Myanmar LYW Stainless Steel

Myanmar LYW Stainless Steel STAINLESS STEEL & DECORATION

လူကြီးမင်းများအတွက် Myanmar LYW Stainless&Decoration မှ 09420746701
10/08/2015

လူကြီးမင်းများအတွက် Myanmar LYW Stainless&Decoration မှ

09420746701

ဤကမ္ဘာလောကတွင် နေထိုင်ကြ သော သက်ရှိသတ္တဝါ တို့ သည် နေထိုင်ရာ နေရာ ပြောင်းလဲမှု့ ဖြင့်   လူအမျိုးမျိုး ဘာသာအမျိုးမျိုးကိုး...
11/07/2015

ဤကမ္ဘာလောကတွင် နေထိုင်ကြ သော သက်ရှိသတ္တဝါ တို့ သည် နေထိုင်ရာ နေရာ ပြောင်းလဲမှု့ ဖြင့် 

လူအမျိုးမျိုး ဘာသာအမျိုးမျိုးကိုးကွယ်ကြသည်။ ကျွန်တော်တို့  မြန်မာနိုင်ငံတော် သည် ထေရဝါရ ဗုဒ္ဓ

ဘာသာဝင်များ အများဆုံး ပါဝင်သောနိုင်ငံဖြစ်ပါသည်။ ထို ဗုဒ္ဓဘာသာဝင်များကိုအမျိုးအစား ခွဲပါက

( ၂ )မျိုး ရှိပါသည်။ ၄င်းမှာ-

(၁)မိရိုးဖလာ ဗုဒ္ဓဘာသာဝင် နှင့် 

(၂)သက်ဝင် ယုံကြည် မှု့ ဖြင့် ကိုးကွယ်သောဗုဒ္ဓဘာသာဝင် ဟူ၍ဖြစ်သည်။

သက်ဝင် ယုံကြည်မှု့ ဖြင့် ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် ထက် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် သည် ကိုးကွယ်မှု့ 

တွင် အားအနည်းဆုံး ဖြစ်သည်။အဘယ် ကြောင့် ဆို သော် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ သည် အမိ နှင့် အဖ

တို့ ကဗုဒ္ဓဘာသာဝင်များဖြစ် သဖြင့်  ထို အမိ အဖ မှ မွေးဖွားလာသူသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်သည်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည်မိမိ ကိုယ် တိုင် ကိုးကွယ်နေသောလည်း အလုံးစုံ သောအရာများကို သိပ် မသိ

ရှိကြသေးပါ။ အမှန် ဝန်ခံရမည် ဆိုပါက ဤ အရာကို ရေးသားသော ကျွန်ုပ်သည် ပင်လျှင် မသိသေးပါ။ သို့ သော်

ဗုဒ္ဓသာသနာ တော်၏ သင်းပျံနေ သော အသိ ပညာ တစ်ခု ကို ပေးအပ်လိုခြင်းဖြစ်ပါသည်။ စာဖတ်သူ လူကြီးမင်း

များလဲစိတ်ဝင်စားကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သာသနာ့  အလံ မည် သို့ စတင် ပုံ -

" သာသနာ့  အလံ "


စတင်တီထွင်သူ - အမေရိကန် လူမျိုး ဗိုလ်မှုးကြီးဟင်နရီစတီးလ်အော့လ်ကော့ (Col.Henry Steele Olcott)။

ရည်ရွယ်ချက် - ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်ကိုစိတ်ကူးဥာဏ်ဖြင့် ရည်ညွှန်းပူဇော်ခြင်း။

စတင် တီထွင်သည့် နှစ် - ၁၇ - ၄ - ၁၈၈၅ ။

စတင်လွှင့် ထူးသည့် နှစ် - ၂၈ - ၅ - ၁၈၈၅ ။

တကမ္ဘာလုံးတွင်လွှင့်ထူသည့် နှစ် - ၂၅ - ၅ - ၁၉၅၀ ။

မြန်မာနိုင်ငံတွင်လွှင် ထူသည့် နှစ် - ဆဋ္ဌသင်္ဂါယနာတင်ချိန် ။သာသနာနှစ်(၂၅၀၀)။ ခရစ်နှစ်(၁၉၅၆)။

သာသနာ့ အလံတွင်ပါဝင်သော အရောင် များ၏အဓိပ္ပါယ်များမှာ -

အပြာရောင် - မေတ္တာတရား။ ငြိမ်းချမ်းခြင်း။ ကရုဏာ။သဒ္ဒါတရား တို့ ကို ဖော်ကျူး ခြင်း။

အဝါရောင် - အစွန်းနှစ်ဖက်ကိုရှောင်၍ မြင့် မြတ်သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ကိုဖော်ကျူးခြင်း။

အနီရောင် - ပညာ။သီလ။အကျင့် ။ဂုဏ်သိက္ခာတို့ ကို ဖော်ကျူးခြင်း။

အဖြူရောင် - စင်ကြယ်သန့် ရှင်းခြင်းနှင့် နိဗ္ဗာန်ကို ဖော်ကျူး ခြင်း။

လိမ္မော်/ပန်းရောင် - မြတ်စွာဘုရားရှင်၏အဆုံးအမ ကို ဖော်ကျူးခြင်း။

ဤအကြောင်းအရာကိုသိရှိခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ လိုအင်ဆန္ဒပြည့် ဝပြီး ဘဝ အမောများ

ပြေပျောက်နိုင်ကြပါစေ။ ။ ။ ။

မင်္ဂလာပါလူကြီးမင်းများခင်ဗျာ Myanmar L.Y.W Stainless Steel & Decoration Co.,L.t.d မှလူကြီးမင်းများကောင်းမှု့ ကုသိုလ်အလှူ...
10/07/2015

မင်္ဂလာပါလူကြီးမင်းများခင်ဗျာ

Myanmar L.Y.W Stainless Steel & Decoration Co.,L.t.d မှ

လူကြီးမင်းများကောင်းမှု့ ကုသိုလ်အလှူအတန်းပြု လုပ် လိုပါ က Myanmar L.Y.W Stainless Steel & Decoration တွင်

steelဖြင့် ပြု လုပ်ထား သော ဘုရားစေတီပုထိုး အရွယ်အစားများစွာရှိပါသည်။

Steelဖြင့် ပြုလုပ် သော ဘုရားစေတီပုထိုးဧ။် အားသာချက် မှာ -

(၁)ရွှေသင်္ကန်းကပ်စရာမလိုခြင်း။

(၂)တည်ထားပူဇော်ရာတွင်လွယ်ကူမြန်ဆန်ခြင်း။

(၃)စေတီတော်ကိုရွှေ့ လျားပူဇော်နိုင်ခြင်း။

(၄)ပြင်းအားမြင့် ငလျှင်ဒဏ်ခံနိုင်ခြင်း။

(၅)လေပြင်းအားခံနိုင်ခြင်းစသည့် အားသာချက်ကြောင့် ဘာသာသာသနာ့ အားတနည်းတလမ်းဖြင့် 

ယခင်ကလိုဘိလပ်မြေ/သဲ/အုတ်တို့ ကို လေးပင်စွာ အချိန်ယူ သယ်ပိုးတည် ဆောက်မနေရတော့ ပဲ

တောင်ပေါ်များ၌ပင် လွယ်ကူစွာတည်ထားပူဇော်နိုင်သော ကောင်းခြင်းများစွာ ရှိနေပါသည်။

နည်းပညာသစ်တခေတ်ဆန်းခြင်းဧ။်အကျိုးကျေးဇူးများဖြစ်ပါသည်။

အပေါ်မှရွှေရောင် Sheet Metalနည်းပညာမှာ Myanmar Art Work(မြန်မာတို့ ဧ။်အနုပညာတစ်ရပ်)ဖြစ်နေကြောင်းကို

အများပြည်သူသို့ ပြသလိုခြင်းဖြစ်ပါသည်။

လူကြီးမင်းများ ဆက်သွယ်လိုပါက။ ။ Myanmar L.Y.W Stainless Steel & Decoration Co., L.t.d

၉လမ်း/၇၃လမ်း - ၇၄လမ်းကြား။

ဥပုသ်တော်ရပ် ။ မန္တလေးတိုင်းဒေသကြီး။

ဖုန်းနံပါတ်. ၀၉-၃၁၀၀၆၅၂၉။

Address

Mandalay

Alerts

Be the first to know and let us send you an email when Myanmar LYW Stainless Steel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share