11/01/2021
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်ပိုင်းတွင် TISSUE BANNA (၃၇၃)စီး ၊ (၂၈၆၄)တန် ၊ SYRUP (၉) စီး၊ (၃၅၀.၄၈) တန်၊ SUGAR Cane (၁၅၁)စီး ၊ (၂၄၀၈)တန်၊ MYANMAR WHITE RICE EMATA 25% (၇) စီး၊ (၁၂၉) တန်၊ YELLOW MIZE (၄)စီး ၊ (၃၇.၅)တန်နှင့် MYANMAR BROKEN RICE B-1,2 (၅) စီး၊ (၁၀၀) တန် တို့ဖြစ်ပြီး စုစု ပေါင်းတန်ဖိုး (၃၉၁၇၂၆.၀၀၀) ဒေါ်လာနှင့် (၃၅၁၈၄၀၀၀၀၀) ကျပ်ဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် B/N FOUR WHEEL TRACTOR (2) U ၊ R/C FOUR WHEEL TRACTOR (6) U ၊ B/N TWO WHEEL TRACTOR (62) U ၊ ရင်းနှီး (၂၇)စီး ၊ လုပ်ငန်းသုံး (၁၈၂)စီး ၊ လူသုံး(၅၂)စီး ၊ စုစုပေါင်းတန်ဖိုး (၃၂၃၀၆၀.၀၀၀) ဒေါ်လာနှင့် (၅၂၈၀၈၆၁၁၁) ကျပ်ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအားဖြင့် (၇၁၄၇၈၆.၀၀၀) ဒေါ်လာနှင့်(၄၀၄၆၄၈၆၁၁၁)ကျပ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ရွှေဈေးအနေဖြင့် ဗန်းမော်မြို့တွင် ယခုအပတ် (၁၆) ပဲရည် (၁) ကျပ်သားလျှင် (၁၃၃၀၀၀၀) ကျပ် ရှိပြီး စက်သုံးဆီဈေးမှာ ဓာတ်ဆီ (၁) ဂါလံလျှင် (၅၃ဝဝ) ကျပ်နှင့် ဒီဇယ် (၁) ဂါလံလျှင် (၄၉ဝဝ)ကျပ် ရှိကြောင်းသိရှိရပါသည်။
လွယ်ဂျယ်နယ်စပ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းမှာ ကျပ် (၁ဝဝ) လျှင် (ဝ.၄၉၅) ယွမ် ၊ (၁) ဒေါ်လာနှင့်ညီမျှသော ယွမ် ငွေကြေးမှာ(၆.၆၃)ယွမ်အသီးသီးဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းအရင်းအမြစ် - လွယ်ဂျယ်ကုန်သွယ်ရေးစခန်း