Company Registration Service CRS Consultant

Company Registration Service CRS Consultant ငွေကျပ်3သိန်းကျော်ဖြင့် ကုမ္ပဏီ၁ခုအမြန်ထူထောင်နိုင်ပါပြီ။ 09975126525
(1)

 #ငွေနဲ့ပတ်သက်ရင်ပိုပြီးကတိတည်ပါအခက်အခဲဆိုတာ လူ့ဘဝသက်တမ်းတလျောက်မှာ မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူးအနည်းနဲ့ အများ ကြုံတွေ့ကြရ...
03/06/2026

#ငွေနဲ့ပတ်သက်ရင်ပိုပြီးကတိတည်ပါ

အခက်အခဲဆိုတာ
လူ့ဘဝသက်တမ်းတလျောက်မှာ
မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူး
အနည်းနဲ့ အများ ကြုံတွေ့ကြရပါတယ်.။

ပိုက်ဆံ ကို ကတိပျက်အောင်
လုပ်ရင် သင့်ဆီမှာ
ပိုက်ဆံတည် မြဲတော့မှာမဟုတ်ဘူး.။

ပိုက်ဆံ ကိုကပ်စေးနည်း
ချွေးကုတ်ပြီးစုနေမှမြဲနေတာ
မဟုတ်ပါဘူး.။

ကတိတည်တည်နဲ့ပေးစရာရှိတာပေး
ယူစရာရှိယူပါ

လက်ခက်ရင်ငွေပါခက်တယ်
ကတိမတည်သူက
ဘယ်တော့မှမတိုးတက်ပါဘူး.။

လက်ခက်သူတွေ
ဘာလုပ်လုပ်မအောင်မြင်ဘူး.။

မိမိကို ယုံကြည်ထားတဲ့
ယုံကြည်မူ တွေလည်
ပျက်စီသွားစေတက်ပါတယ်

ဒါကြောင့် မိမိပြောရင် ပြောသလို
ကတိ တည်ပါ မိတ်ဆွေ ။

to original writer

လူဟာ မပြောင်းလဲတာ ကြာလာရင် မပြောင်းလဲ ဖြစ်တော့ဘူး။မကြိုးစားတာ ကြာလာရင် မကြိုးစား ဖြစ်တော့ဘူး။မစွန့်စားတာ ကြာလာရင် မစွန့်...
02/06/2026

လူဟာ မပြောင်းလဲတာ ကြာလာရင် မပြောင်းလဲ
ဖြစ်တော့ဘူး။

မကြိုးစားတာ ကြာလာရင် မကြိုးစား ဖြစ်တော့ဘူး။

မစွန့်စားတာ ကြာလာရင် မစွန့်စားဝံ့တော့ဘူး။

မယုံကြည်တာ ကြာလာရင် မယုံကြည်တော့ဘူး။

မသင်ယူတာ ကြာလာရင် မသင်ယူဖြစ်တော့ဘူး။

အကောင်းမမြင်တာ ကြာလာရင် အကောင်းမမြင်
တတ်တော့ဘူး။

မစုဆောင်းတာ ကြာလာရင် မစုဆောင်းတတ်တော့
ဘူး။

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအခြေအနေမှာ
ကြာရှည်စွာ ထားမိနေသလဲဆိုတာ နေ့တိုင်း
မေးခွန်းထုတ်ကာ အဖြေရှာကြည့်စေချင်ပါတယ်။

တကယ်လို့ အဖြေရှာတွေ့ပြီဆိုရင်တော့
ဒါထက် ပိုမကြာရှည်အောင် ပြောင်းလဲဖို့
အကြံပြုပါရစေ။

ဒါထက်ပိုကြာသွားရင်
ဒါထက် ပြောင်းလဲဖို့ ပိုခက်သွားနိုင်လို့ပါ။

ကောင်းစံသာ(ရေကြည်)
-လောင်စာ စာအုပ်မှ



အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ။တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လားဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ...
02/06/2026

အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ။တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လား

ဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် မက်ခီယာဗယ်လီ (Machiavelli) ရဲ့ လက်တွေ့ အသုံးအဝင်ဆုံး နည်းဗျူဟာ (၇) ရပ်ကို ပိုပြီး နားလည်ရလွယ်အောင် ရှင်းပြပေးမယ်။

(၁) တိတ်တိတ်လေး ယူလို့ရတာကို အကျယ်ကြီးအော်မနေနဲ့

လူတွေက ကိုယ်လိုချင်တာတွေ့ရင် "ငါတော့ ဒါလုပ်တော့မယ်" ဆိုပြီး ကြွားတတ်ကြတယ်
အဲ့လိုပြောလိုက်တာက သူများတွေကို ကိုယ့်ကိုလာတားဖို့၊ အပြိုင်လုပ်ဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားတယ်။

ချမ်းသာတဲ့စိတ်ဓာတ်ရှိသူတွေ၊ တကယ်အောင်မြင်တဲ့သူတွေက ဘယ်သူ့ကိုမှ စစ်မကြေညာဘူး
တိတ်တိတ်လေး ကြိတ်လုပ်တယ်။ အရာအားလုံး ကိုယ့်လက်ထဲရောက်ပြီး အကုန်ထိန်းချုပ်နိုင်ပြီဆိုမှ အပြင်ကို ထွက်ပြတယ်။

ဒါကြောင့် ကိုယ့်အစီအစဉ်တွေကို လိုက်ကြွားနေတာ ရပ်လိုက်ပါတိတ်တဆိတ် တည်ဆောက်ပြီး ရလဒ်နဲ့ပဲ သက်သေပြပါ

(၂)ပါးစပ်နဲ့ လိုက်ငြင်းနေတာ အလကားပဲ၊ အမြဲရှုံးမယ့်ပွဲ

ပြဿနာတစ်ခုမှာ ခင်ဗျား ဘယ်လောက်ပဲ မှန်နေပါစေ၊ စငြင်းလိုက်တာနဲ့တင် ခင်ဗျား ရှုံးသွားပြီ
ဘာလို့လဲဆိုတော့ ငြင်းလိုက်တဲ့အတွက် ခင်ဗျားရဲ့ အဖိုးတန်အချိန်တွေ၊ စိတ်ခံစားချက်တွေကို တစ်ဖက်လူက လွှမ်းမိုးသွားလို့ပဲလူအများစုက အမှန်တရားကို လိုချင်လို့ ငြင်းနေကြတာ မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ဆရာကြီးလုပ်ချင်လို့၊ အရေးပါချင်လို့ ငြင်းနေကြတာဒါကြောင့် စကားလုံးတွေနဲ့ အနိုင်မယူပါနဲ့။ ခင်ဗျားရဲ့ အောင်မြင်မှုရလဒ်တွေကပဲ အကောင်းဆုံး အဖြေဖြစ်ပါစေ

(၃)ခင်ဗျားကို အထင်သေးပါစေ၊ ဒီအတိုင်း လွှတ်ထားလိုက်

လူတွေက ခင်ဗျားကို အထင်သေးသွားရင် သူတို့ဘက်က သတိထားမှုတွေ၊ ကာကွယ်မှုတွေ အကုန်လျော့ကျသွားပြီး အမှားတွေ လုပ်တတ်ကြတယ်
ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ အကုန်ထုတ်ပြလိုက်ရင် ရန်သူကို ပစ်မှတ်ပြလိုက်သလိုဖြစ်ပြီး ခင်ဗျားကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လာကြလိမ့်မယ်။ ဒါကြောင့် ဘာအန္တရာယ်မှမရှိတဲ့ သာမန်လူတစ်ယောက်လို ဟန်ဆောင်နေပါ။လူတွေက ခင်ဗျားကို သတိမထားမိတော့တဲ့အချိန်ကျမှ ကိုယ့်အကွက်ကို စရွှေ့ပါ။ခင်ဗျားကို သာမန်ပဲလို့ ထင်ထားရင် ဘယ်သူမှ လာယှဉ်ပြိုင်မှာ မဟုတ်ဘူးလေ
အမြဲတမ်း ဇွတ်လုပ်နေတာထက် 'Timing' ကိုက်ဖို့က ပိုအရေးကြီးတယ်

(၄)အချိန်အခါ မရွေးတတ်ရင် ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲ။

အင်အားအကြီးဆုံးသူက အမြဲနိုင်တာမဟုတ်ဘူး၊ ဘယ်အချိန်မှာ လှုပ်ရှားရမလဲဆိုတဲ့ 'အကောင်းဆုံးအချိန်' (Timing) ကို ရွေးတတ်သူကသာ အမြဲနိုင်တာ

အခွင့်အရေးဆိုပြီး တွေ့သမျှ လိုက်လုံးမယ့်အစား အခြေအနေကို သေချာစောင့်ကြည့်ပါ
မှန်ကန်တဲ့ အချိန်ရောက်ပြီဆိုမှ အမြန်ဆုံး လှုပ်ရှားလိုက်ပါ
အချိန်အခါမဟုတ်ဘဲ ရမ်းကြိုးစားနေတာက လူပင်ပန်းတာပဲ အဖတ်တင်မယ်
မှန်ကန်တဲ့ အချိန်မှာ Smart ကျကျ လှုပ်ရှားတာကမှ တကယ့် စွမ်းအားအစစ်ပါ။

(၅)ကိုယ့်ရဲ့ အတ္တ က ကိုယ့်ကို ပြန်မသတ်ခင် သူ့ကို အရင်ရှင်းပစ်

ကိုယ့်ရဲ့ အကြီးမားဆုံး ရန်သူက အပြင်မှာမရှိဘူး၊ ကိုယ့်ခေါင်းထဲက Ego (အတ္တ) ပဲ
အဲ့ဒီ Ego က မလိုအပ်တဲ့ ပြဿနာတွေဆီ ဆွဲခေါ်သွားတတ်ပြီး၊
အကျိုးမရှိတဲ့လူတွေဆီက အသိအမှတ်ပြုခံရဖို့ အချိန်ကုန်ခံ တိုက်ခိုက်စေတတ်တယ်
တကယ့် အောင်ပွဲအစစ်ဆိုတာ ရေရှည်အတွက်ပါ။

ဒါကြောင့် ဩဇာအာဏာရှိတဲ့သူတွေက Ego ကို ထိန်းချုပ်ပြီး စိတ်ရှည်သည်းခံမှုကိုပဲ ရွေးချယ်ကြတယ်။ဆုံးဖြတ်ချက်ချတဲ့အခါ Ego ကို ဘေးဖယ်ထားနိုင်မှ၊ ကိုယ်မပါဝင်သင့်တဲ့ ပွဲတွေကနေ ကင်းဝေးပြီး အေးအေးဆေးဆေး အနိုင်ယူနိုင်မှာပါ

(၆)ခေါ်တိုင်းရ၊ တွေ့တိုင်းရတဲ့လူ မဖြစ်ပါစေနဲ့

လူတိုင်းကို အမြဲတမ်း အချိန်ပေးနေရင် ခင်ဗျားရဲ့တန်ဖိုးက ကျသွားလိမ့်မယ်။အလွယ်တကူ ရနေတဲ့အရာကို ဘယ်သူမှ တန်ဖိုးမထားတတ်ကြဘူး
ဒါကြောင့် ခင်ဗျားကို လွယ်လွယ်ကူကူ ဆက်သွယ်လို့မရအောင် နေထိုင်ခြင်းက ခင်ဗျားတန်ဖိုးကို ပိုမြင့်တက်စေတယ်။နေရာတိုင်းမှာ ပါဝင်မနေပါနဲ့
တကယ် အရေးကြီးတဲ့ အချိန်၊ အရေးပါတဲ့ နေရာတွေမှာပဲ ။ခင်ဗျားကိုယ်ခင်ဗျား ပေါ်ထွက်ခွင့်ပေးပါ
လောကကြီးကို လိုက်ရှာနေတဲ့သူ မဖြစ်ပါစေနဲ့၊ လောကကြီးကနေ လိုက်ရှာရတဲ့ တန်ဖိုးရှိသူတစ်ယောက်လို နေထိုင်ပါ။

(၇)ဝင်မတိုက်ပါနဲ့၊ သူတို့ဘာသာ ပြုတ်ကျသွားအောင် လွှတ်ထားလိုက်ပါ

အကြီးမားဆုံး အောင်ပွဲတွေဟာ ကိုယ်တိုင်ဝင်တိုက်ခိုက်တာထက်၊ ရန်သူတွေ သူတို့ဘာသာ ပြိုလဲသွားအောင် လွှတ်ထားရာကနေ ရလာတာများတယ်
ခင်ဗျားကို ဒုက္ခပေးတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အမှားတွေ၊ မကောင်းတဲ့ ရွေးချယ်မှုတွေကြောင့်ပဲ သူတို့ဘာသာ ပြန်ကျရှုံးသွားတတ်ကြတယ်
လက်တုံ့ပြန်ဖို့ မကြိုးစားပါနဲ့။ခင်ဗျားဘဝတိုးတက်ဖို့ကိုပဲ အာရုံစိုက်ထားရင်၊ အချိန်တန်တဲ့အခါ ရန်သူတွေ အလိုလို ပျက်စီးသွားပါလိမ့်မယ်။မတိုက်ခိုက်ဘဲ စိတ်ရှည်ရှည်နဲ့ သူတို့ထက် ပိုကြာကြာ ရပ်တည်နိုင်တာဟာ အမြင့်မားဆုံး စွမ်းအားပါပဲ။


တစ်ရက် ၂၄ နာရီကို ဒီဇိုင်း လုပ်တာက ပညာ တစ်ခုပဲဒီ ၂၄ နာရီ ထဲမှာလေ့လာတာ ရှိတယ်။လေ့ကျင့်ခန်း လုပ်တာ ရှိတယ်။စားဖို့ သောက်ဖို...
01/06/2026

တစ်ရက် ၂၄ နာရီကို ဒီဇိုင်း လုပ်တာက ပညာ တစ်ခုပဲ

ဒီ ၂၄ နာရီ ထဲမှာ

လေ့လာတာ ရှိတယ်။
လေ့ကျင့်ခန်း လုပ်တာ ရှိတယ်။
စားဖို့ သောက်ဖို့ ရှိတယ်။
လမ်းမှာ အချိန် ကုန်တာ ရှိတယ်။
အလုပ် လုပ်တာ ရှိတယ်။
စိတ်ဝင်စားတဲ့ ဖျော်ဖြေရေး ရှိတယ်။
မိသားစု ရှိတယ်။
လူမှုရေး ရှိတယ်။
အိပ်စက် အနားယူတာ ရှိတယ်။

ဒါတွေ အကုန်လုံး ၂၄ နာရီ ထဲ ဝင်ရတယ်။

ဒီ ၂၄ နာရီ ကို ဖြစ်သလို ထားရင် ဘဝ ရှုပ်ထွေးတယ်။
ဒီဇိုင်း လုပ်ရင် ဘဝ ရှင်းလင်းတယ်။

ဘာကြောင့် ဒီဇိုင်း လိုတာလဲ

၂၄ နာရီ ဆိုတာ လူတိုင်း အတူတူ ရတယ်။

ကုမ္ပဏီ အမှုဆောင်ချုပ် လည်း ၂၄ နာရီ ရတယ်။
ဝန်ထမ်း လည်း ၂၄ နာရီ ရတယ်။
ချမ်းသာတဲ့ သူ လည်း ၂၄ နာရီ ရတယ်။
ဆင်းရဲတဲ့ သူ လည်း ၂၄ နာရီ ရတယ်။

ကွာခြားချက်က ၂၄ နာရီ ရှိ မရှိ မဟုတ်ဘူး။
၂၄ နာရီ ကို ဘယ်လို ဒီဇိုင်း လုပ်လဲ ဖြစ်တယ်။

ဖြစ်သလို နေတဲ့ သူက

မနက် နိုးတယ်။ ဖုန်း ကြည့်တယ်။
ပြီးရင် ဘာ လုပ်ရမှန်း မသိဘူး။
ပြီးရင် အလုပ် ကို ဖိလုပ်တယ်။
ပြီးရင် ပင်ပန်းလို့ အောက်ကို ဆွဲကြည့်နေတယ်။
ပြီးရင် “ဒီနေ့လည်း ဘာမှ မလုပ်ဖြစ်ဘူး” ပြောတယ်။
ပြီးရင် အိပ်တယ်။

နေ့တိုင်း ဒီလို။
ရက်သတ္တပတ် တိုင်း ဒီလို။
လ တိုင်း ဒီလို။
နှစ် တိုင်း ဒီလို။

ပြီးရင် “ဘဝ ဘာကြောင့် မပြောင်းတာလဲ” မေးတယ်။

ဘဝ မပြောင်းတာ မဟုတ်ဘူး။
ဘဝ ကို ဒီဇိုင်း မလုပ်ထားလို့ ဖြစ်တယ်။

မြို့ကြီးတွေ ဘယ်လို ဒီဇိုင်း လုပ်ကြလဲ

တကယ့် မြို့ကြီးတွေကို စနစ်တကျ ဒီဇိုင်း လုပ်တဲ့ အခါ

“၁၅ မိနစ် အတွင်း အကုန် ရနိုင်အောင်” စဉ်းစားကြတယ်။

ဈေးဝယ်စင်တာ ရောက်ရမယ်။
ကျောင်း ရောက်ရမယ်။
ဆေးရုံ ရောက်ရမယ်။
ပန်းခြံ ရောက်ရမယ်။

ဒါကို “၁၅ မိနစ် မြို့တော်” အယူအဆ လို့ ခေါ်တယ်။

ဒီ အယူအဆ ရဲ့ အခြေခံက ရိုးရှင်းတယ်။

လူတွေ ရဲ့ အချိန် ကို မဖြုန်းဖို့
အရာရာ ကို နီးနီးကပ်ကပ် ဒီဇိုင်း ထားတာ ဖြစ်တယ်။

မြို့ ကို ဒီဇိုင်း လုပ်သလိုပဲ
ကိုယ့် ၂၄ နာရီ ကိုလည်း ဒီဇိုင်း လုပ်လို့ ရတယ်။

ကိုယ့် ၂၄ နာရီ ကို ဘယ်လို ဒီဇိုင်း လုပ်မလဲ

ပထမ အဆင့်က အချိန် အပိုင်းအခြား ခွဲပါ။

၂၄ နာရီ ကို အပိုင်းကြီး ၅ ခု ခွဲပါ။

ကိုယ့်အတွက် အချိန်

လေ့ကျင့်ခန်း လုပ်ပါ။
လေ့လာပါ။
တရားထိုင်ပါ။
ရည်မှန်းချက် ပြန်ကြည့်ပါ။

ဒါ ကိုယ့် စွမ်းအား ကို အားဖြည့်တဲ့ အချိန် ဖြစ်တယ်။

ဒီ အချိန် ကို နေ့ ရဲ့ အစမှာ ထားပါ။
ဘာကြောင့်လဲ စွမ်းအား အမြင့်ဆုံး အချိန် ဖြစ်လို့။

အာရုံစိုက် အလုပ် လုပ်တဲ့ အချိန်

အရေးကြီးဆုံး အလုပ် ၁ ခု ၂ ခု လုပ်ပါ။
ဖုန်း ပိတ်ပါ။
အသိပေးချက် ပိတ်ပါ။
အာရုံ တစ်ခုတည်း ထားပါ။

ဒါ ရလဒ် ထုတ်တဲ့ အချိန် ဖြစ်တယ်။
ဒါ ဝင်ငွေ ဖန်တီးတဲ့ အချိန် ဖြစ်တယ်။

စီမံခန့်ခွဲရေး နှင့် ဆက်သွယ်ရေး အချိန်

အီးမေးလ် ပြန်ပါ။
စာတို ပြန်ပါ။
အစည်းအဝေး တက်ပါ။
ဖုန်း ပြောပါ။
ပုံမှန် အလုပ်တွေ လုပ်ပါ။

ဒါ လုပ်ငန်း လည်ပတ်မှု ထိန်းတဲ့ အချိန် ဖြစ်တယ်။

ဆက်ဆံရေး အချိန်

မိသားစု အတွက်။
ချစ်ခင်ရသူတွေ အတွက်။
ဖျော်ဖြေရေး အတွက်။
လူမှုရေး အတွက်။

ဒါ စိတ်ပိုင်းဆိုင်ရာ စွမ်းအား ကို အားဖြည့်တဲ့ အချိန် ဖြစ်တယ်။

အိပ်စက် အနားယူတဲ့ အချိန်

၇ မှ ၈ နာရီ။

ဒါ ညှိနှိုင်းလို့ မရတဲ့ အချိန် ဖြစ်တယ်။

ဒီ အချိန် ကို ဖြတ်တိုင်း

နောက်နေ့ စွမ်းဆောင်ရည် ကျတယ်။

ဒုတိယ အဆင့်က အကူးအပြောင်း အချိန် ကို ဒီဇိုင်း လုပ်ပါ။

လမ်းမှာ အချိန် ကုန်တယ်။
ဆုံးဖြတ်ချက် ချရာမှာ အချိန် ကုန်တယ်။
“ဘာ လုပ်ရမှန်း မသိ” တာမှာ အချိန် ကုန်တယ်။

ဒါကြောင့် ညနေ ကးက နောက်နေ့ အစီအစဉ် ချထားပါ။

“မနက် နိုးရင် ဘာ လုပ်မလဲ” ဆိုတာ ညနေ ကတည်းက ဆုံးဖြတ်ထားပါ။

ဒါဆိုရင် မနက် နိုးတာနဲ့ စနိုင်တယ်။

တတိယ အဆင့်က စွမ်းအား စီးဆင်းမှု နဲ့ ကိုက်ညီအောင် စီပါ။

စွမ်းအား အမြင့်ဆုံး အချိန်မှာ ကိုယ့်အတွက် အချိန် နဲ့ အာရုံစိုက် အလုပ် ထားပါ။

စွမ်းအား အလယ်အလတ် အချိန်မှာ စီမံခန့်ခွဲရေး အလုပ် ထားပါ။

ညနေမှာ မိသားစု နဲ့ လူမှုရေး အချိန် ထားပါ။

ညမှာ အိပ်စက် အနားယူပါ။

ဒီလို စီလိုက်ရင် တူညီတဲ့ ၂၄ နာရီ ထဲမှာပဲ ရလဒ် ပိုထွက်လာတယ်။

ဒီဇိုင်း ရဲ့ စည်းမျဉ်း ၃ ခု

အရေးကြီးဆုံးကို အရင် ထားပါ။

ကိုယ့်အတွက် အချိန် အရင်။
အာရုံစိုက် အလုပ် ဒုတိယ။
အီးမေးလ် နဲ့ အစည်းအဝေး နောက်မှ။

ကြားခံ အချိန် ထားပါ။

အချိန်ဇယား ကို တင်းကျပ်လွန်းအောင် မလုပ်ပါနဲ့။

၁၅ မိနစ် မှ ၃၀ မိနစ် ကြားခံ အချိန် ထားပါ။

ဘဝ ဆိုတာ အစီအစဉ် အတိုင်း အမြဲ မဖြစ်ဘူး။

ပြန်သုံးသပ်ပါ။

တစ်ပတ် ပြီးတိုင်း ကိုယ့် ဒီဇိုင်း ကို ပြန်ကြည့်ပါ။

ဘာ အလုပ်ဖြစ်လဲ ဆက်လုပ်ပါ။
ဘာ အလုပ် မဖြစ်လဲ ပြင်ပါ။
ဘာ ထပ်ထည့်ရမလဲ ထည့်ပါ။
ဘာ ဖြုတ်ရမလဲ ဖြုတ်ပါ။

ဒီဇိုင်း ဆိုတာ တစ်ခါ လုပ်ပြီး ပြီးတာ မဟုတ်ဘူး။

ဒီဇိုင်း လုပ်ပါ။
အသုံးချပါ။
ပြန်သုံးသပ်ပါ။
တိုးတက်အောင် ပြင်ဆင်ပါ။

နောက်ဆုံး

မြို့ကြီးတွေလိုပဲ
ကိုယ့် ဘဝကို ကိုယ် တည်ဆောက်ချင်တဲ့ ပုံစံ ရဖို့ ဒီဇိုင်း လုပ်ဖို့ လိုတယ်။

ပုံစံ မဆွဲဘဲ “လှပတဲ့ အိမ် ဆောက်ချင်တယ်” လို့ ပြောလို့ မရဘူး။

ပုံစံ ဆွဲမှ အိမ် ဖြစ်တယ်။
ဒီဇိုင်း လုပ်မှ ဘဝ ဖြစ်တယ်။

ကိုယ့် ၂၄ နာရီ ကို ကိုယ် ဒီဇိုင်း လုပ်ပါ။

ဒါ ကိုယ့် ဘဝ ကို ကိုယ် ဒီဇိုင်း လုပ်တာ ဖြစ်တယ်။


ကျွန်တော်ရဲ့ CRS ရုံးကို အမှတ် (ထ/၁၇၂)၊ရာဇဓိရာဇ်လမ်း၊၄၀ရပ်ကွက်မြောက်ဒဂုံ တွင် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သတင်...
29/05/2026

ကျွန်တော်ရဲ့ CRS ရုံးကို အမှတ် (ထ/၁၇၂)၊ရာဇဓိရာဇ်လမ်း၊၄၀ရပ်ကွက်မြောက်ဒဂုံ တွင် ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်

🏡လိပ်စာအသစ် - အမှတ် (ထ/၁၇၂)၊ရာဇဓိရာဇ်လမ်း၊၄၀ရပ်ကွက်မြောက်ဒဂုံ၊ မဟာအောင်ပြည်အိမ်ဆောက်ပစ္စည်းဆိုင်အပေါ်ထပ်ပါ။

“အိုဇာတာ ကောင်းချင်ရင်…အိုပယ်မဖြစ်ချင်ရင်…ပညာဝမ်းစာပြည့်အောင်အရွယ်မလွန်ခင် ဖြည့်ထားရမယ်…” 🌿✨ဘဝမှာတစ်နပ်စားဉာဏ်၊တစ်ထွာတစ်...
29/05/2026

“အိုဇာတာ ကောင်းချင်ရင်…
အိုပယ်မဖြစ်ချင်ရင်…
ပညာဝမ်းစာပြည့်အောင်
အရွယ်မလွန်ခင် ဖြည့်ထားရမယ်…” 🌿✨

ဘဝမှာ
တစ်နပ်စားဉာဏ်၊
တစ်ထွာတစ်မိုက်အတွေးလောက်နဲ့
long-term career တစ်ခုကို
တည်ဆောက်ဖို့ မလွယ်ပါဘူး။

လက်ရှိအချိန်မှာတော့
ငွေရှာလို့ ရနေနိုင်တယ် 💵
အဆင်ပြေနေတယ်လို့ ထင်ရနိုင်တယ်။
ဒါပေမယ့်
“ဒီအလုပ်နဲ့ အသက်ကြီးတဲ့အထိ ရပ်တည်နိုင်မလား” ဆိုတဲ့မေးခွန်းကိုတော့
တိတ်တိတ်လေး ပြန်မေးကြည့်ဖို့လိုပါတယ်။ 🤍

တကယ်တော့
ဘဝမှာ အခက်ခဲဆုံးအချိန်ဆိုတာ
ငယ်ရွယ်တက်ကြွနေတဲ့အချိန် မဟုတ်ပါဘူး။

လုပ်နိုင်တုန်း…
ကိုင်နိုင်တုန်း…
သွားနိုင်လာနိုင်တုန်း…
ပြောနိုင်ဆိုနိုင်တုန်းမှာတော့
လောကကြီးက ကိုယ့်အတွက်
အခွင့်အရေးတွေ ပေးထားသေးတယ်။ 🌱

ဒါပေမယ့်…
အသက်ကြီးလာတဲ့အချိန်၊
အိုမင်းမစွမ်း ဖြစ်လာတဲ့အချိန်မှာတော့
ဘဝရဲ့အမှန်တရားကို
ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြုံလာရတယ်။

Psychology အရလည်း
လူတစ်ယောက်ဟာ
“useful” ဖြစ်နေသရွေ့
self-worth ပိုရှိတတ်ပါတယ်။ ✨

ကိုယ်လုပ်နိုင်စွမ်းရှိနေသေးတယ်…
ကိုယ်တန်ဖိုးရှိနေသေးတယ်…
ကိုယ့်ကိုယ်ကို မမှီခိုရသေးဘူးဆိုတဲ့ခံစားချက်က
အသက်ကြီးလာတဲ့အချိန်မှာ
mental peace အတွက် အရမ်းအရေးကြီးပါတယ်။ 🤍

ဒါကြောင့်
အိုဇာတာကောင်းဖို့ဆိုတာ
ငွေတစ်ခုတည်း စုထားရုံနဲ့ မလုံလောက်ပါဘူး။

Money is important. 💵
ဒါပေမယ့်
Knowledge, Skill, Wisdom, Experience တွေက
ပိုပြီး ရေရှည်ခံပါတယ်။ 🌿

အနာဂတ်အတွက်
ပညာရပ်ကောင်းတစ်ခုခုကို
ရင်းနှီးမြှုပ်နှံထားဖို့ လိုပါတယ်။

ကိုယ်က
ဘာလုပ်ရရင် ပျော်ရွှင်သလဲ…
ဘာကို စိတ်ဝင်စားသလဲ…
ဘာကို တစ်သက်လုံး လုပ်သွားနိုင်သလဲ… ဆိုတာကို
ငယ်ရွယ်တုန်းမှာ ရှာထားသင့်တယ်။

တချို့လူတွေက
Technology ကို စိတ်ဝင်စားတယ် 💻
တချို့က စာပေ 📚
တချို့က သင်ကြားရေး 👨‍🏫
တချို့က စိုက်ပျိုးရေး 🌾
တချို့က history, astrology, philosophy, counseling စတဲ့
နယ်ပယ်တွေကို ဝါသနာပါကြတယ်။

အဲ့ဒီဝါသနာတွေကို
ငယ်ရွယ်တုန်းမှာပဲ
ပညာဝမ်းစာအဖြစ် ဖြည့်ထားဖို့လိုပါတယ်။ 🌱

ဓမ္မသဘောအရလည်း
“အတ္တဟိ အတ္တနော နာထော”
ကိုယ့်ဘဝရဲ့ အားကိုးရာဟာ
နောက်ဆုံးတော့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

သားသမီးတွေရှိတယ်ဆိုပြီး
အရာအားလုံးကို ပုံအပ်ထားလို့မရဘူး။
ဆွေမျိုးမောင်နှမတွေရှိတယ်ဆိုပြီး
အနာဂတ်ကို ပေါ့ပေါ့လေး တွေးထားလို့မရဘူး။

တကယ် အသက်ကြီးလာတဲ့အချိန်မှာ
ကိုယ့်မှာ ဝင်ငွေလေးတစ်ခုခုရှိနေသေးရင်…
ကိုယ်တန်ဖိုးရှိနေသေးတယ်ဆိုတဲ့ ခံစားချက်လေးရှိရင်…
အဲ့ဒါဟာ dignity ပါပဲ။ ✨

လူမသုံးတော့တဲ့ “အိုပယ်” မဖြစ်ဖို့…
လူမခင်တော့တဲ့ ဘဝမဖြစ်ဖို့…
တောင်းပန်၊ တောင်းခံပြီး
မျက်နှာငယ်ရတဲ့ဘဝ မရောက်ဖို့…
အရွယ်မလွန်ခင်ကတည်းက
ကိုယ့်အနာဂတ်အတွက်
ပညာဝမ်းစာ ဖြည့်ထားဖို့လိုပါတယ်။ 🤍

တကယ်တော့…
အိုဇာတာကောင်းတယ်ဆိုတာ
ပိုက်ဆံပဲရှိတာ မဟုတ်ဘူး။
အသက်ကြီးလာတဲ့အချိန်အထိ
ကိုယ်တန်ဖိုးရှိနေသေးတာ…
ကိုယ်ဝါသနာပါတဲ့အရာနဲ့
ရပ်တည်နိုင်နေသေးတာ…
ကိုယ့် dignity ကို
မပျောက်ဆုံးသေးတာပါ။ 🌿✨

ဒါကြောင့်…
ငယ်ရွယ်တုန်းမှာ
Money တစ်ခုတည်းကိုပဲ မလိုက်ပါနဲ့။
Knowledge ကို ရင်းနှီးမြှုပ်နှံပါ။
Skill ကို တည်ဆောက်ပါ။
Wisdom ကို စုဆောင်းပါ။
ကိုယ်တစ်သက်လုံး အားကိုးလို့ရမယ့်
ပညာဝမ်းစာကို ဖြည့်ထားပါ။ 🤍

Professor Dr Sai Naw Jar(လေးစားစွာဖြင့်ကူးယူဖော်ပြအပ်ပါသည်)

26/05/2026

တစ်ခါတုန်းက
စိတ်ပျက်ဝမ်းနည်းစွာ လမ်းလျှောက်လာနေတဲ့
လူငယ်လေးတစ်ယောက်ကို
အဖိုးအိုတစ်ယောက်က အခုလို ဆုံးမစကား ပြောခဲ့ပါတယ်။

“မှတ်ထား ကောင်လေး…
လောကမှာ လူတိုင်းကို မပြောသင့်တဲ့
လျှို့ဝှက်ထားရမယ့် အရာ (၅) ခု ရှိတယ်”

၁။ ကိုယ့်ရဲ့ ဝမ်းနည်းစရာတွေ၊ ပြဿနာတွေကို လူတိုင်းကို မပြောပါနဲ့

ကိုယ့်ဘဝမှာ
အခက်အခဲတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာရင်
တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင်
ခဏတော့ သက်သာသွားနိုင်ပါတယ်။

ဒါပေမဲ့
လူတွေ မင်းရဲ့ပြဿနာတွေကို သိသွားတဲ့အခါ
သူတို့က ကူညီဖို့ထက်
မင်းကို အားနည်းသူ၊ ပျော့ညံ့သူ လို့ မြင်လာတတ်ပါတယ်။

ပိုဆိုးတာက
မင်းကို မနာလိုသူတွေ၊ မင်းရဲ့ ပြိုင်ဘက်တွေက
အဲဒီ အခက်အခဲတွေကို
မင်းရဲ့ အားနည်းချက်အဖြစ် သုံးပြီး
မင်းကို ထိုးနှက်ကြလိမ့်မယ်။

၂။ အတိတ်အမှားတွေ၊ အနာဂတ်အစီအစဉ်တွေကို လူတိုင်းကို မပြောပါနဲ့

အတိတ်က အမှားဆိုတာ
ပြန်ပြင်လို့ မရတော့တဲ့ အရာပါ။

အဲဒီအမှားတွေကို လူတိုင်းသိသွားရင်
သူတို့က အဲဒီအမှားတွေကိုပဲ ထပ်ခါထပ်ခါ ပြောပြီး
မင်းကို လှောင်ပြောင်ကြလိမ့်မယ်။

မင်းအပေါ် ယုံကြည်မှုတွေလည်း လျော့သွားပါလိမ့်မယ်။
အလားတူပဲ
အနာဂတ်အစီအစဉ်တွေကိုလည်း
ပါးစပ်နဲ့ မလွယ်လင့်တကူ မပြောပါနဲ့။

ရှေ့မှာတော့
“တော်လိုက်တာ” လို့ ချီးကျူးကြပေမဲ့
နောက်ကွယ်မှာတော့
မနာလိုစိတ်တွေနဲ့
မင်းအောင်မြင်မလာအောင် တားဆီးဖို့ပါ
ကြိုးစားကြနိုင်ပါတယ်။

အစီအစဉ်ကို စကားနဲ့ မပြောပါနဲ့
အလုပ်နဲ့ပဲ သက်သေပြပါ။

၃။ ကိုယ့်ရဲ့ အိမ်တွင်းရေးကို အပြင်မထုတ်ပါနဲ့

စကားပုံတစ်ခုပဲ ရှိပါတယ်—
“အတွင်းမီးကို အပြင်မယူနဲ့”

မိသားစုအတွင်း ပြဿနာတွေ၊
ဇနီးမယားကြားက အခက်အခဲတွေကို
တခြားသူတွေကို ပြောလိုက်ရင်
နောက်ဆုံး အကျိုးယုတ်သွားတာ
ကိုယ်နဲ့ ကိုယ့်မိသားစုပါပဲ။

မိသားစုအကြောင်း မကောင်းပြောလိုက်တာဟာ
ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းသလိုပါပဲ။

၄။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လူတိုင်းကို မပြောပါနဲ့

မင်းရဲ့ အားသာချက်ကို သိသွားရင်
ပြိုင်ဘက်တွေက အဲဒီအားသာချက်ကို
နည်းမျိုးစုံနဲ့ တားဆီးဖို့ ကြိုးစားကြလိမ့်မယ်။

မင်းရဲ့ အားနည်းချက်ကို သိသွားရင်လည်း
အဲဒီအရာကို အသုံးချပြီး
မင်းကို ထိုးနှက်ကြလိမ့်မယ်။

ဒါကြောင့်
ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အားနည်းချက်တွေကို
အရမ်းနီးစပ်သူတွေကိုတောင်
မလွယ်လင့်တကူ မပြောပါနဲ့။

၅။ ကိုယ့်ရဲ့ ဝင်ငွေ၊ လစာကို လူတိုင်းကို မပြောပါနဲ့

မင်းမှာ ဝင်ငွေ ဘယ်လောက်ရှိလဲ
လစာ ဘယ်လောက်ရနေလဲဆိုတာ
လူတိုင်း သိဖို့ မလိုပါဘူး။

တစ်ချို့က မနာလိုဖြစ်မယ်
တစ်ချို့က အားထားမယ်
တစ်ချို့က အမြတ်ထုတ်ချင်လာမယ်

တိတ်တိတ်လုပ်၊ တိတ်တိတ်တက်
ဒါက လုံခြုံဆုံးလမ်းပါ။

#ပေါင်းသင်းဆက်ဆံခြင်းအနုပညာ

 #ငွေ💰(က)  မင်းမှာ ငွေမရှိရင်          ဆွေမျိုးဆိုတာ         သူစိမှးသာသာပဲ။         ငွေရှိလာရင်တော့           သူစိမ်းတွေ...
25/05/2026

#ငွေ💰

(က) မင်းမှာ ငွေမရှိရင်
ဆွေမျိုးဆိုတာ
သူစိမှးသာသာပဲ။

ငွေရှိလာရင်တော့
သူစိမ်းတွေဟာလည်း
ဆွေမျိုးတွေ ဖြစ်လာတယ်။

#ငွေ 💰

( ခ ) ငွေမရှိ ရင်
မင်းပြောတဲ့စကားတစ်ခွန်းက
မင်းအနားက လူတောင်
ကြားမှာ မဟုတ်ဘူး ။

မင်းမှာ ငွေရှိကြည့်
မင်းပြောတဲ့စကား တစ်ခွန်းတိုင်းက
တစ်ကမ်ဘာလုံးက တောင်
ကြားရစေလိမ့်မယ် ။

#ငွေ 💰

( ဂ ) မင်းရဲ့ဘက်က
ဘယ်လောက်ပဲ မှန်မှန်
တရားရင်ဆိုင်ရတဲ့အချိန်မှာ
မင်းရူံးဖို့ က များသွားပြီ
အဲဒါက မင်းမှာ ငွေမရှိလို့ပဲ။

# ငွေ 💰

( ဃ ) မင်းဘယ်လောက်ပဲ
ပညာတတ်တတ်
အရည်ချင်းရှိပေမယ့် ငွေမရှိရင်
နေရာတစ်ခု ရဖို့
မလွယ်ဘူးဆိုတာပါပဲ ။

#ငွေ 💰

( င ) မကျန်းမာ လာတဲ့အခါ
မင်းရဲ့ နှလုံးခုန်သံကို
ဆရာဝန်က အရင်မစမ်းစစ်ဘူး။
ပိုက်ဆံအိတ်ကိုပဲ အရင်ဆုံး
စမ်းစစ်ကြည့် ကြလိမ့်မယ် ။

#💰 ငွေ

( စ ) ငွေဟူသည်
လူနှင့် လောကကြီးကို
ပြောင်းလဲစေနိုင်ဖို့
အလွယ်ကူဆုံးသော
အရာတစ်ခု လည်း ဖြစ်သည်။

# ငွေ 💰

( ဆ ) မင်းရဲ့ရုပ်ရည်
ဘယ်လောက်ပဲ ဆိုးဆိုး
ငွေသာရှိရင်
မင်းဟာ အမြဲလှနေသူလို့
တစ်ကမ်ဘာလုံး က
သတ်မှတ်ခြင်း ကို ခံရလိမ့်မယ်
ငွေကို တန်ဖိုးထားပါ ။

Credit

"အလုပ်စလုပ်တဲ့အချိန်မှာ"- အလုပ်စလုပ်တဲ့အချိန်မှာ ပိုက်ဆံကို အဓိကမထားပါနဲ့။ ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင် အရင်လုပ်ပါ။- ဘယ...
25/05/2026

"အလုပ်စလုပ်တဲ့အချိန်မှာ"

- အလုပ်စလုပ်တဲ့အချိန်မှာ ပိုက်ဆံကို အဓိကမထားပါနဲ့။ ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင် အရင်လုပ်ပါ။

- ဘယ်လုပ်ငန်းမှ လူပိုမထားသလို အဖွဲ့အစည်းထဲမှာလည်းလူပျင်းဆိုတာ မထားပါဘူး။

- ဘယ်လိုလုပ်ငန်းက ပိုက်ဆံရှာလို့ ပိုကောင်းတယ်ဆိုတာမရှိပါဘူး။ ကိုယ်ဘယ်လိုအမြင်နဲ့မြင်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

- လောကမှာ ဘယ်အလုပ်မှ လွယ်ကူချောမွေ့နေတယ်ဆိုတာ မရှိပါဘူး။ အလုပ်များရင် ကြုံတွေ့ရမယ့် ပြဿနာများပြီး အလုပ်နည်းရင် ပြဿနည်းတာသဘဝပါ။

- ငွေမရှာနိုင်သေးရင် အသိပညာ၊ ဗဟုသုတကိုရှာပါ။ အသိပညာ၊ ဗဟုသုတကို မရှာနိုင်သေးရင် အတွေ့အကြုံကိုရှာပါ။ အတွေ့အကြုံမရှာနိုင်သေးရင် ဘဝသင်ခန်းစာတွေရှာပါ။ ဒီအချက်တွေပြည့်စုံသွားရင် ငွေမရှာနိုင်မှာကို စိတ်မပူပါနဲ့တော့။

- ကိုယ့်ရဲ့စိတ်နေသဘောထားကို ပြောင်းလဲနိုင်မှ ဘဝရဲ့အမြင်ကို ပြောင်းလဲနိုင်မှာဖြစ်ပြီး အလုပ်အပေါ်ထားတဲ့ စိတ်နေသဘောထားကို ပြောင်းလဲနိုင်မှ အလုပ်ကပိုမိုအောင်မြင်နိုင်မှာပါ။

- လူတွေကိုလမ်းကြောင်းပျောက်ပြီး ဝေဝါးတွေဝေစေတဲ့အချက်က ကြိုးစားရုန်းကန်ရမယ့်အချိန်မှာ စဉ်းစားတွေဝေနေတာကများပြီး လုပ်ဆောင်မှုတွေကနည်းနေလို့ပါပဲ။

- လုပ်ငန်းတွေ အဆက်မပြတ် လုပ်ဆောင်နိုင်ဖို့အတွက် စကားလုံးတစ်လုံး "Action".

ယခု (ဆောင်းပါးများ) အား ကြိုက်နှစ်သက်သည်ဆိုပါက - ယခု Post များအား (Like & Share) ပြုလုပ်ပေးထားပြီး...

တခြားသော မိတ်ဆွေသူငယ်ချင်းများသို့ ပြန်လည်မျှဝေပေးခြင်းဖြင့် သုတဒါနကုသိုလ်ယူပါ။

မူရင်းကို Credit ပေးပါသည်။

✴️📑Annual Return ( နှစ်စဥ်အစီရင်ခံစာ) ဆိုတာ မိမိကုမ္ပဏီက ဘာလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာကို ဖော်ပြပေးရတဲ့ လုပ်င...
23/05/2026

✴️📑Annual Return ( နှစ်စဥ်အစီရင်ခံစာ) ဆိုတာ မိမိကုမ္ပဏီက ဘာလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာကို ဖော်ပြပေးရတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။

✴️⁉️Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ဖို့ နောက်ကျခဲ့လျှင် ဘာတွေဖြစ်နိုင်လဲ?..
Annual Return (နှစ်စဉ်အစီရင်ခံစာ) ကို ကုမ္ပဏီ မှတ်ပုံတင်ပြီး (၂)လအတွင်း တင်ပေးရမှာ ဖြစ်ပါတယ်။

⚠️⚠️⚠️တင်ဖို့ပျက်ကွက်ခဲ့လျှင် နောက်ကျကြေး ကျပ်(၁၀၀,၀၀၀) ဆောင်ပေးရမှာ ဖြစ်ပါတယ်။

⚠️⚠️⚠️အဲ့ထက်နောက်ကျခဲ့ပြီး ၁၃ လ ကျော်တဲ့အထိ မတင်ဖြစ်ခဲ့ဘူးဆိုလျှင် Suspended (ဆိုင်းငံ့စာရင်း) သို့ ပြောင်းလဲသွားမှာဖြစ်ပြီး ဆိုင်းငံ့စာရင်း စတင် ဖော်ပြခံရသည့်နေ့မှ (၆)လအတွင်း AR Form တင်ပြခြင်း မရှိခဲ့လျှင် System ထဲမှ ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ❌❌❌Struck Off (ပယ်ဖျက်ခြင်း) အဖြစ် ပြောင်းလဲ ထည့်သွင်း ခံရမှာ ဖြစ်ပါတယ်။

⚠️⚠️⚠️ကုမ္ပဏီမှတ်ပုံတင်ပြီး (၁၃) လ ကျော်တဲ့ အထိကို AR မတင်ခဲ့မိလို့ Suspended ထိသွား သည့်အတွက် ကုမ္ပဏီမှ AR ကြေးအပြင် ဒဏ်ကြေး ၂ သိန်း ဆောင်ရပါတယ်။

👉တခါတရံမှာ အကြောင်း အမျိုးမျိုးကြောင့် Annual Return (နှစ်စဉ်အစီရင်ခံစာ) တင်ဖို့ မေ့နေတတ်ကြပါတယ်။ မလိုအပ်ပဲ ငွေကုန်၊ အလုပ်ရှုပ်တာမျိုး မဖြစ်အောင် Annual Return (နှစ်စဉ်အစီရင်ခံစာ) Due Date ကို သတိထားပြီး စစ်ဆေးပေးဖို့ တိုက်တွန်းချင်ပါတယ်။

👉ကျွန်တော်တို့ဆီ ကုမ္ပဏီလိုင်စင်အပ်ထားတဲ့ Clientပေါင်း (200) ကျော်ကို နှစ်စဥ်အစီရင်ခံစာတင်ခါနီးတိုင်း ဖုန်းဆက်သတိပေးဖြစ်လို့ Client တွေအနေနဲ့ စိတ်ချလက်ချအပ်လို့လည်းရပါတယ်။

✅လူကြီးမင်းတို့ကုမ္ပဏီလေး သက်တမ်းလွန် မလွန်ကို CRS Company နဲ့ဆက်သွယ်ပြီး အခမဲ့ စစ်ဆေးနိုင်ပါပြီ။

Central Ray Seven Company မှ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

1.company လိုင်စင်လျှောက်ထားပေးခြင်း။
2.Company (Annual Return)သက်တမ်းတိုးပေးခြင်း
3.‌Director/Shareပြောင်းလဲပေးခြင်း။
4.Suspended/ARLateဖြစ်နေသော companyများအား ဝန်ဆောင်မှုပေးခြင်း။
5.Tin Numberများ လျှောက်ပေးခြင်း။
6.company လိပ်စာပြောင်းပေးခြင်း။
7.ထကသအသစ် လိုင်စင်(EIR card)အသစ်‌လျှောက်ပေးခြင်း။
8.ကန်ထရိုက်လိုင်စင် လျှောက်ပေးခြင်း။
9.Online Shop REGလိုင်စင်လျှောက်ပေးခြင်းများကို
လူကြီးမင်းတို့စိတ်တိုင်းကျစေရန် ဝန်ဆောင်မှုပေးနေပါပြီ။

🏠ရုံးလိပ်စာ - No(1272), Kinwon Street,42Ward,North Dagon Tsp,Ygn.

📲 ဖုန်းနံပါတ် - 09 975126525

Project အပ်နှံဖို့အတွက် 💬 Page Chat Box (သို့မဟုတ်) 09 975126252 ☎️ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#နှစ်စဉ်အစီရင်ခံစာ

Address

Kinwon Street, No (1236) , North Dagon Tsp
Dagon
123123

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959975126525

Website

Alerts

Be the first to know and let us send you an email when Company Registration Service CRS Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Company Registration Service CRS Consultant:

Share