Htike Tan Lin mobile sale & services

Htike Tan Lin mobile sale & services ���

16/11/2019

ကျန်ရှိနေသော အသင်း ၄ သင်းဟာ ပထမဦးဆုံး MLBB World Champion ဂုဏ်ပုဒ်အတွက် upper နဲ့ lower bracket တွေမှာ ယှဉ်ပြိုင်တိုက်ခိုက်ကျမှာဖြစ်...

08/10/2019
28/09/2019

Unicode Font ပြောင်းသုံးဖို့နည်းလမ်းများ
==========================

မကြာခင်ကာလအတွင်းမှာ Myanmar Unicode စနစ်ကို မဖြစ်မနေ တရားဝင်အသုံးပြုလာတော့မှာလည်း ဖြစ်တဲ့အတွက် Ios နဲ့ Android ၂ မျိုးလုံးအတွက် Unicode ပြောင်းလဲအသုံးပြုပုံ ပြုနည်းလေး မျှဝေလိုက်ပါတယ်။

Romantic Balloon Decoration Page လည်း မကြာမီမှာ Unicode ကို ပြောင်းလဲအသုံးပြုတော့မှာပါခင်ဗျာ....

iOS ဖုန်းတွေအတွက်......

**အရင်ဆုံး Unicode ဖောင့်ထည့်ပါမယ်...**

၁။ Zawgyi Fontကို အရင်ဖြုတ်ပါ။

Settings > General > Profiles ထဲမှာ Zawgyi-one ကို ဖြုတ်ပါ။

၂။ MyFont App ထဲက ( Pyidaungsu Font ကို Install ပြန်လုပ်ပါ။

၃။ ဖုန်းကို Restart လုပ်ပါ။ ပြန်ပွင့်လာရင် Unicode သုံးလို့ရပါပြီ ။

၎။ Unicode ရိုက်ဖို့အတွက်က TT Keyboard နဲ့ရိုက်လို့ရပါတယ်။ မရှိသေးရင် ဒေါင်းလိုက်ပါနော်။ ရှိပြီးသားလူတွေက Update ထပ်လုပ်လိုက်ပါခင်ဗျာ။

၅။ TT Keyboard ထဲကိုဝင်ပါ။ Setting > Keyboard > ထဲက Zawgyi ကို remove လုပ်ပါ။

၆။ ပြီးရင် Add New Keyboard ထဲက Zaw Code ကို Add လုပ်ပါ။

TT Keyboard ရဲ့ Update Version မှာ
Zawgyi Unicode Converter တဲ့အတွက်ကြောင့် Unicode နဲ့ရေးပြီးသားစာတွေကို Zawgyi တစ်ခါတည်းပြောင်းပို့လို့ရပါတယ်။ သုံးချင်တယ်ဆိုရင်တော့
TT Keyboard > Setting > Extensions> Zawgyi -Unicode Converter ကို onပေးပါခင်ဗျာ။

ဒါဆိုရင်လူကြီးမင်းတို့ရဲ့ ဖုန်းမှာ Unicode Font နဲ့ Keyboard ကို အသုံးပြုလို့ရပါပြီ။

နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ Zawgyi ကိုဖြတ်ပြီး Unicode ကိုပြောင်းလိုက်ရင် ဖုန်း contacts တွေမှာ မြန်မာလိုမှတ်ထားခဲ့တာတွေက ဖတ်မရဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့ရင် App Store ထဲက PYAUNG ဆိုတဲ့ App ကိုဒေါင်းပြီး အလွယ်တစ်ကူပြောင်းနိုင်ပါတယ်ခင်ဗျာ။ Pyaung App ကိုပုံနဲ့ပြထားပါတယ်နော်။

Android Phone များအတွက် Unicode ပြောင်းနည်း

Sonyနဲ့ Xiaomi ဖုန်းတွေမှာ
Settings > Display > System Font > Default

Huawei နဲ့ Honor ဖုန်းတွေမှာ
Settings >Language & Input>Languages
> Add language > Burmese(Unicode) ဗမာ(မြန်မာယူနီကုဒ်)

Vivo,Oppo နဲ့ Realme ဖုန်းတွေမှာ
Settings> Language and input > Language
> ဗမာ(မြန်မာယူနီကုဒ်)

Samsung မှာ
Settings > Display > System Font > Default
သို့မဟုတ်
မြန်မာ(Unicode)
English (US)
ဖုန်းတွေအားလုံးမှာဘာသားစကားကို အဲ့လိုထားပြီးလျှင်ရိုက်ထည့်မယ့် လက်ကွက်(Keyboard)ကလည်း
ယူနီကုဒ်ထွက်တဲ့ဟာဖြစ်ဖို့လိုပါတယ်။

Font Change ပြီးရင် Keyboard ထည့်ရန်...

Gboard ကို Google အကောင့်ရှိလျှင်
Play store ကယူပါ။

Google Play store link
https://play.google.com/store/apps/details…

APKPURE link
https://m.apkpure.com/…/com.google.android.inputmethod.latin

TTKeyboard
Google Play store link
https://play.google.com/store/apps/details…

APKPURE link
https://m.apkpure.com/ttkey…/com.myopenware.ttkeyboard.latin

Unicode ပြောင်းပြီးသွားရင်အဖြစ်များတဲ့ပြဿနာတွေကတော့ ဖုန်းနံပါတ် တွေအမှန်အတိုင်းမပေါ်ပဲလွဲတတ်တာပါ။ အဲ့ဒါတွေကိုပြောင်းဖို့အတွက်ကတော့

Google Play Store ကနေ mm unicode toolkid apk ကို Down ပြီး ပြောင်းပါ။

https://m.apkpure.com/…/com.htetznaing.un…/download-apk-info

ပြောင်းတဲ့အခါ Zawgyi to uni ကိုမသုံးဘဲ အလိုလျောက်ဆိုတာကရွေးပြီးပြောင်းရင် အဆင်ပြေပါတယ်။

Note နဲ့မှတ်ထားတဲ့စာတွေမမှန် တာကိုပြင်ရန်

Manic keyboard သုံးပါ

https://m.apkpure.com/…/com.lmkhant.android.manic…/download…

ပြီးရင် Note ကိုဖွင့်ပါ။ zawgyi နဲ့ရေးထားတဲ့စာတွေကြားထဲ တချက်ထောက်လိုက်ပါ။ ပြီးတာနဲ့ manic keyboard ရဲ့ ညာဘက်အပေါ်ထောင့်က မြှားပန်းရောင်လေးကိုတချက်ပဲထောက်လိုက်ပါ။ အားလုံး unicode ပြောင်းသွားပါပြီ။ ပြီးရင် save လိုက်ပါ။ အဲ့လိုနဲ့ note တွေ တခုပြီးတစ်ခုပြောင်းလို့ရပါတယ်ခင်ဗျာ။

စာသား ၊ Link တွေနဲ့ ၊ တစ်ချို့နည်းလမ်းတွေကို Credit ပေးပါတယ်။ Unicode ပြောင်းလဲဖို့အတွက် လိုအပ်သလို referenceယူထားပါတယ်ခင်ဗျာ။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..

Zaw Htay Winn CRD #

Meizu m5c user lock remove done😁
27/02/2019

Meizu m5c user lock remove done😁

Restore iphone6+
18/01/2019

Restore iphone6+

Y6 prime frp done mrt😁
20/10/2018

Y6 prime frp done mrt😁

Y3 2017 charging way
15/07/2018

Y3 2017 charging way

Sm-G610f J7 prime short 0.04ap 😁
11/07/2018

Sm-G610f J7 prime short 0.04ap 😁

Address

Bago

Telephone

09790155172

Website

Alerts

Be the first to know and let us send you an email when Htike Tan Lin mobile sale & services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share