Tokyo Mobile

Tokyo Mobile ph,wifi,pocket wifiများကို ဘာသာစကားအခက်အခဲမရှိအောင်ကောင်းဆုံး၀န်ဆောင်မူပေးပါသည်

အားလုံးဘဲမင်္ဂလာပါအားလုံးဘဲမင်္ဂလာပါ Speed Wi-Fi DOCK 5G 01  Pocktwifi  စက်အသစ်လေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဆိုင်မှ လက်ရှိ...
27/03/2025

အားလုံးဘဲမင်္ဂလာပါ

အားလုံးဘဲမင်္ဂလာပါ Speed Wi-Fi DOCK 5G 01 Pocktwifi စက်အသစ်လေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်မှ လက်ရှိ pocketwifi အသုံးပြုနေသော customer များ အား အခမဲ့ စက်အသစ်ကို လဲပေးသွားမှာဖြစ်ပါတယ်။

၂၀၂၄ ထိ AU မှာ Galaxy စက် , NEC X11 , NEC x12 စတဲ့စက်တွေကို AU မှ pocketwifi အနေ နဲ့အသုံးပြုခဲတာဖြစ်ပါတယ်.

Galaxy စက်လေးကတော့ battery အားခံတဲ့အားသာချက်နဲ့ touch screen ပါပြီး လွယ်ကူစွာအသုံးပြုလို့ ရတဲ့အားသာချက်လေးရှိပါတယ်။ အားနည်းချက်ကတော့ လိုင်း တစ်ချက်တစ်ချက် ပျက်ပျက်သွားတာမျိူး ရံဖန်ရံခါ ကြုံတွေ့ရ့ါတယ်။

X11,X12 ကတော့ လိုင်းဆွဲအား Galaxy စက်ထက် ၃ ဆ ပိုမြန်ပြီး x12 စက်က အထဲက sim card gen က ပန်မြင့်တဲ့အတွက် x11 စဝက်ထက် လိုင်းဆွဲအားပိုပြီးထပ်မြန်ပါတယ်။ အားနည်းချက်က တော့ အသုံးပြုရတာ function တွေ များပြီး အားမခံ တဲ့ပြသာလေးပါ။ လိုင်းငြိမ် အောင် docker ကို option အနေနဲ့ ထပ်ဝယ်ပြီး အိမ်အထိုင်လို အသုံးပြုလို့ရတဲ့အတွက် ခုလို အသုံးပြုနေတဲ့ customer များလည်းရှိပါတယ်။

စက် အသစ်လေးကတော့ စက် ၂ မျိူးလုံး ရဲ့ အားသာချက်တွေကို ဘဲ ယူထားတဲ့စက်လေးဖြစ်ပါတယ်။ နစ်တိုင်း AU မှာ စက်အသစ်ထွကသော်လည်း မနစ်က ယခုပြသနာကို ဖြေရှင်းရန်အတွက် စက် အသစ် ၁ နစ်မထွက် ဘဲ ခုမှ ထွ့်လာတာဖြစ်ပါတယ်။

AU ကလည်း Galaxy စက် နဲ့ X11 စက်နောက်ပြီး sim card gen ကိုမြင့်လိုက်တဲ့အတွက် X12 မှလွဲပြီးအ၇င် galaxy စက်တွေ ကဒ်က စက်အသစ်မှာသုံးလို့မရတော့ပါဘူး။

Battery အားမခံ တဲ့ ပြသနာ နဲ့ Customer complain မခံမရပ်နိုင်အောင်များပြီး AU မှာ NEC နဲ့လက်တွဲဖြုတ်ပြီး ခု company အသစ်နဲ့ pocket wifi Speed Wi-Fi DOCK 5G 01 ကို ဒီလထဲ ၂၀၂၅ မှာ အသစ်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဆိုင်မှ Pocketwifi အသုံးပြုနေသော Cusotmer များအားလု့းကို အခမဲ့ အသစ်ပို့ပေးသွားပြီး လစဉ်​ကြေး ၃၉၈၀ ကို ပြောငာ်းပေးသွားမှာဖြစ်ပါတာ်။email ဖြင့် စက်စတင်လဲလှယ်နိုင်သော customer များကို အကြောင်းကြားသွားမှာပါ။
စက်တန်ဖိုးအားဖြင့် AU မှာ ဘယ်လောက်သတ်မှတ်မယ်ပြောသေးပေမဲ့အရင်လို ၂၇၀၀၀ ပတ်ချာလည် သို့ ဒီထက်ပိုများသွားမှာပါ။ သို့ပေမဲ့ ကျွှန်တောတ်ို့ ဆိုင်မှ လက်ရှိအသုံးပြုနေသောcustomer များအတွက်ကတော့ အခကြေးငွေမကုန်ပါဘူး အကုန်အခမဲ့ အသစ် ပို့ပေးမှာပါ။

စက်အသစ် ထွက်တိုင်းလည်း အမြဲ အသစ် အသစ်တွေ သုံးနေရအောင် အမြဲ ခုလို စီစဉ်ပေးသွားမှာပါ။စက်ကို ၁ နစ်၁ ခါလဲပေးတဲ့အတွက် စက်သုံးတာကြာပြီး battery မကောင်းတော့မှာလည်း ပူဖို့ မလိုတော့ပါဘူး။

Speed Wi-Fi DOCK 5G 01 , X12 , L13 တွင် အသုံးပြုသော AUSim cardမှာ ယခင် AUမှအသုံးပြုနေသော Sim Card ထက် version တစ်ဆင့်မြင့် မှာဖြစ်ပါတယ်။ စက်ထဲက sim card အသစ်က 5G SA ကို sup လုပ်မှာပါ။ au nano ic card 05U ဖြစ်သွားပြီး ကဒ်လေးမှာ မီးခိုးရောင် လေးဖြစ်ပါတယ်။ ယခင် 04LE ကဒ်လေးကတော့ အဝါရောင်လေးပါ။ အထဲမှ ကဒ်ပါပြောင်းသွားတာလေးဖြစ်တဲ့အတွက်

Speed Wi-Fi DOCK 5G 01 ။
စက်လေးရဲ့ Official data အရပြောင်းသွားတာလေးကို အရင်ပြောပေးပါမယ်။
(cmt တွင် ပုံဖြင့်)
စက် ၃ လုံးယှဉ်ပြထားတာလေးကို ကျွှန်တော် cmt တွင် ပုံလေးနဲ့တင်ပေးပါမယ် အသေးစိတ်လေး မြင်သာသွားအောင်ပါ.

NEC စက်နဲ့ galaxy စက် ယှဉ်လိုက်ရင် ဒီအားနည်းချက်လေးကတော့အရမ်းသိသာပါတယ်။
NEC x12 လည်း docker ရှိပါတယ်။ x11 docker ကိုသုံးလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့အတွက် သီသန့် dockerကိုသုံးရမှာဖြစ်ပါတယ်။
ခု wifi စက်အသစ်လေးက Original Docker လက်ဆောင်အဖြစ်ပေးသွားမှာပါ သတ်သတ် ထပ်ဝယ်ဖို့ မလိုတော့ပါဘူး။
Docker တပ်လိုက်ရင်တော့ လိုင်း ပို ငြိမ်ပြီး game သမားတွေ အတွက်ပိုအဆင်ပြေပါတယ်။
Note:  Unlimited wifi တိုင်းကတော့ တာဝါတိုင်း traffic တွေ မိမိ နေထိုင်ရာနေရာ မှ လိုင်း area တွေပေါ်မူတည်ပြီး လိုင်းအတက် အကျရှိပါတယ်။ AU/UQ/ Wimax လိုင်း area တွေများပေမဲ့ ထိုလိုင်း area ပင် နေရာများတွေလည်းလိုင်း အဆင်မပြေနိုင်ပါဘူး။ မပို့ပေးခင် လိုင်းမိ။မမိ စစ်ပေးပါတယ်ခင်ဗျာ။

အရင်ရှုပ်ထွေးနေတဲ့ စက် function ကနေပြီး လွယ် ကူတဲ့ ပုံစံလေး ပြောင်းသွားပြီဖြစ်တဲ့အတွက် အသုံးပြုရမှာ အရင်ထက်စာရင် မှားနိပ်တာတွေ မလုပ်တတ်တာမျိုးတွေ မဖြစ်တော့ဘဲနဲ့ လွယ်လွယ်ကူကူ mode တွေပြောင်းနိုင်ပါပြီ။ battery လည်း တစ်နေကုန် ခံတဲ့အတွက် pocketwifi ဖြစ်ပြီး အားမခံမှာစိတ်ပူဖို့ မလိုတော့ပါဘူး။ touch ဖြစ်ပြီး အထဲမှာလည် အရင် စက်တွေ လည်း function အများကြီးမပါတော့တဲ့အတွက် မှားနိပ်မိတာတွေ လျှောက်နိပ်မိတာတွေ မဖြစ်တော့ပါဘူး။ စက်လည်း အရင်လို မပူတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခု စက်လေးကတော့ အသစ်ထွက်တဲ့ wifi တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။
Game သမားတွေအနေနဲ့ကတော့ မိမိနေထိုင်ရာနေရာပေါ်မူတည်ပြီးတော့ လိုင်း အတက်အကျ ငြိမ်မငြိမ်ကတော့ ကွာ နိုင်တဲ့အတွက် အချို့နေရာမှာဆို ဒီတိုင်း လိုင်းကောင်းပြီး အချို့ နေရာမှာဆိုရ်င docker လေးခံလိုက်မှအဆင်ပြေတာမျိူးတွေရှိပါတယ်။ ကျွန်တော်ဆို PC game တွေပါ အေးဆေးဆော့လို့ရပါတယ်။ မlag ပါဘူး။

Iphone 16 ဒီနှစ်မှာတော့ apple ကကင်မရာတွေအရမ်းကောင်းလာတဲ့ android ဖုန်းတွေကိုပြိုင်ဖို့ကင်ရာ feature တွေထည့်ပေးထားတယ်ပေါ့...
09/09/2024

Iphone 16
ဒီနှစ်မှာတော့ apple ကကင်မရာတွေအရမ်းကောင်းလာတဲ့ android ဖုန်းတွေကိုပြိုင်ဖို့ကင်ရာ feature တွေထည့်ပေးထားတယ်ပေါ့ များများစားစားတော့လဲမဟုတ်ပြန်ပါဘူး ကင်မရာခလုပ်လေးထည့်ပေးထားတာပါ သူကတကယ့်ကင်ရာတွေလိုမျိုး 2 stage ရှိမယ်ပြောပါတယ် ဖွဖွလေးဖိထားတာနဲ့ နှိပ်ချလိုက်တာပေါ့ အဲဒါကလောလောဆယ်တော့အလုပ်မလုပ်သေးပါဘူး နောက်ပိုင်းကျမှ update နဲ့တူတူရမယ်ပြောတာပါပဲ ၊ sensor ကတော့မနှစ်က 48MP sensor ပါပဲ အဲဒါကိုမှအလယ်ကို 12MP crop ပြီး 2x zoom ရပါတယ်ပေါ့ ၊ အသစ်ပါလာကတော့ ultrawide camera မှာ autofocus ပါလာလို့ macro ရိုက်လို့ကောင်းသွားပါပြီ ၊ ဒီနှစ် iphone 16 တွေမှာကောင်းတာတစ်ခုကတော့ မနှစ်ကလိုမျိုး pro အကျ chip မဟုတ်တော့ပဲ A18 chip အသစ်နဲ့လာပါတယ် TSMC ရဲ့ 2nd Gen 3nm နဲ့ဆိုတော့ performance ကော battery life ကောကောင်းပါလိမ့်မယ် ၊ iphone 15 Plus ကအရမ်းပေါက်သွားသလိုမျိုး ဒီတစ်ခေါက်မှာလဲ 16 Plus ကလူကြိုက်များပါလိမ့်မယ် အရောင်လေးတွေကလဲလှတာကိုး

Iphone 16 Pro/Pro Max
16 pro ကတော့ base model မှာ 256GB မရသေးပါဘူး 128 ပဲရပါတယ် 16 Pro Max ကြမှ 256GB ရမှာပါ ၊ screen ကတော့နည်းနည်းလေးစီပိုကြီးသွားပါတယ် ရိုးရိုး 16 က 6.1 နဲ့ 6.7 ဖြစ်ပြီး Pro တွေက 6.3 နဲ့ 6.9 ဖြစ်ပါမယ် မနှစ်ကနဲ့ယှဉ်ရင်ဘောင်လဲနည်းနည်းပိုသေးသွားတယ်ပေါ့ ၊ ကင်မရာတွေအကုန်လုံးကတော့ မနှစ်ကနဲ့တူတူနီးပါပါပဲ Ultrawide ကတော့ 48MP ကို auto focus ရတာအသစ်တိုးလာပါတယ် ၊ A18 Pro chip ရဲ့ပါဝါကြောင့် software ပိုင်းမှာလဲအများကြီးပိုကောင်းလာပါတယ် 4K 120FPS ကို HDR နဲ့ရိုက်လို့ရမယ်ပေါ့ Sony တွေ Samsung တွေမှာလဲ 4K 120 ရပေမယ့် HDR တော့မရပါဘူး ဒါပေမယ့်လဲ HDR က pro grade software တွေနဲ့ပြန်ချိန်ရတဲ့ feature မျိုးဆိုတော့ ပုံမှန် social media ပေါ်တင်ဖို့ရှယ်ဖို့ကတော့အဆင်မပြေပါဘူး ပြီးတော့ Dolby Vision ဆိုတော့ samsung tv တွေနဲ့ကြည့်လို့မရဘူးပေါ့ ၊ ဘာပဲဖြစ်ဖြစ် iphone တွေက video ရိုက်လို့အရမ်းကောင်းတယ်ဆိုတဲ့ဂုဏ်ကိုတော့ဆက်ထိန်းထားနိုင်မယ့်ပုံပေါ်ပါတယ် ProRes နဲ့ Log တွေကတကယ်ကိုမိုက်တာပါ ၊ ပြီးတော့ဒီတစ်ခါမှာ mic လေးလုံးနဲ့အသံကိုစိတ်ကြိုက်ဖမ်းလို့ရတော့ YouTuber တွေ vlogger တွေသဘောကျကြပါလိမ့်မယ် ၊ မနှစ်ကထက်လဲ battery ပိုခံမယ်ပြောပါတယ် 2nd Gen 3nm နဲ့ဆိုတော့ 16 Pro MAX ကလက်ရှိမှာ battery ဘုရင်ဖြစ်လာဖို့များပါတယ် 2nd gen 3nm သုံး android တွေထွက်မလာခင်အထိပေါ့

Upgrade လုပ်သင့်သလားဆိုတော့ ကင်မရာ shutter ခလုပ်‌လေးဒါမှမဟုတ် အရောင်သစ်လေးလိုချင်ရင်တော့လုပ်ကြပေါ့ ကျန်တာကတော့ဘာမှမထူးပါဘူး SOC နည်းနည်းပိုမြန်မယ် ဒါပေမယ့်လက်ရှိ 15/15 Pro ကိုင်နေတဲ့သူတွေကိုယ့်ဖုန်းကနှေးတယ်ခံစားရလို့လား ?? အဲဒါကိုမှယောင်ယောင်‌လေးပဲပိုမြန်မှာ ၊ ဖုန်းနဲ့ video အရမ်းရိုက်တယ်ဆိုရင်တော့ Pro တွေက 4K 120 နဲ့တော်တောာ်မိုက်တဲ့ slow motion video လေးတွေရိုက်လို့ရပါလိမ့်မယ်

AI နဲ့ပတ်သတ်ရင်တော့ ကိုယ်က email တွေအများကြီးနဲ့အလုပ်လုပ်ရတယ် စာတွေအများကြီးရိုက်ရတယ်ဆိုရင် Apple Intelligent ကအသုံးဝင်မယ့်ပုံပေါ်ပါတယ် တကယ်ကောင်းမကောင်းကတော့ဘယ်သူမှမသိသေးပါဘူး feature တော်တ်ောများများတောင်နောက်နှစ်မှလာမှာဆိုတော့ အခုထွက်လာမယ့်ဟာတွေတောင် beta လိုပဲနာမည်တပ်ထားပါတယ်

စျေးတွေအကုန်လုံးကတော့ မနှစ်ကနဲ့တူတူပါပဲ

Tokyo နွေးဦး သင်္ကြန်မှာ ကျွှန်တော်တို့ T3 ဆိုင်ခန်းနေရာမှာရှိနေမှာဖြစ်ပါတယ်။ ၁၄ ရက်နေ့ တစ်ရက်ထဲတွင် ပြုလုပ်မည့် promoti...
12/04/2024

Tokyo နွေးဦး သင်္ကြန်မှာ ကျွှန်တော်တို့ T3 ဆိုင်ခန်းနေရာမှာရှိနေမှာဖြစ်ပါတယ်။ ၁၄ ရက်နေ့ တစ်ရက်ထဲတွင် ပြုလုပ်မည့် promotion plan လေးတွေကို ကြေငြာပေးသွားပါမယ်ခင်ဗျာ။

ပွဲနေ့တွင် ပြုလုပ်မည့် အစီအစဉ်များ

1. ပွဲလာရောက်သူများ Photo Stand တွင် ဆိုင်မှ mascot လေးဖြင့် ပုံရိုက်ပြီး facebook ပေါ်တင်ရုံဖြင့်။ လက်ဆောင်ပစည်း ၁ ခု ရယူနိုင်ပါတယ်။ လက်ဆောင်ပစည်း ၅ မျိူး ထဲမှ မဲနိုက်သောစနစ်ဖြင့် ၁ ခု ရရှိမှာဖြစ်ပါတယ်။
( အခု ၃၀၀ မှ ၄၀၀ ကြား ပြင်ဆင်ထားပြီးကုန်သည်အထိ ပေးသွားမှာဖြစ်ပါတယ်)

2. ဖုန်းကဒ်လျှောက်ထားရာတွင် ကနဦးငွေ မလိုအပ်ပါ။ မိမိယူမည့် ဖုန်းဘေလ် ၁ လစာသွင်းရုံဖြင့် လိုင်းဖွင့်ပေးမည့်အပြင် ၁ လ စာလက်ဆောင်။
( ဥပမာ 10GB - 1700 ကဒ်ကို လျှောက်ထားလိုပါက ကနဦးငွေ ၁၇၀၀ သွင်းရုံးဖြင့် ၂ လစာ ပါပြီး ရရှိမှာ ဖြစ်ပါတယ် )

3. ကဒ်အသစ်လျှောက်ရာတွင် ဖုန်းဘေလ် ၁၅၀၀၀ ဖြည့်ပါက ၈၄၅၀ လက်ဆောင် ထပ်ပေးသွားမှာပါ။ ဖြည့် သမျှ ငွေ ဖုန်းဘေလ် ဖြစ်သွားမည့် အပြင် လက်ဆောင် ပါ ထပ်ရမှာမို့ အကောင့်ထဲ ၂၃၄၅၀ ယန်း ဝင်နေမှာပါ။ အကောင့်ထဲ မှ ဖုန်းဘေလ် မကုန်မချင်း ငွေဆောင်ဖို့ မလိုပါဘူး။

4. လက်ရှိ CMlink အသုံးပြုနေသော customer များ ဖုန်းဘေလ် ၁၀၀၀၀ အထက် ဖြည့်ပါက မိမိ ဖြည့်သော ဖုန်းဘေလ် ငွေ ပမာဏ အပြင် လက်ဆောင်ထပ်ပေးသွားမှာဖြစ်ပါတယ်။

5. ဆိုင်မှာလည်း ယန်း ၃၀၀၀ တန် discount coupon များကိုလည်းပေးဝေသွားမှာဖြစ်ပါတယ်။

6. X11 pocketwifi အသုံးပြုနေသူများ X12 စက်အသစ်သို့ အခမဲ့ 乗り換えပြုလုပ်နိုင်ပါတယ်။

ဖုန်းက SMS ကြီးဘဲ ယန်း ၈၀၀၀ ဖိုး ယန်း ၂ သောင်း ၃ သောင်း ဖိုး တွေ ကိုယ်မပို့ဘဲ သူ့ အလိုလို ပို့နေတယ်?ခု ပြသာနာ ဘာကြောင့်ဖ...
03/02/2024

ဖုန်းက SMS ကြီးဘဲ ယန်း ၈၀၀၀ ဖိုး ယန်း ၂ သောင်း ၃ သောင်း ဖိုး တွေ ကိုယ်မပို့ဘဲ သူ့ အလိုလို ပို့နေတယ်?

ခု ပြသာနာ ဘာကြောင့်ဖြစ်ရတာ နဲ့ ဘယ်လို ဖြေရှင်း ရမလည်း ဆိုတာ လေး ယခု post လေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ကျွှန်တော်ဒီ sms လင့် ပို့တာကို လွယ်လွယ် နဲ့ ခု post မှာ သိရအောင် ကျွှန်တော် virus link လို သုံးနူန်းပါမယ်။

ခု virus လင့် လေးက Iph နဲ့ Andorid မှာ အလုပ်လုပ်ပုံ ၂မျိူး မတူပါဘူး

Iph မှာဆိုရင် ခုလင့်လေးကို နိပ်မိ ပြီး မိမိ apple id ကို login လုပ်မိပါက apple id lock ကျသွားမှာဖြစ်ပြီး မိမိ apple id တွင် credit card or debit card info တွေထည့်ထားပြီ းအကောင့်ကို ကဒ်နဲ့ ချိတ်ထားပါက။ အကောင့်ထဲက ငွေတွေ ခိုးသုံးခံရမှာဖြစ်ပါတယ်။

Debit Card ဆိုရင် မိမိ ဘဏ်နဲ့ချိတ်ထားတဲ့ အကောင့်ထဲမှာ ငွေရှိပါက အကုန် ခိုးသုံးခံရမှာပါ။
ဥပမာ သောင်း ၁၀၀ ဘဏ်ထဲ ထည့်ထားပြီး ထိုအကောင့်နဲ့ချိတ်ထားတဲ့ debit card ပါတဲ့ apple id ခိုးခံရပါက မိမိ debit card ထဲကငွေ တွေ အကုန်ပြောင်သွားမှာပါ။ debit ကဒ် ရဲ့ အလုပ်လုပ်တဲ့စနစ် က အထဲမှာ ငွေ ရှိမှသုံးလို့ရတာဖြစ်တဲ့အတွက် ငွေ မရှိရင်တော့ပြသနာမရှိပါဘူး ။ ခု လို debit ကဒ်ထဲ့ ခိုးသုံးခံရရင် ငွေကို ပြန်လိုက်ဖို့ မလွယ်ပါဘူး။

Credit Card နဲ့ ချိတ်ထားပါက ခိုးသုံးခံခဲ့ရရင် credit card company ကို အထောက်အထား စုံစုံလင်လင် သူတို့ဘက်က မေးမြန်းတာတွေ ဖြေရင် နိုင် ထို ခိုးသုံးခံရတဲ့ငွေကို မိမိ တာဝန်ခံဖို့ မလို ခဲ့တာတွေ လည်းရှိခဲ့ပါတယ်။

ခုလို virus link ကို နိပ်မိပြီး အထဲကို အကောင့် login မိလိုက်ပါက မိမိ ကဒ်ကို ချက်ချင်း ဘဏ်ကို ဆက်သွယ်ပြီး ပိတ်ဖို့ လိုပါမယ် ။ အချိန် နဲ့ အမျှ ငွေတွေ ခိုးသုံးခံရပြီး အမောင့် တွေ တက်နေမှာပါ။

Iph က တော့ icloud lock ဖြစ်သွားပြီးတော့ ခုဖုန်းသို့ အကောင့် မိမိ ပိုင်ဆိုင်ကြောင်းကို မနည်း ရှင်းပြပေးရမှာပါ။ ခုလင့်လေးမှာ ဖြစ်ခဲရင် icloud ကို ဘယ်လို သတိပြုရမလည်း လုပ်ဆောင်ရမဲ့အချက်တွေကို ရင် ကျွှန်​တော် ဖြေရှင်းပေးထားတဲ့ အတွေ့ အကြုံအရ ရေးထားတာလေးပါ။

https://www.facebook.com/share/a3pBpaGxTNkao573/?mibextid=WC7FNe

---------

Android မှာဆိုရင် တော့ ခု virsu link က လုပ်ဆောင်ချက် တစ်ခု ထပ်ပိုလာပါတယ်။ အဲ့လုပ်ဆောင်ချက်က ဘယ်လိုလည်းဆိုတော့ ဖုန်း SMS တွေ ကို AUTO ပို့တာပါ။

ကျွှန်တော် ထို ပြသာနာကို အကြံပေးဖြေရှင်းတဲ့ ထဲမှာ android သမားတွေက တော့ အကောင့်ခိုးခံရတာတွေ ဘာတွေ သိပ်မရှိပါဘူး။ ကျွှန်တော် ထိတွေ့တဲ့ customer တွေက အများစုကဘဲ playstore မှာ ကဒ်တွေ ချိတ်လေ့မရှိလိုလည်းဖြစ်နိုင်ပါတယ်။ အဖြစ်ဆုံပြသနာက ကျွှန်တော်ပြောပြပေးပါမယ်။

Android သမားတွေ အဖြစ်များတာက virus link ကို နိပ်မိပြီး သူတို့ ဖုန်းတွေ က virsu link တွေ ပို့တဲ့ ဖုန်းဖြစ်သွားတာပါ။

SMS ကို ဘယ်လောက်ဖိုး ပို့လည်းဆိုတာက တော့ ဖုန်း company တွေရဲ့ အသုံးပြုခွင့် ပြုထားတဲ့ ငွေ limit ကို ပြည့်တဲ့ထိ ပိုတာပါ။ ဖုန်းcompany တော်တော် များများ က တော့ sms ကို ယန်း ၈၀၀၀ ထိ ကနေပြီး ယန်း ၁၅၀၀၀ ထိ limit လုပ်ထားတာများပါတယ်။တစ်ချို့ company ကလည်း မလုပ်ထားတာမျိူးတွေလည်းရှိပါတယ်။

ထို limit ပြည့်တဲ့ထိကို ကိုယ်မသိ ဘဲ သူ့ အလိုလို အခြားနံပတ်တွေကို လျှောက်ပို့တာပါ။ ဒီလိုနဲ့ ဖုန်းဘေလ်တွေ စျေးကြီးနေတော့ စစ်ကြည့်တော့ ဖုန်းဘေလ်ထဲမှာ sms ကြီးဘဲ ရာချီထောင်ချီပို့ထားတာတွေ့ရမှာပါ။

Virus link က ကိုယ့်ဖုန်းက နေ အခြား မသိတဲ့လူ ဖုန်းထဲကို auto တွေ ပို့တာမျိူး အချို့ ဆို စာပြန်ပြီး ဘယ်သူ တုန်းတွေ ဘာလို့ ဒါတွေ ပို့နေတာလည်း ဆက်ပို့ရင် ရဲတိုင်မယ်တွေ စာပြန်ပို့ခံရတဲ့လူတွေရှိပါတယ်။

အောက်က ပုံလေး ထဲမှာ sent ထဲမှာ ကိုယ်ဘက်က ပို့ထားတဲ့ list ကို နြပ်ကြည့်ရင် နံပတ် အများကြီးကို ပို့ထားတာတွေ့ရမှာပါ။

အလွယ်ကူဆုံး ဖြေရှင်းနည်းကိုပြောပြပါမယ်။ ဖုန်းကို factory reset ချလိုက်ပါ။ အဆင်ပြေသွားမှာပါ။

ခု လို sms တွေ ကိုယ်မသိဘဲ အများကြီး ပို့ထားတာ ကိုယ်လည်းမသုံးထားလို့ ဖုန်းဘေလ် မဆောင် ဘဲနေလို့ရလား?

မရပါဘူး။ sim card က မိမိ လက်ထဲမှာ ဖြစ်နေတဲ့အတွက် ထိုကဒ်ကို အသုံးပြုပြီးဖြစ်ပေါ်လာသမျှ မိမိ မှာတာဝန်ရှိပါတယ်။ point တွေ ရတဲ့ ဖုန်းနံပတ်တွေလိုပါဘဲ သောင်း ၃ ၅ ရာဖိုးဆက်ထားရင် ထိုငွေ အတိုင်း သူတို့ဘက်က တောင်းခံမှာပါ။ ဖုန်း company ပေါ်မူတည်ပြီး ခု sms သောင်းချီပို့ထားတာကို မ​ောဆင်ရင် တော့ black list အမည် ပျက်စာရင်းသွင်းခံရမှာပါ။

Sim card ကို မသုံးတော့ဘူး ကိုယ်မသုံးဘဲနဲ့ ခုလိုတွေ ကျနေလို့ အခြားဆိုင်က အသစ်တစ်ကဒ်ဝယ်ပြီးသုံးမယ်?

ဖုန်းက virus ကိုက်နေတာပါ အသစ်တစ်ကဒ်ထည့်ရင် အသစ်တစ်ကဒ် က လည်း ခုလိုဘဲ ထပ်ပို့မှာပါ။ မိအေး၂ ခါနာဖြစ်မှာပါ ဖုန်းကို factory reset ချတာ အထိရော်ကဆုံးနည်းပါ။ sim card နဲ့မဆိုင်ပါဘူး။

တစ်ချို့ sim card တွေဆိုဘေလ်ကို ၁ လသို့ ၂လ နောက်ကျမှသိရတဲ့အတွက် ခုလို ဖြစ်လာရင် sms ကြီးဘဲ ၂ လစာ အများကြီး ပို့ထားတာမျိုးလည်းတွေ့ရမှာပါ။

အထက်ပါ အချက်များအားလု့းကျွှန်တော် မနစ်ထဲက အကြံညဏ်ပေးဖြေရှင်းထားတဲ့ ထဲက အတိုင်းလေး ပြန်လည်မျှဝေထားချင်းဖြစ်ပါတယ်။ အားလုံးဘဲ အဆင်ပြေ အထာ်ကအကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

အားလုံးဘဲမင်္ဂလာပါ(စက်အသစ် X12 လေးကတော့ လစဉ်ကြေးအသစ်လေးနဲ့လာပါပြီ)NEC X11 သုံးနေတဲ့ customer တွေ အတွက်သတင်းကောင်းလေးလာပါ...
24/09/2023

အားလုံးဘဲမင်္ဂလာပါ
(စက်အသစ် X12 လေးကတော့ လစဉ်ကြေးအသစ်လေးနဲ့လာပါပြီ)

NEC X11 သုံးနေတဲ့ customer တွေ အတွက်သတင်းကောင်းလေးလာပါပြီ။ ယခုလက်ရှိ X11 အသုံးပြုနေသော customer များ ကို ကျွန်တော်တို့ server မှ အစဉ်လိုက်လေးအတိုင်း X12 စက်အသစ်ကို စက်ဖိုး "0" Yen နဲ့ upgrade လုပ်သွားမှာဖြစ်ပါတယ်။ email ဖြင့် စက်စတင်လဲလှယ်နိုင်သော customer များကို အကြောင်းကြားသွားမှာပါ။

NEC X12 စက်လေးကတော့ 2023 ခုနှစ် 6 လပိုင်းမှာအသစ်ထွက်ထားတာလေးဖြစ်ပါတယ်။

၁၀ လပိုင်း ၁ရက်နေ့မှစပြီး NEC X11 စက်များအစား X12 ကိုစတင်ရောင်းချမှာဖြစ်ပြီး လစဉ်ကြေး လေးကတော့ ပထမ နှစ် ကို အခွန်ပါပြီး ၃,၉၈၀ သို့ ပြောင်းလဲသတ်မှတ်ပေးမှာဖြစ်ပါတယ်။

စက်လဲပြီးပါကလည်း လစဉ်ကြေးမှာ ၃,၉၈၀သို့ ပြောင်းသွားမှာဖြစ်ပါတယ်။

X12 , L13 တွင် အသုံးပြုသော AUSim cardမှာ ယခု AUမှအသုံးပြုနေသော Sim Card ထက် version တစ်ဆင့်မြင့် မှာဖြစ်ပါတယ်။ စက်ထဲက sim card အသစ်က 5G SA ကို sup လုပ်မှာပါ။ au nano ic card 05U ဖြစ်သွားပြီး ကဒ်လေးမှာ မီးခိုးရောင် လေးဖြစ်ပါတယ်။ ယခင် 04LE ကဒ်လေးကတော့ အဝါရောင်လေးပါ။ အထဲမှ ကဒ်ပါပြောင်းသွားတာလေးဖြစ်တဲ့အတွက်
ယခု AU (SIM CARD) အသစ်ကို Galaxy စက် များတွင် sup မလုပ်သေးပါ။Galaxy စက်သာ ဆက်လက်အသုံးပြုလိုသော customer များ အနေဖြင့် အချိန်ကာလတစ်ခုထိ စောင့်ဆိုင်းပြီး ယခုလို galaxy မှ စက် အသစ် ထွက်လာပါကလည်း လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

NEC X12 မှ X11 လေး ရဲ့ upgrade ဖြစ်သွားတဲ့အချက်လေးကို တစ်ချက်လောက်ပြောပေးပါမယ်။

စက်လေးရဲ့ Official data အရပြောင်းသွားတာလေးကို အရင်ပြောပေးပါမယ်။

Download speed x11 2.7Gbps ကနေပြီး x12 မှာတော့ 3.9Gbps ထိ sup လုပ်သွားပါပြီ။

5G SA sup လုပ်တဲ့ option လေးခု x12 မှာပါလာပါတယ်။ 5G NSA နဲ့ 5G SA ဆိုပြီး ၂မျိူးရှိပါတယ်
5G NSA လေးကတော့ 4G Core ကနေ 4G ran, 5g ran ကိုသွားပြီးမှ ဖုန်းထဲကိုလိုင်းဝင်တာဖြစ်ပြီး။ 5G SA ကတော့ 5G core ကနေ 5G ran ကိုသွားပြီး ဖုန်းထဲလာတဲ့စနစ်လေးဖြစ်တဲ့အတွက်။ 5G ရရှိတဲ့နေရာတွေမှာဆိုရင်တော့ လိုင်း ပိုကောင်းမှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ x11 က ၈ နာရီခံပြီး x12 ကတော့ ၉ နာရီခံပါတယ်။
NEC စက်နဲ့ galaxy စက် ယှဉ်လိုက်ရင် ဒီအားနည်းချက်လေးကတော့အရမ်းသိသာပါတယ်။

NEC x12 လည်း docker ရှိပါတယ်။ x11 docker ကိုသုံးလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့အတွက် သီသန့် dockerကိုသုံးရမှာဖြစ်ပါတယ်။

Docker တပ်လိုက်ရင်တော့ လိုင်း ပို ငြိမ်ပြီး game သမားတွေ အတွက်ပိုအဆင်ပြေပါတယ်။

Note:  Unlimited wifi တိုင်းကတော့ တာဝါတိုင်း traffic တွေ မိမိ နေထိုင်ရာနေရာ မှ လိုင်း area တွေပေါ်မူတည်ပြီး လိုင်းအတက် အကျရှိပါတယ်။ AU/UQ/ Wimax လိုင်း area တွေများပေမဲ့ ထိုလိုင်း area ပင် နေရာများတွေလည်းလိုင်း အဆင်မပြေနိုင်ပါဘူး။ မပို့ပေးခင် လိုင်းမိ။မမိ စစ်ပေးပါတယ်ခင်ဗျာ။

စက်ကို အစမ်းသုံးကြည့်ပြီးနောက် ကောင်းသွားတယ်ထင်တဲ့အချက်လေးတွေကိုပြောပေးပါမယ်။

အရင်ရှုပ်ထွေးနေတဲ့ စက် function ကနေပြီး လွယ် ကူတဲ့ ပုံစံလေး ပြောင်းသွားပြီဖြစ်တဲ့အတွက် အသုံးပြုရမှာ အရင်ထက်စာရင် မှားနိပ်တာတွေ မလုပ်တတ်တာမျိုးတွေ မဖြစ်တော့ဘဲနဲ့ လွယ်လွယ်ကူကူ mode တွေပြောင်းနိုင်ပါပြီ။ battery မခံတဲ့ပြသနာလေးကိုတော့ စက်အပြင်ယူသွားရင် mode လေးတွေပြောင်းသုံးဖို့ အကြံပေးပါတယ်။ mode 3 မျိုးပါပါတယ်။ eco , normal , high performance mode ဆိုပြီးရှိပါတယ်။ eco mode ကိုပြောင်းလိုက်ရင် battery ပိုခံပေမဲ့ ချိတ်ထားတဲ့ device က အင်တာနက် မသုံးတာကြာလို့ idle ပုံစံမျိုးဖြစ်သွားရင်တော့ စက် auto ပိတ်တာ (သို့) wifi လိုင်းကို ပိတ်လိုက်တာမျိုးဖြစ်ပြီး စက်ပိတ်ပြီးပြန်ဖွင့်ရတာမျိူးတွေဖြစ်တက်ပါတယ်။ normal mode ကတော့ ပုံမှန် သုံးရင် battery 8 နာရီလောက်ခံပါတယ်။ high performance mode က အကောင်းဆုံးပါ။ ဒါပေမဲ့ battery သိပ်မခံပါဘူး။ လိုင်းဆွဲအားအရမ်းကောင်းပါတယ်။ အိမ်မှာ ကြိုးတပ်ထားရင်တော့ဒီ mode နဲ့သုံးဖို့ အကြံပေးပါတယ်။ ဒီ mode လေးက battery 4 နာရီလောက်ဘဲခံလို့ပါ။ စက်က ပူတာကပုံမှန်ပါဘဲ။ အလုပ်လုပ်နေတဲ့အတွက်ဖြစ်ပါတယ် အန္တရာယ်မရှိပါဘူး။ စိတ်ချလက်ချသုံးလို့ရပါတယ်။

Game သမားတွေအနေနဲ့ကတော့ မိမိနေထိုင်ရာနေရာပေါ်မူတည်ပြီးတော့ လိုင်း အတက်အကျ ငြိမ်မငြိမ်ကတော့ ကွာ နိုင်တဲ့အတွက် အချို့နေရာမှာဆို ဒီတိုင်း လိုင်းကောင်းပြီး အချို့ နေရာမှာဆိုရ်င docker လေးခံလိုက်မှအဆင်ပြေတာမျိူးတွေရှိပါတယ်။ ကျွန်တော်ကတော့ ခု NEC စက်ကို docker ခံပြီးအသုံးပြုနေပါတယ်။ galaxy ထက်လိုင်းပိုငြိမ်လို့ပါ။ PC game တွေပါ အေးဆေးဆော့လို့ရပါတယ်။ မlag ပါဘူး။

နောက်ဆုံးကောက်ချက်အနေနဲ့ကတော့

လိုင်းဆွဲအား သိသိသာသာ x11 ထက်ကောင်းလာပါတယ်။ X12 မှာ battery ပြသနာ ကတော့သိသိသာသာပြောင်းလဲမှု မရှိသေးတဲ့အတွက် လိုင်းဆွဲအားကိုရွေးမလား၊ battery ခံတာလေးကိုရွေးမလားဆိုတာလေးကတော့ ကိုယ်တိုင် တစ်ဘက်ကို ရွေးမှအဆင်ပြေမှာပါ။
Mode ကတော့ အရင် လို မဟုတ်ဘဲ လွယ်ကူစွာပြောင်းလို့ရလာတဲ့အတွက် အဆင်ပြေလာတယ်လို့ဘဲပြောလို့ရပါတယ်။လက်ရှိ x11 နဲ့အဆင်ပြေနေတဲ့ customer တွေ အတွက်ကတော့ ခု x12 ကိုပြောင်းဖို့ လုံးဝအဆင်ပြေပါတယ်။

အားလုံးဘဲမင်္ဂလာပါ ဒီနေ့ကတော့ iph 15 ထွက်တဲ့နေ့လေးလည်းဖြစ်တော့ ဦးဦးဖျားဖျား လက်ထဲရောက်ပြီး အပိုဝင်ငွေ လိုချင်တဲ့ custome...
22/09/2023

အားလုံးဘဲမင်္ဂလာပါ

ဒီနေ့ကတော့ iph 15 ထွက်တဲ့နေ့လေးလည်းဖြစ်တော့ ဦးဦးဖျားဖျား လက်ထဲရောက်ပြီး အပိုဝင်ငွေ လိုချင်တဲ့ customer တွေ အတွက် စျေးမှန်မှန် နဲ့ စျေးအမြင့်ကို ပေးပြီးပြန်ဝယ်တဲ့ ဆိုင်လေးကို ညွန်းပေးချင်ပါတယ်။ ခု လင့်လေး ထဲကဆိုင်လေးကတော့ ဂျပန်မှာ နာမည်ကြီး ပြန်ဝယ်တဲ့ဆိုင်လေးပါ။

ထွက်ထွက် ချင်းဖြစ်တဲ့အတွက် မိမိဖုန်းရဲ့ spec ပေါ်မူတည်ပြီး ၇ သောင်းလောက်ထိ အမြတ်ငွေရရှိနိုင်ပါသေးတယ်။

ဆိုင်နာမည်လေးကတော့ 買取一丁目 ဖြစ်ပါတယ်။

ခုအောက်ထဲကလင့်လေးထဲမှာဆိုရင် သူတို့ပြန်ဝယ်တဲ့စျေးတွေ ဖြစ်ပါတယ် အချိန် နဲ့အမျှ ပြောင်းလည်းနေတာမို့ လက်ထဲဖုန်းရှိပြီး ငွေအပိုလိုချင်ပါက ခုဆိုင်မှာသွားပြီးပြန်ရောင်းနိုင်ပါတယ်။

ဖုန်း အရောင် gb နဲ့အမျိူးအစားပေါ်မူတည်ပြီးပြန်ဝယ်တဲ့စျေးကို အောက်ပါလင့်မှာကြည့်နိုင်ပါတယ်။

နေရာတော်တော်များများမှာဆိုင်တွေရှိပါတယ် "買取一丁目" လို့ ရှာလိုက်ပါ။

https://www.1-chome.com/keitai

CMlink ဖုန်းကဒ် ကနဦးငွေ ဖုန်းဘေလ် ၁၅၀၀၀ သွင်းပါက ၈၄၅၀ လက်ဆောင် 在留カートအနည်းဆုံး သက်တမ်း ၁လ ရှိရင် လျှောက်ထားလို့ရပါတယ်။ဘဏ်...
16/09/2023

CMlink ဖုန်းကဒ် ကနဦးငွေ

ဖုန်းဘေလ် ၁၅၀၀၀ သွင်းပါက ၈၄၅၀ လက်ဆောင်
在留カートအနည်းဆုံး သက်တမ်း ၁လ ရှိရင် လျှောက်ထားလို့ရပါတယ်။
ဘဏ်ကဒ် , passport မလိုအပ်ပါဘူးခင်ဗျာ။
အားလုံးဘဲမင်္ဂလာပါ။ CMlink Official မှ ပြုလုပ်သော promotion လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကနဦး ကျသင့်ငွေ အနေနဲ့ ၁၅၀၀၀ကျသင့်မှာဖြစ်ပါတယ်။ ကနဦးဆောင်ထားသော ငွေမှ ၁၅၀၀၀ ကို ဖုန်းဘေလ် အဖြစ် အကုန်ထည့်ပေးမည့် အပြင် ယန်း ၈၄၅၀ လက်ဆောင် ထပ်မံ ဖြည့်ပေးမှာဖြစ်ပါတယ်။
မိမိ Cmlink အကောင့် ထဲ ဖုန်းဘေလ် ယန်း ၂၃၄၅၀ ဝင်နေမှာဖြစ်ပါတယ်။
ဖုန်း plan အနေဖြင့် အနည်းဆုံး တစ်လကို ၁၀GB = 1700ယန်း(အခွန်ပါပြီး) မှ စပြီးရှိပါတယ်။
မိမိယူထားသော plan ရဲ့ လစဉ်ကြေးကို အကောင့်ထဲရှိ ဖုန်းဘလ် ထဲမှာ နတ်သွားမှာဖြစ်တဲ့အတွက်ဖုန်းဘေလ်အကောင့်ထဲမှ ယန်း ၂၃၄၅၀ မကုန်မချင်း ငွေ စတင် ဆောင်ဖို့ မလိုအပ်ပါဘူး ခင်ဗျာ။
အားသာချက်များအနေနဲ့က တော့
-debit card/credit card ဖြင့် လစဉ်ကြေးကို auto နုတ်သွားအောင်လုပ်ထားလို့ရသလို မြန်မာမှ ဖုန်းကဒ်တွေလို မိမိ ဖြည့်လိုသော ငွေ ပမာဏကို ဖုန်း အကောင့်ထဲကို ကြိုဖြည့်ထားလို့ရပါတယ်။
-အထက်ပါ ကဒ်များ မရှိပါကလည်း Smart-pit ကို အသုံးပြုပြီး family , lawson, ministop တွင် ငွေပေးချေနိုင်ပါတယ်။
-ဖုန်းဘေလ် ဆောင်နေသရွေ့ မိမိ ဂျပန်ဖုန်းနံပါတ် မပျောက် မပျက်နိုင်ပါ။
-cmlink ဖုန်းလိုင်း ကို ဆက်လက် အသုံးမပြုလိုပါကလည်း အခြား ဖုန်းလိုင်း များသို့ ဖုန်းနံပါတ် မပြောင်းဘဲ လွတ်လပ်စွာပြောင်း ယူနိုင်ပါတယ်။
-မိမိဖုန်းဘေလ်ကို အချိန် မရွေး ကြည့်ရှု့နိုင်ခြင်း
-သုံးထားသော Data ပမာဏကို အချိန်မရွေးကြည့်ရှု့နိုင်ခြင်း
-Data ကုန်သွားပါက Data add on ချက်ချင်းဝယ်ပြီးအသုံးပြုနိုင်ခြင်း
-အခြားဖုန်းလိုင်းများသို့ နံပါတ် မပြောင်းဘဲ ပြောင်းနိုင်ခြင်း
-ဖုန်းplanကို မိမိစိတ်ကြိုက်ပြောင်းနိုင်ခြင်း
-Credit Card /Debit Card ချိတ်ထားပါက oversea call ဆက်လို့ ရမည့်အပြင်/ oversea သို့ အလည် အပတ် သွားရာတွင်လည်း ယခု ဖုန်းကဒ်ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော် ဒီနေ့ apple care နဲ့ ပက်သတ်ပြီး နည်းနည်းလေးရှင်းပြပေးချင်ပါတယ်။ (iph အာမခံ )မေး။ ။apple c...
16/09/2023

အားလုံးဘဲ မင်္ဂလာပါ။ ကျွန်တော် ဒီနေ့ apple care နဲ့ ပက်သတ်ပြီး နည်းနည်းလေးရှင်းပြပေးချင်ပါတယ်။ (iph အာမခံ )

မေး။ ။apple care ကဝယ်သင့်လား
ဖြေ။ ။ မဖြစ်မနေဝင်သင့်ပါတယ်။

1. AU/ Softbank/ Docomo အာမခံ
2. Apple care အမျိုးအစား
3. Apple care ဖုန်းဝယ်တုန်းက မဝယ်လိုက်မိလို့ ပြန်ဝယ်လို့ ရလား။
4. ဂျပန်မှာ iph ပြင်ရင် warranty မဆုံးအောင် ဘာတွေ သတိထားရမလဲ။
5. ဂျပန်မှာ ဝယ်တာမဟုတ်တော့ ပြင်ပေးပါ့မလား။
6. ခုပုံထဲက ဖုန်းလို ဘာမှ စစ်ဆေးလို့ မရတော့တဲ့ အခြေအနေဆို ဘယ်လို လုပ်ရမလဲ။
(ဒီအချက်လေးက လည်းဘောင်ထဲကမိမိဖုန်းအတွက်ဝင်ထားတဲ့အာမခံကို အပြည့်ခံစားခွင့်ရအောင်ပြန်လုပ်တဲ့နည်းလေးပါ)

ကျွန်တော့် ဆိုင်က customer တစ်ယောက် ဖုန်း ဓါတ်ပုံရိုက်ရင်း နဲ့ odaiba မှာ အပေါ်ကနေပြုတ်ကျပြီး ဖုန်း တစ်စစီ ဖြစ်သွားပြီး ဆိုင်မှာ လာတိုင်ပင်တာနဲ့ apple care နဲ့ ပတ်သတ်တဲ့ တစ်ချို့အချက်တွေကို အားလုံးဘဲ သတိပြုလို့ရအောင် ကျွန်တော် မျှ ဝေပေးချင်ပါတယ်။ ( ဖုန်း ရဲ့အခြေအနေက တော့ video ထဲမှာ မြင်ရတဲ့ အတိုင်း ပါဘဲ လုံးဝ စုတ်ပြတ်သတ်သွားပါပြီ။)

ကျွှန်တော် စပြီး ရှင်းပြပေးပါမယ်။ AU/ softbank/ docomo လို ဖုန်း အပါ အရစ်ကျနဲ့ (သို့) အပြတ် ဝယ်ရင် သူတို့ ဆီမှာ ဆိုရင်တော့ တစ်လကို ၁၀၀၀ ပေါင်းပါ က ဖုန်း အာမခံကို ခံစားခွင့် ရမှာပါ။ သူတို့ ဆီက အသစ် ဝယ်ဝယ်ချင်း ဖုန်းတွေဘဲ ခု option ကို ထည့်ခွင့်ရမှာပါ။ ကျွန်တော့်အနေနဲ့ ခုလို ဝယ်ထားရင် ဒီ option ကို မဖြစ်မနေထည့် ဖို့ အကြံပေးပါတယ်။ ဈေးသက်သာလို့ပါ။ ဖုန်းပျောက် တာဘဲဖြစ်ဖြစ် မှန်ကွဲတာဘဲဖြစ်ဖြစ် ဈေးသက်သက် သာသာနဲ့ ပြန်ထုတ်လို့ရပါတယ်။
နောက်ပြီး အပြင်ဆိုင်တွေ ဥပမာအားဖြင့် big camera တို့ yodobashi etc... စတဲ့ electronic တွေ မှာ ဝယ်ရင်လည်း apple care option ကို ထည့်လို့ရပါတယ်။ apple care option က ဖုန်း ပေါ်မူတည်ပြီး ဈေးတွေ မတူပါဘူး။ Option ၂ မျိုး ရှိပါတယ်။
၁။ ပထမတစ်မျိုးကတော့ ဖုန်းမှန်ကွဲတာတို့ ပျက်စီးတာတို့ ဖြစ်ပြီး
၂။ နောက်တစ်မျိုးကတော့ မိမိ ဖုန်း အခိုးခံရတာ/ ပျောက်သွားတာပါ အပါ ဖြစ်ပါတယ်။
ဈေးသိပ်မကွာတော့ ယူဖြစ်ရင် (2) မျိုးလုံးပါတဲ့ ၂ plan ကို ယူဖို့ အကြံပေးပါတယ်။
ဖုန်းတစ်လုံးလုံး ပျက်စီးသွားရင်တောင်မှ ၁၄၀၀၀ ဝန်းကျင်နဲ့ apple က အသစ် တစ်လုံးပြန်ပေးပါတယ်။ ပုံမှန်မှန်ကွဲတာတို့ ဆိုရင်တော့apple care ဝယ်ထားရင်၅၀၀၀ ဝန်းကျင်လောက်ဘဲ ကျသင့်မှာပါ။

apple care နဲ့ apple care+ ကစျေးသိပ်မကွာတဲ့အတွက် care+ ကိုဝယ်ဖို့ အကြံပေးပါတယ်။ တစ်လုံးထဲ ၂ နစ်စာ ပေးရမှာများတယ်ထင်ရင် apple id မှာ credit/debit card ချိတ်ပြီးလစဉ် ဆောင်သွားတဲ့ plan ကိုရွေးလို့ရပါတယ်။တစ်လမှ ၁၀၀၀ လောက်သာကျသင့်မှာပါ။
------------------------------------------------------------------ နောက်ပြီး ဖုန်းဝယ်တုန်းက apple care မဝယ်လိုက် မိတဲ့လူတွေလည်း စိတ်ပူဖို့ မလိုပါဘူး။ မိမိ ဖုန်း ဝယ်ပြီး ရက်၃၀ အတွင်း apple care ဝယ်လို့ရပါတယ်။ ဝယ်ပုံဝယ်နည်း၃ မျိုး ရှိပါတယ်။
1. ဖုန်း ကို activate ပြီးပါက setting > general > about ထဲမှာ apple care + ကို ရွေးပြီးဝယ်လို့ရပါတယ်။
2. apple website ကို သွားပြီး IMEI နံပါတ်ကို ရိုက်ထည့်ပြီး ဝယ်ယူလို့ရပါတယ်။
3 . apple store (သို့ )ကိုယ်စားလှယ်ဆိုင်ကို သွားပြီး ဖြတ်ပိုင်း ပြ ပြီး ဝယ်ယူလို့ရပါတယ်။
-------------------------------------------------------------------------
ဖုန်းပြင်ရာတွင် သတိပြု ရမည့်အချက်
1.မိမိ ဖုန်း မှာ Apple က ဝယ်ထားပြီး Apple က အသိအမှတ်မပြုတဲ့ ဖုန်းပြင်ဆိုင်မှာ ပြင်မိပါက မိမိ ဖုန်းအတွက် ရရှိနိုင်သော အာမခံတွေ အားလုံးဆုံးရှုံးမှာပါ။ ဖုန်းတွင် auto warranty တစ်နှစ်ပါပါတယ်။ factory error တစ်ခုခု ဖြစ်ပါက apple မှ ပြန်လဲပေးတဲ့ အာမခံပါ။ ...
2. နောက်အပြင်ဆိုင်တွင် မှာစက်ကိုဖွင့်ပြီးပြင်ထားသော ဖုန်း မှန်သမျှ Apple က ထပ်မပြင်ပေးပါဘူး။
3. Apple store တွင် ဖုန်း သွားပြင်မည်ဆိုပါက icloud logout ပြီး ဖုန်းကို reset ချပြီးမှ apple က လက်ခံ ပြီး ပြင်ပေးမှာဖြစ်ပါတယ်။
(3 အချက်မှာ အဖြစ်များတဲ့ ပြသနာကတော့ icloud password တွေမေ့ပြီး ထွက်မရတော့ အကောင့် lock သွားတဲ့ ဖုန်း တွေ လည်း မပြင်ပေးပါဘူး။ ပိုင်ရှင်ကိုယ်တိုင် မဟုတ်ကြောင်းယူဆတဲ့အတွက်ပါ။)
4. ကျွန်တော် Apple store က ဝယ်တာ မဟုတ်တော့ ပြင်ပေးပါ့ မလား ဆိုတာလည်း အမေးများပါတယ်။
Apple က အသိအမှတ်မပြုထားတဲ့ ဆိုင်မှာ မပြင်ထားရင် ဘယ် နိုင်ငံ က ဝယ်ဝယ် iph မှန်သမျှပြင်ပေးပါတယ်။ စိတ်ချလက်ချသာ သွားပြင်ကျပါ။
--------------------------------------------------------------
ခုဖုန်းကွဲသွားတဲ့ customer ကတော့ big camera မှာဝယ်ထားတာဖြစ်ပြီး big camera မှာ သွားပြတော့ apple care ဝယ်ထားပြီး ဘယ်လိုဘဲ ဖြစ်နေ ဖြစ်နေ ခုလို accident ဖြစ်သွားရင် ၁၄၀၀၀ ဝန်းကျင်နဲ့ ဖုန်းအသစ်တစ်လုံးထုတ်ပေးရမဲ့ အစား ခု ဖုန်းကို ပြန်ပြင်ရင် ယန်း ၆၆,၀၀၀ ဝန်းကျင်လောက်ကျသင့်မယ်လို့ သူတို့ ဝန်ထမ်းက ပြောလို့ ကျွန်တော်နဲ့လာတိုင်ပင်ဖြစ်တာပါ။ ပုံမှန်အားဖြင့် ဖုန်း အပျက်ကိုယူပြီး big camera က အသစ်တစ်လုံးလဲပေးရမှာပါ။ ကျွန်တော်က big camera က ဝန်ထမ်း မကျွမ်းကျင်လို့ အဲ့လို ပြောတာထင်ပြီး apple store ကို သွားပြဖို့ အကြံပေးလိုက်ပါတယ်။ apple store ကို သွားပြတော့လည်း ခု ဖုန်း အခြေအနေက ပြင်ပေးလို့ မရနိုင်ကြောင်း ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ သူတို့စစ်တဲ့ အချိန်မှာ အထဲက hardware တစ်ချို့တွေပါ ပြုတ်ထွက် သွားကုန်တယ်လို့ ပြောပါတယ်။ (ပုံမှန်ဘယ်လိုဘဲ ပျက်စီးပျက်စီး ပြင်ပေးရမှာ ဖြစ်ပေမဲ့ ခုလို အထူးရုပ်ပျက်ဆင်းပျက် အခြေ အနေ ဆိုရင်တော့ နောက်တစ်နည်းနဲ့လုပ်လို့ရပါတယ်။ အဲ့တာကတော့ အပျောက် လျှောက်တာပါဘဲ။) ခု customerက တော့ applecare ကို အပြည့်ယူထားတော့ ဖုန်း ပျောက်တာပါ အကျုံးဝင်ပါတယ်။ သတိပြုရမဲ့ အချက်ကတော့ find my iph ကို ပျောက်သွားတဲ့ ဖုန်း မှာ ဖွင့်ထားဖို့လိုပါတယ်။ မဖွင့်ထားရင် ခု အာမခံ က အကျုံးမဝင်ပါဘူး။ ပထမဦးဆုံး broswer ကနေ icloud ကို သွားပါ။ login လုပ်ပါ။ 2 factor ဖွင့်ထားတာဖြစ်တဲ့အတွက် login လုပ်ရင် other ios device သို့ မိမိ ဖုန်းနံပါတ်ကို သူတို့ကနေပြီး code ပို့ပေးမှာပါ။ ခု customer က ဖုန်းကဒ် ပါမရှိတော့ပါဘူး။ second device မှာလည်း login လုပ်ထားတာ မရှိပါဘူး။ ပြန်ယူလို့ရတဲ့နည်းက second device မှာ မရှိကြောင်း website မှာ ရွေးပါ။ ပြီးရင် email ကို comfirm လုပ်ပါ။ မိမိ access လုပ်လို့ရမဲ့ ဖုန်းနံပါတ် အသစ်တစ်ခုကို ထည့်ပြီး apple က email reply ကို တစ်ချက် စောင့် ပြီး ဖုန်း နံပါတ် အသစ် နဲ့ ဝင်လို့ရအောင်လုပ်ပါ။ icloud ထဲ ဝင်လို့ ရပါက နောက်ဆုံး မိမိ device online ဖြစ်နေတဲ့ နေရာနဲ့ အချိန် ကို မှတ်ပြီး ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံစာ တောင်းပြီး အသစ်တစ်လုံး ကို ၁၅၀၀၀ ဝန်းကျင်နဲ့ apple က နေ ပြန်လျှောက်လို့ရပါတယ်။
(ဖုန်းကလုံးဝသုံးမရအောင်ပျက်ဆီးပြီး ဆိုင်က လည်း အထဲက hardware တွေ ပျောက်နေလို့ ပြင်ပေးလို့ မရနိုင်ကြောင်း ပြောတာမို့ ဒီ အပျောက်နည်းကို သုံးပြီး အသစ် ပြန်လျှောက်ရတာပါ။ ပုံမှန် ဖုန်း ပျောက်ဆုံးခြင်း မရှိဘဲ အကြံအဖန် ဖုန်း ပျောက်တယ်ဆိုပြီးလျောက်ပါက မိမိ ဖုန်းအဟောင်း ဂျပန် နိုင်ငံအတွင်းမှာ online ဖြစ်ပြီး အသုံးပြနေသည်ကို စစ်ဆေးတွေ့ရှိပါက ဖုန်း compnay မှ ဖုန်း အသစ်တစ်လုံးဖိုး အပြင် တရား ဥပဒေ အရ အရေးယူတာတွေ ရှိပါတယ်။ ခု (ဗ) တွေ လုပ်များတဲ့ ဖုန်းပျေက်ထုတ်တဲ့ အကြောင်းကို နောက် post တစ်ခု မှာ သေးစိတ်ရေးပြီး ပြောပြပေးပါမယ်။)
အားလုံးအထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

ဖုန်း wifi နဲ့ပတ်သက်လာရင် page (သို့) ဆိုင်မှာ လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Apple ကစရောင်းတာနဲ့ ဦးဦးဖျားဖျား ပထမဦးဆုံး အသုတ်ထဲက iph 15 ကို ရအောင် ဘယ်လိုဝယ်မလည်း 、အရစ်ကျနဲ့ ဝယ်ရင်ရော ဘယ်လိုလုပ်ရမလည...
14/09/2023

Apple ကစရောင်းတာနဲ့ ဦးဦးဖျားဖျား ပထမဦးဆုံး အသုတ်ထဲက iph 15 ကို ရအောင် ဘယ်လိုဝယ်မလည်း 、အရစ်ကျနဲ့ ဝယ်ရင်ရော ဘယ်လိုလုပ်ရမလည်း

15 ရက်နေ့ ဂျပန််််််ချိန် ည ၉ နာရီမှာ စမှာပါ

ဖုန်းစတင် order ကောက်ခံတဲ့နေ့မှာ ဆိုရင်တော့ official website မှာ traffic ကြောင့် စောင့်နေရတာတွေ ရယ်နောက်ပြီး အဝယ်များတဲ့ model တွေ ဆိုရင် page တစ်ခုနဲ့တစ်ခုကို သွားဖို့ အတွက်ကို ကျန့်ကြာနေတာနဲ့တင် သူတို့သတ်မှတ်ထားတဲ့အလုံးရေကိုကျော်သွားပြီး ယခု 22 ရက်နေ့မှာထွက်တာကို မကိုင်ရဘဲနဲ့နောက်ထက် ၂ လ ၃ လ စောင့်ရတာတွေ စတာတွေဖြစ်သွားတာက်ပါတယ်။

Order တင်ပြီးငွေရှင်းပြီးတာကနေစပြီး အစဉ်လိုက်စီတဲ့အတွက် order မြန်မြန်တင်နိုင်တဲ့လူက လက်ထဲဖုန်းအရင်ဆုံးရောက်လာမှာပါ

ယခု post လေးကတော့ ဖုန်းအသစ်ကို လွယ်လွယ်နဲ့မြန်မြန်ဝယ်နည်းလေးဖြစ်ပါတယ်။

1. App Store ကနေပြီး Apple Store app လေးကိုဆွဲပါ
2. အကောင့်ထဲတွင် မိမိရဲ့ နေရပ်လိပ်စာနဲ့ payment method
(ငွေပေးချေမည့် credit card or debit card ) လေးကို ဖြည့်ထားပါ။
3. ပြီးရင် မိမိ လိုချင်တဲ့ ဖုန်း model ထဲကို ဝင်ပါ။
4. အရောင် GB , နောက်ပြီး apple care စတာတွေကို ထည့်မထည့်ရွေးပါ။
5.payment နေရာလေးမှာတော့ paidy အကောင့်ရှိပြီး အသုံးပြုလို့ရတဲ့လူတွေကတော့ paidy နဲ့ အတိုးမဲ့
အရစ်ကျလေးကိုရွေးလို့ရပါတယ်။
6. ပုံပါအတိုင်း form လေးကို အပြီးလုပ်ဖို့လိုပါမယ် အစိမ်းလုံးလေးတွေ အကုန်ပြည့်သွားအောင်
အောက်ဆုံး အလုံးလေးတစ်ခုဘဲကျန်နေတာနဲ့အဆင်ပြေပါပြီ။

ခု form လေးကတော့ အကောင့်ထဲမှာကြိုဖြည့်ထားပြီးတော့ သူတို့ဘက် က announce လုပ်တဲ့ အချိန် မှာ ခု apple store app ထဲမှာဝင်ပြီးငွေလာရှင်းဖို့လိုပါမယ်။

ခုအဆင့်တွေ မရွေးထားပါက website မှာ traffic တွေ ဖြစ်နေပြီး တစ်ဆင့် တစ်ဆင့်ကို ရွေးဖို့ အရမ်းကြာနေမှာပါ... ကိုယ်လည်ရွေးပြီးရောပထမ အသုတ်လည်းကုန်ရော XD မစောင့်ချင်ရင် ခုအဆင့်လေးတေတွကြိုလုပ်ထားပါ။

ကဒ်တွေ ကြိုဖြည့်ထားပါက ပုံမှန် ကဒ်တွေ လိပ်စာတွေ မဖြည့်ထားတဲ့လူထပ် step ၂ ခုသာပါတယ်။ ၁၅ ရက်နေ့ ည ၉ နာရီမှာ ငွေ ချေလို့ရမှာဖြစ်ပါတယ်။

Paidy အသုံးပြုနေသူများအနေနဲ့ လည်း အထက်ပါအဆင့် အတိုင်းလုပ်ဆောင်လို့ရပါတယ်။
ငွေပေးချေနဲ့နေရာမှာ paidy အကိုရွေးလိုက်ရင်ရပါတယ်။

သတိပြုရမဲ့အချက်လေးတွေကတော့

မိမိကို paidy ကပေးသုံးထားတဲ့ ငွေပမာဏကို ကျော်ပြီး order တင်လို့မရတဲ့အတွက် ဖုန်း option တွေ ရွေးတဲ့အချိန် မှာ သတိပြုပြီးရွေးဖို့လိုပါမယ်။

အကြံပေးချင်တာလေးကတော့ apple care က promax ဆိုရင် ယန်း ၃၃၀၀၀ လောက်ရှိပါတယ် အဲ့ဒါလေးကို ၂ နစ်စာတစ်ခါထည်းမရွေးဘဲနဲ့ ၁ လချင်းငွေ ဆောင်တဲ့ ပုံစံလေးကိုရွေးလိုက်ပါ။ ရွေးလို့မရခဲ့ရင်လည်း apple care ကို အရင်မထည့်ဘဲနဲ့ ဖုန်းဖိုးကိုဘဲ paidy နဲ့ရှင်းပြီး apple care + ကို လစဉ် credit card နဲ့ဆောင်တဲ့ပုံစံလုပ်လိုက်ပါ။ apple account မှာ paidy ရဲ့ credit card လေးချိတ်ထားရင်ရပါတယ်။

Paidy ကတော့ ရတဲ့လူတွေ ရသလို မရတဲ့လူတွေ လည်းမရပါဘူး credit card စနစ်နဲ့တူတူဖြစ်တဲ့အတွက်။

Page က video လေးကို ကြည့်ပြီးလုပ်ဆောင်နိုင်ပါတယ် ၁ ရက် အချိန် ရပါသေးတယ် XD

အားလုံးဘဲ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

iphone 15 တွေတော့ကြေညာသွားပါပြီ 14 တုန်းကသိပ်အားမရဖြစ်ခဲ့တဲ့သူတွေ 13 Pro ကိုင်ထားသူတွေ upgrade လုပ်ချင်ရင်လုပ်လို့ရပါပြီ...
12/09/2023

iphone 15 တွေတော့ကြေညာသွားပါပြီ 14 တုန်းကသိပ်အားမရဖြစ်ခဲ့တဲ့သူတွေ 13 Pro ကိုင်ထားသူတွေ upgrade လုပ်ချင်ရင်လုပ်လို့ရပါပြီ

iphone 15
ရိုးရိုး 15 ကတော့ထုံးစံအတိုင်း 14 pro ထဲက A16 Bionic နဲ့ 48 megapixel ကင်မရာရသွားတယ် ပြီးတော့ screen က dynamic island ရသွားပြီး နည်းနည်းပိုလင်းတယ်ပေါ့ ၊ ဒါပေမယ့် ကင်မရာက ProRes တွေ RAW တွေဘာညာဘာမှမရတော့ သိပ်တော့လဲမထူးပါဘူး ၊ USB-C ဖြစ်သွားပေမယ့် speed ကတော့ USB 2.0 ပဲရမှာပါ ၊ ရိုးရိုး 14 ကနေ upgrade ချင်ရင်တော့ အင်တင်တင်ဖြစ်ရပေမယ့် သူ့အရှေ့ Iphone သမားတွေအနေကတော့ တော်တော်လေးရွေးလို့ကောင်းပါတယ်

iphone 15 Pro/Pro Max
ဒီတစ်ခေါက်ကတော့ pro နဲ့ pro max ကအကုန်လုံးတူတူပါပဲ Pro Max ရဲ့ telephoto ကင်မရာကနည်းနည်းပိုဝေးဝေး zoom ဆွဲလို့ရတာကလွဲရင်ပေါ့ ၊ Body က Titanium ဖြစ်သွားတော့ပိုပြီးအကြမ်းခံ ပို့ပေါ့ပါတယ် အဲဒါ pro သုံးနေကြသူတွေသိပါလိမ့်မယ် stainless steel ကဘယ်လောက်တောင်လေးသလဲဆိုတာ ပိုက်ဆံပေါတဲ့သူတွေ trade in လုပ်လို့ရတဲ့သူတွေ အဲဒီ့တစ်ခုထည်းနဲ့တင်လဲကြပါလိမ့်မယ် ၊ 15 Pro/Pro Max ၂ ခုစလုံး 20g စီလောက်ပိုပေါ့သွားပါတယ်

ကင်မရာလဲမနှစ်ကနဲ့တူတူပါပဲ ယောင်ယောင်လေးပဲပိုကောင်းမယ့်ပုံပေါ်ပါတယ် ၊ mute switch အစား action button လေးထည့်ပေးထားတာတော့သဘောကျဖို့ကောင်းပါတယ် ၊ USB-C ဖြစ်သွားပေမယ့်ဘူးထဲမှာပါတဲ့ကြိုးနဲ့ဆို 2.0 speed ပဲရမှာပါ ပိုမြန်ချင်ရင်ကြိုးဝယ်ရမယ်တဲ့ ထုံးစံအတိုင်းနည်းနည်းလေးတော့လုပ်စားလိုက်ရမှပဲ

အကြီးကျယ်ဆုံး upgrade လုပ်ထားတာကတော့ performance ပါ သူရဲ့ soc ကို bionic နာမည်ပါဖြုတ်လိုက်ပြီး A17 Pro ဆိုပြီးခေါ်လိုက်ပါတယ် spec ကြည့်ရသလောက်ကတော့ ဒီနှစ်ကော နောက်နှစ်ထဲမှာပါ သူ့ကိုယှဥ်နိုင်မယ့် chip Android ဖက်မှာလုံးဝမရှိပါဘူး ပြီးတော့အရင်တုန်းက PC အမြင့်တွေ console တွေမှာပဲရတဲ့ဂိမ်းတွေပါပြသွားပါတယ် ဘယ်လောက်ထိကောင်းကောင်း run မလဲတော့မသိသေးပါဘူး ဒါပေမယ့် apple ရဲ့ထုံးစံအရတော့ လက်ခံနိုင်လောက်တဲ့ performance မရှိရင်ကြေညာမှာမဟုတ်ပါဘူး ၊ အဲဒီ့တော့ဖုန်းနဲ့ဂိမ်းအရမ်းဆော့တဲ့သူတွေအတွက်ကတော့ iphone 15 pro/pro max ကအရမ်းကိုမိုက်မှာပါ ဂိမ်းကြီးတွေပါ run နိုင်တယ်ဆိုမှတော့ ပုံမှန်ဂိမ်းတွေမှာဆိုသိပ်ပြီး အားမစိုက်ရတော့တဲ့အတွက် မပူဘူး ဘက်ထရီပိုခံမယ်ပေါ့

ဒီနှစ် pro တွေကတော့ performance ကိုရောင်းစားမှာပါ

iphone 15 တွေကိုတော့ ၁၅ ရက်နေ့ တွင် pre-order စတင်လို့ရမှာဖြစ်ပပြီး အမြန်ဆုံးပထမ အသုတ်ကို ၂၂ ရက်နေ့မှာ customer ထဲထည့်ပေးသွားမှာပါ

နောက်ပြီး Paidy အသုံးပြုနေသူများအနေနဲ့လည်း pre-order တင်တဲ့နေ့မှာ paidy နဲ့အတိုးမဲ့ အရစ်ကျစနစ်နဲ့စဝယ်လို့ရပါပြီ ။

ဒီ page မှာ paidy အသုံးပြုပုံ video လေးနဲ့ သတိပြုရမဲ့အချက်လေးတွေ တင်ထားပါတယ်ခင်ဗျာ

住所

1 Chome-18-8 Hyakunincho
Shinjuku-ku, Tokyo
1690073

電話番号

090 2442 9998

ウェブサイト

アラート

Tokyo Mobileがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Tokyo Mobileにメッセージを送信:

共有する