့ရှိပါတယ်။

၆။ အရေးပေါ်အခြေအနေများ၊ ဆွေမျိုးသားချင်းကိစ္စများ
နောက်ထပ်သိထားသင့်တဲ့အချက်က လိမ်လည်သူတွေက လူတွေရဲ့ ခံစားချက်ကို လိုက်ပြီး အမျိုးမျိုးသော စိတ်လှုပ်ရှားစရာအခြေအနေများကိုလည်းဖန်တီးတတ်လေ့ရှိပါတယ်။ အထူးသဖြင့် အသည်းအသန် အရေးပေါ်ကိစ္စတွေကို ဖန်တီးလေ့ရှိတယ်။ ဥပမာ ယာဥ်တိုက်မှုဖြစ်တာတို့၊ အလုယက်ခံရတာတို့၊ မှောင်ခိုကူးခံရတာတို့ လုပ်တတ်ပြီး အသိ (သို့) တစ်စုံတစ်ဦးကို အကူအညီတောင်းခံကာ ငွေကြေးလိမ် လည်လှည့်ဖျား တတ်ကြပါတယ်။

အရေးတစ်ကြီး (သို့) အရေးပေါ် လိမ်လည်မှုများဟာ ပုံစံအမျိုးမျိုးနဲ့ အရွယ်အစားအကြီးအသေး မျိုးစုံနဲ့ သင့်ထံရောက်လာတတ်သေးတယ်။ ဥပမာ အဖိုးအဖွားများထံ မြေးအရင်းအချာ ဆိုပြီး အကူအညီလာတောင်းတတ်ပါတယ်။ နောက်ပြီး ဆွေမျိုးသားချင်း ပုံစံ အတည်ပေါက်နဲ့ လာပြီး ငွေကြေးအကူအညီများ ရ ယူနိုင်တတ်ပါတယ်။ ဒါကြောင့် အမြဲတမ်း သတိရှိစွာနဲ့ နေဖို့အရေးကြီးပါတယ်။ ဒါ့အပြင် လူမှုကွန်ယက် (ဥပမာ ဖေ့ဘွတ်) အကောင့်များကို ၀င်ရောက်ဟတ် နိုင်ပြီး အချက်အလက်များတထစ်ချ ကူးယူကာ သင့်အသိသဖွယ် လာအက်ပြီး လိမ် လည်နိုင်ပါသေး တယ်။

၇။ အင်တာနက်တွင်စျေး၀ယ်ယူခြင်း၊ (အွန်လိုင်းစျေး၀ယ်ခြင်း)
များသောအားဖြင့် အွန်လိုင်းစျေးကွက်ကို အခွင့်ကောင်းယူပြီး ၀က်ဘ်ဆိုဒ်အ တုများပြ လုပ်ခြင်း၊ အတုလုပ်ပြီး လေလံတင်ရောင်းချခြင်း၊ ပစ္စည်းများပြ စားပြီး ​လိမ်လည် ရောင်းချခြင်းများကြုံတတ်ပါတယ်။ အောက်ပါ အခြေ​အနေများတွင်ကြံဆုံနိုင်ပါတယ်။

က။ ပထမအခြေအနေက သင့်အနေနဲ့ လုပ်ဇတ်ခင်း ကြုံဆုံနိုင်တာကတော့ သင့်အတွက်အွန်လိုင်းတွင် လေလံတင်ပစ္စည်းတစ်ခု မဲပေါက်တာတို့၊ နိုင်တာတို့ ဆိုပြီးသင့်ထံ လိမ်လည်လှည့်ဖျားမှု ရောက်လာနိုင်ပါတယ်။ နောက်တော့ သင့်ထံ ထိုပစ္စည်းကိုထုတ်ယူဖို့ ငွေတွေ လွဲခိုင်းပါတော့မယ်။

ခ။ ​နောက်ထပ် အခြေအနေတစ်ခုက လေလံတင်ပစ္စည်း က အစစ်အမှန်ဖြစ်ပြီး သင့်အနေနဲ့ မဲပေါက်တာတို့ မဟုတ်ပဲ အကြောင်းမဲ့ အတုအပလုပ်ပြီး သင့်ထံလာရောင်းပြီး ငွေလိမ်လည်နိုင်ပါတယ်။ သင့်က စိတ်၀င်စားပြီး ၀ယ်မိက ငွေလွဲခဲ့သော်လည်း ပစ္စည်းကို ရနိုင်တော့မှာမဟုတ်ပါ။

၇။ သမီးရည်းစား အဆက်အသွယ် ကိစ္စလိမ်လည်ခြင်း
သမီးရည်းစားကိစ္စက လွယ်လွယ်နဲ့ ရှင်းပါတယ်။ ကောင်လေးနဲ့ ကောင်းမလေး တို့အင်တာနက်ကနေတစ်ဆင့်တွေ့ဆုံကြပြီး ချစ်ခင်စုံမက်ကြခဲ့သည်ဆိုပါစို့.. အချိန် တစ်ခုရောက် လာပြီး ဆိုရင် ဓာတ်ပုံတွေလဲလှယ်ကြ၊ ဖုန်းတွေဆက်ကြ၊ အပြင်မှာတွေ့ဖို့နဲ့ အိမ်ထောင်ပြုမယ့်အထိ ​အ​ခြေအနေရောက်ရှိနိုင်ပါတယ်။ ဒီလိုနဲ့ နားလည်မှု၊ ယုံကြည်မှုတွေတည်ဆောက်ကြပြီးတော့ အ​ခြေအနေပြောင်းလဲလာကြပါတယ်။ ဥပမာ ပထမဆုံးအနေနဲ့ အဖေနေမကောင်းလို့၊ ဦးလေးဆီသွားလည်မလိုငွေ နည်းနည်းပို့ခိုင်း တာတို့…။ နောက်ပိုင်းတစ်ဖြည်းဖြည်း ငွေပမာဏများလာပြီး အကြောင်းအမျိုးမျိုးပြကာ ချူစားသလိုလုပ်ပြီး ပြန်ဆပ်မယ်ပြောကာ ပြန်လဲမဆပ်တော့သလို လူလည်းခြေရာ ပျောက်သွား တော့ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ ယုံမလွယ်ဖို့သတိရှိပါ။

တစ်ချို့အ​ခြေအနေမှာတော့ ကောင်လေးက ကောင်မလေးထံ ​လက်ဆောင်ပစ္စည်းပါဆယ် ပို့ပေးမယ်ဆိုပြီး ပို့တာ စာတိုက်ပို့ခ တောင်းတာတို့၊ ပါဆယ်က ပစ္စည်းများလို့ ပိုပြီး ပို့ခ များများကုန်မှာဖြစ်လို့ ပိုက်ဆံလွဲခိုင်းပြီး လိမ်လည်လှည့်ဖျားတာတွေလဲရှိပါတယ်။ ဒါ့အပြင် မိမိရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို အွန်လိုင်းတွင်ဖြန့်မယ်ဆိုပြီး ခြိမ်းခြောက်က ငွေလိမ်ညစ်တောင်းတတ်တဲ့ ချစ်သူရည်းစားတွေလဲရှိပါတယ်။ ဒါကြောင့် ဒီလို ကိစ္စမျိုးဆိုရင် အပြင်မှာလူ တွေ့သိအောင်ကြိုးစားပါ။ ဒါမှ လူကောင်းမ ကောင်း သိ မှာဖြစ်တယ်။

၈။ ချက်လက်မှတ်အတုများ လိမ်လည်ခြင်း
သင်ထီပေါက်ကြောင်း၊ မဲပေါက်ကြောင်း၊ တစ်စုံတစ်ဦးဆီက လက်ဆောင်ရကြောင်း၊ ကြိုတင်ငွေပေးဆောင်ခြင်း စတဲ့ အမျိုးမျိုးသော လိမ်လည်မှုတွေကို ချက် လက် မှတ်အတုများနဲ့ အလိမ်ခံရနိုင်ပါတယ်။ မိမိအနေနဲ့ လောဘကို ရှေ့ထားပြီး အခြေအနေကို သေချာသုံးသပ်မှုမရှိပါက လိမ်လည်မှုခံရနိုင်ပါတယ်။

သင့်အနေနဲ့ လိမ်လည်သူတွေကို ပိပိရိရိ ဖမ်းမိအောင်လုပ်ဆောင်ဖို့မလွယ်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ရနိုင်အောင် ပြဿနာမဖြစ်ခင် ကတည်းကကြိုးစားရယူထားပါ။ ဥပမာ သူတို့ရဲ့ ပတ်စပို့၊ မှတ်ပုံတင် နဲ့ နေရပ်လိပ်စာတို့ ကိုတောင်းထားပါ။ (တစ်ခါတစ်ရံ အတုအပပြုလုပ်ပြီးပို့ထားခံရနိုင်ပါတယ်)။ အွန်လိုင်းက သိရင်လည်း ထိုလူတို့ကို ဗီဒီယို ဖုန်းခေါ်တာတို့၊ အသံနဲ့ စကားပြောတာတို့ လုပ်ပါ။ ဒီအချက်တွေကို သူတို့ မလိုက်လျှော နေရင်တော့ လိမ်လည်မယ့် သူဆိုတာ သေချာနေပါပြီး။

နိဂုံးချုပ်မှာတော့ လိမ်လည်မှုတွေက နေရာတကာမှာနဲ့ ပုံစံအမျိုးမျိုး နဲ့ ရှိနေတာကြောင့် သင့်အနေနဲ့ အတတ်နိုင်ဆုံးရှောင်ရှားပါ။ အရေးကြီးတာကတော့ လိမ်လည်မခံရအောင် မိမိကြုံတွေ့ရတဲ့ အ​ခြေအနေကို မိမိရဲ့ အသိမိတ်ဆွေတွေကို ဖြစ်ဖြစ်ချင်း ပွင့်လင်းပြောပြပြီး ဆွေးနွေးတိုင်ပင်ပါ။ တစ်ယောက်တည်းမကြိတ်လုပ်နေပါနဲ့။ ငွေလိမ်လည်ခံရပြီးမှ အသိမိတ်ဆွေတွေကို ပြောပြရင် မထူးပါဘူး။ အားလုံးအယုံမလွယ်ဖို့နဲ့ စဥ်းစားချင့်ချိန်နိုင်ကြပြီး လိမ်လည်မှုမှ ကင်း​ေ၀းနိုင်ကြပါစေ။

ကိုးကား westernunion

Team ( ရိုးရာလေး)

လိုအပ်သောသူများအတွက်🙏🙏🙏🙏🙏🙏🙏🙏ပါဠိတော်နိဿယ 𝐀𝐩𝐤http://www.mediafire.com/file/86c5n7q1n7b78aq/Pali_Nissaya.apk/file642 MBအဋ္...
23/12/2022

လိုအပ်သောသူများအတွက်
🙏🙏🙏🙏🙏🙏🙏🙏

ပါဠိတော်နိဿယ 𝐀𝐩𝐤
http://www.mediafire.com/file/86c5n7q1n7b78aq/Pali_Nissaya.apk/file
642 MB

အဋ္ဌကထာနိဿယ 𝐀𝐩𝐤
http://www.mediafire.com/file/zfdqfthek20d3fh/Atthakatha_Nissaya.apk/file
1.18 GB

ဋီကာနိဿယ 𝐀𝐩𝐤
http://www.mediafire.com/file/iacxdv831qgtna3/Tika_Nissaya.apk/file
268 MB( နိဿယတွေကတော့ အစုံအလင်မဟုတ်ပါ။ )

တိပိဋက ပါဠိ-မြန်မာအဘိဓာန်
http://www.mediafire.com/file/h28ss7rtlp6s2rt/tipitaka_pali-mm_abiadan.apk/file
591MB
(အတွဲ ၂၁ တွဲ ၊ အုပ်ရေ ၂၃ အုပ် ပါသည်။)

တိပိဋကပါဠိတော် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.pndaza.tipitakapali

ပိဋကသုံးပုံ သရုပ်စုံအဘိဓာန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.pndaza.pitakasarupa

တိပိဋကမြန်မာပြန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.pndaza.tipitakamyanmar

မဟာဗုဒ္ဓ၀င် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.pndaza.mahabuddhavan

မဃဒေ၀ 𝐀𝐩𝐤
https://www.mediafire.com/download/67mm6gty9r436zy

ဝိဂ္ဂဟနှင့် နိရုတ္တိ 𝐀𝐩𝐤
https://play.google.com/store/apps/details?id=org.buddhism.tayar.monks.teaching.viggaha.nirutti

ဓမ္မသစ္စာ 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.servinnotech.thitsarparamisociety

သုတေသနသရုပ်ပြ အဘိဓာန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.pndaza.thupyadictionary

Dhammadownload 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.dhammadownload.dhammadownloadandroid

မြန်မာအဘိဓာန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.mmswdev.mmswdict.mclipdictu

ပါဠိ-အင်္ဂလိပ်အဘိဓာန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.mmswdev.mmswdict.mclipdictu

မြန်မာအဘိဓာန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary

မြန်မာစာ 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.mmdeveloper.khunsma.myanmarspelling

သတ္ပုံ 𝐀𝐩𝐤
https://play.google.com/store/apps/details?id=cluspedia.tetpone

ဓမ္မစကူးလ်သီချင်း 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.prox.dsfsong

ပြက္ခဒိန် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.felixmyanmar.mmyearx

MM Book 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.naing.screencracker

ရွှေမီးအိမ် 𝐀𝐩𝐤
https://play.google.com/store/apps/details?id=com.myanmardev.myanmarebook

https://www.facebook.com/dhammaschoolchitthu/

to

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

23/12/2022

အိုင်ဒီယာကို သဘော ကျလို့ ပါ
----------

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

to

11/12/2022

အကြွေးမဆပ်သူများသို့

ကြွေးမြီရှိက ပေးဆပ်ပါ

သူတစ်ပါးကို ပေးရန်ရှိသည့် ကြွေးမြီကို
မဆပ်ဘဲ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲရာမှ

ဒီလူ့ကို မဆပ်လဲ ရတယ်
သူက ငါ့ထက်ရှိနေပြီး
အကြွေး တောင်းနေရသေးတယ်
စတဲ့ အတွေး ဝင်လာတဲ့ အခါ...

( သူ့ငွေ သူရစရာရှိသဖြင့် တောင်းသူကို
ငြိုငြင်စိတ် ဖြစ်မိတဲ့ အခါ )

မိမိအလုပ်အကိုင် လူမှုရေးနှင့်
လာဘ်လာဘတို့လည်း အလိုလို အဆင်မပြေ
ပြဿနာများ ရစရာများ နှောင့်နှေးသထက်
နှေးလာသည်ကို တွေ့ရပေမည်။

မရှိလို့ မပေးရာမှ
မပေးလို့မရှိ ဖြစ်လာစေမည်။

ဒါကြောင့် ကြွေးမြီရှိက ဆပ်ပါ။

မဆပ်နိုင်သေးက
မသိချင်ယောင် ဆောင်ခြင်း
ခေါင်းရှောင်နေခြင်းထက်

ပြေလည်အောင် ရှင်းပြခြင်း
အားနာတတ်သော ခံစားမှုရှိခြင်း
ခွဲဆပ်ခြင်း တို့တစ်ခု မဟုတ်
တစ်ခု ရှိသင့်ပါတယ်။

ငွေမပေးနိုင်က
ပစ္စည်းတစ်ခုခု နဲ့ အစား ထိုးမလား
မေးသင့်ပါတယ်။

မိတ်ဆွေ အပေါ် ငြိုငြင်စိတ် ရှိပါက

သင် ထိုအကြွေး
တသက်လုံး မဆပ်နိုင်ပါ။

တသက်လုံး မဆပ်နိုင်သော အဓိပ္ပာယ်မှာ

ထိုအချိန်ကစ
သင် ဘယ်လိုကြိုးစား ကြိုးစား
မပြေလည်တော့ပါ ဆိုတာနဲ့
အတူတူပါဘဲ။

သည်းခံတယ်ဆိုတာ အားနာလို့ စာနာလို့သည်းခံတာပါ လူပါးဝဖို့သည်းခံနေခြင်းမဟုတ်ပါ။

Credit To Original Uploader

11/12/2022

ငွေရှာဖို့မပျင်းပါနဲ့

ငွေရှာဖို့မပျင်းပါနဲ့
ရွှေရှိ ငွေရှိမှ ဆွေမျိုးတော်ချင်တဲ့
အမျိုးတုတွေ ရှိနေသေးတာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
ကျွေးနိုင် မွေးနိုင်မှ
ပေါင်းသင်းချင်တဲ့ မိတ်ဆွေအတုတွေရှိနေသေးတာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းညံ့ မင်းအ တယ် မင်းတုံးတယ်ဆိုပြီး
အပြစ် ပေါင်းစုံပြောနေတဲ့ လူတွေကို
ဒီငွေကပဲ မင်းတော်တယ်
မင်းကောင်းတယ်ဆိုပြီးပြောလာအောင် လုပ်ပေးနိုင်တာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာ ငွေရှိမှ မင်းရဲ့မိဘနှစ်ပါး
အေးချမ်းစွာ အနားယူနိုင်မှာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာ ငွေရှိမှ မင်းရဲ့မိသားစု
လူတွေ အနှိမ်မခံ အပြောမခံရမှာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာငွေရှိမှ မင်းမှာအိမ်ကြီးအိမ်ကောင်းရှိမှ
မင်းမှာ ကားအကောင်းစား ဆိုင်ကယ်အကောင်းစားရှိမှ
သူလိုအပ်သမျှ မင်းဖြည့်ဆည်းပေးနေမှ
မင်းကိုအရမ်းချစ်ပြနေမယ့် လူတစ်ယောက်ရှိနေမှာမို့..။

ငွေရှာဖို့လဲမပျင်းပါနဲ့
ကပ်စေးလဲကုတ်မနေပါနဲ့
ပေးသင့်တဲ့ လူကိုပေးလိုက်ပါ
ကျွေးသင့်တဲ့ လူကိုကျွေးလိုက်ပါ
သုံးသင့်တဲ့ နေရာမှာသုံးလိုက်ပါ
ပိုက်ဆံကို အလကားမဖြုန်းတီးပစ်လိုက်ပါနဲ့မိတ်ဆွေ..။
ငွေဆိုတာက လူတိုင်းကို ပြောင်းလဲစေနိုင်တဲ့ ခေတ်ကြီးမို့..။

Credit To Original Uploader

10/12/2022

" နေရာမမှန်လျှင် တန်ဖိုးမဲ့တယ် "
******************************
ဘဝမှာ တစ်ချို့အရာတွေက
နေရာမမှန်ရင် ထားရှိတဲ့ စေတနာတွေနဲ့၊
ပေးဆပ်တဲ့ အရာတွေဟာ တန်ဖိုးမဲ့ နေမှာပါပဲ။

သနပ်ခါးက မိန်းကလေးတစ်ယောက်
သူမမျက်နှာမှာ လိမ်းထားတဲ့အခါ
နေရာမှန်လို့ လှပပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ သနပ်ခါးဟာ သွေးနေရင်းနဲ့ ကြမ်း
ပြင်ပေါ် ကျကုန်တဲ့အခါ ကြမ်းပြင်မှာ ရှိ
နေတဲ့ သနပ်ခါးတွေဟာ နေရာမမှန်လို့
တန်ဖိုးမဲ့ရတယ်။ အညစ်အကြေးအဖြစ်
သက်ရောက်သွားတယ်။

ဆံပင်က မိန်းကလေးတစ်ယောက်
ခေါင်းလျှော်ပြီးချိန်လေးများ ဖြန့်ချထား
ရင်၊ သူမဆံပင်လေးကို အမျိုးမျိုး လှပစွာ ပြုပြင်ထားရင်
နေရာမှန်လို့ သိပ်လှပြီး ချစ်စရာကောင်းတယ်။

အဲ့ဒီ ဆံပင်တွေက ကော်ဖီခွက် (သို့)
ဟင်းခွက်ထဲ ရောက်သွားမယ်ဆိုရင်
နေရာမမှန်တဲ့အတွက် ရွံစရာဖြစ်သွားနိုင်တယ်။

ကိုယ်က အလိုက်တသိ ကူညီပေးတယ်
ဒါပေမယ့် သူများတကယ် လိုအပ်နေချိန်
မဟုတ်တော့၊ ကိုယ်ကူညီ ပေးတာတွေဟာ နေရာမမှန်၊
အချိန်မှန် မဟုတ်တဲ့အတွက် တန်ဖိုးမရှိ အသုံးမဝင်ဖြစ်လို့
စေတနာတွေ အလကား ဖြစ်ရတယ်။

စကားပြောတဲ့ နေရာမှာလည်း
အချိန်အခါ မဟုတ်ပဲ ပြောမိတဲ့အခါ၊
စကားပြောပါများရင် အမှားတွေပါပြီး
ကိုယ့်တန်ဖိုးကို လျော့စေတယ်၊
နေရာမမှန်လို့ မလိုအပ်ပဲ ပြောမိတဲ့
ကိုယ်က ငပေါကြီး ဖြစ်ရလိမ့်မယ်။

အချစ်ဆိုတာလည်း
ကိုယ်ချစ်တာကို တန်ဖိုးထားပြီး
အပြန်လှန်နားလည်မှုရှိမှ၊ ကိုယ့်ကို
တန်ဖိုးထားသူနဲ့ ချစ်ခွင့်ရမှသာလျှင်
နေရာမှန်လို့ ချစ်သူတွေလည်းပျော်ရွှင်ရမှာပါ။

ကိုယ့်အချစ်ကို တန်ဖိုးမထား သစ္စာဖောက်သူနဲ့တွေ့ရင်
ကိုယ်ပေးတဲ့ အချစ်ဆိုတာလည်း နေရာမမှန်လို့
ကိုယ်ပဲ တန်ဖိုးမဲ့ရပါလိမ့်မယ်။

အရာရာ အားလုံးက
သူ့နေရာနဲ့သူ နေရာမှန်ဖို့ လိုပါတယ်၊
နေရာမမှန်ရင်တော့ တန်ဖိုးတွေမဲ့နေရအုံးမှာပါပဲ။

ပေးဆပ်တယ် ဆိုပေမယ့်
နေရာမှားနေရင်တော့
ကိုယ်ပဲထိခိုက် နာကျင်ရလိမ့်မယ်။

Credit to Original Uploader

19/05/2022
10/05/2022

KBZ Banking,Kpay,Yoma,Wave Money & Wave Pay ငွေသားပေးလွှဲ၍ 1.3% ပြန်အမ်းငွေ ရယူပါ။ %အတက်အကျ ရှိပါသည်။
09791096002

Address

မြို့မလမ်း၊လုပ်သားအာမာန် ရက်ကန်းစက်မှုလက်မှုတိုက်တန်း၊ အမှတ်(၁၂)၊ ပခုက္ကူမြို့
Pakokku
04203

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959258989323

Website

Alerts

Be the first to know and let us send you an email when Royal Mobile Pakokku-ရွိုင်ရယ်မိုဘိုင်း ပခုက္ကူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Mobile Pakokku-ရွိုင်ရယ်မိုဘိုင်း ပခုက္ကူ:

Share